ဟုန်ကျယ်၏အရှင်သခင် ၂
Vol. 94 Ch. 934
ချက်ချင်းပင် ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံး၏ ကျန်ရှိနေသော နောက်ခွာကို ရွှေရောင်လိပ်သဏ္ဍာန်က လွှမ်းမိုးသွားရာ၊၎င်းကို အနည်းငယ်မျှပင် မရုန်းကန်နိုင်တော့အောင်ပြုလုပ်လိုက်၏။
တစ်ချိန်တည်းမှာပင် ဆိုးယုတ်ခြင်းအငွေ့အသက်နှင့် ကပ်ဘေးချီလင်က ၎င်း၏ခေါင်းကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်သည်။
တံဆိပ်တုံးငါးခုလုံးကို ထုတ်လွှတ်လိုက်သည်နှင့် ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးက ရုတ်တရက်တုန်ခါနေမှုရပ်တန့်သွားသည်။ ကြည်လင်နေသော ကျောက်စိမ်းမျက်နှာပြင်အတွင်း ပင့်ကူအိမ်ကဲ့သို့ သွေးကြောမျှင်များထွက်ပေါ်လာပြီး၊ အချိန်အနည်းငယ်ကြာသောအခါမျက်စိရှေ့မှ လျင်မြန်စွာပျောက်ကွယ်သွားကာ တံဆိပ်တုံးတစ်ခုလုံး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။
"ဟင်း..။"
ရှန်းယီက လက်ကိုဆန့်ထုတ်၍ကျောက်စိမ်းတံဆိပ်တုံးကို သူ၏လက်ဖဝါးပေါ်တွင် ကိုင်ဆောင်လိုက်၏။ သူ၏လက်ချောင်းထိပ်များတွင် ဟုန်လေးမျက်နှာ၏မသေမျိုးစွမ်းအားများလျှံတက်ကာစီးဆင်းနေသည်ကို ချက်ချင်းခံစားလိုက်ရသည်။
နတ်ဆိုးအင်ပါယာ တံဆိပ်တုံးငါးခု၏ဖိနှိပ်မှုအောက်တွင် ဤမှော်ရတနာက မသေမျိုးခုံရုံး၏ပိုင်ဆိုင်မှုမှ သူ၏ကိုယ်ပိုင်ပစ္စည်းအဖြစ်သို့ လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
မသေမျိုးများကို မသေမျိုးခုံရုံးကသာ ခန့်အပ်ရမည်ဟု မည်သူပြောသနည်း။ နတ်ဆိုးအင်ပါယာတစ်ပါးက ပေးအပ်သည့်အရာများကိုရော အဘယ်ကြောင့်အသိအမှတ်မပြုနိုင်ရမည်နည်း။
ခေတ္တမျှဆော့ကစားပြီးနောက် ရှန်းယီက ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးကို လျင်မြန်စွာ သိမ်းဆည်းလိုက်၏။ သူ၏လေ့လာသုံးသပ်ချက်အရ မသေမျိုးခုံရုံးမှသတ္တမအဆင့် မသေမျိုးအရာရှိတစ်ဦးကို ပေးအပ်ထားသောအင်အားသည် တာအိုပေါင်းစည်းခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးထက်အနည်းဆုံး နယ်ပယ်ကြီးတစ်ခုစာ ပိုမိုမြင့်မားနေလေ၏။ ထိုသို့မဟုတ်ပါက ၎င်းကိုဤမျှလွယ်ကူစွာ ဖိနှိပ်နိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေ တရားဝင်တံဆိပ်တုံးကို မသေမျိုးခုံရုံး၏လက်ထဲမှ လုယူထားခြင်းဖြစ်ရာ ၎င်းကို တဇွတ်ထိုးအသုံးပြုခြင်းက ပညာရှိရာရောက်မည်မဟုတ်ပေ။
သို့သော် သူက ဟုန်ကျယ်မှ နတ်ဘုရားနယ်မြေသို့ ထွက်ခွာတော့မည်ဖြစ်ရာ၊ အသက်နှင့်ရင်း၍ အသုံးပြုရမည့် အသက်ကယ်လက်နက်တစ်ခုကို သယ်ဆောင်သွားနိုင်ရန် အရေးကြီးပေသည်။
[လက်ကျန် နတ်ဆိုးသက်တမ်း - ၂၅၆၂၀၀၀၀]
ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးကို အရန်အကူအဖြစ် ထားရှိလိုက်ရင်း၊ ရှန်းယီက မတ်တပ်ရပ်ကာခန်းမအပြင်ဘက်သို့ လှမ်းကြည့်လိုက်ချိန်တွင် ယုံကြည်မှုအနည်းငယ်ပိုရှိလာသလို ခံစားလိုက်ရ၏။
နောက်တစ်ခဏတွင် ကောင်းကင်ယံကိုဖြတ်သန်းသွားသော ဥက္ကာပျံများကဲ့သို့ အနက်ရောင်အလင်းတန်းများပြည့်နှက်နေသည့် ကောင်းကင်ကြီးက သွေးနံ့ပြင်းပြင်းများကိုသယ်ဆောင်ကာ မသေမျိုးစံအိမ်ဆီသို့ စုပြုံရောက်ရှိလာတော့သည်။
ဝူး...ဝူး...
