← Chapters

ဟုန်ကျယ်၏အရှင်သခင်

Vol. 94 Ch. 933

ဟုန်ကျယ်၏အရှင်သခင်

Vol. 94 Ch. 933

ချင်းဟွာက မင်းသား ကျစ်ယန်ကို စံအိမ်တံခါးဝအထိလိုက်ပို့ပြီးနောက် တံခါးများကို ပြန်ပိတ်လိုက်သည်။

ရှန်းယီက တင်ပျဉ်ခွေထိုင်နေပြီး သူ၏မျက်လုံးများမှာ နက်နဲသောအလင်းရောင်များဖြင့် တောက်ပနေခဲ့၏။

အရိုးသားဆုံးပြောရလျှင် ဤလမ်းနှစ်သွယ်စလုံးမှာ သူ့အတွက် ယုံကြည်စိတ်ချရပုံမပေါ်သည်မှာသေချာ၏။

မသေမျိုးခုံရုံးသို့ ပြန်လည်သတင်းပို့ခြင်းက ဖြစ်နိုင်ခြေမရှိပေ။ မသေမျိုးတံဆိပ်တုံးကိစ္စကို ဘေးဖယ်ထားလျှင်ပင်၊ ရှန်းယီက သူ၏အသက်ကို အခြားသူများ၏ဆုံးဖြတ်ချက်များအပေါ် ပုံအပ်ထားရမည့်သူ မဟုတ်ချေ။

ထို့အပြင် သူက မသေမျိုးခုံရုံး၏အခြေအနေနှင့် ပတ်သက်၍ အရိပ်အမြွက်လေးအနည်းငယ်ပင် သိရှိထားခြင်းမရှိခဲ့ပါဘူး။

ရှီယန်၏ဦးလေးများတွင် အစစ်အမှန် အာဏာမည်မျှရှိသနည်း၊ သူတို့ စရိုက်လက္ခဏာက မည်သို့ရှိသနည်း၊ထို့ပြင် မသေမျိုးတစ်ပါးအား မျက်နှာလိုမျက်နှာရလုပ်ထားသော ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူရော ဤကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခွင့် ရှိနေမည်လော။

မည်သည့်အရာမှမသိဘဲနေခြင်းက သေလမ်းရှာခြင်းနှင့် ဘာများကွာခြားသွားမည်နည်း။

ထွက်ပြေးပြီး ဂိုဏ်းသုံးဂိုဏ်းမှ မသေမျိုးတစ်ပါး ဖြစ်လာရန် ကိစ္စနှင့် ပတ်သက်၍ကမူ

ရှန်းယီက ၎င်းက သူ၏စရိုက်လက္ခဏာ အားနည်းချက်တစ်ခုဖြစ်ကောင်းဖြစ်နိုင်သည်ဟု ခံစားရသော်လည်း၊ ကျစ်ယန် နှင့် အရှေ့နဂါးဘုရင်တို့သည် ကိစ္စရပ်များကိုအလွန်ရိုးရှင်းလွန်းသည်ဟုထင်မြင်နေကြကြောင်း သူ အမြဲတစေတွေးခဲ့မိသည်။

သေချာပေါက်အရည်အချင်းများအကြောင်း ပြောရလျှင် သူသည် မသေမျိုးမြို့တော်ငါးခု ဖွင့်လှစ်ကာအခြေခံအုတ်မြစ်များကိုတည်ဆောက်ထားပြီး ဟုန်ကျယ်၏ထိပ်ဆုံးအဆင့်ရှိနေသော ပြိုင်ဘက်ကင်းတစ်ဦးတည်းသောတည်ရှိမှုမျိုး ဖြစ်ပေသည်။

သို့သော် အခြေခံအုတ်မြစ်မှလွဲ၍ ကျင့်ကြံသူများက နားလည်သဘောပေါက်နိုင်စွမ်းကိုရော တန်ဖိုးမထားကြဘူးလော။

