← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အပိုင်း ၁၉၃

​"ဟားဟား ရှယ်ယာခွဲဝေမှုအပိုင်းမှာတော့ ကျွန်တော် ပါဝင်ပတ်သက်မှာ မဟုတ်ဘူး၊ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ပဲ အဖြေရှာကြတော့"

​လင်းဖန်က ပြုံးလျက် ပြောလိုက်သည်။

"ဒါပေမဲ့ သတင်းစာရှင်းလင်းပွဲကို ညနေ ၆ နာရီမထိုးခင် ကျင်းပမှာဖြစ်လို့၊ ကျိဖုပေါင်ကို ကြိုတင်ကြော်ငြာနိုင်ဖို့နဲ့ သတင်းထုတ်ပြန်နိုင်ဖို့ ခင်ဗျားတို့ အမြန်လေး ဆွေးနွေးဆုံးဖြတ်ကြဖို့တော့ လိုလိမ့်မယ်။"

​ထိပ်ဆုံးနေရာ၌ ရှိနေသော ဤလူငယ်သည် ယခင်က မမြင်ဖူးသော ခန့်ညားထည်ဝါမှုနှင့် ဩဇာအာဏာကြီးမားမှုကို ပြသနေသည်။

ဟောင်ကောင်၏ ထိပ်သီးသူဌေးကြီးများနှင့် စကားပြောနေခြင်း ဖြစ်သော်လည်း သူကမူ အေးဆေးပင်။

​"ကောင်းပါပြီ!"

​လီကျားချန်တို့မှာ ထိုစကားကို ကြားပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။ အခြေအနေမှာ ဤအဆင့်သို့ ရောက်လာပြီဖြစ်ရာ လင်းဖန်တို့နှင့် များစွာမသက်ဆိုင်တော့ဘဲ နောက်ထပ်အဆင့်မှာ သူတို့သုံးဦးအကြား ရှယ်ယာခွဲဝေမှုအတွက် အားပြိုင်ကြရန်သာ ကျန်တော့သည်။

​ယခင်က အသုံးမဝင်ဟု ထင်မှတ်ခဲ့သော ညှိနှိုင်းရေးအဖွဲ့မှာ ယခုအခါ အသုံးတည့်လာချေပြီ။ ကျိဖုပေါင်၏ မူလရှယ်ယာ ၂၅ ရာခိုင်နှုန်းထဲမှ ပိုမိုရရှိနိုင်ရန်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ပိုပေးရလျှင်ပင် မည်သူကမျှ လက်တွန့်မည်မဟုတ်ပေ။ အကြောင်းမှာ ဤကုမ္ပဏီ စတော့အိတ်ချိန်းတက်သွားပါက ပြန်လည်ရရှိမည့် အကျိုးအမြတ်မှာ အဆပေါင်းထောင်ချီ ရှိနိုင်သောကြောင့် ဖြစ်သည်။

​ထို့နောက်တွင် လင်းဖန်နှင့် အခြားနှစ်ဦးမှာ အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားကြပြီး လီကျားချန်တို့နှင့် ၎င်းတို့၏ ညှိနှိုင်းရေးအဖွဲ့သာ ကျန်ရစ်ခဲ့တော့သည်..........။

​"အစီအစဉ်ကို ကြိုတင်ခွင့်ပြုချက်မယူဘဲ ကျွန်တော့်သဘောနဲ့ကျွန်တော် ပြောင်းလဲလိုက်တဲ့အတွက် အစ်ကိုတို့နှစ်ယောက် ကျွန်တော့်ကို အပြစ်မတင်ဘူးမလား"

​ထိုအဆောက်အအုံ၏ အခြားအစည်းအဝေးခန်းတစ်ခုအတွင်း လက်ဖက်ရည်သောက်ရင်း လင်းဖန် က ပြုံး၍ မေးလိုက်သည်။ မူလအစီအစဉ်မှာ ဤသို့မဟုတ်ဘဲ လုံထန်ဂရုက ၂၀ ရာခိုင်နှုန်း ယူရန်သာ ဖြစ်သော်လည်း ခွဲဝေမှုအချိုးအစားကို ပြောင်းလဲလိုက်ပြီးနောက် ညှိနှိုင်းမှုဖြစ်စဉ်မှာ များစွာ ရှုပ်ထွေးသွားခဲ့သည်။

​"ဟားဟားဟား.ညီလေးလင်းကို ဘယ်လိုလုပ် အပြစ်တင်ရမှာလဲ။ မင်းသာမရှိရင် အခုလို မြန်မြန်ဆန်ဆန် ပြီးမြောက်မှာ မဟုတ်ဘူး"

