အခန်း (၁၉၇-၁၉၈)
Vol. 20 Ch. 197-198
အပိုင်း ၁၉၇
မီဒီယာများ၏ အဆက်မပြတ် ဖော်ပြနေမှုကြောင့် ကျိဖုပေါင်၏ ဂုဏ်သတင်းမှာ တရုတ်နိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် တဟုန်ထိုး မြင့်တက်လာခဲ့သည်။ ယခုဆိုလျှင် တရုတ်ပြည်တွင်း၌ပင် ကျိဖုပေါင်ဆိုသည့် အမည်ကို မသိသူ မရှိသလောက် ဖြစ်နေပြီ။
ဖျော်ဖြေရေး မီဒီယာများပင်လျှင် ဤလှိုင်းလုံးကြီးထဲမှ လွတ်မြောက်ခြင်း မရှိပေ။ သူတို့သည် အနုပညာရှင်များ၏ သတင်းများကို ဘေးဖယ်ထားကာ လင်းဖန် ဆီသို့သာ အာရုံစိုက်လာကြသည်။
လုံထန်ဂရု၏ ဥက္ကဋ္ဌထက် ပို၍ တောက်ပသည့် ကြယ်ပွင့် မည်သူ ရှိပါဦးမည်နည်း။
သို့သော် ကံမကောင်းစွာဖြင့် သူတို့သည် မည်သည့် သဲလွန်စမျှ ရှာမတွေ့ခဲ့ကြပေ။ လင်းဖန် ၏ ခရီးစဉ်တိုင်းကို အထူးတပ်ဖွဲ့ဝင်ဟောင်း သက်တော်စောင့်များက စောင့်ကြပ်နေသဖြင့် မီတာရာဂဏန်း အကွာအဝေးရှိ ဘေးအန္တရာယ်များကိုပင် ကြိုတင် ရှင်းလင်းထားပြီး ဖြစ်သည်။ မည်သည့် သတင်းအချက်အလက်မှ ရရှိရန် မဖြစ်နိုင်ပေ။
Victoria Hotel ၏ President Suite အခန်းထဲတွင် လင်းဖန်၊ မာဟွာထန်နှင့် လျူယွီတုန်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
"လီမိသားစု၊ ဟော်မိသားစုနဲ့ ရွှီမိသားစုတို့က နိုင်ငံတကာက ကျွမ်းကျင်သူ ရှာဖွေရေးအဖွဲ့ တွေကို ငှားပြီး ကျိဖုပေါင်ရဲ့ အထက်တန်း စီမံခန့်ခွဲမှုပိုင်းအတွက် လူတွေ ရွေးနေကြတယ်လို့ ကြားတယ်"
ခင်းဖန် က အဓိပ္ပာယ်ပါပါ ပြုံးလျက်
"အစ်ကိုတို့ နှစ်ယောက်ကရော ဒီအတိုင်းပဲ ကြည့်နေမှာလား"
"ဟား..ငါတို့လည်း အဆင်သင့်ပါပဲ"
မာဟွာထန်နှင့် လျူယွီတုန်တို့က တစ်ဦးကိုတစ်ဦး ကြည့်ကာ ရယ်မောလျက် ပြောလိုက်သည်။ လင်းဖန် ပြီးလျှင် အကြီးဆုံး ရှယ်ယာရှင်များ ဖြစ်ကြသည့် သူတို့ကလည်း အဆင်သင့် မပြင်ဘဲ နေပါမည်နည်း။
"ဒါဆိုရင်တော့ ကောင်းတာပေါ့"
လင်းဖန် က ခေါင်းညိတ်လိုက်သည်။ သူသည် ကျိဖုပေါင်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး CFO (Chief Financial Officer) ရာထူးကိုလည်း သူ၏ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုမှ တော်သူတစ်ဦးကို လွှဲပြောင်းပေးထားပြီး ဖြစ်သည်။
ကျန်ရှိသည့် CEO နှင့် COO ရာထူးများကိုမူ ဟောင်ကောင်သူဌေးကြီး သုံးဦး၊ လျူယွီတုန်နှင့်မာဟွာထန်တို့အကြား သင့်တော်သလို ခွဲဝေပေးထားခြင်းက အာဏာမျှခြေကို ထိန်းသိမ်းရာ ရောက်ပေလိမ့်မည်။
"ဒေါက်! ဒေါက်! ဒေါက်!"
