← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အပိုင်း(၁၇)

မျက်လုံးခြောက်လုံး၏ဆန်းစစ်မှုအောက်တွင် အနည်းငယ်ဖိအားပေးခံရသလို ခံစားနေရပြီး ချန်းယိုထျန်းသည် စျေးထဲက သူ၏ အတိတ်အတွေ့အကြုံတွေကို ပြန်ပြောပြပြီး ခေါင်းညိတ်လိုက်သည်။

ခေါင်းညိတ်ပြသည်ကို မြင်လိုက်ချိန်တွင် သူ့ကိုယ်ပိုင်ခြင်းတောင်းကို သယ်ထားသည့်ရှန်းအန်းက သူတို့ဆိုင်နှစ်ခုလုံးအတွက် လုံလောက်အောင်ကြီးမားသည့် နေရာလွတ်တစ်ခု ဆီသို့ ရှန်းနဉ်ကို မြန်မြန်ခေါ်သွားလိုက်ပြီး နေရာဦးထားရန် သူ့ခြင်းကို မြန်မြန်ချထားလိုက်တော့သည်။

တို့ဟူးပုံးနှစ်ပုံးကို ကူညီနေရာချပေးပြီးသည်နှင့် ချန်းယိုထျန်းသည် သူ့အလုပ်ပြီးပြီဟု တွေးလိုက်၏။ သူသည် သူ၏ ကြက်ဥတောင်းကို ယူလိုက်ကာ ရှန်းအန်းက သူ့အတွက် ယူပေးထားသော သီးသန့်နေရာတွင် ထိုင်ချလိုက်လေသည်။

သူတို့၏ပတ်ဝန်းကျင်ကို ဆန်းစစ်ကြည့်ရာ သူတို့၏ လက်ဝဲဘက်တွင် ဟင်းသီးဟင်းရွက်ရောင်းသော ဈေးသည်တစ်ယောက်နှင့် ညာဘက်တွင် လှေ့ခြင်းတောင်းရောင်းသူတို့ရှိနေသည်ကို စန်းလော့က သတိပြုမိလိုက်သည်။ ထို့အပြင် သကြားညို၊ ကြက်ဥ၊ လျှော်ချည်မျှင်၊ အိမ်သုံးအထည်၊ ဖျာနှင့် တံမြက်စည်းများ၊ အများစုသည် ဒေသထွက်ကုန်မျိုးစုံကို ရောင်းသည့် ဈေးသည်များဖြစ်သည်။

ခေါင်းရွက်ဗျက်ထိုး ဈေးသည်များအပြင် ဒေသခံများဟု ယူဆရသည့် လူများသည် ခြင်းတောင်းများနှင့် လမ်းလျှောက်ထွက်ကာ ဈေးဝယ်ရန် လာနေကြသည်။

အမြဲတမ်းနီးပါးရပ်ကာ ဖြတ်သွားဖြတ်လာများကို သူတိုကုန်ပစ္စည်းအကြောင်း ကြော်ငြာနေသည့် အနီးအနားက ဆိုင်ရှင်များကို ရှန်းအန်းသည် လေ့လာလိုက်ပြီး နောက်တွင် ခြင်းတောင်းဘေးတွင် ငြိမ်ငြိမ်လေး ထိုင်နေသည့် ချန်ယိုထျန်းကိုကြည့်လိုက်ပြီး စန်းလော့ ဘက်သိုလှည့်ကာ မေးလိုက်လေသည်။

"မရီး ကျွန်တော်တို့ တို့ဟူးဘယ်လိုရောင်းရမလဲ၊ ဖောက်သည်တွေကို ဆွဲဆောင်ပြီး ဖိတ်ခေါ်ရမှာလား"

သူတို့၏စားဝတ်နေရေး အတွက် အရေးကြီးသည့် ကိစ္စတွင် ရှန်းအန်းက စိတ်လှုပ်ရှားနေခဲ့သည်။

"ဟုတ်တယ်၊ ငါတို့လုပ်ရမယ်။ အကောင်းဆုံးဝိုင်ကိုတောင် ကြော်ငြာဖို့ လိုတယ်။ ဒါ့အပြင် လူတွေက အစ်မတို့ရဲ့ထုတ်ကုန်နဲ့ ရင်းနှီးမှုမရှိဘူး၊ ဒါပေမယ့် အဲ့ဒီ့မတိုင်ခင်မှာ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်တယ်" စန်းလော့သည် ရှင်းပြလိုက်၏။

သူမ စကားပြောနေစဉ်တွင် ပုံးနှစ်ပုံးကို စီစဉ်ပြီး သကြားရေထည့်ထားသည့် ဝါးကျည်တောက်ထည့်ထားသည့် ရှန်းအန်း၏ခြင်းတောင်းကို ယူကာ ကြာရွက်များထည့်ထားသည့် ရှန်းနဥ်၏တောင်းထဲတွင် ပေါင်းထည့်ထားလိုက်သည်။ ထို့နောက် ရှန်းအန်းကို ကြွေအိုးနှင့် ဝါးဓားတို့ကို ကိုင်ထားခိုင်းလိုက်ပြီး၊ ယာယီခုံအဖြစ်အသုံးပြုရန် တောင်းအလွတ်ကို မှောက်လိုက်ကာ တည်ငြိမ်မှုကို စစ်ဆေးရန်ကြွေအိုးကို အပေါ်မှ တင်ထားလိုက်၏။

"ပြီးပြီ၊ ငါတို့ ရောင်းမဲ့ပစ္စည်းတင်ဖို့ စားပွဲ လုပ်ပြီးပြီ"

နောက်ထပ် ပြင်ဆင်ခြင်းမရှိဘဲ တိုက်ရိုက်စားသုံးနိုင်သော အစားအစာများအတွက်၊ တင်ဆက်မှုမှာ အဓိကကျသည်။ ထုတ်ကုန်သည် မည်မျှပင် ကောင်းမွန်စေကာမူ မြေကြီးပေါ်တွင်ချထားလျှင် ဆွဲဆောင်မှု ကျဆင်းသွားတတ်သည်။

သူမ၏ယခင်ဘဝတွင် သူမ၏လုပ်ငန်းကို တရားဝင်မစတင်မီ အကြိမ်ပေါင်းများစွာ စျေးဆိုင်များဖွင့်လှစ်ခဲ့သည့် စန်းလော့သည် ဤအစီအစဉ်များကို လက်တန်းလုပ်ဆောင်ရာတွင် အသားကျပြီးဖြစ်လေသည်။

ထို့နောက် သူမသည် ရှန်းနင်းအားခေါ်လိုက်ပြီး

"အားနဥ်၊ လက်ဆေးဖို့ ရေသန့်လိုတယ်"

အစောပိုင်းတွင် ဘာလုပ်ရမှန်းမသိသော ရှန်းနဉ်သည် စန်းလော့က ကူညီပေးဖို့ တောင်းဆိုသည့်အခါ စိတ်အားထက်သန်စွာ တုံ့ပြန်လိုက်၏။