မာဟွာထန်က ချက်ချင်းပင် ရယ်မောလျက် ပြန်ဖြေသည်။

​"ဟုတ်တယ်၊ ဒါတွေအားလုံးက ညီလေးခင်းရဲ့ ပါးနပ်မှုကြောင့်ပါ။ သူတို့ လောဘတက်လာမယ်ဆိုတာကို ကြိုတွက်ထားတာပဲ"

လျူယွီတုန်ကလည်း ခေါင်းညိတ်ထောက်ခံသည်။

​ဤမျှ ကြီးမားသော စီမံကိန်းကို တစ်နာရီအတွင်း အပြီးသတ်နိုင်ခဲ့ခြင်းမှာ အလွန်ပင် လျင်မြန်လှသည်။ အကယ်၍ လင်းဖန် သာ စိတ်ကူးမရှိခဲ့ပါက ပန်ကွင်းဂရုအနေဖြင့် ကျိဖုပေါင်၏ မူလရှယ်ယာများကို အလဟဿ ဆုံးရှုံးသွားနိုင်ပေသည်။ ထိုရှယ်ယာများကို ငွေဖြင့်ပင် ဝယ်ယူ၍ မရနိုင်ပေ။ သူတို့ကဲ့သို့ အဆင့်အတန်းမျိုးတွင် လူတိုင်းမှာ အနည်းဆုံး ဘီလီယံနှင့်ချီ၍ ပိုင်ဆိုင်ထားကြရာ ငွေဆိုသည်မှာ သူတို့အတွက် ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ငွေနှင့်လဲ၍မရသော အရာများကသာ သူတို့အတွက် အဖိုးတန်ဆုံး ဖြစ်နေသည်။

​"ဟေး... ကျွန်တော် ပြောဦးမယ်၊ အဲဒီ ၂၅ ရာခိုင်နှုန်းကို သုံးယောက်ခွဲယူတဲ့အခါ သူတို့တွေ ထသတ်ကြမှာ မဟုတ်ဘူးလား"

လျူယွီတုန်က စကားလမ်းကြောင်းကို တိုးတိုးတိတ်တိတ် ပြောင်းလိုက်သည်။

​"ထသတ်တာမျိုးတော့ လုပ်မှာမဟုတ်ပေမဲ့ အကြီးအကျယ် အော်ဟစ်ငြင်းခုံကြမလားဆိုတာတော့ မပြောတတ်ဘူး"

မာဟွာထန်ကလည်း နောက်ပြောင်သည့်လေသံဖြင့် ဆိုသည်။

​"ဟားဟားဟား"

​လင်းဖန် လည်း အခန်းထဲတွင် ဖြစ်ပျက်နေမည့် မြင်ကွင်းကို တွေးမိကာ အော်ဟစ်ရယ်မောမိတော့သည်။ ဟောင်ကောင်၏ ဩဇာကြီးသူဌေးကြီး သုံးဦးအနက် မည်သူမဆို မီဒီယာရှေ့တွင် ပေါ်လာပါက ဟောင်ကောင်တစ်ခုလုံး တုန်လှုပ်စေနိုင်သည်။ ယခုမူ သူတို့သုံးဦးမှာ အထဲတွင် အငြင်းပွားနေကြမည်ဖြစ်ရာ မည်သို့ စိတ်ဝင်စားစရာ မကောင်းဘဲ နေပါမည်နည်း။

​သို့သော် ယေဘုယျအားဖြင့် အားလုံးက ရှယ်ယာကိစ္စကို အမြန်ဆုံး အပြီးသတ်နိုင်ရန် မျှော်လင့်ထားကြသည်။ ကျိဖုပေါင်သည် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် စီးပွားရေးစီမံကိန်းအဖြစ် ကြာမြင့်စွာကတည်းက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထပ်မံ ကြန့်ကြာနေပါက အခြားသူများက ဦးသွားနိုင်သလို အနှောင့်အယှက်များလည်း ပေါ်လာနိုင်သည်။

​ပြည်မကြီးမှ ထိပ်သီးကုမ္ပဏီသုံးခုနှင့် ဟောင်ကောင်မှ ထိပ်သီးသူဌေးကြီး သုံးဦးတို့ ပူးပေါင်းတည်ထောင်သည့် ဤကုမ္ပဏီ၏ မှတ်ပုံတင်အရင်းအနှီးမှာ ယွမ် ၃၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံခန့်) ကျော်လွန်သွားချေပြီ။ ပြင်ပကမ္ဘာက ဤအချက်ကို မည်သို့ လက်ခံနိုင်ပါမည်နည်း။ ဤကုမ္ပဏီ၏ တည်ရှိမှုကို သူတို့ မည်သို့ ထင်ကြေးပေးကြမည်နည်း။