ထိုစဉ် တံခါးခေါက်သံနှင့်အတူ ဝတ်စုံပြည့်ဝတ်ထားသော လူသန်ကြီးတစ်ဦး ဝင်လာပြီး လင်းဖန် ကို အရိုအသေပေးကာ -
"သူဌေး၊ လီမိသားစုရဲ့ ဒုတိယသားက အပြင်မှာ စောင့်နေပါတယ်"
ဟု ပြောလာသည်။
"အဲ... လီကျဲခိုင်က ငါ့ကို ဘာအတွက်လာရှာတာလဲ"
ခင်းဖန် မှာ အံ့ဩသွားသော်လည်း မာဟွာထန်နှင့် လျူယွီတုန်တို့ကို နှုတ်ဆက်ကာ အခန်းထဲမှ အမြန်ထွက်လာခဲ့သည်။ အောက်ထပ်သို့ ရောက်သောအခါ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် လီကျဲခိုင်က သူ့ကို ဆီးကြိုကာ -
"ညီလေးလင်း၊ ဟောင်ကောင်ကို လာတုန်းလေး အခန်းထဲမှာပဲ အောင်းမနေပါနဲ့။ ငါ မင်းကို ပျော်စရာကောင်းတဲ့နေရာ လိုက်ပို့ပေးမယ်"
ဟု ခေါ်လေတော့သည်။
"ကျွန်တော်က..."
ကျန်းဖန် စကားပင် မဆုံးသေးမီ လီကျဲခိုင်က သူ့ကို ကားပေါ်သို့ ဆွဲတင်ကာ ခေါ်သွားတော့သည်။ လင်းဖန်လည်း မတတ်သာဘဲ ပြုံးလျက် လိုက်ပါသွားရသည်။ လီမိသားစု၏ ဒုတိယသားမှာ အမှန်ပင် ပျော်ပျော်နေတတ်သူ ဖြစ်ကြောင်း သူ သိလိုက်ရသည်။
ကားခဏမောင်းပြီးနောက် ဟောင်ကောင်၏ အချက်အချာကျသော ဘုရင်မလမ်းမသို့ ရောက်ရှိသွားသည်။ ဤလမ်းမသည် ဟောင်ကောင်၏ စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ဖျော်ဖြေရေး နယ်ပယ်များ စုဝေးရာ နှလုံးသားသဖွယ် ဖြစ်သည်။ ချမ်းသာသူများ၊ အနုပညာရှင်များနှင့် ဂုဏ်သရေရှိ လူတန်းစားများသာ ဤနေရာ၌ သုံးဖြုန်းနိုင်ကြသည်။
"ဟေး မစ္စတာလီ လာပြီဟေ့"
"အလှလေးတွေ အသစ်ရောက်ထားတယ်၊ ကြွပါ မစ္စတာလီ"
လီကျဲခိုင်သည် သူရောက်ရာအရပ်တိုင်းတွင် အမြဲတမ်း အာရုံစိုက်ခံရသူ ဖြစ်သည်။လင်းဖန် မှာမူ ခန့်ညားထည်ဝါသော်လည်း မည်သူကမျှ အထူးတလည် သတိမထားမိကြပေ။ သို့သော် လီကျဲခိုင်နှင့်အတူ ပါလာသူဖြစ်သဖြင့် မည်သူကမျှတော့ အထင်မသေးရဲကြပေ။
"ညီလေးလင်း၊ ဒီနေ့တော့ စိတ်ကြိုက်သာကစား၊ ငါ့ကို ငွေအားနာမနေနဲ့"
လီကျဲခိုင်က ရယ်မောလျက် ပြောသည်။
လင်းဖန် က ပုခုံးတွန့်ပြကာ အေးဆေးပင် လိုက်ပါသွားသည်။ လာရောက် နှုတ်ဆက်ကြသော အခွင့်ထူးခံ လူကုမ္ပဏီသားများကိုမူ သူ ဂရုမစိုက်ပေ။ ဤကဲ့သို့သော နေရာများတွင် ဟောင်ကောင်သားများသည် ပြည်မကြီးသားများကို အထက်စီးမှ ကြည့်တတ်ကြသဖြင့် လင်းဖန် အနေဖြင့် မိမိကိုယ်ကိုယ် ထုတ်မပြောဘဲ သာမန်အတိုင်းသာ နေလိုက်သည်။
