သူတစ်ပါးအပေါ် သက်ညှာထားခဲ့သော်လည်း ပြန်ရက်စက်တတ်သော လူများ
Vol. 115 Ch. 1721
အတိတ်အခါက အိုးရန်ကျန်းသည် အမြဲတမ်း စွန့်စားမှုများကို အတတ်နိုင်ဆုံး ရှောင်တိမ်းရန် ကြိုးစားခဲ့ပြီး နတ်ဘုရားမျိုးနွယ်နှင့် ပဋိပက္ခမဖြစ်အောင် ရှောင်ရှားခဲ့သည်။ ထို့ကြောင့် သူ လှောင်ပြောင်ခံရခြင်း ဖြစ်လေသည်။
နှစ်ပေါင်းများစွာ ကြာအောင် သူ သည်းခံခဲ့ပြီးပြီ ဖြစ်သည်။
အကယ်၍ ယဲ့ဖန်သာ ပေါ်မလာခဲ့လျင် သူ ဆက်၍ သည်းခံနေလောက်သော်လည်း ယခုအခါတွင်တော့ မတူတော့ပါ။
ယဲ့ဖန်သာ ရှိလျင် သူ မပြောပြတတ်သော ယုံကြည်မှုမျိုး ရလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏မြေးက သူ့ထံ အံ့ဩမှုများစွာကို ယူဆောင်ပေးလာခဲ့ပြီးသောကြောင့်ပင်။ ယခုတစ်ကြိမ်တွင်လည်း ယဲ့ဖန် သူ့ကို စိတ်ပျက်အောင် မလုပ်နိုင်ဟု သူ ယုံကြည်နေသည်။
“မင်း မနိုင်လည်း ကိစ္စမရှိဘူး၊ မင်း သုံးရက်လောက် တောင့်ခံနိုင်မယ်ဆိုရင် မင်းကို ကူညီဖို့ ငါ ကွမ်လင်လမ်းကို ငါ့စစ်သည်တွေ ဦးဆောင်ပြီး လာခဲ့မယ်”
အိုးရန်ကျန်းက ယဲ့ဖန်ကို သတိပေးသည်။
“သုံးရက်လား”
ယဲ့ဖန်က ရုတ်တရက် ထရယ်သည်။
“ဘာလို့ သုံးရက်တောင် လိုမှာလဲ၊ တစ်ရက်နဲ့တင် လုံလောက်တယ်”
*ဘာ*
လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*တစ်ရက်တဲ့လား*
ယခုအခါတွင် ကွမ်လင်လမ်းက လုံးဝ အသိမ်းခံလိုက်ရပြီး နတ်ဘုရားမျိုးနွယ်၏ ပိုင်ဆိုင်မှု ဖြစ်သွားလေပြီ။
ထို့အပြင် သူတို့ကို နှိမ်နင်းချင်နေသော ကောင်းကင်ဘုံ ကိုးလွှာမှ ထောင်ချီသော နတ်စစ်သည်တော်များလည်း ရှိနေသည်။ တစ်ရက်တည်းနှင့် ပြန်သိမ်းနိုင်ရန် ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။
သို့သော် သူတို့ ဘာမေးခွန်းမှ မမေးနိုင်ခင်မှာပင် ယဲ့ဖန်က ကျားဖြူကိုစီး၍ ထွက်သွားလေ၏။
အခြားသူများသည်လည်း ယဲ့ဖန်နောက်မှ အသည်းအသန် လိုက်သွားပြီး တံခါးအပြင်သို့ ပြေးထွက်သာ သူတို့၏ စီးတော်ယာဉ်များပေါ်တက်၍ ယဲ့ဖန် သွားသည့်နှုန်းအတိုင်း လိုက်မီအောင် တတ်နိုင်သမျှ မြန်မြန်လိုက်နေသည်။
ရာချီသော လူများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့က မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားလေသည်။
“အစ်ကို ဒါက …”
အိုးရန်ဟွာ မှင်တက်သွားသည်။
ဤသည်က အလွန် အဆင်အခြင် မဲ့လွန်းလှသည်။
အသေးစိတ် အစီအစဉ်များနှင့် ပြင်ဆင်မှုများ မရှိဘဲ ကွမ်လင်လမ်းကို တစ်ရက်အတွင်း အတင်း ပြန်သိမ်းရန် ကြံစည်နေသည်တဲ့လား။
လုံးဝ မဖြစ်နိုင်ချေ။
အိုးရန်ကျန်းသ်ညလည်း ငိုရမလား ရယ်ရမလားမသိ ဖြစ်နေပြီးနောက် အိုးရန်ဟွာကို ပြောလိုက်သည်။
“သူ့ကို ဂရုစိုက်လိုက်ပါ”