​"ဒါနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်တော့မှာဆိုတော့ ကုမ္ပဏီမှတ်ပုံတင်တဲ့ကိစ္စကိုရော ထည့်စဉ်းစားရမလား။ ပြည်မကြီးနဲ့ ဟောင်ကောင်က စည်းမျဉ်းတွေ မတူဘူးလေ"

မာဟွာထန်က ထိရှလွယ်တဲ့ အကြောင်းအရာတစ်ခုကို ရုတ်တရက် မေးလိုက်သည်။

"ဒီလောက်ကြီးမားတဲ့ အစီအစဉ်ဆိုရင် ဒီနေ့ ထွက်သွားတဲ့လူတွေလိုမျိုး ကြားထဲက နှောင့်ယှက်မယ့်သူတွေ ရှိလာနိုင်တယ်လေ။"

​"အစ်ကိုမာ ပြောတာမှန်တယ်၊ ကြိုစဉ်းစားထားဖို့ လိုမယ်"

လျူယွီတုန်ကလည်း ထောက်ခံသည်။

စီးပွားရေးဆိုသည်မှာ ပွင့်လင်းမြင်သာရုံနှင့် မရဘဲ အောက်ခြေတွင် မကောင်းမှုများစွာ ဖုံးကွယ်နေတတ်သည့် နက်ရှိုင်းသော ချောက်ကမ်းပါးကြီးကဲ့သို့ ဖြစ်သည်။

​ထိုစကားကို ကြားသောအခါ လင်းဖန်က ပြုံးလျက် -

"ဒီကိစ္စကို ကျွန်တော် စဉ်းစားပြီးသားပါ။ လီမိသားစုက တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်ပါလိမ့်မယ်။ ဟောင်ကောင်မှာ မှတ်ပုံတင်ဖို့ဆိုတာ တစ်မိနစ်တောင် မကြာပါဘူး"

ဟု ဆိုသည်။

​Jifubao သည် လုံထန်ဂရု၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုစနစ်အဖြစ် လင်းဖန် ကြိုတင်စီစဉ်ထားခြင်း ဖြစ်သည်။ စီမံကိန်း စတင်ကာစတွင် ပြည်တွင်းမှ လူအများအပြားက ဝင်ရောက်စွက်ဖက်လိုခဲ့ကြသည်။ အစိုးရကိုယ်စားပြု ICBC ဘဏ်ပင်လျှင် မျက်နှာပြောင်တိုက်ကာ တိုက်ခိုက်ခဲ့ဖူးသည်။

အွန်လိုင်း ငွေပေးချေမှု ကုမ္ပဏီများသည် မိုဘိုင်းဘဏ်များနှင့် တူညီနေသဖြင့် ပြဿနာတစ်ခုခု ပေါ်ပေါက်လာပါက အမျိုးသားလုံခြုံရေးကို တိုက်ရိုက် ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။

​အဆိုးဆုံးမှာ အချို့သော အခွင့်ထူးခံ လူကုမ္ပဏီများ၏ လောဘကြောင့်ပင် ဖြစ်သည်။ သို့သော် လင်းဖန် ၏ ပြတ်သားမှုကြောင့် ထိုနှောင့်ယှက်မှုများမှာ အချည်းနှီး ဖြစ်ခဲ့ရသည်။ ဟောင်ကောင်တွင်မူ အခွင့်ထူးခံ လူကပ်ပါးများသာမက အခြားသော လွှမ်းမိုးမှုရှိသူများလည်း ပေါ်မလာသေးပေ။ သူတို့ထဲမှ မည်သူက နှောင့်ယှက်မည်ကို မည်သူမျှ အာမမခံနိုင်ပေ။

​ထို့ကြောင့်ပင် သူက လီကျားချန်ကို ရှေ့ထွက်ခိုင်းခြင်း ဖြစ်သည်။ တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်၏ ဩဇာမှာ အသုံးတည့်လှပေသည်။

​"ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီ။"

​မာဟွာထန်နှင့် လျူယွီတုန်တို့မှာ သက်ပြင်းချလိုက်ရင်း စိတ်လှုပ်ရှားနေမှုများကို ခေတ္တ ထိန်းချုပ်လိုက်ကြသည်။

​"ဟား"

​ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ တည်ငြိမ်နေသော ထိုနှစ်ဦးကို ကြည့်ကာ လင်းဖန်က ရယ်မောလျက်

"နောက်ထပ် နာရီဝက်ပဲ လိုပါတော့တယ်၊ အားလုံး ခဏလောက် စောင့်ကြရအောင်၊ မကြာခင် ပြီးသွားမှာပါ"

