← Chapters

ငါ့ကိုတစ်ချက်လောက် ကြည့်ခွင့်ပြုပါ

Vol. 11 Ch. 144

ငါ့ကိုတစ်ချက်လောက် ကြည့်ခွင့်ပြုပါ

Vol. 11 Ch. 144

လူလတ်ပိုင်းကြီး၏ စကားများသည် ပြင်းထန်လှပြီး တိတ်ဆိတ်နေသော တောင်ပေါ်တွင် ပဲ့တင်ထပ်လျက် ရှိသည်။ ရုပ်နယ်လွန်အဆင့်သို့ ရောက်နသေည့် သူ့နံဘေးရှိ အရပ်ပုပုလူကြီး၏ မျက်လုံးတို့တွင်တော့ ဗလာအကြည့်တို့သာ ရှိနေသော်ငြား ဖျော့တော့သည့် အပြုံးတစ်ခုက သူ့နှုတ်ခမ်းတို့တွင် ဖြစ်ပေါ်လာလေသည်။

ကျန်လူများကတော့ ထိုစကားလုံးများကို ကြားဟန်မပေါ်ပဲ အကုန်လုံးက တိတ်ဆိတ်လျက်ရှိ၏။ စက်ဝိုင်းအလယ်ရှိ အပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အဘိုးအိုသည်လည်း သူ့မျက်လုံးတို့ကို စေ့ပိတ်ထားသည်မှာ ဖြစ်ပျက်နေသမျှက သူနှင့် သက်ဆိုင်ခြင်း မရှိသည့်အလားပင်။

စက်ဝိုင်းအတွင်းရှိ လူ၂ဦးကတော့ စုမင်ခန့်မှန်းထားခဲ့သလိုပင် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုဝင် မဟုတ်ချေ။ ဟန်တောင်တန်းဥမင် အတွင်းသို့ ဝင်ရောက်မည့် တတိယအသုတ်မှ ဧည့်အကြီးအကဲများဖြစ်သည်။

ထို၂ဦးအနက် တစ်ဦးသည် ဆံပင်အနီရောင်နှင့် အဘိုးအိုတစ်ဦး ဖြစ်ပြီး ကျန်တစ်ဦးကတော့ အသက်သုံးဆယ် အရွယ်လူ ဖြစ်သည်။ သူတို့အမူအရာများက ငြိမ်သက်လျက်ရှိပြီး ဖြစ်ပျက်နေသည့် အရာများကို အသိအမှတ်မပြုလိုကြဟန်ဖြင့် မျက်လုံးတို့ကို စေ့ပိတ်ထားကြသည်။

“အစောင့်အကြပ် ခေါင်းဆောင်၊ သူကဘယ်လိုမျိုး အခွင့်အရေးမျိုး ရှိဖို့လိုသေးတာလဲ။ ငါ့ရဲ့ စကားလုံးတွေက သူလိုအပ်တဲ့ခွင့်ပြုမှုပဲ မဟုတ်ဘူးလား”ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ခေါင်းဆောင်က ဖြည်းညင်းစွာ ပြောလိုက်သည်။

“မင်းရဲ့ အသိအမှတ်ပြုမှုအရ သူက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုထဲကို ဝင်ဖို့တော့ မသင့်တော်မယ့် သူမဟုတ်ဘူး ဆိုတာ ငါယုံတယ်။ ဒါပေမဲ့ ဟန်တောင်တန်း ဥမင်ထဲကိုဝင်ဖို့ လူအရေအတွက်ကတော့ ကန့်သတ်ချက်ရှိတယ်။ သူ့ကြောင့် ကျိုးယွဲ့က ဥမင်ထဲကို ဝင်ရဖို့ အတည်ပြုပြီးသား လူ၃ယောက် စာရင်းကနေ ဖယ်ထုတ်ခံခဲ့ရတာ။ အကယ်၍ သူသာ သူ့ကိုယ်သူ ကျိုးယွဲ့ထက် ပိုသန်မာတယ်လို့ သက်သေပြနိုင်ခဲ့ရင် ငါကဒါကိုလက်ခံမှာပါ”

