← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅) ကံတရား (၂)

လမ်းတစ်လျှောက်တွင် လုရွှယ်ချီနှင့် တုဝမ်တို့၏ တိုက်ပွဲအကြောင်း ဆွေးနွေးနေကြသည့် လူများစွာ၏ အသံကို သူ ကြားနေရသည်။

အချိန်အတော်ကြာပြီးနောက်တွင် အနောက်ဘက်ရှိ တာ့ကျူးတောင်ထိပ်မှ လူများကို ကျန်းရှောင်ဖန်း ရှာတွေ့သွားလေသည်။

အဝေးမှပင် ထျန်းပုယီ၏ ဒေါသထွက်နေသော မျက်နှာကို သူ မြင်နိုင်ပေသည်။ ကျန်းရှောင်ဖန်းက ထျန်းပုယီကို အမြဲကြောက်ရွံ့သဖြင့် တပည့်များရှိရာသို့ တိတ်တဆိတ် လျှောက်သွားလိုက်သည်။

ထျန်းပုယီက သူ့ကို မြင်လိုက်သည်နှင့် ပြိုင်ပွဲရလဒ်ကို မမေးဘဲ မျက်နှာကို အမြန်လွှဲသွားလေသည်။

ထိုနေရာတွင် စုန့်တာ့ရန်မှလွဲ၍ စုရု၊ ထျန်းလင်းအာနှင့် အခြားတာ့ကျူးတောင်ထွတ်မှ တပည့်များအားလုံး ရှိနေကြပေသည်။ ကျန်းရှောင်ဖန်းက လူတိုင်းကို အကဲခတ်ကြည့်လိုက်၏။

ထျန်းလင်းအာက အဆင်ပြေနေသော်လည်း ကျန်သူများမှာ စိတ်ဓာတ်ကျနေကြလေသည်။ ကျန်းရှောင်ဖန်းက တုပိရှုကို မေးလိုက်သည်။

"ဆဋ္ဌမစီနီယာအစ်ကိုကြီး... အခြေအနေ ဘယ်လိုလဲ"

တုပိရှုက ထျန်းပုယီကို လှမ်းကြည့်လိုက်ပြီး သူတို့ဘက်သို့ ကြည့်မနေသည်ကို မြင်သောအခါ တီးတိုးပြောလိုက်လေသည်။

"စီနီယာအစ်ကိုကြီးကလွဲရင် ငါတို့အားလုံးရဲ့ ပြိုင်ပွဲတွေ ပြီးသွားပြီ။ ဂျူနီယာညီမလေး တစ်ယောက်ပဲ နိုင်ခဲ့တယ်။ အခု ဆရာ အတော်လေး ဒေါသထွက်နေတယ်"

ကျန်းရှောင်ဖန်း အလန့်တကြား ဖြစ်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။

စုရုက ခေါင်းယမ်းကာ သက်ပြင်းချလိုက်ပြီး ကျန်းရှောင်ဖန်းကို ညင်သာစွာ မေးလိုက်၏။

"ရှောင်ဖန်း... ပြန်လာပြီလား။ ရလဒ်က ဘယ်လိုလဲ"

ကျန်းရှောင်ဖန်း တုံ့ဆိုင်းသွားပြီး တိုးညင်းစွာ ဖြေလိုက်လေသည်။

"ဆရာကတော်... ကျွန်တော်... ကျွန်တော် နိုင်ခဲ့တယ်"

"ဪ ကိစ္စမရှိပါဘူး။ ရှုံးသွားတာပဲလေ။ ဒါကို အတွေ့အကြုံရတယ်လို့ပဲ သဘောထားလိုက်ပါ..."

ထို့နောက် စုရု၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားပြီး ကျန်းရှောင်ဖန်းကို အံ့အားသင့်စွာ ကြည့်လိုက်လေသည်။

"ခုနက ဘာပြောလိုက်တာလဲ"

လူတိုင်း၊ ထျန်းပုယီပါမကျန် ကျန်းရှောင်ဖန်းဘက်သို့ လှည့်ကြည့်လာကြ၏။ လူတိုင်း၏ အကြည့်အောက်တွင် ကျန်းရှောင်ဖန်း ဂုဏ်ယူမိသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။

အထူးသဖြင့် ထျန်းလင်းအာ၏ အံ့အားသင့်နေသော မျက်ဝန်းများကြောင့် ဖြစ်ပေသည်။ သူက ထျန်းပုယီကို ကြည့်ကာ အသံကို မြှင့်၍ ပြောလိုက်၏။

"ဆရာ၊ ဆရာကတော်... ကျွန်တော် နိုင်ခဲ့တယ်"

သူတို့အားလုံး အံ့အားသင့်သွားကြလေသည်။

ယခုအခါ သူတို့သည် ခွန်းစင်မြင့်တွင် ရောက်ရှိနေကြပြီး စုန့်တာ့ရန်၏ တိုက်ပွဲကို ကြည့်ရှုနေကြသည်။

စင်မြင့်ထက်ရှိ ကျားဆယ်ကောင် ဓားမှာ ကျားအကောင်ရေများစွာကဲ့သို့ မြေပြင်ကို တုန်ခါသွားစေသော ဟိန်းဟောက်သံကြီးများကို ဖန်တီးနေလေသည်။ ၎င်းက အစွမ်းကုန် ထိုးစစ်ဆင်ကာ ပြိုင်ဘက်ကို အသာစီးရယူထားပေသည်။

တာ့ကျူးတောင်ထိပ်မှ လူများသည် ဝမ်းသာရွှင်မြူးနေကြသည့်အပြင် ကျန်းရှောင်ဖန်း ပြောခဲ့သည့်စကားများကို ယုံပင်မယုံနိုင်အောင် ဖြစ်နေကြလေသည်။

"ဂျူနီယာညီလေး... ဆိုလိုတာက ပြိုင်ပွဲမှာ မင်း ရှုံးတော့မလို ဖြစ်နေပေမဲ့ ချူယွီဝမ်က ရုတ်တရက် နေမကောင်းဖြစ်ပြီး သွေးအန် သတိလစ်သွားတယ်ပေါ့"