"ညီလေးလင်း၊ မင်းအတွက် သီးသန့်အခန်းတစ်ခု ဖွင့်ပေးပြီး အလှလေးတွေ ခေါ်ပေးရမလား"
ဟု လီကျဲခိုင်က မေးသည်။
"မလိုပါဘူး"
လင်းဖန် က ခေါင်းခါပြလိုက်သည်။
"ကျွန်တော် သူစိမ်းတွေနဲ့ နေရတာ သိပ်ကျင့်သားမရလို့။ ခင်ဗျားတို့ပဲ သွားကစားကြပါ၊ ကျွန်တော် ဒီနားမှာပဲ လျှောက်ကြည့်ရင်း ဟောင်ကောင်ရဲ့ ငွေကြေးအချက်အချာနေရာကို လေ့လာပါဦးမယ်။"
"ဒါဆိုလည်း ပြီးရောလေ"
လီကျဲခိုင်လည်း လင်းဖန်၏ ပြတ်သားသော အမူအရာကြောင့် မတိုက်တွန်းတော့ဘဲ ကျန်သူများနှင့်အတူ အခန်းထဲသို့ ဝင်သွားတော့သည်။
လင်းဖန် တစ်ယောက်တည်း ခန်းမထဲတွင် လျှောက်ကြည့်နေစဉ်
- "တောက်..နင့်လို ဝမ်းကွဲမျိုးရှိတာ ငါ တော်တော် ရှက်ဖို့ကောင်းတယ်"
ဆဲဆိုသံများကို ကြားလိုက်ရသဖြင့် အာရုံစိုက်မိသွားသည်။
လူအုပ်ကြားကို တိုးကြည့်လိုက်သောအခါ မောက်မာရိုင်းစိုင်းသော ဟောင်ကောင် သူဌေးသားတစ်စုက အသက် ၂၀ ခန့်ရှိ လူငယ်တစ်စုကို ဝိုင်းထားသည်ကို တွေ့ရသည်။ ထိုလူငယ်များမှာ ပြည်မကြီးမှ လာသူများဖြစ်ပုံရပြီး မန်ဒရင်စကား ပြောနေကြသည်။
"ကောင်မလေး..ဒီနေ့ ငါနဲ့အတူ ပျော်ပျော်ပါးပါး နေမယ်ဆိုရင်တော့ အဆင်ပြေမယ်။ မဟုတ်ရင်တော့ ဒီတံခါးကနေ နင်တို့ လွယ်လွယ်နဲ့ ထွက်သွားနိုင်မှာ မဟုတ်ဘူး"
ခရမ်းရောင်ဝတ်စုံ ဝတ်ထားပြီး ဆံပင်နီနီနှင့် ဟောင်ကောင်လူငယ်တစ်ဦးက အထက်စီးမှ ပြောနေသည်။ သူ့နောက်တွင်လည်း အပေါင်းအပါ ၁၀ ယောက်ကျော်ခန့် ရှိနေသည်။
"ရှင်... ရှင်တို့ တော်တော် ရိုင်းတာပဲ၊ ဥပဒေကို မကြောက်ကြဘူးလား"
ပြည်မကြီးမှ လူငယ်များက ဒေါသတကြီးဖြင့် ပြန်လည် တုံ့ပြန်နေကြသည်။
သူတို့သည် ပြည်မကြီး ယန်ကျင်းတက္ကသိုလ် မှ နိုင်ငံတကာ စကားရည်လုပွဲအတွက် လာရောက်ကြသော ကျောင်းသားများ ဖြစ်ကြသည်။
ဟောင်ကောင်၏ ဘုရင်မလမ်းမမှာ ကျော်ကြားသည်ဟု ကြားသဖြင့် လာကြည့်ကြရာမှ ယခုကဲ့သို့ ပြဿနာနှင့် တိုးခြင်း ဖြစ်သည်။
"ဟားဟားဟား! ဥပဒေ ဟုတ်လား ဒီနေရာမှာ ငါက ဥပဒေပဲကွ"
ဆံပင်နီနှင့် လူငယ်က ရယ်မောလျက် ပြောလိုက်ရာ သူ့အပေါင်းအပါများကလည်း လိုက်လံ ရယ်မောကြသည်။ ဆိုင်မန်နေဂျာပင်လျှင် ဝင်မတားရဲပေ။ ဟောင်ကောင်တွင် ငွေရှိသော သူဌေးသားများကို မည်သူမျှ မပတ်သက်ရဲကြသောကြောင့် ဖြစ်သည်။