နတ်ဆိုးကျောက်တုံးများက ရှန်းယီ၏ရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် ရပ်လိုက်ကြပြီးနောက်၊ခန်းမကြီးအလယ်တွင် ကြောက်မက်ဖွယ်ကောင်းသောအရိပ်တစ်ခုပြီးတစ်ခု ကျဆင်းလာကာကာ သည်းမခံနိုင်လောက်အောင်ပြင်းထန်လှသော သွေးညှီနံ့များပြည့်နှက်သွားစေခဲ့၏။
ရေတွက်၍မရနိုင်သော သွေးစွန်းနေသည့် သိုလှောင်အိတ်များက လျင်မြန်စွာဖြင့် ခန်းမအတွင်းတောင်ငယ်လေးတစ်လုံးပမာ ပုံသွားခဲ့တော့သည်။
ပထမဆုံးအိတ်ကို ဖွင့်လိုက်ချိန်တွင် ရှန်းယီက အသွင်ပြောင်းသွားသကဲ့သို့ ဖြစ်သွား၏။ သူက အနုပညာလက်ရာတစ်ခုကို ဖန်တီးနေသည့်အလား သူ၏လက်ထဲရှိ အလောင်းများကိုရေတွက်ရာတွင် လုံးဝနစ်မြောသွားခဲ့လေ၏။
ဤနတ်ဆိုးကျောက်တုံးများအားလုံးက ရက်စက်ကြမ်းကြုတ်သောနည်းလမ်းဖြင့် ထိန်းချုပ်ခံထားရသည်ဆိုလျှင်ပင်၊ ၎င်းတို့၏သခင်ဖြစ်သော ရှန်းယီက ယခုအခိုက်အတန့်တွင် နတ်ဆိုးကျောက်တုံးများကိုပင် အနည်းငယ်တုန်လှုပ်သွားစေသည့် အငွေ့အသက်မျိုးပိုင်ဆိုင်နေပေသည်။
မျှော်လင့်ချက်များပြည့်နှက်နေသော ဝူကျွင်း တစ်ယောက်သာ ခယ်ရှစ်စန်းမှ အလောင်းပုံ၏ထိပ်တွင် ရည်ရွယ်ချက်ရှိရှိတင်ထားခဲ့သော အိတ်ကိုသာစိုက်ကြည့်နေခဲ့၏။
"ဟင်။"
ရှန်းယီက နှစ်ပိုင်းပြတ်နေသောလိပ်အိုကြီးကို ကောက်ယူလိုက်ပြီး အနည်းငယ်အံ့အားသင့်သွားသည်။
အမှန်အတိုင်းပြောရလျှင် သူက ရွှေရောင်လိပ်တံဆိပ်တုံးကို ယခုလေးတင်ဖွဲ့စည်းထားခဲ့ခြင်း မရှိပါက၊သူ့ထံတွင် မြောက်ပိုင်းခန်းမသခင် တစ်ဦးရှိနေသေးကြောင်းကိုပင် မေ့လုနီးပါးဖြစ်သွားခဲ့ပေလိမ့်မည်။
ကျောက်စိမ်းဖြူမြို့တော်... အလွန်စိမ်းသက်လှသော နယ်ပယ်တစ်ခုပင်။
နတ်ဆိုးသက်တမ်းများက နောက်တစ်ကြိမ် ရူးသွပ်စွာလျော့ကျသွားခဲ့လေ၏။
အခြားသူများမမြင်နိုင်သော နေရာတစ်ခုတွင်၊ နတ်ဆိုးမူလများက ကြယ်တာရာစကြဝဠာတစ်ခုကဲ့သို့ ခန်းမတစ်ခုလုံးကို တိုက်ရိုက်လွှမ်းခြုံသွားပြီးနောက် မိုးပေါက်များအလားကျဆင်းလာခဲ့သည်။
