← Chapters

အခန်း (၇၃၁-၇၃၂)

Vol. 61 Ch. 731-732

အခန်း (၇၃၁-၇၃၂)

Vol. 61 Ch. 731-732

အခန်း (၇၃၁) ကောင်းကင်နန်းတော်၏ ဒဏ္ဍာရီ

"မဟာတာအိုက ဖရိုဖရဲ အခြေအနေကနေ မွေးဖွားလာတာ... သူ့ရဲ့ မွေးဖွားခြင်း စကတည်းက စကြဝဠာ ဟင်းလင်းပြင်တွေက အဆက်မပြတ် တိုးပွားပြီး ကျယ်ပြန့်လာခဲ့တယ်...

ကောင်းကင်နန်းတော် ဘယ်အချိန်က မွေးဖွားလာသလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး... ကောင်းကင်ဧကရာဇ်က သက်တမ်းအရင့်ဆုံး သက်ရှိတွေထဲက တစ်ပါးပဲ... သူ အုပ်ချုပ်နေတဲ့ အချိန်အတွင်းမှာ မဟာကမ္ဘာ သုံးထောင်က အကြိမ်ကြိမ် ပျက်စီးပြီး ပြန်လည် တည်ဆောက်ခဲ့ရတယ်... တခြားစကားနဲ့ ပြောရရင် မဟာကမ္ဘာ သုံးထောင်ရဲ့ တည်ရှိမှုက ကောင်းကင်ဧကရာဇ်ရဲ့ သက်တမ်းလောက် မရှည်ကြာဘူး..."

အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေးက စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကို ကြည့်ရင်း ပျင်းရိပျင်းတွဲ လေသံဖြင့် ပြောနေပြီး ကုအန်က စူးစိုက် နားထောင်နေ၏။

"ရှည်လျားတဲ့ နှစ်တွေ တစ်လျှောက်မှာ ကောင်းကင်ဧကရာဇ်မှာ ကလေးတွေ အများကြီး ရှိခဲ့တယ်... ကောင်းကင်သားတော်တွေက မရေမတွက်နိုင်အောင် များပြားပြီး လူသားကမ္ဘာမှာ ပုန်းအောင်းနေတဲ့ သူတွေတောင် ပိုများချင် များနေလိမ့်မယ်... ကောင်းကင်သားတော်တွေရဲ့ ပါရမီက အရမ်း မြင့်မားတယ်... သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့် မြင့်တက်လာတာနဲ့အမျှ သူတို့ရဲ့ ရည်မှန်းချက်တွေကလည်း သဘာဝအတိုင်း ကြီးမားလာကြတယ်... ကောင်းကင်နန်းတော် အတွင်းက ကောင်းကင်သားတော်တွေ အကြား အာဏာလုပွဲက သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုလို ဖြစ်လာခဲ့တယ်... ငါ အမတ ဂူကောင်းကင်မှာ ရှိနေတုန်းကတောင် ဒီလို အာဏာလုပွဲတွေ အကြောင်း မကြာခနကြားခဲ့ရဖူးတယ်..."

"ထိပ်တန်း ကောင်းကင်သားတော် ဆယ်ယောက်က ကြီးပြင်းလာကြပြီး ကောင်းကင်တာအို အရှင်မြတ်ကိုတောင် ကျော်လွန်သွားကြပြီ... သူတို့က ကောင်းကင်သားတော် နေရာမှာ နေခဲ့ရတာ အရမ်း ကြာနေပြီဖြစ်ပြီး သူတို့ရဲ့ ရည်မှန်းချက်ကလည်း ကောင်းကင်ဧကရာဇ် နေရာကို တပ်မက်လာစေခဲ့တယ်... ဒါပေမဲ့ ကောင်းကင်ဧကရာဇ် ရှိနေသရွေ့ ကောင်းကင်နန်းတော်က မငြိမ်မသက် ဖြစ်ဖို့ ခဲရင်းလွန်းတယ်... ကောင်းကင်သားတော် တစ်ပါး အပေါ် ကောင်းကင်ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုက အမတနတ်ဘုရားတွေရဲ့ အုပ်စုကို လွှမ်းမိုးနိုင်တယ်... တချို့ ကောင်းကင်သားတော်တွေက ကောင်းကင်ဧကရာဇ်နဲ့ တစ်ခါ တွေ့ဆုံရုံနဲ့တင် သူ့ရဲ့ မျက်နှာသာပေးမှုကို ရရှိကြပြီး တချို့ကတော့ သူ့ကို စော်ကားမိလို့ ဝင်စားခြင်း သံသရာထဲကို ပစ်ချခံရတာမျိုး သူတို့နဲ့ နီးစပ်တဲ့ အမတနတ်ဘုရားတွေကိုပါ ဒုက္ခရောက်စေတယ်..."

"သေချာတာပေါ့... နောက်ထပ် အခြေအနေ တစ်ခုလည်း ရှိသေးတယ်... ကောင်းကင်ဧကရာဇ်ရဲ့ စွန့်ပစ်ခြင်းကို ခံရပြီးနောက်မှာတောင် သူ့ရဲ့ စိတ်ထဲမှာ ရှိနေဆဲ ဖြစ်တာမျိုးပေါ့... ဒါက လွန်ခဲ့တဲ့ အချိန်အကြာကြီးက ဖြစ်ခဲ့တာ ဆိုတော့ တချို့ အမတနတ်ဘုရားတွေက အကျိုးအမြတ် အများဆုံး ရဖို့ လူသားကမ္ဘာမှာ ဝင်စားနေတဲ့ အဲဒီ ကောင်းကင်သားတော်တွေကို သိမ်းသွင်းဖို့ ကြိုးစားကြတယ်..."