အိုးရန်ဟွာ သက်ပြင်းချလိုက်ပြီးမှ အမှီလိုက်သွားလေသည်။ ယခုအခါ၌ ထိုတစ်နည်းသာ ရှိပေတော့သည်။
…
ထိုအခိုက်တွင် ကွမ်လင်လမ်း၌ ကြီးမားသော စစ်သင်္ဘောများက ကောင်းကင်ယံတွင် ပျံသန်းနေပြီး တစ်စီးချင်းစီက တောင်တစ်လုံးအလား ကြီးမားကာ နေရောင်ကို ကွယ်နေ၏။
၎င်းတို့တွင် အမျိုးစုံသော တာအိုသင်္ကေတများ ရေးထွင်းထားပြီး လက်နက်များလည်း တပ်ဆင်ထားသည်။
နည်းပညာက တိုးတက်နေပြီဖြစ်ပြီး ကောင်းကင်ဘုံတောင်မှ ပြုပြင်ပြောင်းလဲ၍ ဆန်းသစ်တီထွင်ရန် သိနေကာ နည်းပညာနှင့် တာအိုစွမ်းအင်ကို ပေါင်းစပ်၍ သေကြေပျက်စီးမှုနှုန်း ပိုပြင်းသော လက်နက်များ ဖန်တီးလာသည်။
လက်ရှိအချိန်တွင် အဘိုးအိုလီသည် ထိုစစ်သင်္ဘောများအောက်၌ ရှိနေပြီး မျက်လုံးတွင် အလွန် ကြောက်ရွံ့ဟန်များ ပေါ်နေသည်။
*နောက်ဆုံးတော့ ကောင်းကင်ဘုံကိုးလွှာက ရောက်လာပြီပဲ*
“အဘိုး၊ ဘာလို့ ဒီလို အမူအရာမျိုး ဖြစ်နေတာလဲ”
လီစစ်ယွီက ချက်ချင်း အနားသို့ ရောက်လာသည်။ သူမ မျက်နှာက အနည်းငယ် ဖြူရော်နေပြီး သူမအဘိုးက ဤသို့သော အမူအရာမျိုး ဖြစ်နေသည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။
မသိလျင် သရဲသဘက်အား တွေ့လိုက်ရသလိုပင်။
“ကောင်းကင်ဘုံကိုးလွှာ ရောက်လာပြီ”
အဘိုးအိုလီက ညိုမည်းနေသော မျက်နှာဖြင့် ပြောလိုက်သည်။
*ဘယ်လို*
ထိုစကားသံ ထွက်လာသည်နှင့် လီမိသားစုအားလုံး အကြီးအကျယ် မျက်နှာပျက်ယွင်းသွားကြသည်။ ကောင်းကင်ဘုံ ကိုးလွှာထက်တွင် ဘာရှိသလဲ ဆိုသည်က ယခုအထိ ဆန်းကြယ်မှုအဖြစ် ရှိနေဆဲပင်။ သူတို့သည် လောကစတင်ချိန်ကတည်းက ဤလောကရှိ အရာအားလုံးကို စိုးမိုးခဲ့သည်ဟုသာ သိထားကြလေသည်။
ခေတ်အဆက်ဆက်တွင် ကောင်းကင်ဘုံကို ဆန့်ကျင်သည့် လူများ မရေတွက်နိုင်စွာ ရှိခဲ့သော်လည်း နောက်ဆုံးတွင် ထိုလူများအားလုံး တစ်စစီ ဖြစ်သွားခဲ့ကြသည်။
ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်လျင် မိမိသာ သေရပေလိမ့်မည်။
အတိတ်အခါက အိုးရန်မျိုးနွယ်သည် ဤနယ်မြေ၏ အရှင်သခင်များ ဖြစ်သောကြောင့် နတ်ဘုရားများ၏ ဆန္ဒကို မနာခံရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ဘာဖြစ်ခဲ့သနည်း။ တစ်မိသားစုလုံး သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါတကား။
ကိုးပြည်နယ်တွင်းမှ သူတို့ဆန္ဒကို မနာခံသည့်သူ ပေါ်လာသည့် အကြိမ်တိုင်း သူတို့က ကောင်းကင်ဘုံ ပြစ်ဒဏ်အနေဖြင့် စစ်သည်တော်များ စေလွှတ်၍ စစ်ခင်းခြင်း၊ ရောဂါကပ်ဘေး ဖြစ်စေခြင်း၊ ငတ်မွတ်ခြင်း ဘေးနှင့် သေခြင်းတရားတို့ ဖြစ်စေခဲ့သည်။
နတ်ဘုရားများ၏ ပြစ်ဒဏ် ကျလာသည့် အကြိမ်တိုင်း အနည်းဆုံး လူသန်းချီ သေဆုံးပြီး သမိုင်းကြောင်း၌ အဆိုးရွားဆုံး မှတ်တမ်းများ ကျန်ရစ်ကာ ကိုးပြည်နယ် ပျောက်ဆုံးလုနီးပါးအထိ ဖြစ်သွားလေသည်။