မရေမတွက်နိုင်သောနတ်ဆိုးဝိညာဉ်များက ပြန်လည်ဖွဲ့စည်းခံလိုက်ရပြီး နတ်ဆိုးကျောက်တုံးများထဲသို့ ပေါင်းစည်းသွားကြလေ၏။
ဗလာဖြစ်နေသော မြောက်ပိုင်းနန်းတော်၏အဓိကခန်းမတွင်မြူခိုးမည်းများဖြင့် ဖုံးလွှမ်းနေသော ပုံရိပ်များဖြင့် တဖြည်းဖြည်းပြည့်နှက်လာခဲ့သည်။
ထိုမြူခိုးပုံရိပ်များက ခွန်အားပြည့်ဝသော သက်စောင့်စွမ်းအင်များဖြင့် ရုတ်တရက်ပေါက်ကွဲထွက်လာကြသည်။
နတ်ဘုရားစွမ်းရည်နှစ်ခု ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ရှန်းယီကို လုံးဝအသစ်စက်စက်အဆင့်တစ်ခုသို့ တွန်းတင်ပေးလိုက်၏။
နတ်ဘုရားစွမ်းရည်ငါးခု ပေါင်းစည်းသွားကာ ကောင်းကင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားတော့သည်။
ဤမြောက်ပိုင်းဟုန်ခရီးစဉ်မှ ရရှိမှုများက ရှန်းယီ၏မျှော်လင့်ချက်များကို လုံးဝကျော်လွန်သွားခဲ့၏။
ပထမဆုံး ကျောက်စိမ်းဖြူကြံ့မသေမျိုးတံဆိပ်တုံးကို ရရှိခဲ့ပြီးနောက်၊သူက အဆင့်အတားအဆီးနှစ်ခုကို ဆက်တိုက်ကျော်ဖြတ်နိုင်ခဲ့သည်။
ယွဲ့ထျန်းကျီက တိတ်ဆိတ်စွာချဉ်းကပ်လာပြီး နောက်ဆုံးအနေဖြင့် လက်ဖဝါးအရွယ်အစားရှိ ကျောက်စာတိုင်တစ်ခုကို ဆက်သလိုက်၏။
ဘိုးဘေးကျောက်စာတိုင် နှင့် ရှန်းယွဲ့တို့နှင့်ဆိုလျှင် ယခုအခါ ရှန်းယီ၏ပိုင်ဆိုင်မှုတွင် မသေမျိုးရတနာ နှစ်ခုရှိနေပြီဖြစ်သည်။ ထိုအရာများ၏အစစ်အမှန် အသုံးပြုပုံများကို အပြည့်အဝနားမလည်သေးသော်လည်း၊မသေမျိုးများအကြောင်းနှင့် ဆက်စပ်နေပါက ၎င်းတို့သည် ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးထက် များစွာနိမ့်ကျနေမည်တော့ မဟုတ်သည်မှာ သေချာ၏။
သို့သော် သူ၏ဝမ်းသာမှုကို မထုတ်ဖော်နိုင်မီမှာပင် သူ၏မျက်ခုံးများ တင်းကျပ်စွာတွန့်ချိုးသွားသည်။
သူ၏အကြည့်များမှာ အနည်းငယ်လစ်ဟာသွားပြီး နောက်တစ်ကြိမ် တင်ပျဉ်ခွေထိုင်လိုက်၏။
