ငါ့အတွက် ထွေးထုတ်လိုက်
Vol. 94 Ch. 932
သူတို့သည် မသေမျိုးတစ်ပါးကွပ်မျက်ခံရမည့် မြင်ကွင်းကိုမြင်တွေ့ရလိမ့်မည်ဟု အမှန်တကယ်လည်း မျှော်လင့်ထားခဲ့ကြ၏။
သို့သော် မြင်ကွင်းက ဤမျှသွေးထွက်သံယိုဖြစ်ကာ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူတို့ အမှန်တကယ် မထင်မှတ်ထားခဲ့ကြပေ။ မသေမျိုးဆိုသူများက ရှန်းယီ၏လက်ထဲတွင် ဝက်များ၊ ခွေးများလောက်ပင် တန်ဖိုးရှိမရှိခဲ့ပေ။
မျှော်လင့်ချက် နှင့် လက်တွေ့ကြား ဤကြီးမားလှသောကွာဟချက်က အလွန်နက်ရှိုင်းလှသဖြင့် နောက်ထပ်နှစ်တစ်သောင်းကြာသည့်တိုင် သူတို့၏စိတ်ထဲတွင် နက်ရှိုင်းစွာစွဲထင်နေဦးမည်။
နန်ယန်ဂိုဏ်းမှ ကျင့်ကြံသူများသာလျှင် အပြုံးအရိပ်အယောင်တစ်ခုကိုဖြည်းညှင်းစွာထုတ်ဖော်လာခဲ့ကြ၏။
၎င်းတို့က ရှန်းယီကို အလွန်ကောင်းစွာနားလည်ထားကြသည်။
သူသည် မသေမျိုးရှန်းဖြစ်စေ၊ အရှင်သခင်ရှန်းဖြစ်စေ၊ ဂိုဏ်းချုပ်ရှန်းဖြစ်စေ၊ နတ်ဆိုးများနှင့် မိစ္ဆာများကိုနှိမ်နင်းရာတွင် ပုံမှန်အားဖြင့် ရလဒ်ကိုသာဂရုစိုက်လေ့ရှိပြီး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ မည်သည့်အခါမျှ ဂရုမစိုက်တတ်ချေ။
ပြတ်သားပြီး နှောင့်နှေးကြန့်ကြာမှုမရှိပေ။
သို့သော် ယခုအခါတွင် သိသာထင်ရှားစွာပင် စိတ်ခံစားမှုပါဝင်လာခဲ့ပြီဖြစ်သည်။ စိတ်ခံစားမှု ရှိခြင်းက ကောင်းမွန်ပေသည်။ ယင်းက သူသည် ဟုန်ကျယ်၏အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လျှင်ပင် သူကပြောင်းလဲသော ထိုရှန်းယီသာဖြစ်နေဆဲဖြစ်ကြောင်း အဓိပ္ပာယ်ရလေ၏။
"ဟူး။"
မင်းသား ကျစ်ယန်က ယခုအခါလစ်ဟာနေပြီဖြစ်သော နဂါးရစ်ခွေတိုင်ကို ရှုပ်ထွေးသောခံစားချက်များဖြင့် ကြည့်ရှုနေခဲ့သည်။
ကြီးမားလှသောမတရားမှုကို လက်စားချေနိုင်ခဲ့သော်လည်း ကျေနပ်မှုထက်ပို၍၊ ထိုနက်နဲသောနောင်တတရားကိုမူ ဖယ်ရှားပစ်ရန်မဖြစ်နိုင်ခဲ့ပေ။
သူက ခန်းမကြီးထဲသို့လှမ်းဝင်သွားပြီး လူအုပ်ကြီးကိုလက်ယှက်ကာအရိုအသေပေးပြီးနောက် ခန်းမတံခါးများကိုပိတ်ပစ်လိုက်သည်။
ခန်းမကြီးက နောက်တစ်ကြိမ်မှောင်မိုက်သွားပြီး အတွင်း၌ပုံရိပ်သုံးခုသာ ကျန်ရစ်ခဲ့၏။
မင်းသား ကျစ်ယန်က ပထမဦးစွာ ရွှေရောင်ခန္ဓာကိုယ်အား ဦးညွှတ်လိုက်၏။
"မျိုးဆက်သစ်က ကမ္မကုသိုလ်မသေမျိုးကို အရိုအသေပေးပါတယ်။"
ထို့နောက် သူက ရှန်းယီ၏ဘေးသို့ ရွှေ့သွားကာ သူ၏ရှေ့ရှိ လူငယ်ကို အချိန်အတော်ကြာထပ်မံ ကြည့်ရှုလိုက်ပါသည်။
ထို့နောက် သူက အသက်ပြင်းပြင်းရှူလိုက်ပြီး "ဂိုဏ်းချုပ်ရှန်း၊အခု ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ။"
...
