အခန်း (၃၀၃-၃၀၄)
Vol. 31 Ch. 303-304
အခန်း ၃၀၃
"ချင်တိုင်းပြည်ရဲ့ သက်တော်အကြီးဆုံးမင်းသမီးနဲ့ ကိုယ်တော်တို့ ကျိုးနိုင်ငံရဲ့ နံပါတ်တစ် ပါရမီရှင် အမျိုးသမီးတို့ တွေ့ဆုံခဲ့ကြတာဆိုတော့ မင်းတို့နှစ်ယောက် ဘာတွေဆွေးနွေးခဲ့ကြလဲဆိုတာ ကိုယ်တော် တော်တော်လေး သိချင်မိတယ်။" ရှောင်မိုက ပြုံးလျက် မေးလိုက်လေ၏။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ မုကျိုးနဲ့ အစ်မရုရွှယ်တို့ သိပ်ပြီး အများကြီး မပြောဖြစ်ကြပါဘူး။ ကဗျာလင်္ကာတွေအကြောင်း နည်းနည်းပါးပါး ဆွေးနွေးဖြစ်ကြပြီး ကျိုးနိုင်ငံရဲ့ ဓလေ့ထုံးစံတွေနဲ့ ပတ်သက်လို့ အစ်မရုရွှယ်ဆီကနေ လမ်းညွှန်မှု တောင်းခံခဲ့ပါတယ်။" ချင်စီယောင်က ရွှင်လန်းစွာ ပြန်ဖြေလိုက်ပေသည်။ "ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံကို ရောက်လာမှတော့ ဒီနိုင်ငံရဲ့ ထုံးစံအတိုင်း နေရမှာပေါ့။ မုကျိုးက စည်းကမ်းတွေကို နားမလည်ဘဲ နေလို့မရပါဘူး။ ဒါမှမဟုတ်ရင် လူတွေက အတင်းအဖျင်း ပြောကြလိမ့်မယ်လေ။"
ထိုသို့ပြောရင်း ချင်စီယောင်က တိုးညင်းစွာ သက်ပြင်းချလိုက်ရာ သူမ၏ လှပသော မျက်လုံးများက စစ်မှန်သော လေးစားအားကျမှုများဖြင့် ပြည့်နှက်နေပြီး သူမက ရေရွတ်လိုက်လေ၏။ "ဒါပေမဲ့ အစ်မရုရွှယ်ရဲ့ ပါရမီက မုကျိုးကို တကယ်ပဲ အံ့သြမှင်တက်သွားစေတယ်။ ဒါ့အပြင် အစ်မရုရွှယ်က ကောင်းကင်နတ်မိမယ်လေး တစ်ပါးလို လှပပြီး သူမရဲ့ အမူအရာက သာမန်ထက် ထူးကဲလှတယ်။ အစ်မရုရွှယ်ကို တွေ့ပြီးတဲ့နောက် ဒီလောကကြီးမှာ ဒီလို ပြီးပြည့်စုံတဲ့ အမျိုးသမီးမျိုး ဘယ်လိုများ ရှိနေနိုင်တာလဲလို့ မုကျိုး မတွေးဘဲ မနေနိုင်ခဲ့ဘူး။"
"....."
ချင်စီယောင်၏ စကားများကို ကြားသောအခါ လူတိုင်းမှာ ခဏမျှ အပြောရခက်သွားကြလေ၏။
ဘာတွေ ဖြစ်နေတာလဲ။
သူတို့နှစ်ယောက်က ပြိုင်ဆိုင်နေကြရမှာ မဟုတ်ဘူးလား။
မည်သို့ပင်ဆိုစေကာမူ ကျိုးနိုင်ငံ၏ မိဖုရားခေါင်က တစ်ပါးတည်းသာ ရှိနိုင်သည် မဟုတ်ပါလား။
သို့သော် ယခုအခါ ချင်စီယောင်က ယန်ရုရွှယ်ကို ချီးမွမ်းနေသည်လား။ သူမက အရှုံးပေးနေသည့်အလား၊ ယန်ရုရွှယ်ကို ဇနီးကြီး ဖြစ်စေပြီး သူမကိုယ်တိုင်က မောင်းမအဖြစ် နေချင်နေသည့်အလား ပုံပေါက်နေသည် မဟုတ်ပါလား။
ရှောင်မိုလည်း အံ့အားသင့်သွားပြီး ဤချင်တိုင်းပြည်၏ သက်တော်အကြီးဆုံးမင်းသမီးက ဘာတွေ တွေးနေသလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်သွားခဲ့လေ၏။
သို့သော် ချင်ယန်မင်းသမီးက တကယ်ပဲ မောင်းမတစ်ယောက် ဖြစ်ချင်နေလျှင်တောင်မှ ယင်းက မဖြစ်နိုင်ကြောင်းကို ရှောင်မို အမှန်တကယ် သိထားခဲ့ပေသည်။
အဘယ်ကြောင့်ဆိုသော် ချင်တိုင်းပြည်ရဲ့ဘုရင်က လုံးဝ သဘောတူမည် မဟုတ်သောကြောင့်ပင်။
သို့သော်လည်း တစ်ဖန် ပြန်တွေးကြည့်လျှင်။
အစပိုင်းတွင် ရှောင်မိုက ချင်ယန်မင်းသမီးသည် စိတ်သဘောထား ပြတ်သားပြီး ဗိုလ်ကျစိုးမိုးတတ်သော အမျိုးသမီးတစ်ဦး ဖြစ်နိုင်သည်ဟု တွေးထင်ထားခဲ့လေ၏။
သို့သော် တကယ်တမ်းကျတော့ သူမက ယခု သူ့ကို ပေးစွမ်းနေသည့် အထင်အမြင်မှာ သိမ်မွေ့ပြီး အန္တရာယ်ကင်းသော ယုန်ဖြူလေး တစ်ကောင်အလား ဖြစ်နေကာ အနည်းငယ် ရိုးအပြီး ချိုသာနေသည့်အလားပင်။ သို့ရာတွင် ညစာစားပွဲ၌ ချင်ယန်မင်းသမီး၏ သွက်လက်ပြီး နောက်ပြောင်တတ်သော အမူအရာက ရှောင်မိုကို တကယ်ပင် သက်တောင့်သက်သာ ဖြစ်စေခဲ့သည်ဟု ဆိုရမည် ဖြစ်ပေသည်။
ရှောင်မိုက "အကယ်၍ သူမသာ မိဖုရားခေါင် ဖြစ်ခဲ့ရင် ငါ သူမကို ပိုပြီး ကောင်းကောင်း ထိန်းချုပ်နိုင်လိမ့်မယ်၊ ပြီးတော့ သူမက ငါ့အတွက် ပြဿနာတွေ ဖန်တီးပေးမှာ မဟုတ်ဘူး။" ဟု မတွေးဘဲ မနေနိုင်ခဲ့ချေ။
သို့သော် အကျိုးအကြောင်း ဆင်ခြင်တုံတရားက ရှောင်မိုကို လျင်မြန်စွာ သတိပြန်ဝင်လာစေခဲ့လေ၏။
လူတစ်ယောက်ကို တစ်ကြိမ် တွေ့ဆုံရုံမျှဖြင့် အပြည့်အဝ ဆုံးဖြတ်ချက်ချ၍ မရနိုင်ချေ။
ချင်ယန်မင်းသမီးတွင် အခြား မျက်နှာစာတစ်ခု ရှိမရှိကို မည်သူက သိနိုင်မည်နည်း။
တစ်နာရီကြာပြီးနောက် ကြိုဆိုရေး ညစာစားပွဲက ပြီးဆုံးလုနီးပါး ဖြစ်နေခဲ့ချေပြီ။ ရှောင်မို ထွက်ခွာတော့မည့် ဆဲဆဲမှာပင် ချင်ယန်မင်းသမီးက မတ်တပ်ရပ်လာပြီး ရှောင်မိုကို မျှော်လင့်တကြီး ကြည့်ကာ ပြောလိုက်လေ၏။ "အရှင်မင်းကြီး၊ နန်းတော်ထဲမှာ ကျိုးနိုင်ငံရဲ့ တည်ထောင်သူ ဘိုးဘေးက မိဖုရားခေါင်အတွက် တည်ဆောက်ပေးခဲ့တဲ့ ပိုးစုန်းကြူး ဥယျာဉ် လို့ခေါ်တဲ့ ဥယျာဉ်တစ်ခု ရှိတယ်လို့ ကျွန်မ ကြားဖူးပါတယ်။ ညဘက်ဆိုရင် ပိုးစုန်းကြူး ရာနဲ့ချီ၊ ထောင်နဲ့ချီပြီး ကောင်းကင်ယံ တစ်လျှောက် ပျံသန်းနေကြတာမို့ နဂါးငွေ့တန်း ဂလက်ဆီထဲကို ရောက်နေရသလိုမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။ မုကျိုးက အဲဒါကို မြင်တွေ့ခွင့်ရဖို့ ဂုဏ်ယူခွင့် ရှိနိုင်မလားရှင်။"