လူလတ်ပိုင်းကြီးက စုမင်ကို မကြည့်ပဲ ထိုအစား ဖန်းရှန်ကိုကြည့်လျက် ပြောလိုက်သည်။

ထို့နောက် ဖန်းရှန်၏ အဖြေကိုပင် စောင့်မနေဘဲ ခပ်တိုးတိုး အော်ဟစ် လိုက်လိုက်သည်။

“ကျိုးယွဲ့ မင်းသာ ဒီလူကိုနိုင်ခဲ့မယ် ဆိုရင် မင်းဥမင်ထဲဝင်ဖို့ကို ဘယ်သူမှ မတားစေရဘူး”

လူလတ်ပိုင်းကြီးမှ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် စင်မြင့်၏ တစ်ဖက်ခြမ်းဆီမှ ကျယ်လောင်သည့် ရယ်မောသံ ထွက်ပေါ်လာသည်။ ထို့နောက်မကြာမီပင် အရပ်၁၀ပေခန့် ရှိသည့် ကြီးမား၍ ရုပ်ဆိုးသော လူကြီးတစ်ဦးက စင်မြင့်အစွန်း၌ ပြင်းထန်စွာ ရယ်မောလျက် ပေါ်လာချေသည်။ ထိုလူက သူ၏ သန်မာတောင့်တင်းသည့် ခန္ဓာကိုယ်ကို အများမြင်သာအောင် ဖော်ပြထားလိုဟန်နှင့် အင်္ကျီပင် ဝတ်မထားချေ။

သူနီးကပ်လာသည်နှင့်အမျှ ထွက်ပေါ်လာသည့် သန်မာသော ချီဓာတ်က ပတ်ဝန်းကျင်ရှိ မြူထုကိုပင် ကွဲထွက်သွားစေသည်။ ထိုသူ၏ ၎င်းကဲ့သို့ အသွင်အပြင်က ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ခေါင်းဆောင်ကို မကျေမနပ် ဖြစ်သွားစေ၏။

စက်ဝိုင်းအတွင်းရှိ ခြေချိတ်ထိုင်လျက် ရှိသည့် ဧည့်အကြီးအကဲ ၂ဦးသည်ပင် မျက်လုံးဖွင့်လျက် စုမင်ကို လူသေတစ်ယောက်သဖွယ် လှမ်းကြည့်လာကြသည်။

ထိုသူ၏ ခြေလှမ်းတိုင်းသည် အောက်ရှိမြေပြင်ကို တုန်ခါနေစေသည်။ ထိုလူက ခပ်ပြုံးပြုံးနှင့် ရုပ်နယ်လွန်အဆင့်ရှိလူ၏ ဘေးသို့ ရောက်သောအခါ ရပ်လိုက်ပြီး စက်ဝိုင်းအလယ်တွင် ထိုင်ေနသည့် အဘိုးအိုထံသို့ လက်သီးနှင့် လက်ဝါးထပ်လျက် အရိုအသေပေးလိုက်၏။ ထွက်ပေါ်လာသည့် သူ့အသံသည် သားရဲဟိန်းဟောက်သံ ကဲ့သို့ပင် ဖြစ်သည်။

“အကြီးအကဲ၊ မျိုးနွယ်စု စစ်သည်တော် ခေါင်းဆောင်နဲ့ အစောင့်အရှောက် ခေါင်းဆောင်တို့ကို နှုတ်ဆက်ပါတယ်”

စကား ပြောလိုက်စဉ်တွင်ပင် ထိုလူကြီးသည် ဝတ်ရုံအနီ ဝတ်ဆင်ထားသည့် ရုပ်နယ်လွန်အဆင့် သက်လတ်ပိုင်းအရွယ် အရပ်ပုပုလူထံသို့ ဦးတည်၍ ဦးညွှတ်လိုက်သည်။

အပြာရောင် ဝတ်ရုံရှည်နှင့် အဘိုးအိုကတော့ မျက်လုံးတို့ကို ပိတ်ထားဆဲဖြစ်ပြီး ထိုသူ့ကို လျစ်လျူရှုထား လေသည်။

သို့သော်ငြား ထိုလူကြီး၏ အဆင့်အတန်းကို သိနေသဖြင့် ကျိုးယွဲ့အနေဖြင့် စိတ်မဆိုးရဲချေ။ အကယ်၍ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု၏ အကြီးအကဲသာ မျက်စိကိုဖွင့်၍ ခေါင်းညိတ်ပြခဲ့လျှင်တောင် သူ့အနေဖြင့် အံ့အားသင့်မိမည်သာ ဖြစ်သည်။

“ကျိုးယွဲ့၊ သူက မင်းနေရာကို ယူလိုက်တဲ့သူပဲ။ သွားပြီးတော့ သူနဲ့ တိုက်ခိုက်ကြည့်လိုက်”