"ကောင်းကင်ဧကရာဇ်ရဲ့ နှလုံးသားကို အမတတွေ ဒါမှမဟုတ် နတ်ဘုရားတွေက မှန်းဆလို့ မရနိုင်ဘူး... ကောင်းကင်ဧကရာဇ်က အကြီးမားဆုံး ကောင်းကင် အာဏာကို ကိုင်စွဲထားလို့ အမတနတ်ဘုရားတွေရဲ့ ကံကြမ္မာကို ရုပ်သိမ်းပစ်နိုင်တယ်... သူက ကောင်းကင်သားတော် များကြီးကိုတောင် ကွပ်မျက်ခဲ့ဖူးတယ်... ရည်မှန်းချက်ကြီးတဲ့ အမတနတ်ဘုရားတွေ အတွက် ကောင်းကင်နန်းတော်ရဲ့ အာဏာလုပွဲက ကံကောင်းခြင်းနဲ့ ကပ်ဘေးကို ကြိုတင် မခန့်မှန်းနိုင်ဘူး... မင်းရဲ့ တပည့်က တစ်ချိန်တုန်းက ကောင်းကင်ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို ရရှိခဲ့ဖူးလို့ တချို့ အမတနတ်ဘုရားတွေက သိမ်းသွင်းဖို့ ကြိုးစားခဲ့ကြပြီး တခြား ကောင်းကင်သားတော်တွေ ကြားမှာ မကျေနပ်မှုတွေ ဖြစ်ပေါ်စေခဲ့တာ ဖြစ်နိုင်တယ်..."

အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေး၏ စကားများက ကုအန်ကို နက်နက်ရှိုင်းရှိုင်း ထိခိုက်သွားစေ၏။ ကောင်းကင်ဧကရာဇ်နှင့် ကောင်းကင်သားတော်များ အကြား အာဏာလုပွဲက လူသားကမ္ဘာရှိ တော်ဝင် မိသားစုများ၏ တိုက်ပွဲများနှင့် အလွန် ဆင်တူသော်လည်း ပို၍ ရက်စက်ပြီး ရှုပ်ထွေးပေသည်။

"တချို့ ကောင်းကင်နတ်ဘုရားတွေက ကြယ်တာရာအရှင် အဖြစ် ရာထူးတိုးခံရတာနဲ့ ချက်ချင်း သိမ်းသွင်းခံရပြီး ဘက်ရွေးဖို့ အတင်းအကျပ် ခိုင်းစေခံရတယ်... သူတို့ သေဆုံးသွားတဲ့ အချိန်အထိ သူတို့က ကောင်းကင်သားတော်တွေရဲ့ အာဏာလုပွဲကြောင့် သေဆုံးရတယ် ဆိုတာကိုတောင် မသိလိုက်ကြရဘူး... ကောင်းကင်နန်းတော်က မဟာတာအိုမှာ အမြင့်ဆုံး အာဏာရှိတဲ့ နေရာ ဖြစ်ပေမဲ့ ကောင်းကင်နန်းတော်ရဲ့ အောက်ခြေက အမတနတ်ဘုရားတွေက သာမန် လူသားတွေနဲ့ ဘာများ ကွာခြားလို့လဲ... ပိုပြီး အစွမ်းထက်ရုံ သက်သက်ပဲရှိတာ... ဒါပေမဲ့ သူတို့ရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးမှုက သူတို့ရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိတာတော့ အတူတူပဲ..."

"မင်းက ကောင်းကင်သားတော်တွေရဲ့ အာဏာလုပွဲ အကြောင်းကို သိနေပြီဆိုတော့ အနာဂတ်မှာ မင်း ကိုယ်တိုင် ကောင်းကင်နန်းတော်ထဲ ဝင်တာဖြစ်ဖြစ်၊ မင်းရဲ့ တပည့်ကို ဝင်ခိုင်းတာဖြစ်ဖြစ် ကြိုတင် ကာကွယ်မှုတွေ လုပ်ထားနိုင်ပြီး အရမ်းကြီး အကူအညီမဲ့ မနေတော့ဘူးပေါ့..."

အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေးက ထိုသို့ ပြောလိုက်ပြီး စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကို ကောက်ကိုင်ကာ ကုအန်အတွက် လက်ဖက်ရည် စတင် ငှဲ့ပေးတော့၏။

စားပွဲပေါ်ရှိ မီးဖိုငယ်လေးတွင် အထူး တာအို မီးလျှံ တစ်ခု တောက်လောင်နေပြီး ရွှေကျီးကန်း နတ်ဘုရားအရှင်၏ မီးတောက်များထက်ပင် မလျော့နည်းကြောင်း ကုအန် သတိပြုမိလိုက်သည်။

"အများကြီး ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေ ... ခင်ဗျားက ကျွန်တော့်ကို ဒီကို ဘာလို့ ခေါ်တာလဲ၊ ပြီးတော့ ခင်ဗျားအတွက် ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ ဆိုတာကိုတော့ ကျွန်တော် သိချင်မိတယ်..." ကုအန်က သူ၏ အကြည့်များကို အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေးထံသို့ ပြောင်းလိုက်ပြီး စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေး ပေးသော သတင်းအချက်အလက်များက သူ့အတွက် အလွန် တန်ဖိုးရှိပေသည်။ သူ၏ စွမ်းရည်အတွင်းမှ ပြန်လည် ကျေးဇူးဆပ်ရန် သူ့အနေဖြင့် ကိစ္စမရှိချေ။

ထိုစကားကို ကြားသောအခါ အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေးက တိုးတိုးလေး ရယ်မောလိုက်၏။ "ငါက ဓားတာအို မြစ်ထဲမှာ နေထိုင်ပြီး ထာဝရ ရှင်သန်နိုင်တယ်... မဟာတာအို အတွင်းက တိုက်ပွဲတွေက ငါနဲ့ မသက်ဆိုင်ပါဘူး... ငါ့မှာ ဘာဆန္ဒတွေ ရှိနိုင်ဦးမှာလဲ... ငါ့လို တည်ရှိမှုမျိုးကို တခြား မဟာတာအို မြစ်တွေထဲမှာလည်း တွေ့နိုင်တယ်... ဒါကြောင့် ငါ အထီးမကျန်ပါဘူး..."