ရှန်းယီ မေ့လုနီးပါးဖြစ်နေသော ထိုအစိမ်းရောင်ပုတီးစေ့လေးက ချက်ချင်းဆိုသလိုပင် တောက်ပစွာ ပေါက်ကွဲထွက်လာခဲ့သည်။
နန်ယန်ရတနာမြေ၏သစ်သားတံခါးအခန်းမှ ရရှိခဲ့သောဤအရာသည် ယခင် နန်ယန်ဂိုဏ်းချုပ်ချန်ထားရစ်ခဲ့သော တစ်ခုတည်းသော အမွေအနှစ်ပင်။ ရှန်းယီက အစပိုင်းတွင် ၎င်းကိုရွှမ်ချင်းအတွက် အထူးမျက်နှာသာပေးမှု တစ်ခုမျှသာဖြစ်သည်ဟု ထင်ခဲ့သော်လည်း၊မထင်မှတ်ဘဲ ပုံမှန်မဟုတ်သော အပြောင်းအလဲအချို့ ရှိနေဆဲဖြစ်သည်။
ရှန်းယီကို ပုံရိပ်ယောင်နယ်ပယ်ထဲသို့ တိုက်ရိုက် ဆွဲသွင်းခဲ့ပြီး စီနီယာရွှမ်ချင်း ထွက်ခွာသွားသည့် မြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရသော သစ်သားတံခါးအခန်းမှသူ၏ယခင်အတွေ့အကြုံနှင့် နှိုင်းယှဉ်ပါက ယခု သူ၏အလွန်တိုးတက်လာသော ကျင့်ကြံခြင်းကြောင့် ဤပုံရိပ်ယောင်အစီအရင်မည်သို့ အသက်ဝင်လာသည်ကို သူမြင်တွေ့နိုင်ခဲ့ပြီဖြစ်သည်။
"ခင်ဗျား တိတိကျကျဘာတွေ ချန်ထားခဲ့တာလဲ။"
ရှန်းယီက ပုံရိပ်ယောင်နယ်ပယ်ဆီသို့ အလေးအနက်မကြည့်မီ၊ သူ၏နတ်စိတ်ဝိညာဉ်ကို တည်ငြိမ်စေရန် ယင်ယန်သေခြင်းရှင်ခြင်းကို ဆင့်ခေါ်လိုက်သည်။
မသေမျိုးစံအိမ်မှာ ချက်ချင်းပင်နန်ယန်ရတနာမြေအဖြစ်သို့ ပြောင်းလဲသွားသည်ကို သူမြင်လိုက်ရ၏။
သို့သော် သိသာထင်ရှားစွာပင်၊သွားလာနေကြသောကျင့်ကြံသူများကိုလေ့လာကြည့်ပါက ဤသည်မှာ လွန်ခဲ့သောနှစ်တစ်သိန်းက လွန်စွာစည်ပင်ဝပြောခဲ့သော နန်ယန်ဂိုဏ်းဖြစ်ကြောင်းရှင်းလင်းနေသည်။
အဘိုးအိုက မြင့်မားသောတောင်တစ်လုံး၏ထိပ်တွင် တိတ်ဆိတ်စွာထိုင်နေပြီး၊ ရှန်းယီမှာ သူ၏ ကျောပြင်ကိုသာမြင်တွေ့နေရ၏။
သူ၏ပုံပန်းသဏ္ဌာန်မှာ ကျမ်းစာတိုက်စံအိမ်မှ အဘိုးအိုနှင့် ထပ်တူကျနေသော်လည်း၊ သူ၏အငွေ့အသက်မှာ သိသာစွာပိုမိုအားကောင်းနေပြီး ယခင်ကဲ့သို့ဖော်ရွေသည့်ပုံစံ လုံးဝမရှိတော့ပေ။
"ဟမ်.."