"ဘာဖြစ်လို့ မရရမှာလဲ။ ကိုယ်တော်လည်း အလုပ်မရှိတာနဲ့ အတော်ပဲ။ မင်း ကိုယ်တော်နဲ့ လိုက်ခဲ့လို့ ရပါတယ်။"
ဤတောင်းဆိုချက် သေးသေးလေးအပေါ် ရှောင်မိုက ငြင်းဆန်စရာ အကြောင်းမရှိဟု ခံစားလိုက်ရလေ၏။
"ကျေးဇူးတင်ပါတယ် အစ်ကိုတော် အရှင်မင်းကြီး..." ရှောင်မို သဘောတူလိုက်သည်ကို ကြားသောအခါ ချင်စီယောင်က အရိုအသေပေးလိုက်ပြီး ဝမ်းသာအားရ အော်ဟစ်လိုက်ပေသည်။
ရှောင်မိုက အစ်ကိုတော် အရှင်မင်းကြီး ဟူသော စကားလုံးလေးလုံးကို ကြားလိုက်ရသောအခါ အသက်ရှူမှားသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားသည်ကို ခံစားလိုက်ရလေ၏။
ချင်တိုင်းပြည်ရဲ့ဘုရင်က သူ၏ နှမတော်ကို အလွန်တရာ အလိုလိုက်ပြီး သူမ၏ ဆန္ဒတိုင်းကို လိုက်လျောပေးသည်ဟု ပြောကြသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။
ဤကဲ့သို့သော စရိုက်လက္ခဏာမျိုးနှင့်ဆိုလျှင် သူမကို သဘောမကျဘဲ နေရန်မှာ တကယ်ကို မဖြစ်နိုင်ပေ။
ဤကိစ္စနှင့်ပတ်သက်၍ ချင်တိုင်းပြည် သံတမန်များနှင့် ကျိုးနိုင်ငံ အရာရှိများက သဘာဝကျကျပင် ပြောစရာ စကားမရှိခဲ့ကြချေ။
ထို့အပြင် ချင်ယန်မင်းသမီးက နန်းတွင်း မောင်းမဆောင်ထဲသို့ ဝင်ရောက်လာရန် အလွန်ပင် ဖြစ်နိုင်ချေများနေသဖြင့် မောင်းမဆောင်အတွင်းရှိ ဥယျာဉ်တစ်ခုကို ကြိုတင် လည်ပတ်ခြင်းက ဘာများ အရေးကြီးနေမည်နည်း။
ရှောင်မိုက သူ၏ ရထားလုံးကို အသင့်ပြင်ခိုင်းလိုက်ပြီး ချင်ယန်မင်းသမီးကို ပိုးစုန်းကြူး ဥယျာဉ်၏ အပြင်ဘက်သို့ ခေါ်ဆောင်လာခဲ့လေ၏။
ဝေ့ရွှန်းက ဉာဏ်ကောင်းစွာဖြင့် အပြင်ဘက်တွင် စောင့်နေခဲ့ပြီး ရှောင်မိုက ချင်စီယောင်ကို အထဲသို့ ခေါ်ဆောင်သွားခဲ့ပေသည်။
အချိန်က ရွှီအချိန် အလယ်ပိုင်းကို ကျော်လွန်နေပြီ ဖြစ်ပြီး သူတို့ ပိုးစုန်းကြူး ဥယျာဉ်ထဲသို့ ခြေလှမ်းလိုက်သည့် အခိုက်အတန့်မှာပင် သူတို့၏ မျက်လုံးများက ချက်ချင်း တောက်ပသွားခဲ့လေ၏။
ရာနှင့် ထောင်ချီသော ပိုးစုန်းကြူးများက ခြံဝင်းထဲတွင် ကခုန်နေကြပြီး မြေကြီးပေါ်တွင် ပြန့်ကျဲနေသော ကြယ်ကလေးများအလား ညကောင်းကင်ယံရှိ ကြယ်များနှင့် ပဲ့တင်ထပ်နေခဲ့ပေသည်။
ခြံဝင်းထဲတွင် ရှိနေခြင်းက နတ်ပြည်နတ်ရွာသို့ ရောက်နေရသည့်အလား ခံစားရစေလေ၏။
"အရမ်းလှတာပဲ..." ချင်စီယောင်၏ မျက်လုံးများက တဖျပ်ဖျပ် လက်သွားပြီး ရှောင်မို၏ ဘေးမှနေ၍ ရေရွတ်လိုက်ပေသည်။
"တကယ်ကို လှပတာပဲ။"
ရှောင်မိုက ခေါင်းညိတ်လိုက်လေ၏။
တကယ်တော့ ရှောင်မိုက နန်းတွင်းသို့ ဝင်ရောက်လာကတည်းက ဤနေရာသို့ တစ်ခါမျှ မလာခဲ့ဖူးချေ။ အဓိက အကြောင်းရင်းမှာ ဤကဲ့သို့သော အရာများကို သူ စိတ်မဝင်စားသောကြောင့်ပင်။
သို့သော် ယခုအခါ အားလပ်ချိန်များတွင် တစ်ခါတလေ လာရောက်လည်ပတ်ခြင်းက မဆိုးလှဘူးဟု ရှောင်မို ခံစားလိုက်ရပေသည်။
အထူးသဖြင့် သွက်လက်တက်ကြွသော မိန်းကလေးက သူမ၏ ဂါဝန်ကို လှည့်ပတ်ကာ ပန်းရုံများကြားတွင် ပိုးစုန်းကြူးများနှင့်အတူ ကခုန်နေသည့်အလား ပျံသန်းသွားလာနေသည်ကို စောင့်ကြည့်ရခြင်းက တကယ်ကို ပျော်ရွှင်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်လေ၏။
"မုကျိုးနဲ့အတူ လိုက်ပါပေးတဲ့အတွက် အစ်ကိုတော် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။"
ပိုးစုန်းကြူး ဥယျာဉ်ထဲတွင် ခဏမျှ ဆော့ကစားပြီးနောက် ချင်စီယောင်က ရှောင်မိုထံသို့ ပြေးလာပြီး အရိုအသေပေးလိုက်ပေသည်။
"မင်းသမီးက ယဉ်ကျေးလွန်းနေပါပြီ။" ရှောင်မိုက အနည်းငယ် ပြုံးလိုက်လေ၏။ "မင်းသမီး ဒီလောက် ပျော်နေတာကို မြင်ရတော့ ကိုယ်တော့်ရဲ့ စိတ်ခံစားချက်လည်း အများကြီး ကောင်းလာပါတယ်။"
"အရင်က အစ်ကိုတော် အရှင်မင်းကြီးရဲ့ စိတ်ခံစားချက်က မကောင်းလို့လားဟင်။" ချင်စီယောင်က ခေါင်းလေးကို စောင်းကာ မေးလိုက်ပေသည်။ သူမ မသိလိုက်ဘဲ အစ်ကိုတော် အရှင်မင်းကြီး ဟူသော စကားလုံးလေးလုံးက သူမ ပြောဆိုရန်အတွက် ပို၍ပို၍ သဘာဝကျလာခဲ့ချေပြီ။
"အဲဒီလိုမျိုးပေါ့။" ရှောင်မိုက ပြုံးလိုက်လေ၏။ "လူတွေဆိုတာ သိတဲ့အတိုင်းပဲလေ၊ ရှောင်လွှဲလို့မရတဲ့ စိုးရိမ်ပူပန်မှု တချို့တော့ ရှိတတ်တာပဲ။"
"ဒါဆို အစ်ကိုတော် အရှင်မင်းကြီးရဲ့ စိုးရိမ်ပူပန်မှုတွေက ယန်ရှန်းအောက်နဲ့ မယ်တော်ကြီးယန်တို့၊ ပြီးတော့ တခြားသူတွေကြောင့်လား။" ချင်စီယောင်က တိုးညင်းစွာ ပြောလိုက်ရာ သူမ၏ လှပသော မျက်လုံးများက တစ်စုံတစ်ယောက် ကြားသွားမည်ကို စိုးရိမ်နေသည့်အလား ပတ်ဝန်းကျင်ကို သတိထား၍ အကဲခတ်နေခဲ့ပေသည်။
"....."