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု၏ အစောင့်အရှောက် ခေါင်းဆောင်ဖြစ်သည့် ဝတ်ရုံအနီနှင့် သက်လတ်ပိုင်းလူကြီးက စုမင်ထံသို့ ညွှန်ပြလျက် ကျယ်လောင်စွာ ပြောလိုက်သည်။

“အစောင့်အရှောက် ခေါင်းဆောင်၊ အကယ်၍ တိုက်ခိုက်ခဲ့ရင် ငါ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပဲ မတော်တဆ သူ့ကိုသတ်မိသွားမှာ စိုးတယ်…”

လူသေတစ်ယောက်အလား စုမင်ကိုကြည့်လျက် ရယ်မောနေသည့် ကျိုးယွဲ့၏ မျက်လုံးတို့သည် စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပလျက် ရှိသည်။

“ဒါက အဆင်ပြေပါတယ်။ မျိုးနွယ်စု ခေါင်းဆောင်ကလည်း စိတ်မဆိုးလောက်ဘူးလို့ ငါယုံတယ်။ နှစ်ဖက်စလုံးက တစ်ဖက်နဲ့တစ်ဖက် ယှဉ်ပြိုင်တိုက်ခိုက်ပြီး ဘယ်သူမှ မသေပဲ အဆုံးသတ်ခဲ့မယ် ဆိုရင် နောက်ဆုံးမှာ တိုက်ပွဲက စစ်မှန်ရဲ့လား ဆိုတာကို ငါတို့ ဘယ်ပြောနိုင်ပါ့မလဲ”

ဒီတစ်ကြိမ်တွင်တော့ စကားပြောလိုက်သူမှာ ဝတ်ရုံအနီနှင့် လူလတ်ပိုင်းကြီး မဟုတ်ပဲ ရုပ်နယ်လွန် အဆင့်ရှိ အရပ်ပုပု မျိုးနွယ်စုစစ်သည်တော် ခေါင်းဆောင် ဖြစ်နေသည်။

“မော့စု၊ မင်းက သတ်ဖြတ်ခြင်း မာန်အတတ်ကို လေ့ကျင့်တယ်လို့ အရင်က ပြောခဲ့ဖူးတယ်။ အဲဒါက ဘယ်လိုလဲဆိုတာ ဒီနေ့ ငါ့ကို တစ်ချက်လောက် လေ့လာခွင့်ပြုပါ”

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ခေါင်းဆောင်၏ မျက်နှာတွင် ပို၍စိတ်ဆိုးဟန်တို့က ပေါ်လာလေသည်။ လွန်ခဲ့သည့်နေ့ကပင် စုမင်နှင့်ပတ်သက်၍ မည်သို့ ပြုလုပ်မည်ကို သူတို့ပြောဆို၍ သဘောတူထားခဲ့ပြီး ဖြစ်သော်လည်း ယခု ထုံးတမ်းစဉ်လာကို စတင်တော့မည့် အချိန်တွင်မှ သူတို့၏ ပြိုင်ဘက်များက ရုတ်ခြည်း တိုက်ခိုက်လာခဲ့ ကြသည်။

စုမင်သည် တိတ်ဆိတ်နေပြီး စကားပြောခြင်း မရှိပေ။ ကျိုးယွဲ့က သူ့ဆီသို့ ခြေလှမ်းပြင်းပြင်းဖြင့် ပြေးလာချေသည်။ သူ့ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် ရှည်လျားပြီး အရပ်အမြင့်က သာမန်လူတစ်ယောက်ထက် သာလွန်နေပေသည်။ ရှေ့သို့ လျှောက်လှမ်း လာနေပုံမှာ လူတို့အား သူတို့အပေါ်၌ ဖိအားပေးနေသည့် တောင်ငယ်တစ်လုံး အသွင်ပင်ဖြစ်၏။ သူ့ခန္ဓာကိုယ်နှင့် ရုပ်ဆိုးသည့် မျက်နှာထက်ရှိ သွေးကြောများက စတင် ကျယ်ပြန့်လာပြီး ကြီးမားသည့် စွမ်းအားက ပေါက်ကွဲထွက်ပေါ် လာသည်။ ထိုသွေးကြောများမှ အနီရောင်အလင်းတို့ ရောင်ပြန်ဟပ် နေသည်မှာ တောင်ထိပ်ပေါ်ရှိ မြူထုသည်ပင် အနီရောင် အဆိုးခံလိုက်ရသည့်သဖွယ် ဖြစ်လာပေသည်။