သူမသည် သန့်ရှင်းသောရေများ ပြည့်နေသည့် ဝါးကျည်တောက်ကို ရှာလိုက်ပြီးနောက် စန်းလော့နှင့်အတူ လမ်းကို ကျောပေးပြီး စန်းလော့၏လက်ကို ဆေးရန် ရေလောင်းပေးလိုက်၏။

လက်ကိုဆေးကြောပြီးနောက် စန်းလော့သည် နတ်သမီးတို့ဟူးမှ ဖြတ်ထုတ်ထာသည့်အနားစ တစ်တုံးကို ထုတ်ယူကာ လက်တစ်ဖက်တွင် ကိုင်ထားပြီး နောက်တစ်ဖက်တွင် ဝါးဓားဖြင့် ကြွေအိုး၏အပေါ်တွင် အတုံးသေးသေးလေးများ လှီးဖြတ်လိုက်သည်။

အစားအသောက်ကို မထိမီ လက်အား သန့်ရှင်းအောင် စေ့စေ့စပ်စပ်ဂရုစိုက်မှုမှာ အနားရှိဆိုင်ပိုင်ရှင်များ၏အာရုံကို ဖမ်းစားသွားသည်။ စန်းလော့ ကိုင်တွယ်နေသော မရင်းနှီးသေးသည့် စိမ်းစိုးနေသော ပစ္စည်းကို အထူးစိတ်ဝင်စားသွားကြသည်။ ကြက်ဥရောင်းသည့် စပ်စု‌လိုသည့် မိန်းမကြီးက မေးလိုက်၏။

"ကလေးမ၊ နင်က ဘာရောင်းတာလဲ၊ အဲဒါ စားစရာလား"

စန်းလော့က ပြုံးလိုက်ရင်း

"ဟုတ်တယ်ရှင့် စားစရာပါ၊ နတ်သမီးတို့ဖူးတဲ့၊ အရသာရှိတယ်"

အဘွားအိုသည် ဤကဲ့သို့သော အသစ်အဆန်းနှင့် သူတော်စင်အမည်ရှိသည့် ပစ္စည်းအကြောင်း ကြားလိုက်ရသည်တွင် သေချာ မြင်နိုင်ရန် လည်ပင်းဆန့်ထုတ်လိုက်ပြီး

"ဒါကို တစ်ခါမှ မမြင်ဖူးဘူး၊ ဘယ်လိုစားရလဲ"

"ဒါက အဘွားရဲ့အကြိုက်ပေါ် မူတည်တယ်။ အိမ်မှာ သကြားညို ဒါမှမဟုတ် ပျားရည်ရှိရင် သကြားရေထဲဖျော်ပြီး အဲ့တာကို လှီးထားတဲ့ တို့ဟူးအပေါ်ကို လောင်းပြီး အချိုပွဲအဖြစ် တိုက်ရိုက်စားလို့ရတယ်။ ဒါမှမဟုတ် အရသာခံပြီးစားချင်ရင် ဆီ၊ ဆား၊ ပဲငံပြာရည်၊ ကြက်သွန်နီ အစိမ်းတုံးလေးတွေတုံးပြီး ဟင်းတစ်ပွဲလုပ်လို့ရတယ်"

သူမ ရှင်းပြလိုက်သည်ကို ကြားလိုက်ရပြီးနောက် သူမ၏ ကြည်လင်လှသည့်အသံက အသစ်အဆန်းပစ္စည်း၏ ဆွဲဆောင်ခံထားရသည့် ပတ်ဝန်းကျင်ဆိုင်ပိုင်ရှင်များကို အာမခံချက်ပေးလိုက်လေသည်။

ပြောင်လက်နေသော အစိမ်းရောင်နတ်သမီးတို့ဟူးအား သပ်ရပ်သည့် လေးထောင့်တုံးများအဖြစ်သို့ လျင်မြန်စွာ လှီးဖြတ်လိုက်သည်ကို သူတို့က စောင့်ကြည့်နေကြသည်။ သွက်သွက်လက်လက် လှုပ်ရှားရင်းနှင့်ပင် တို့ဟူး၏အရောင်သည် အိုး၏ အောက်ခံအရောင်နှင့် လှပစွာ ဆန့်ကျင်စွာ မြေထည်အိုးထဲသို့ ပြုတ်ကျသွားသည်။ ကြည့်ရှုနေသည့် ဈေးသည်များကြားတွင် ပိုမိုဆွဲဆောင်မှုရှိပြီး သွားရည်ပင်ကျလာစေတော့သည်။

သူတို့အတွက် တော်တော်အရသာရှိတဲ့ ဟင်းဖြစ်ရမည်ဟု ထင်နေရသယောင်။

သည်အတွေးက သူတို့စိတ်ထဲရောက်လာသည်နှင့်ချက်ချင်း စန်းလော့သည် ရေပုံးထဲမှ အခြားအပိုင်းအစကို ကောက်ပြီး အလျားလိုက်နှင့်ဒေါင်လိုက် လှီးဖြတ်လိုက်ပြန်သည်။ သိပ်မကြာခင်မှာပဲ မြေအိုးထဲမှ နတ်သမီးတို့ဟူးပုံကြီးက တိုးပွားလာတော့သည်။

သူမ၏ ကျွမ်းကျွမ်းကျင်ကျင် အတုံးလေးများ တုံးနေပုံကြောင့် အနီးနားရှိ ဈေးသည်များသည် နေရာတွင်ပင် မရွေ့တမ်း ရပ်နေကာ သူမ လှုပ်ရှားပုံ၏ ဖမ်းစားခြင်းခံထားရတော့သည်။

အပိုင်းလေးပိုင်းလှီးဖြတ်ပြီးသည့်နောက် စန်းလော့သည် နောက်ဆုံးတွင် မြေအိုးအောက်ခြေကို ဖုံးလိုက်တယ်။ ရှန်းနဥ်အားမော့ကြည့်ပြီး

"အားနဉ်၊သကြားရေထည့်လိုက်"

သကြားရေဟု ထုတ်ပြောလိုက်သည်တွင် အစောပိုင်းက အမျိုးသမီးကြီး၏သိချင်စိတ်မှာ ထိုးတက်သွားတော့သည်။ သေသေချာချာ မြင်ရအောင် သူမ၏လည်ပင်းကို အလိုလို ဆွဲဆန့်မိလိုက်တော့၏။

ပါဝင်ကူညီလိုစိတ်ပြင်းပြသော ရှန်းနဉ်သည် ဝါးဆို့ကို ဖောက်ပြီး သကြားရေကို နတ်သမီးတို့ဟူးပေါ်သို့ နှံ့နေအောင် လောင်းလိုက်သည်။ ထို့နောက် အိမ်မှယူလာသော သစ်သားဇွန်းဖြင့် မွှေပေးလိုက်ပြီး ဇွန်းကို အိုးထဲသို့ ပြန်ထည့်လိုက်တော့သည်။

