← Chapters

လေလွင့်နေသော ဂိုဏ်းချုပ်ရှန်း ၂

Vol. 94 Ch. 940

လေလွင့်နေသော ဂိုဏ်းချုပ်ရှန်း ၂

Vol. 94 Ch. 940

၉၄၀) လေလွင့်နေသော ဂိုဏ်းချုပ်ရှန်း ၃

"ဝတ်ပြုသူဆိုတာ ဘာလဲ။" ရှန်းယီက ဘေးသို့ စောင်းငဲ့ကြည့်ရင်း မေးလိုက်၏။

"အဲဒါက ကျင့်ကြံခြင်းနယ်ပယ်တစ်ခုပဲ၊ အဓိက ဂိုဏ်းကြီးသုံးခုထဲက တစ်ခုဖြစ်တဲ့ ဗောဓိဂိုဏ်းမှာပဲ ရှိတဲ့ ထူးခြားတဲ့အဆင့်အတန်းပေါ့။"

ကျစ်ယန်က မြေစောင့်ဘုရားကျောင်းဘက်သို့ ကြည့်ကာ သူ၏လက်ချောင်းများဖြင့် ဂဏန်းတစ်ခုကိုပြလိုက်၏။

"ဝတ်ပြုသူလို့ ခေါ်ဝေါ်ခြင်းခံရတဲ့ဗောဓိဂိုဏ်းရဲ့ တပည့်တွေဟာ အနည်းဆုံး အဆင့်၇ မသေမျိုးအရာရှိနဲ့ ညီမျှတယ်၊ အဆင့်၆ တောင် ဖြစ်နိုင်တယ်။ဒါပေမဲ့ သူ့ရဲ့အသက်အရွယ်အရ ကြည့်ရင်တော့ သူက အတော်လေးဂျူနီယာဖြစ်နေဦးမှာပါ။"

"ဝတ်ပြုသူလို့ ခေါ်တဲ့သူတွေဟာ လောကကြီးထဲမှာ လှည့်လည်သွားလာရင်း၊သူတို့ရဲ့ ရုပ်ခန္ဓာကို အသုံးပြုပြီး နတ်ဆိုးတွေကိုနှိမ်နင်းတယ်၊ သတ္တဝါဒုက္ခတွေကို ကယ်တင်ကြတယ်။ဒါဟာ ဆရာကောင်းရှာဖွေတာနဲ့လည်း တူတယ်။ သူတို့ရဲ့ လေ့ကျင့်မှုကအထွတ်အထိပ်ကိုရောက်သွားပြီဆိုရင်၊ဗောဓိဂိုဏ်းရဲ့ အရှင်မထေရ်တစ်ပါးအောက်မှာ တပည့်အဖြစ်ခံယူခွင့်ရပြီး၊ အာဟတ်သစ်သီးနေရာကို ရနိုင်တယ်။အဲဒီအခါမှာ သူ့ရဲ့အဆင့်အတန်းနဲ့ခွန်အားက အဆင့်၅ မသေမျိုးအရာရှိထက်နိမ့်မှာ မဟုတ်ဘူး။"

ကျစ်ယန်က အားကျစိတ်များဖြင့် သက်ပြင်းချလိုက်၏။

"နှမြောစရာပဲ၊ ဒီဝတ်ပြုသူက တကယ်ကိုအလျင်လိုနေပုံရတယ်။မဟုတ်ရင် မင်းသာ သူနဲ့ မိတ်ဆွေဖြစ်အောင်လုပ်နိုင်ရင်၊ အဲဒါကဂိုဏ်းကြီးသုံးခုနဲ့ အဆက်အသွယ်ရလိုက်သလိုပဲ။"

ရှန်းယီ၏အတွေးများကတော့ ပို၍လက်တွေ့ကျသော ကိစ္စများဆီသို့ရောက်နေသည်။

အဆင့်၇ မသေမျိုးအရာရှိနဲ့ ညီမျှတဲ့ ဒီဝတ်ပြုသူတောင်လမ်းမှာ အစာတောင်းစားနေရတာဆိုတော့... ငါကတော့ အစာတောင်တောင်းစားတတ်မှာ မဟုတ်ဘူး။

ငါ တကယ်ပဲ သားသမီးရရှိနှုန်းတိုးတက်အောင် လုပ်ပေးတဲ့နည်းလမ်းတွေကို သင်ယူရတော့မှာလား။

သူတစ်ပါးကလေးရအောင် ကူညီပေးတဲ့ အလုပ်ကို အားကိုးပြီးမှ၊ကောင်းကင်ဘုံက ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူကို ရင်ဆိုင်ရမှာလား။

