← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း(73)

ယောင်ပင်း ဒါရိုက်တာချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို အမြန် စစ်ဆေးလိုက်သည်။

ဒါရိုက်တာချန်၏ ခန္ဓာကိုယ်တွင် မည်သည့် ဒဏ်ရာဒဏ်ချက်မျှ မရှိသလို၊ အခြား ထူးခြားမှုမျိုးလည်း မတွေ့ရပါချေ။

အတော်လေး ထူးဆန်းသည်။

အကယ်၍ မည်သည့်ပြသနာမှ မရှိလျှင် ဒါရိုက်တာချန်က အဘယ်ကြောင့် ရုတ်တရက် သေသွားရသည်လဲ။

“.. အခုချက်ချင်း ရဲခေါ်လိုက်”

“ရှောင်ဝမ်.. ဆရာဝန်တစ်ယောက်ကို သွားခေါ်ပြီး ဒါရိုက်တာချန်ကို စစ်ဆေးခိုင်းလိုက်”

ယောင်ပင်းသည် အံ့အားသင့်သွားသော်လည်း သတိကို အမြန်ပြန်စုစည်းကာ၊ ဒါရိုက်တာချန်ကို ကယ်တင်နိုင်မည့် အခွင့်အရေးများ နောက်ကျမသွားစေရန်အတွက် ရဲခေါ်ရန်နှင့် ဆရာဝန်ရှာရန် အခြားသူများကို စနစ်တကျ ညွှန်ကြားလိုက်ပေသည်။

ဆရာဝန်က အရင်ရောက်လာခဲ့သည်။

ဒါရိုက်တာချန် အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်းကို ဆရာဝန်က အတည်ပြုလိုက်ပေသည်။

ထို့အပြင် ဒါရိုက်တာချန်နှင့် ရင်းနှီးသော ဆရာဝန်များ၊ သူနာပြုများ၏ ပြောစကားများအရ သူသည်က ရုတ်တရက် သေဆုံးနိုင်သည့် ရောဂါမျိုးလည်း မရှိသလို၊ မကောင်းသော အလေ့အကျင့်ဆိုးများလည်း မရှိကြောင်း သိရပေသည်။

ရဲများက နောက်မှ ရောက်လာခဲ့ကြ၏။

ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာ နေရာကို သေချာစွာ စုံစမ်းစစ်ဆေးခဲ့ပြီး ရောက်ရှိနေသူ အားလုံးကိုလည်း မေးမြန်းခဲ့ပေသည်။

သူတို့လည်း မည်သည်ကိုမှ ရှာမတွေ့ခဲ့ပါချေ။

ဒါရိုက်တာချန်တွင် ရောဂါအခံ မရှိ၊ အကျင့်ဆိုး မရှိ၊ သံသယဖြစ်စရာ လူလည်း မရှိဘဲနှင့် လူအများရှေ့တွင် အကြောင်းရင်းမရှိဘဲ သေဆုံးသွားခဲ့ခြင်း ဖြစ်ပေသည်။

ခေတ္တမျှအတွင်း ဒါရိုက်တာချန်၏ သေဆုံးမှုမှာ အဖြေရှာမရသည့် အမှုတစ်ခု ဖြစ်သွားတော့သည်။

နှစ်နာရီအကြာတွင် ဆေးရုံအုပ်ကြီး ခွဲစိတ်ခန်းထဲမှ ထွက်လာခဲ့ပေသည်။

ကျန်းရှောင်ပေအမေ၏ ခွဲစိတ်မှုာ အောင်မြင်ခဲ့ပေသည်။

သူမသည် နောက်ပိုင်းကာလများတွင် ဆေးရုံ၌ ဆက်လက်၍ စောင့်ကြည့်ကုသမှု ခံယူရမည် ဖြစ်၏။

ဒါရိုက်တာချန် ရုတ်တရက် သေဆုံးသွားသည့် သတင်းကြောင့် ဆေးရုံအုပ်ကြီးလည်း အံ့အားသင့်သွားသော်လည်း၊ ဝါရင့်သူတစ်ဦးဖြစ်သည့်အတိုင်း နောက်ဆက်တွဲကိစ္စများကို လျင်မြန်စွာနှင့် စနစ်တကျ ကိုင်တွယ်ဖြေရှင်းခဲ့ပေသည်။

အခက်ခဲဆုံး အလုပ်မှာ ချန်မိသားစုကို နှစ်သိမ့်ရန် ဖြစ်ပေသည်။

ဒါရိုက်တာချန် ဆေးရုံတွင် ရုတ်တရက် သေဆုံးသွားကြောင်း သိလိုက်ရချိန်တွင် ချန်မိသားစုမှာ ဆေးရုံထံမှ ရှင်းလင်းချက် တောင်းခံသည့်အပြင်၊ ယောင်ပင်းကိုလည်း အဓိက ပစ်မှတ်ထားလာကြတော့သည်။