"ပြီးပါပြီ ယောင်းမ" ရှန်းနဉ်သည် ဂုဏ်ယူစွာ ကြေငြာလိုက်၏။

ဒါဟာ သူမ၏ပထမဆုံး အရေးကြီးသည့် အလုပ်တစ်ခုကို ကိုင်တွယ်ခြင်းဖြစ်ပြီး သူမရဲ့ အောင်မြင်မှုအတွက် ခံစားချက်အတွက် သူမ၏အသံက သက်သေဖြစ်နေ၏။

စန်းလော့သည် သူ့ကို ပြုံး၍ချီးမွမ်းလိုက်ပြီး တောင်းထဲမှ သစ်ရွက်လေးတစ်ရွက်ကိုယူကာ အနီးနားမှ ခြင်းတောင်းနှင့် အမျိုးသမီးတချို့ကိုလှမ်းကြည့်လိုက်သည်။ သူမက အသံကိုမြှင့်ပြီး အော်ပြောလိုက်တော့သည်။

"နတ်သမီးတို့ဟူး၊ ဒီမှာ ပြီးပြည့်စုံတဲ့ နွေအရသာ၊ အရင်က တစ်ခါမှမစားဖူးမယ့် လတ်ဆတ်တဲ့ အရသာနော်၊ သကြားရေနဲ့ ချိုအောင်လုပ်လိုက်ရင် အချိုပွဲ၊ ဆီ နဲ့ ဆားနဲ့ ရောနှယ်ပြီးစားလို့ကောင်းတဲ့ ဟင်းတစ်ခွက်ဖြစ်တယ်၊ အရသာနှစ်မျိုးလုံးအတွက် သင့်တော်တဲ့ ဟင်းတစ်ခွက် ၊ အတုံးကြီးတစ်ခုကိုမှ (၂) ဝမ် (ပြား)ထဲပါ၊ ဖြတ်သွားရင်း လက်လွတ်မခံနဲ့နော်"

"အသီးအရွက်ဝယ်မလား၊လှေ့ခြင်းတောင်းလိုပါသလား၊ သကြားညိုလား၊ လာကြနော်" ဟူသည့် တခြားသူများ၏ တစီစီအသံများကြားတွင် သူမ၏အသံသည် ကြည်လင်ပြတ်သားစွာ ပေါ်လွင်လို့နေသည်။ သူမ၏အသံက ထူးထူးခြားခြား မျက်စိကျစရာဖြစ်နေတော့သည်။

စန်းလော့က ဆက်အော်လိုက်၏။

"နတ်သမီးတို့ဟူးနော်.. ချိုမြိန်ပြီး အရသာ နှစ်မျိုးလုံးအတွက်သင့်တော်ပြီး အေးသွားတဲ့အခါမှာ အရသာရှိတဲ့ဟင်းတစ်ခွက် ဖြစ်သွားမယ်၊ အေးမြစေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီးတော့ အိုမင်းရင့်ရော်တာကို ကာကွယ်ပေးတယ်နော်၊ နှစ်ဝမ်လောက်နဲ့တော့ အရှုံးလဲမရှိသလို အလိမ်ခံရမှာလဲ မဟုတ်ဘူးနော်၊ ဒါပေမယ့် တစ်ခါမှ မစမ်းကြည့်ဖူးသေးတဲ့ စိတ်ပျော်ရွှင်စေတဲ့ စားစရာလေးပါ"

အနီးနားတွင်ထိုင်ကာ သူမ ရောင်းနေပုံကို စောင့်ကြည့်နေသော ရှန်းအန်း၊ ရှန်းနဉ်နှင့် ချန်းယိုထျန်းတို့အားလုံးမှာ အံ့ဩသွားကြတော့သည်။

ရှန်းအန်းက ခက်ခက်ခဲခဲမျိုချရင်း

"မရီးက ပုံမှန်ဆိုရင် အရမ်းတည်ငြိမ်တာ...၊ မိသားစုကိုထောက်ပံ့ဖို့ ငွေရှာဖို့အတွက် ဒီလိုလုပ်နိုင်တာပဲ ဖြစ်ရမယ်"

ရှန်းနဉ်သည် စန့်လော့အား အထင်ကြီးလေးစားစွာကြည့်လိုက်ပြီး စဉ်းစားလိုက်၏- ငါ့ယောင်းမက အတော်ဆုံးပဲ။

ချန်းယိုထျန်းသည် တအံ့တဩနှင့်

"...ပစ္စည်းကို ဒီလိုဟန်ပါပါနဲ့လဲ ရောင်းလို့ရတာလား"

အနီးနားရှိဈေးဆိုင်ပိုင်ရှင်များကလဲ အံ့ဩနေကြသည်။

" ဒီကလေးမက အထင်ကြီးစရာပဲ၊ သူက ဒီနေရာမှာ မျက်နှာသစ်ဆိုပေမဲ့ သူ့ယုံကြည်မှုနဲ့ကျွမ်းကျင်မှုကတော့ အတွေ့အကြုံရှိတဲ့စျေးသည် ကျနေတာပဲ”

ထိုအချိန်တွင် စန်းလော့သည် လက်တစ်ဖက်၌ သစ်ရွက်ငယ်တစ်ရွက်နှင့် သစ်သားဇွန်းတစ်ချောင်းကို ကိုင်ထားပြီး သန့်ရှင်းပြီးသား သစ်ရွက်စိမ်းပေါ်တွင် နတ်သမီးတို့ဟူးတစ်ပိုင်းကိုတင်ကာ အနီးနားရှိသကြားရောင်းသူအား လှမ်းပေးလိုက်လေသည်။

"ဦးလေး၊ ဒါကကျွန်မတို့ရဲ့ဆိုင် စဖွင့်တဲ့ပထမဆုံးနေ့ပဲ၊ ဒီလို လတ်ဆတ်တဲ့အရသာကို စမ်းကြည့်ပါအုံး"

ဦးလေးကြီးမှာ ဆွံ့အသွားပြီး လက်ခံရကောင်းနိုးနိုး မရေမရာဖြစ်သွားတော့သည်။

သူက စဉ်းစားလိုက်ပြီး " ဒါကို ယူလိုက်ရင် နှစ်ဝမ်ပေးရမှာလား"

စန်းလော့သည် သူ့စိတ်ကို ဖတ်မိနေသည့်နှယ် ပြုံးပြပြီး

" ဒါက နမူနာကျွေးတာပါ၊ နှစ်ဝမ်အတွက်ကတော့ ပိုကြီးတဲ့အတုံးကို ရမှာပါ၊ စိတ်မပူဘဲ စမ်းပြီး သုံးဆောင်ကြည့်လိုက်ပါ"

ထိုသို့ ပြောပြီးသည်နှင့် သူမသည် တို့ဟူးကို သူ့ဆီသို့ လှမ်းပေးလိုက်၏။

"အခမဲ့အမြည်းတဲ့...." ထိုလူကြီးသည် ဤသို့သောဆက်ဆံမှုမျိုးအား ဈေးထဲတွင်ပထမဆုံးအကြိမ်ကြုံဖူးခြင်းဖြစ်ကာ ချီတုံချတုံနှင့် လက်ခံလိုက်တော့သည်။