ချင်စီယောင်၏ စကားများကို နားထောင်ပြီးနောက် ရှောင်မိုက ပြန်မဖြေဘဲ သူမကို တိတ်ဆိတ်စွာ ကြည့်နေရုံသာ ရှိလေ၏။
"အစ်ကိုတော် အရှင်မင်းကြီးအနေနဲ့ မုကျိုးအပေါ် ဒီလောက်အထိ သတိထားနေစရာ မလိုပါဘူး။"
ချင်စီယောင်က ရှေ့သို့ တစ်လှမ်းတိုးလာပြီး ရှောင်မိုကို အပြစ်ကင်းစင်စွာဖြင့် ကြည့်လိုက်ပေသည်။
"ချင်တိုင်းပြည်နဲ့ ကျိုးနိုင်ငံရဲ့ တော်ဝင်မိသားစုတွေက သံတမန်ဆက်ဆံရေး ထူထောင်ထားခဲ့တာ ကြာပါပြီ။ အခု အစ်ကိုတော် အရှင်မင်းကြီးက အာဏာကြီးမားတဲ့ ဝန်ကြီးတွေနဲ့ မယ်တော်ကြီးကြောင့် ဒုက္ခရောက်နေရတာဆိုတော့ ကျွန်မတို့ ချင်တိုင်းပြည်က ကူညီပေးသင့်ပါတယ်။
အစ်ကိုတော် အရှင်မင်းကြီးက မုကျိုးကို အခုထိ မယုံကြည်သေးဘူးဆိုတာ မုကျိုး သိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မုကျိုးနဲ့ အစ်ကိုတော် အရှင်မင်းကြီးတို့က အခုမှ ပထမဆုံးအကြိမ် တွေ့ဆုံဖူးတာလေ။
ဒါပေမဲ့ အခွင့်အရေးသာ ရှိမယ်ဆိုရင် နိုင်ငံနှစ်ခုရဲ့ ဘိုးဘေးတွေ သတ်မှတ်ခဲ့တဲ့ မင်္ဂလာမဟာမိတ်ကို မုကျိုးက မဖြစ်မနေ ဖြည့်ဆည်းပေးရမယ်လို့ ခမည်းတော်က မုကျိုးကို အမြဲတမ်း ပြောခဲ့ပါတယ်။
ဒါ့အပြင် ကျွန်မရဲ့ အစ်ကိုတော်ကလည်း အစ်ကိုတော် အရှင်မင်းကြီးရဲ့ အခြေအနေကို အရမ်း စာနာမိပါတယ်။
ဒါကြောင့်..."
ချင်စီယောင်က လက်ကို ဆန့်ထုတ်လိုက်ပြီး စိုးရိမ်တကြီးနှင့် သို့သော် ရဲရင့်စွာဖြင့် ရှောင်မို၏ အင်္ကျီလက်စကို ဆုပ်ကိုင်လိုက်လေ၏။
"အကယ်၍ အစ်ကိုတော် အရှင်မင်းကြီးသာ မုကျိုးကို ယုံကြည်ပေးမယ်ဆိုရင် မုကျိုးက အစ်ကိုတော် အရှင်မင်းကြီးကို ကူညီဖို့အတွက် အရာအားလုံး လုပ်ဖို့ ဆန္ဒရှိပါတယ်..."
အခန်း ၃၀၄ - အမြီးကိုးချောင်း မြေခွေးတိုင်းပြည်က အနန္တဓမ္မလောကထဲကို ခြေတစ်လှမ်းတောင် ဝင်ခွင့်မရှိဘူး
"အရှင်မင်းကြီး... မနက်ခင်း ညီလာခံ ကျင်းပဖို့ အချိန်ရောက်ပါပြီ... အရှင်မင်းကြီး..."
လင်ချွမ် နန်းဆောင်အတွင်း၌ ဝေ့ရွှန်းက ရှောင်မို၏ ခုတင်ဘေးသို့ လျှောက်သွားကာ တိုးညင်းစွာ ခေါ်လိုက်လေ၏။
ရှောင်မိုက သန်းဝေလိုက်ပြီး သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပေသည်။ "မနက်ခင်း ညီလာခံ ဟုတ်လား။ ဘာ မနက်ခင်း ညီလာခံလဲ။"
သူ ပြန်လည်မွေးဖွားလာကတည်းက မနက်ခင်း ညီလာခံ တစ်ခုကိုမျှ သူမတက်ရောက်ခဲ့ဖူးချေ။
မည်သို့ပင်ဆိုစေကာမူ သူ၏ အာဏာများ လုံးလုံးလျားလျား ရုပ်သိမ်းခံထားရပြီဖြစ်ရာ ညီလာခံ တက်ရောက်နေရခြင်းက ဘာအဓိပ္ပာယ် ရှိမည်နည်း။
"အရှင်မင်းကြီး၊ မေ့သွားပြီလား။"
"မနေ့က နန်းရင်းဝန်ကြီးက ဒီအစေခံအိုကြီးကို အရှင်မင်းကြီးဆီ လျှောက်တင်ခိုင်းထားပါတယ်။ သူက အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေပုံရလို့ အရှင်မင်းကြီးအနေနဲ့ ညီလာခံကို တစ်ကြိမ်လောက် တက်ရောက်ပေးဖို့ မျှော်လင့်နေပါတယ်။"
"အို... ငါ မှတ်မိပြီ။" ရှောင်မိုက လက်ဝှေ့ယမ်းလိုက်လေ၏။ "ငါ့ကို အဝတ်လဲဖို့ ကူညီပေး။"
"မှန်လှပါ အရှင်မင်းကြီး။"
ဝေ့ရွှန်းက အရိုအသေပေးကာ ခေါင်းညိတ်လိုက်ပြီး ရှောင်မိုကို အဝတ်လဲရန် ကူညီပေးဖို့အတွက် အစေခံမလေးများကို အလျင်အမြန် ခေါ်ယူလိုက်ပေသည်။
ကျိုးနိုင်ငံတွင် နဂါးဝတ်ရုံ နှစ်မျိုး ရှိလေ၏။ တစ်မျိုးမှာ ညီလာခံ တက်ရောက်ရန်အတွက် တရားဝင် နဂါးဝတ်ရုံ ဖြစ်ပြီး အခြားတစ်မျိုးမှာ နေ့စဉ်ဘဝအတွက် ပေါ့ပေါ့ပါးပါး ဝတ်စုံ ဖြစ်ပေသည်။
ဝေ့ရွှန်းက အခြားတစ်ဖက်တွင် ရပ်ကာ သူ၏ အရှင်မင်းကြီးက ညီလာခံတက်ရောက်မည့် နဂါးဝတ်ရုံကို ဝတ်ဆင်နေသည်ကို ကြည့်ရင်း သူ၏ ရင်ထဲတွင် စိတ်ခံစားမှုလှိုင်းလုံးတစ်ခု အုံကြွလာခဲ့လေ၏။
သူ၏ သခင်ဖြစ်သော အရှင်မင်းကြီး ညီလာခံတက်ရောက်မည့် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်ကို သူမမြင်တွေ့ရသည်မှာ မည်မျှကြာမြင့်ခဲ့ပြီကို သူ မမှတ်မိနိုင်တော့ချေ။ ဤအရာက အရှင်မင်းကြီး ဝတ်ဆင်သင့်သည့် အရာဖြစ်သည်ဟု သူ ခံစားလိုက်ရပေသည်။
ထိုနေရာတွင် ရပ်နေသော အရှင်မင်းကြီးက ပညာရှိ အုပ်စိုးရှင် တစ်ပါးနှင့် လုံးဝ တူနေခဲ့လေ၏။
အကယ်၍ သူသာ သက်ရှိထင်ရှား ရှိနေစဉ်အတွင်း အရှင်မင်းကြီး အာဏာအပြည့်အဝ ပြန်လည်ရရှိသွားသည်ကို မြင်တွေ့ရမည် ဆိုပါက အရာအားလုံး အဆင်ပြေသွားမည်ဖြစ်ပြီး ကွယ်လွန်သူ ဧကရာဇ်ကြီး၏ ယုံကြည်မှုကိုလည်း သူ ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ ဖြစ်ပေမည်...
“ ဘာအကြောင်းပြချက်မှ မရှိဘဲ ဘာလို့ ငိုတော့မလို ဖြစ်နေတာလဲ။"
ညီလာခံတက်ရောက်မည့် နဂါးဝတ်ရုံကို လဲလှယ်ပြီးနောက် ရှောင်မိုက လှည့်ကာ ဝေ့ရွှန်းကို ကြည့်လိုက်လေ၏။
"ဒီအစေခံအိုကြီးက အရှင်မင်းကြီး မကြာခင် လက်ထပ်တော့မှာဆိုတော့ မိဖုရားခေါင်နဲ့ မောင်းမမိဿံတွေက အရှင်မင်းကြီးကို အလုပ်အကျွေးပြုဖို့ ရောက်လာကြတော့မယ်လို့ တွေးနေမိလို့ပါ။" ဝေ့ရွှန်းက သူ၏ မျက်လုံးထောင့်များမှ မျက်ရည်များကို သုတ်ဖယ်ကာ ဆင်ခြေပေးလိုက်ပေသည်။
"ဟဲဟဲဟဲ၊ သူတို့က ကိုယ်တော့်အပေါ် တကယ် သစ္စာရှိမရှိ ဆိုတာ ကိုယ်တော် အခုထိ မသိသေးပါဘူး။" ရှောင်မိုက သူ၏ အင်္ကျီလက်စကို ပုတ်ကာ ရယ်မောလိုက်လေ၏။
"သွားကြစို့၊ ညီလာခံကို။"
"မှန်လှပါ အရှင်မင်းကြီး..."