"ဟုတ်ပါတယ်။ စတုတ္ထစီနီယာအစ်ကိုရယ်။ အစ်ကိုရယ်၊ ဒုတိယစီနီယာအစ်ကိုရယ်၊ တတိယစီနီယာအစ်ကိုရယ်၊ ပဉ္စမစီနီယာအစ်ကိုရယ် ကျွန်တော့်ကို နှစ်ဆယ့်နှစ်ခါတောင် မေးပြီးသွားပြီလေ။”

“ဘာလို့ ဆက်မေးနေရတာလဲ။ ဆဋ္ဌမစီနီယာအစ်ကို... ကျွန်တော် အမှန်အတိုင်း ပြောနေတာလို့ သူတို့ကို ကူပြောပေးပါဦး"

တုပိရှုက ပြန်မေးလိုက်၏။

"ဂျူနီယာညီလေး... ဒါဆို မင်း ပြိုင်ပွဲလုပ်နေတုန်း ရှုံးတော့မလို ဖြစ်နေပေမဲ့ ချူယွီဝမ်က ရုတ်တရက် နေမကောင်းဖြစ်ပြီး သွေးအန် သတိလစ်သွားတယ်ပေါ့"

ကျန်းရှောင်ဖန်း ခေါင်းကို ကိုင်ကာ ညည်းတွားလိုက်လေသည်။

"ဟုတ်ပါတယ်။ ဒါ နှစ်ဆယ့်သုံးခါမြောက်နော်"

ထျန်းလင်းအာက ဝင်ပြောလိုက်၏။

"ဘာလို့ သူ့ကို အတင်းမေးနေကြတာလဲ။ ရှောင်ဖန်းက လိမ်ပြောမယ့်သူ မဟုတ်ပါဘူး"

သို့သော် ထို့နောက်တွင် သူမက ခေါင်းယမ်းလိုက်ပြီး ထပ်ပြောလေသည်။

"ဒါပေမဲ့ ရှောင်ဖန်း... နင့်ရဲ့ကံက သိပ်ကောင်းလွန်းနေတယ်။ နည်းနည်းများ မလွန်လွန်းဘူးလား။ တခြားလူတွေ နင့်ကို မယုံတာလည်း မပြောနဲ့လေ"

ကျန်းရှောင်ဖန်း တစ်ခွန်းမှ ပြန်မပြောနိုင်တော့ပေ။

တပည့်များ၏ အချေအတင် ပြောဆိုနေမှုများကို နားထောင်ရင်း စုရုက ထျန်းပုယီကို မေးလိုက်၏။

"ရှင် ဘယ်လိုထင်လဲ"

ထျန်းပုယီက မျက်မှောင်ကြုတ်လိုက်ပြီး သူမကို ပြန်မေးလိုက်လေသည်။

"သူ့အရည်အချင်းနဲ့သူ နိုင်ခဲ့တယ်လို့ ပြောရင်ရော မင်း ယုံမှာလား"

စုရုက ပြုံးလိုက်၏။

"ဒီတပည့်လေးရဲ့ ကံက တခြားလူတွေရဲ့ သာမန်ကံမျိုးနဲ့မှ မတူတာ"

ထျန်းပုယီက နှာခေါင်းရှုံ့လိုက်လေသည်။

"ဝေါင်း.."

ကျယ်လောင်သောအသံကြီးတစ်သံ ထွက်ပေါ်လာပြီး စုန့်တာ့ရန် ဟိန်းဟောက်လိုက်၏။ ကျားဆယ်ကောင် ဓား၏ တောက်ပမှုမှာ အလွန်စွမ်းအားကြီးမားလှသဖြင့် လူများပင် မျက်စိမဖွင့်နိုင်အောင် ဖြစ်သွားကြလေသည်။

ထိုကြီးမားလှသော အစွမ်းကြောင့် ပြိုင်ဘက်ဖြစ်သူမှာ နောက်ဆုံးတွင် လဲကျသွားပြီး အနောက်သို့ လွင့်စင်သွားကာ သွေးများအန်ချလိုက်တော့သည်။

တာ့ကျူးတောင်ထိပ်မှ တပည့်များက ကျယ်လောင်စွာ အားပေးကြွေးကြော်လိုက်ကြ၏။ ထျန်းပုယီ၏ မျက်နှာပေါ်တွင်လည်း နောက်ဆုံးတွင် အပြုံးတစ်ခု ပေါ်လာလေသည်။

စုန့်တာ့ရန် စင်မြင့်ပေါ်မှ ဆင်းလာလေသည်။ သူက ဆရာနှင့် ဆရာကတော်ကို ဦးစွာ အရိုအသေပေးလိုက်ပြီးနောက် အခြားသူများ၏ နွေးထွေးသော ဂုဏ်ပြုစကားများကို လက်ခံရယူလိုက်၏။

"ဟားဟား။ ကံကောင်းသွားလို့ပါ။ ဆဋ္ဌမဂျူနီယာညီလေး... ရွံစရာကောင်းတဲ့ စကားတွေ လာမပြောနဲ့။ အာ... ဂျူနီယာညီလေး ပြန်ရောက်နေပြီပဲ။ ရလဒ်က ဘယ်လိုလဲ။”

“ ဒဏ်ရာမရဘူး မဟုတ်လား။ ဪ မင်းပုံစံကိုလည်း ကြည့်ပါဦး။ စီနီယာအစ်ကိုကြီး စကားကို နားထောင်စမ်းပါ။ မင်းရဲ့ ကျင့်ကြံမှုက မနက်ရှိုင်းသေးဘူးလေ။”

“အနာဂတ်မှာ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။ တိုက်ပွဲတစ်ပွဲရဲ့ ရလဒ်ကို စိတ်ထဲ သိပ်ထားမနေနဲ့။ နေပါဦး... မင်းတို့က ငါ့ကို ဘာလို့ အဲလိုကြီး ကြည့်နေကြတာလဲ"