စန်းလော့သည် ဒုတိယတစ်ခုကို အလျင်အမြန်ပြင်ဆင်ပြီး သူမနှင့်ပထဆုံးစကားပြောဖူးသော အမျိုးသမီးကြီးအား လှမ်းပေးလိုက်၏။

"ဒေါ်ဒေါ်၊ ဒါကိုလဲ စမ်းကြည့်ပါဦး"

အမျိုးသမီးကြီးကလဲ တုံ့ဆိုင်းနေပြီး " တစ်ကယ်ပဲ အလကားလား"

စန်းလော့ကပြုံးပြပြီး " ဟုတ်ပါတယ်၊ အလကားပါ"

အခမဲ့ဟုကြားသောအခါ အခြားဆိုင်ရှင်များကပါ အကြည့်ချင်း ဖလှယ်ကြတော့သည်။ အချို့မှာ အနီးသို့သွားရန် သွေးဆောင်ခံခဲ့ရပြီး အချို့မှာ ချီတုံချတုံဖြစ်နေကြစဉ် ဒဲ့တိုးပြောတတ်သည့် အရပ်မြင့်မြင့်လူသည် စန်းလော့၏ဆိုင်ဆီသို့ တည့်တည့်လျှောက်လာလိုက်၏။

"က‌လေးမ၊ ငါလဲ စမ်းကြည့်ချင်တယ်"

"ဟုတ်ကဲ့"

သူမသည် နတ်သမီးတို့ဟူးတစ်ပိုင်းကို ကောက်ယူကာ သစ်ရွက်တစ်ရွက်ဖြင့် လွှဲပြောင်းထည့်ပေးလိုက်သည်။

အရပ်မြင့်မြင့်နှင့်လးသည် ပါးစပ်ထဲကို ချက်ချင်းထည့်လိုက်ပြီး ဝါးရင်း စဉ်းစားရင်းက သူ၏မျက်လုံးများသည် လင်းလက်လာတော့သည်။

စန်းလော့ကပြုံးလိုက်ပြီး

"အစ်ကိုကြီး၊ ဒီနတ်သမီးတို့ဟူးအရသာ ဘယ်လိုနေလဲ"

ထိုလူသည်ခေါင်းငြိမ့်ပြီး "ကောင်းတယ်၊ တကယ့်အရသာကောင်းဆိုတာကိုလဲ ပြောရဲတယ်"

သူက နတ်သမီးတို့ဟူးထည့်ထားတဲ့ပုံးကို လှမ်းကြည့်လိုက်ပြီး

"ဝမ်နှစ်ဝမ်အတွက် တစ်တုံးကရော ဘယ်လောက်ကြီးတာလဲ"

စန်းလော့က သူ့လက်ဖဝါးထက်ကြီးသည့် အပိုင်းတစ်ပိုင်းအား ထုတ်လိုက်ပြီး ပြုံးပြကာ

"အစ်ကိုကြီး၊ ဒါကို အိမ်မှာ လှီးဖြတ်လိုက်ရင် ပန်းကန်တစ်ခုလုံးစာအတွက် လုံလောက်ပါတယ်"

အရွယ်အစားကို သဘောကျသဖြင့် ထိုလူက ပြောလိုက်တော့သည်။

"ကောင်းပြီ၊ ငါ့ကို တစ်ပိုင်းလောက်ပေးပါ"

"ဟုတ်ကဲ့ပါရှင်"

စမ်းလော့၏အသံက အထူးနှစ်လိုဖွယ်ကောင်းနေကာ သူတို့၏ပထမဆုံး ရောင်းစွံသွားခြင်းကို ဂုဏ်ပြုလိုက်ရင်း “ကျွန်မတို့က အခုမှ အလုပ်စလုပ်တာလေ”

ရှန်းနဉ်သည် စိတ်လှုပ်ရှားစွာဖြင့် သူမ၏ခြင်းထောင်းထဲမှ ကြာရွက်ကိုယူကာ ကမ်းပေးလိုက်သည်။ စန်းလော့က ယူပြီး အရွက်ပေါ်တွင် နတ်သမီးတို့ဟူးကို တင်လိုက်ပြီးနောက် နောက်ထပ်အပိုင်းသေးသေးလေးကို ကောက်ထည့်ပြီး နွေးနွေးထွေးထွေးပြုံးပြလိုက်၏။

"အစ်ကိုကြီး၊ ကျွန်မတို့ရဲ့ဖွင့်ပွဲနေ့ကို ပံ့ပိုးပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့

ဒါလေး အပိုထည့်ပေးလိုက်တယ်နော်"

ဤသို့သောအပိုလက်ဆောင်အား မျှော်လင့်မထားသည့် လူကြီးသည် ပြုံးရွှင်စွာဖြင့် ကျေးဇူးတင်စကားပြောပြီး စန်းလော့အား နှစ်ဝမ် ထုတ်ပေးလိုက်တော့သည်။

စန်းလော့က ရှန်းအန်းကို ပိုက်ဆံယူရန်လက်ဟန်ပြပြီး နတ်သမီးတို့ဟူး နှစ်ပိုင်းထည့်ထားသည့် သစ်ရွက်အား ကမ်းပေးလိုက်ရင်း

"အရသာရှိရှိသုံးဆောင်ပါ၊ နောက်ထပ်လဲ လာအားပေးပါဦး"

ထိုလူသည် ခေါင်းငြိမ့်ပြပြီး နတ်သမီးတို့ဟူး ထည့်ထားသောကြာရွက်နှစ်ထုပ်ကို ယူကာ သူ၏ဆိုင်သို့ ပြန်သွားလေသည်။

ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ပီတိဖြစ်ကာ ရင်ခုန်နေကြတော့သည်။ ရှန်းအန်းသည် ဝမ်နှစ်ဝမ်ကို သူ၏လက်ထဲတွင်ကိုင်ထားပြီး စိတ်လှုပ်ရှားစွာဖြင့်

" မရီး၊ ကျွန်တော်တို့တစ်ကယ်ပဲ ပိုက်ဆံရှာခဲ့တာလား"

စန်းလော့သည် မျက်လုံးပိတ်လုနီးပါးအထိပြုံးလိုက်ပြီး

"ပိုက်ဆံက မောင်လေးရဲ့လက်ထဲမှာလေ၊ သက်သေအဖြစ် မလုံလောက်သေးဘူးလား"

"ဟုတ်တယ်၊ဟုတ်တယ်" ရှန်းအန်းသည် ဝမ်းသာအားရဖြင့် သူ၏လက်ထဲမှ ပိုက်ဆံကို ကြည့်ရင်း စန်းလော့အား မေးလိုက်၏။

"မရီး၊ ဒီပိုက်ဆံကို ဘယ်မှာသိမ်းထားရမလဲ"

တစ်ခြားအရာများနှင့် အလုပ်ရှုပ်နေသည့် စန်းလော့က သည်အတိုင်း လက်ဟန်ပြလိုက်ပြီး

" အဲ့တာကို လောလောဆယ် မောင်လေးပဲ သိမ်းထားလိုက်ပါ"

သူ ငါ့ကို ဒီလောက်တောင် ယုံကြည်တာပေါ့လေ။

ရှန်းအန်း၏မျက်လုံးများသည် ဆုံးဖြတ်တစ်ခုဖြင့် တောက်ပလာကာ

" မရီး၊ ကျွန်တော်ဒါကို ဂရုစိုက်လိုက်ပါ့မယ်"

....