"အမ်"
ဘေးနားမှ ကြည့်နေသော လင်းဖန်သည် ထိုပြည်မကြီးသား လူငယ်စုထဲတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ သူ၏ မျက်ဝန်းများမှာ ချက်ချင်းပင် အေးစက်သွားပြီး လူသတ်ချင်စိတ်များ ပေါ်လာတော့သည်။ သူသည် ဖုန်းကို ချက်ချင်း ထုတ်လိုက်ပြီး ဖုန်းခေါ်လိုက်သည်။
"ညအရိပ်တပ်ဖွဲ့.. လူတစ်စုခေါ်ပြီး ဒီကို အခုချက်ချင်း လာခဲ့"
..............................................
အပိုင်း ၁၉၈
"မင်း... မင်း ဒါတွေကို ဘယ်လိုလုပ် သိနေတာလဲ"
ရှောက်ယန့်မင် သည် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် လင်းဖန် ကို ကြည့်ကာ မယုံကြည်နိုင်စွာ မေးလိုက်သည်။
သူ၏ နောက်ခံအကြောင်းကို ဟောင်ကောင်တွင် လူအများအပြား သိကြသည်မှာ အမှန်ပင်။ အကြောင်းမှာ သူ့တွင် ဆာဘွဲ့ရဖခင်တစ်ဦးနှင့် နာမည်ကျော် မိခင်တစ်ဦးရှိသောကြောင့် ဖြစ်သည်။ သို့သော် သူ့ရှေ့မှ လူငယ်မှာ ပြည်မကြီးသားတစ်ဦးနှင့် တူပြီး ဟောင်ကောင်သို့ ရောက်ရှိနေသည်မှာလည်း မကြာသေးပေ။ ယနေ့သည် သူတို့ ပထမဆုံး ဆုံဖူးခြင်း ဖြစ်နိုင်ပါလျက်နှင့် ဤလူက မည်သို့များ သူ၏ အသေးစိတ် အချက်အလက်များကို တွေ့တွေ့ချင်း နှိုက်နှိုက်ချွတ်ချွတ် သိနေရသနည်း။
"ဟဲဟဲ ငါသိထားတာတွေက မင်းထင်ထားတာထက် အများကြီး ပိုပါတယ်"
လင်းဖန်က ရယ်မောလျက် ဆက်ပြောသည်။
"ရှောက်မိသားစုရဲ့ မျိုးဆက်ဖြစ်ပြီးတော့ စျေးကွက်ကို ဗိုလ်ကျစိုးမိုးနေတယ်၊ ကိုယ့်နိုင်ငံကိုလည်း အသိအမှတ်မပြုဘူး။ အကယ်၍ ဆာရှောက်သာ ကောင်းကင်ဘုံကနေ သိရင် မင်းကို စိတ်နာလွန်းလို့ အုတ်ဂူထဲကနေတောင် ထလာလိမ့်မယ်!ယ"
ရှောက်ယိဖူး တွင် ဇနီးနှစ်ဦး ရှိခဲ့သည်။ ပထမဇနီးဖြစ်သူ ဟွမ်မေကျိန်းနှင့် သားနှစ်ဦး၊ သမီးနှစ်ဦး ထွန်းကားခဲ့ရာ သားကြီး ရှောက်ဝေမင်၊ သမီးကြီး ရှောက်စုဝမ်၊ သမီးလတ် ရှောက်စုယွန်းနှင့် သားငယ် ရှောက်ဝေကျန့်တို့ ဖြစ်ကြသည်။ ထိုသားသမီး လေးဦးစလုံးကို စင်ကာပူရှိ သူ၏ အစ်ကိုဖြစ်သူ ရှောက်ရန်မေက ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်ရာ ဖခင်နှင့်သားမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ အဆက်အသွယ် ပြတ်ခဲ့ကြသည်။