ထျန်းပုယီက ပထမဆုံး ထွက်သွားလေသည်။ စုရုက စုန့်တာ့ရန်ကို ပြုံးပြလိုက်ပြီးနောက် ထျန်းပုယီနောက်သို့ လိုက်သွား၏။

စုန့်တာ့ရန်မှာ နားမလည်နိုင်ဖြစ်သွားပြီး အခြားသူများကို မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ"

ဖြစ်ပျက်ခဲ့သမျှကို ထျန်းလင်းအာက စုန့်တာ့ရန်အား ပြောပြလိုက်၏။ စုန့်တာ့ရန်က ကျန်းရှောင်ဖန်းကို မယုံကြည်နိုင်သည့် အကြည့်ဖြင့် လှည့်ကြည့်လာလေသည်။

ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် ကျုံ့ဝင်သွားပြီး ပြောလိုက်သည်။

"စီနီယာအစ်ကိုကြီး... ကျွန်တော့်ရဲ့ကံက ဒီလောက်အထိ ကောင်းနေတာ မကောင်းဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒါက အမှန်တရားပဲလေ။ ကျွန်တော်မှ မထိန်းချုပ်နိုင်တာ"

စုန့်တာ့ရန်၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။

"ဂျူနီယာညီလေး... ဆိုလိုတာက ပြိုင်ပွဲမှာ မင်း ရှုံးတော့မလို ဖြစ်နေပေမဲ့ ချူယွီဝမ်က ရုတ်တရက် နေမကောင်းဖြစ်ပြီး သွေးအန် သတိလစ်သွားတယ်ပေါ့"

စုန့်တာ့ရန်၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။

"ဂျူနီယာညီလေး... ဆိုလိုတာက ပြိုင်ပွဲမှာ မင်း ရှုံးတော့မလို ဖြစ်နေပေမဲ့ ချူယွီဝမ်က ရုတ်တရက် နေမကောင်းဖြစ်ပြီး သွေးအန် သတိလစ်သွားတယ်ပေါ့"

ကျန်းရှောင်ဖန်း မျှော်လင့်ချက်မဲ့စွာဖြင့် မြေပြင်ပေါ်သို့ ထိုင်ချလေတော့သည်။

တောင်ထိပ်ခာနစ်ခု ပြိုင်ပွဲ၏ တတိယအဆင့်တွင် တပည့်တစ်ဆယ့်ခြောက်ယောက်သာ ကျန်ရှိတော့၏။

တာ့ကျူးတောင်ထိပ်မှ တတိယအဆင့်သို့ သုံးယောက်တောင် ရောက်ရှိသွားခြင်းမှာ အံ့အားသင့်စရာပင် ဖြစ်ပေသည်။

ထိုတစ်နေ့တာလုံး ထျန်းပုယီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု အမြဲရှိနေခဲ့လေသည်။ တပည့်များက တိတ်တဆိတ် ဆွေးနွေးနေကြ၏။

တုပိရှုက ဆိုလေသည်။

"ဆရာ့ရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာကို ကြည့်ပါဦး။ ဒီတစ်ကြိမ်တော့ ငါတို့ရဲ့ အရှက်ကွဲမှုတွေကို နောက်ဆုံးတော့ လွှင့်ပစ်နိုင်ခဲ့ပြီ"

ဝူတာ့ရီက ပြောလိုက်၏။

"စီနီယာအစ်ကိုကြီးနဲ့ ဂျူနီယာညီမလေးက ငါတို့ဆရာကို တကယ် ဂုဏ်ယူစေခဲ့တာပဲ"

ဟယ်တာကျစ်က ဆိုလေသည်။

"ငါ့အတွက်တော့ ရှက်စရာပဲ။ ဂျူနီယာညီမလေးက ငယ်သေးပေမဲ့ ငါ့ထက် အများကြီး သာနေတယ်။ သူ့အနာဂတ်က တကယ်ကို တောက်ပေနရောပဲ"

ကျန်းတာလီက ဝင်ပြောလိုက်၏။

"ဂျူနီယာညီလေးကိုလည်း မမေ့ကြနဲ့ဦးလေ။ သူလည်း တတိယအဆင့်ကို ရောက်သွားတာပဲ"

တုပိရှုက ဆက်ပြောလေသည်။

"ငါတို့ ထပ်လောင်းကြေးထပ်ရအောင်။ ဂျူနီယာညီလေး ဒီအဆင့်ကို အောင်မြင်ဖို့ ဘယ်လောက်အထိ ဖြစ်နိုင်ခြေရှိလဲ။ မင်းတို့ လောင်းရဲလား"

ဝူတာ့ရီ၊ ဟယ်တာကျစ်၊ ကျန်းတာလီ၊ လွီတာ့ရှင်းတို့က ပြိုင်တူပြောလိုက်ကြ၏။

"သူရှုံးမယ်လို့ ငါလောင်းတယ်။ နှစ်ဆ"

တုပိရှုက ချောင်းဟန့်လိုက်လေသည်။

"အဟမ်း... အဲ... စီနီယာအစ်ကိုကြီး ဘယ်ရောက်သွားလဲ။ ဟင် ဂျူနီယာညီလေးရော။ ဂျူနီယာညီမလေးရော။ ဘာဖြစ်တာလဲ။ သူတို့ ဘယ်ရောက်သွားကြတာလဲ"

ဟယ်တာကျစ်က ခဏမျှ စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်၏။

"ဂျူနီယာညီလေးနဲ့ ဂျူနီယာညီမလေးကိုတော့ ငါ သေချာမသိဘူး။ ဒါပေမဲ့ စီနီယာအစ်ကိုကြီး ဘယ်မှာရှိနေမလဲဆိုတာကိုတော့ ငါ ခန့်မှန်းလို့ရတယ်"

သူတို့ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ပြိုင်တူ ပြောလိုက်ကြလေသည်။

"ရှောင်ကျူးတောင်ထိပ်က စီနီယာအစ်မဝမ်မင်ဆီမှာပေါ့"

စုန့်တာ့ရန် ရုတ်တရက် တုန်ယင်သွား၏။ ဝမ်မင်က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"ရှင် ဘာဖြစ်သွားတာလဲ"