သူတို့သည်က ဆေးရုံသို့ လူများခေါ်လာပြီး ပြဿနာများကို မနားတမ်း ရှာဖွေခဲ့ကြသည်။ ယောင်ပင်းနှင့် သူ၏အဖွဲ့က ဒါရိုက်တာချန်အား အရှက်ခွဲပြီး အတင်းအကျပ် ဖိအားပေးခဲ့သဖြင့် နောက်ဆုံး၌ သေဆုံးသွားရခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြတော့သည်။

ပို၍ ဆိုးသည်မှာ ချန်မိသားစုက မီဒီယာများကို ငှားရမ်းကာ ဤကိစ္စကို နေရာအနှံ့ ကြေညာခဲ့ခြင်း ဖြစ်ပေသည်။

ပင်းဟိုင်မြို့က မကြီးလှသော်လည်း မသေးလှပါချေ။

ရက်အနည်းငယ်အတွင်း မြို့တစ်ခုလုံးမှာ ဤကိစ္စကို သိသွားကြပြီး၊ အထက်တန်းကျောင်းသားတစ်ဦးက လူစုကာ ဒါရိုက်တာချန်ကို သေအောင် ဖိအားပေးခဲ့သည်ဟူသော သတင်းမှာ ပို၍ပင် ကျော်ကြားသွားတော့သည်။

ရက်အနည်းငယ်အတွင်းမှာပင် ထိုကိစ္စမှာ တစ်မြို့လုံး၏ ပြောစရာ ဖြစ်သွားခဲ့လေသည်။

သို့သော်လည်း ချန်မိသားစုက မည်မျှပင် ကန့်ကွက်နေပါစေ၊ ယောင်ပင်းကတော့ မည်သည့် ရှင်းလင်းချက်မျှ မပေးခဲ့ပါချေ။

ဤသည်က တမင်တကာ ကြိုတင် ကြံစည်ထားသည့် ကိစ္စဖြစ်သည်ဟု သူ ခံစားနေရပေသည်။

ချန်မိသားစု ဆေးရုံတွင် ပြဿနာရှာခြင်းနှင့် မီဒီယာများတွင် သတင်းလွှင့်ခြင်း အပါအဝင် ဤဖြစ်ရပ်တစ်ခုလုံးမှာ ကြိုတင် စီစဉ်ထားခြင်း ဖြစ်နိုင်သည်။

ကြိုတင် ကြံစည်ထားသည့် ကိစ္စဖြစ်နေသဖြင့် သူ၏ ပါးစပ်ပေါင်း တစ်ထောင်ဖြင့် ရှင်းပြလျှင်ပင် အရာထင်မည် မဟုတ်ပါချေ။

သူ လုပ်ဆောင်ရမည့် အလုပ်မှာ ဒါရိုက်တာချန် သေဆုံးရသည့် နောက်ကွယ်က အမှန်တရားကို ရှာဖွေရန်နှင့် ဤပူးပေါင်းကြံစည်မှုနောက်ကွယ်က လက်သည်ကို ဖော်ထုတ်ရန်သာ ဖြစ်ပေသည်။

ကျန်းရှောင်ပေ၏ အမေ ဆေးရုံ၌ စောင့်ကြည့်ကုသမှု ခံယူနေစဉ်အတွင်း ယောင်ပင်းသည် ဆေးရုံအုပ်ကြီးထံ သွားရောက်ကာ ဒါရိုက်တာချန် သေဆုံးခဲ့သည့် နေရာရှိ စောင့်ကြည့်ရေးကင်မရာ မှတ်တမ်းများကို တောင်းယူခဲ့သည်။

အကယ်၍ တစ်ခုခုကို ကြိုတင် ကြံစည်ထားခဲ့မည်ဆိုလျှင် သဲလွန်စများတော့ ကျန်ခဲ့မည်မှာ သေချာသည်ပင်။

စောင့်ကြည့်ရေးခန်း အတွင်း၌ ..