သားကြီး ရှောက်ဝေမင်သည် ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ် ဥပဒေဌာနမှ ဘွဲ့ရရှိခဲ့ပြီး ဝတ်လုံတော်ရရှေ့နေ အရည်အချင်းရှိသူ တစ်ဦးဖြစ်သလို Sin Chew ရှေ့နေများအသင်း၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ ကျန်ရှိသော သားသမီးများမှာလည်း ထူးခြားသော ဘဝလမ်းကြောင်းအသီးသီး ရှိကြသည်။
ဒုတိယဇနီး ဖန့်ယီဟွား၏ သားဖြစ်သူ ရှောက်ယန့်မင် တစ်ဦးတည်းသာလျှင် ဖခင်ကြီးရင့်မှ ရရှိသော သားဖြစ်၍ အလိုလိုက်ခံရကာ ဟောင်ကောင်တွင် ဗိုလ်ကျစိုးမိုးသူတစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
"ငါ့အကြောင်းကို သိရဲ့နဲ့တောင် ငါ့ကို ဒီလိုလုပ်ရဲတယ်ပေါ့၊ သောက်ပြည်မကြီးသား ကောင်စုတ်"
ရှောက်ယန့်မင်သည် နာကျည်းမှုအပြည့်ဖြင့် လင်းဖန်ကို စိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းထဲမှ အာဃာတများသည် တစ်ဆိုင်လုံးကို နီရဲသွားစေနိုင်လောက်သည့်အထိ ပြင်းထန်လှသည်။
"ခွမ်း!"
လင်းဖန် ကမူ စကားပင် ထပ်မပြောတော့ဘဲ ဘီယာပုလင်း နောက်တစ်လုံးနှင့် ထပ်မံ ထုရိုက်လိုက်သည်။ ဤကဲ့သို့သော လူစားမျိုးကို ဆုံးမရာတွင် နူးနူးညံ့ညံ့ လုပ်နေ၍ မရပေ။
သွေးထွက်သံယို ဖြစ်ရပ်မျိုးနှင့် သင်ခန်းစာပေးမှသာ ဘဝသစ်ကို စတင်နိုင်လိမ့်မည် ဖြစ်သည်။
"ရပ်လိုက်တော့!"
ထိုစဉ် လူအုပ်ကြားထဲမှ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။ လီမိသားစု၏ ဒုတိယသား လီကျဲခိုင်အပြေးအလွှား ရောက်ရှိလာခြင်း ဖြစ်သည်။
သူသည် အခန်းထဲ၌ အပန်းဖြေနေစဉ် အောက်ခြေမှလူများက လင်းဖန် နှင့် ရှောက်ယန့်မင်တို့ ပြဿနာတက်နေကြောင်း သတင်းပို့သဖြင့် မျက်နှာပျက်ကာ အပြေးအလွှား လာခဲ့ခြင်း ဖြစ်သည်။
နောက်ပြောင်နေခြင်း မဟုတ်ပေ။ လင်းဖန်သည် သာမန်လူမဟုတ်။ သူသည် လုံထန်ဂရု၏ ဥက္ကဋ္ဌဖြစ်ပြီး လီကျားချန်ကိုယ်တိုင်ပင် လေးစားစွာ ဆက်ဆံရသည့် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ အကယ်၍ ဤနေရာတွင် တစ်ခုခု ဖြစ်သွားပါက လီကျဲခိုင်အတွက်လည်း အဆင်ပြေမည် မဟုတ်ပေ။
ဘေးမှ ကြည့်နေသူများသည် လီကျဲခိုင်ကို မြင်သောအခါ လမ်းဖယ်ပေးလိုက်ကြသည်။ ဟောင်ကောင်၏ သူဌေးသား အသိုင်းအဝိုင်းတွင် လီကျဲခိုင်သည် နံပါတ်တစ် ဩဇာအရှိဆုံးသူ ဖြစ်သည်။
"ဒါက..."