အပိုင်း (၁၈)

"ကျွန်တော်တို့ အခု တကယ် ငွေရှာနေတာပဲ"

မောင်နှမနှစ်ယောက်သည် ဝမ်းသာအားရရယ်မောကာ ကြည်နူးနေကြသည်။

စန်းလော့သည် ဝမ်နှစ်ပြားကြောင့် စိတ်လှုပ်ရှားက မြူးတူးနေသည့် မောင်နှမနှစ်ယောက်ကိုလွှတ်ထားပေးလိုက်ပြီး သူမကတော့ အနီးအနားဆိုင်များကို ဆက်ပြီး နှစ်မူနာဝေပေးလိုက်၏။

ဤကဲ့သို့လုပ်ရင်းနှင့် သူမအော်ခေါ်လိုက်သည်။

"ဒီမနက် ပထမဆုံးဖောက်သည် သုံးယောက်အတွက် ကံကောင်းခြင်းတွေ ယူဆောင်လာဖို့ တစ်ခုဝယ်ရင် အပိုအသေးတစ်ခု ရပါမယ်နော်။ ဒီအခွင့်အရေးကို မြန်မြန်လေး အရယူလိုက်နော် တစ်ခုဝယ်ပြီး တစ်ဝက်ထပ်ယူလိုက်ပါ"

ဤကဲ့သို့ခေါ်ဆိုမှုက နမူနာပစ္စည်းကို စမ်းကြည့်ဖူးသော သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး၏ စိတ်ဝင်စားမှုကို ဖမ်းစားလိုက်သည်။

သာမန်အားဖြင့် ဟင်းတစ်ပွဲအတွက် နှစ်ဝမ်သုံးရသည့် စိတ်ကူးကို သူမကို ဆွဲဆောင်နိုင်လိမ့်မည်မဟုတ်ချေ။ - သူတို့သည် အိမ်တွင် အသီးအရွက် စိုက်ပျိုးလေရာ အဘယ်ကြောင့် သုံးရပါမည်နည်း။ နောက်ဆုံး အစားစားခြင်းက ဗိုက်ပြည့်ရန်ပင်။

သို့သော် နှစ်ဝမ်တည်းနှင့် အဓိကဟင်းပွဲတစ်ခုနှင့် အချိုပွဲအတွက် အပိုဆောင်းရခြင်းဖြစ်ကာ ထိုအပိုဆောင်းက အခမဲ့ လက်ဆောင်တစ်ခု ဖြစ်လေသည်။

အမျိုးသမီးကြီးက အလွန်ကောင်းမွန်သည့် အပေးအယူဟု ချက်ချင်း ခံစားလိုက်ရတော့သည်။

ဤစားစရာသည် သကြားရည်အနည်းငယ်နှင့်ဆိုလျှင် အရသာရှိမှာဖြစ်ပြီး သူ့မြေးငယ်လေးက ထိုစားစရာကို ကြိုက်နှစ်သက်မည်မှာ သေချာသည်။

အရသာရှိသည့်ဟင်းပွဲအဖြစ် ဝမ်နှစ်ဝမ်ကိုသုံးလိုက်ခြင်းသည် မိသားစုတစ်ခုလုံးအတွက် ဆန်းသစ်မှုတစ်ခုဖြစ်စေမည်ဖြစ်ပြီး ပိုသေးသည့်အတုံးကို သကြားရည်ဖြင့် ချိုအောင်လုပ်လိုက်လျှင် သူ့မြေးများကို ပျော်ရွှင်စေလိမ့်မည်။

ဤအတွေးဖြင့် အမျိုးသမီးကြီးသည် စန်းလော့ထံသို့ အလျင်အမြန် ချဥ်းကပ်လာ၏။

"ကောင်မလေးရေ ငါတော့ ကြက်ဥနဲ့ လဲချင်တယ် အဆင်ပြေပါ့မလား"

သူမသည် ပိုက်ဆံသုံးရန် တုံ့ဆိုင်းနေသေးသော်လည်း သူ့ကိုယ်ပိုင်ကြက်ဥများနှင့် လဲလှယ်ခြင်းက သူမအတွက် ခံစားရသက်သာစေလေသည်။

​"ရပါတယ်၊ အဆင်ပြေပါတယ်"

ထိုအချိန်တုန်းက ကုန်ပစ္စည်းဖလှယ်ခြင်းကို အထူးသဖြင့် ကျေးလက်မှစျေးများမှာသာ အတော်အတွေ့ရများသည်။ တချို့က ပိုက်ဆံဖြင့်ပေးဝယ်ကြပြီး တော်တော်များများကတော့ ဆိုင်ခန်းပိုင်ရှင်များနှင့် ကုန်ပစ္စည်းအချင်းချင်းဖလှယ်ကာ အရောင်းအဝယ်လုပ်ကြသည်။ နှစ်ဦးနှစ်ဖက်လုံး သဘောတူလက်ခံသည်နှင့် ထိုအရောင်းအဝယ်ဖလှယ်ခြင်းသည် ​ပြေလည်သွားပြီဖြစ်သည်။

"စန်းလော့ရဲ့အိမ်ထောင်စုက လိုအပ်နေတာမလို့ ဘာကြာင့်မဖြစ်ရတာလဲ"

ထိုအချိန်တုန်းက ကြက်ဥများကို တစ်လုံး တစ်ဝမ်နှုန်း စျေးသတ်မှတ်ထားသည်။

စန်းလော့၏ သဘောထားကိုကြားသောအခါမှ အဘွားကြီးက အလဲအလှယ်ပြုလုပ်ရန် သူ့ခြင်းတောင်းထဲမှ ကြက်ဥနှစ်လုံးကို ကောက်ယူလိုက်၏။

ရှန်းနဥ်သည် ကြက်ဥများကိုယူ၍ အဘွားကြီးက အငယ်ဆုံးသော ကြက်ဥများကိုမှ ပေးရန်အတွက် မရွေးချယ်ခဲ့ကြောင်း စန်းလော့ သတိပြုမိသည်။

သည်လိုဆိုလျှင်တော့ စန်းလော့ကလည်း ရက်ရောလှ၏။ အဘွားအတွက် နတ်သမီးတို့ဟူးကို ကော်ခပ်လိုက်သောအခါ အပိုလက်ဆောင်အဖြစ် အတော်လေးကြီးသောအပိုင်းကို ရွေးပြီး နွေးထွေးသောအပြုံးဖြင့် ကမ်းပေးလိုက်သည်။