ကုအန်အတွက် လက်ဖက်ရည် ငှဲ့ပေးပြီးနောက် သူက သူ့အတွက် တစ်ခွက် ငှဲ့လိုက်၏။ လက်ဖက်ရည် ရနံ့က လေထုထဲတွင် ပျံ့နှံ့နေပြီး အခိုးအငွေ့များက နတ်သားရဲ တစ်ကောင် ခွက်ပေါ်တွင် ကခုန်နေသကဲ့သို့ ရှိသည်။

"ဒါဆို မိတ်ဆွေ က အမတ ဂူကောင်းကင်နဲ့ ပတ်သက်ပြီး ဘာနောင်တမှ မရှိဘူးပေါ့..."

ကုအန်က လက်ဖက်ရည်ခွက်ကို မြှောက်၍ ညင်သာစွာ သောက်လိုက်ရင်း မေးလိုက်၏။ ဤလက်ဖက်ရည်တွင် ဓားတာအို၏ နက်နဲသော အမှန်တရားများ ပါဝင်ပြီး ကျင့်ကြံခြင်းကို အထောက်အကူ ပြုပေသည်။

အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေးက ရယ်မောလိုက်သည်။ "မဟာတာအို အတွင်းကို ရောက်သွားတာနဲ့ အတိတ်က အကြောင်းအကျိုးတွေကို ဖြတ်တောက်လိုက်ရတာပဲ... ငါက အမတ ဂူကောင်းကင်နဲ့ ဘာပတ်သက်မှုမှ မရှိတော့ဘူး... ဒီတစ်ကြိမ် ငါ မင်းကို ရှာရတာက ဓားတာအို အကြောင်း ဆွေးနွေးဖို့ သက်သက်ပါ... ငါက မြင့်မြတ်နှလုံးသား ဓားတာအိုကို အတော်လေး စိတ်ဝင်စားတယ်... အရင်ကလည်း အဲဒါကို ငါ နားလည်အောင် ကြိုးစားခဲ့ဖူးတယ်... ဒါပေမဲ့ သူက ဆက်တိုက် အားကောင်းလာနေပြီး ငါ ဘယ်တော့မှ အပြည့်အဝ နားမလည်နိုင်ခဲ့ဘူး... မိတ်ဆွေ က ငါနဲ့ တာအိုအကြောင်း ဆွေးနွေးဖို့ လိုလားပါ့မလား..."

"သေချာတာပေါ့... ဒါပေမဲ့ အရမ်း အကြာကြီးတော့ မရဘူးနော်..."

ကုအန်က ဆေးပင်များ ခူးဆွတ်ရန် အချိန် မနှောင့်နှေးစေလိုသဖြင့် တမင်တကာ ချီတုံချတုံ ဖြစ်ဟန်ဆောင်လိုက်၏။

အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေးက အားရပါးရ ရယ်မောလိုက်ပြီး ကုအန်နှင့်အတူ လက်ဖက်ရည် သောက်ကာ တာအို အကြောင်း စတင် ဆွေးနွေးတော့သည်။

ဤဆွေးနွေးမှုက တစ်လ ခန့်ကြာမြင့်ခဲ့၏။

ကုအန်က ဖြတ်ပြောရန် အခွင့်အရေး တစ်ခုကို ယူလိုက်ပြီးနောက် အနာဂတ်တွင် ထပ်မံ လာရောက်မည်ဟု ကတိပေးကာ နှုတ်ဆက် ထွက်ခွာသွားသည်။ ထိုအချိန်မှသာ အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေးကရပ်နိုင်ခဲ့သည်။

ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ သို့ ပြန်ရောက်သောအခါ ကုအန်က ဆေးပင်များ ခူးဆွတ်ရန် ဆေးတောင်ကြား၏ နေရာအသီးသီးသို့ အရင်ဆုံး သွားခဲ့၏။ ရင့်မှည့်နေသော ဆေးပင်များ အားလုံးကို ခူးဆွတ်ပြီးသောအခါမှသာ သူ သက်ပြင်းချနိုင်တော့သည်။

သူက ဆေးအပင်များ၏ ထိန်းချုပ်မှုကို ခံနေရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ၏။ တကယ်တော့ တစ်နှစ်လောက် လျှော့ခူးလိုက်ရုံနှင့် သူ့ကို ထိခိုက်စေမည် မဟုတ်သော်လည်း နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့သော အလေ့အကျင့်က သူ့ကို ရပ်တန့်၍ မရနိုင်အောင် ဖြစ်နေစေခဲ့သည်။

၎င်းကို သဘောပေါက်သွားသောအခါ ကုအန်က မိမိကိုယ်ကိုယ် ပြုံး၍ လှောင်ပြောင်လိုက်မိသည်။

လုံလောက်အောင် အစွမ်းမထက်သေးလို့သာ လို့ သူ တွေးလိုက်သည်။ သူ၏ ခွန်အားက သက်တမ်း ဆယ်နှစ် သို့မဟုတ် နှစ်တစ်ရာ ဝဂရုမစိုက်တော့သည့် အဆင့်သို့ ရောက်ရှိသွားသောအခါ သူ၏ စိတ်နေသဘောထားလည်း ပြောင်းလဲသွားသင့်ပေသည်။

သူက သက်တမ်းတာအိုနယ်မြေသို့ ပြန်ရောက်လာပြီး အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေးနှင့် တာအို ဆွေးနွေးခဲ့သည်များကို ပြန်လည် သတိရနေ၏။ အဆုံးမဲ့ ဟင်းလင်းပြင် ဓားဘိုးဘေး၏ ဓားတာအို အောင်မြင်မှုများက သူ ယခင်က ကြုံတွေ့ခဲ့ဖူးသမျှတွင် အစွမ်းအထက်ဆုံး ဖြစ်သည်မှာ သေချာပြီး တစ်လကြာ ဆွေးနွေးမှုကပင် သူ့အတွက် များစွာ အကျိုးရှိစေခဲ့သည်။