​လျူယွီတုန်နှင့် မာဟွာထန်တို့ ခေါင်းညိတ်လိုက်ကြသည်။ ယခု သူတို့ လုပ်နိုင်သည်မှာ စောင့်ရုံသာ ရှိတော့သည်။ အကျိုးအမြတ် ခွဲဝေမှုတွင် သူတို့ ဝင်ရောက်စွက်ဖက်လိုလျှင်ပင် စွက်ဖက်ရန် နည်းလမ်းမရှိပေ။ ဤသည်မှာ ယွမ် ၇၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး ယွမ် ၇၅၀ မဟုတ်ပေ။ ကြီးမားသော အကျိုးအမြတ်များရှေ့တွင် ကမ္ဘာ့အချမ်းသာဆုံးသူပင် ကြားထဲက ရပ်နေပါစေ၊ မည်သူမျှ လွယ်လွယ်နှင့် အလျှော့ပေးကြမည် မဟုတ်ပေ။

​ထို့ပြင် တရုတ်ပြည်၏ အချမ်းသာဆုံးသူ လီကျားချိန်၏ ဩဇာမှာ ကြီးမားလှသော်လည်း ဟောင်ကောင်၏ ထိပ်သီးသူဌေးကြီးများဖြစ်သော ဟော်မိသားစုနှင့် ရွှီမိသားစုကိုမူ ခြောက်လှန့်နိုင်စွမ်း မရှိပေ။ ဤစီမံကိန်းအတွက် အားလုံးက ရာနှုန်းပြည့် အလေးအနက်ထားခဲ့ကြသည်။ ဟော်မိသားစုသည် ဟောင်ကောင်ရှိ ပိုင်ဆိုင်မှု အများအပြားကို ရောင်းချခဲ့သလို၊ ရွှီမိသားစုသည်လည်း ပြည်မကြီးရှိ ဈေးတက်နေသော ပိုင်ဆိုင်မှုအချို့ကို တိုက်ရိုက် ထုတ်ရောင်းခဲ့သည်။

​လီကျားချန်ကိုယ်တိုင်လည်း ဗြိတိန်မှ ထွက်ခွာခဲ့ပြီး အပိုရန်ပုံငွေများကို ဟောင်ကောင် အကောင့်ထဲသို့ ပြောင်းရွှေ့ခဲ့သည်။ ဟော်မိသားစု၏ ဟောင်ကောင်ပိုင်ဆိုင်မှုများမှာ ယခင်ကလောက် တန်ဖိုးမရှိတော့သော်လည်း၊ ရွှီမိသားစုကမူ ပြည်မကြီးရှိ ဈေးတက်နေသော ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ခြင်း ဖြစ်သည်။ ပြည်မကြီးမှာ ဖွံ့ဖြိုးတိုးတက်နေဆဲ ဖြစ်ရာ ထိုပိုင်ဆိုင်မှုများသည် နောင်တွင် ၃၀၀ ရာခိုင်နှုန်းခန့် အမြတ်ထွက်နိုင်သော်လည်း ကျိဖုပေါင်တွင် ပါဝင်နိုင်ရန်အတွက် သူတို့ ရောင်းချခဲ့ကြခြင်း ဖြစ်သည်။

​ဤသည်မှာ ရွှီမိသားစု၏ ပြတ်သားမှုကို ပြသနေသည်။ ထို့ကြောင့် သူတို့ကို ၅ ရာခိုင်နှုန်းသာ ပေးမည်ဆိုပါက မည်သူမျှ လက်ခံလိမ့်မည် မဟုတ်ပေ။ ၂၅ ရာခိုင်နှုန်းကို တန်းတူခွဲဝေခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ထို့ထက်ပို၍ လိုချင်ပါကလည်း လင်းဖန်က တစ်ရာခိုင်နှုန်းပင် ထပ်ပေးနိုင်မည်မဟုတ်ပေ။ အကယ်၍ ဟောင်ကောင်ဘက်ကို ရှယ်ယာများစွာ ပေးလိုက်ပါက နောင်တွင် တစ်ကမ္ဘာလုံးသို့ မည်သို့ ဆက်လက် ချဲ့ထွင်နိုင်ပါတော့မည်နည်း။

..............................................