လီကျဲခိုင်သည် အထဲသို့ ရောက်သည်နှင့် မှင်တက်သွားတော့သည်။ ဤမြင်ကွင်းမှာ သူ မျှော်လင့်ထားသည်နှင့် လုံးဝ ကွဲပြားနေသည်။ ကြမ်းပြင်ပေါ်တွင် လဲကျနေသော လုံခြုံရေးဝန်ထမ်းများနှင့် အသက်ရှိသေးရဲ့လားဟု သံသယဖြစ်ရလောက်အောင် ဖူးရောင်နေသည့် ရှောက်ယန့်မင်။
ဘေးနားတွင်မူ လင်းဖန် က အေးဆေးတည်ငြိမ်စွာ ရပ်နေပြီး၊ သူ့နောက်တွင် ဝတ်စုံနက်၊ မျက်မှန်နက်များနှင့် သက်တော်စောင့် ၁၀ ယောက်ကျော်က တစ်ဖက်သတ် အနိုင်ယူထားသည့် ပုံစံမျိုးဖြင့် ရှိနေသည်။
"အစ်ကိုလီ၊ ဒီကိစ္စကို အစ်ကိုပဲ အဆုံးသတ်ပေးလိုက်ပါတော့။"
လင်းဖန်က လီကျဲခိုင်ကို မြင်သောအခါ ပုခုံးတွန့်ပြလိုက်ပြီး၊ စုချင်းနင်နှင့် အခြားသူများကို ခေါ်ကာ အခင်းဖြစ်ရာနေရာမှ ထွက်ခွာသွားတော့သည်။
"ဟာ... သွားပြီ"
ကျော့ကျော့မော့မော့ ထွက်ခွာသွားသည့် လင်းဖန်၏ ကျောပြင်ကို ကြည့်ကာ လီကျဲခိုင်တစ်ယောက် နဖူးကို လက်နှင့် ပုတ်လိုက်မိသည်။
လင်းဖန်ကတော့ လူတွေကို ခေါ်ပြီး အေးဆေး ထွက်သွားပြီ၊ သူကတော့ ကြမ်းပြင်ပေါ်က အရှုပ်ထုပ်တွေကို ကိုယ်တိုင် ရှင်းရပေဦးမည်။
သူသည် ချက်ချင်းပင် ဖုန်းထုတ်ကာ ဖခင်ဖြစ်သူ လီကြားချိန်ထံ ဖုန်းခေါ်လိုက်သည်။
"သခင်လေး... သခင်ကြီးက အိပ်ရာဝင်သွားပါပြီ။ ဘာကိစ္စရှိလို့လဲခင်ဗျာ" ဖုန်းထဲမှ လီမိသားစု အိမ်တော်ထိန်း၏ အသံ ထွက်လာသည်။ ည ၁၀ နာရီ ရှိပြီဖြစ်ရာ လီကျားချန်မှာ အိပ်ပျော်နေလောက်ပြီ ဖြစ်သည်။ အရေးကြီးကိစ္စ မရှိလျှင် မည်သူမျှ သူ့အိပ်စက်ခြင်းကို မနှောင့်ယှက်ရဲကြပေ။
"ဦးလေး အမ်ဘာ... ဒီမှာ အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်နေလို့ပါ။ ဖေဖေ ကိုယ်တိုင် ဖြေရှင်းမှ ရလိမ့်မယ်။"
လီကျဲခိုင်က အသေးစိတ် မပြောသော်လည်း သူ၏ လေသံမှာ အလွန် တည်ငြိမ် လေးနက်နေသည်။
"ကောင်းပါပြီ... ခဏစောင့်ပါ၊ ကျွန်တော် သခင်ကြီးကို ချက်ချင်း သွားနှိုးလိုက်ပါ့မယ်။"
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသဖြင့် လီဇယ်ကိုင် ပြောသမျှကို ဘေးကလူများ အတိုင်းသား ကြားနေရသည်။ အားလုံး၏ မျက်နှာများမှာ တုန်လှုပ်ချောက်ချားသွားကြသည်။