စုန့်တာ့ရန်က မျက်မှောင်ကြုတ်လိုက်၏။

"မသိပါဘူး။ ကျွန်တော့် ခန္ဓာကိုယ်က ရုတ်တရက် ချမ်းစိမ့်စိမ့် ဖြစ်သွားလို့ပါ"

ဝမ်မင်က သူ့ကို စူးစိုက်ကြည့်ကာ ပြောလိုက်လေသည်။

"ရှင် အပြစ်ရှိသလို ခံစားနေရတာ မဟုတ်လား"

စုန့်တာ့ရန်က ချက်ချင်းပင် ခေါင်းယမ်းလိုက်၏။

"အဲလို မဟုတ်ရပါဘူးဗျာ။ မဟုတ်ရပါဘူး"

ဝမ်မင်၏ မျက်နှာမှာ နူးညံ့သွားသော်လည်း နှာခေါင်းရှုံ့ကာ ဆက်ပြောလေသည်။

"ဒါဆိုရင် ဘာလို့ ရှောင်ကျူးတောင်ထိပ်က မိန်းကလေးတွေရဲ့ အခန်းထဲကို ခိုးကြောင်ခိုးဝှက် ဝင်လာရတာလဲ"

သူ့အနီးမှ ရယ်သံများ ထွက်ပေါ်လာ၏။ စုန့်တာ့ရန် ရှက်ရွံ့စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။ ပြိုင်ပွဲက ပြီးဆုံးသွားပြီ ဖြစ်သည်။

ရှောင်ကျူးတောင်ထွတ်မှ မိန်းကလေးတပည့် အများစုမှာ ပြန်ရောက်နေကြပြီ ဖြစ်၏။ သူတို့အားလုံးက ပြုံးရွှင်စွာဖြင့် သူ့ကို စိတ်ဝင်တစား ကြည့်နေကြပေသည်။ စုန့်တာ့ရန်က စကားစကို အမြန်လွှဲလိုက်လေသည်

"ဪ ဒါနဲ့... ကျွန်တော့်ရဲ့ ဂျူနီယာညီမလေးကို မတွေ့ပါလား"

ဝမ်မင်က ပြုံးလိုက်၏။

"ရှင့်ရဲ့ ဂျူနီယာညီမလေးက အရမ်းချောပြီး တက်ကြွလွန်းတော့ တစ်ယောက်ယောက်က အပြင်ခေါ်သွားတာ သဘာဝကျပါတယ်"

စုန့်တာ့ရန် အံ့ဩသွားလေသည်။

"ဘာ။ ဘယ်သူကလဲ"

ဝမ်မင်က ခေါင်းယမ်းလိုက်ပြီး ဆက်မပြောတော့ဘဲ စကားပြောင်းလိုက်၏။

"ရှင် ရှင့်ရဲ့လင်းအာ ဂျူနီယာညီမလေးကို တွေ့ရင် မနက်ဖြန်ကျရင် သတိထားဖို့ အသိပေးထားလိုက်တာ အကောင်းဆုံးပဲ"

ထျန်းလင်းအာအကြောင်းကို ပြောရာတွင် စုန့်တာ့ရန်သည် ဝမ်မင်နှင့် စကားပြောရသည်ကို မရှက်တော့ပေ။

သူသည် ပိုမိုလွတ်လပ်စွာဖြင့် ဆက်တိုက် ပြောဆိုနိုင်လာ၏။ သူက မျက်မှောင်ကြုတ်လိုက်လေသည်။

"မနက်ဖြန်ကျရင် ဂျူနီယာညီမလေးက ခင်ဗျားတို့ ရှောင်ကျူးတောင်ထွတ်က လုရွှယ်ချီနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတာကို ကျွန်တော် သိပါတယ်။”

“ဒါပေမဲ့ ကျွန်တော်တို့ ဆရာတွေက အချင်းချင်း ဆက်ဆံရေး အရမ်းကောင်းတာပဲလေ။ ပြဿနာ ဘာမှမရှိလောက်ပါဘူး။ တောင်ထွတ်ခုနစ်ခု ပြိုင်ပွဲဆိုတာကလည်း တစ်ယောက်နဲ့တစ်ယောက်ရဲ့ အစွမ်းကို စမ်းသပ်တာပဲလေ"

ဝမ်မင်က သူ့ကို ကြည့်ကာ ပြောလိုက်၏။

"ရှင့်ရဲ့ဆရာကတော် ဒေါ်လေးစုက ငါတို့ဆရာနဲ့ ဆက်ဆံရေးကောင်းတာ မှန်ပေမယ့် ကျမတို့ဆရာက ရှင့်ရဲ့ဆရာကို အရမ်းမုန်းတာ။ သူက အခုထိ ရှင့်ဆရာကို ငါတို့ဒေါ်လေးစုကို ခိုးယူသွားတယ်လို့ အပြစ်တင်နေတုန်းပဲ"

စုန့်တာ့ရန်က ဝမ်မင် ဆက်ပြောမည့်အချိန်ကို စောင့်နေခဲ့၏။ သို့သော် ဝမ်မင်က အခြားရှောင်ကျူးတောင်ထွတ်မှ တပည့်များကို ကြည့်လိုက်ရာ သူတို့အားလုံး တိတ်ဆိတ်နေကြသည်ကို တွေ့လိုက်ရလေသည်။ စုန့်တာ့ရန် ဇဝေဇဝါ ဖြစ်သွားပေသည်။

"ဘာဖြစ်လို့လဲ"

ဝမ်မင်က သူ့ကို ကြည့်လိုက်ပြီး ခဏမျှ တုံ့ဆိုင်းနေကာ ပြောလိုက်၏။

"စီနီယာအစ်ကိုစုန့်... ဂျူနီယာညီမလေးလုက ငါတို့နဲ့ မတူဘူး။ ဒါပေမဲ့ ဆရာက သူ့ကို တကယ်သဘောကျတယ်။ သူ စင်မြင့်ပေါ် ရောက်သွားပြီဆိုရင် ဘာမှ တပ်အပ်ပြောလို့ မရတော့ဘူး"

စုန့်တာ့ရန်၏ မျက်နှာမှာ ပြောင်းလဲသွားလေသည်။

"ဘာ"

ဝမ်မင်မှာ ရပ်တန့်သွားပြီး ဘာမှဆက်မပြောတော့ပေ။

မှတ်ချက် - ကောင်းဆိုသည်မှာ အရပ်ရှည်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဖုန့်ဟွေ့တောင်ထိပ်မှ စီနီယာအစ်ကိုကြီးမှာ အရပ်ရှည်ရှည်နှင့် စီနီယာအစ်ကိုကြီး ဖြစ်သည်...