အပိုင်း ၁၉၄

​အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ညနေ ၆ နာရီသို့ နီးကပ်လာချေပြီ။

​ထိုအချိန်တွင် အစည်းအဝေးခန်းထဲရှိ လီကျားချန်၊ ဟော်ကျန့်ထင်နှင့်ရွှီရုံမောက်တို့မှာ ညှိနှိုင်းမှုများ အပြီးသတ်သွားကြပြီ ဖြစ်သည်။ သူတို့အထဲတွင် လီမိသားစုက ရှယ်ယာ ၅ ရာခိုင်နှုန်း (ကျန်ရှိသော ၂၅ ရာခိုင်နှုန်းအနက်မှ ထပ်မံခွဲဝေမှုဖြစ်နိုင်သည်) ဖြင့် အသာစီးရခဲ့ပြီး ဟို့မိသားစုက ရှယ်ယာ ၇ ရာခိုင်နှုန်းနှင့် ရွှီမိသားစုက ရှယ်ယာ ၈ ရာခိုင်နှုန်းစီ အသီးသီး ရရှိခဲ့ကြသည်။

​ခဏအကြာတွင် လင်းဖန် က အဆင်သင့်ပြင်ထားသော စာချုပ်များကို သူတို့သုံးဦးထံ ပေးအပ်ရန် ခိုင်းစေလိုက်သည်။ သူတို့သုံးဦး စာချုပ်ပေါ်တွင် လက်မှတ်ရေးထိုးလိုက်သည်နှင့် ကျိဖုပေါင်စီမံကိန်းကြီးမှာ တရားဝင် စတင်သွားခဲ့ပြီ ဖြစ်သည်။

​"သတင်းစာရှင်းလင်းပွဲက စတော့မယ်။ အဲဒီမတိုင်ခင် ကုမ္ပဏီအသစ်ရဲ့ တည်နေရာကို အရင်ဆုံး သတ်မှတ်ကြမလား"

​အားလုံး အစည်းအဝေးခန်းထဲတွင် ပြန်လည်စုံညီသွားကြပြီးနောက် လီကျားချန်က ပထမဆုံး စတင်မေးမြန်းလိုက်သည်။

​"ကျိဖုပေါင်ဆိုတာ ညီလေးလင်းစတင်အဆိုပြုခဲ့တာဖြစ်ပြီး ဒီစီမံကိန်းအကြောင်းကို သူ့ထက် ပိုသိတဲ့သူ မရှိပါဘူး။ ဒါကြောင့် ညီလေးလင်းကပဲ ဥက္ကဋ္ဌလုပ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်"

လျူယွီတုန်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

​နောက်ပြောင်နေခြင်း မဟုတ်ပေ။ ကုမ္ပဏီအသစ်၏ ရာထူးနေရာဆိုသည်မှာ စကားပြောခွင့် အာဏာကို ကိုယ်စားပြုပြီး နောင်တွင် ကုမ္ပဏီတစ်ခုလုံး၏ လုပ်ငန်းလည်ပတ်မှုကိုလည်း လွှမ်းမိုးထားမည် ဖြစ်သည်။ အကယ်၍ အမည်မသိလူတစ်ယောက်သာ ဤနေရာကို ယူသွားပါက သူတို့ နောင်တရ၍ ဆုံးမည်မဟုတ်ပေ။

​"ဟုတ်ပါတယ်! ကျွန်တော်လည်း ညီလေးလင်းကိုပဲ ဥက္ကဋ္ဌအဖြစ် ထောက်ခံပါတယ်"

မာဟွာထန်ကလည်း အဓိပ္ပာယ်ကို နားလည်စွာဖြင့် ချက်ချင်း ထောက်ခံလိုက်သည်။

​ထိုစကားကို ကြားသောအခါ ဟော်ကျန်ထိန်နှင့် ရွှီရုံမောက်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်ကြသည်။ မူလကပင်လင်းဖန်သည် ကျိဖုပေါင်၏ အကြီးဆုံး ရှယ်ယာရှင်ဖြစ်ရာ ဒါရိုက်တာဘုတ်အဖွဲ့၏ ထိပ်ဆုံးပုဂ္ဂိုလ်မှာ သူဖြစ်ရမည်မှာ အမှန်ပင်။ ယခုမူ ပန်ကွင်းဂရုနှင့် ကျင့်တုန်းဂရု၏ ဥက္ကဋ္ဌများကပါ သူ့ကို ဥက္ကဋ္ဌအဖြစ် ထောက်ခံနေကြပြီ ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုသော် ချန်ထားသော ရှယ်ယာ ၃၀ ရာခိုင်နှုန်းအပြင် ၄၅ ရာခိုင်နှုန်းသော အင်အားမှာ သူတို့ဘက်တွင် ရှိနေပြီဖြစ်ရာ စကားပြောခွင့်အာဏာအတွက် ယှဉ်ပြိုင်ရန်ပင် မဖြစ်နိုင်တော့ပေ။

​"ကျွန်တော် သဘောတူပါတယ်"