ထိုမသေမျိုးများက ပေါ့ပေါ့ပါးပါးမေးခွန်းအနည်းငယ်မေးလိုက်လျှင်ပင် သူဟန်ဆောင်ထားသမျှအလွယ်တကူပေါ်သွားရန် အလွန်အလွယ်ကူနေသည်။

တစ်စုံတစ်ယောက်က သူ့ကို ကျင့်ကြံခြင်းနည်းစနစ် ကို ပြသလိုက်ရုံဖြင့် အစပိုင်းတွင် သူဘာမှမသိသော်လည်း၊မှော်မန္တန်လက်ထဲရောက်သည်နှင့် တစ်ကြိမ်ကျင့်ကြံလိုက်ရုံဖြင့် သူသိသွားမည်ဆိုလျှင်... အလွန်ကောင်းမွန်သည့်အရာဖြစ်သော်လည်း၊ ထိုမသေမျိုးများက သူ့ကိုပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်မည့်အစား၊ အသေအချာစစ်ဆေးမေးမြန်းခြင်း နှင့် အရေခွံခွာကာစိတ်ဝိညာဉ်ရှာဖွေရန်သာ ပိုများပေလိမ့်မည်။

"အရမ်းခက်တယ်"

ရှန်းယီ ဖြည်းညှင်းစွာသက်ပြင်းချလိုက်၏။ ရှီယန်၏ပိတ်ဆို့မှုအောက်တွင် ဟုန်ကျယ်က ပြင်ပကမ္ဘာနှင့်ပတ်သက်၍ လုံးဝအမှောင်ကျနေခဲ့သည်။

ခရီးများစွာသွားလာဖူးသော အရှေ့နဂါးဘုရင်ကလည်းကွပ်မျက်ခံခဲ့ရပြီး သူ၏နဂါးဝိညာဉ်ပင်လျှင် မှော်ရတနာများဖြင့် ချုပ်နှောင်ခံရကာ ကောင်းကင်ဘုံသို့ တိုက်ရိုက်ပို့ဆောင်ခံခဲ့ရ၏။

စိမ်းနုရောင်ဝတ်ရုံဝတ်ဆင်ထားသော ထိုအဘိုးအိုကိုတွေးမိရင်း ရှန်းယီ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

အသိမိတ်ဆွေဟောင်းများ မဟုတ်သော်လည်း နဂါးဘုရင်အိုကြီးက သူစိမ်းတစ်ယောက်အတွက် စိတ်ရောကိုယ်ပါနှစ်မြှုပ်ကာ စဉ်းစားပေးခဲ့ကြောင်းကို သူ၏အသက်နှင့် ရင်း၍အမှန်တကယ်ပင် သက်သေပြခဲ့၏။

ပွင့်ပွင့်လင်းလင်းပြောရလျှင် နဂါးတံဆိပ်တုံးမှာ သူ၏လက်ထဲသို့ ရောက်နေပြီဖြစ်သည်။

နဂါးဘုရင်အိုကြီးက သူ၏တာအိုနယ်ပယ်အင်အားဖြင့်ဆိုလျှင် နန်ယန်၏ဤလူငယ်ဂိုဏ်းချုပ်လေးက မည်သို့သောလှိုင်းလုံးများကို ဖန်တီးနိုင်မည်ကို စောင့်ကြည့်ရန်၊ မသေမျိုးများ၏အခြေအနေကို လေ့လာရန်နှင့် ထို့နောက်မှ ဆုံးဖြတ်ချက်ချရန် ပုန်းအောင်းနေနိုင်ခဲ့သည်။

ထိုကဲ့သို့ရည်ရွယ်ခဲ့လျှင်ပင် ရှန်းယီက ကျစ်ယန်တောင်းပန်စရာမလိုဘဲ အခွင့်အရေးရပါက ထိုနဂါးဘုရင်အိုကြီးကို ဒုက္ခတွင်းမှသေချာပေါက် ကယ်တင်မည်ဖြစ်သည်။