ဝေ့ရွှန်းက ရှောင်မို၏ အနောက်မှ အလျင်အမြန် လိုက်ပါသွားခဲ့ပေသည်။
ရှောင်မိုက နဂါးရထားလုံးပေါ်တွင် ထိုင်နေပြီး ညီလာခံ ခန်းမဆောင်သို့ သွားရာလမ်းတွင် မနေ့ညက ချင်ယန်မင်းသမီး သူ့ကို ပြောခဲ့သော စကားများကို မတွေးဘဲ မနေနိုင်ခဲ့ချေ။
မနေ့ညက ပိုးစုန်းကြူး ဥယျာဉ်ထဲတွင် ချင်ယန်မင်းသမီးက သူမသည် သူ့ကို အာဏာ ပြန်လည်ရရှိအောင် ကူညီပေးနိုင်ကြောင်း၊ မည်သည့် အခြေအနေကိုမျှပင် ချမှတ်ခြင်း မရှိကြောင်း ပြောဆိုခဲ့လေ၏။
အားလုံးက ချင်တိုင်းပြည်နှင့် ကျိုးနိုင်ငံ၏ ဘိုးဘေးများကြားရှိ ခင်မင်ရင်းနှီးမှုကြောင့် သက်သက်သာ ဖြစ်သည်ဟု ဆိုပေသည်။
ချင်ယန်မင်းသမီး ပြောဆိုခဲ့သည့် အရာများနှင့် ပတ်သက်၍ ရှောင်မိုက လက်ခံခြင်းလည်း မရှိသလို ငြင်းပယ်ခြင်းလည်း မရှိခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ ကမ္ဘာပေါ်တွင် အလကားရသော နေ့လယ်စာ ဆိုတာမျိုး မရှိပေ။
လူတိုင်းက ကိုယ်ကျိုးကိုသာ အာရုံစိုက်ကြသည့် လူကြီးများ ဖြစ်ကြလေ၏။ ချင်တိုင်းပြည်က ထိုမျှလောက်အထိ သဘောကောင်းနိုင်မည်ဟု သူ မယုံကြည်ခဲ့ချေ။
ရှောင်မို၏ အမြင်တွင် သူက တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းသင့်ပြီး သူ၏ မူလအစီအစဉ်အတိုင်းသာ ဆက်လက် လုပ်ဆောင်သင့်ပေသည်။
ဤညီလာခံနှင့် ပတ်သက်၍မူ ၎င်းက သူ၏ မင်္ဂလာပွဲနှင့် ပတ်သက်လိမ့်မည်ဟု ရှောင်မို ခန့်မှန်းမိလေ၏။
ဧကရာဇ်တစ်ပါးတွင် ကိုယ်ရေးကိုယ်တာ ကိစ္စများ မရှိချေ။
ချင်တိုင်းပြည်ရဲ့ဘုရင်က သူ၏ နှမတော်ကို ကျိုးနိုင်ငံသို့ လက်ဆက်ပေးရန် ရည်ရွယ်ထားကြောင်း သတင်းများ ပြန့်နှံ့သွားကတည်းက ကျိုးနိုင်ငံ နန်းတွင်းရှိ ဝန်ကြီးများက သူတို့၏ ကိုယ်ပိုင် အတွေးများကို စတင် မွေးမြူလာခဲ့ကြပေသည်။
ဤညီလာခံက ဆုံးဖြတ်ချက် တစ်ခုကို တောင်းဆိုလာဖွယ် ရှိလေ၏။
"အရှင်မင်းကြီး ကြွလာပါပြီ။"
အမွှေးတိုင် တစ်တိုင်စာ အချိန်ကုန်ဆုံးပြီးနောက် ရှောင်မိုက ညီလာခံ ခန်းမဆောင်သို့ ရောက်ရှိလာခဲ့ပေသည်။
ဝေ့ရွှန်း၏ စူးရှသော ဘဲအသံကြီးက ထွက်ပေါ်လာသည်နှင့်အမျှ ညီလာခံ ခန်းမဆောင်အောက်ရှိ နန်းတွင်းနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ အားလုံးက တိတ်ဆိတ်သွားကြပြီးနောက် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြလေ၏။ "အရှင်မင်းကြီးကို ရိုသေလေးစားစွာနဲ့ ကြိုဆိုပါတယ်။"
စုဝေးနေကြသော အရာရှိများ၏ အော်ဟစ်သံများကြားတွင် ရှောင်မိုက မြင့်မားသော စင်မြင့်ထက်သို့ လျှောက်သွားကာ ဘေးရှိ မယ်တော်ကြီးယန်ကို အရိုအသေပေးလိုက်ပေသည်။ "မယ်တော်ကြီး။"
မယ်တော်ကြီးယန်က ခေါင်းညိတ်ကာ ပြောလိုက်လေ၏။ "အရှင်မင်းကြီးက ညီလာခံ မတက်တာ ကြာပြီပဲ။ ဒီတစ်ခါ ငါက အရှင်မင်းကြီးကို ကူညီဖို့ လာခဲ့တာပါ။ အရှင်မင်းကြီး စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်။"
"မယ်တော်ကြီးက ဘာတွေ ပြောနေတာလဲ။ နန်းတွင်း ကိစ္စတွေက မယ်တော်ကြီးရဲ့ ကြီးမားကျယ်ပြန့်တဲ့ လမ်းညွှန်မှုတွေ လိုအပ်နေပါသေးတယ်။"
ရှောင်မိုက အနည်းငယ် ပြုံးကာ နဂါးပလ္လင်ပေါ်တွင် ထိုင်လိုက်ပြီး အရာရှိများကို အကဲခတ်ကြည့်လိုက်လေ၏။ သူ၏ အသံက မကျယ်လောင်သော်လည်း ကြီးကျယ်ခမ်းနားမှုများဖြင့် ခန်းမဆောင်ကြီး တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့ပေသည်။ "ညီလာခံ ဆွေးနွေးပွဲကို စတင်ကြစို့။"
"ညီလာခံ ဆွေးနွေးပွဲ စတင်ပါပြီ။ လျှောက်တင်စရာ ကိစ္စများ ရှိပါက လျှောက်တင်နိုင်ပါတယ်။ မရှိပါက ညီလာခံကို ရုပ်သိမ်းပါမယ်။"
ဝေ့ရွှန်းက သူ၏ ရင်ဘတ်ကို ကော့ကာ ခေါင်းကို မော့ပြီး အော်ဟစ်လိုက်ပြီးနောက် အရှင်မင်းကြီး၏ ဘေးတွင် မတ်တပ်ရပ်နေလိုက်လေ၏။
မကြာမီ ဝန်ကြီးများက သူတို့၏ လျှောက်တင်လွှာများကို တင်ပြရန် တစ်ယောက်ပြီး တစ်ယောက် ရှေ့သို့ ထွက်လာခဲ့ကြပေသည်။
ရှောင်မိုက ထိုနေရာတွင် ထိုင်နေရုံသာ ဖြစ်ပြီး ကိစ္စရပ်များ အားလုံးကို မယ်တော်ကြီးယန်နှင့် ယန်ရှန်းအောက်တို့က ဆုံးဖြတ်ကြလေ၏။
သို့သော် မယ်တော်ကြီးယန်က ဆုံးဖြတ်ချက် တစ်ခုချပြီးနောက် သူမက ရှောင်မို၏ သဘောထားကို မေးမြန်းလေ့ရှိသော်လည်း ရှောင်မိုက သဘောမတူဘဲ နေနိုင်ပါမည်လား။
ရှောင်မိုက မည်သို့ပင်ဖြစ်စေကာမူ ဤအခြေအနေကို လျစ်လျူရှုထားလိုက်ပေသည်။
တစ်နာရီကြာပြီးနောက် ညီလာခံ ဆွေးနွေးပွဲက ပြီးဆုံးလုနီးပါး ဖြစ်နေပြီး ယနေ့အတွက် အရေးအကြီးဆုံး ကိစ္စကို သူတို့ ထုတ်ဖော်ပြောဆိုတော့မည်ကို ရှောင်မို သိလိုက်လေ၏။
ဓလေ့ထုံးတမ်း ဒုတိယဝန်ကြီး ရှန်ဝမ်က ရှေ့သို့ ထွက်လာခဲ့ပေသည်။
အခြားသူများ အားလုံးကလည်း ရှန်ဝမ်ကို ကြည့်လိုက်ကြရာ သူ ဘာပြောတော့မည်ကို သိနေသည့်အလား ပုံပေါက်နေခဲ့လေ၏။