ကိုးပြည်နယ်ကြီးက သူတို့၏ ခြံမွေးတိရစ္ဆာန်ဝင်းကြီးလိုပင်။ သူတော်စင်အဆင့် ဖြစ်နေလျင်တောင်မှ သူတို့မျက်လုံးထဲတွင် ထိုသူက အကောင်ပိုကြီးသော ခြံမွေးတိရစ္ဆာန်တစ်ကောင်သာ ဖြစ်သည်။
ယခု ကောင်းကင်ဘုံကိုးလွှာ ဆင်းလာပြန်သဖြင့် လောကတွင်း၌ ဘေးအန္တရာယ်တစ်ခု ကျရောက်လာပေဦးမည်။
ကောင်းကင်ဘုံကိုးလွှာက ဘယ်သောအခါမှ သေမျိုးလောကသို့ ဆင်းလာလေ့မရှိသလို ဆင်းလာပြီဆိုလျင်လည်း သတ်ဖြတ်ရန်သာ ဖြစ်ကြောင်း လီမိသားစုဝင်များအားလုံး သိပေသည်။
“အဘိုး အညံ့ခံလိုက်ရအောင်၊ ဒီလိုအချိန်မှာ နတ်ဘုရားမျိုးနွယ်ဘက် ပြောင်းလိုက်ကြရအောင်၊ အဲ့ဒါမှ ကျွန်တော်တို့ အိုးရန်မျိုးနွယ်ကို ကြောက်နေစရာ မလိုတော့မှာ”
လီချန်ကျစ်က ဘေးမှနေ၍ အားပေးတိုက်တွန်းသည်။
“ပါးစပ်ပိတ်ထား”
အဘိုးအိုလီက ရုတ်တရက် ဒေါသထွက်လာပြီး လီချန်ကျစ်၏ မျက်နှာကို ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သဖြင့် သူ မြေကြီးပေါ် လဲကျသွားသည်။
တစ်ခဏအတွင်းမှာပင် လီချန်ကျစ်၏ ပါးက သွေးစို့ကာ ရောင်ကိုင်းလာ၏။
“မင်း ပြဿနာ ပေးလို့ မဝသေးဘူးလား”
အဘိုးအိုလီက ဒေါသတကြီး အော်ငေါက်လေသည်။ သူ့မြေးသာ ဖြစ်မနေခဲ့လျင် လီချန်ကျစ်ကို သူ အစောကတည်းက သတ်ပြီးသွားလောက်သည်။
လီချန်ကျစ်က သူ့မျက်နှာကို အုပ်၍ အဘိုးအိုလီအား မယုံနိုင်သလို ကြည့်လေသည်။
“အဘိုး အမှားကြီး လုပ်လိုက်တာပဲ၊ အခု ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိဘူး၊ အဲ့ကောင်က လျန့်ဝမ်ကျန်းကို သတ်ပြီးပြီ၊ နောက်ပစ်မှတ်က ကျွန်တော်တို့ပဲ၊ ကျွန်တော်တို့သာ ကောင်းကင်ဘုံကိုးလွှာဘက်ကို မပူးပေါင်းရင် ဘာအခွင့်အရေးမှ ထပ်ရလာမှာ မဟုတ်ဘူး”
အဘိုးအိုလီက လှောင်ရယ်လိုက်သည်။
“ဒါဆို ငါတို့ ကောင်းကင်ဘုံ ကိုးလွှာဘက်ကို သွားနေပြီးမှ ငါတို့ အမှားကြီး လုပ်ခဲ့မိတာလို့ သိလိုက်ခဲ့ရင်ရော”
“အမှား ဟုတ်လား၊ သူတို့ကို အားကိုးတာက ဘယ်လိုလုပ် မှားနို်ငမှာလဲ၊ အဘိုး အိုးရန်မျိုးနွယ်မှာ သူတို့ကို ရင်ဆိုင်နိုင်မယ့် အစွမ်း ရှိတယ်လို့ ထင်နေတာလား၊ သူတို့ အရင်တုန်းက ရှုံးခဲ့ပြီးတော့ မျိုးဆက်ပျက်တော့မလို ဖြစ်ခဲ့တာကို မမေ့နဲ့ဦး”
“အဲ့အချိန်တုန်းက အိုးရန်မျိုးနွယ်မှာ ယဲ့ဖန်ဆိုတဲ့ လူငယ်လေး မရှိဘူးကွ”
အဘိုးအိုလီက သက်ပြင်းချလေသည်။ အိုးရန်မျိုးနွယ်သည် ယခင်ကလို မဟုတ်တော့ပါ။ ကောင်းကင်ဘုံ ကိုးလွှာကို သူတို့ အနိုင်ယူကောင်း ယူနိုင်လောက်သည်။
“သူလား”
ယဲ့ဖန်အကြောင်း ပြောလာသောအခါ လီချန်ကျစ်၏ မျက်လုံးတွင် မုန်းတီးစိတ်များ ပြည့်နှက်လာသည်။