၎င်းကို ကြားသောအခါ ရှန်းယီက ခန်းမကြီးကို အကြည့်တစ်ချက်ဝေ့ဝဲလိုက်ပြီး အချိန်အတော်ကြာတိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူ၏ဝတ်ကရုံလက်အိုးထဲမှ ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးကို ထုတ်ယူလိုက်ကာအတွင်း၌တိုက်ခိုက်နေသော ပုံရိပ်ယောင်များကို စိုက်ကြည့်ရင်း ခေါင်းခါလိုက်၏။
"ငါ မသိဘူး။"
အချို့လူများက သူ့ကို မသေမျိုးဝင်စားသည်ဟု ထင်ကြပြီး၊ အချို့ကလည်း နတ်ဆိုးမိစ္ဆာများ၏ အရှင်သခင်ဟု ယုံကြည်ကြသည်။
သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်က သူသည် သာမန်ရဲမက်တစ်ဦးသာဖြစ်ခဲ့ကြောင်း ရှန်းယီ တစ်ယောက်တည်းသာ သူ့နှလုံးသား၏နက်ရှိုင်းရာထဲတွင် သိရှိပေသည်။ လမ်းတစ်လျှောက်တွင် အချို့သောနားလည်သဘောပေါက်မှုများ ရရှိခဲ့သော်လည်း သူ၏အသိပညာမှာ အလွန်တိမ်ကောနေဆဲပင်။
ရတနာနယ်မြေမှထွက်လာရင်း မသေမျိုးတစ်ပါးကို အောင်မြင်စွာကွပ်မျက်နိုင်ခဲ့ခြင်းကပင် သူ့ကို လုံးဝ အင်အားကုန်ခမ်းသွားစေခဲ့ပြီဖြစ်သည်။
အခြားသူများစိတ်ကူးထားသကဲ့သို့ပါးနပ်ပြီး အရာအားလုံးကို ထိန်းချုပ်ထားနိုင်မည့် အနေအထားမျိုးကို သူ မည်သို့ဖြည့်ဆည်းပေးနိုင်မည်နည်း။
"မင်းအတွက် လမ်းနှစ်သွယ်ကို ငါစဉ်းစားထားတယ်။ မင်း စဉ်းစားကြည့်လို့ ရပါတယ်။"
မင်းသား ကျစ်ယန်က ဤအရာကို မျှော်လင့်ထားပုံရသည်။ ရှန်းယီက ရှီယန်အား မည်သို့ကိုင်တွယ်ခဲ့သည်ကိုမြင်တွေ့ပြီးနောက်မှသာ၊ ငယ်ရွယ်သော အသွင်အပြင်အောက်တွင် အိုမင်းသောဝိညာဉ်တစ်ခု ပုန်းအောင်းမနေကြောင်း သူ နောက်ဆုံးတွင် နားလည်သွားခဲ့၏။
ဤလူက အမှန်တကယ်ပင် ခွန်အားများဖြင့်ပြည့်ဝနေသောလူငယ်တစ်ဦးသာဖြစ်ပြီး အခြားသူများထက် ပို၍စိတ်ရှည်ကာ သည်းခံနိုင်စွမ်းရှိခြင်းသာ ဖြစ်သည်။
"ပထမလမ်းက... မသေမျိုးခုံရုံးကို အမှန်အတိုင်းသတင်းပို့ပြီး တရားစီရင်မှုကိုစောင့်ဆိုင်းဖို့ပဲ။"