ပြီးတော့ သူ စကားမပြောခင်မှာပင် အချို့သော အရာရှိများက ရှေ့သို့ ထွက်လာပြီး ငြင်းခုံရန် စိတ်အားထက်သန်နေခဲ့ကြချေပြီ။
ရှန်ဝမ်က ရှောင်မိုကို အရိုအသေပေးလိုက်ပေသည်။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကစပြီး မြို့တော်တစ်ဝိုက်က သာမန်ပြည်သူတွေက ချင်တိုင်းပြည်က ကျွန်တော်မျိုးတို့ မဟာကျိုးကို စေ့စပ်ကြောင်းလမ်းတဲ့ အကြောင်း သိရှိသွားကြပြီး သတင်းတွေက အကျယ်တဝင့် ပြန့်နှံ့နေပါတယ်။
ကျွန်တော်မျိုးတို့ မဟာကျိုးရဲ့ ဘိုးဘေးတွေနဲ့ ချင်တိုင်းပြည်ရဲ့ ဘိုးဘေးတွေက ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး မင်္ဂလာမဟာမိတ် ပြုလုပ်ခဲ့ကြတာ မှန်ပေမဲ့။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးနဲ့ ယန်မျိုးနွယ်စုရဲ့ သမီးတော်တို့ကြားက ထိမ်းမြားလက်ထပ်ခြင်း စာချုပ်က အရင် တည်ရှိခဲ့တာပါ။ တကယ်လို့ အခုမှ ပြောင်းလဲလိုက်မယ်ဆိုရင် ကျွန်တော်မျိုးတို့က လောကတစ်ခုလုံးရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုကို ခံရမှာ မဟုတ်ဘူးလား။
ကျွန်တော်မျိုး အရှင်မင်းကြီးကို ရဲဝံ့စွာ လျှောက်တင်ချင်တာက မူလက စီစဉ်ထားတဲ့ မင်္ဂလာအခမ်းအနားကို မပြောင်းလဲဘဲ ယန်မျိုးနွယ်စုရဲ့ သမီးတော်ကပဲ မိဖုရားခေါင်ကြီး ဆက်ဖြစ်သင့်ပါတယ်။"
"ဟားဟားဟား၊ ရယ်စရာကောင်းလိုက်တာ။"
ထိုအချိန်တွင် စစ်ဆေးရေးမှူးချုပ် သခင်ကြီးဝမ်က ရှေ့သို့ ထွက်လာပြီး ရှောင်မိုကို အရိုအသေပေးကာ ပြောလိုက်လေ၏။
"အရှင်မင်းကြီး၊ ချင်တိုင်းပြည်က အခု လက်ရှိမှာ အင်အားကြီးမားပါတယ်။ တကယ်လို့ ကျွန်တော်မျိုးတို့က ချင်တိုင်းပြည်နဲ့ မင်္ဂလာမဟာမိတ် ဖွဲ့နိုင်မယ်ဆိုရင် ကျွန်တော်မျိုးတို့ မဟာကျိုးအတွက် မရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေ သေချာပေါက် ရရှိလာပါလိမ့်မယ်။ ဒါ့အပြင် ဘယ်သူ အရင်ရောက်လာသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ချင်တိုင်းပြည်ရဲ့ ဘိုးဘေးတွေက မင်္ဂလာမဟာမိတ်ကို ဖွဲ့စည်းခဲ့တာပါ။ တကယ်တော့ ဘယ်သူက အရင်ရောက်လာပြီး ဘယ်သူက နောက်မှ ရောက်လာတာလဲ။"
"သခင်ကြီးဝမ်က ဘာကို ဆိုလိုချင်တာလဲ။ ချင်တိုင်းပြည်က အင်အားကြီးမားရုံနဲ့ ကျွန်တော်မျိုးတို့ မဟာကျိုးက အားနည်းတယ်လို့ ဆိုလိုတာလား။ ကျွန်တော်မျိုးတို့ မဟာကျိုးက တခြားနိုင်ငံတွေကို အားကိုးဖို့ လိုအပ်နေလို့လား။" တရားရေးဝန်ကြီး သခင်ကြီးလန်က ရှေ့သို့ ထွက်လာပြီး ပြောလိုက်ပေသည်။
"ဟဲဟဲဟဲ၊ သခင်ကြီးလန် ပြောတာ ကောင်းပါတယ်၊ ဒါပေမဲ့ သခင်ကြီးလန်က သူ့ကိုယ်သူ မလိမ်ညာသင့်ဘူး။" စစ်ရေး ဒုတိယဝန်ကြီး သခင်ကြီးဖန်က ရှေ့သို့ ထွက်လာပြီး ပြောလိုက်လေ၏။ "တကယ်လို့ ကျွန်တော်မျိုးတို့ မဟာကျိုးက ဒီလို အပြစ်အနာအဆာကင်းတဲ့ စေ့စပ်ကြောင်းလမ်းမှုကို ငြင်းပယ်လိုက်မယ်ဆိုရင် အဲဒါက စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်တာနဲ့ ဘာများ ကွာခြားလို့လဲ။ အဲဒီအချိန်ကျရင် နိုင်ငံနှစ်ခု စစ်ဖြစ်လာရင် သခင်ကြီးလန်က စစ်မြေပြင်ကို ထွက်မှာလား။"
"ကျွန်တော်မျိုးတို့က တခြားနိုင်ငံတစ်ခုရဲ့ အင်အားနဲ့ ဩဇာကို ကြောက်ရွံ့ပြီး ကိုယ်ပိုင် မိဖုရားခေါင်ကြီးကိုတောင် မတင်မြှောက်ရဲဘူးဆိုရင် အဲဒါက ဘိုးဘေးတွေရဲ့ ပိုမိုကြီးမားတဲ့ ကဲ့ရဲ့လှောင်ပြောင်မှုကို ခံရမှာ မဟုတ်ဘူးလား။"
"ခင်ဗျားက ပိုပြီးတော့တောင် ရယ်စရာကောင်းသေးတယ်။ ချင်ယန်မင်းသမီးက ဘွဲ့တစ်ခုနဲ့ မထိုက်တန်လို့လား။ ကွယ်လွန်သူ ဧကရာဇ်ကြီး ကိုယ်တိုင် ချမှတ်ခဲ့တဲ့ ထိမ်းမြားလက်ထပ်ခြင်း စာချုပ်၊ ဘိုးဘေးတွေ သတ်မှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခု၊ ခင်ဗျားမှာ ပြောစရာ ဘာရှိသေးလဲ။"
ခဏတာမျှ ညီလာခံ ခန်းမဆောင်က ပရမ်းပတာ ဖြစ်သွားပြီး လူတိုင်းက တစ်ယောက်စကား တစ်ယောက် ဖြတ်ပြောနေကြကာ စည်းကမ်း အားလုံး ပျောက်ဆုံးသွားခဲ့လေ၏။
မယ်တော်ကြီးယန်က မျက်မှောင်ကြုတ်လိုက်ရာ သူမ၏ မျက်နှာအမူအရာက အလွန်တရာ မကျေနပ်ပုံ ပေါ်နေခဲ့ပေသည်။
ယန်ရှန်းအောက်ကမူ မျက်လုံးများကို မှိတ်ထားပြီး နက်ရှိုင်းသော အမူအရာကို ဟန်ဆောင်နေခဲ့လေ၏။
ရှောင်မိုနှင့် ပတ်သက်၍မူ။
ရှောင်မိုက ပို၍ပင် တည်ငြိမ်နေပြီး ပွဲကြည့်နေသည့် အရိပ်အယောင်မျိုး ပြသကာ သူတို့ ဘယ်လို ဆုံးဖြတ်ချက်မျိုးကို ငြင်းခုံရယူနိုင်မလဲ ဆိုတာကို စောင့်ကြည့်ချင်နေခဲ့ပေသည်။
"တိတ်စမ်း။"
ထိုအချိန်တွင် မယ်တော်ကြီးယန်က အသက်ပြင်းပြင်း တစ်ချက်ရှူကာ ပြောလိုက်လေ၏။
သူမ၏ အသံက မကျယ်လောင်သော်လည်း လူတိုင်း ကြားနိုင်ခဲ့ပေသည်။
လူအုပ်ကြီးက တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ခေါင်းငုံ့ကာ သူတို့၏ နေရာများသို့ ပြန်သွားကြလေ၏။