လူသားကမ္ဘာရှိ မငြိမ်မသက်မှုများက ဆက်လက် ပြောင်းလဲနေ၏။ သူ၏ တပည့်မြေးများက ဤကိစ္စများအကြောင်း လာရောက် ပြောဆိုလေ့ ရှိသော်လည်း သူက ဂရုမစိုက်ခဲ့ချေ။ သူ၏ အတွေးများက ကောင်းကင်နန်းတော် အပေါ်တွင်သာ စူးစိုက်နေသည်။

သူတော်စင်ရွှမ်မြှောင် ကို သတိမပြုမိဘဲ ကောင်းကင်နန်းတော် အတွင်းတွင် မည်သို့ နေရာချထားရမည်ကို သူ စဉ်းစားရပေမည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နန်းတော်၏ ကံကြမ္မာကို မည်သို့ ဖြေရှင်းရမည်ကိုလည်း သူ စဉ်းစားရပေမည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် နှစ်တစ်ရာ ကုန်လွန်သွား၏။

ကံကြမ္မာနှင့် ပတ်သက်၍ ကုအန် မည်သည့် တိုးတက်မှုမျှ မရရှိခဲ့ချေ။ ထို့ကြောင့် သက်တမ်း ပုံရိပ်ထင်ဟပ်ခြင်းကို မကြာခဏ လုပ်ဆောင်သည့် အသေးအဖွဲ ချဉ်းကပ်မှု တစ်ခုကို သူ ရွေးချယ်လိုက်သည်။

သက်တမ်း ပုံရိပ်ထင်ဟပ်ခြင်း တစ်ခုစီတိုင်းဖြင့် မဟာကမ္ဘာ သုံးထောင်တွင် ဒဏ္ဍာရီ တစ်ခုကို သူ ချန်ထားရစ်ခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ဝင်စားသူများက သူတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ကြပြီး မည်သည့် အနှောင်အဖွဲ့ သို့မဟုတ် အကြောင်းအကျိုးကိုမျှ ချန်မထားခဲ့သဖြင့် သူတို့၏ ဒဏ္ဍာရီများက သက်ရောက်မှု အကန့်အသတ်သာ ရှိသည်။

ဆက်တိုက် သက်တမ်း ပုံရိပ်ထင်ဟပ်ခြင်း ဆယ်ကြိမ် ပြုလုပ်ပြီးနောက် ကံကြမ္မာ လမ်းစဉ် အပေါ် ကုအန်၏ နားလည်မှုက နောက်တစ်ဆင့်သို့ ရောက်ရှိသွား၏။

သို့သော်လည်း ၎င်းက မလုံလောက်သေးချေ။ ကောင်းကင်တာအို ကံကြမ္မာကို အပြည့်အဝ နားလည်သဘောပေါက်ရန် သူ သွားရမည့် ခရီး ရှည်လျားနေဆဲ ဖြစ်သည်။

...

စကြဝဠာ၏ အနက်ရှိုင်းဆုံး နေရာတွင် ကမ္ဘာ့ဂိတ်တံခါးက မားမားမတ်မတ် ရပ်တည်နေဆဲ ဖြစ်၏။

ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက ဂိတ်တံခါးရှေ့တွင် တရားထိုင်နေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး မျက်လုံးများ ဖွင့်ကာ လက်ချောင်းများဖြင့် တွက်ချက်ကြည့်လိုက်ရာ သူ၏ မျက်နှာ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ သူက ရှေ့သို့ ခြေလှမ်း အနည်းငယ် တိုးသွားပြီး ကမ္ဘာ့ဂိတ်တံခါး ရှေ့တွင် ဒူးတစ်ဖက် ထောက်လိုက်၏။

မကြာမီမှာပင် ဂိတ်တံခါး အတွင်းမှ တောက်ပသော အလင်းတန်း တစ်ခု ပေါက်ကွဲထွက်လာပြီး မှိုင်းညို့နေသော ဟင်းလင်းပြင်ကို လင်းထိန်သွားစေကာ ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား၏ အရိပ်ကို ရှည်လျားသွားစေသည်။

အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင်းမြီးယပ်တံကို ကိုင်ဆောင်ထားကာ ကြိုးကြာငှက်ကဲ့သို့ ဖြူဖွေးသော ဆံပင်များနှင့် ငယ်ရွယ်နုပျိုသော အသားအရေ ရှိသည့် အဘိုးအို တစ်ဦးက ကမ္ဘာ့ဂိတ်တံခါးမှ ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။ သူ၏ ပုံရိပ်က အနည်းငယ် ပိန်ပါးနေပုံရပြီး သူ၏ ခြေအောက်တွင် တိမ်များ မြင့်တက်နေ၏။ သူ၏ နောက်တွင် ကြယ်ပင်လယ် ဓမ္မပုံရိပ်က ထွက်ပေါ်နေပြီး သူ၏ တည်ငြိမ်သော မျက်လုံးများထဲတွင် မဟာကမ္ဘာ နှစ်ခု ပါဝင်နေသကဲ့သို့ ရှိ၏။

ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက ခေါင်းငုံ့ထားပြီး အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုကို မကြည့်ရဲချေ။

ယခုအချိန်တွင် ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား၏ ရင်ထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေ၏။

ဤအဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုကို သူ မသိသော်လည်း အဘိုးအို၏ ကောင်းကင်တာအို ကံကြမ္မာက သူ တစ်သက်တာ မြင်ဖူးသမျှတွင် အလေးလံဆုံး ဖြစ်သည်။ ဤအဘိုးအို၏ အမတ ရာထူးက သူ မှန်းဆ၍ မရနိုင်လောက်အောင် အလွန် မြင့်မားနေမည်မှာ သေချာပေသည်။

ဒီလို တည်ရှိမှုမျိုးက ဘာလို့ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ကိုယ်တိုင် လာရတာလဲ...

မိတ်ဆွေလား ရန်သူလား...

သူက ငါ့ကို လာရှာတာလား... ဒါမှမဟုတ် ကုအန်ကို လာရှာတာလား...

ဒါမှမဟုတ် ထိုက်ရီ အမတအရှင် နဲ့ ရွှေဂူ အမတ ၇၂ ပါး အတွက် လာတာများလား...