“သူက ဘယ်လောက်ပဲ ထူးခြားနေပါစေ ကောင်းကင်ဘုံကိုးလွှာက လူတွေကိုတော့ သူ ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး၊ သူတို့ရှေ့မှာဆိုရင် သူတော်စင်အဆင့်ကတောင် ဦးညွှတ်နေရတာ၊ သူက ဘာလို့ လုပ်နိုင်မှာလဲ”
“ဟူး”
အဘိုးအိုလီ ခေါင်းယမ်း၍ လီချန်ကျစ်အား စိတ်ပျက်စွာ ကြည့်နေသည်။
*အမြင်ကျဉ်းလိုက်တာ၊ ဘာမှပြောစရာ မရှိတော့ဘူး*
ဒေါသက သူ့ဦးနှောက်ကို ဖုံးလွှမ်းသွားပြီး ယဲ့ဖန်၏ အလားအလာအား မမြင်ချင်အောင် ပြုလုပ်သွားခဲ့လေပြီ။
အဘိုးအိုလီသည် တစ်ခါတွေဝေခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူ နောက်တစ်ခါ အမှားမလုပ်နိုင်ပါ။
ကောင်းကင်ဘုံကိုးလွှာဘက် ပူးပေါင်းလိုက်ခြင်းက သူတို့အား မြန်မြန်သေအောင်သာ ပြုလုပ်ပေလိမ့်မည်။
ထိုလူ၏ သတိပေးစကားကို အခုထိ ပြတ်ပြတ်သားသား မှတ်မိနေပါသေးသည်။
“အဘိုး အရမ်း နောက်ကျမသွားခင် မြန်မြန် ဆုံးဖြတ်ချက်ချပါ၊ ဘာပဲဖြစ်ဖြစ် ခွေးတစ်ကောင်လို ဖြစ်ချင်တာပဲမလား၊ ပိုသန်မာတဲ့သူကို ရွေးပါလား”
လီချန်ကျစ်က မလက်လျှော့သေးပေ။
သူ ယဲ့ဖန်ကို သတ်ချင်လျင် ကောင်းကင်ဘုံကိုးလွှာ၏ အင်အားကို အားကိုးမှ ရပေမည်။
ထို့ကြောင့် အဘိုးအိုလီက ကောင်းကင်ဘုံကိုးလွှာထံသို့ အညံ့ခံလိုက်ရန် သူ အသည်းအသန် မျှော်လင့်နေခြင်း ဖြစ်ပြီး ကောင်းကင်ဘုံကိုးလွှာ၏ အင်အားကို သုံး၍ ယဲ့ဖန်ကို သတ်ချင်နေလေသည်။
ထိုအခိုက်တွင် လီမိသားစုမှ လူများအားလုံး ခေါင်းတဆတ်ဆတ် ညိတ်နေကြသည်။ သူတို့သာ ကောင်းကင်ဘုံ ကိုးလွှာဘက် မခိုလှုံလျင် သေဘေးနှင့်သာ အဆုံးသတ်သွားလောက်သည်။
အိုးရန်မျိုးနွယ်သည် ကောင်းကင်ဘုံကိုးလွှာမှ လူများကို လုံးတ မယှဉ်နိုင်ပါ။ ထို့အပြင် သူတို့ကိုလည်း အိုးရန်မျိုးနွယ်က အပြီးတိုင် စွန့်ပစ်လိုက်ပြီးပြီ ဖြစ်သည်။ သူတို့ ဘယ်သူ့ကို ခိုလှုံသင့်သလဲ ဆိုသည်ကို အိုးရန်မျိုးနွယ်က ထိန်းချုပ်သင့်သလား။
“မိသားစုခေါင်းဆောင်၊ သခင်လေး ပြောတာ မှန်တယ်လို့ ကျွန်တော် ထင်တယ်၊ လက်ရှိ အခြေအနေကို သိတဲ့လူတွေက ဉာဏ်ကောင်းတဲ့ လူတွေပဲလေ၊ ဘာလို့ ကျွန်တော်တို့က သေလမ်း ရှာရမှာလဲ”
“ဟုတ်တယ် အိုးရန်မျိုးနွယ်က ကျွန်တော်တို့ကို စွန့်ပစ်လိုက်ပြီပဲ၊ ကျွန်တော်တို့ ကောင်းကင်ဘုံ ကိုးလွှာဆီ သူတို့ကို ဆက်သသင့်တယ်မလား”
“အရင်မင်းဆက်တွေကတည်းက ကောင်းကင်ဘုံကို ဘယ်သူမှ ဆန့်ကျင်နိုင်စွမ်း မရှိဘူး၊ ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်ရင် သေရမှာပဲ”
ထိုစကားကိုကြားသော် အဘိုးအိုလီ ဒေါသကြောင့် တုန်ယင်လာပြီး ဘေးပတ်လည်မှ လူများကို ဒေါသတကြီး လက်ညှိုးထိုးလေသည်။
