← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အပိုင်း ၁၉၉

ည ၁၁ နာရီ၊ ဟောင်ကောင်၊အမှတ် ၇၉ ရှိ လီမိသားစု စံအိမ်တော်ကြီးမှာ မီးရောင်များ ထိန်ထိန်လင်းလျက် ရှိသည်။

​စာကြည့်ခန်းထဲတွင် ထိုင်နေသော လီကျားချန်သည် မျက်နှာအနည်းငယ် ပျက်နေပြီး မေးခွန်းထုတ်နေသည်။ သူ၏သားသည် ငယ်စဉ်ကတည်းကပင် ပျော်ပျော်နေတတ်သူအဖြစ် ကျော်ကြားပြီး ဟောင်ကောင်၏ သူဌေးသား အသိုင်းအဝိုင်းတွင် နံပါတ်တစ် ဖြစ်သည်။ နေ့စဉ်နှင့်အမျှ ဖျော်ဖြေရေးနေရာများတွင် အချိန်ဖြုန်းကာ ရည်းစားများလည်း မရေမတွက်နိုင်အောင် ရှိခဲ့သည်။

​သို့သော် ယနေ့တွင် လီကျဲခိုင်က လင်းဖန်ကို ထိုကဲ့သို့သော နေရာမျိုးသို့ ခေါ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့ပြင် ပြဿနာမှာလည်း အကြီးအကျယ် ဖြစ်သွားခဲ့ရာ ဤသည်မှာ အမှန်ပင် တော်တော်လေးကို အဓိပ္ပာယ်မရှိသည့် ကိစ္စပင် ဖြစ်သည်။

​"ဖေဖေ... တကယ်တော့ ဘာမှ သိပ်မဖြစ်ပါဘူး။ ရှောက်ယန့်မင်က ပြည်မကြီးသား တစ်စုကို လာပြဿနာရှာနေတာ၊ အဲဒါကို လင်းဖန် နဲ့ ဆုံသွားတာပါ။ အဲဒီလူတွေက လင်းဖန် နဲ့ သိနေပုံရလို့ နှစ်ဖက် ပြဿနာ တက်သွားကြတာပါ"

ဟု လီကျဲခိုင်က သိပ်အရေးမကြီးသလို ပြန်ပြောသည်။

​ထိုစကားကို ကြားသောအခါ လီကျားချန်မှာ ဒေါသထွက်သွားပြီး အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

- "ဘာမှမဖြစ်ဘူး ဟုတ်လား.ဘာမှမဖြစ်ရင် လင်းဖန် က သူ့သက်တော်စောင့်တွေကို ဒီကို ဘာလို့ လွှတ်မလဲ..ဘာမှမဖြစ်ရင် လုံထန်ဂရု က ရန်ပုံငွေတွေကို အခုလို အလျင်အမြန် ဘာလို့ လှုပ်ရှားနေမလဲ"

​"ဗျာ..."

​လီကျဲခိုင်မှာ ဇဝေဇဝါ ဖြစ်သွားသည်။ လုံထန်ဂရုက ယခုအချိန်တွင် ရန်ပုံငွေများကို ဘာအတွက်ကြောင့် ပြင်ဆင်နေသနည်း။ ရှောက်မိသားစုနှင့် တကယ့် စီးပွားရေးစစ်ပွဲ ဆင်နွှဲရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ပါ့မလား။

​"မင်း လင်းဖန်က ဘယ်သူလဲဆိုတာ သိရဲ့လား"

​မိမိ၏ သားငယ်ကို ကြည့်ကာ လီကျားချန်က ဒေါသတကြီးဖြင့် အေးစက်စွာ ပြောလိုက်သည်။

- "အသက် ၁၉ နှစ်နဲ့ ယွမ် ထရီလီယံချီတဲ့ ပိုင်ဆိုင်မှုတွေကို ပိုင်ဆိုင်ထားတဲ့သူဟာ သာမန်လူလို့ မင်း ထင်နေတာလား"

​"လွန်ခဲ့တဲ့ သုံးလက အရှေ့တောင်အာရှမှာရှိတဲ့ လုံထန်ဂရုရဲ့ Flagship Store တွေဟာ ဒေသခံ အင်အားစုတွေရဲ့ အနှောင့်အယှက်ပေးတာ၊ ခြိမ်းခြောက်တာတွေကို အကြိမ်ကြိမ် ခံခဲ့ရတယ်။ ရှေ့ဆက်ဖို့ တော်တော်လေး ခက်ခဲခဲ့တဲ့ အခြေအနေပေါ့။"