"ညီလာခံ ခန်းမဆောင်ထဲမှာ၊ အရှင်မင်းကြီးရဲ့ မျက်မှောက်မှာ၊ မင်းတို့က ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရဲကြတယ်။ ဒါက ဘယ်လို အပြုအမူမျိုးလဲ။" မယ်တော်ကြီးယန်က အော်ငေါက်လိုက်ရာ သူမ၏ ရင်ဘတ်က ဒေါသကြောင့် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့ပေသည်။
သူမက ခေါင်းကို လှည့်ကာ အရာရှိများ၏ အရှေ့တွင် တိတ်ဆိတ်စွာ နေခဲ့သော သူမ၏ မောင်တော်ကို ကြည့်ပြီး မေးလိုက်လေ၏။ "နန်းရင်းဝန်ကြီးက စကားတစ်ခွန်းမှ မဟသေးဘူးပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းမှာ ထူးချွန်ပြောင်မြောက်တဲ့ အကြံဉာဏ်များ ရှိနေလို့လား။"
မယ်တော်ကြီး၏ စကားသံ အဆုံးတွင် နန်းတွင်းနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ အားလုံးက ယန်ရှန်းအောက်ကို ကြည့်လိုက်ကြပေသည်။
ယန်ရှန်းအောက်က သူ၏ မျက်လုံးများကို ဖွင့်ကာ ရှေ့သို့ ထွက်လာပြီး အရိုအသေပေးလိုက်ပြီးနောက် ဖြည်းညှင်းစွာ စတင် ပြောဆိုလိုက်လေ၏။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ မယ်တော်ကြီးကို လျှောက်တင်ပါတယ်။ ဒီအရာရှိအိုကြီး ယုံကြည်တာကတော့ နန်းတွင်းနဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေ ပြောခဲ့တဲ့ အရာတွေ အားလုံးက အကြောင်းပြချက် ခိုင်လုံမှု ရှိနေတယ် ဆိုတာပါပဲ။
ချင်ယန်မင်းသမီးက အရှင်မင်းကြီးကို လက်ထပ်ဖို့ဆိုတာက နိုင်ငံနှစ်ခုလုံးရဲ့ ကွယ်လွန်သူ ဧကရာဇ်တွေ ပြုလုပ်ခဲ့တဲ့ သဘောတူညီချက် တစ်ခုပါ။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတောင် ချင်တိုင်းပြည်က ကျိုးနိုင်ငံနဲ့ ခင်မင်ရင်းနှီးမှုကို မှတ်မိနေသေးပြီး သက်တော်အကြီးဆုံးမင်းသမီးကို ကျိုးနိုင်ငံထဲကို လက်ဆက်ပေးဖို့ လုပ်တာက ကျွန်တော်မျိုးတို့ ကျိုးနိုင်ငံအပေါ် ချင်တိုင်းပြည်ရဲ့ လေးစားမှုကို ပိုမို ပြသနေပါတယ်။ တကယ်လို့ ကျွန်တော်မျိုးတို့ ကျိုးနိုင်ငံက ငြင်းပယ်လိုက်မယ်ဆိုရင် အဲဒါက တစ်ဖက်လူကို သေချာပေါက် မကျေမနပ် ဖြစ်စေပါလိမ့်မယ်။
ဒါပေမဲ့ ယန်မျိုးနွယ်စုရဲ့ သမီးတော် ယန်ရုရွှယ်ကို ကျွန်တော်မျိုးတို့ မဟာကျိုးရဲ့ မိဖုရားခေါင်ကြီးအဖြစ် သတ်မှတ်ထားပြီးသားပါ။ ဒီကိစ္စကို လောကတစ်ခုလုံးက သိကြပါတယ်။ တကယ်လို့ အခုမှ လူပြောင်းလိုက်မယ်ဆိုရင် သာမန်ပြည်သူတွေရဲ့ ဒေါသကို ဆွပေးသလို ဖြစ်သွားနိုင်ပါတယ်။
ဒါပေမဲ့ ဒီကိစ္စက တစ်ခုမဟုတ် တစ်ခု ရွေးချယ်စရာ မလိုပါဘူး။
အဲဒီတုန်းက ရှောင်ကျုံး ဧကရာဇ်ကလည်း အလားတူ အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ အဲဒီအချိန်တုန်းက မိဖုရားခေါင် ဖြစ်လာနိုင်တဲ့ အမျိုးသမီး နှစ်ဦး ရှိခဲ့ပြီး နန်းတွင်းက အဆုံးအစမရှိ ငြင်းခုံနေခဲ့ကြတာပါ။
နောက်ဆုံးတော့ မယ်တော်ကြီးလွီက သူတို့ရဲ့ အပြုအမူတွေကို အကဲဖြတ်ဖို့အတွက် အမျိုးသမီး နှစ်ဦးစလုံးကို နန်းတွင်း မောင်းမဆောင်ထဲကို တစ်ပြိုင်နက်တည်း သွင်းလိုက်ပါတယ်။
တစ်နှစ်ကြာပြီးနောက် ရှောင်ကျုံး ဧကရာဇ်နဲ့ မယ်တော်ကြီးလွီတို့က သူတို့ထဲက တစ်ယောက်ကို မိဖုရားခေါင်အဖြစ် ရွေးချယ်ခဲ့ကြပါတယ်။
ဒါကြောင့် ဒီအဘိုးကြီးက ယန်မျိုးနွယ်စုရဲ့ သမီးတော် ယန်ရုရွှယ်နဲ့ ချင်တိုင်းပြည်ရဲ့ ချင်ယန်မင်းသမီး နှစ်ယောက်စလုံးကို နန်းတော်ထဲကို အတူတကွ ဝင်ရောက်ခွင့်ပြုပြီး သူတို့ရဲ့ အပြုအမူတွေကို စောင့်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
တစ်နှစ်ကြာပြီးနောက် အရှင်မင်းကြီးရဲ့ ဆန္ဒအပေါ် လုံးလုံးလျားလျား မူတည်ပြီး လူတစ်ယောက်ကို မိဖုရားခေါင်ကြီးအဖြစ် ရွေးချယ်သင့်ပါတယ်။ ဒါက အသင့်လျော်ဆုံး ဖြေရှင်းနည်းပါပဲ။"
"....."
ယန်ရှန်းအောက် စကားပြောပြီးသွားပြီးနောက် နန်းတွင်း အရာရှိများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ယန်ရှန်းအောက်မှာ တကယ့် မြေခွေးအိုကြီး တစ်ကောင် ဖြစ်ကြောင်း နားလည်သဘောပေါက်သွားခဲ့ကြလေ၏။
ဤကိစ္စက တကယ်ပင် ထုံးတမ်းစဉ်လာ တစ်ခု ရှိခဲ့ပြီး ယင်းက သေချာပေါက် အပေးအယူလုပ်ခြင်း တစ်ခု ဖြစ်ပေသည်။
သို့သော် နန်းတွင်း မောင်းမဆောင်ထဲတွင် မောင်းမဆောင်၏ တကယ့် အရှင်သခင်မှာ မယ်တော်ကြီးယန်သာ ဖြစ်နေသေးလေ၏။
အကယ်၍ အရှင်မင်းကြီးက တစ်စုံတစ်ယောက်ကို မောင်းမအဖြစ် ရွေးချယ်ချင်လျှင်တောင်မှ မယ်တော်ကြီးယန်၏ သဘောထားကို ထည့်သွင်းစဉ်းစားရမည် မဟုတ်ပါလား။
ထို့ကြောင့် တစ်နှစ်ကြာပြီးနောက် ယန်ရုရွှယ် မိဖုရားခေါင် ဖြစ်လာမည့် အလားအလာက များစွာ ပိုမို များပြားနေခဲ့ချေပြီ။
သေချာပေါက်ပင် အဓိကအချက်မှာ ကျိုးနိုင်ငံအနေဖြင့် ယခုအချိန်တွင် ချင်တိုင်းပြည်ကို ရန်စရန် မတတ်နိုင်ခြင်း ဖြစ်ပြီး ဓားတစ်သောင်းဂိုဏ်း၏ အကြီးအကဲဟွမ်က ယန်မျိုးနွယ်စုနှင့် ခပ်ကင်းကင်း နေနေပုံရသောကြောင့်ပင်။
