← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း (၁၉၁) - နတ်ဆိုးအရိုးစု

အမှောင်ထုကြားရှိ ဧရာမသတ္တဝါကြီးသည် ခေါင်းပြူထွက်လာရာ ထိုသတ္တ၀ါ၏ ကြောက်မက်ဖွယ် ရုပ်သွင်မှာ ပိုင်ချူးရန် ရှေ့မှောက်တွင် မားမားကြီးပေါ်လာတော့၏။

အညိုရောင်နှင့် အမည်းရောင် ရောယှက်နေသော အမွေးကြမ်းများ ဖုံးလွှမ်းထားသည့် ထိုထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးမှာ အမှောင်ထုထဲတွင် တည်ရှိနေသည့် တောင်ကြီးတစ်လုံးနှယ် ထင်မှတ်ရပေ၏။ အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေသော လက်မောင်းနှစ်ဖက်မှာ အောက်ရှိခြေလက်များနှင့် ယှဉ်လျှင် သိသိသာသာ ပို၍ သန်မာထွားကျိုင်းနေသည်။ သူ၏ ချွန်ထက်လှသော လက်သည်းခွံများမှာပင် ပိုင်ချူးရန် ခန္ဓာကိုယ်ထက် များစွာ ကြီးမားနေသေးသည်။

အမှောင်ထဲတွင် ရပ်နေသော ဤမိစ္ဆာကြီး၌ မျက်လုံးသုံးလုံး၊ ဦးချိုများ၊ ငှက်ကဲ့သို့ဦးခေါင်း၊ လူခန္ဓာကိုယ်၊ နဂါးလက်မောင်းများနှင့် ကျားလက်သည်းများ ပါရှိသော်လည်း ခန္ဓာကိုယ်အောက်ပိုင်းမှာမူ အင်းဆက်ကဲ့သို့ အဆစ်များပါရှိသော ဖွဲ့စည်းပုံမျိုး ဖြစ်သည်။ ထိုမာကျောလှသော အခွံများအောက်တွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပေါက်ကွဲထွက်နိုင်စွမ်းရှိသည့် ကြွက်သားများရှိ၏။ သူ၏ခါးတွင် ဧရာမ မြွေကြီးတစ်ကောင် ရစ်ခွေနေပြီး အဆိပ်ငွေ့များကို အဆက်မပြတ် မှုတ်ထုတ်နေသည်။ ထိုအရာမှာ သူ၏ အမြီးပင်ဖြစ်လေ၏။

တောင်ကြီးတစ်လုံးနှင့်တူသော ဧရာမသတ္တဝါကြီးကို ကြည့်ရင်း ပိုင်ချူးရန် အံ့သြတကြီးဖြင့် ရေရွတ်လိုက်််မိသည်။

"ဒါက မိစ္ဆာလား"

"အဲ့တာတင်ဘယ်ကမလဲ"

အရိုးခေါင်းက တုန်ရီနေသောအသံဖြင့် ပြောလာ၏။

"ဒါက သန့်စင်မင်းဆက်ခေတ်တုန်းက ဒီနေရာမှာ မြှုပ်နှံခဲ့တဲ့ နောက်ဆုံး ဝိညာဉ်ဘုရင်ကြီးပဲ။ သူ့ရဲ့ အစွမ်းက အင်မော်တယ်တွေထက်တောင် အများကြီး ပိုသာတယ်"

"ဒါက မိစ္ဆာတပ်မတော်ရဲ့ လက်ဝဲတပ်ဦးပဲ။ လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းမျစွာက ကျီရှန်းလိုဏ်ဂူထဲမှာ ငါတို့ သူ့ကို ခက်ခက်ခဲခဲ သတ်ခဲ့ရတာ။ သူ့ကို နှိမ်နင်းဖို့အတွက် မြေကမ္ဘာအဆင့်အင်မော်တယ် ဆယ်ယောက်ကျော်လောက်တောင် အသက်ပေးခဲ့ရတာကွ"

ထိုဝိညာဉ်ဘုရင်ကြီးက ခေါင်းငုံ့ကြည့်လိုက်ရာ သူ၏နဖူးရှိ တတိယမြောက်မျက်လုံးအတွင်း၌ မှိန်ပျပျ အပြာရောင်မီးတောက်တစ်ခု လောင်မြိုက်နေသည်ကို တွေ့ရမည်။ အနက်ရောင်ဝတ်ရုံရှင်ထံမှ လွတ်မြောက်သွားသော ဝိညာဉ်သုံးခုက ဤခန္ဓာကိုယ်ကို ထိန်းချုပ်နေကြောင်း ထင်ရှားလှ၏။