​"ဒါပေမဲ့ တစ်ပတ်မပြည့်ခင်မှာပဲ အရှေ့တောင်အာရှ တစ်လွှားမှာ လုံထန်စတိုးဆိုင်ပေါင်း ထောင်ချီပြီး ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒေသခံ လူမိုက်အဖွဲ့တွေရော၊ အာဏာပိုင်တွေရောက ပန်းခြင်းတွေ တစ်ခြင်းပြီးတစ်ခြင်း ပေးပို့ပြီး ဂုဏ်ပြုခဲ့ကြတယ်"

​တရုတ်ပြည်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည့် လီကျားချန်သည် အရှေ့တောင်အာရှအပေါ်တွင်လည်း ဟောင်ကောင်ကဲ့သို့ပင် ဩဇာလွှမ်းမိုးထားနိုင်သူ ဖြစ်ရာ သတင်းအချက်အလက်ပိုင်းတွင် အလွန်ပင် နှံ့စပ်လှသည်။လင်းဖန် မှာ မည်မျှ ကိုင်တွယ်ရခက်သည်ကို သိသောကြောင့်သာ လုံထန်ဂရုကို သူ အလွန် အလေးထား ဆက်ဆံနေခြင်း ဖြစ်သည်။

​လီကျဲခိုင်၏ မျက်နှာမှာ ပို၍ ပျက်လာပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

- "အဲဒါက ဘယ်လိုဖြစ်တာလဲ"

​"လွန်ခဲ့တဲ့ သုံးလက ယိုးဒယား၊ မလေးရှားနဲ့ စင်ကာပူတို့မှာ အကြီးအကျယ် သေနတ်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ လူမိုက်အဖွဲ့တွေဘက်က လူပေါင်း ၃၀,၀၀၀ ကျော် သေဆုံး၊ ဒဏ်ရာရခဲ့ပြီးတော့ အကြီးအကျယ် ဟိုးလေးတကျော် ဖြစ်ခဲ့တာပေါ့။"

လီကျားချန်က လေသံကို လျှော့ကာ တည်ငြိမ်စွာ ဆက်ပြောသည်။

- "ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတာကတော့ ၁၂ ယောက်စီ ပါဝင်တဲ့ အထူးအဖွဲ့ ၄ ဖွဲ့ပဲ။"

​ထိုစကားကို ကြားသောအခါ လီဇယ်ကိုင်မှာ အသက်ရှူပင် မှားသွားတော့သည်။ လုံထန်ဂရုနှင့် တရုတ်စစ်တပ် ပူးပေါင်းဆောင်ရွက်နေသည့် သတင်းမှာ တစ်နိုင်ငံလုံး ပျံ့နှံ့နေသော်လည်း လုံထန်ဂရုက စစ်တပ်မှ အငြိမ်းစား စစ်မှုထမ်းဟောင်း အမြောက်အမြားကို ခေါ်ယူကာ လုံခြုံရေးဌာန ဖွဲ့စည်းထားသည်ကို အခြားသူများ မသိကြပေ။ သောင်းနှင့်ချီသော လုံခြုံရေးဝန်ထမ်းများမှာ အထူးတပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်ကြပြီး အနိမ့်ဆုံးမှာပင် ထိပ်တန်း ကင်းထောက်ဟောင်းများ ဖြစ်ကြသည်။

​အရှေ့တောင်အာရှတွင် ဘာတွေဖြစ်ခဲ့သည်ကို တွေးကြည့်ရုံနှင့် သိနိုင်သည်။ လုံထန်ဂရုကိုယ်တိုင် ရှေ့ထွက်၍ ပြဿနာကို ဖြေရှင်းလိုက်ခြင်းပင်။ ဤသည်မှာ အမှန်တကယ်ပင် သွေးအေးရက်စက်သော လုပ်ရပ်ဖြစ်သော်လည်း ထိရောက်လှပေသည်။

​နူးညံ့သိမ်မွေ့ပုံရသော ထိုလူငယ်တွင် ဤမျှ ရဲစွမ်းသတ္တိနှင့် ပြတ်သားမှု ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

​"ဖေဖေ... အခု ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ"

လီကျဲခိုင်က စိုးရိမ်တကြီး မေးလိုက်သည်။

​အမှန်စင်စစ် ဤကိစ္စမှာ သူက လင်းဖန်ကို အပန်းဖြေစင်တာသို့ ခေါ်သွားရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်ပျက်သမျှမှာ သူနှင့် မပတ်သက်ဟု ပြော၍ မရပေ။ အကယ်၍ လင်းဖန် သာ ဟောင်ကောင်တွင် တစ်ခုခု ဖြစ်သွားပါက လီမိသားစုလည်း ဒုက္ခရောက်ပေလိမ့်မည်။

ထို့ကြောင့်ပင် သူက လီကျားချန်ထံ ချက်ချင်း ဖုန်းဆက်ခဲ့ခြင်း ဖြစ်သည်။

​ရှောက်ယန့်မင်က စိတ်မနှံ့ဘဲ လူမိုက်တစ်စုခေါ်ကာ လင်းဖန်ကိုလမ်းမှာ ကြားဖြတ်သတ်ရန် ကြိုးစားလေမလားဟု သူ စိုးရိမ်ခဲ့သည်။