ထို့ကြောင့် ယန်ရှန်းအောက်က ပြဿနာကို ရွှေ့ဆိုင်းချင်ခဲ့ပြီး အခြေအနေကို အရင် စောင့်ကြည့်ကာ နောက်မှ ဆုံးဖြတ်ချင်နေခဲ့လေ၏။
ပြီးတော့ ဤတစ်နှစ်အတွင်း သူက နောက်ခံအသစ် တစ်ခုကို ရှာဖွေဖို့ သေချာပေါက် စီစဉ်ထားခဲ့ပေသည်။
ယန်ရှန်းအောက်နှင့် ဤကိစ္စကို ဆွေးနွေးပြီးဖြစ်သော မယ်တော်ကြီးယန်က ခေါင်းငုံ့ကာ ခဏမျှ စဉ်းစားဟန်ဆောင်လိုက်ပြီးနောက် သူမ၏ ဘေးရှိ ရှောင်မိုကို ကြည့်လိုက်လေ၏။ "အရှင်မင်းကြီး၊ နန်းရင်းဝန်ကြီးရဲ့ စကားတွေက အကြောင်းပြချက် ခိုင်လုံမှု ရှိတယ်လို့ ငါလည်း ယုံကြည်တယ်။
မိဖုရားခေါင် တစ်ပါးကို ခန့်အပ်ဖို့ ကိစ္စက နိုင်ငံတော် ကိစ္စဖြစ်ပေမဲ့ ဒါက အရှင်မင်းကြီးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလည်း ဖြစ်ပါတယ်။
အခြေအနေက နှစ်ဖက်စလုံးအတွက် ခက်ခဲနေပြီး အရှင်မင်းကြီးကလည်း ရုရွှယ် ဒါမှမဟုတ် ချင်ယန်မင်းသမီးနဲ့ ဆက်ဆံရေး မရှိသေးတာမို့ သူတို့ကို နန်းတော်ထဲ အရင် ဝင်ခိုင်းပြီး အရှင်မင်းကြီးက သူတို့နဲ့ အချိန်နည်းနည်း အတူတူ ဖြတ်သန်းတာက ပိုကောင်းပါလိမ့်မယ်။
တစ်နှစ်ကြာပြီးတဲ့နောက် အရှင်မင်းကြီးက ကိုယ်ပိုင် ဆန္ဒတွေအပေါ် အခြေခံပြီး မိဖုရားခေါင် တစ်ပါးကို ရွေးချယ်နိုင်ပါတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ်ရော၊ လောကကြီးကိုပါ ရှင်းပြစရာ အကြောင်းပြချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။
အရှင်မင်းကြီး ဘယ်လိုထင်ပါသလဲ။"
"မယ်တော်ကြီးက ပြောပြီးမှတော့ အရာအားလုံး မယ်တော်ကြီးရဲ့ အစီအစဉ်အတိုင်း ဖြစ်ပါစေ။"
ရှောင်မိုက ခေါင်းညိတ်ကာ ပြောလိုက်လေ၏။
သူက ငြင်းဆန်နိုင်ပါမည်လား။
သို့သော်လည်း တစ်ဖန် ပြန်တွေးကြည့်လျှင် ဤအစီအစဉ်က သူ့အတွက် တကယ်ပင် အကျိုးရှိသည်ဟု ရှောင်မို ခံစားလိုက်ရပေသည်။
တစ်နှစ်အတွင်း သူက ပါရမီရှင် ယန်မျိုးနွယ်စု အမျိုးသမီး၏ စရိုက်လက္ခဏာကို နားလည်နိုင်ပြီး ချင်ယန်မင်းသမီးက သူ့ကို တကယ် ကူညီဖို့ ရည်ရွယ်ထားခြင်း ရှိမရှိ ဆိုတာကိုလည်း ရှာဖွေနိုင်မည် ဖြစ်လေ၏။
အဲဒီအချိန်ကျရင် သူက လမ်းကြောင်းတစ်ခုကို ရွေးချယ်ပါလိမ့်မည်။ ချင်တိုင်းပြည်၏ စွမ်းအားကို အားကိုးမလား၊ သို့မဟုတ် သူ၏ အစီအစဉ်ဟောင်းအတိုင်း လိုက်နာပြီး ယန်ရှန်းအောက်ကို ရှင်းလင်းမလား ဆိုသည်ကိုပင်။
" ဝန်ကြီးတို့ထဲမှာ ကန့်ကွက်သူများ ရှိသေးလား။" မယ်တော်ကြီးယန်က အရာရှိများကို မေးလိုက်ပေသည်။
"ကျွန်တော်မျိုးတို့ ကန့်ကွက်စရာ မရှိပါဘူး။"
"ကောင်းပြီ၊ ဒါဆို ဆုံးဖြတ်ပြီးပြီ။"
မယ်တော်ကြီးယန်က ပြုံးလိုက်ရာ သူမ၏ မျက်လုံးများက ကွေးတက်သွားခဲ့လေ၏။
"ငါ ဒီနေ့ ချင်တိုင်းပြည်ရဲ့ဘုရင်ဆီ စာတစ်စောင် ရေးပြီး သဘောကျစရာကောင်းအောင် ပြောလိုက်ပါ့မယ်။ တကယ်လို့ ချင်တိုင်းပြည်ရဲ့ဘုရင်က သဘောတူမယ်ဆိုရင် ရုရွှယ်နဲ့ ချင်ယန်မင်းသမီးကို နန်းတော်ထဲ ဖိတ်ကြားဖို့ အခါကောင်း ရက်ကောင်း တစ်ရက်ကို ငါတို့ ရွေးချယ်ကြတာပေါ့။
ဒါပေမဲ့ ရုရွှယ်ပဲဖြစ်ဖြစ်၊ ချင်ယန်မင်းသမီးပဲဖြစ်ဖြစ်၊ သူတို့ နှစ်ယောက်စလုံးက အရှင်မင်းကြီးရဲ့ ဇနီးသည်တွေ ဖြစ်လာကြမှာပါ။ အရှင်မင်းကြီးအနေနဲ့ သူတို့ နှစ်ယောက်စလုံးနဲ့ သင့်သင့်မြတ်မြတ် နေရမယ်၊ လင်နဲ့မယားအဖြစ် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားမှု ရှိရမယ်၊ ပြီးတော့ ကျွန်တော်မျိုးတို့ ကျိုးနိုင်ငံအတွက် မျိုးဆက်ပြန့်ပွားမှုကို သေချာအောင် လုပ်ဆောင်ရမယ်။"
အဆုံးသတ်ဆီသို့ ရောက်လာသောအခါ မယ်တော်ကြီးယန်၏ လေသံက အတော်လေး ရိုးသားစစ်မှန်နေပြီး သားဖြစ်သူကို ညွှန်ကြားချက်များ ပေးနေသော တကယ့် မိခင်တစ်ယောက်နှင့် တူနေခဲ့ပေသည်။
"မယ်တော်ကြီး ပြောတာ မှန်ပါတယ်။ ကိုယ်တော် မှတ်ထားပါ့မယ်။" ရှောင်မိုက ပြန်ဖြေလိုက်လေ၏။
မယ်တော်ကြီးယန်က ခေါင်းညိတ်လိုက်ပေသည်။ " ဝန်ကြီးတို့ထဲမှာ တခြား လျှောက်တင်စရာ ရှိသေးလား။ မရှိရင် ညီလာခံကို ရုပ်သိမ်းမယ်။"
"ကျွန်တော်မျိုးတို့ လျှောက်တင်စရာ မရှိတော့ပါဘူး။" ဝန်ကြီးများက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြလေ၏။
"ဒါဆိုရင် ညီလာခံကို ရုပ်သိမ်းမယ်..." ရှောင်မိုက တည်ငြိမ်စွာ ပြောလိုက်ပေသည်။
"ညီလာခံကို ရုပ်သိမ်းပါပြီ။"
ဝေ့ရွှန်း၏ အသံကြီးက ညီလာခံ ခန်းမဆောင် တစ်လျှောက် ပဲ့တင်ထပ်သွားသည်နှင့်အမျှ ဝန်ကြီးများ အားလုံးက အော်ဟစ်လိုက်ကြလေ၏။ "အရှင်မင်းကြီးကို ရိုသေလေးစားစွာနဲ့ ပို့ဆောင်ပါတယ်။"
ရှောင်မိုက မတ်တပ်ရပ်လိုက်ပြီး မယ်တော်ကြီးယန်ကို တွဲကူကာ ပင်မခန်းမဆောင်ကြီးထဲမှ ဖြည်းညှင်းစွာ လျှောက်ထွက်သွားကြလေတော့သည်။
"သခင်မလေး... သခင်မလေး... မကောင်းတော့ဘူး..."