ယောင်ပင်းနှင့် ဆေးရုံအုပ်ကြီးတို့သည်က ဒါရိုက်တာချန် ရုတ်တရက် သေဆုံးသွားသည့် ဗီဒီယိုမှတ်တမ်းကို အကြိမ်ကြိမ် အခါခါ ထိုင်ကြည့်နေခဲ့ကြသည်။

ပထမတော့ မည်သည်ကိုမှ ရှာမတွေ့ခဲ့ပါချေ။

ဆယ်ကြိမ်မြောက် ကြည့်လိုက်ချိန်တွင်တော့ ယောင်ပင်းက ဗီဒီယိုကို ဖွင့်ပြနေသော ဝန်ထမ်းအား ရုတ်တရက် ပြောလိုက်သည် ။

“ရပ်လိုက်!”

ဗီဒီယိုမှာ ပုံရိပ်တစ်ခုပေါ်တွင် ချက်ချင်းပင် ရပ်တန့်သွားတော့သည်။

မျက်နှာပြင်ပေါ်တွင် ယောင်ပင်း၊ ဒါရိုက်တာချန်နှင့် လူအုပ်စုတစ်စုတို့ စကားပြောနေကြသည်ကို မြင်တွေ့ရပေသည်။ လူတိုင်းမှာ လှောင်ပြောင်နေသော မျက်နှာထားရှိကြပြီး ဒါရိုက်တာချန်၏ မျက်နှာမှာတော့ ဖြူလျော်နေပေသည်။

သူတို့နှင့် မလှမ်းမကမ်းတွင် သန့်ရှင်းရေး ဝန်ထမ်းတစ်ဦး ရပ်နေခဲ့သည်။

ထိုသန့်ရှင်းရေး ဝန်ထမ်းသည် ဆန့်ကျင်ဘက် လမ်းကြောင်းမှ သူတို့ထံသို့ လျှောက်လာနေခြင်းဖြစ်ပြီး၊ ဗီဒီယိုမှတ်တမ်းထဲတွင် ခဏလေးသာ ပေါ်လာခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ယောင်ပင်းနှင့် ဆေးရုံအုပ်ကြီးမှာ အစပိုင်းတွင် သတိမထားမိခဲ့ခြင်း ဖြစ်၏။

သို့သော် ယောင်ပင်း ရပ်ခိုင်းလိုက်သော ပုံရိပ်ထဲတွင်တော့ ထိုသန့်ရှင်းရေး ဝန်ထမ်းသည် ဒါရိုက်တာချန်ရှိရာဘက်သို့ လှည့်ကြည့်ကာ အနည်းငယ် ပြုံးပြနေသည်ကို မြင်လိုက်ရပေသည်။

သူ၏ အပြုံးမှာ အေးစက်ပြီး ဉာဏ်နီဉာဏ်နက် ပါဝင်နေကာ ကြည့်ရသူကို ကျောချမ်းစေသည်။

ဤသန့်ရှင်းရေး ဝန်ထမ်းမှာ သေချာပေါက် သံသယဖြစ်စရာ ကောင်းနေပြီ။

“သူက အဓိက သံသယရှိသူပဲ”

ယောင်ပင်းက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

“ဒါရိုက်တာချန် မသေခင်နဲ့ သေပြီး မိနစ်အနည်းငယ်အတွင်းမှာ အနားက ဖြတ်သွားတဲ့သူက သူတစ်ယောက်ပဲ ရှိတာ၊ ဒါရိုက်တာချန်ရဲ့ သေဆုံးမှုက သူနဲ့ သေချာပေါက် ပတ်သက်နေလိမ့်မယ်”

ဆေးရုံအုပ်ကြီးသည်ကား မျက်နှာပြင်ပေါ်မှ သန့်ရှင်းရေး ဝန်ထမ်းကို ကြည့်ကာ သံသယဖြင့် မေးလိုက်သည်။

“ဒါပေမဲ့ မင်းကိုယ်တိုင် ဒါရိုက်တာချန်ရဲ့ အလောင်းကို စစ်ခဲ့တာပဲလေ၊ သူ့မှာ ဘာထူးခြားမှုမှ မရှိဘူးမလား၊ တကယ်လို့ အဲဒီသန့်ရှင်းရေး ဝန်ထမ်းက လုပ်ခဲ့တာဆိုရင်တောင် ဒါရိုက်တာချန်ရဲ့ ကိုယ်ပေါ်မှာ ဘာအမှတ်အသားမှ ကျန်မနေတာကတော့ အဓိပ္ပာယ်မရှိဘူးလေ”

ဒါက အကြီးမားဆုံးသော သံသယအချက်ပင် ဖြစ်ပေသည်။

“လူသတ်ဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်၊ အားလုံးကိုတော့ စစ်ဆေးတွေ့ရှိနိုင်မှာ မဟုတ်ဘူး”