သို့သော် ယခုကြည့်ရသည်မှာ လင်းဖန် သည် အလွန်မာကျောသော သံမဏိတုံးကြီး ဖြစ်နေသည်။ တစ်ခုခု ဖြစ်မည်ဆိုလျှင်ပင် ယင်းမှာ လင်းဖန်မဟုတ်ဘဲ ရှောက်ယန့်မင်သာ ဖြစ်ပေလိမ့်မည်။

​"ဘာလုပ်ရမှာလဲ မင်းဖြစ်စေခဲ့တဲ့ အရှုပ်ထုပ်ပဲ၊ မင်းပဲ တာဝန်ယူရမှာပေါ့။"

လီကျားချန်က အမိန့်ပေးသလို ပြောလိုက်သည်။

- "အောက်ကိုဆင်းပြီး ငါတို့ရဲ့ ရန်ပုံငွေအချို့ကို ပြင်ဆင်လိုက်။ အခွင့်အရေးရတာနဲ့ လုံထန်ဂရုနဲ့ ပူးပေါင်းပြီး ရှောက်မိသားစုရဲ့ ရုပ်ရှင်လုပ်ငန်းကို သိမ်းပိုက်ဖို့ ပြင်ထားတော့။"

​"ဟုတ်ကဲ့ပါ၊ ကျွန်တော် အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ်"

လီကျဲခိုင်လည်း စကားအများကြီး မပြောတော့ဘဲ ရန်ပုံငွေ ရှာဖွေရန် ထွက်သွားတော့သည်။

​တစ်ချိန်တည်းမှာပင် ယန်ကျင်းရှိ အိမ်တော်တစ်ခု၌ -

​"ဟေ့ ဝမ်ကြီး... ညီလေးလင်းက ငါတို့ကို ဒီလောက် ပိုက်ဆံတွေ အမြန်ဆုံး စုခိုင်းနေတာ ဘာလုပ်ဖို့လဲ မင်းသိလား"

ချင်းလင်က ကွန်ပျူတာမျက်နှာပြင်ကို ကြည့်ရင်း မေးလိုက်သည်။

​ည ၁၁ နာရီဆိုသည်မှာ သူတို့အတွက် ပျော်ပါးရမည့် အချိန်ဖြစ်သည်။ ချင်းလင်မှာ ကလပ်တစ်ခု၌ ကဲနေစဉ် လင်းဖန် က ဝမ်ချောင်ထံဖုန်းဆက်ပြီး အိမ်သို့ အမြန်ခေါ်ခိုင်းလိုက်ခြင်း ဖြစ်သည်။ ဘာမှ မပြောဘဲ Dynasty Entertainment ၏ ရန်ပုံငွေ အားလုံးကို စုခိုင်းလိုက်သည်။ ချင်းလင်၏ စိတ်ထဲတွင် သံသယများစွာ ရှိနေသည်။

​"ကဲ... စကားတွေ အများကြီး ပြောမနေနဲ့တော့။ ငါ့ဆီမှာ ရှိသမျှ ယွမ် ၁၀ ဘီလီယံကို ဟောင်ကောင်ဒေါ်လာ ပြောင်းပြီး အကောင့်ထဲ ထည့်ပြီးပြီ။ မင်းဘက်ကရော ဘယ်လိုလဲ"

ဝမ်ချောင်က မျက်မှောင်ကြုတ်ကာတည်ငြိမ်စွာ မေးလိုက်သည်။ ချင်းလင်လည်း ခေါင်းညိတ်ပြကာ အဆင်သင့်ဖြစ်ကြောင်း ပြောသည်။

​"ဒါဆိုရင် စောင့်ကြည့်နေလိုက်။ မနက်ဖြန် မနက် ၉ နာရီခွဲ စျေးကွက်ဖွင့်တာနဲ့ ရှောက်မိသားစု နာမည်အောက်မှာရှိတဲ့ ကုမ္ပဏီအားလုံးရဲ့ ရှယ်ယာတွေကို အကုန်ဝယ်ပစ်မယ်။"

ဝမ်ချောင်က ဆက်လက်၍

- "ညီလေးလင်းက ငါတို့ကို ပေးထားတဲ့ တာဝန်က သုံးရက်အတွင်း ရှောက်မိသားစုရဲ့ လုပ်ငန်းအားလုံးကို သိမ်းပိုက်ဖို့ပဲ။ မဟုတ်ရင်တော့ သူတို့ကို နာလန်မထူနိုင်အောင် လုပ်ပစ်ရမယ်။"