"မျိုးဆက်သစ် လူငယ်လေး။ မင်းမှာ သူ့ကို အနိုင်ယူဖို့ အခွင့်အရေးမရှိဘူး"

သတ္တဝါကြီးက သူ၏ ပါးစပ်ကိုဟကာ ဟိန်းဟောက်လိုက်ရာ ပါးစပ်မှထွက်လာသော လေဟုန်ပြင်းပြင်းကြောင့် မြေကြီးပင် ဟက်တက်ကွဲသွားရသည်။ မရေမတွက်နိုင်သော ကျောက်တုံးများနှင့် ဖုန်မှုန့်များမှာ မိုင်ရာချီ ကျယ်ဝန်းသော ဤဟင်းလင်းပြင်ထဲတွင် သဲမုန်တိုင်းတစ်ခုပမာ လွင့်ပျံသွားတော့သည်။

ဤပြင်းထန်လှသော လေဟုန်ကြောင့် ပိုင်ချူးရန်ပင်လျှင် နောက်သို့ လွင့်စင်သွားရ၏။ သူက ပြန်ရပ်ရန် ကြိုးစားသော်လည်း ခြေဖျားအောက်ရှိ မြေကြီးက တုန်ခါပြိုကျနေသဖြင့် တခြားရွေးချယ်စရာ မရှိတော့ပေ။ ပိုင်ချူးရန်ဆိုသော ဆံပင်ဖြူလူငယ်လေးမှာ လေထဲတွင် ဝဲပျံနေစဉ် အရိုးခေါင်းသည်လည်း လေနှင့်အတူ လွင့်ပါသွားကာ အလန့်တကြား အော်ဟစ်တော့သည်။

"မင်းကို ငါ မိပြီ"

ပိုင်ချူးရန်က လျင်မြန်စွာပင် အရိုးခေါင်း၏ မျက်လုံးပေါက်များကို ဆုပ်ကိုင်ဖမ်းဆွဲလိုက်သည်။ သူသည် တစ်ဖက် အော်ဟစ်သံများကို ဂရုမစိုက်ဘဲ မိုင်အနည်းငယ်အကွာရှိ မြေပြင်ပေါ်သို့ ဘေးကင်းစွာ ဆင်းသက်လိုက်သည်။

ပိုင်ချူးရန်က အရိုးခေါင်းကို မြှောက်ကာ ကြည့်လိုက်ရာ အရိုးခေါင်းက အလျင်အမြန်ပင် ဖျောင်းဖျလာပြန်သည်။ "သူက ကောင်းကင်နှင့်လူသား ပျက်စီးခြင်းငါးပါးကို မခံစားရခင်ကတည်းက အလောင်းကောင်တွေကို ကြိုးကိုင်တဲ့ အတတ်ကို ကျင့်ကြံခဲ့တာ။ ဒီဝိညာဉ်ဘုရင်ကြီးတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်ဝိညာဉ်ရှိနေတော့ သူက ဒီခန္ဓာကိုယ်ရဲ့ စွမ်းအား ၈၀ ရာခိုင်နှုန်းလောက်ကို အေးအေးဆေးဆေး ထုတ်သုံးနိုင်တယ်။ အခုချက်ချင်း ပြေးတော့"

"ပျံတောငါမပျံနိုင်တဲ့ အပြင်လူတစ်ယောက်ကို ငါက ထွက်ပြေးခွင့် ပေးလိုက်ရမှာလား"

အနက်ရောင်ဝတ်ရုံရှင် ကြိုးကိုင်ထားသော ဝိညာဉ်ဘုရင်ကြီးက ဟိန်းဟောက်ရယ်မောရင်း မိုင်အနည်းငယ်ခန့် ခုန်တက်လာကာ မြေပြင်ကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးချသည်။

ရုတ်တရက် မြေကြီးမှာ ဧရာမ ဥက္ကာပျံကြီးတစ်ခုနှင့် ဝင်တိုက်မိသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားပြီး မိုင်ဆယ်ဂဏန်းခန့်ရှိသော မြေပြင်မှာ တစစီ ပြိုကျပျက်စီးသွား၏။ ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကိုသာ အဓိကထား ကျင့်ကြံသည့် ကိုယ်ခန္ဓာဂိုဏ်းမှ အင်မော်နယ်များထက်ပင် သာလွန်သည့် ဤစွမ်းအားက မိစ္ဆာ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သက်သေပြနေ၏။