သူနှင့်ယှဉ်လျင်တော့ စုမင်သည် စတင်တိုက်ခိုက်ဖို့ရန် ကြောက်လန့်နေပုံပေါ်ပြီး အနက်ရောင် ဝတ်ရုံရှည်နှင့် တစ်ကိုယ်လုံး လွှမ်းခြုံထားသည့် သူ့အရပ်သည်ပင် ထိုလူကြီး၏ အရပ်အမြင့်နှင့် နှိုင်းယှဉ်နိုင်ရန် အလွန်ခြားနား နေဆဲပင် ဖြစ်သည်။ သူတို့နှစ်ယောက် ယှဉ်ရပ်နေပုံသည် ကြည့်နေသူတိုင်းကို တိုက်ပွဲက မမျှတဟူသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။

“မင်းကများ ငါ့နေရာကို ဘယ်လိုတောင် ခိုးယူရဲရတာလဲ။ သွားသေလိုက်တော့”

ခပ်တိုးတိုး ဟိန်းလောက် လိုက်ပြီးနောက် ပြိုင်ဘက်ရှိရာသို့ ခုန်ဝင်သွားလိုက်၏။ ထို့နောက် ညာဘက် လက်သီးဆုပ်ကို မြှောက်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ် အတွင်းရှိ အရိုးများအချင်းချင်း ထိခတ်သွားသကဲ့သို့ အသံများထွက်ပေါ်လာပြီး ထိတ်လန့်ဖွယ် အားတစ်ခုက ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာလေသည်။ သူက စုမင်အနီးသို့ လျင်မြန်စွာ နီးကပ်သွားပြီး ကျယ်လောင်စွာ ရယ်မောလျက် လက်သီးဖြင့်လှမ်းထိုးလိုက်သည်။

သူ့ရန်သူသည် ထိုလက်သီးကြောင့် ဒဏ်ရာရသွားပြီး ပြန်လည် မတိုက်ခိုက်နိုင်သည်အထိ သည်လက်သီးအတွက် သေချာ ပြင်ဆင်ထားခြင်း ဖြစ်သည်။ သူ့လက်သီးချက် အောက်တွင် ထိုလူ၏ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး အသားနှင့်သွေးများ ပြန့်ကျဲသွားလိမ့်မည် ဟူသည့် ခံစားချက်က ကျိုးယွဲ့အတွက်တော့ သဘောကျစရာပင် ဖြစ်၏။ သူ့အတွေ့အကြုံအရ ကြီးမားလှသည့် သူ့ခွန်အားအောက်တွင် သေဆုံးခဲ့သူ မြောက်မြားစွာ ရှိပြီး သူ့ရှေ့ရှိ သည်ထိခိုက်လွယ်သော လူသည်လည်း အတူတူပင် ဖြစ်ပေလိမ့်မည်။

အမှန်တွင်တော့ ကျိုးယွဲ့သည် မတော်တဆ မည်သည့်အရာမျှ ဖြစ်မလာနိုင်စေရန် ထိုလက်သီးချက်တွင် သူ၏ခွန်အား အပြည့်အဝကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သူ့နောက်တွင်တော့ ကြီးမားသည့် ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်ယောင်သည် အနက်ရောင် မျောက်ဝံတစ်ကောင်ဖြစ်ပြီး ဆူညံစွာ အော်မြည်လိုက်ရင်း စုမင်ဆီသို့ တိုးဝင် သွားလေသည်။

“ကျိုးယွဲ့က ပိုပြီး သန်မာလာတာပဲ”

စက်ဝိုင်းအတွင်းရှိ လူ၏ မျက်လုံးတို့က တောက်ပနေပြီး သူ့အမူအရာက ပို၍ လေးနက်လာချေသည်။

သူ့ဘေးရှိ အဘိုးအို၏ မျက်နှာတွင်လည်း တူညီသည့် အမူအရာမျိုး ဖြစ်ပေါ်လာ၏။ ကျယ်လောင်စွာ ရယ်မောလျက် ရှေ့သို့တိုးဝင်သွားသည့် ကျိုးယွဲ့ကို ကြည့်နေသည့် သူ့မျက်နှာထက်တွင် နက်နဲသည့် အမူအရာတစ်ခု ပေါ်ပေါက်လာသည်။