​ထိုစကားကို ကြားသောအခါ ချင်းလင်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။ ရှောက်မိသားစုသည် ဟောင်ကောင် ဖျော်ဖြေရေးလောက၏ ဘုရင်ဖြစ်ပြီး စျေးကွက်တန်ဖိုး ဟောင်ကောင်ဒေါ်လာ ဘီလီယံ ၂၀ ကျော် ရှိသည်။ ယခုအခါ လင်းဖန် က သူတို့ကို ယင်းလုပ်ငန်းကို နှိမ်နင်းခိုင်းလိုက်ပြီ ဖြစ်သည်။

​အကယ်၍ ရှောက်မိသားစု ပိုင်ဆိုင်မှုများကို သိမ်းပိုက်နိုင်မည်ဆိုပါက Dynasty Entertainment သည် ဟောင်ကောင်နှင့် အရှေ့တောင်အာရှအထိ အင်အား အလျင်အမြန် ချဲ့ထွင်နိုင်တော့မည် ဖြစ်သည်။

သူ ဘယ်လိုလုပ် မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း.......

​နောက်တစ်နေ့ နံနက်စောစောတွင် ဟောင်ကောင် စတော့စျေးကွက် ဖွင့်လှစ်လိုက်သည်နှင့် အရှိန်အဟုန်ပြင်းသော ရန်ပုံငွေများက ရှောက်မိသားစု၏ ရှယ်ယာများကို အလုအယက် ဝယ်ယူကြတော့သည်။ ရှယ်ယာရှင်များမှာလည်း စိုးရိမ်တကြီးဖြင့် သူတို့၏ ရှယ်ယာများကို ထုတ်ရောင်းကြသည်။

​တစ်ချိန်တည်းမှာပင် ပြည်မကြီးမှ Dynasty Entertainment က ရှောက်မိသားစုကို သိမ်းပိုက်မည့်အကြောင်းနှင့် ဟောင်ကောင်သို့ ချဲ့ထွင်မည့်အကြောင်းကို တရားဝင် ကြေညာလိုက်ရာ မီဒီယာပေါင်းစုံက ဖော်ပြကြတော့သည်။

လီကျဲခိုင်၏ Yingke Expansion ကလည်း ရှောက်မိသားစု၏ ရှယ်ယာစျေးနှုန်းများကို အဆက်မပြတ် နှိမ်ချနေသည်။ ဟော်မိသားစုနှင့် ရွှီမိသားစုတို့ကလည်း ပူးပေါင်း ပါဝင်လာကြသည်။

​ရှောက်မိသားစု၏ မူလတန်ဖိုး ဘီလီယံ ၂၀ ကျော်မှာ ရုတ်တရက် ဘီလီယံ ၁၀ သို့ ကျဆင်းသွားပြီး စျေးကွက်တန်ဖိုးမှာလည်း ဆက်တိုက် ကျဆင်းနေဆဲ ဖြစ်သည်။ တစ်ရက်အတွင်းမှာပင် ရှောက်မိသားစု၏ ကုမ္ပဏီအားလုံးမှာ ဝိုင်းဝန်း တိုက်ခိုက်ခြင်း ခံရသည့် ပစ်မှတ်များ ဖြစ်ကုန်ကြသည်။ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ အငယ်စားလေးများပင်လျှင် ဤအမြတ်အစွန်းကို ခံစားရန် ရန်ပုံငွေများ စုဆောင်းကာ ပါဝင်လာကြသည်။

​အံ့ဩစရာကောင်းသည်မှာ နောက်ကွယ်မှ လက်သည်ဖြစ်သော လင်းဖန်ကမူ အိပ်ရာမှ နိုးကာ စိတ်ကြည်လင်လျက် ရှိနေသည်။ မာဟွာထန်နှင့် လျူယွီတုန်တို့နှင့်အတူ Victoria Harbor နှင့် Lion Rock ကဲ့သို့သော ဟောင်ကောင်၏ နာမည်ကျော် နေရာများသို့ လည်ပတ်နေသည်။ ဟောင်ကောင်ရှိ လုံထန် Flagship စတိုးဆိုင်များမှာလည်း သူတို့၏ အကြီးဆုံး သူဌေးကြီး ဥက္ကဋ္ဌလင်းဖန် နှင့် တွေ့ဆုံခွင့် ရရှိခဲ့ကြသည်။

​ရှောက်မိသားစုမှာမူ တိတ်ဆိတ်စွာပင် ကျဆုံးသွားခဲ့ရပြီး၊ ယင်းဖြစ်ရပ်သည် ဟောင်ကောင် ဖျော်ဖြေရေးလောကတွင် အကြီးစား အပြောင်းအလဲကြီးတစ်ခုကို ဖန်တီးပေးလိုက်ပါတော့သည်။

.........................................................