အခန်း (၄၆) ကိုယ့်ကိုယ်ကိုယ်လေးစားမှု (၁)

"ရှောင်ဖန်း မင်းက ရှောင်ဟွေးနဲ့ ခွေးဝါကြီးကို သွားရှာမယ်ဆိုပြီး ငါ့ကို ဘာလို့ မီးဖိုချောင်ထဲ ခေါ်လာရတာလဲ"

ကျန်းရှူရှူက ကျန်းရှောင်ဖန်း၏နောက်မှ လိုက်ပါလာရင်း မီးဖိုချောင်ထဲသို့ ဝင်ရောက်လာချိန်တွင် တတွတ်တွတ် ညည်းညူနေလေသည်။

ထိုမီးဖိုချောင်မှာ တာ့ကျူးတောင်ထိပ်ရှိ မီးဖိုချောင်ထက် များစွာကျယ်ဝန်းကာ ပို၍လည်း လင်းထိန်နေ၏။ ကျန်းရှောင်ဖန်းက သေချာစွာ လိုက်လံရှာဖွေရင်း ပြောလိုက်သည်။

"မနက်တုန်းက သူတို့ကို မတွေ့ရဘူးလေ၊ ဒါကြောင့် သူတို့ ဒီမှာပဲ ရှိရမယ်လို့ ငါထင်တယ်"

ကျန်းရှူရှူက ပခုံးတွန့်လိုက်ပြီး ပြောလိုက်သည်။

"မဖြစ်နိုင်တာ၊ မျက်လုံး၃လုံးဝိညာဉ်မျောက်ကို မင်းက ဘာမှတ်နေလဲ။ သူတို့က ကောင်းကင်ဘုံက သဘာဝအတိုင်း မွေးဖွားလာတာကွ။”

“လူသားတွေထက် အများကြီး ပိုမြင့်မြတ်တယ်။ မင်းကတော့ သူ့ကို သူခိုးတစ်ကောင်၊ လောဘကြီးတဲ့ သူခိုးတစ်ကောင်အဖြစ် မြင်နေတာပဲ"

ထိုအချိန်တွင် ကျန်းရှောင်ဖန်းက မီးဖိုချောင်ထောင့်ရှိ စဉ့်အိုးကြီးနောက်ကွယ်မှ ရှောင်ဟွေးကို ဆွဲထုတ်လာသည်ကို မြင်လိုက်ရသဖြင့် ကျန်းရှူရှူမှာ မှင်တက်သွားလေသည်။

ရှောင်ဟွေးသည် လေထဲတွင် တွဲလောင်းပါလာရင်း အသံကုန် အော်ဟစ်နေ၏။ တာ့ဟွမ်ကလည်း စဉ့်အိုးကြီးနောက်မှ ထွက်လာပြီး သူတို့ကို ကြည့်ကာ ဟောင်လေတော့သည်။

ကျန်းရှောင်ဖန်းသည် ကျန်းရှူရှူကို လှည့်ကြည့်လိုက်၏။ ကျန်းရှူရှူမှာ ရယ်ရခက် ငိုရခက် ဖြစ်နေချေပြီ။

ကျန်းရှောင်ဖန်းက ရှောင်ဟွေးကို ရင်ခွင်ထဲပိုက်ထားကာ တာ့ဟွမ်ကို ဆူပူလိုက်သည်။

"ခွေးမိုက် မဟောင်နဲ့တော့။ လူတွေ မိသွားအောင် လုပ်ချင်နေတာလား"

တာ့ဟွမ်သည် သူဆိုလိုသည်ကို နားလည်သွားပုံရကာ ဟောင်နေခြင်းကို ရပ်တန့်လိုက်၏။ ထို့နောက် ရှောင်ဟွေးကို ကြည့်ကာ တအီအီ အသံပြုနေလေသည်။

ကျန်းရှောင်ဖန်းက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ အရာအားလုံး ပုံမှန်အတိုင်းပင် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ထိုသူခိုးနှစ်ကောင် ဘာမျှ မခိုးရသေးပုံပေါ်လေသည်။

သူက ရှောင်ဟွေးကိုချီကာ အပြင်သို့ အမြန်ပြေးထွက်လာခဲ့သော်လည်း တာ့ဟွမ် လိုက်မလာသည်ကို သတိပြုမိသွား၏။

ကျန်းရှောင်ဖန်း လှည့်ကြည့်လိုက်သောအခါ တာ့ဟွမ်သည် စဉ့်အိုးထဲမှ အရိုးတစ်ချောင်းကို ကိုက်ချီလာသည်ကို တွေ့လိုက်ရလေသည်။

ကျန်းရှောင်ဖန်းက ရှောင်ဟွေးကို မျက်စောင်းထိုးကြည့်လိုက်သည်။ ရှောင်ဟွေးက မျက်နှာပေါ်တွင် ရူးကြောင်ကြောင် အပြုံးတစ်ခုဖြင့် သွားဖြီးပြနေ၏။

သူတို့ဘေးတွင် ရပ်နေသော ကျန်းရှူရှူကမူ ခေါင်းကိုသာ ခါယမ်းနေလေတော့သည်။

သူတို့သည် မျောက်နှင့် ခွေးကိုခေါ်ကာ မီးဖိုချောင်ထဲမှ တိတ်တဆိတ် ခိုးထွက်လာခဲ့ကြသည်။