လီကျားချန်က အေးအေးဆေးဆေးပင် ပြုံးလျက် ဆိုသည်။

​"ကျွန်တော်တို့လည်း သဘောတူပါတယ်။"

​ဟောင်ကောင်တွင် ဩဇာအရှိဆုံးဖြစ်သော လီမိသားစုကပင် လက်ခံလိုက်ပြီဖြစ်ရာ ဟော်မိသားစုနှင့် ရွှီမိသားစုတို့အနေဖြင့် ငြင်းဆန်နေရန် အကြောင်းမရှိတော့ပေ။

​"ဟား.အားလုံးက ကျွန်တော့်ကိုပဲ ဥက္ကဋ္ဌ လုပ်စေချင်တယ်ဆိုတော့လည်း ကျွန်တော် လက်ခံပါ့မယ်။ ဒါပေမဲ့ ခင်ဗျားတို့ သိတဲ့အတိုင်း ကျွန်တော်က ငယ်သေးတော့ လျှောက်သွားရတာ ဝါသနာပါတယ်၊ ဟောင်ကောင်မှာလည်း အမြဲရှိနေမှာ မဟုတ်ဘူး"

လင်းဖန်က ခေါင်းညိတ်ပြုံးရယ်ရင်း ပြောလိုက်သည်။

"ဒါကြောင့် ကုမ္ပဏီရဲ့ အဓိက မူဝါဒပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကိုပဲ ကျွန်တော် တာဝန်ယူပါ့မယ်။ ကုမ္ပဏီရဲ့ နေ့စဉ် စီမံခန့်ခွဲမှုအပိုင်းတွေကိုတော့ တာဝန်ယူမယ့်သူတွေ လိုပါလိမ့်မယ်။"

​"ခင်ဗျားတို့ အားလုံးက ကျိဖုပေါင်ရဲ့ ရှယ်ယာရှင်တွေ ဖြစ်ကြလို့ ခင်ဗျားတို့ထဲကပဲ ရွေးချယ်တာက အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ ကုမ္ပဏီအတွက် CEO၊ COO နဲ့ CFO တွေ လိုအပ်မှာဖြစ်လို့ ဒီရာထူးတွေအတွက် ခင်ဗျားတို့ပဲ အဆိုပြုပေးကြပါ"

​အမှန်စင်စစ် အားလုံးက သူ့ကို ဥက္ကဋ္ဌအဖြစ် သဘောတူကြသည့် အဓိကအကြောင်းအရင်းမှာ သူက ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားပြီး ကျိဖုပေါင်၏ အသက်သွေးကြောမှာ လုံထန်ဂရု၏ ထုတ်ကုန်များပေါ်တွင် မူတည်နေသောကြောင့် ဖြစ်သည်ကို လင်းဖန်က မည်သူ့ထက်မဆို ပိုသိသည်။ သို့သော် သူသည် ကုမ္ပဏီကို ကိုယ်တိုင်စီမံခန့်ခွဲရန် စိတ်ဝင်စားမှု သိပ်မရှိပေ။ တကယ့် ခေါင်းဆောင်ကောင်းဆိုသည်မှာ တော်သူများကို နေရာပေး ခန့်အပ်ထားရုံဖြင့် လုံလောက်ပြီး အရာရာကို ကိုယ်တိုင် လုပ်နေရန် မလိုပေ။

​"ဒါကတော့......"

​ထိုစကားကို ကြားသောအခါ လျူယွီတုန်နှင့် အခြားသူများမှာ မယုံကြည်နိုင်သကဲ့သို့ ဖြစ်သွားကြသည်။ လင်းဖန်တွင် မည်မျှ ချမ်းသာကြွယ်ဝမှု ရှိသည်ကို ဤနေရာရှိ မည်သူမျှ အတိအကျ မသိကြပေ။ လုံထန်ဂရုအပြင် ဖန်ထန်းရင်းနှီးမြှုပ်နှံမှု (Fengteng Investment)၊ Dynasty Entertainment နှင့် ဝမ်မိသားစု၊ ချင်မိသားစုတို့နှင့် ပူးပေါင်းတည်ထောင်ထားသော အိမ်ခြံမြေကုမ္ပဏီများလည်း ရှိသေးသည်။

သို့သော် အစမှအဆုံးအထိ သူသည် လူမြင်ကွင်းသို့ ထွက်လာလေ့ မရှိပေ။ ကျိဖုပေါင်ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းကြီးတွင်ပင် သူက လူလုံးပြရန် အစီအစဉ် မရှိသည်ကို အားလုံးက မမျှော်လင့်ထားကြပေ။