“မင်းတို့တွေ ... အိုးရန်မျိုးနွယ်က ငါတို့ကို ဘယ်လို ဆက်ဆံခဲ့လဲ မေ့သွားပြီလား၊ မင်းတို့ဆီမှာ ဘာကျေးဇူးသိစိတ်မှ မရှိဘူးလား၊ အိုးရန်မျိုးနွယ်သာ မရှိရင် ငါတို့ လီမိသားစု ရှင်းလင်းခံခဲ့ရလောက်ပြီ”
“အခု မင်းတို့က ကျေးဇူးတရားကို လက်စားချေမှုနဲ့ ပြန်ပေးဆပ်မလို့ပေါ့လေ”
ထိုအခိုက်တွင် လီမိသားစုဝင်များလည်း တွေဝေသွားသည်။ အိုးရန်ကျန်းက လီမိသားစုကို နှစ်ပေါင်းများစွာ ကူညီခဲ့သည်ကတော့ အမှန်ပင်။
အိုးရန်ကျန်း၏ လုပ်ရပ်များသာ မရှိခဲ့လျင် သူတို့ လီမိသားစု သေသွားလောက်ပြီ ဖြစ်သည်။
သို့သော် ထိုအခိုက်တွင် လီချန်ကျစ်က ရှေ့ထွက်၍ ပြောလေသည်။
“အဘိုး လူတွေက ကိုယ့်အသက်ကို အသေမခံဘူး၊ သူတို့က ကျွန်တော်တို့ လီမိသားစုကို ကြင်နာခဲ့တယ် ဆိုရင်တောင်မှ ကျွန်တော်တို့ ဘာမှမလုပ်ဘဲ ယူခဲ့တာ မဟုတ်ဘူးလေ၊ ကျွန်တော်တို့ ဒီနှစ်တွေမှာ စိတ်ဝိညာဉ် သလင်းကျောက်တွေ အများကြီး ပေးခဲ့တာပဲမလား”
“ဟုတ်တယ် ဟုတ်တယ်၊ ကျုပ်တို့ လက်ဆောင်ပဏ္ဍာတွေ လျော့ပြီး မပေးခဲ့ဘူး၊ ပြီးတော့ သူတို့က ကျုပ်တို့ကို အရင် စွန့်ပစ်တာ၊ အဲ့ဒါကြောင့် ကျုပ်တို့ ပြန်ရက်စက်တာကို အပြစ်မတင်သင့်ဘူး”
“မင်းတို့တွေ”
အဘိုးအိုလီ စိုးရိမ်တုန်လှုပ်သွားပြီး သူ့မျိုးနွယ်ဝင်များကို ဒေါသတကြီး လက်ညှိုးထိုးလေသည်။
*ဘယ်လိုလုပ် ဘာမဟုတ်တဲ့ စိတ်ဝိညာဉ် သလင်းကျောက်လေးက လူ့အသက်တွေကို ကယ်ခဲ့တာနဲ့ နှိုင်းယှဉ် နိုင်မှာလဲ*
သူ့မျိုးနွယ်ဝင်များက အသက်ရှင်လိုစိတ် ကြီးကြပြီး သေရမှာကို ကြောက်ကြသဖြင့် သစ္စာဖောက်ချင်သည့် အကြောင်းရင်းကို ရှာနေခြင်းသာ ဖြစ်ကြောင်း သူ သိလိုက်သည်။
“မြင်လား၊ ဒါ ငါ မင်းကို ပြောခဲ့ဖူးတဲ့ လူတွေကို ညှာတာထားပင်မယ့် ဘာလို့ သူတို့က ပြန်ရက်စက်တာလဲဆိုတာရဲ့ အဖြေပဲ”
အမှောင်ထဲ၌ ယဲ့ဖန်က သူ့ဘေးနားမှ နက်ဗျူလာကို ပြောပြနေသည်။ နက်ဗျူလာက ထူးဆန်းသော အပြုံးမျိုး ပြုံးလာသည်။
“ငါ နားလည်သွားပြီ”
လက်ရှိတွင် သူမ အမှန်တကယ် နားလည်သွားပြီ ဖြစ်သည်။
“ဒီလီမိသားစုဝင်တွေ သေသင့်တယ်၊ မိသားစုခေါင်းဆောင်လေး သူတို့ကို သတ်လိုက်ရအောင်ပါ”
အချို့သော အိုးရန်မျိုးနွယ်ဝင်များက သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ပြောလာကြသည်။ သို့သော် ယဲ့ဖန်က လက်ကာပြ၍ ပြုံးစစနှင့် ပြောလိုက်သည်။
“အလျင်မလိုကြနဲ့ဦး၊ ငါ ထပ်ကြည့်ချင်သေးတယ်”
“ငါတို့နဲ့ အိုးရန်မျိုးနွယ်က သေအတူ ရှင်မကွဲဆိုတာ ပြောနေစရာတောင် မလိုဘူး၊ တကယ်လို့ တစ်ယောက်ယောက်က မကောင်းပြောပြီး အဖွဲ့အစည်း စိတ်ဓာတ်ကို ကိုင်လှုပ်မယ်ဆိုရင် င့ါကို ရက်စက်တယ်လို့ အဆိုးမဆိုနဲ့”
အဘိုးအိုလီက ဒေါသတကြီး မာန်မဲလိုက်ပြီးနောက် သူ့မြေးကို လက်ညှိုးထိုးသည်။
“ပြီးတော့ မင်း ... မင်း နောက်တစ်ခါ အရေးမပါတာတွေ ပြောရဲပြောကြည့်လိုက်၊ ငါ မင်းကို တန်းသတ်ပစ်မယ်”