အပိုင်း ၂၀၀

နောက်တစ်နေ့ နေ့လည် ၂ နာရီ၊ ဟောင်ကောင်၊ Yingke Expansion ဌာနချုပ် အဆောက်အအုံ။

​"ညီလေးလင်း... မင်းရဲ့လက်ချက်ကတော့ တကယ်ကို အံမခန်းပါပဲ"

​ဘေးတွင်ထိုင်နေတဲ့ ခန့်ညားသည့် လူငယ်လေးကို ကြည့်ကာ လီကျဲခိုင်က မတတ်သာသလို ခေါင်းခါရင်း ဆိုသည်။ ဖျော်ဖြေရေးကလပ်တစ်ခုက သာမန်ရန်ပွဲလေးတစ်ခုသည် နောက်ဆုံး၌ ဟောင်ကောင်ဖျော်ဖြေရေးလောက၏ အကြီးစား အပြောင်းအလဲကြီးတစ်ခု ဖြစ်သွားခဲ့သည်။

ဆာရှောက်ကိုယ်တိုင် တည်ထောင်ခဲ့သည့် Shaw Brothers Pictures မှာ ယခုတော့ တစ်စစီ ပြိုလဲသွားခဲ့ရချေပြီ။

​တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် လီကျားချန်၏ သားငယ်ဖြစ်သော်လည်း သူကိုယ်တိုင်ပင် ဤဖြစ်ရပ်ကြောင့် အတော်လေး တုန်လှုပ်မိသည်။

​"ရှေးလူကြီးတွေ ပြောသလိုပေါ့... လူကောင်းဆိုတာ အနိုင်ကျင့်ခံရတတ်ပြီး မြင်းကောင်းဆိုတာ အစီးခံရတတ်တယ်"

​လင်းဖန် က တည်ငြိမ်သော အမူအရာဖြင့် လက်ဖက်ရည်ကို တစ်ငုံသောက်ကာ အေးဆေးစွာ ဆိုသည်။

- "တကယ်တော့ ကျွန်တော်က နောက်စကားတစ်ခွန်းကို ပိုသဘောကျတယ်... 'မြွေကို ရိုက်ရင် သေအောင်ရိုက်၊ မသေရင် ကိုယ်ပဲ ပြန်ဒုက္ခရောက်မယ်' တဲ့။"

​"ဒါပေမဲ့ ဒါက နည်းနည်းတော့ များမသွားဘူးလား..."

​လီကျဲခိုင်က ခါးသက်သက် ပြုံးလိုက်သည်။ ဤလုပ်ဆောင်ပုံမှာ အမှန်ပင် လျှင်မြန်ပြတ်သားလွန်းလှသည်။ အပြင်လူသာဆိုလျှင် လင်းဖန် ကို လူသတ်သမားတစ်ယောက်ဟုပင် ထင်မှတ်သွားပေလိမ့်မည်။ ဗြိတိသျှ လူကြီးလူကောင်း ပညာရေးဖြင့် ကြီးပြင်းလာသော လီကျဲခိုင်အတွက် ဤကဲ့သို့သော ကစားကွက်မျိုးမှာ တစ်ခါမှ မမြင်ဖူးသည့် အရာပင်။ ရန်ပွဲလေး တစ်ခုကြောင့် ရှောက်ယန့်မင်မှာ ဦးနှောက်ထိခိုက်သည်အထိ အရိုက်ခံခဲ့ရသော်လည်း လင်းဖန် က ယခုအထိ လွှတ်မပေးသေးပေ။

​အခြေအနေများက အတော်လေး ကျော်လွန်သွားခဲ့ပြီ...

​"အစ်ကိုလီက တချို့လူတွေရဲ့ အောက်တန်းကျမှုကို အထင်သေးလွန်းနေတာပါ"

​လင်းဖန် ၏ မျက်နှာတွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာပြီး လေးနက်စွာ ဆိုသည်။

"အကယ်၍ ကျွန်တော်သာ သက်တော်စောင့်တွေကို အချိန်မီ မခေါ်ခဲ့ရင်၊ အခုအချိန်မှာ ကျွန်တော် ဒီနေရာမှာ အသက်ရှင်လျက် ထိုင်နေနိုင်ပါ့မလားဆိုတာ မေးစရာပဲ။"

​"ရှောက်ယန့်မင်က သာမန်လူ မဟုတ်ဘူး။ သူ့လက်ထဲမှာ အနည်းဆုံး လူ့အသက် တစ်ချို့ရှိနေတယ်၊ နောက်ပြီး ဗိုလ်ကျစိုးမိုးတာတွေ၊ စျေးကွက်ကို နှိပ်ကွပ်တာတွေလည်း အများကြီး လုပ်ခဲ့ဖူးတယ်။"