မင်းသား ကျစ်ယန်က အံကိုတင်းတင်းကြိတ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ရှိနေခဲ့၏။ ဤသည်မှာ ရှန်းယီကို လောကကြီးတွင်ဂုဏ်သိက္ခာရှိရှိ ဆက်လက် လျှောက်လှမ်းခွင့်ပေးမည့် တစ်ခုတည်းသော နည်းလမ်းပင်။
"ရှီယန်ရဲ့စီမံခန့်ခွဲမှုအလွဲအမှားတွေက အမှန်တကယ်ပဲအပြစ်တစ်ခုဖြစ်ပြီး၊ သူက ကမ္မကုသိုလ်မသေမျိုးကိုတောင် တိုက်ခိုက်ခဲ့သေးတယ်။ သူ့ကို သတ်လိုက်တာက ယုတ္တိတန်ပြီးတရားမျှတပါတယ်။ အဲဒီမှာ ဘာအမှားမှ မရှိပါဘူး။"
"မသေမျိုးခုံရုံးက အကြောင်းပြချက် မရှိတာ မဟုတ်ပါဘူး၊သူတို့က သေချာပေါက်... သက်ညှာပေးလိမ့်မယ်။"
"လူသတ်မှုအပြစ်ကို ဆေးကြောပြီးတာနဲ့၊ မင်းရဲ့အရည်အချင်းနဲ့ စိတ်နေသဘောထားကြောင့် မင်းကို ဂိုဏ်းသုံးဂိုဏ်းက သေချာပေါက်တန်ဖိုးထားလိမ့်မယ်။ပြီးတော့ မင်းရဲ့အနာဂတ်ကလည်း အကန့်အသတ်မရှိ ဖြစ်လာလိမ့်မယ်။"
ဤအချိန်တွင် မင်းသား ကျစ်ယန်က သိသာထင်ရှားစွာစိတ်လှုပ်ရှားနေခဲ့၏။
သို့သော် သေချာစွာနားထောင်ပြီးနောက် ရှန်းယီက သူ၏လက်ထဲရှိ မသေမျိုးတံဆိပ်တုံးနှင့် ၎င်းအတွင်းရှိ နတ်ဆိုးပုံရိပ်ယောင်သုံးခုကို ကြည့်လိုက်ပြီး ဖြည်းညှင်းစွာလှည့်လိုက်ကာ သူ၏အမူအရာတွင် ခံစားချက်များရှုပ်ထွေးနေခဲ့သည်။
"ဒါဆို ဒုတိယလမ်းကရော။"
နတ်ဆိုးတစ်သောင်းခန်းမမှ ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးကို ခိုးယူမှုနှင့် နှိုင်းယှဉ်လျှင်၊ မသေမျိုးတစ်ပါးကို ကွပ်မျက်ခြင်း သို့မဟုတ် မြောက်ပိုင်းဟုန်မှသတ္တဝါများကို သတ်ဖြတ်ခြင်းက ဘာများဖြစ်မည်နည်း။
ထိုအရာများသည် အမှန်တကယ်ပင် အသေးအဖွဲ ပြဿနာများသာဖြစ်သည်။
ပထမလမ်းကို သွားရန်မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သို့သော် မသေမျိုးခုံရုံးက တံဆိပ်တုံးကိုစစ်ဆေးသည့်အခါ သူလှည့်စားကျော်ဖြတ်နိုင်မည့် မည်သည့် ဆင်ခြေကိုမှ သူအမှန်တကယ် စဉ်းစား၍ မရနိုင်ခဲ့ပေ။
အကယ်၍ အမှန်တရားပေါ်ပေါက်လာပါက သူ၏အသက်တစ်ချောင်းတည်းသာ အန္တရာယ်ရှိမည် မဟုတ်ပေ။
သူ နှင့် ပတ်သက်နေသူ မည်သူမျှလွတ်မြောက်နိုင်ဖွယ် မရှိပေ။
ဟူး..