လီချန်ကျစ် အံ့ဩသွားသည်။ သူ့အဘိုးက အလွန် ရူးမိုက်ပြီး ယနေ့အချိန်အထိ ခေါင်းမာနေဆဲ ဖြစ်လိမ့်မည်ဟု သူ ထင်ထားပုံ မရချေ။
“မင်းကို ကြားလားလို့ ငါ မေးနေတယ်လေ”
အဘိုးအိုလီက ခက်ထန်သော လေသံဖြင့် ထပ်မေးလိုက်သည်။ လီချန်ကျစ် အံကြိတ်လိုက်ပြီး အလျင်အမြန် ခေါင်းငုံ့၍ ပြန်ပြောလိုက်သည်။
“ကျွန်တော် ကြားပါတယ်”
အဘိုးလီ အေးစက်စက်ဖြင့် မကျေနပ်သံ ပြုလိုက်ပြီးနောက် တစ်ဖက်လှည့်၍ လီစစ်ယွီနှင့် အခြားသူများကို အမိန့်ပေးလိုက်သည်။
“ရန်သူကို ရင်ဆိုင်ဖို့ အသင့်ပြင်ထား”
သို့သော် ထိုအခိုက်တွင် လီချန်ကျစ်က ခေါင်းမော့လာပြီး အဘိုးအိုလီအား ရန်လိုစွာ ကြည့်လေသည်။
“မိသားစုခေါင်းဆောင်လီ ကျွန်တော်တို့ကို ကယ်ပါဦး”
“မိသားစုခေါင်းဆောင်လီ ကျေးဇူးပြုပြီး ရန်သူကို သတ်ပေးပါ”
ထိုစဉ် သွေးပျက်နေသော လူများစွာက အလျင်အမြန် ပြေးလာကြပြီး အဘိုးအိုလီရှေ့၌ ဒူးထောက်လေသည်။ လက်ရှိတွင် လီမိသားစုသာလျင် သူတို့၏ တစ်ဦးတည်းသော ကယ်တင်ရှင် ဖြစ်သည်။
လီမိသားစုက သူတို့ကို လေးလေးနက်နက် စိုက်ကြည့်၍ ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး၊ ငါ မင်းတို့ကို မကယ်နိုင်ဘူး”
လူတိုင်း တစ်ခဏမျှ အံ့ဩသွားကြသည်။
“ဒါ လောကကို ဖျက်ဆီးပဲ ကပ်ဘေးပဲ၊ ဘယ်သူမှ မင်းတို့ကို မကယ်နိုင်ဘူး၊ အိုးရန်မျိုးနွယ်တောင်မှ မခုခံနိုင်ဘူး”
အဘိုးအိုလီ၏ မျက်နှာတွင် ခါးသီးဟန်များ ပိုပို၍ ပေါ်လာပြီး ဆက်ပြောလေသည်။
“ငါတို့အားလုံး လုပ်နိုင်တာဆိုလို့ မင်းတို့အတွက် သူတို့ကို တားထားနိုင်ရုံပဲ ရှိတယ်၊ သွားကြတော့”
အဘိုးအိုလီသည် သူ့အဆုံးသတ်ကို ခန့်မှန်းမိပြီးသား ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
*အိုးရန်မျိုးနွယ်တောင်မှ မယှဉ်နိုင်ဘူးတဲ့လား၊ ဒါ တကယ်လား ဒါမှမဟုတ် ညာနေတာလား*
*အိုးရန်မျိုးနွယ်မှာ သူတော်စင်အဆင့်တစ်ယောက် ရှိတာ အားလုံး သိနေတာပဲလေ၊ ဘယ်သူက ဖျက်ဆီးနိုင်မှာလဲ*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လူတိုင်း၏ မျက်လုံးမှာ သင်္ကာမကင်းဟန်ကို မြင်ပြီး အဘိုးအိုလီက မချိပြုံး ပြုံးလေသည်။
“မင်းတို့အားလုံး မြင်နေရတဲ့ စစ်သင်္ဘောတွေအားလုံးက ကောင်းကင်ဘုံကိုးလွှာက လာတာ”
*ကောင်းကင်ဘုံ ကိုးလွှာလား*
တစ်ခဏအတွင်းမှာပင် လူတိုင်း မျက်နှာပြာနှမ်းသွားပြီး တစ်ကိုယ်လုံး ကြောက်စိတ်ကာ တုန်လာကြသည်။
ကောင်းကင်ဘုံ ကိုးလွှာသည် အမြဲတမ်း အံ့ဩစရာကောင်းပြီး ကြောက်စရာကောင်းသော တည်ရှိမှု ဖြစ်ခဲ့သည်။ သူတို့သည် အရာအားလုံးကို ဖန်တီးပြီး အရာအားလုံးကို ထိန်းချုပ်နိုင်ကာ အားလုံးကိုလည်း ဖျက်ဆီးနိုင်၏။