​လွန်ခဲ့သောညက စုချင်းနင်နှင့် အခြားသူများကို ဟိုတယ်သို့ ပြန်ပို့ပေးပြီးကတည်းက လင်းဖန်သည် ထိုလူ၏ နောက်ကြောင်းအားလုံးကို စုံစမ်းခိုင်းထားပြီး ဖြစ်သည်။ တကယ့်ကို 'ထူးချွန်' သည့် လူစားမျိုးပင်။ ငယ်စဉ်ကတည်းက တော်ရုံတန်ရုံ အမှားမျိုးကို သူ မလုပ်ခဲ့ဖူးပေ။ သို့သော် ရှောက်ယန့်မင်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော မိန်းကလေးများမှာ ကုမ္ပဏီတစ်ခုစာပင် ရှိနေသည်။ ဤကဲ့သို့သော လူစားမျိုးကို ဆက်လက် အသက်ရှင်ခွင့် ပေးထားမည်ဆိုလျှင် ဘုရားသခင်ပင် အမျက်ထွက်ပေလိမ့်မည်။

​"......"

​ထိုစကားကို ကြားသောအခါ လီကျဲခိုင်ဘာမှ မပြောတော့ဘဲ အတွေးနက်သွားသည်။ သူ ပေါင်းသင်းနေသော လူအများစုမှာ ဟောင်ကောင်၏ ထိပ်သီးသူဌေးသားများ ဖြစ်ကြသည်။ အများအားဖြင့် သူတို့မှာ အကျင့်စာရိတ္တ ကောင်းမွန်ကြပြီး ပျော်ပါးစားသောက်တတ်ကြသော်လည်း လူမှုရေး စံနှုန်းများကို ကျော်လွန်ရန် ဘယ်သောအခါမှ မဝံ့ရဲကြပေ။ သို့သော် လင်းဖန် ဆီမှ ကြားရသော ရှောက်ယန့်မင်၏ အကြောင်းမှာ သူ၏ အမြင်များကို အမှန်ပင် ပြောင်းလဲသွားစေသည်။

​"ဟဲဟဲ..ဒါက ဟောင်ကောင်မို့လို့ပါ။ အကယ်၍ ပြည်မကြီးမှာသာဆိုရင် ရှောက်ယန့်မင်ဟာ တစ်ရက်တောင် အသက်ရှင်မှာ မဟုတ်ဘူးဆိုတာ ယုံလိုက်ပါ"

​ကျန်းဖန် က သူ၏လက်မှ ကျောက်စိမ်းလက်စွပ်ကို ကစားရင်း အဓိပ္ပာယ်ပါပါ ဆိုသည်။

- "ကျွန်တော် ကိုယ်တိုင် လက်မပါရင်တောင် တစ်ယောက်ယောက်က သူ့ကို လွှတ်ထားမှာ မဟုတ်ဘူး။"

​လီကျဲခိုင်က ယင်းကို သဘာဝကျကျပင် ယုံကြည်သည်။ ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ ပိုင်နက်ဖြစ်သော်လည်း လင်းဖန် ၏ ဩဇာမှာ ရှုထောင့်ပေါင်းစုံသို့ မရောက်ရှိသေးပေ။ သို့သော် ပြည်မကြီးသို့ ရောက်သည်နှင့် ယင်းမှာ လုံထန်ဂရု၏ နယ်မြေ ဖြစ်သွားပြီဖြစ်သည်။ ရှောက်ယန့်မင်မှာ သူ မထိသင့်မတို့သင့်သော လူတစ်စုကို သွားရောက် ထိပါးခဲ့မိသည်။ ယင်းထဲတွင် တရုတ်နိုင်ငံ ယန်ကျင်းတက္ကသိုလ်မှ နိုင်ငံတကာ စကားရည်လုပွဲအတွက် စေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်သည်။

​အနည်းဆုံးတော့ ထိုကိုယ်စားလှယ်အဖွဲ့မှာ တရုတ်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များ၏ ဂုဏ်ဆောင်များ ဖြစ်ကြသည်။ သူတို့သာ တစ်ခုခု ဖြစ်သွားခဲ့လျှင် ရှောက်မိသားစုမှာ အရေခွံပါ အခွာခံရပေလိမ့်မည်။

​"ဒါနဲ့ အစ်ကိုလီ... အစ်ကိုတို့ ဒီဘက်က လူငယ်တွေရဲ့ အဆင့်အတန်းက အရမ်းနိမ့်လွန်းတယ်"

လင်းဖန် က လီကျဲခိုင်ကို စိတ်ရှုပ်ထွေးစွာဆိုသည်။

- "ကျွန်တော်လည်း ဝမ်ချောင် ချင်းလင် တို့လို သူဌေးသားတွေနဲ့ သိတာပဲ။ သူတို့ဆိုရင် ဒီလိုမျိုး ဘယ်တော့မှ မလုပ်ဘူး။"