"စိတ်မပူပါနဲ့၊ အင်ပါယာမင်းဆက်ရဲ့စီရင်စုတွေမှာ လူတွေအများကြီးရှိပါတယ်၊ ကျန်းယန်မှာ လူမရှားပါဘူး။အရာအားလုံး အဆင်မပြေခဲ့ရင်တောင်မှ၊ အဓိကမသေမျိုးဂိုဏ်းကြီးတွေဆီမှာ အဆက်အသွယ်ရှာလို့ ရပါသေးတယ်။"

လက်တစ်ဖက်တွင် ကျောက်စိမ်းပန်းကန်ပြားကို ကိုင်ထားသော အသစ်ခန့်အပ်ခံရသည့် မိုးခေါ်သံတမန် ကျစ်ယန်က ရုတ်တရက်အလုပ်လက်မဲ့ဖြစ်သွားသောဂိုဏ်းချုပ်ရှန်းကို နှစ်သိမ့်ပေးလိုက်၏။

"ကျေးဇူးပါ။"

ရှန်းယီက အနည်းငယ် အံ့အားသင့်ရုံသာရှိခဲ့ခြင်း ဖြစ်သည်။ ရွှေရောင်ခန္ဓာကိုယ်ဖြင့် မသေမျိုးအရာရှိတစ်ဦး၏ဆက်ဆံမှုကို ခံခဲ့ရဖူးသဖြင့်၊ ယခုကဲ့သို့အခြေအနေမှာ အနည်းငယ်စိတ်မသက်မသာဖြစ်ရသော်လည်း မိမိကိုယ်ကို အလွန်အမင်း အထင်သေးနေခြင်းမျိုး မရှိပေ။

ကျဆင်းခြင်းအတန့်ဆိုသည်မှာ ပုံမှန်ပင်။ မဟုတ်ပါက တာအိုနယ်ပယ်ရှိ ထိုကျင့်ကြံသူများက မသေမျိုးခုံရုံးတွင် ဤမျှအနှိမ်ခံနေရမည် မဟုတ်ပေ။

သူ၏အမည်စာရင်းကို ရှင်းလင်းပြီးပြီဖြစ်သဖြင့်၊ သူသည် ထွက်ခွာရန်လှည့်လိုက်၏။

ထိုစဉ်မှာပင် မြေစောင့်ဘုရားကျောင်း၏ တံခါးက ဖြည်းညှင်းစွာ ပွင့်လာသည်။

ပိန်ပိန်ပါးပါးနှင့်အဝတ်အစား စုတ်ပြတ်နေသော အဘိုးအိုတစ်ဦးနှင့်အတူ ဝတ်ပြုသူဘုန်းကြီးက အပြင်သို့ထွက်လာပြီး ရှေ့သို့ လက်အုပ်ချီလိုက်၏။

"မသေမျိုးမိတ်ဆွေ၊ဒီနွမ်းပါးတဲ့ဘုန်းကြီးက နှုတ်ခွန်းဆက်သပါတယ်။"

"စောစောက မိတ်ဆွေရဲ့အဖော်က ပြောသွားတာတော့၊မင်းက နတ်ဆိုးတွေနဲ့ မိစ္ဆာတွေကို နှိမ်နင်းတဲ့နေရာမှာကျွမ်းကျင်တယ်ဆိုတာ ဟုတ်ပါသလား။"

"..."

လူတိုင်း၏အကြည့်များအောက်တွင် ရှန်းယီက ဖြည်းညှင်းစွာရပ်တန့်လိုက်ပြီး ခေါင်းကိုပြန်လှည့်ကာ ခဏမျှစဉ်းစားပြီးနောက် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

"အဆင်ပြေပါတယ်။"

မည်သို့ပင်ဆိုစေ၊လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူက ထိုအလုပ်မှလွဲ၍အခြားအရာများကို များစွာ လုပ်ဆောင်ခဲ့ခြင်း မရှိပေ။

သို့သော် သူမှတ်မိသလောက်ဆိုလျှင်၊ မသေမျိုးအလုပ်ကျွေးပြုအဘိုးအိုက အင်ပါယာမင်းဆက်၏ နယ်နိမိတ်အတွင်း မည်သည့်မိစ္ဆာမှ မသောင်းကျန်းရဲဟုပြောခဲ့သည် မဟုတ်ပါလား။

ဤစကားကို ကြားသောအခါ၊ ထိုအဘိုးအို၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။