​"ဒါဆို သတင်းစာရှင်းလင်းပွဲကို ဘယ်သူ လုပ်မှာလဲ"

မာဟွာထန်က အရေးကြီးသော မေးခွန်းတစ်ခုကို မေးလိုက်သည်။

​"ဒါက လီမိသားစုရဲ့ ကုမ္ပဏီလည်း ဖြစ်နေတော့ မစ္စတာလီကိုပဲ လွှဲပေးတာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်"

လင်းဖန်က အဓိပ္ပာယ်ပါပါ ခေါင်းညိတ်လျက် ဆိုသည်။

​"ကောင်းပါပြီ၊ ဒါဆိုရင်တော့ မစ္စတာလီပဲ ရှေ့ထွက်ပေးပါ"

လျူယွီတုန်နှင့် မာဟွာထန်တို့က နောက်ဆုံးတွင် သဘောတူလိုက်ကြသည်။

​လင်းဖန်သာ လူလုံးမပြလျှင် သူတို့လည်း လူလုံးပြ၍ မရပေ။ ပန်ကွင်းနှင့် ကျင်းတုန်မှာ တရုတ်ပြည်တွင်း၌ ကျော်ကြားသော်လည်း ဟောင်ကောင်တွင်မူ ထင်သလောက် အလုပ်ဖြစ်ချင်မှ ဖြစ်မည်။ သို့သော် လီကျားချန်မှာမူ မတူပေ။ သူသည် ဟောင်ကောင်၏ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်သလို အချမ်းသာဆုံး တရုတ်လူမျိုးလည်း ဖြစ်ရာ လူတိုင်း၏ အာရုံစိုက်မှုကို ရရှိရန် လုံလောက်ပေသည်။

​အမှန်စင်စစ် လင်းဖန်သာ ရှေ့ထွက်မည်ဆိုပါက လုံထန်ဂရု၏ ဥက္ကဋ္ဌကိုယ်တိုင် ပေါ်လာခြင်း ဖြစ်သဖြင့် ပို၍ ဟိုးလေးတကျော် ဖြစ်သွားပေလိမ့်မည်။ တစ်ကမ္ဘာလုံးကလည်း Pangu-Smartphone များနှင့် နောက်ဆုံးပေါ် ဆီလီကွန် ဘက်ထရီများအကြောင်း ဆွေးနွေးနေကြချိန် ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် လင်းဖန် မှာ လူလုံးပြရန်လုံးဝ စိတ်မကူးပေ။

​အဓိက ရှယ်ယာရှင် သုံးဦးက သဘောတူလိုက်ပြီ ဖြစ်သဖြင့် ဟော်ကျန့်ထိန်နှင့် ရွှီရုံမောက်တို့ကလည်း မကန့်ကွက်ကြတော့ဘဲ လီကြားချိန်ကပင် သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြတော့သည်..........။

​ညနေ ၆ နာရီ၊ ရှန်းရွှေပိုရှိ လီကျားချန်၏ Cheung Kong Holdings လက်အောက်ရှိ ချန်ချန်းအဆောက်အအုံ (Qingcheng Building) ပထမထပ်၌ ဖြစ်သည်။

​"အားလုံးပဲ မင်္ဂလာပါ"

​မီဒီယာသတင်းထောက် ရာပေါင်းများစွာ၏ ရှေ့မှောက်တွင် လီကျားချန်သည် တည်ငြိမ်စွာဖြင့် ပေါ်လာခဲ့သည်။ သူသည် သူ၏ ဘဝသက်တမ်းတစ်လျှောက် ဤကဲ့သို့သော မြင်ကွင်းမျိုးကို အကြိမ်ပေါင်း ရာနှင့်ချီ ရင်ဆိုင်ခဲ့ဖူးသဖြင့် ကျင့်သားရနေပြီ ဖြစ်သည်။

​"ဒီနေ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ အားလုံး သံသယတွေ ရှိနေကြလိမ့်မယ်။ အခု ကျွန်တော် ပြောချင်တာက ဒီနေ့ဟာ Cheung Kong Holdings က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မဟုတ်ပါဘူး။"

​"ဒါဟာ လုံထန်ဂရု၊ ပန်ကွင်းဂရု၊ ကျင့်တုန်းဂရု၊ Yangtze River Industries၊ ဟော်မိသားစုဂရုနဲ့ New World Group တို့ ပူးပေါင်းကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ ဖြစ်ပါတယ်။"

​သူ့စကားအဆုံးတွင် တစ်ခန်းလုံးမှာ ဟိုးလေးတကျော် ဖြစ်သွားပြီး လူတိုင်းမှာ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

​"တောက်.တောက်.. တောက်"