သူ၏ စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေပြီး အလွန်အမင်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။ ဤအစွမ်းထက်သော အမတနတ်ဘုရား သတိထားမိမည်ကို ကြောက်ရွံ့သဖြင့် ကုအန်ထံသို့ သတင်းပို့ရန်ပင် သူ မဝံ့မရဲ ဖြစ်နေတော့သည်။

အခန်း (၇၃၂) ကောင်းကင်နန်းတော်၏ ကောင်းကင်အမိန့်တော်

"ထပါ... ဒီတစ်ခေါက် ငါ လာတာက ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်ပဲ"

အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုက ပြောလိုက်ရာ ဤစကားများက ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားကို ပို၍ပင် စိုးရိမ်သွားစေ၏။ အကြောင်းမှာ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် လာခြင်းက ရန်ငြိုးများကြောင့် ဖြစ်နိုင်သောကြောင့်တည်း။

"မင်းရဲ့သားရဲ့ အကြောင်းအကျိုးကို မင်း သိလား..." အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုက ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား၏ ရှေ့တွင် ရပ်၍ ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် မေးလိုက်သည်။

ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက သူ့ကို မော့ကြည့်လိုက်ပြီး တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားကာ ပြောလိုက်၏။ "သူက ကောင်းကင်သားတော် ပြန်လည်ဝင်စားလာတာလား..."

တစ်ဖက်လူက ဤသို့ မေးလာနိုင်သည်ဆိုမှတော့ အခြေအနေကို သူတို့ သိထားသည်မှာ သေချာပေသည်။ သူ သိထားသည့် အချက်အလက်များကို ဖုံးကွယ်ထားခြင်းက အရာရာကို ပိုမို ရှုပ်ထွေးသွားစေရုံသာ ရှိလိမ့်မည်။

"မှန်တယ်... သူက ကောင်းကင်သားတော် ရွှမ်ချင်း ပဲ... ပြီးတော့ ငါ့ရဲ့ တပည့်လည်း ဖြစ်တယ်... သူ့ရဲ့ အကြောင်းအကျိုး ကံကြမ္မာတွေကို ဖုံးကွယ်ထားဖို့ ကျီဝေ့ ဧကရာဇ် ကို ငါ တာဝန်ပေးခဲ့တာ... ဒီလောက် အချိန်အကြာကြီး ဖုံးကွယ်ထားနိုင်ခဲ့တာကိုပဲ ငါ အတော်လေး ကျေနပ်နေပါပြီ..."

အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအို၏ အဖြေကြောင့် ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားမှာ သက်ပြင်းချနိုင်သွား၏။

ဒါဆို သူက ထျန်ဟောက်ရဲ့ ဆရာဟောင်းပေါ့... ဒီလိုဆိုရင် သူက ရန်သူ မဖြစ်သင့်ဘူး...

"ငါ့ဘွဲ့အမည်က ထာဝရအသက် အရှင်မြတ် လို့ ခေါ်တယ်... ပြီးတော့ ဓားသခင်ဓားအရှင် နဲ့ တွေ့ချင်တယ်... သွားပြီး သူ့ကို ငါ့အတွက် ခေါ်ပေးပါ... ငါက ကမ္ဘာ့ဂိတ်တံခါးမှာ သူ့ကို စောင့်နေမယ်..."

ငြင်းဆန်၍ မရနိုင်သော လေသံဖြင့် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုက ပြောလိုက်သည်။ 'အရှင်မြတ်' ဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါ ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား၏ သူငယ်အိမ်များက ရုတ်တရက် ကျုံ့သွား၏။ သူ၏ ရင်ထဲတွင် မငြိမ်မသက် ဖြစ်သွားပြီး ထိုကဲ့သို့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး ကိုယ်တိုင် လာရောက်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။

သူက မငြင်းဆန်ရဲဘဲ ချက်ချင်း ထရပ်ကာ ကုအန်ကို သွားရှာတော့သည်။

ထာဝရအသက် အရှင်မြတ် က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ပတ်လည်ရှိ တိမ်များက လွင့်စင်သွားပြီး သူ၏ ပုံရိပ်ကို ဖုံးကွယ်သွားစေ၏။

...

ဝိညာဉ်ကိုးပါး တိုက်ကြီး၊ ချမ့်ခွန်းဂိုဏ်း။

ကုအန်နှင့် ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားတို့ မြို့ထဲတွင် ဆုံတွေ့ခဲ့ကြသည်။ သူတို့ နှစ်ယောက်က လမ်းမပေါ်တွင် လျှောက်လှမ်းနေကြရင်း ထာဝရအသက် အရှင်မြတ် အကြောင်း ဆွေးနွေးနေကြ၏။

"ကောင်းကင်နန်းတော်မှာ အရှင်မြတ် လို့ ဘွဲ့ရထားတဲ့ သက်ရှိတွေက ရှေးဟောင်း ဒဏ္ဍာရီ တစ်ခုပဲ... အရှင်မြတ် ဆိုတာ အမတအရှင်မြတ် ထက် ပိုမြင့်တဲ့ တည်ရှိမှု တစ်ခုလေ... အရှင်မြတ် တစ်ပါးကို ငါ မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ... သူက ထျန်ဟောက် အတွက် လာတာ ဖြစ်ပြီး မင်းကို တွေ့ချင်တယ်လို့ ပြောတယ်..." ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက မျက်မှောင်ကြုတ်လျက် စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

ထာဝရအသက် အရှင်မြတ် က သူ့ကို လာရှာခြင်းမှာ နားလည်နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူက ထျန်ဟောက် နှင့် ခွဲခြား၍ မရနိုင်သော အကြောင်းအကျိုး တစ်ရပ် ရှိနေသောကြောင့်ပင်။

ဒါပေမဲ့ ကုအန်ကို ဘာလို့ လာရှာရတာလဲ...

ထျန်ဟောက် က ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သော်လည်း ထာဝရအသက် အရှင်မြတ် က ကုအန်ကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်သည်။

ကုအန်ကို ဖယ်ရှားပစ်ဖို့များလား...

ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားသည် ကုအန်နှင့် နက်ရှိုင်းသော ပတ်သက်မှုများ ရှိခဲ့၏။ အကယ်၍ ကုအန် ဖယ်ရှားခံရပါက သူကိုယ်တိုင်လည်း သေဘေးမှ လွတ်မြောက်ရန် ခက်ခဲလိမ့်မည်ကို သူ သိလေသည်။

အမတနတ်ဘုရားများက ဖျက်ဆီး၍ မရနိုင်သော်လည်း ၎င်းက ကောင်းကင်နန်းတော်၏ အပြင်ဘက်တွင်သာ ဖြစ်၏။ အတွင်းဘက်တွင်မူ အဆင့်မြင့် အမတနတ်ဘုရားများသည် သူတို့၏ ကောင်းကင်နန်းတော် ကံကြမ္မာကို ဖယ်ရှားခံလိုက်ရပါက သေချာပေါက် သေဆုံးရမည်သာ ဖြစ်သည်။

ကုအန်၏ အမူအရာက ပြောင်းလဲခြင်း မရှိဘဲ ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေ၏။ သူက ထာဝရအသက် အရှင်မြတ် ကို သွားတွေ့ရန် အလျင်စလို မလုပ်ချေ။

ထာဝရအသက် အရှင်မြတ် ရောက်လာသည်နှင့် တစ်ပြိုင်နက် သူက အာရုံခံမိပြီး ဖြစ်သည်။

ဤပုဂ္ဂိုလ်၏ ကျင့်ကြံခြင်း အဆင့်မှာ တာအိုအထွတ်အထိပ် တာလော့အမတ အစောပိုင်းအဆင့် တွင် ရှိပြီး ရွှေကျီးကန်း နတ်ဘုရားအရှင် ထက် များစွာ သာလွန်၏။

သူတို့ နှစ်ယောက်စလုံးက အဓိပတိအမတများ ဖြစ်ကြသော်လည်း ရွှေကျီးကန်း နတ်ဘုရားအရှင် က မြောင်ကျန်းတာလော့အမတ တစ်ပါးသာ ဖြစ်ပြီး ထာဝရအသက် အရှင်မြတ် ကတော့ တာအိုအထွတ်အထိပ် တာလော့အမတ အဆင့်သို့ ရောက်ရှိနေသဖြင့် သူက ကောင်းကင်သားတော်၏ ဆရာ ဖြစ်နေသည်မှာ အံ့ဩစရာ မဟုတ်ပေ။

ထာဝရအသက် အရှင်မြတ် က သူ့အပေါ် ရန်လိုမှု မရှိသကဲ့သို့ သူ၏ အကြောင်းအကျိုး ရန်သူလည်း ဖြစ်မလာသဖြင့် ပြဿနာများကို ကုအန် မကြောက်ရွံ့ချေ။

သက်တမ်း ကြိုတင်ခန့်မှန်းခြင်း အဆင့်မြှင့်တင်ပြီး ကတည်းက ကုအန်သည် အကြောင်းအကျိုး ရန်ငြိုးများနှင့် ပတ်သက်၍ အမြဲတမ်း အရိပ်အမြွက်များ ရရှိတတ်၏။ သူနှင့် ရန်ငြိုးဖွဲ့ရန် ကံပါလာသူ အရေအတွက်မှာ ဘီလီယံ တစ်ဆယ်ကျော် ရှိသည်။

နေရာအနှံ့ သွားရောက် စွန့်စားခြင်း မရှိဘဲနဲ့တောင် ဒီလောက် ဖြစ်နေတာ... ကောင်းကင်ဘုံတွေကို စူးစမ်းလေ့လာနေတဲ့ ကျင့်ကြံသူတွေ သူတို့ရဲ့ တစ်သက်တာမှာ ရန်သူ ဘယ်လောက်များများနဲ့ ကြုံတွေ့ရမလဲ ဆိုတာကို မှန်းဆဖို့တောင် ခက်ခဲလွန်းတယ်...

"အင်း... ပြီးမှ သူ့ကို သွားတွေ့လိုက်မယ်... မင်း လာလည်ခဲတယ် ဆိုတော့ ချမ့်ခွန်းဂိုဏ်းက အသစ်အဆန်းတွေကို ဘာလို့ လိုက်မကြည့်ရမှာလဲ..." ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား၏ စကားကို ကြားပြီးနောက် ကုအန်က တိုးတိုးလေး ရယ်မော၍ ပြောလိုက်၏။

ကုအန်က ဤမျှ တည်ငြိမ်နေသည်ကို မြင်သောအခါ ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားလည်း စိတ်သက်သာရာ ရသွားပြီး တိတ်တဆိတ် အထင်ကြီးသွားမိသည်။ ကုအန်၏ တည်ငြိမ်မှုက သူ့ကို အချိန်အကြာကြီး လိုက်လံ အတုယူရန် လုံလောက်ပေသည်။

သူက အထင်ကြီးလေးစားနေသော်လည်း အပျော်အပါးထဲတွင် အပြည့်အဝ နစ်မြော၍ မရနိုင်ခဲ့ချေ။

ညနေစောင်း အချိန်ရောက်မှသာ ကုအန်က ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား နောက်သို့ လိုက်၍ ကမ္ဘာ့ဂိတ်တံခါး သို့ သွားခဲ့၏။

ညအချိန် ရောက်လာသည်။

ကုအန်က သက်တမ်းတာအိုနယ်မြေ သို့ ပြန်ရောက်လာပြီး သူ၏ ခြံဝင်းထဲသို့ ဝင်သွားရာ ရတနာ သန့်စင်မီးဖို ရှေ့တွင် ရှန်းကျန် တစ်ယောက်တည်းသာ ထိုင်နေ၏။

ကုအန် ပြန်ရောက်လာသည်ကို မြင်သောအခါ ရှန်းကျန်က ခေါင်းလှည့်ကြည့်လိုက်ပြီး သူ၏ လက်ထဲရှိ ရွှေရောင် အမိန့်တော်ပြားကို သတိပြုမိသွားကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "မင်းလက်ထဲက ဘာကြီးလဲ..."