ကျန်းယန်စီရင်စု၏မြေစောင့်မသေမျိုးတစ်ဦးအနေဖြင့်၊ သူက ကောင်းကင်နယ်ပယ် ကျင့်ကြံခြင်းသာ ရှိသော်လည်း၊ ဤနယ်မြေအတွင်း လှည့်လည်သွားလာနေသော အစစ်အမှန် မသေမျိုးတစ်ပါးပင်လျှင် မြေစောင့်ဘုရားကျောင်းတွင် သတင်းပို့ရမည်ဖြစ်သည်။

သူက အရည်အချင်းရှိသူများစွာကို မြင်ဖူးခဲ့၏။

ဝတ်ပြုသူဘုန်းကြီးတစ်ပါး၏ရှေ့တွင် နတ်ဆိုးနှိမ်နင်းခြင်း၌ကျွမ်းကျင်သည်ဟု ကြွားဝါသူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ဤလူက ဝတ်ပြုသူဘုန်းကြီးတစ်ပါး ဘာလုပ်သည်ကို သေချာနားမလည်ခြင်းလော။

"ဒီလိုဆိုရင်တော့၊ ဒီနွမ်းပါးတဲ့ဘုန်းကြီးမှာ ရိုင်းပျတဲ့တောင်းဆိုမှုတစ်ခု ရှိပါတယ်။"

လူငယ်ကျင့်ကြံသူဘုန်းကြီးက အားနာဟန်ပြသလိုက်၏။

"ဒီဘုန်းကြီးက လေ့ကျင့်ဖို့တောင်ပေါ်က ဆင်းလာတာမကြာသေးတော့ အတွေ့အကြုံတကယ်ကို နည်းပါသေးတယ်။အကယ်၍ မသေမျိုးမိတ်ဆွေက ကျုပ်နဲ့အတူလိုက်ပါပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ၊ ဒါပေမဲ့ ဒီဘုန်းကြီးမှာတော့ ဘာပိုင်ဆိုင်မှုမှ မရှိပါဘူး..."

သူစကားမဆုံးမီမှာပင် ကျစ်ယန် အပါအဝင် ပတ်ဝန်းကျင်ရှိ လူတိုင်း၏စိတ်ခံစားချက်များ ပြင်းထန်စွာမြင့်တက်လာခဲ့သည်။

ဘာပိုင်ဆိုင်မှုမှမရှိသော ဝတ်ပြုသူဘုန်းကြီးတစ်ပါးတစ်ပါးဖြစ်နေခြင်းမှာ ပုံမှန်ပင် ဖြစ်သော်လည်း၊တစ်ဖက်သူကပင် ဤကိစ္စအတွက် ကျေးဇူးအထူးတင်နေသင့်လေ၏။

ဂိုဏ်းကြီးသုံးခုထဲကတစ်ခုဖြစ်တဲ့ ဗောဓိဂိုဏ်းရဲ့ တပည့်တစ်ယောက်နဲ့ အတူရှိနေရမှာလေ။

ကျစ်ယန်က ရှန်းယီ၏ဝတ်ရုံကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး ရှန်းယီကိုယ်စား သဘောတူလိုက်ချင်စိတ်ပင် ပေါက်နေခဲ့သည်။

သို့သော် ခဏမျှစဉ်းစားပြီးနောက် ရှန်းယီက သူ၏ မျက်လုံးများကို အနည်းငယ်ပင့်လိုက်ကာ "ဘာမှ မရှိဘူးဆိုရင်တော့... ဝတ်ပြုသူရဲ့လမ်းစဉ် က..."

ဤစကားကို ကြားသောအခါ ကျစ်ယန်၏မျက်ခွံများပြင်းထန်စွာတုန်ယင်သွားခဲ့သည်။

ဂိုဏ်းချုပ်ရှန်းမှာ ဤမျှအထိမျက်နှာပြောင်တိုက်ပြီး ဗောဓိဂိုဏ်း၏တပည့်တစ်ဦးထံမှ လျှို့ဝှက်နည်းစနစ်များကို တိုက်ရိုက်တောင်းဆိုလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

သို့သော် သူ့ကို ပို၍တုန်လှုပ်သွားစေသည်မှာ၊ ထိုနွမ်းပါးသော ကျင့်ကြံသူဘုန်းကြီးက သူ၏နဖူးကို ရိုက်ကာဝမ်းမြောက်ဝမ်းသာစွာပြုံးလိုက်ခြင်းပင်။

"အိုး..၊ဒါကို ကျေးဇူးဆပ်တဲ့အနေနဲ့ သုံးလို့ရမယ်ဆိုတာ ဒီဘုန်းကြီးဘယ်တုန်းကမှ မစဉ်းစားမိခဲ့ဘူး"

All Chapters