ထို့အပြင် စီနီယာရွှမ်ချင်း လည်း ရှိသေး၏။

မသေမျိုးသေဆုံးသွားခဲ့ပြီဖြစ်ပြီး နန်ယန်ဂိုဏ်း ပြိုလဲမှုအတွက်ကြီးမားသော လက်စားချေမှုပြီးစီးသွားပုံရသော်လည်း၊အမှန်တကယ်တွင် ယနေ့အချိန်အထိတကယ့်လက်သည်တရားခံမှာ လွတ်မြောက်နေဆဲဖြစ်ပြီး ပို၍ပင်လွတ်လပ်နေဦးမည်ဖြစ်ကြောင်း မည်သူမဆိုမြင်တွေ့နိုင်ပါလိမ့်မည်။

ရှန်းယီက လက်သီးများကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်၏။ သူသည် မည်သူ့အတွက်မဆို တစ်စုံတစ်ရာကို သဘောတူခဲ့လျှင်၊သဘောတူပြီးသည်နှင့် ၎င်းကိုအပြီးသတ်နိုင်ရန်အကောင်းဆုံး ကြိုးစားချင်ပေသည်။

ထိုစဉ်က ရွှမ်ချင်းက လူသစ်တစ်ယောက်အတွက် အခြားဂိုဏ်းခြောက်ခု၏တံခါးများကို ရဲဝံ့စွာသွားခေါက်ခဲ့ပြီး ဂိုဏ်းချုပ်အတော်များများကို ထွက်လာစေကာ နန်ယန်၏ဂိုဏ်းချုပ်အဖြစ် သူ၏ ကိုယ်ပိုင်ရပ်တည်ချက်ကို ခိုင်မာစေခဲ့သည်။

အဆုံးတွင် သူ၏အခြေခံအုတ်မြစ်ကို အနည်းငယ် ပိုမိုတည်ငြိမ်စေရန်အတွက် သူ၏အသက်ကိုပင် စွန့်လွှတ်ရန် ဆန္ဒရှိခဲ့၏။

ထို့ကြောင့် ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူသည် မြင့်မားသော အဆင့်အတန်းရှိနေရုံမျှဖြင့် သူ၏တာဝန်များကိုရှောင်လွှဲသွားစေနိုင်လိမ့်မည်မဟုတ်ပေ။

"ဘယ်လိုပဲဖြစ်ဖြစ်၊အရင်ဆုံး ခြေလှမ်းစလှမ်းရမယ်"

ရှန်းယီက သူ၏ဘေးတွင်ရှိသော ခမ်းနားထည်ဝါလှသည့် ရွှေရောင်ခန္ဓာကိုယ်ကို မော့ကြည့်လိုက်သည်။

သူအကူအညီမဲ့နေသလို ခံစားရပါက၊ ထိုအရာမှာ သူ၏အမြင်မကျယ်ပြန့်သေးသောကြောင့်သာ ဖြစ်နိုင်ပေသည်။ ဤနေရာတွင် ထိုင်၍စိတ်ကူးယဉ်နေမည့်အစား ပထမဆုံးခြေလှမ်းကို စတင်လှမ်းလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

"ချင်းဟွာ အသင့်ရှိပါတယ်"

ချင်းဟွာက သူမ၏သခင် ဆိုလိုသည်ကို သေချာပေါက် နားလည်ပြီး၊ယခုအခါ သခင်က ထိုစိမ်းသက်နေသော မသေမျိုးခုံရုံးတွင် ထားရှိမည့် မျက်စိနှင့် နားများ လိုအပ်နေပေသည်။

သူမက အချိန်အတော်ကြာအောင် မကူညီနိုင်ခဲ့သည့်အတွက်၊ ယခုအခိုက်အတန့်မှာတော့ ကြောက်ရွံ့မှုမခံစားရဘဲ ဝမ်းသာမှုနှင့် စိတ်လှုပ်ရှားမှုအချို့ကိုသာ ခံစားနေရ၏။

"သွားတော့"

ရှန်းယီက ညင်သာစွာခေါင်းညိတ်ပြလိုက်ရာ၊ ကမ္မကုသိုလ်ရွှေရောင်အလင်းတန်းများက သူမအတွက် ကောင်းကင်ဘုံသို့ သွားမည့်လမ်းကို စတင်လမ်းညွှန်လာပေးခဲ့၏။