ကုအန်က သူ၏ ပက်လက်ကုလားထိုင်ဆီသို့ လျှောက်သွားပြီး ဝင်ထိုင်လိုက်၏။ ၎င်းပေါ်တွင် လဲလျောင်းရင်း ညာဘက်လက်ဖြင့် ရွှေရောင် အမိန့်တော်ပြားကို မြှောက်လိုက်ကာ လရောင်အောက်တွင် သဘောကျစွာ ကြည့်ရှုချင်နေပုံရသည်။

"ဒါက ကောင်းကင်နန်းတော်ရဲ့ ကောင်းကင်အမိန့်တော် လို့ ခေါ်တယ်... ဒီအမိန့်တော်နဲ့ ဆိုရင် အမတအဆင့်မှာ နေရာတစ်ခု ရနိုင်တယ်..." ကုအန်က ပြန်ဖြေလိုက်၏။

ထာဝရအသက် အရှင်မြတ် က ဤကဲ့သို့သော အခွင့်အရေးမျိုး ပေးရန်အတွက် သူ့ကို အထူးတလည် လာရှာခဲ့ခြင်း ဖြစ်သည်။ ၎င်းက ထျန်ဟောက် ကို ပြုစုစောင့်ရှောက်ပေးခဲ့ခြင်းအတွက် ကျေးဇူးဆပ်ခြင်းဟု ထင်ရသော်လည်း ထာဝရအသက် အရှင်မြတ် က သူ့ကို ထျန်ဟောက် နှင့် အပြည့်အဝ ပေါင်းစပ်၍ တစ်အုပ်စုတည်း ဖြစ်လာစေရန် ဆန္ဒရှိနေကြောင်း သူ ရှင်းလင်းစွာ သိထား၏။

ဤ ကောင်းကင်နန်းတော်ရဲ့ ကောင်းကင်အမိန့်တော် က စမ်းသပ်မှုများ ခံယူစရာ မလိုဘဲ ကောင်းကင်နန်းတော်သို့ တိုက်ရိုက် ဝင်ရောက်နိုင်စေပြီး ကောင်းကင်နတ်ဘုရား တစ်ပါးထက် ပိုမြင့်သော ရာထူးမှ စတင်နိုင်မည် ဖြစ်သည်။ ဤအမိန့်တော်၏ စွမ်းအားကို ကြားလိုက်ရသောအခါ ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားမှာ အံ့အားသင့်သွားပြီး သူ၏ ယုံကြည်မှုများကိုပင် ပြိုကွဲသွားစေလုမတတ် ဖြစ်ခဲ့ရ၏။

ထျန်ဟောက် ကို လမ်းခွဲရန် ဆန္ဒမရှိသဖြင့် ကုအန်က ဤအခွင့်အရေးကို သဘာဝကျကျပင် မငြင်းပယ်ခဲ့ချေ။ ၎င်းကို မည်သူ့အား ပေးရမည်ကို သူ စဉ်းစားနေ၏။

သူတော်စင်ရွှမ်မြှောင် ကိုတော့ ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။ အကြောင်းမှာ သူက ဖြစ်နိုင်ချေ နှစ်ခုစလုံးအတွက် ပြင်ဆင်ထားရန် လိုအပ်ပြီး ထာဝရအသက် အရှင်မြတ် ၏ ဦးဆောင်မှုအောက်တွင် မရှိစေရန် ဖြစ်သည်။

သူက အမတအဖြစ် တက်လှမ်းရန် တပည့်တစ်ယောက်ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်ပြီး မည်သူက အလိုချင်ဆုံး ဖြစ်သနည်း ဆိုသည်အပေါ် အခြေခံ၍ ရွေးချယ်မည် ဖြစ်၏။

"အမတအဆင့်မှာ နေရာတစ်ခု ရမယ် ဟုတ်လား..." ရှန်းကျန်က အံ့အားသင့်သွားပြီး ချက်ချင်း မတ်တတ်ထရပ်ကာ ကုအန်၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်၍ ကောင်းကင်နန်းတော်ရဲ့ ကောင်းကင်အမိန့်တော် ကို စပ်စုချင်စိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည်။

ဤအမိန့်တော် မည်သို့ ရရှိလာကြောင်း သူမက မေးမြန်းရာ ကုအန်က ဖုံးကွယ်မထားခဲ့ချေ။

ရှန်းကျန်က ကုအန်မှတစ်ဆင့် ကောင်းကင်နန်းတော် တည်ရှိကြောင်းနှင့် ထျန်ဟောက် ၏ ဇာစ်မြစ်ကို သိထားသည်မှာ ကြာပြီ ဖြစ်၏။ သို့သော်လည်း အမတနတ်ဘုရားများနှင့် ကုအန်၏ ပတ်သက်မှုများ အကြောင်းကို ကြားလိုက်ရသောအခါ သူမက အံ့အားသင့်နေဆဲ ဖြစ်သည်။

ကုအန်၏ အနားတွင် အမြဲတမ်း ရှိနေခဲ့လျှင်တောင် ကုအန်၏ အဆင့်က မည်မျှ မြင့်မားကြောင်းကို သူမ အပြည့်အဝ မခန့်မှန်းနိုင်ခဲ့ချေ။

"ဒီအမိန့်တော်ပြားကို ဘယ်သူ့ကို ပေးသင့်တယ်လို့ မင်း ထင်လဲ..." ကုအန်က ပေါ့ပေါ့ပါးပါး မေးလိုက်၏။

ရှန်းကျန်က တစ်ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ရှင်ရဲ့ တခြား တပည့်ဖြစ်တဲ့ ယန်ကျန်း ကို မှတ်မိသေးလား... ယန်ကျန်းက အန်ဟောင် ရဲ့ နောက်ကို လိုက်ချင်ခဲ့ဖူးတယ်လေ... အခု အန်ဟောင်က ဝင်စားပြီး အမတအဖြစ် တက်လှမ်းနေပြီ ဆိုတော့ ယန်ကျန်း ကို အမတအဖြစ် တက်လှမ်းခွင့် ပေးပြီး အန်ဟောင် နောက်ကို ဆက်လိုက်ခိုင်းလိုက်ရင်ကော ဘယ်လိုလဲ... ရှင်က သက်တမ်းတာအိုနယ်မြေက တပည့် တစ်ယောက်ယောက်ကို အမတအဖြစ် တက်လှမ်းစေချင်တဲ့ အချိန်တိုင်း တစ်ခုခု ဖုံးကွယ်ထားတယ်လို့ ငါ အမြဲတမ်း ခံစားရတယ်..."