အကယ်၍ တစ်စုံတစ်ယောက်သာ သူတို့ကို တွေ့သွားပါက ဤအရှက်ရဖွယ်မှတ်တမ်းကို မည်သည့်အခါမျှ ဆေးကြော၍ရတော့မည် မဟုတ်ပေ။

လုံလောက်သော အကွာအဝေးသို့ ရောက်မှသာ သူတို့လည်း သက်ပြင်းချနိုင်ကြလေသည်။

ကျန်းရှောင်ဖန်းက အမောတကော အသက်ရှူရင်း ပြောလိုက်သည်။

"ဟုတ်သားပဲ၊ မင်း နောက်ထပ်တစ်ပွဲ နိုင်သွားတာကို ငါ ဂုဏ်မပြုရသေးဘူး"

ကျန်းရှူရှူက ဂရုမစိုက်ပေ။ သူ၏အကြည့်များက ရှောင်ဟွေးထံတွင်သာ စူးစိုက်နေရင်း ဆို၏။

"ဘာဖြစ်လဲ။ အစောကြီးမဟုတ်တောင် နောက်ပိုင်းကျရင် တစ်ယောက်ယောက်ကို ရှုံးမှာပဲလေ။ ရှောင်ဟွေးက ဘာလို့ ဒီလောက် ညစ်ပတ်နေရတာလဲ။ မင်း သူ့ကို ရေမချိုးပေးတာ ရက်ဘယ်လောက်ကြာပြီလဲ"

ကျန်းရှောင်ဖန်းမှာ အံ့ဩသွားလေသည်။

"တစ်ခါမှ ရေမချိုးပေးဖူးဘူး"

ကျန်းရှူရှူမှာ မေ့လဲတော့မတတ် ဖြစ်သွားကာ သူ၏နဖူးကိုသူ ပြန်ရိုက်လိုက်ရင်း ပြောလေ၏။

"မင်း... မင်း... သူ့ကို ဒီလိုမျိုး ဘယ်လိုလုပ် ဆက်ဆံရက်တာလဲ"

ဒီမျောက်က ဟိုဒီလျှောက်ပြေးနေတတ်တာပဲ၊ ရေချိုးပေးလည်း ဘယ်လိုလုပ် သန့်ရှင်းနေမှာလဲဟု ကျန်းရှောင်ဖန်းက တွေးလိုက်သည်။

သို့သော် ကျန်းရှူရှူ၏ နှလုံးနာကျင်နေပုံရသော မျက်နှာကို မြင်လိုက်ရသဖြင့် ကျန်းရှူရှူက မည်သည့်အကြောင်းပြချက်ကိုမျှ နားထောင်မည်မဟုတ်ကြောင်း သူသိလိုက်၏။

ထို့ကြောင့် ကျန်းရှောင်ဖန်းက စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"ဒါနဲ့ မနက်ဖြန်ပြိုင်ပွဲမှာ လုရွှယ်ချီရဲ့ ပြိုင်ဘက်က ငါ့စီနီယာအမ ထျန်းလင်းအာဖြစ်နေတာကို မင်း သိလား"

ကျန်းရှူရှူမှာ အံ့အားသင့်သွားသည်။

"မင်းရဲ့စီနီယာဆိုတာ ဖီးနစ်ဝိညာဥ်နဲ့ ထျန်းလင်းအာကို ပြောတာလား"

"အင်း"

ကျန်းရှောင်ဖန်းက ရှောင်ဟွေးကို ပုတ်ပေးလိုက်ရင်း ဆို၏။

"ဒီနှစ်ရက်အတွင်း လုရွှယ်ချီက တကယ်ကို အစွမ်းပြနေတာ။ စီနီယာအမအတွက် ငါ တကယ် စိုးရိမ်မိတယ်"

ကျန်းရှူရှူက ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်တယ်။ လုရွှယ်ချီရဲ့ ထျန်းယာဓား တစ်လက်တည်းနဲ့တင် အတော်လေး ကြောက်စရာကောင်းနေပြီ”

ကျန်းရှောင်ဖန်း စတင်စိုးရိမ်လာလေသည်။

"ရှူရှူ... ငါ့စီနီယာ အန္တရာယ်ရှိနိုင်မယ်လို့ မင်းထင်လား။ လုရွှယ်ချီက ပထမပွဲမှာတုန်းက သူမပြိုင်ဘက်ရဲ့ဓားကို ဖျက်ဆီးပစ်ခဲ့တာ မင်းလည်း အမြင်ပဲလေ။”

“ပြီးတော့ ဒုတိယပွဲမှာလည်း ပင်မတောင်ထွတ်က စီနီယာအကိုကြီးတောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်လို့ ကြားရတယ်"

ကျန်းရှူရှူက သူ့ကို စိုက်ကြည့်လိုက်လေသည်။

"မင်းက စိုးရိမ်လွန်နေတာပါ။ မင်းရဲ့စီနီယာ ကျင့်ကြံခြင်းက မင်းထက် အများကြီး ပိုမြင့်မှန်း ငါ မြင်နိုင်တယ်။ အဲဒီအစား မင်းကိုယ်မင်းသာ ပိုစိုးရိမ်သင့်တယ်။”

“ပြိုင်ဘက်တွေက နောက်ပိုင်းကျရင် ပိုပိုပြီး သန်မာလာလိမ့်မယ်။ မင်းပြောပုံအရဆိုရင် မင်းက ထိုက်ချိရွှမ်ချင်တာအိုရဲ့ ယွီချင်းအဆင့်သုံးကိုတောင် မရောက်သေးဘူးမလား။”

“အဲဒီအချိန်ကျရင် မင်းက တစ်ချက်တည်းနဲ့ အသတ်ခံရလိမ့်မယ်။ ဒါနဲ့ ရှောင်ဟွေးကို ငါ့ကို ပေးချီစမ်းပါ"

ကျန်းရှောင်ဖန်း ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ရှောင်ဟွေးကို သူ့ထံ ကမ်းပေးလိုက်၏။