"အဘွားရဲ့အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါကို ကြိုက်တယ်ဆိုရင် ဝယ်ဖို့ပဲဖြစ်ဖြစ်၊ အလဲအလှယ်လုပ်ဖို့ပဲဖြစ်ဖြစ် နောက်တစ်ကြိမ် ကျွန်မဆီ ပြန်လာခဲ့လို့ရတယ်နော်"

စန်းလော့က သူမအတွက် ရွေးပြီး အပိုလက်ဆောင်တစ်ခုကို ကောက်ကိုင်လိုက်သောကြောင့် အဘွားကြီး၏ မျက်လုံးများတွင် ပျော်ရွှင်မှုတို့ဖြင့် တုန်လှုပ်သွားခဲ့သည်။

"သေချာတာပေါ့ သေချာတာပေါ့"

သူမသည် တို​ဟူးတုံးနှစ်တုံးကိုကိုင်ပြီး သူ့ဆိုင်သို့ ပျော်ပျော်ရွှင်ရွှင် ပြန်သွားလေ၏။

ကုန်ပစ္စည်းများကို ဖလှယ်ရောင်းဝယ်ခြင်းဆိုသည့် ရွေးချယ်စရာ ရှိလာသဖြင့် နမူနာအနေဖြင့် အမြည်းများကို မြည်းစမ်းဖူးသော အနီးနားမှစျေးဆိုင်ပိုင်ရှင်များကပါ အံ့အားသင့်သွားကြလေသည်။

"ပထမဆုံးဝယ်ယူတဲ့ ဖောက်သည်သုံးယောက်က အပိုလက်ဆောင်တစ်ခုရရှိမယ့်အကြောင်း အမျိုးသမီးငယ်က ကြေငြာနေတာကို သူတို့ ကြားလိုက်တယ်မလား"

ဆိုင်ခန်းတစ်ခန်းပိုင်သည့် အမျိုးသမီးတစ်ယောက်က ဝယ်ရကောင်းနိုးနိုး စဉ်းစားလိုက်သော်လည်း ခြင်းတောင်းနှင့်ပိန်ပါးပါးအမျိုးသမီးတစ်ဦးက ပို၍လျင်မြန်သွက်လက်၏။ သူမသည် အဝေးတစ်နေရာရာမှ အပြေးအလွှား ရောက်လာပြီး ဆိုင်နားကို မရောက်ခင်မှာပင် အော်ပြောလိုက်၏။

"တတိယတစ်ခုက ငါ့အတွက်နော်"

သူမရောက်လာသည်နှင့် ဝမ်နှစ်ပြားသည် သူမလက်ထဲတွင်ရှိနေပြီဖြစ်ပြီး ရှန်းအန်းထံသို့ အမြန်လှမ်းပေးလိုက်လေသည်။ ထို့နောက် စန်းလော့ကို သွားပေါ်အောင်ပြုံးပြလိုက်ပြီး သူမက ပြောလိုက်သည်။

"အပိုလက်ဆောင်နော် ဟုတ်တယ်မလား"

အခမဲ့မြည်းစမ်းကြည့်ရရုံသာမက အပိုလက်ဆောင်လည်းဖြစ်၊ အရသာသစ်တစ်ခု ဖြစ်လေ၏။ အဝေးမှနေ၍ ထိုအကြောင်းကို သူမ ကြားခဲ့ပြီးသားပင်။

အစက သူမသည် နမူနာ မြည်းစမ်းကြည့်ချင်ရုံသာဖြစ်သော်လည်း အပိုလက်ဆောင်သုံးခုထဲက နှစ်ခုက ရောင်းထွက်သွားပြီဖြစ်ရာ သူမသည် မြည်းစမ်းကြည့်မနေတော့ဘဲ အရင်ဆုံး ဝယ်နိုင်ရန် စိတ်အားထက်သန်ကာ အပြေးရောက်လာတော့သည်။

နမူနာယူပြီး ချက်ချင်းရောင်းရသည့် အစားအစာအသစ်က အရည်အသွေးကောင်းရမည်ဖြစ်သည်။

ငွေချေလိုက်ပြီး သူမဝယ်ယူလိုက်ကြောင့် သေချာသွားတော့ စန်းလော့က ခေါင်းညိတ် လက်ခံလိုက်သည်ကို တွေ့သောအခါ အဝေးကနေကြော်ငြာ၍ ကြားခဲ့ရသော နတ်သမီးတို့ဟူးကို စစ်ဆေးရန် နောက်ဆုံးတော့ အချိန်ရသွားတော့သည်။

ကြွေအိုးထဲသို့ ငုံ့ကြည့်လိုက်သောအခါ အတုံးငယ်များ တုံးထားသည့် နမူနာမှန်း သိလိုက်တော့သည်။

အထူးသဖြင့် အပူကိုမကြိုက်သည့် အမျိုးသမီးတစ်ယောက်အတွက် ၎င်းအစားအစာ၏ အသွင်အပြင်က အလွန်ဆွဲဆောင်နေပါသည်။

"အစိမ်းရောင်က အေးမြလန်းဆန်းနေသလိုပဲ"

သူမသည် ရှန်းနဥ်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူမ၏မျက်လုံးများနှင့် ပါးစပ်နှစ်ခုစလုံးမှာ စိတ်အားထက်သန်နေ၏။

"ကလေးမ ငါ နမူနာတစ်ခု စမ်းကြည့်လို့ရမလား။ ဘာအရသာရှိလဲ မသိသေးဘူး"

ပထမဆုံးလှုပ်ရှားရန် အလွန်မှ နောက်ကျသွားသည့်အမျိုးသမီးသည် စိတ်မချင့်မရဲဖြစ်နေလေ၏။

"အရသာတောင်မသိဘဲ ရှင်က ကျွန်မနဲ့ ပြိုင်လိုက်သေးတာလား"

"ဟမ်"

"ဒါက လုံးဝမတရားဘူးနော်"

"အရမ်းကို စိတ်ရှုပ်စရာမကောင်းဘူးလား"

သူမ၏ယောက်မကို ကြာရွက်လှမ်းပေးရုံဖြင့် တစ်မနက်ခင်းကုန်ဆုံးခဲ့ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသောရှန်းနဥ်သည် ခပ်ပိန်ပိန်အမျိုးသမီးတစ်ယောက်မှ အလုပ်တစ်ခုပေးလာသောအခါ မြန်မြန်ဆန်ဆန်ပင် တုံ့ပြန်လိုက်သည်။

"ဟုတ်ကဲ့၊ ရပါတယ် ခဏလေးနော်"

သူမက အရွက်သေးသေးလေးတစ်ရွက်ကို အမြန်ဆွဲယူကာ ဇွန်းဖြင့် တို့ဟူးတစ်တုံးကို လှမ်းကော်ယူလိုက်ပြီး အရွက်သေးသေးလေးပေါ် သေချာတင်၍ ခပ်ဝဝအမျိုးသမီးဆီသို့ ပေးလိုက်သည်။