သာမန် ပြည်မကြီးသားတစ်ယောက်နှင့် ရှောက်မိသားစုဝင်တို့၏ ပြဿနာသည် ယခုအခါ တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် လီကျားချန်အထိ ပါဝင်ပတ်သက်လာရပြီ ဖြစ်သည်။
ဤသည်မှာ နောက်ပြောင်မှု မဟုတ်တော့ပေ။
ပုံမှန်ဆိုလျှင် သူဌေးသားချင်း ပြဿနာတက်ပါက လူကြီးများကို တိုင်လေ့မရှိကြပေ၊ ယင်းမှာ သိက္ခာကျစရာ ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် လီဇယ်ကိုင်၏ အမူအရာအရ ခုနက ပြည်မကြီးသား၏ အဆင့်အတန်းမှာ မည်သို့မျှ မရိုးရှင်းကြောင်း သိသာလှသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် လီကျားချန်ထံမှ ပြန်လည် အကြောင်းကြားစာ ရရှိခဲ့သည်။
"ဖေဖေ... ကျွန်တော် ဥက္ကဋ္ဌလင်းကို အပြင်ခေါ်လာရင်းနဲ့ ရှောက်မိသားစုက သခင်လေးနဲ့ ပြဿနာ ဖြစ်သွားပါတယ်။ လင်းဖန်ရဲ့ သက်တော်စောင့်တွေက လက်ပါသွားကြပြီ။"
"ငါ သိပြီ။ မင်း ပြန်လာခဲ့တော့၊ ကျန်တာ ငါ့တာဝန် ထားလိုက်။"
လီကျားချန်သည် မည်သည့် စိတ်လှုပ်ရှားမှုမျှ မပြဘဲ အေးဆေးစွာပင် ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ"
လီကျဲခိုင်က ဖုန်းချလိုက်ပြီး ရှောက်ယန့်မင်ကို ဆေးရုံသို့ ပို့ရန် ခိုင်းစေကာ အိမ်သို့ အမြန်ပြန်ခဲ့သည်။ ယခုကိစ္စမှာ ရိုးရိုး ပြဿနာ မဟုတ်တော့ပေ။ ရှောက်မိသားစုသည် ဟောင်ကောင်၏ ရိုးရာ အရှိန်အဝါကြီးသော အင်အားစုဖြစ်ရာ သေချာ မဖြေရှင်းနိုင်ပါက မုန်တိုင်းကြီးတစ်ခု ဖြစ်လာနိုင်သည်။
ပို၍ အရေးကြီးသည်မှာ ရှောက်မိသားစုဘက်က ကျေနပ်လျှင်ပင် လင်းဖန် ဘက်က ကျေနပ်ပါ့မလား ဆိုသည်ပင်။ လုံထန်ဂရု၏ ဥက္ကဋ္ဌကဲ့သို့ ပုဂ္ဂိုလ်မျိုးက ဟောင်ကောင်တွင် ယခုကဲ့သို့ အနိုင်ကျင့်ခံရခြင်းကို လွယ်လွယ်နှင့် လွှတ်ပေးပါ့မလား..........။
တစ်ချိန်တည်းမှာပင် လင်းဖန် သည် စုချင်းနင် ကို ခေါ်ဆောင်ကာ အပန်းဖြေစင်တာမှ ထွက်လာပြီး ဘုရင်မလမ်းမ အရှေ့ဘက်သို့ ရောက်ရှိလာသည်။
ဤလမ်းမသည် ယခင်က ဝမ်ချိုင်ကမ်းနားဒေသ ဖြစ်ခဲ့ပြီး ကျွန်းသစ်၊ ပရိဘောဂနှင့် ကြိမ်ထည်ပစ္စည်းများ ရောင်းချရာနေရာအဖြစ် ကျော်ကြားသည်။ တောင်ကုန်းဘက်ခြမ်းတွင် နှစ်ပေါင်း ၁၃၆ ကျော် သက်တမ်းရှိသော ဟုန်းရှင်းနတ်ကွန်းရှိပြီး Hopewell Center အဆောက်အအုံ၏ မြေအောက်ဝင်ပေါက်လည်း ရှိသည်။