တစ်နာရီကြာပြီးနောက် ရှောင်ချွန်းက ခြံဝင်းထဲသို့ ပြေးဝင်လာပြီး အမောတကော အော်ဟစ်လိုက်ပေသည်။
"အို၊ နင်ကတော့လေ..." ယန်ရုရွှယ်က ရှောင်ချွန်းကို ကြည့်ကာ တိုးညင်းစွာ သက်ပြင်းချလိုက်လေ၏။ "နန်းတော်ထဲ ရောက်သွားရင် နင့်ရဲ့ ဒီပြဇာတ်ဆန်လွန်းတဲ့ အကျင့်ကို နင် ပြင်ရမယ်၊ မဟုတ်ရင် အရှင်မင်းကြီးက နင့်ကို အပြစ်ပေးလိမ့်မယ်။"
"ခွင့်လွှတ်ပေးပါ သခင်မလေး။" ရှောင်ချွန်းက အလျင်အမြန် အရိုအသေပေးလိုက်ပေသည်။
"ပြောစမ်းပါဦး၊ ဒီနေ့ ဘာကိစ္စ ရှိလို့လဲ။" ယန်ရုရွှယ်က မေးလိုက်လေ၏။
"သခင်မလေး၊ သခင်ကြီးက အခုလေးတင် အိမ်ကို ပြန်ရောက်လာပြီး သခင်မကြီးနဲ့ ညီလာခံ ကိစ္စတွေကို ဆွေးနွေးနေတာ။ နောက်ဆုံးတော့ မယ်တော်ကြီးက သခင်မလေးနဲ့ ချင်ယန်မင်းသမီးကို နန်းတော်ထဲ အတူတူ ဝင်ခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်တဲ့။ ပြီးတော့ တစ်နှစ်ကြာရင် အရှင်မင်းကြီးက သခင်မလေးတို့ နှစ်ယောက်ထဲက တစ်ယောက်ကို မိဖုရားခေါင်အဖြစ် ရွေးချယ်လိမ့်မယ်တဲ့။"
"အို၊ ဒီလိုကိုး။" ယန်ရုရွှယ်က သူမ၏ လက်ထဲရှိ စာအုပ်စာမျက်နှာများကို ဆက်လက် လှန်လှောကြည့်ရှုနေခဲ့ပေသည်။
"ဒါပေမဲ့ သခင်မလေး၊ သခင်မလေးက အရင်ရောက်လာတာ ရှင်းနေတာပဲလေ။ ချင်ယန်မင်းသမီးက နောက်မှ ရောက်လာတာကို။"
ရှောင်ချွန်းက သူမ၏ သခင်မလေး ကိုယ်စား ဒေါသတကြီး ညည်းညူလိုက်ရာ သူမ၏ လေသံက မကျေနပ်မှုများဖြင့် ပြည့်နှက်နေခဲ့လေ၏။
"တကယ်ပါပဲ၊ ကောင်းကင်ကြီးက သခင်မလေးကို တမင်သက်သက် ဒုက္ခပေးချင်နေတာလား။ သခင်မလေးရဲ့ မင်္ဂလာပွဲက ဘာလို့ ဒီလောက်တောင် အခက်အခဲတွေ အများကြီး ရှိနေရတာလဲ။"
"ကဲပါ ကဲပါ၊ ကိစ္စက ဖြစ်လာပြီးမှတော့ တစ်လှမ်းချင်းစီ သွားကြတာပေါ့။ ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ။" ယန်ရုရွှယ်က ပြုံးလိုက်လေ၏။ "သွား၊ ငါ့အတွက် မုန့်လေးတွေ သွားယူပေးဦး၊ ငါ နည်းနည်း ဆာနေပြီ။"
"ဟုတ်ကဲ့ပါ..."
သခင်မလေးက ဤကိစ္စကို တည်ငြိမ်စွာ လက်ခံလိုက်သော်လည်း ရှောင်ချွန်းမှာ အလွန်အမင်း မသက်မသာ ဖြစ်နေဆဲပင်။ သို့သော် သူမ ဘာပြောရမည်ကို မသိသောကြောင့် သခင်မလေးအတွက် မွှေးကြိုင်သော ကိတ်မုန့် သွားယူရန် ခြံဝင်းထဲမှ ညည်းညူရင်း လျှောက်ထွက်သွားရုံသာ တတ်နိုင်တော့လေ၏။
ရှောင်ချွန်း ထွက်သွားပြီးနောက် လေညင်းလေး တစ်ခုက တိုက်ခတ်လာပြီး သွယ်လျသော အစိမ်းရောင် ပုံရိပ်တစ်ခုက ယန်ရုရွှယ်၏ ဘေးတွင် ပေါ်ထွက်လာခဲ့ပေသည်။ "အစ်မ... ညီမလေးရော နန်းတော်ထဲ အတူတူ လိုက်ဝင်ရမလား။"
"မလိုပါဘူး။" ယန်ရုရွှယ်က ခေါင်းခါလိုက်လေ၏။ "သူတို့က ကောင်မလေး နှစ်ယောက် သက်သက်ပါ။ ဘယ်လို ပြဿနာမျိုး ဖန်တီးနိုင်မှာမို့လို့လဲ။ အဲဒီအစား ညီမလေးကို အစ်မက တစ်နေရာ သွားခိုင်းချင်တယ်။"
"ကျေးဇူးပြုပြီး ပြောပါ အစ်မ။"
"မကြာသေးခင်က အမြီးကိုးချောင်း မြေခွေးတိုင်းပြည်က လှုပ်ရှားနေတယ်။ ဒီစာကို ယူသွား၊ ပင်လယ်လေးစင်းရဲ့ ကိုယ်စားလှယ်အနေနဲ့ အမြီးကိုးချောင်း မြေခွေးတိုင်းပြည်ကို သွားပြီး အမြီးကိုးချောင်း မြေခွေးတိုင်းပြည်ရဲ့ ဘုရင်ဆီကို ကိုယ်တိုင်ကိုယ်ကျ သွားပေးလိုက်။"
ယန်ရုရွှယ်၏ ရွှေရောင် ဒေါင်လိုက် မျက်လုံးများက မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်လေ၏။
"တကယ်လို့ အမြီးကိုးချောင်း မြေခွေးတိုင်းပြည်ရဲ့ ဘုရင်က သဘောမတူဘူးဆိုရင် ဟယ်ရီရီကို သွားရှာ။ ဘယ်လို နည်းလမ်းကိုပဲ သုံးရ သုံးရ၊ အမြီးကိုးချောင်း မြေခွေးတိုင်းပြည်က အနန္တဓမ္မလောကထဲကို ခြေတစ်လက်မမျှတောင် ဝင်ခွင့်မရှိဘူး။"
မိစ္ဆာမျိုးနွယ်ကမ္ဘာ၊ ယန်ဟော်ပြည်နယ်။
အနန္တဓမ္မလောကကမ္ဘာနှင့် မိစ္ဆာမျိုးနွယ်ကမ္ဘာကြားရှိ နယ်စပ်တွင် တည်ရှိသော ဤပြည်နယ်က မဟာဗျူဟာမြောက်၊ သဘာဝအလျောက် ခံတပ်သဖွယ် ဖြစ်နေသော နေရာတစ်ခုကို ရယူထားပြီး အနန္တဓမ္မလောက ကမ္ဘာကို ဆန့်ကျင်ရန် မိစ္ဆာမျိုးနွယ် ကမ္ဘာအတွက် အရေးပါသော အတားအဆီး တစ်ခုအဖြစ် တည်ရှိနေပေသည်။
ယင်းက မိစ္ဆာမျိုးနွယ် ကမ္ဘာမှ တပ်ဖွဲ့များကို အနန္တဓမ္မလောက ကမ္ဘာထဲသို့ စေလွှတ်ရန်အတွက် အရေးပါသော လမ်းကြောင်းတစ်ခုလည်း ဖြစ်ပြီး စစ်ပွဲကာလအတွင်း အရေးပါသော ခံတပ်တစ်ခုလည်း ဖြစ်လေ၏။ ယင်းက တိုက်ခိုက်ရန် လွယ်ကူပြီး ကာကွယ်ရန် လွယ်ကူသော နေရာတစ်ခု ဖြစ်ပေသည်။
ပြီးတော့ ယနေ့မှာပင်။
အမြီးကိုးချောင်း မြေခွေးတိုင်းပြည်မှ စစ်သည် သိန်းချီက ယန်ဟော်ပြည်နယ်၏ မြို့တော်ကို ဖောက်ထွင်းဝင်ရောက်လာခဲ့ပြီး နန်းတော်ထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ကြချေပြီ။
အပြာနုရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက မြို့ရိုးပေါ်တွင် ရပ်ကာ အဝေးသို့ ငေးကြည့်နေခဲ့လေ၏။
"အရှင်မင်းကြီး၊ ယန်ဟော်ပြည်နယ်ရဲ့ အုပ်စိုးရှင်ကို ကွပ်မျက်ပြီးပါပြီ။"
ယန်ဟော်ပြည်နယ် အုပ်စိုးရှင်၏ ခွေးခေါင်းအမည်းကို ကိုင်ဆောင်ထားသော မြေခွေးမျိုးနွယ် အစေခံမလေး တစ်ဦးက အမျိုးသမီး၏ အနောက်တွင် ဒူးတစ်ဖက် ထောက်ထားလိုက်ပေသည်။
"အင်း။"
အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး အဝေးသို့ ဆက်လက် ငေးကြည့်နေခဲ့လေ၏။
အမျိုးသမီး၏ အကြည့်များ ကျရောက်နေသည့် နေရာမှာ မိုင်တစ်ထောင် တံတိုင်းကြီးပင် ဖြစ်ပေသည်။
တံတိုင်းကြီး၏ အထက်တွင် ဧရာမ တံစဉ်ကြီးတစ်ခုကို ကိုင်ဆောင်ထားသော နူးညံ့သိမ်မွေ့သည့် မိန်းကလေးငယ် တစ်ဦးက ဧရာမ ဘီလူးကြီးတစ်ကောင်၏ ပခုံးပေါ်တွင် ထိုင်ကာ တံတွေးထွေးရင်း တစ်ခုခုကို ကျိန်ဆဲနေခဲ့လေတော့သည်။