အသီးအရွက်ဝယ်ရန် အပြင်သို့ထွက်လာသော ခပ်ဝတအမျိုးသမီးက အလကားစားရသဖြင့် စိတ်လှုပ်ရှားနေလေသည်။

အစားအသောက်ကို နှစ်သက်သူ ဖြစ်သောကြောင့် သူမသည် အရွက်ကို ပါးစပ်နားကပ်ထားလိုက်ပြီး ခေါင်းကိုမော့လိုက်ပြီး တို့ဟူးကို သကြားရည်တစ်စက်စီနဲ့အတူ အရွက်ပေါ်ကလျှောချရင်း အားလုံးကို အရသာခံကြည့်လိုက်သည်။

အားရကျေနပ်စွာဝါးရင်း သူ့မျက်လုံးများက ကြည်နူးမှုနှင့်အတူ တောက်ပနေလေ၏။

"ထုတ်ထုတ်လေး၊ လန်းဆန်းတယ် ချောမွေ့တယ် ချိုတယ် - အိုး အကြိုက်နဲ့ ကိုက်လိုက်တာ၊ သကြားနည်းနည်းပိုထည့်ရင် ပိုပြီးတောင် အရသာရှိအုံးမှာ"

အပိုလက်ဆောင်ပါသည့် တစ်တုံးက သူမအတွက် လုံလောက်မှုမရှိချေ - တစ်ယောက်တည်း သွားရေစာလိုပင် အကုန်စားနိုင်သေးသည်။

တုံ့ဆိုင်းခြင်းမရှိဘဲ ခပ်ဝဝအမျိုးသမီးက သူမ၏ပိုက်ဆံအိတ်ထဲမှ ဝမ်နှစ်ဝမ်ထုတ်ယူလိုက်ကာ

"ကောင်မလေးရေ နောက်ထပ်တစ်တုံးပေးအုံး အပိုလက်ဆောင်နဲ့ နှစ်တုံးလိုချင်တယ်။ ဒါဆိုရင် အတုံးကြီးနှစ်တုံးနဲ့ အတုံးငယ်တစ်တုံး၊ စုစုပေါင်း သုံးတုံးနော် ဟုတ်တယ်မလား"

စန်းလော့ကပြုံးလိုက်ပြီး

"ဟုတ်ပါတယ်"

သူမက ပြောနေရင်းနှင့် ကြာရွက်ထဲကို နောက်ထပ်တစ်တုံး ထပ်ထည့်လိုက်တော့သည်။

"ဒီမှာ ရှင့်အတွက် နတ်သမီးတို့ဟူးသုံးတုံးနော် ဂရုစိုက်သွားပါရှင့်"

ခပ်ဝဝအမျိုးသမီးသည် ဝယ်လာသည့်ပစ္စည်းများကို သူမ၏ဝါးခြင်းတောင်းငယ်ထဲသို့ ဂရုတစိုက်ထည့်လိုက်၏။ ကျေနပ်ဂုဏ်ယူစွာဖြင့် လိုချင်သော်လည်း တတိယမြောက် အထူးကမ်းလှမ်းချက်ကို လွတ်သွားခဲ့သော တခြားသူများ၏ မနာလိုအားကျသည့်အကြည့်များကြားမှ ထွက်ခွာသွားခဲ့လေသည်။

တတိယအထူးကမ်းလှမ်းချက်ကို လွတ်သွားသောအမျိုးသမီးသည် စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေသည်။

“.....”

" ဒါဆို အပိုလက်ဆောင်ပေးတာတွေကုန်သွားပြီ ငါ ဝယ်ရမလား၊ မဝယ်ရတော့ဘူးလား "

သူမ မဆုံးဖြတ်ခင်မှာ စန်းလော့က တဖန်အော်လိုက်ပြန်၏။

"နတ်သမီးတို့ဟူးနော် လတ်ဆတ်တယ်၊ အရသာရှိတယ်၊ နူးညံ့ချောမွေ့တယ်၊ အချိုပွဲ၊ ဟင်းပွဲ အရသာနှစ်မျိုးလုံးအတွက် သင့်တော်တယ်၊ အအေးခံမလား၊ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဖယ်ရှားမလား၊ အိုမင်းရင့်ရော်တာတွေကို ကာကွယ်ပေးတယ်။ အရင်က ရှင်တို့တစ်ခါမှ မစမ်းကြည့်ဖူးတဲ့ ထူးခြားတဲ့ ရသာမွန်တစ်မျိုးပါ"

"အတုံးကြီးတစ်တုံးမှာ နှစ်ဝမ်ပဲနော်၊ စျေးနည်းနည်းနဲ့ အရင်က တခါမှ မစားဖူးတဲ့ အရသာသစ်ကို မိသားစုတစ်ခုလုံး စားရမှာ"

"ဖြတ်သွားတာကို လွတ်မသွားစေနဲ့နော်။ ဒါကိုလုပ်ဖို့ မလွယ်ကူပါဘူး၊ အတုံးသုံးဆယ်လောက်မှာ နည်းနည်းပြ ကျန်တယ်နော်၊ အခုဆိုရင် နှစ်ဆယ့်ရှစ်တုံးပဲ ကျန်တော့တယ်။ ဦးရာလူစနစ်နဲ့ ဝန်ဆောင်မှုပေးမယ် အခုနေ လွဲသွားရင် နောက်လာမယ့်စျေးနေ့အထိ စောင့်ရလိမ့်မယ်နော်"

အရေအတွက်နှင့်အတူ ဤနောက်ဆုံးထုတ်ပြန်ချက်သည် အစပိုင်းတွင် ဝယ်ယူရန် စိတ်ယိုင်သွားသော်လည်း အပိုလက်ဆောင်နှင့် လွဲသွားသဖြင့် ချီတုံချတုံဖြစ်သွားသည့် အမျိုးသမီးလို လူများ၏‌ တွေဝေမှုကို ချက်ချင်း ဖယ်ရှားပစ်လိုက်တော့သည်။

မိသားစုတစ်ခုလုံးနဲ့ ပစ္စည်းအသစ်ကို မိတ်ဆက်ပေးဖို့ နှစ်ဝမ်ပဲကျမှာလေ။ ဘာလို့ တွေ‌‌ဝေနေမှာလဲ။ စောင့်နေရင် ကုန်သွားလိမ့်မယ်။

" ကျွန်မ ဝယ်မယ်"

လူတစ်ယောက်က လှုပ်ရှားလိုက်သည်နှင့် နောက်တစ်ယောက်က ဆိုင်နားကို စတင်ချဥ်းကပ်လာ၏။

အမှတ်တမဲ့လူများလာသည့် စျေးထဲကလူအုပ်က စန်းလော့၏စျေးဆိုင်တစ်ဝိုက်တွင် စည်ကားနေပြီး နတ်သမီးတို့ဟူးကို ကြော်ငြာနေသည့် အမျိုးသမီးတစ်ယောက်၏အသံကို သတိပြုမိသွားပြီး ဖြစ်ပျက်နေသည်ကို ကြည့်ရန်ဝိုင်းဖွဲ့လာကြသည်။