​ပြည်မကြီးရှိ အခြေခံလူတန်းစားများမှလွဲ၍ ထိပ်သီးမိသားစုများမှ သူဌေးသားများသည် ကိုယ်ကျင့်တရား ခိုင်မာကြသည်။ ရှေးခေတ်က ကလော်တုတ် သူဌေးသားများကဲ့သို့ လုပ်ဆောင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

အနည်းဆုံးတော့ မင်းမှာ ငွေရှိတာပဲ၊ ဘယ်လို မိန်းကလေးမျိုးကိုမဆို ရှာလို့ရနေတာကို ဥပဒေရဲ့ အနီရောင်မျဉ်းကို သွားထိစရာ မလိုဘူးလေ။

​ဝမ်ချောင်နှင့် ချင်းလင်တို့ဆိုလျှင် မိမိဘာသာ လုပ်ငန်းနယ်ပယ်ထဲတွင် ကစားနေကြပြီး ခေတ်သစ်လုပ်ငန်းများဖြစ်သည့် Live လွှင့်ခြင်းနှင့် E-sports နယ်ပယ်များတွင်ပင် လှိုင်းထအောင် လုပ်ဆောင်နေကြသူများ ဖြစ်သည်။ သူတို့မှာ ငွေမရှိခဲ့လျှင်တောင် သူတို့၏ အရည်အချင်းနှင့်ပင် လူအများအပြားကို ဆွဲဆောင်နိုင်သူများ ဖြစ်သည်။

ရှောက်ယန့်မင်ကဲ့သို့ မိသားစုအရှိန်အဝါကို သုံးပြီး အားနည်းသူကို နှိပ်စက်ရုံမှလွဲ၍ ဘာအရည်အချင်းမှ မရှိသည့်လူမှာ သူဌေးသားအသိုင်းအဝိုင်းအတွက် အမှန်ပင် အရှက်ရစရာပင်။

​ထိုစကားကို ကြားသောအခါ လီကျဲခိုင်မှာ မရယ်နိုင် မငိုနိုင် ဖြစ်သွားသည်။ ဝမ်ချောင်နှင့် ချင်းလင်တို့၏ အဆင့်အတန်းမှာ သူနှင့် မခြားနားသော်လည်း ရှောက်ယန့်မင်မှာမူ သူတို့နှင့် မည်သို့မှ ယှဉ်၍ မရနိုင်ပေ။

​"ကောင်းပါပြီ! ဒါဆို အခု မင်း ဘာဆက်လုပ်ချင်သေးလဲ"

​"ဘာမှ မလုပ်တော့ပါဘူး၊ ဒါက ပုံမှန် စီးပွားရေး လုပ်ငန်းစဉ်တွေပါပဲ"

လင်းဖန် က လက်ကာပြရင်း အေးဆေးစွာပြောသည်။

- "ပြည်မကြီးမှာ ကျွန်တော် ဝမ်ချောင်၊ ချင်းလင် တို့နဲ့အတူ Dynasty Entertainment ကို တည်ထောင်ခဲ့တယ်။ မူလ ရည်ရွယ်ချက်ကတော့ ကိုယ်ပိုင် ရုပ်ရှင်ရုံ စီမံကိန်းတွေအတွက်ပါ။"

​"အခု ဟောင်ကောင်မှာရှိတဲ့ ဖျော်ဖြေရေးလောကက ရေသေလို ငြိမ်နေတာဆိုတော့၊ အပြောင်းအလဲလေးတွေ ဖြစ်အောင် ဒီအခွင့်အရေးကို သုံးပြီး ခြေလှမ်းစလိုက်တာက ကွက်တိပဲ မဟုတ်လား"

​"ဪ... နားလည်ပြီ။"

လီကျဲခိုင် နောက်ဆုံး၌ သဘောပေါက်သွားသည်။လင်းဖန် က Shaw Brothers ကို ဝါးမျိုပြီး ဟောင်ကောင် ဖျော်ဖြေရေးလောကထဲ ခြေစုံပစ် ဝင်ချင်နေခြင်း ဖြစ်သည်။ မနေ့ညက လီကြားချိန်က သူ့ကို ရန်ပုံငွေ ပြင်ခိုင်းခဲ့ခြင်းမှာ မဆန်းတော့ပေ။ မနက်စောစောကတည်းက ရှောက်မိသားစု၏ ရှယ်ယာစျေးနှုန်းကို တိုက်ခိုက်ပြီး ရှယ်ယာအမြောက်အမြားကို ဝယ်ယူခိုင်းခဲ့ခြင်းမှာလည်း ဤအစီအစဉ်အတွက်ပင် ဖြစ်သည်။

​"မစ္စတာလင်း၊ သခင်လေး"