“သူတို့က ဒီကို ဘာလို့လာတာလဲ”
အမျိုးသမီးတစ်ယောက်က ကြောက်လန့်တကြား မေးလေသည်။
“သတ်ဖို့ ငါတို့ကို သတ်ဖို့”
အဘိုးအိုလီ သက်ပြင်းချသည်။
ပတ်ဝန်းကျင်တစ်ခုလုံး သုသာန်အလား တိတ်ဆိတ်သွားသည်။ လူတိုင်း၏ မျက်နှာတွင် သွေးပျက်ဟန်တို့နှင့် ပြည့်နှက်လာပြီး အလွန် ကြောက်လန့်နေကြသည်။
ကောင်းကင်ဘုံ ကိုးလွှာဘက်က တိုက်ခိုက်လာတိုင်း ကိုးပြည်နယ်တွင်း၌ ပြာကျသော နေရာတစ်ခု ရှိကိုရှိလာမည် ဖြစ်ပြီး ထောင်သောင်းချီသော သေမျိုးတို့က သူတို့၏ ကောင်းကင်ဘုံ ပြစ်ဒဏ်အောက်၌ သေဆုံးကြမည်ကို သူတို့ ကောင်းကောင်း သိပါသည်။
မည်သူမှ မတားဆီးနိုင်ပါ။
အဘိုးအိုလီ၏ စကားက လူတိုင်းကို သွေးပျက်သွားစေသည်။ ဘယ်လိုလုပ် သူတို့လို သေမျိုးက နတ်ဘုရားများကို ယှဉ်နိုင်မည်နည်း။
ထိုအခိုက်တွင် လူတိုင်း ချောက်ချားကာ တုန်လှုပ်လာကြသည်။
သူတို့ ဘာဖြစ်လာမလဲ ဆိုသည်ကို သူတို့ သတိပြုမိသွားကြလေသည်။ ကောင်းကင်ဘုံ ကိုးလွှာမှ သက်ရှိများက သူတို့အားလုံးကို သတ်ပေတော့မည်။
ကောင်းကင်ဘုံက သူတို့အားလုံးကို သတ်ပေလိမ့်မည်။ သူတို့၏ ကလေးများ၊ အိမ်ထောင်ဘက်များ၊ မိဘများနှင့် မိတ်ဆွေများ။
အရာအားလုံး တစ်ခါတည်း ပျက်စီးရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံကိုးလွှာမှ သက်ရှိများအတွက် သူတို့သည် ပုရွက်ဆိတ်လေးမျှသာ ဖြစ်ပြီး ဖုန်မှုန့်ကဲ့သို့ အဖိုးမတန်ချေ။
လက်ဖျောက်တီးလိုက်ရုံဖြင့် ဖျက်ဆီးနိုင်ပေသည်။ သူတို့တွင် ကြင်နာမှုနှင့် ကရုဏာသက်စိတ်တို့ မရှိပေ။
“မိသားစုခေါင်းဆောင်၊ ခင်ဗျား သေရမယ်ဆိုတာ သိနေတာတောင် အသေခံဦးမလို့လား”
ထိုသို့သောအချိန်၌ လီမိသားစုဝင်များ အံ့ဩနေသည်။
“ငါတို့ရဲ့ ခေါင်းဆောင်ကို ငါတို့ တစ်ခါ စိတ်ပျက်အောင် လုပ်ခဲ့ပြီးပြီ၊ သူ့ကို ငါ ဒုတိယအကြိမ် စိတ်မပျက် စေချင်ဘူး”
အဘိုးအိုလီက မချိတရိပြုံးကာ လီမိသားစုဝင်များကို လှည့်ကြည့်သည်။
“ငါ မင်းတို့ကိုလည်း စိတ်ပျက်အောင် မလုပ်ပါဘူး၊ ဆက်နေချင်သေးတဲ့သူတွေ ငါနဲ့အတူ လိုက်ခဲ့လို့ရတယ်၊ မနေချင်တဲ့လူတွေကတော့ ဒီအပြစ်မရှိတဲ့ မြို့သူမြို့သားတွေကို အဝေးကို ခေါ်ထုတ်သွားကြတော့”
ထိုအခိုက်တွင် လီမိသားစုဝင်များ အနည်းငယ် တုန်လှုပ်သွားသည်။ တကယ်တမ်းတွင် သူတို့အားလုံး မသေချင်ကြပါ။
ဤနေရာမှလူများသည်လည်း ထွက်သွားရန် အနည်းငယ် တုံ့ဆိုင်းသွားကြသည်။ သူတို့ ဆက်နေလျင်လည်း ကောင်းကင်ဘုံ ကိုးလွှာမှ သက်ရှိများကို ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပါ။
“ကျွန်တော် မသွားဘူး”
သို့သော် ထိုအခိုက်၌ ကလေးငယ်တစ်ယောက်က ပြောလာသည်။ သူသည် လက်ထဲ၌ သစ်သားချောင်းလေးကို ကိုင်ထားပြီး မျက်နှာတွင် ခေါင်းမာ၍ ပြတ်သားဟန် ပေါ်နေသည်။