"လူသားတွေနဲ့ မိစ္ဆာတွေကြားက စစ်ပွဲမှာ ကျုပ်တို့ လူသားမျိုးနွယ်က ဒီလိုသတ္တဝါတွေကို ဘယ်လိုများ မောင်းထုတ်နိုင်ခဲ့တာလဲ"

ပိုင်ချူးရန်သည် အရိုးခေါင်းကို လက်တစ်ဖက်ဖြင့် မြှောက်ကိုင်ထားရင်း ထိုလက်သီးချက်မှ ထွက်ပေါ်လာသော တုန်ခါမှုလှိုင်းများကို အသာအယာ ရှောင်တိမ်းကာ မေးသည်။

အခန်း (၁၉၂) - နတ်ဆိုးအရိုးစု [၁]

"ငါ သေသွားတာ နှစ်သောင်းကျော်နေပြီကို ငါ ဘယ်လိုလုပ် သိမှာလဲကွ။"

အရိုးခေါင်းက ချက်ချင်း ပြန်ပက်ပြောလာ၏။ "အဲ့ဒီတုန်းက မင်းလို နတ်ဆိုးကောင်မျိုးကပဲ အစီအစဉ်တွေ ဆွဲနေခဲ့လို့ ဖြစ်မှာပေါ့"

"ကျုပ် စစ်မြေပြင်မှာ စားစရာတွေ လိုက်ရှာနေတုန်းက လူသားတွေနဲ့ မိစ္ဆာတွေကြားက စစ်ပွဲက မပြီးသေးဘူးလေ"

ပိုင်ချူးရန်က ခပ်အေးအေးပင် ပြောသည်။ "အခုတော့ ကျုပ်က အိုမင်းပြီး သနားစရာကောင်းတဲ့ လူအိုကြီး ဖြစ်နေပြီ။ ဆရာတွေလည်း မရှိတော့ဘူး။ ကျုပ်လိုလူမျိုးက ဘယ်လိုရှိမှာလဲ"

သူတို့နှစ်ဦး ငြင်းခုံနေဆဲမှာပင် ရုတ်တရက် လေပြင်းတစ်ချက်က သူတို့ခေါင်းပေါ်သို့ တိုက်ခတ်လာပြန်၏။ ဝိညာဉ်ဘုရင်ကြီးသည် သူတို့အနားသို့ ရောက်ရှိလာပြီး သူ့ မျက်လုံးသုံးလုံးအတွင်းမှ အပြာရောင် ဝိညာဉ်မီးတောက်မှာ ပို၍ပင် တောက်ပလာသည်။ မိစ္ဆာကောင်မှာ လှောင်ပြုံးပြုံးလိုက်၏။

"အရှုံးပေးလိုက်တော့ ကောင်လေး။ မင်းမှာ အနိုင်ရစရာလမ်း မရှိတော့ဘူး။ ဒီလောက် ထူးခြားတဲ့ ခန္ဓာကိုယ်ကို ငါ မဖျက်ဆီးပစ်ချင်ဘူး။ မင်းသာ အရှုံးပေးမယ်ဆိုရင် ငါ..."

ပိုင်ချူးရန်က လက်ဖဝါးကို ရုတ်တရက် မြှောက်လိုက်ရာ ဝိညာဉ်ဘုရင်ကြီး၏ လက်သီးထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်များ ထွက်လာသည်။ ဧရာမ ရွှေရောင်လက်ဝါးရာကြီးတစ်ခုမှာ လေထဲတွင် ပေါ်လာပြီး ကျယ်လောင်လှသော မြည်ဟည်းသံနှင့်အတူ ဝိညာဉ်ဘုရင်ကြီး၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားလေ၏။

ထိုမြင်ကွင်းမှာ မုန့်နှစ်အခဲကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သကဲ့သို့ပင်။ မိစ္ဆာတို့၏ ဖျက်ဆီး၍မရသော ခန္ဓာကိုယ်ကြီးမှာ ရွှေရောင်လက်ဝါးရာအောက်တွင် ချိုင့်ဝင်သွားပြီးနောက် သွေးနှင့်အသားမိုးများအဖြစ် ပြန်ပေါက်ကွဲထွက်သွားတော့သည်။ မိစ္ဆာကောက်၏ အပေါ်ပိုင်း ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားပြီး အောက်ပိုင်း ခန္ဓာကိုယ်ကြီးမှာသာ ယိမ်းယိုင်စွာ ကျန်ရစ်ခဲ့သည်။