သက်တမ်းတာအိုနယ်မြေ တွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သဖြင့် သက်တမ်းတာအိုနယ်မြေ၏ ထူးခြားမှုကို သူမ မည်သို့ မသိဘဲ နေမည်နည်း။

ထို့ပြင် အကြောင်းအကျိုး လမ်းစဉ် ကို နက်နက်ရှိုင်းရှိုင်း လေ့လာပြီးနောက် အကြောင်းအကျိုး၏ ကြောက်မက်ဖွယ် သဘာဝကို သူမ နားလည်လာပြီး သက်တမ်းတာအိုနယ်မြေ မှ တစ်စုံတစ်ယောက် အမတအဖြစ် တက်လှမ်းသွားမည်ကို သူမ အလိုမရှိချေ။

ကုအန်က ရှန်းကျန်ကို တစ်ချက် ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ထွက်ပေါ်လာ၏။

"ကုအန်... ကောင်းကင်နန်းတော်က တကယ်ပဲ ဘယ်လိုမျိုးလဲ... အမတနတ်ဘုရားတွေ ဘယ်လောက်တောင် ရှိပြီး သူတို့က ဘယ်မှာ ရှိနေကြတာလဲဟင်" ရှန်ကျန်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

ကုအန်က သူ သိထားသမျှ သတင်းအချက်အလက် အားလုံးကို ပြောပြလိုက်ရာ ရှန်းကျန်၏ ရင်ထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်သွားစေ၏။

"အမတနတ်ဘုရားတွေလို့ ခေါ်တဲ့ သူတွေတောင်မှ အကျိုးစီးပွား ပဋိပက္ခတွေကနေ မလွတ်မြောက်နိုင်ကြဘူးဆိုရင် အစစ်အမှန် လွတ်မြောက်ခြင်း ဆိုတာက ဘယ်လို အဆင့်မျိုးအထိ ရောက်မှလဲ..."

ရှန်ကျန်းက ရိုးသားစွာ သက်ပြင်းချလိုက်ပြီး ကုအန်က သူမကို ပြန်မဖြေခဲ့ချေ။ သူကိုယ်တိုင်လည်း ဤမေးခွန်းကိုပင် စဉ်းစားနေခဲ့ခြင်း ဖြစ်၏။

အမြင့်ဆုံး ကောင်းကင်ဧကရာဇ် ကရော လွတ်မြောက်နေပြီလား...

အကယ်၍ လွတ်မြောက်နေပြီ ဆိုပါက ကောင်းကင်ဧကရာဇ် နေရာအတွက် အဘယ်ကြောင့် အာဏာလုပွဲများ ရှိနေရသနည်း။ ထို့ပြင် ကောင်းကင်တာအို ကံကြမ္မာ ပင်လျှင် မလွှမ်းခြုံနိုင်သော နေရာများတွင် မရေမတွက်နိုင်သော ကျယ်ပြန့်သည့် မဟာတာအို များ ရှိနေဆဲ ဖြစ်ရာ ယင်းက ကောင်းကင်တာအို က အစွမ်းအထက်ဆုံး မဟုတ်ကြောင်း ညွှန်ပြနေ၏။

ထိုညတွင် ကုအန်နှင့် ရှန်ကျန်းတို့က လမင်းကြီးကို အတူတကွ ကြည့်ရှုရင်း လွတ်မြောက်ခြင်း နှင့် ပတ်သက်သော သူတို့၏ စိတ်ကူးယဉ်မှုများကို ဆွေးနွေးခဲ့ကြသည်။

နောက်နေ့ နံနက်ခင်းသို့ ရောက်သည်အထိ ကုအန်က ရှန်ကျန်း၊ အန်ရှင်း တို့နှင့်အတူ သက်တမ်းတာအိုနယ်မြေ မှ ထွက်ခွာသွားခဲ့၏။

လမ်းတွင် ယန်ကျန်းကို အမတအဖြစ် တက်လှမ်းစေလိုသော ကုအန်၏ ရည်ရွယ်ချက်ကို အန်ရှင်းက သိရှိသွားပြီး ကုအန်နှင့် ထာဝရအသက် အရှင်မြတ် တို့၏ ပတ်သက်မှု အကြောင်းကိုလည်း သိလိုက်ရရာ ကောင်းကင်သားတော် အဖြစ် အန်ဟောင် ၏ မည်သူမည်ဝါ ဖြစ်မှု အပေါ် သူမ၏ စပ်စုချင်စိတ်ကို လှုံ့ဆော်ပေးလိုက်၏။

ယန်ကျန်းက လက်ရှိတွင် ထိုက်ချန်း အင်ပါယာ ၌ ရှိနေဆဲ ဖြစ်သော်လည်း သူက နန်းတော်နှင့် ဝေးတွင် တံခါးပိတ် ကျင့်ကြံနေ၏။ ထိုက်ချန်း အင်ပါယာ ၏ ထိပ်တန်း စစ်သူကြီးချုပ် မှာ လုံထန် ဖြစ်ပြီး သူ ရှိနေခြင်းက ယန်ကျန်းကို အေးချမ်းစွာ ကျင့်ကြံနိုင်စေခဲ့သည်။

လွတ်ငြိမ်းရာအမတ အဆင့်သို့ ရောက်ရှိပြီးနောက် ဝင်စားခြင်း ကပ်ဘေး ကို ကျော်ဖြတ်ရန် သူ စဉ်းစားနေခဲ့လေပြီ...။

All Chapters