ဝတ်ရုံအနီနှင့် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု၏ အစောင့်အရှောက် ခေါင်းဆောင် လူလတ်ပိုင်းကြီးသည် တိုက်ခိုက်နေသူနှစ်ဦးကို အေးအေးဆေးဆေး ကြည့်လိုက်သည်။ ကျိုးယွဲ့သည် မော့စုကို လက်သီး တစ်ချက်တည်းဖြင့် သတ်နိုင်မည်ဟု သူမထင်သော်လည်း သူ့စိတ်ထဲတွင်တော့ မော့စုအနေဖြင့် ထိုတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ရန် အပြင်းအထန် ရုန်းကန်ရဦးမည် ဖြစ်သည်။ သူက သည်လူကို ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုတွင် အကြီးအကဲ အပြင် မျိုးနွယ်စု ခေါင်းဆောင်အပါအဝင် မည်သူမျှ ဆုံးဖြတ်ချက်ကို တစ်ယောက်တည်း မချနိုင်ကြောင်း သိစေလိုခြင်းဖြစ်သည်။

သူ့နံဘေးရှိ ပြုံးနေဆဲဖြစ်သည့် မျိုးနွယ်စုစစ်သည်တော် ခေါင်းဆောင်ကတော့ ဝတ်ရုံအနီနှင့် လူဖြင့် ယှဉ်လျင် မတူညီသည့် အတွေးတို့ ရှိနေခြင်းဖြစ်၏။ သူက ကျိုးယွဲ့ကို ရပ်တန့်ဖို့ ရည်ရွယ်ချက် မရှိခဲ့သည်မှာ ထိုမော့စုဆိုသည့် လျှို့ဝှက်ဆန်းကြယ်သော လူ၏ ကျင့်ကြံဆင့် အစစ်အမှန်ကို နားမလည်နိုင်၍ ဤအခွင့်အရေးကို အသုံးချကာ ထိုလူ့စွမ်းရည်ကို တိုင်းတာလိုခဲ့ခြင်း ဖြစ်၏။

သူတို့အားလုံးသည် မတူညီသော အတွေးများကို ကိုယ်စီ သိုဝှက်ထားပြီး တိတ်ဆိတ်စွာ ကြည့်နေကြသည်။

ကျိုးယွဲ့က စုမင်ထံသို့ ရောက်ရှိသောအခါ တုန်လှုပ်စရာ ကောင်းသည့် အဖြစ်အပျက် တစ်ခုက ဖြစ်ပျက်သွား၏။

စုမင်သည် လက်သီးကို ရှောင်ရှားလိုက်ရုံ မျှမက သူနှင့်ကျိုးယွဲ့ အကြားရှိ အကွာအဝေးကို နီးကပ်စေလိုက်ပြီး သတ်ဖြတ်လိုသည့် အသိအပြည့်နှင့် ကျိုးယွဲ့၏လက်သီး သူ့ရှေ့သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် စုမင်သည် ညာလက်ကို မြှောက်လျက် ကျိုးယွဲ့ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ကျိုးယွဲ့၏ ခန္ဓာကိုယ်က လေထဲမှ ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် စုမင်သည် ကျူးယွဲ့၏ လက်သီးနှင့် ဆန့်ကျင်ဘက်မှနေ၍ ညာလက်ဖြင့် လက်သီးတစ်လုံး ထိုးသွင်းလိုက်ခြင်းဖြစ်သည်​။

ပေါက်ကွဲသံများ ချက်ချင်း မြည်ဟည်းသွားပြီး ကျိုးယွဲ့က သွေးတို့ကို မြင်လိုက်ရသော်လည်း ၎င်းတို့မှာ သူ့ခန္ဓာကိုယ်မှ ထွက်လာခြင်း ဖြစ်သည်။ သူ့ညာဘက်လက်က ပေါက်ကွဲသွားပြီး နာကျင်စွာ အော်ဟစ်လိုက်ရ၏။ သူ၏ ရက်စက်ကြမ်းကြုတ်မှုတို့သည် စိတ်ရှုပ်ထွေးမှုသို့ ပြောင်းလဲသွားပြီး ကျယ်လောင်စွာ ရယ်မောနေသည့် သူ့မျက်နှာသည်လည်း ထိတ်လန့်နေမှုသို့ ကူးပြောင်း သွားတော့သည်။ စုမင်၏ လက်သီးမှနေ၍ ပြင်းထန်သည့် အင်အားတည်ရှိမှု တစ်ခုကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး ထိုတည်ရှိမှုသည် သူ့ညာဘက်လက်ကို လျင်မြန်စွာပေါက်ကွဲ ပျက်စီးလာစေသည်။ ထို့နောက် ညာဘက်လက်မောင်း တစ်ခုလုံး ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် ထိုအင်အားသည် သူ့ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့သွားလေသည်။