ကျန်းရှူရှူက ဝမ်းသာအားရဖြင့် သူ၏ရင်ခွင်ထဲတွင် ပွေ့ချီထားလိုက်သည်။ ရှောင်ဟွေးကမူ မကျေနပ်သဖြင့် တကွိကွိဖြင့် အော်ဟစ်နေလေတော့သည်။

ကျန်းရှောင်ဖန်း သက်ပြင်းချလိုက်သည်။

"မင်းပြောတာ မှန်ပါတယ်။ စီနီယာရဲ့ ကျင့်ကြံခြင်းက အလွန်မြင့်မားတယ်။ သူက လှလည်းလှတယ်။”

“လူတွေအများကြီးက သူမကို သဘောကျကြတာ။ ငါက သူ့အတွက် စိုးရိမ်ပေးဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျန်းရှူရှူက ရှောင်ဟွေးကို တင်းကျပ်စွာ ပွေ့ဖက်ထား၏။ သူ၏အကြည့်များက ရှောင်ဟွေးထံတွင်သာ စူးစိုက်နေလေသည်။

တစ်စက္ကန့်မျှ အကြည့်လွှဲလိုက်လျှင်ပင် ကြီးမားသော ဆုံးရှုံးမှုတစ်ခုကို ခံစားရမည့်အလားပင်။ သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်း အဲဒါကို နားလည်တာ ကောင်းပါတယ်။ မနက်ဖြန် မင်းကိုယ်မင်း ဘယ်လိုကယ်တင်ရမလဲဆိုတာကိုပဲ အာရုံစိုက်သင့်တယ်။”

“မင်းကို ငါ ပြောမယ်။ မနက်ဖြန် မင်းရင်ဆိုင်ရမယ့် ပြိုင်ဘက်က ငါတို့ ဖုန့်ဟွေ့တောင်ထိပ်က စီနီယာအကိုကြီး ဖုန်ချန်းပဲ။ သူ့ကျင့်ကြံခြင်းက ချူယွီဟုန်နဲ့ ယှဉ်လို့ရမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။”

“အထူးသဖြင့် သူ့ရဲ့ ဝူဂိုဓားက နှစ်ထောင်ချီ သက်တမ်းရှိတဲ့ မီးတောက်ကြေးနီနဲ့ သွန်းလုပ်ထားတာ။ အရမ်းကို အစွမ်းထက်တယ်"

ကျန်းရှောင်ဖန်းက မျက်မှောင်ကြုတ်လိုက်ရင်း ပြောလေသည်။

"မင်းတို့အကုန်လုံးမှာ အရမ်းကောင်းတဲ့ မှော်ရတနာတွေ ရှိကြတာပဲ။ အဲဒီတော့ ငါက ဘာလုပ်နိုင်မှာလဲ"

ကျန်းရှူရှူ၏ မျက်လုံးများက ရှောင်ဟွေးထံတွင်သာ ရှိနေဆဲဖြစ်သည်။ သူက လျှောက်သွားရင်း ပြောလိုက်၏။

"ရှောင်ဟွေး... ငါနဲ့ လိုက်ခဲ့လေ။ ငါ မင်းကို ငှက်ပျောသီး ကျွေးမယ်... ကောင်းလား။ အင်း... ရှောင်ဖန်း... မင်း ဘာပြောလိုက်တာလဲ"

ကျန်းရှောင်ဖန်းက သူနှင့်အတူ လျှောက်လာရင်း သက်ပြင်းချကာ ဆိုသည်။

"မင်းတို့ မှော်ရတနာတွေကို အသုံးပြုနိုင်တာကို ငါ တကယ် အားကျမိတယ်။ အဲဒါက ဘယ်လိုခံစားရလဲ"

ကျန်းရှူရှူက ပခုံးတွန့်လိုက်လေ၏။

"အတူတူပါပဲ။ မင်းက အချိန်အကြာကြီး အသုံးပြုပြီးသွားရင် မှော်ရတနာက မင်းကို သဘာဝအတိုင်း တုံ့ပြန်မှုတချို့ ရှိလာလိမ့်မယ်။”

“အဲဒီအခါကျရင် မင်းရဲ့ မှော်ရတနာကို ထိန်းချုပ်ဖို့ စိတ်ကို အသုံးပြုလို့ရပြီ။ မင်း ဘယ်သွားသွား သူက လိုက်လာလိမ့်မယ်"

ကျန်းရှောင်ဖန်း အနည်းငယ် အံ့ဩသွားကာ မေးလိုက်သည်။

"တုံ့ပြန်မှုဆိုတာ အေးစက်စက် ခံစားချက်မျိုးလား"

ကျန်းရှူရှူက ရှောင်ဟွေးကို ကြည့်နေရင်း ဖြေလိုက်၏။

"အမြဲတမ်းတော့ မဟုတ်ပါဘူး။ မင်းရဲ့ မှော်ရတနာ ပါဝင်ပစ္စည်းအပေါ်မှာ မူတည်တယ်"

ကျန်းရှောင်ဖန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါယမ်းကာ သူ၏စိတ်ထဲရှိ အတွေးကို ဖယ်ရှားလိုက်ရင်း ပြောလေသည်။

"ရှူရှူ... ထျန်းယာဓားလို နတ်ဘုရားလက်နက်မျိုးကို သူတို့ ဘယ်လိုများ သွန်းလုပ်ခဲ့ကြတာလဲ။ မြင်ကွင်းက တကယ်ကို ခမ်းနားကြီးကျယ်မှာပဲနော်"

ကျန်းရှူရှူက ကျန်းရှောင်ဖန်းကို ကြည့်ကာ ပြန်ဖြေလိုက်၏။

"ငါက ဘယ်လိုလုပ် သိမှာလဲ။ ဒဏ္ဍာရီလာ မှော်ရတနာကို ငါမြင်ဖူးတာလည်း ဒါက ပထမဆုံးအကြိမ်ပဲလေ"