"ချင်းဟွာက သခင်ရဲ့ကြီးမားတဲ့ မျှော်လင့်ချက်တွေကိုစိတ်ပျက်စေမှာ မဟုတ်ပါဘူး။"

ချင်းဟွာက အားတက်သရောခေါင်းညိတ်ပြလိုက်သည်။ ယခုအခါ သူမ၏သခင်က အခက်အခဲနှင့် ရင်ဆိုင်နေရချိန်တွင်၊သူမအနေဖြင့် မသေမျိုးခုံရုံးတွင်တစ်စုံတစ်ခုကို ဆုပ်ကိုင်နိုင်ပါက သို့မဟုတ် အနည်းငယ်ပိုမြင့်သောနေရာသို့ တက်လှမ်းနိုင်ပါက၊အရေးကြီးသောအချိန်တွင် သူမ အမှန်တကယ် အကူအညီပေးနိုင်ပါလိမ့်မည်။

အရိုအသေပေးပြီးနောက် သူမက ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ ပြေးထွက်သွားပြီး၊အချိန်အတော်ကြာကတည်း သူမပြီးမြှောက်ခဲ့သင့်သော နတ်ဘုရားနယ်မြေတက်လှမ်းခြင်းလမ်းကြောင်းပေါ်သို့ ပြန်လည် ခြေချလိုက်၏။

"..."

ရှန်းယီက သူ၏အကြည့်ကို ဖြည်းညှင်းစွာ ပြန်လည်ရုပ်သိမ်းလိုက်သည်။ အကြောင်းတစ်ခုခုကြောင့်အတိတ်က ထိုချဉ်စူးစူးခံစားချက်က ပြန်လည် ထကြွလာပြန်ခဲ့၏။

သူကိုယ်တိုင် အထင်မကြီးခဲ့သောဤလမ်းကြောင်း... သူကိုယ်တိုင်တီထွင်ခဲ့သော ချုပ်နှောင်ဖိနှိပ်ခြင်းရွှေရောင်ခန္ဓာဓမ္မကိုယ်ထည် ကျင့်စဉ်မှာ လက်ရှိအချိန်တွင်သူကိုယ်တိုင်မနာလိုနေရပေ၏။

ကောင်းပြီလေ၊သူက လွယ်ကူတဲ့လမ်းကို မရွေးချယ်နိုင်ပေမဲ့၊အနည်းဆုံးတော့ ဖြတ်ကူးလို့တဲ့ တံတားတစ်စင်းရှိနေပါသေးတယ်။

ထိုအတွေးဖြင့် ရှန်းယီက သူ၏အကြည့်ကို စနစ်မျက်နှာပြင်ထံသို့ ပြောင်းလိုက်သည်။

[လက်ကျန် နတ်ဆိုးသက်တမ်း - ၄၇၆၂၀၀၀၀]

တောင်ပိုင်းနဂါးနန်းတော် ဖျက်ဆီးခံရချိန်တွင်၊ အဝါရောင်အဆိပ်နဂါးနှင့်အတူ အကုန်ရှင်းလင်းခဲ့သော ၎င်း၏နန်းတော်လက်အောက်ခံများ နှင့် ထိုနေရာသို့မောင်းထုတ်ခံခဲ့ရသော အနောက်ပိုင်းဟုန်နတ်ဆိုးများအုပ်စုနှင့် ပေါင်းလျှင်ပင်သက်တမ်းနှစ်သန်းနှစ်ဆယ်ပြည့်အောင် မစုဆောင်းနိုင်ခဲ့ချေ။

နောက်ပိုင်းတွင် အနောက်ပိုင်းဟုန်နှင့် တိုက်ပွဲအတွင်းအချိန်ကန့်သတ်ချက်များကြောင့် ရိတ်သိမ်းမှုမှာ အလွန်အလျှင်စလိုလုပ်ရှားခဲ့ရ၏။