ထို့နောက် ၎င်းအင်အား ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် သူ့ခြေထောက်တို့၏ အာရုံခံစားနိုင်မှုသည်လည်း ဆုံးရှုံးသွားရပြီး ဘယ်ဘက်လက်နှင့် ခန္ဓာကိုယ် တစ်ခုလုံး သည်လည်း ပျောက်ကွယ် သွားတော့မည် ကဲ့သို့ပင် ဖြစ်သွားလေသည်။ သူ့အမြင်အာရုံ တစ်ခုလုံးသည် အနီရောင်တို့ဖြင့် ပြည့်နှက်နေပြီး ထိုအနီရောင်တို့ အတွင်းတွင် စုမက်သည် သူ့ညာဘက်လက်ကို အနက်ရောင်ဝတ်ရုံ အတွင်းသို့ ပြန်လည်ဆွဲယူ လိုက်သည်ကိုသာ မြင်လိုက်ရ၏။

ထိုအရာသည်သာ သူနောက်ဆုံး မြင်လိုက်ရသော အရာဖြစ်သည်။ ပြီးနောက်တွင်တော့ သူ့ကမ္ဘာအတွင်းရှိ အရာအားလုံးသည် ထာဝရအေးခဲ သွားခဲ့တော့သည်။

စက်ဝိုင်းအတွင်းရှိ ဧည့်သည် ၂ ဦး၏ အသက်ရှူနှုန်း တို့သည်လည်း ပြောင်းလဲသွားပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။ ဖြစ်ပျက်သွားသည့် အရာက သူတို့အတွက် အရမ်းမြန်လွန်းလှသည်။ ချက်ချင်းပင် ကျိုးယွဲ့၏ ခန္ဓာကိုယ်ကြီးသည် တစ်လက်မချင်းစီ ပြိုကွဲပျက်စီး သွားပြီးနောက် သက်ရှိလူတစ်ယောက်က ထိုကဲ့သို့ပင် ပျောက်ကွယ် သွားခဲ့လေသည်။

ထိတ်လန့်ဖွယ် မြင်ကွင်းက သူတို့ကို မယုံနိုင်ဖြစ်သွားစေပြီး စုမင်ကိုကြည့်နေသည့် အကြည့်တို့တွင် လေးစားမှုတို့က ရုတ်ခြည်း ဖြစ်ပေါ်လာကြသည်။

‘သူက နောက်မဆုတ်ခဲ့ဘူး။ အဲဒီအစား လက်သီးတစ်လုံးနဲ့ ပြန်တိုက်ခိုက်ဖို့ကို ရွေးချယ်ခဲ့ပြီးတော့ ကျိုးယွဲ့ရဲ့ ခန္ဓာကိုယ်ကိုတောင်မှ ဆုတ်ဖြဲပစ်လိုက်သေးတယ်။ ဒါက ...’

‘သူက ချီကိုလည်း အများကြီး မသုံးခဲ့သလို ခြေထောက်တောင် နေရာမရွေ့သွားခဲ့ဘူး။ ကျူးယွဲ့ကိုသတ်ဖို့က သူ့အတွက် ဘာမှမဟုတ်ဘူး ဆိုတာ ထင်ရှားနေခဲ့တာပဲ ...’

မည်သည့် နေရာတွက်မဆို စွမ်းအားကြီး မာန်စွမ်းအားရှင် တို့သည် လေးစားခံရသည်သာ ဖြစ်သည်။ သည်တစ်ခဏတွင်လည်း စုမင်သည် သူ၏အပြုအမူများမှ တစ်ဆင့် ထိုလူများထံမှ လေးစားမှုကို ရရှိသွားခြင်းပင် ဖြစ်သည်။

မျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးတို့သည် တောက်ပသွားခဲ့သည်။ သူသည်လည်း ထိတ်လန့်သွားရသော်ငြား ထိုခဏတွင် အပြုံးတစ်ခုက သူ့နှုတ်ခမ်း၌ ဖြည်းညင်းစွာဖြ စ်ပေါ်လာလေသည်။ ကျိုးယွဲ့တွင် မျှော်စင်တောင်တန်းမျိုးနွယ်၏ သွေးမျိုးဆက် အကြွင်းအကျန်ရှိနေပြီး အလွန်ခွန်အား ကြီးမားကြောင်းကို သူသိသည်။ သူ၏ သွေးကြောရ၀၀ခန့်နှင့် သဘာဝခွန်အားတို့ကို ပေါင်းလိုက်လျှင် သူ့ထက်သွေးကြော အရေအတွက် ပိုများသူတို့သည်ပင် ရင်ဆိုင်တိုက်ခိုက်ရန် ခက်ခဲနေဆဲဖြစ်သည်။

အရေးကြီးဆုံးကတော့ စုမင်သည် လက်သီး တစ်ချက်တည်းကိုသာ အသုံးပြုသွားခဲ့ခြင်း ဖြစ်သည်။

မျိုးနွယ်စု အစောင့်အရှောက် ခေါင်းဆောင်၏ မျက်လုံးတို့သည် စူးရှသွားပြီး သူသည်လူအများရှေ့တွင် အရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ရသည်။ ထိုသူသည် ကျိုးယွဲ့၏ ထိုးနှက်မှုကို ခံနိုင်ရည်ရှိခဲ့လျှင်ပင်​ ပြန်လည် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ဟု သူ့အနေဖြင့်  ယုံကြည်ခဲ့ခြင်းဖြစ်သည်။

သူ့ဘေးရှိ မျိုးနွယ်စု စစ်သည်တော် ခေါင်းဆောင်၏ အပြုံးသည် အေးခဲသွားပြီး မျက်လုံးတို့က မှေးကျုံ့သွားကာ လေးနက်သည့်အမူအရာက မျက်နှာပေါ်၌ ဖြစ်ပေါ်လာလေသည်။ သူသည် ရုပ်နယ်လွန်အဆင့်သို့ ရောက်ရှိနေခဲ့သူဖြစ်၍ တခြားသူများ မမြင်လိုက်နိုင်သော အရာတချို့ကို သူမြင်တွေ့ခဲ့ရ၏။

‘ကောင်းမွန်တဲ့ ထိန်းချူပ်မှု ... ပြီးတော့ မာန်စွမ်းအားရှင် သွေးကြောတွေကနေ ထွက်ပေါ်လာတဲ့ သန်မာတဲ့စွမ်းအား ... ဒီလူက ...’

မျိုးနွယ်စုစစ်သည်တော် ခေါင်းဆောင်၏ မျက်လုံးတို့က တောက်ပနေသော်ငြား ထိုလူစိမ်း၏ စွမ်းအားကို နားလည်ဖို့ ကြိုးစားနေခြင်းကိုတော့ လက်လျှော့ လိုက်တော့သည်။

စုမင်သည် ဝတ်ရုံရှိဖုန်များကို ခါထုတ်လိုက်ပြီး အနီရောင် ဝတ်ရုံရှည်နှင့် အစောင့်အရှောက် ခေါင်းဆောင်ထံသို့ မျက်နှာဖုံးအောက်မှ လှမ်းကြည့်လိုက်သည်။ ဝတ်ရုံအနီနှင့် သက်လတ်ပိုင်းလူသည် စုမင်၏အကြည့်ကို မြင်လိုက်သည့် အချိန်တွင် ရင်ထဲမှနေ၍ အေးစက်မှုကို ခံစားလိုက်ရ၏။ သူခံစားမိသည့် အချိန်တွင်ပင် စုမင်သည်လည်း ရှေ့သို့လျင်မြန်စွာ လှုပ်ရှားလိုက်လေသည်။

စုမင်က လျင်မြန်စွာ ရွေ့လျားသွားပြီး သူတို့အတွင်းရှိ ပေ၁၀၀ထက်နည်းသည့် အကွာအဝေးကို ချက်ချင်းနီးကပ် သွားစေပြီး ဝတ်ရုံအနီနှင့် လူ၏ မျက်စိရှေ့တွင်ပင် သူကပျောက်ကွယ် သွားလေသည်။