မည်မျှပင် ထူးဆန်းလိုက်သနည်း။ သူက မကောင်းသောရည်ရွယ်ချက်များကို မည်သည့်အခါကမျှမမွေးမြူခဲ့ဖူးသော်လည်း၊ သူ ပိုမိုတိုးတက်လာလေလေ၊ မသေမျိုးဘိုးဘေးတစ်ဦးဖြစ်လာရန်နှင့် ပိုမိုဝေးကွာသွားလေလေဖြစ်နေပုံရလေ၏။
ရှန်းယီ၏စကားကို ကြားလျှင် မင်းသား ကျစ်ယန်၏မျက်လုံးများထဲမှ စိတ်လှုပ်ရှားမှုများမှာ ဖြည်းညှင်းစွာ မှေးမှိန်သွားခဲ့သည်။ သူက အချိန်အတော်ကြာစဉ်းစားနေခဲ့ပြီးနောက် ရုတ်တရက် အံကိုတင်းတင်းကြိတ်ကာ အသံကိုနှိမ့်လိုက်၏။
"ကျေးဇူးပြုပြီး ဒီကမ္မကုသိုလ်မသေမျိုးကိုအခြေအနေသွားရောက်စစ်ဆေးဖို့ တက်သွားခိုင်းပါ။ပြီးတော့ မင်းက မသေမျိုးခုံရုံးရဲ့စောင့်ကြည့်မှုကိုရှောင်ရှားဖို့ နတ်ဘုရားမင်းဆက်တွေဆီကို သွားပါ။ကိစ္စမပေါ်ခင် ဂိုဏ်းသုံးဂိုဏ်းထဲကိုကြိုတင်စိမ့်ဝင်ရောက်ပြီး မသေမျိုးမိသားစုတွေကြားမှာ ဒီကိစ္စကိုဖိနှိပ်ထားနိုင်တဲ့ အဆင့်အထိတက်လှမ်းပါ။"
၎င်းကိုကြားသောအခါ ရှန်းယီက အနည်းငယ် အံ့သြစွာဖြင့် လှည့်ကြည့်လိုက်၏။
မင်းသား ကျစ်ယန်၏ဖခင်သည်လည်း အလားတူ လုပ်ကြံမှုများအောက်တွင် သေဆုံးခဲ့ရကြောင်း သိထားသင့်ပေသည်။ ကျောက်စိမ်းချိပ်ကိစ္စကြောင့်သာ ရှီယန်အခွင့်အရေး ရခဲ့ခြင်းဖြစ်သည်။
"ဂိုဏ်းသုံးဂိုဏ်း ဆိုတာ ဘာလဲ။"
မင်းသား ကျစ်ယန်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏မျက်လုံးများထဲတွင် တောင့်တမှု အရိပ်အယောင်များရှိနေခဲ့၏။
"အစစ်အမှန်နတ်ဘုရားဂိုဏ်း ၊ မသေမျိုးသုံးပါးဂိုဏ်း ၊ နဲ့ ဗောဓိဂိုဏ်းတို့ဟာ မိုး နဲ့ မြေကို အုပ်ချုပ်ဖို့အတွက် မသေမျိုးခုံရုံးကို အတူတကွဖန်တီးခဲ့ကြတယ်။ဒါကို ဂိုဏ်းသုံးဂိုဏ်းရဲ့ပူးတွဲအုပ်ချုပ်မှုလို့ လူသိများတယ်။"
"တကယ်လို့ ဂိုဏ်းတစ်ခုခုရဲ့အင်အားစုတွေက တပည့်အဖြစ် လက်ခံခြင်းခံလိုက်ရမယ်ဆိုရင်၊မင်းဟာ ပုံမှန်လမ်းကြောင်းတွေကို ကျော်ဖြတ်ပြီး မသေမျိုးခုံရုံးထဲကို တိုက်ရိုက်ရောက်သွားနိုင်တယ်။ ပြီးတော့ ဆရာတစ်ယောက်ရဲ့လမ်းညွှန်မှုနဲ့ဆိုရင် ဒီပြဿနာက သဘာဝကျကျဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။"
"ဒါပေမဲ့ မင်း မြန်မြန်လုပ်မှရမယ်။"
မင်းသား ကျစ်ယန်က အသက်ရှူမဝသကဲ့သို့ဖြစ်နေခဲ့သည်။
"ရှီယန်က မသေမျိုးခုံရုံးနဲ့ပုံမှန်အားဖြင့် ဘယ်လို ဆက်ဆံမှုမျိုးရှိတယ်ဆိုတာ မင်းမသိဘူး။ သူ့မှာ မိဘတွေ မရှိပေမဲ့၊သူ့မှာ ဦးလေးတချို့ ရှိနေသေးတယ်..."