ရှန်းယီက နဂါးနန်းတော်၏အဓိက အင်အားစုများကိုသာသတ်ဖြတ်ခဲ့ပြီး ထိုလက်အောက်ခံများကိုမူ တောင်ပိုင်းဟုန်၏စီနီယာများထံ ချန်ထားခဲ့သောကြောင့်၊ရရှိသော နတ်ဆိုးသက်တမ်းမှာ တောင်ပိုင်းဟုန်ထက်ပင် နည်းပါးခဲ့၏။

ဤတစ်ကြိမ် ရှီယန်၏အမိန့်ကြောင့် မြောက်ပိုင်းဟုန်တစ်ခုလုံး၏အင်အားစုများကို စုစည်းခဲ့ရသည်။

အဆုံးအဖြတ်ပေးသော တိုက်ပွဲတစ်ပွဲတည်းက မြောက်ပိုင်းဟုန်ကို ဆုတ်ယုတ်ပျက်စီးနေသော နေရာတစ်ခုအဖြစ်သို့ တိုက်ရိုက်ပြောင်းခဲပစ်ခဲ့၏။

ယခင်က အရှေ့နဂါးနန်းတော်တွင် နတ်ဆိုးအင်ပါယာတံဆိပ်တုံးကို စုဆောင်းရာ၌အသုံးပြုခဲ့သော သက်တမ်းများကိုပါပေါင်းထည့်လိုက်လျှင်၊ ဤဟုန်ကျယ်ရှင်းလင်းရေးသည် ရှန်းယီထံသို့ နတ်ဆိုးသက်တမ်း သန်းပေါင်း ခြောက်ဆယ်နီးပါး ရိတ်သိမ်းစေနိုင်ခဲ့သည်။

သူတို့က အသေအချာပင်ပြောင်စင်အောင်းရှင်းလင်းခဲ့သော်လည်း... ၎င်းမှာမြောက်ပိုင်းကိုသာ ရှင်းလင်းပစ်ခဲ့ကြခြင်းသာဖြစ်သည်။

"ဟူး။"

ရှန်းယီ မျက်လုံးများကို မှိတ်လိုက်ပြီး နောက်ကျိသောလေများကို မှုတ်ထုတ်လိုက်၏။

ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးက လေထဲတွင်ဖြည်းညှင်းစွာ ထွက်ပေါ်လာရင်း ပြင်းထန်စွာရုန်းကန်နေခဲ့သည်။

ဤကျောက်စိမ်းတံဆိပ်တုံးဘေးတွင် ကြက်သွေးရောင်တံဆိပ်သုံးခု ပေါ်လောပေါနေသည်။

ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံး၏အကူအညီဖြင့် ဟုန်ကျယ်၏ကုန်းမြေ နှင့် ရေပြင် တစ်ခုလုံးမှာ ရှန်းယီ၏စိတ်ထဲတွင် ဖြန့်ကျက်ထွက်ပေါ်လာခဲ့သည်။

သူက လက်ကို အနည်းငယ်ဆန့်ထုတ်လိုက်ရာ နတ်ဆိုးတစ်သောင်းမြောက်ပိုင်းခန်းမ၏ ပုံရိပ်ယောင်သဏ္ဍာန်မှာ မြောက်ပိုင်းနဂါးနန်းတော်ကို ချက်ချင်းပင် လွှမ်းခြုံသွားတော့သည်။

ရွှေရောင်လိပ်တံဆိပ်တစ်ခု စတင်စုစည်းလာခဲ့၏။

ရှန်းယီ၏လုပ်ဆောင်ချက်များ ရပ်တန့်မသွားပေ။ နတ်ဆိုးတစ်သောင်းအလယ်ခန်းမ၏ပုံရိပ်ယောင်မှာ မသေမျိုးစံအိမ်ဆီအားတိုက်ရိုက် ဖိချလိုက်ကာ ပဉ္စမမြောက်ကပ်ဘေးချီလင်တံဆိပ်က တဖြည်းဖြည်း ပုံပေါ်လာတော့သည်။

All Chapters