ညနေခင်း ပင်လယ်လေပြေကို ခံစားရင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် လမ်းဘေးတွင် လျှောက်လှမ်းနေကြသည်။ သူတို့နောက် မီတာအနည်းငယ် အကွာတွင်မူ သက်တော်စောင့်များနှင့် ပြည်မကြီးမှ လူငယ်တစ်စုတို့က ပါးနပ်စွာဖြင့် အကွာအဝေးတစ်ခုခြားကာ လိုက်ပါလာကြသည်။
"မင်း ဘာလို့ ဟောင်ကောင်ကို ရောက်နေတာလဲ"
လမ်းလျှောက်နေရင်း လင်းဖန်က မနေနိုင်ဘဲ မေးလိုက်သည်။
စုချင်းနင် က ခေါင်းလေးငုံ့ကာ တိုးတိုးလေး ပြန်ဖြေသည်။
- "ကျွန်မ သူငယ်ချင်းတွေနဲ့အတူ နိုင်ငံတကာ စကားရည်လုပွဲ လာပြိုင်တာပါ။ ဒီနေရာက ကျော်ကြားတယ်လို့ ကြားလို့ လာကြည့်တာ... ဒါပေမဲ့ ဒီလို ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး....."
ရှက်ကိုးရှက်ကန်းနှင့် ခေါင်းလေးငုံ့နေသော သူမကို ကြည့်ကာ လင်းဖန် က ရယ်မောလိုက်သည်။
"ရပါတယ်၊ ဒီနေ့ကိစ္စက အကြီးအကျယ် မဟုတ်ပါဘူး။ ခဏနေရင် လူလွှတ်ပြီး မင်းတို့ကို ပြန်ပို့ခိုင်းလိုက်မယ်။ အိပ်လိုက်ရင် မနက်ကျ မေ့သွားမှာပါ"
"အင်း"
စုချင်းနင် ခေါင်းညိတ်လိုက်သော်လည်း ဘေးနားမှ လူငယ်ကို မကြည့်ဘဲ မနေနိုင်ပေ။ သူမ၏ စိတ်ထဲတွင် သံသယများစွာ ပေါ်ပေါက်နေသည်။
သူမ မှတ်မိသလောက်ဆိုလျှင် ထိုနှစ်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် လင်းဖန် သည် ပြိုင်ကားတစ်စီးဖြင့် လာခဲ့ပြီး ဘာသာရပ်တိုင်းကို တစ်နာရီအတွင်း ဖြေဆိုပြီးခဲ့သည်။ သို့သော် သူသည် တစ်နိုင်ငံလုံးတွင် ဝိဇ္ဇာဘာသာတွဲဖြင့် အမှတ်အများဆုံးရရှိခဲ့သူ ဖြစ်သည်။
ယနေ့ ပြန်လည်ဆုံတွေ့ချိန်တွင်မူ လင်းဖန် ၏ ဘေးတွင် သက်တော်စောင့် ၁၀ ယောက်ကျော် ရှိနေပြီး၊ ခုနက ဟောင်ကောင်၏ အဆင့်မြင့် ပုဂ္ဂိုလ်ဟု ထင်ရသော လူလတ်ပိုင်းတစ်ဦးကပင် သူ့ကို အလွန်အမင်း ရိုသေလေးစားနေသည်ကို တွေ့ရသည်။
ထိုအခိုက်အတန့်တွင် သူမ ရုတ်တရက် သတိပြုမိလိုက်သည်မှာ - သူမ၏ အထက်တန်းကျောင်းနေဖက် သူငယ်ချင်းဟောင်းသည် ယခုအခါ သူမနှင့် လုံးဝ မတူညီတော့သော၊ သူစိမ်းတစ်ယောက်ကဲ့သို့ အလှမ်းဝေးကွာသွားခဲ့ပြီ ဖြစ်ကြောင်းပင်။