ရှန်းယီက ၎င်းကို တစ်ချက်မျှကြည့်လိုက်ရုံဖြင့် သူ၏နတ်စိတ်ဝိညာဉ်မှာ ဆွဲသွင်းခံလိုက်ရ၏။
ယင်ယန်သေခြင်းရှင်ခြင်းထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပေ။ ၎င်းက မည်သည့်အန္တရာယ်ကိုမှ ကြိုတင်မမြင်ထားကြောင်းညွှန်ပြနေသည်။
ဂိုဏ်းချုပ်ချင်းက အားကောင်းသည်ဟု ဆိုလျှင်ပင် သူသည် တာအိုနယ်ပယ်၏ခြေလှမ်းတစ်ဝက်တွင်သာ ရှိသေးပြီး၊တုံ့ပြန်ရန် အခွင့်အရေးလုံးဝမပေးဘဲ နတ်ဆိုးအင်ပါယာလက်နက်ကို လုံးဝဖိနှိပ်ထားနိုင်သည့် အတိုင်းအတာအထိတော့ မဟုတ်ပေ။
ရှန်းယီက ထိတ်လန့်သွားခြင်းမရှိဘဲ မျက်လုံးများကို ပြန်ဖွင့်လိုက်၏။
ချက်ချင်းပင် ချင်းကျောင်းယန်၏မျက်လုံးများမှတစ်ဆင့် နန်ယန်ဂိုဏ်းကို သူမြင်လိုက်ရသည်။
ကျင့်ကြံသူများက နယ်မြေနှင့် ပေါင်းစပ်သွားချိန်တွင်၊ခန္ဓာကိုယ်က ကောင်းကင် နှင့် စိတ်ဝိညာဉ်က တာအိုနှင့်ပေါင်းစပ်သွားခဲ့သည်။
ဤအစိမ်းရောင်ပုတီးစေ့အတွင်းချန်ထားရစ်ခဲ့သည်မှာ နန်ယန်ဂိုဏ်းတစ်ခုလုံး၏နက်နဲသော ကျင့်ကြံခြင်းနည်းစနစ်များအပြင်၊တာအိုပေါင်းစည်းခြင်းနယ်ပယ်၏နောက်ဆုံးခြေလှမ်းအတွက် ဤတာအိုနယ်ပယ်ခြေလှမ်းတစ်ဝက် အထွတ်အထိပ်ကျင့်ကြံသူ၏နားလည်သဘောပေါက်မှုလည်း ဖြစ်နေခဲ့ပေသည်။
တာအိုပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးမှာ ဂိုဏ်းတစ်ခု၏ မိုးနှင့်မြေပင်ဖြစ်သည်။
မိုးနှင့်မြေ၏ရှုထောင့်မှကြည့်လျှင် ပင်လယ်နှင့် ကုန်းမြေတို့၏အပြောင်းအလဲများ၊ သေမျိုးကမ္ဘာ၏ကမောက်ကမဖြစ်မှုများကို လေ့လာစောင့်ကြည့်ရသည်။
ကံမကောင်းစွာဖြင့် ဂိုဏ်းချုပ်ချင်းက သူ၏လေ့လာစောင့်ကြည့်မှုများကို အဆုံးမသတ်နိုင်ခဲ့ပေ။ သူသည် မြင့်လွန်းသောနေရာတွင် ရပ်တည်နေခဲ့ပြီး သေမျိုးကမ္ဘာ၏တစ်ဝက်ကိုသာ မြင်တွေ့ခဲ့ရကာ၊ကျင့်ကြံသူများအလွန်ရှိ အဆုံးမဲ့နယ်မြေများကို မည်သည့်အခါမျှမမြင်တွေ့နိုင်ခဲ့ပေ။
ထို့ကြောင့် သူက ထိုနောက်ဆုံးခြေလှမ်းကို မလှမ်းနိုင်ခဲ့ချေ။
"ဟူး။"
ရှန်းယီက ထိုဉာဏ်အလင်းပွင့်မှုအတွင်း နစ်မြောသွားပြီး ၎င်းကို သေချာစွာချေဖျက်နားလည်စေရန် သူ၏မျက်လုံးများကို ထပ်မံမှိတ်လိုက်သည်။
ထိုအချိန်တွင် သူ၏စိတ်ထဲ၌ ဘိုင်ယွင်ခရိုင်၊ ချင်ပြည်နယ်၊မဟာချန်... သူ၏ဖိနပ်များနင်းဖြတ်ခဲ့ဖူးသမျှကုန်းမြေ နှင့် ရေပြင်တိုင်း၏ပုံရိပ်များ ပေါ်လာခဲ့၏။