​ခြေသံများနှင့်အတူ မာဟွာထန်၊ လျူယွီတုန်၊ ဟော်ကျန်ထိန်နှင့် ရွှီရုံမောက်တို့သည် စင်ပေါ်သို့ တစ်ပြိုင်နက်တည်း တက်လာကြရာ လီကြားချိန်နှင့်အတူ ပိုမိုကြီးမားသော တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ဟောင်ကောင်၏ ထိပ်သီးသူဌေးကြီး သုံးဦးနှင့် ပြည်မကြီး၏ ထိပ်သီးကုမ္ပဏီကြီး သုံးခုတို့၏ ပေါင်းစပ်မှုမှာ ဟောင်ကောင်တစ်ခုလုံးကို တုန်လှုပ်စေရန် လုံလောက်လှပေသည်။

​"ကျွန်တော် အားလုံးရဲ့ ယုံကြည်မှုကို ရယူပြီး ဤဂရု ခြောက်ခုကိုယ်စား ကြေညာချင်တာကတော့၊ ကျွန်တော်တို့ဟာ အွန်လိုင်း ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ယွမ် ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ကျိဖုပေါင်ကုမ္ပဏီကို တည်ထောင်လိုက်ပါပြီ။"

​"အခုပဲ ကျိဖုပေါင်ကုမ္ပဏီကို ဟောင်ကောင်မှာ မှတ်ပုံတင်ပြီးပါပြီ။ အချက်အလက်အသေးစိတ်ကို အင်တာနက်မှာ ရှာဖွေနိုင်ပါတယ်။ ဒီနေ့ကစပြီး ဟောင်ကောင်ဟာ အွန်လိုင်း ငွေပေးချေမှုခေတ်ထဲကို တရားဝင် စတင်ဝင်ရောက်သွားပြီ ဖြစ်ပါတယ်။"

​ဝုန်း

​အားလုံး သတိမဝင်နိုင်သေးခင်မှာပင် နောက်ထပ် ဗုံးတစ်လုံး ထပ်မံ ပေါက်ကွဲသွားပြန်ရာ အခြေအနေမှာ လုံးဝ ပေါက်ကွဲထွက်သွားတော့သည်။

​ယွမ် ၃၀၀ ဘီလီယံ၊ အမေရိကန်ဒေါ်လာနှင့် တွက်လျှင် ၅၀ ဘီလီယံတိတိ။ ဤသည်မှာ ကုမ္ပဏီတစ်ခု၏ ကနဦး မှတ်ပုံတင်အရင်းအနှီးသာ ဖြစ်ရာ မယုံကြည်နိုင်လောက်အောင်ပင်။ ဟောင်ကောင်၏ စျေးကွက်တန်ဖိုးနှင့် ယှဉ်လျှင်ပင် ဤပမာဏမှာ သေးငယ်သည်မဟုတ်ရာ လူတိုင်းမှာ ထိတ်လန့်သွားကြသည်။

​ပို၍ အရေးကြီးသည်မှာ ဤကုမ္ပဏီသည် အွန်လိုင်း ငွေပေးချေမှု ကုမ္ပဏီတစ်ခု ဖြစ်နေခြင်းပင်။ ဟောင်ကောင်တွင် အွန်လိုင်း ငွေပေးချေမှု မတွင်ကျယ်ရခြင်းမှာ ဘဏ်တစ်ခုချင်းစီသည် သီးသန့်ဖြစ်နေပြီး မည်သူကမျှ မိမိတို့၏ အကျိုးအမြတ်ကို လက်မလွှတ်လိုကြသောကြောင့် ဖြစ်သည်ကို အားလုံး သိကြသည်။ သို့သော် ယခုအခါ လီမိသားစု၊ ဟော်မိသားစုနှင့် ရွှီမိသားစုတို့သည် ပြည်မကြီး၏ ကုမ္ပဏီကြီး သုံးခုနှင့် ပူးပေါင်းကာ ဘဏ်များ၏ ကန့်သတ်ချက်များကို တစ်ပြိုင်နက် ချိုးဖျက်လိုက်ပြီး ယွမ် ၃၀၀ ဘီလီယံ တန်ကြေးရှိသော ကုမ္ပဏီကြီးတစ်ခုကို ရုတ်တရက် တည်ထောင်လိုက်ခြင်း ဖြစ်သည်။

​ဟောင်ကောင်၏ ဘဏ္ဍာရေး အခြေအနေတစ်ခုလုံးမှာ သူတို့ကြောင့် လုံးဝ ပြောင်းလဲသွားခဲ့ပြီဟု ဆိုနိုင်ပေတော့သည်။

All Chapters