"ကဲ... ပြီးပြီ။"

ပိုင်ချူးရန်သည် လက်ဖဝါးကို ပြန်ရုပ်သိမ်းလိုက်ပြီး ခေါင်းကိုလှည့်ကာ အရိုးခေါင်းအား မေးသည်။ "ဒီကောင်ရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်သုံးခုကို ငါဘယ်လို ထုတ်ယူရမလဲ"

"ဟမ်... အင်း။ အရင်ဆုံး မင်း သူ့ခေါင်းကို ပြန်ရှာရမှာ‌ပေါ့"

အရိုးခေါင်းက ကြောင်တောင်တောင်ဖြစ်သွားသောကြောင့် ခဏတာ တုံ့ဆိုင်းနေပြန်၏။"ဒါပေမဲ့ မင်း ဒီလိုခပ်ပြင်းပြင်းနဲ့ ရိုက်လိုက်တော့ သူ သေသွားလောက်ပြီလို့ ငါ ထင်တယ်။"

"ဟူး နှမြောစရာပဲ။ အားကုန်တောင် မသုံးလိုက်ရသေးဘူး"

ပိုင်ချူးရန်၏ စကားမဆုံးမီမှာပင် အမှောင်ထဲမှ အပြာရောင်အလင်းတန်းတစ်ခုမှာ ရုတ်တရက် သူ့ကျောပြင်ကို ထိမှန်ကာ ခန္ဓာကိုယ်ထဲသို့ တိုး၀င်သွားလေသည်။

"ဒုက္ခပါပဲ" အရိုးခေါင်းက အလန့်တကြား အော်သည်။

"သူ့ဝိညာဉ်တွေက မကွဲသွားသေးဘူး။ သူက မင်းဆီက ထွက်ပြေးဖို့ ကြိုးစားနေတာ"

တိုက်ခိုက်ခံလိုက်ရသော ပိုင်ချူးရန်မှာ ခဏမျှ မှင်တက်သွား၏။ သို့သော် ခဏအကြာတွင် သူသည် ရင်ဘတ်ထဲမှ အနက်ရောင် သံချောင်းတစ်ချောင်းကို ထုတ်ယူလိုက်ပြီး အတွင်းဘက်သို့ ကြည့်လိုက်သည်။ အနက်ရောင် သံချောင်းထဲတွင် ဝိညာဉ်မီးတောက်တစ်ခုမှာ အကျဉ်းကျနေသည့်အလား လှိုင်းထန်ကာ အော်ဟစ်လာသည်။ "မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ"

"မင်းဘာသာ မဆင်မခြင် ဝင်တိုက်တာ သိသာနေတာကို ကျုပ်ကို လာပြီး အပြစ်တင်နေတာလား"

ပိုင်ချူးရန်က ထပ်ပြောသည်။ "ဒီအနက်ရောင် သံချောင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကျုပ် အဆင့်မြှင့်ထားတာ။ လောလောဆယ်တော့ ဒါ တစ်ခုပဲ ရှိသေးတော့ အသုံးမဝင်သေးဘူးလို့ ထင်ထားပေမဲ့ မင်းကတော့ အတော်လေး ပူးပေါင်းပေးတက်တာပဲ။"

ပိုင်ချူးရန်သည် သံချောင်းထဲတွင် ပိတ်မိနေသော အင်မော်တယ်ဝိညာဉ်၏ ကျိန်ဆဲသံများကို လျစ်လျူရှုကာ အနက်ရောင်သံချောင်းကို သိမ်းဆည်းလိုက်သည်။ ထို့နောက် အခြားလက်တစ်ဖက်ဖြင့် အရိုးခေါင်းကို ကြည့်ကာ မေးသည်။

"ကဲ အခု ငါတို့ စကားအေးအေးဆေးဆေး ပြောလို့ရပြီ။ ကျုပ် ဒီနေရာကနေ ဘယ်လို ထွက်ရမလဲ။"

"ခဏလေး။ အရင်ဆုံး ငါ့ရဲ့ သိချင်စိတ်ကို ဖြေဖျောက်ဖို့အတွက် မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါဦး" အရိုးခေါင်းက မေးသည်။