ထိုကုန်းမြေနှင့် ရေပြင်များပေါ်ရှိ ရှင်သန်နေသော သက်ရှိများနှင့် ၎င်းတို့၏ဝမ်းနည်းဝမ်းသာမှုများအပါအဝင်ပင်။
တစ်ယောက်က တောင်ထိပ်တွင် မွေးဖွားလာပြီး၊ တစ်ယောက်က လူမသိသူမသိအခြေအနေမှ စတင်ခဲ့၏။
သူတို့နှစ်ဦး၏အတွေးများ တဖြည်းဖြည်းပေါင်းစပ်သွားပြီး ဤကမ္ဘာကြီးကို စတင်ပြည့်စုံလာစေခဲ့သည်။
"ဘေးကင်းတဲ့ လမ်းဖြစ်ပါစေ။"
ချင်းကျောင်းယန်က နောက်သို့လှည့်မကြည့်သေးဘဲ ညင်သာစွာနှုတ်ဆက်လိုက်သော်လည်း၊ ရှန်းယီသည် တစ်ဖက်လူ၏မျက်ရည်များစွန်းနေသော မျက်နှာကို ခံစားနေရဆဲပင်။
စီနီယာရွှမ်ချင်းက နန်ယန်အပြင်ဘက်တွင် နှစ်တစ်သိန်းကြာနစ်မြုပ်နေခဲ့ပြီး၊ သူ၏ဆရာဖြစ်သူကမူ နန်ယန်ဂိုဏ်းအတွင်း၌တစ်ချိန်က ကုန်းမြေမည်သို့ရှိခဲ့သည်ကို ပြန်လည်လွမ်းဆွတ်နေခဲ့၏။
ကျစ်လင်၏မသေမျိုး နှင့် ဘိုးဘေးတစ်ပါးဖြစ်လာရန် အိပ်မက်အပြင် ရှီယန်၏လက်ဝါးရိုက်ချက်သည် ယနေ့ထက်တိုင် သူတို့ကိုမလွတ်မြောက်နိုင်စေခဲ့ပေ။
ရှန်းယီက ထိုခန္ဓာကိုယ်ထဲမှပြန်လည်ထွက်ခွာလာပြီးနောက် သူ၏ရှေ့မှောက်ရှိ အရာအားလုံးစတင် ပြိုကွဲသွားကာ အဘိုးအိုအားဖြည်းညှင်းစွာအပြာရောင်မီးခိုးငွေ့အဖြစ်ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။
ခဏအကြာတွင် သူညင်သာစွာ ခေါင်းညိတ်လိုက်၏။
"ဘေးကင်းစွာ သွားပါတော့။"
စီနီယာရွှမ်ချင်းက သူ့ကို တာအိုပေါင်းစည်းခြင်းထဲသို့ ခြေလှမ်းနိုင်ရန်ကူညီပေးခဲ့ပြီး၊ဂိုဏ်းချုပ်ချင်းက ၎င်းကိုပြီးပြည့်စုံအောင်ကူညီပေးခဲ့၏။
ကျွီ..
ရှန်းယီ လှည့်လိုက်သည်နှင့် မသေမျိုးစံအိမ်၏ တံခါးသည် ဖြည်းညှင်းစွာပွင့်လာခဲ့သည်။
နေရောင်ခြည်မှာ အနည်းငယ်စူးရှနေခဲ့၏။
သူက ခန်းမအပြင်ဘက်ရှိတိတ်ဆိတ်နေသော လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် သူ၏စိတ်ထဲတွင် မျက်နှာတိုင်းကိုမှတ်သားထားလိုက်သည်။
ထို့နောက် ကောင်းကင်ကိုမော့ကြည့်လိုက်ရာ သူ၏ထက်ရှသောအကြည့်များက တိမ်တိုက်များကိုထိုးဖောက်ကာ အထက်ရှိ မသေမျိုးခုံရုံးသို့ ရောက်ရှိသွားပြီး စားပွဲနောက်မှအမျိုးသမီးထံသို့ ကျရောက်သွားသကဲ့သို့ပင်။
သူ၏နှလုံးသားထဲရှိ မတည်ငြိမ်မှုများမှာ ယခုအချိန်တွင်အလုံးစုံပျောက်ကွယ်သွားပုံရပေသည်။
သူ၏ဝတ်ရုံများလွင့်ဝဲလျက်ဖြင့် ခြေလှမ်းများကို လူအုပ်ကြားသို့ ယုံကြည်မှုရှိရှိလျှောက်လှမ်းသွားခဲ့သည်။
"..."