“မိသားစုခေါင်းဆောင်လေးက ကျွန်တော်တို့ကို သေချာပေါက် လာကယ်မှာ၊ ကျွန်တော့်အဖေက ပြောတယ် သူက ဒီမိုးမြေမှာ တည်ရှိတဲ့ သူရဲကောင်းပဲတဲ့၊ အင်မော်တယ် ဧကရီထက်တောင် သန်မာတယ်တဲ့”
အင်မော်တယ် ဧကရီဆိုသည်မှာ ဤလူများက အိုးရန်ချင်ရွှယ်ကို တလေးတစား ခေါ်ဝေါ်ကြသော အမည်နာမ ဖြစ်သည်။
အတိတ်အခါက ကွမ်လင်လမ်းသည် ရှေးဟောင်းသားရဲများ၏ တိုက်ခိုက်ခြင်းကို အထပ်ထပ် အခါခါ ခံရပြီး နေ့တိုင်း သားရဲများ၏ ပါးစပ်ထဲ၌ လူဒါဇင်ချီ၍ သေဆုံးခဲ့သည်။ အိုးရန်ချင်ရွှယ် ရောက်လာသောအခါတွင်မှ အခြေအနေက ပြောင်းလဲသွားပြီး သူတို့ကို အန္တရာယ်ထဲမှ ကယ်ဆယ်ခဲ့လေသည်။
နောက်ပိုင်းတွင် သူတို့က အိုးရန်ချင်ရွှယ်ကို သူတို့၏ အင်မော်တယ် ဧကရီ နတ်သမီးအဖြစ် ယုံကြည်အားကိုး လာကြသည်။
ထိုစကားကိုကြားသော် လူတိုင်း အသိဝင်လာပြီး မျက်နှာတွင် လေးစားကြည်ညိုစိတ်များ ပေါ်လွင်လာ၏။
“ဟုတ်တယ် မိသားစုခေါင်းဆောင်လေးက အင်မော်တယ် ဧကရီရဲ့ သားအရင်းပဲ၊ သူ သေချာပေါက် ငါတို့ကို စွန့်ပစ်မှာ မဟုတ်ဘူး၊ ငါတို့ မသွားဘူး”
“ကောင်းကင်ဘုံကိုးလွှာကို ချီးမို့လို့ ကြောက်ရမှာလား၊ အင်မော်တယ် ဧကရီနဲ့ မိသားစုခေါင်းဆောင်လေးသာ ရှိရင် ငါတို့ ဘာကိုမှ ကြောက်စရာ မလိုဘူး”
“ငါ မသွားဘူးကွာ၊ မိသားစုခေါင်းဆောင်လေး ငါတို့ကို လာကယ်မှာကို ငါ စောင့်နေမယ်”
“ဟုတ်တယ် ဟုတ်တယ် ငါလည်း မသွားဘူး”
အားလုံး စိတ်အေးလာကြပြီး မျက်နှာတွင် ဆုံးဖြတ်ချက် ပြတ်သား၍ ပျော်ရွှင်ဟန်များ ပေါ်လွင်လာသည်။ သူတို့အားလုံး တူညီသော အရာကိုသာ ယုံကြည်ထားကြသည်။ ယင်းမှာ ယဲ့ဖန်က သူတို့ကို သေချာပေါက် လာကယ်လိမ့်မည်ဟုပင်တည်း။
အားလုံး၏ မျက်လုံးတွင် မျှော်လင့်ချက် အရိပ်အယောင်များ ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ မိသားစုခေါင်းဆောင်လေးက မိခင်ဖြစ်သူ အင်မော်တယ် ဧကရီထက်ပင် ပို၍ ထူးချွန်သည်ဟု သူတို့လည်း ကြားထားသောကြောင့်ပင်။
လူတစ်ယောက်မှကိုပင် မသတ်ဘဲ ကျင်းဟွာလမ်း၌ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်နိုင်ခဲ့သည်။
မိသားစုခေါင်းဆောင်ကပင် သူ့အား နောက်တက်မည့် မိသားစုခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။ သူတို့ ကွမ်လင်လမ်းက အိုးရန်မျိုးနွယ်၏ နောက်ခံဖြစ်သဖြင့် ဘယ်လိုလုပ် မိသားစုခေါင်းဆောင်လေးက ဘေးထွက်ရပ်၍ သူတို့ နင်းချေခံရသည်ကို ကြည့်နေမည်နည်း။
သို့သော် ထိုသို့သောအချိန်၌ မကျေနပ်သော အသံတစ်သံ ထွက်ပေါ်လာ၏။
“အရူးတွေ အဲ့အမှိုက်ကောင်က ခင်ဗျားတို့ကို လာကယ်မယ်လို့ မျှော်လင့်နေတာလား၊ ခင်ဗျားတို့အားလုံး ထင်ယောင်ထင်မှား ဖြစ်နေပြီ”