​ထိုစဉ် လီမိသားစု၏ အိမ်တော်ထိန်း အမ်ဘာ သည် သူတို့ရှေ့၌ ရုတ်တရက် ပေါ်လာသည်။

​"အမ်"

လင်းဖန် က ခေါင်းမော့ကြည့်လိုက်ရာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ရှေ့မှ အဘိုးအိုမှာ အိမ်တော်ထိန်း တစ်ဦးသာ ဖြစ်သော်လည်း လီကျားချန်နှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့သည့် ယုံကြည်ရသူ တစ်ဦးဖြစ်သည်။ အဘယ်ကြောင့် ယခုနေရာသို့ ရောက်လာသနည်း။

​"သခင်လေး... ပစ္စည်းတွေကို ဥက္ကဋလင်းဆီကို တိုက်ရိုက် ပေးလိုက်ဖို့ သခင်ကြီးက မှာလိုက်ပါတယ်"

အမ်ဘာက လီကျဲခိုင်ကို တိုက်ရိုက်ပင်ပြောလိုက်သည်။

​"ကောင်းပါပြီ!"

လီကျဲခိုင်ကခေါင်းညိတ်လိုက်ပြီး ရုံးခန်းထဲမှ စာရွက်စာတမ်း အထပ်လိုက်ကို ထုတ်ယူကာ လင်းဖန် ဆီသို့ တိုက်ရိုက် ပေးလိုက်သည်။

​ထိုအချိန်တွင် အမ်ဘာက လင်းဖန် ကို လေးနက်စွာကြည့်ကာ

- "ဥက္ကဋ္ဌလင်း.. ကျွန်တော့်သခင်ကြီးက ဒါတွေကို မှာလိုက်တာပါ။ ဒီတစ်ခေါက် ကျွန်တော်တို့ လီမိသားစုဘက်က အမှားအတွက် တောင်းပန်တဲ့အနေနဲ့ ဒါတွေကို လက်ခံပေးဖို့ မေတ္တာရပ်ခံပါတယ်"

​"ကောင်းပါပြီ၊ ကျွန်တော် နားလည်ပါတယ်။ မစ္စတာလီကိုလည်း ကျွန်တော့်ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါဦး"

လင်းဖန် က စာရွက်စာတမ်းများကို လှန်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

​ထို့နောက် အမ်ဘာသည် အဆောက်အအုံမှ ထွက်ခွာသွားသလို လင်းဖန် လည်း အတူတူ ထွက်လာခဲ့သည်။ ကိစ္စများမှာ ဤသို့ဖြင့် ပြေလည်သွားပုံရသော်လည်း လီမိသားစုနှင့် လင်းဖန် တို့၏ ဆက်ဆံရေးမှာ ယခင်ကထက် ပိုမို ခိုင်မာသွားခဲ့ပြီ ဖြစ်သည်။

သို့သော် လင်းဖန် နှင့် ရှောက်မိသားစု၏ ကိစ္စကမူ အခုမှ စတင်ခြင်းသာ ရှိသေးသည်။

​ရှောက်မိသားစု၏ ရှယ်ယာများကို ဝယ်ယူထားသည့် စာရွက်စာတမ်းများမှာ လီမိသားစု၏ ရိုးသားမှုကို ကိုယ်စားပြုသည်။ မြေခွေးအိုကြီး လီကျားချန်သည် လုပ်ငန်းကို အမှန်ပင် အပြစ်ပြောစရာ မရှိအောင် စီစဉ်နိုင်သူ ဖြစ်သည်။

​လင်းဖန်ကလည်း ပါးနပ်သူဖြစ်ရာ အခြားအင်အားစုတစ်ခုက ရှောက်မိသားစု ရှယ်ယာများကို တစ်ပြိုင်တည်း ဝယ်ယူနေကြောင်း သိလိုက်ကတည်းက ယင်းမှာ လီမိသားစု ဖြစ်မည်ဟု ခန့်မှန်းမိခဲ့သည်။ ထို့ကြောင့် သူက ရှောက်မိသားစု၏ အခြားသော ပိုင်ဆိုင်မှုများကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပင် ရှောက်မိသားစုပိုင် ရုပ်ရှင်ရုံလုပ်ငန်းများမှာ အရင်ကကဲ့သို့ မစည်ကားတော့ဘဲ ခြောက်ကပ်သွားခဲ့ရသည်။

​အချိန်များ ကုန်ဆုံးသွားပြီး တစ်ပတ်အတွင်းမှာပင် ရှောက်မိသားစုသည် Dynasty Entertainment ၏ ဝါးမျိုခြင်းကို လုံးဝ ခံလိုက်ရပြီး ဟောင်ကောင် သမိုင်းစာမျက်နှာမှ ပျောက်ကွယ်သွားပါတော့သည်။

All Chapters