ထို့နောက် သူက ခေါင်းငုံ့ကာ ရှောင်ဟွေးကို ကြည့်လိုက်သည်။ ရှောင်ဟွေး၏ ဒေါသထွက်နေသော မျက်နှာကို ဂရုမစိုက်ဘဲ သူက ၎င်း၏အမွေးများကို ပွတ်သပ်ပေးလိုက်၏။ သူက ဆက်ပြောလေသည်။

"ဒါပေမဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး ရှေးဟောင်းစာအုပ်တစ်အုပ်ထဲမှာ ငါ ဖတ်ဖူးတယ်။ ကျင့်ကြံသူရဲ့ နှလုံးသားနဲ့ အမှန်တကယ် ချိတ်ဆက်နိုင်တဲ့ မှော်ရတနာဆိုတာ ကောင်းကင်ဘုံက နတ်ဘုရားအဆင့် မှော်ရတနာမျိုး မဟုတ်ဘူး"

ကျန်းရှောင်ဖန်း အံ့အားသင့်သွားသည်။

"အဲဒါက ဘာလဲ"

ကျန်းရှူရှူက ပြောလေ၏။

"အဲဒါက သွန်းလုပ်နေချိန်မှာ ပိုင်ရှင်ရဲ့ သွေးကို ထည့်သွင်းထားတဲ့ မှော်ရတနာမျိုးပဲ။ ပါဝင်ပစ္စည်းတွေကို ပေါင်းစပ်ဖို့ သွေးကို အသုံးပြုရတာ။”

“အဲဒီ မှော်ရတနာမှာ များသောအားဖြင့် မိစ္ဆာစွမ်းအင်နဲ့ မိစ္ဆာချီတွေ ပါဝင်လေ့ရှိတယ်။ ဒါပေမဲ့ အဲဒါက ပိုင်ရှင်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလို ဖြစ်သွားတာ။”

“ဒီနည်းလမ်းက မိစ္ဆာလမ်းစဉ်ဖြစ်တယ်လို့ စာအုပ်ထဲမှာ ရေးထားပေမဲ့၊ သွန်းလုပ်လိုက်တဲ့ မိစ္ဆာရတနာတွေကို လမ်းမှန်ဂိုဏ်းဘက်က လက်မခံကြဘူး။”

“ဒါပေမဲ့ ဒီလိုမှော်ရတနာမျိုးတွေကို ပိုင်ရှင်ရဲ့ သွေးပါဝင်တဲ့ သူကလွဲရင် တခြားဘယ်သူမှ အသုံးပြုလို့မရဘူး။”

“ငါတို့ရဲ့ မှော်ရတနာတွေလို ကျင့်ကြံခြင်းပိုမြင့်တဲ့ အကြီးအကဲတွေဆီ အညံ့ခံသွားတာမျိုး မဟုတ်ဘူးလေ"

ကျန်းရှူရှူက ခြေလှမ်းရပ်လိုက်ချိန်တွင် သူ၏ဘေး၌ မည်သူမျှ မရှိတော့သည်ကို သတိပြုမိသွား၏။ သူက လှည့်ကြည့်လိုက်ရာ ကျန်းရှောင်ဖန်း ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူသည် အတွေးရေယာဉ်ကြောထဲ နစ်မြောနေပြီး သူ၏အမူအရာမှာ ထူးဆန်းနေလေသည်။

ကျန်းရှူရှူမှာ အူကြောင်ကြောင်ဖြစ်သွားသည်။

"ဘာဖြစ်လို့လဲ ရှောင်ဖန်း"

ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး အတင်းပြုံးပြလိုက်လေ၏။

"ဘာ... ဘာမှမဖြစ်ပါဘူး"

ကျန်းရှူရှူက သူ့ကို ကြည့်လိုက်ပြီး ပြိုင်ပွဲအတွက် စိုးရိမ်နေသည်ဟု ထင်မှတ်သွားလေသည်။ သူက ကျန်းရှောင်ဖန်းအနီးသို့ သွားကာ ပြုံးပြီး ပခုံးကို ပုတ်ပေးလိုက်သည်။

"စိတ်ချလက်ချသာနေပါ။ စီနီယာအကိုကြီးဖုန်ချန်းနဲ့ ငါ စကားပြောထားပြီးပြီ။”

“မနက်ဖြန်ပြိုင်ပွဲမှာ သူက မင်းကို အခက်တွေ့အောင် လုပ်မှာမဟုတ်ဘူး။ ပြီးတော့ အရမ်းကြီး အရှက်တကွဲ မရှုံးစေရဘူးလေ။ ဒါမှ မင်းရဲ့ဆရာက မင်းကို စိတ်မဆိုးမှာ"

ကျန်းရှောင်ဖန်းမှာ စိတ်လွင့်နေဆဲဖြစ်သော်လည်း ခေါင်းညိတ်ပြလိုက်၏။

"အို... ကျေးဇူးပါပဲ"

သူတို့ ဆက်လျှောက်လာခဲ့ကြသည်။ ကျန်းရှူရှူက ရှောင်ဟွေးကို ကြည့်ရသည်နှင့် အလုပ်ရှုပ်နေ၏။

ကျန်းရှောင်ဖန်း၏ စိတ်ထဲတွင်မူ အတွေးများ ပြည့်နှက်နေကာ မည်သည့်စကားမှ မဆိုချေ။

အချိန်အနည်းငယ် ကြာပြီးနောက် ရှောင်ဟွေးက ကျန်းရှူရှူကို ဆက်လက်သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်ကာ ကျန်းရှူရှူ၏ မျက်နှာကို ကုတ်ဆွဲလိုက်လေတော့သည်။

ကျန်းရှူရှူက ရှောင်ဟွေး လိမ္မာနေသည်ဟု ထင်မှတ်ကာ သတိလက်လွတ်နေသဖြင့် ဤတစ်ကြိမ်တွင် သူ မရှောင်တိမ်းနိုင်ခဲ့ပေ။

သူ၏မျက်နှာပေါ်တွင် ကုတ်ရာအနည်းငယ် ထင်ကျန်ရစ်ခဲ့ပြီး နာကျင်လွန်းလှသဖြင့် ရှောင်ဟွေးကို လွှတ်ချလိုက်ရလေသည်။

All Chapters