ကျင့်ကြံခြင်းမြင့်မားသူအားလုံးက ရှန်းယီထံမှကွဲပြားခြားနားသောအရာတစ်ခုကို သတိပြုမိလိုက်ကြ၏။
ထိုအခိုက်အတန့်တွင် ယဲ့ကျိုး၏ စိတ်အာရုံပင်လျှင် တုန်လှုပ်သွားခဲ့၏။ ကျိကျင့်ရှီး နှင့် အခြားသူများကလည်း နေရာတွင်ပင်ကြောင်အစွာဖြင့်ရပ်နေကြပြီး ကျစ်ယန်က ယခင်နှင့်မတူညီမှုများကို သတိပြုမိကာလူငယ်ကို စိုက်ကြည့်နေခဲ့သည်။
တာအိုနယ်ပယ်... ယနေ့ခေတ် ဟုန်ကျယ်ရှိတစ်ခုတည်းသော တာအိုနယ်ပယ်ပင်။
ခန်းမကြီး၏တံခါးများ အဖွင့်အပိတ်ပြုလုပ်ချိန်အတွင်းတွင် ရှန်းယီက တာအိုပေါင်းစည်းခြင်း လမ်းစဉ်ကို ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။
မသေမျိုးစွမ်းအင်များမရှိသည့်တိုင်အောင် သူသည် အမှန်တကယ်ပင် ဟုန်ကျယ်၏အရှင်သခင် ဖြစ်လာခဲ့ပြီဖြစ်၏။
"ဟူး။"
ရှန်းယီက ချောက်ကမ်းပါးအစွန်းတွင် ရပ်နေပြီး အဝေးမှ ဟုန်ကျယ်မှထွက်ခွာသွားမည့် လမ်းကို ငေးကြည့်နေခဲ့သည်။
သူ အနည်းငယ်နောက်လှည့်ကြည့်ပြီး ပြုံးလိုက်၏။
"အပြင်ထွက်ပြီးသွားကြည့်ချင်တဲ့သူ ရှိလား။ ရှိရင်လိုက်ခဲ့ကြ။"
ထိုသို့သောအန္တရာယ်များကို ရင်ဆိုင်ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ အဘယ်ကြောင့် စိုးရိမ်ပူပန်မှုများဖြင့် လေးလံနေရမည်နည်း။
ပေါ့ပေါ့ပါးပါးနေခြင်းက ပိုကောင်းပေသည်။
အနည်းဆုံးဤအချိန်အထိ သူကာကွယ်ချင်သမျှအရာကို ကာကွယ်နိုင်ခဲ့ပြီဖြစ်သည်။လက်ရှိမှာဆက်လက် အနိုင်ယူရမည့် အချိန်ပင်။
ရှန်းယီနှင့် အရင်းနှီးဆုံးဖြစ်သော ကျန်းချိုလန်ပင်လျှင် ဤလူငယ်၏မျက်နှာပေါ်တွင် ဤမျှနွေးထွေးသောအပြုံးမျိုးကို တစ်ခါမျှမမြင်ခဲ့ဖူးပေ။
ကျန်သူများဆိုလျှင် ပြောစရာပင်မလိုတော့ချေ။
သူတို့သည် ဟုန်ကျယ်၏အရှင်သခင် ပြောင်းလဲသွားပြီဖြစ်ကြောင်း အမှတ်မရခင်ထိအချိန်အတော်ကြာအောင် မှင်တက်နေခဲ့ကြ၏။
သူတို့၏ခြေလှမ်းများကို တားဆီးထားသော အတားအဆီးမှာ အရိပ်အယောင်မကျန်ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ယခုမှစ၍ ဟုန်ကျယ်သည် အခြားနေရာများနည်းတူကောင်းကင်အောက်ရှိ နတ်ဘုရားနယ်မြေ၏အရေးမပါသော အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပြီး မည်သို့မျှမကွာခြားတော့ပေ။
ထိုသို့ဆိုလျှင် အဘယ်ကြောင့် ရပ်တန့်နေရမည်နည်း။