စန်းလော့က ရောင်း၊ ရှန်းအန်းက ပိုက်ဆံစု ၊ ရှန်းနဥ်က နမူနာယူဖို့အတွက် ခပ်ဝဝအမျိုးသမီး၏ တောင်းဆိုမှုအပြီးမှာ သူမ၏လုပ်ဆောင်ရမည့် အခန်းကဏ္ဍကို နောက်ဆုံး၌ သိရှိသွားတော့သည်။

ရှန်းနဥ်က တွေးလိုက်သည်။

"ယောက်မက အလုပ်များတယ် ဒါပေမယ့် ငါကူညီပေးနိုင်တာပဲ"

သူမသည် သစ်ရွက်တရွက်နှင့် ဇွန်းတစ်ချောင်းကိုကိုင်ပြီး နမူနာအမြည်းများကို စတင်ပြင်ဆင်လိုက်လေသည်။

ယောက်မ၏ ဖန်တီးမှုလက်ရာကနေ ဝင်ငွေရှာရမည်ဆိုသည့် မျှော်မှန်းချက်ကြောင့် ရှက်ရွံ့နေသည့်မိန်းကလေးက စိတ်အားထက်သန်စွာဖြင့် သတ္တိရှိရှိအသံထွက်လာခဲ့သည်။

"အခုထိ မြည်းစမ်းမကြည့်ရသေးသူတိုင်း အခမဲ့လာရောက် မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်နော်"

ဒါသည် သူမ၏ ဖောက်သည်များကို ပထမဆုံးအကြိမ် ဆွဲဆောင်ခြင်းဖြစ်သည်။ စန်းလော့ကဲ့သို့ တက်တက်ကြွကြွ မဟုတ်ဘဲ အနည်းငယ် ငြိမ်သက်နေသည့်တိုင် ထိုစျေးဆိုင်ငယ်လေးသည် လူသိများလာလေ၏။ ထို့နောက် သူမသည် နမူနာအနေဖြင့် အမြည်းများကို အခမဲ့ပေးနေသည်။ ရှန်းနဥ် စကားဆုံးသွားသည်နှင့် ဖြတ်သွားဖြတ်လာများက စတင် တုံ့ပြန်လာကြသည်။

"အလကားမြည်းစမ်းကြည့်ရတာလား ဒါဆို တစ်တုံးလောက် ပေးမြည်းပါ"

အခမဲ့ဟူသောစကားလုံးသည် အရင်ခေတ်ကတည်းက ကျေးလက်ဒေသစျေးတစ်ခု၌ အလွန်ဆွဲဆောင်မှုရှိခဲ့သည်။

အလကားမြည်းစမ်းရမည့်အရာကို ဘယ်သူက မမြည်းဘဲ ရှိပါမည်နည်း။

ဖြတ်သွားဖြတ်လာများက သူတို့၏လမ်းကြောင်းတွင် ရပ်သွားလေသည်။

ရှန်းနဥ်သည် ရုတ်တရက် သူ့ကိုယ်သူ အလုပ်များနေကြောင်းသိလိုက်ပြီး သူမ ပြောကျင့်ရှိလာသည့်အတွက် စကားများလည်း ပို၍ ကျွမ်းကျင် သွက်လက်လာတော့သည်။

"ဟုတ်ကဲ့ အခမဲ့ပါ "

"လူတစ်ဦးယောက်ကို တစ်တုံး အကန့်အသတ်ရှိပါတယ်"

"အဒေါ် အရင်က တစ်ခုယူပြီးပြီလေ"

စန်းလော့က အော်ရင်းနှင့်စျေးရောင်းနေစဥ် လူတိုင်းကို အသစ်အသစ်တွေပြောပြရင်း လက်ရောနှုတ်ပါ အလုပ်ရှုပ်နေလေ၏။

"အရသာရှိတဲ့ နတ်သမီးတို့ဟူးနော် နှစ်ဆယ့်ခြောက်တုံးပဲကျန်တော့တယ် မမြည်းစမ်းရသေးရင် အခမဲ့လာ မြည်းကြည့်ကြပါအုံး တွန့်ဆုတ်မနေကြပါနဲ့၊ ရှင်တို့မိသားစုလည်း မြည်းစမ်းကြည့်ရအောင် နှစ်ဝမ်ဖိုးလောက်ဝယ်သွားပါအုံးလား"

မနက်အစောကြီး အသက်ဝင်လာသောစျေး၏ စည်ကားသည့်လမ်းတွေပေါ်မှာ လူတွေက လမ်းဆုံလမ်းခွမှာရှိသော ဤဆိုင်လေးတစ်ဝိုက်တွင် တစီစီ လှုပ်ရှားနေသည်ကို အထူးတလည် အာရုံစိုက်မိနေတော့သည်။

အထူးသဖြင့် စျေးထဲ၌ လူစုလူဝေးနှင့် ဆူဆူညံညံဖြစ်လေ့ရှိသော နေရာတစ်ခုသည် ပုံမှန်အားဖြင့် ပစ္စည်းကောင်းပြီး စားရသည်မှာတန်လှသည့် အဓိပ္ပါယ်ဖြစ်ရာ စိတ်လှုပ်ရှားမှု၏ ဆွဲဆောင်ခံရသည်က လူ့သဘာဝပင်။

ထို့အပြင် စန်းလော့၏အသံသည် ကြည်လင်ပြတ်သားပြီး -လတ်ဆတ်သော၊ အရသာရှိသော ၊အခမဲ့မြည်းစမ်းရန် ၊တစ်ခုလျှင် နှစ်ဝမ်၊ ရောင်းကုန်လုနီးနီး၊ မြန်မြန်ဆန်ဆန်လာပါ သို့မဟုတ်ပါက မင်းလွတ်သွားလိမ့်မည် ဟူ၍ စွဲမက်ဖွယ်ကောင်းသော စကားစုအသုံးအနှုန်းများပါရှိနေသည်။ စကားတစ်ခွန်းစီတိုင်းက

ဝင်လာနေသောလူအုပ်၏ အရှိန်အဟုန်ကို မြှင့်တင်ပေးလိုက်၏။

အောင်မြင်မှု များများစားစားမရှိဘဲ အေးဆေးဆေးဆေးလေးထိုင်ပြီး ကြက်ဥရောင်းသည့် ချန်းယိုထျန်းမှာ အခုတော့ သက်ဝင်လှုပ်ရှားပြီး ငေးမောဖွယ်ရာ ပတ်ဝန်းကျင်ထဲတွင် ပိတ်မိနေတော့သည်။

“ကောင်းရော.. စန်းလော့ရဲ့ ဒီလိုအရည်အချင်းနဲ့ဆိုရင် သူက အမေ့သားဆီက ဘာအကူအညီမှတောင် မလိုဘူးဗျ”

...

All Chapters