ပိုင်ချူးရန်က ခေါင်းညိတ်လာ၏။ "မင်းဆီမှာ ပိတ်မိနေတဲ့ မြေကမ္ဘာအင်မော်တယ်က မင်းကို အပြင်ဘက်က ကျင့်ကြံသူတစ်ယောက်လို့ ထင်နေတာ။ ဒါပေမဲ့ ငါ့ရဲ့စိတ်ဝိဉာဉ်အာရုံကပြောနေတာက မင်း ကျင့်ကြံနေတာက တကယ်တော့ အရမ်းနက်နဲတဲ့ ကျင့်စဉ်တစ်ခုဖြစ်ပေမဲ့ မင်းရဲ့ အဆင့်က ချီသန့်စင်ခြင်းအဆင့်မှာပဲ ရှိနေသေးတယ်ဆိုတာပဲ"

အရိုးခေါင်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ထပ်မေးလာ၏။ "ဒါဆို မင်း ငါ့ကို ဖြေပေးနိုင်မလား။ အခု မင်း ချီသန့်စင်ခြင်း အဆင့်ကို ကျင့်ကြံခဲ့တာ ဘယ်နှစ်ကြိမ်ရှိပြီလဲ။"

ပိုင်ချူးရန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလေသည်။ "ဘယ်နှစ်ကြိမ်ရှိပြီလဲ ကျုပ် သေချာပေမယ့် လောလောဆယ်တော့ ကျုပ်အဆင့်က ၆၆၆၆၅ ပဲ။ နောက်တစ်ဆင့် တက်တော့မှာပေမဲ့ ဖိနှိပ်ထားတာ"

"ငါ သဘောပေါက်ပြီ"

အရိုးခေါင်းက ခါးသီးစွာ ပြုံးလိုက်၏။

"မင်း ဒီလောက် အစွမ်းထက်နေတာ မဆန်းပါဘူးလေ"

အရိုးခေါင်းမှာ တစ်ယောက်တည်း ထပ်ရေရွတ်နေလေ၏။ "ခန္ဓာကိုယ်ပုံသွင်းခြင်းကနေ ကောင်းကင်ကပ်ဘေးအဆင့်ထိ ကျင့်ကြံခြင်းနယ်ပယ်မှာ ကြီးမားတဲ့ နယ်ပယ်ကြီး ၉ခုနဲ့ နယ်ပယ်ငယ်၄၁ ခု ရှိတယ်။ ချီသန့်စင်ခြင်း အဆင့်မှာ စုစုပေါင်း အဆင့် ၁၀ဆင့်ရှိသလို အခြေခံတည်ဆောက်ခြင်းနဲ့ ရွှေအမြုတေ အဆင့်တွေမှာလည်း ၁၀ဆင့်စီရှိတာပဲ။ ဒါပေမဲ့ စစ်မှန်ချီနဲ့ စစ်မှန်အနှစ်သာရရဲ့ အရည်အသွေး ကွာခြားချက်ကို ရေတွက်ကြည့်ရင်တောင် ကောင်းကင်ကပ်ဘေးအဆင့်ကို ရောက်ဖို့ဆိုတာ ချီသန့်စင်ခြင်း အဆင့် ၂၀၀နဲ့ ညီမျှနေတာပဲ။ မင်းကတော့. အဆင့် ခြောက်သောင်းကျော်နေပြီ။ အခု မင်းရဲ့ စွမ်းအားက ဘယ်လောက်တောင် ရှိနေတာလဲ။"

"ကျုပ် ကိုယ်တိုင်တောင် မသိနိုင်ဘူး" ပိုင်ချူးရန်က ပြန်ဖြေ၏။

"ဟုတ်သား။ ကောင်းကင်က ငါ့ကို ပေးထားတဲ့ ဉာဏ်ပညာတောင် မင်းရဲ့ စွမ်းအားကို မတိုင်းတာနိုင်ဘူးဆိုတော့ မင်းကိုယ်တိုင်လည်း ဘယ်သိနိုင်မှာလဲ။ ငါ တုံးအသွားတယ်"

အရိုးခေါင်းက ခါးသီးစွာ ပြုံးလိုက်ရင်း ဆက်ပြောသည်။ "မင်း သိချင်တာရှိရင် မေးပါ။ ငါ သိတာမှန်သမျှ အကုန်ဖြေပါ့မယ်။ ဒါမှမဟုတ် မင်း အခု ထွက်သွားချင်တယ်ဆိုရင်လည်း ဘယ်လို ထွက်ရမလဲဆိုတာ ငါ ပြောပြနိုင်တယ်"

“မလိုဘူး။ ဒီလိုအခြေအနေမျိုးမှာ ကျူပ် မလောပါဘူး။ မေးခွန်းတွေ အရင်မေးမယ်"

All Chapters