အကယ်၍ ရှန်းယီက နန်ယန်ရတနာမြေမှ ထွက်ပေါ်လာပြီးနောက်ပိုင်း အလွန်ကြောက်မက်ဖွယ်ကောင်းသောတိုးတက်မှုကို မကြုံတွေ့ခဲ့ရပါက၊ မင်းသား ကျစ်ယန်က ဒုတိယလမ်းကိုအကြံပင်ပြုမည် မဟုတ်ပေ။
သို့သော် ရှန်းယီသာအမှန်တကယ်အောင်မြင်ခဲ့မည်ဆိုလျှင်...
သူ၏နှုတ်ခမ်းများမှာ အနည်းငယ်တုန်ရီသွားပြီး ရုတ်တရက်မြေပြင်ပေါ်တွင် ဒူးထောက်ကာ ရှန်းယီအား နက်ရှိုင်းစွာဦးညွှတ်လိုက်၏။
"ကျွန်တော်က ဂိုဏ်းချုပ်ရှန်းနဲ့အတူ ဟုန်ကျယ်ကနေထွက်ခွာပြီး ကျွန်တော့်အဖေရဲ့နတ်စိတ်ဝိညာဉ်ကို ကယ်တင်ချင်ပါတယ်။ဂိုဏ်းချုပ်ရှန်းဆီက စကားတစ်ခွန်းတည်းနဲ့အရှေ့နန်းတော် တစ်ခုလုံးအပြင် နတ်ဘုရားနယ်မြေတွေထဲက ကျွန်တော့်အဖေရဲ့မိတ်ဆွေဟောင်းတွေပါ ဂိုဏ်းချုပ်ရှန်းရဲ့ အထောက်အပံ့ဖြစ်လာနိုင်ပါတယ်။"
"ဂိုဏ်းသုံးဂိုဏ်းကိုဝင်ရောက်ပြီးတဲ့နောက်... တကယ်လို့ ကျစ်ယန်က အဖေကို မကယ်တင်နိုင်ခဲ့ဘူးဆိုရင်တောင်မှ၊ သူ့ကိုယ်စားကောင်းကောင်းမွန်မွန်ပြောဆိုပေးပြီး သူ့ရဲ့ထာဝရ ဒုက္ခတွေကနေ လွတ်မြောက်အောင်ကူညီပေးဖို့ ဂိုဏ်းချုပ်ရှန်းကို တောင်းပန်ပါတယ်။"
စကားမဆုံးမီမှာပင် အရှေ့နဂါးနန်းတော်၏ အိမ်ရှေ့မင်းသားက သူ၏မျက်ရည်များကို မထိန်းချုပ်ထားနိုင်တော့ပေ။
(မသေမျိုးနယ်မြေကို နတ်ဘုရားနယ်မြေလို့ပြောင်းသွားပါမယ်နော်၊)