ထိုလူကြီးသည် ခဏတာ အံ့အားသင့်သွားပြီး ချက်ချင်းပင် ကြောက်မက်ဖွယ် အရာတစ်ခု ဖြစ်ပျက်တော့မည်ကို သိရှိပြီး ချက်ချင်း ထရပ်လိုက်သည်။ သို့သော် လှုပ်လိုက်သည်နှင့် တစ်ပြိုင်နက်ပင် အေးခဲသွားပြီး စုမင်က သူ့ရှေ့တွင် တစ်ခဏတွင်း ပေါ်လာကာ သူ့နဖူးကို ညာဘက် လက်ညှိုးဖြင့် ထိကပ်လာချေသည်။

သို့သော် စုမင်၏မျက်နှာပေါ်တွင် ရှိသည့် မျက်နှာဖုံးကိုသာ မြင်ရပြီး ထိုအချိန်တွင်တော့ သူသည် ထိုမျက်နှာဖုံးကို ပျော်ရွှင်စရာအဖြစ် မမြင်တော့ချေ။ သူ့နှလုံးသည် တုန်ခါနေပြီး ကြောက်ရွံ့နေမှုက မျက်နှာတွင် အထင်းသား ပေါ်ပေါက်လာ၏။

ထိတ်လန့်သွားသူမှာ သူတစ်ယောက်တည်း မဟုတ်ချေ။  ရုပ်နယ်လွန်အဆင့် စစ်သည်တော် ခေါင်းဆောင်သည်လည်း အံ့အားသင့်သွားပြီး မျက်လုံးများတွင် တောက်ပသည့် အလင်းရောင်တို့ ပေါ်လာကာ ချီကို ချက်ချင်း လှည့်ပတ်လိုက်သည်​။

“မော့စု မင်းဘာလုပ်နေတာလဲ”

မျိုးနွယ်စု ခေါင်းဆောင်သည်လည်း မှင်တက်နေရာမှ လျင်မြန်စွာ ထရပ်လိုက်သည်။ အစောင့်အရှောက် ခေါင်းဆောင်၏ရှေ့သို့ စုမင် မည်ကဲ့သို့ ရောက်လာသည် ကိုတော့ သူလည်း မမြင်လိုက်ပေ။

အခြားသူများသည်လည်း အံ့အားသင့်သွားပြီး အကြည့်များ အားလုံးက စုမင်အပေါ်သို့ ကျရောက်သွားကြသည်။

စုမင်၏ ညာဘက်လက်ညှိုးသည် အစောင့်အရှောက် ခေါင်းဆောင်၏ မျက်ခုံးအလယ်တွင် ရှိနေပြီး ထိုသူ၏ မျက်နှာသည် ယခုအချိန်တွင် ဖြူဖျော့ နေလေသည်။ စုမင်၏ မျက်လုံးတို့က သူ့ရှေ့ရှိလူကို စိုက်ကြည့် လိုက်သည်။

“ငါက အခု ဝင်ရောက်ဖို့ ထိုက်တန်ပြီလား”

“ငါ ... ငါ …”

ဝတ်ရုံအနီနှင့် အစောင့်အရှောက် ခေါင်းဆောင်၏ နှလုံးသည် ယခုအချိန်တွင် လျင်မြန်စွာ တုန်လှုပ်လျက်ရှိပြီး မယုံနိုင်စရာ သူ့ထံသို့ ဝင်ရောက်လာသည့် အန္တရာယ်နှင့် သေခြင်းတရားကို ခံစားလိုက်ရသည်။ စုမင်၏ လက်ချောင်းမှ ဖိအားသည် သူ့ခန္ဓာကိုယ်နှင့် စိတ်ကိုပါ ပြိုလဲလုနီးပါး ဖြစ်နေပြီး အကြီးအကဲနှင့် ရင်ဆိုင်နေရသကဲ့သို့ ထိတ်လန့်ဖွယ် အထင်မှားမှုကို ဖြစ်ပေါ်နေစေသည်။

သူ့ထံသို့ ကြည့်နေသည့် စုမင်၏ မျက်လုံးများမှ အေးစက်သည့် အကြည့်က ဒေါသထွက်လျက် သတ်ဖြတ်ချင်သည့် အသိတို့ ပြည့်နှက်နေကြောင်း သေချာနေပေသည်။

“မင်းမှာ ဝင်ဖို့ အခွင့်ရှိတယ်” အိုမင်းသည့် အသံတစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲက ပထမဆုံးအကြိမ်အဖြစ် သူ့မျက်လုံးတို့ကို ဖွင့်ရင်း စုမင်ကို ကြည့်လိုက်ခြင်း ဖြစ်သည်။

***

All Chapters