ယောင်ပင်းက အေးစက်စွာ ပြောလိုက်သည်။

“ဒီလူက ချန်မိသားစုဘက်ကနေ အလောင်းကို ခွဲစိတ်စစ်ဆေးခွင့်ပေးမှာ မဟုတ်ဘူးဆိုတာကို ကြိုသိထားလို့ ဆေးရုံမှာ ဒီလောက်အထိ ရဲရဲတင်းတင်း လုပ်ရဲတာဖြစ်လောက်မယ်”

ဒါရိုက်တာချန် သေဆုံးပြီးနောက် ချန်မိသားစုက ပြဿနာရှာခဲ့ပြီး အရာအားလုံးကို ယောင်ပင်းအပေါ် ပုံချခဲ့ကြသည် မဟုတ်ပါလား။

အရာအားလုံးမှာ အဆင်ပြေပြေ ဖြစ်ပျက်နေခဲ့ပေသည်။

နောက်ကွယ်က တရားခံမှာတော့ အခြေအနေများကို နောက်ကွယ်ကနေ ထိုင်ကြည့်နေရုံသာ ရှိသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေဖြစ်လာပါစေ သူကတော့ အမြတ်ထွက်နေလိမ့်မယ်။

သို့ဆိုလျှင် ယောင်ပင်းက ဤကဲ့သို့သော ကိစ္စများတွင် ပါဝင်ပတ်သက်နေပြီး လူအများ၏ အပြစ်တင်ခြင်းကို ခံနေရသည်ကို မြင်လျှင် ဘယ်သူက အပျော်ဆုံး ဖြစ်မည်နည်း။

ယောင်ပင်း ခေတ္တမျှ စဉ်းစားသော်လည်း ဘယ်သူဖြစ်မည်ကို ချက်ချင်း မသိနိုင်သေးချေ။

ဆေးရုံအုပ်ကြီးက စိုးရိမ်တကြီး မေးလိုက်သည်။

“သခင်လေးယောင်.. ဒါတွေအားလုံးက မင်းကို အပြစ်ပုံချဖို့အတွက် ကြိုတင် စီစဉ်ထားတာလို့ ဆိုလိုတာလား”

ယောင်ပင်း ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်”

ဆေးရုံအုပ်ကြီး အံ့အားသင့်သွားရသည်။

“ဒါဆိုရင် ရဲကို အခုချက်ချင်း အကြောင်းကြားပြီး ဒီသန့်ရှင်းရေး ဝန်ထမ်းကို စုံစမ်းခိုင်းရအောင်လေ၊

ဒါမှ မင်းရဲ့ နာမည်ကို အမြန်ဆုံး ရှင်းနိုင်မှာပေါ့”

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ပင်းဟိုင်ရှိ လူတိုင်းက ဤကိစ္စကို သိနေကြပြီ ဖြစ်ပေသည်။

ယောင်ပင်းသည် တစ်ပါးသူကို သတ်သေအောင် ဖိအားပေးခဲ့သူအဖြစ် ရုတ်တရက် အစွပ်စွဲခံရပြီး လူအများ၏ ဝေဖန်မှုဒဏ်ကို ခံနေရသည် မဟုတ်ပါလား။

ဤသည်က ယောင်ပင်းအတွက်တော့ အလွန်ပင် ထိုးနှက်ချက် ပြင်းထန်လှပေသည်

ဆေးရုံအုပ်ကြီး၏ အကြံပြုချက်အပေါ် ယောင်ပင်းက ခေါင်းခါပြလိုက်သည်။

“မလိုပါဘူး... တစ်ယောက်ယောက်က ကျွန်တော့်ကို နောက်ကွယ်ကနေ မကောင်းကြံနေမှတော့ ရဲတွေလည်း ဘာမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး”

“ဒါဆို မင်း ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ”

“ဒီအတိုင်းပဲ ထားလိုက်မယ်”

“ဒီအတိုင်း ထားမယ် ဟုတ်လား၊ ချန်မိသားစုက မင်းရဲ့ နာမည်ကို နေရာအနှံ့မှာ ဖျက်ဆီးနေတာလေ၊ မင်းက တကယ်ပဲ ဒီအတိုင်း လွှတ်ထားမှာလား”

“စိတ်မပူပါနဲ့ ဆေးရုံအုပ်ကြီး၊ ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်၊ ဒီရက်ပိုင်းမှာတော့ ကျွန်တော့်အမေနဲ့ အန်တီဟွမ်တို့ကို သေချာလေး ဂရုစိုက်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်

သူတို့နှစ်ယောက်လုံးကို ဆေးရုံမှာ ရက်နည်းနည်းလောက် ထပ်ထားပြီး အနားယူခိုင်းစေချင်လို့ပါ”

ယောင်ပင်း၏ တောင်းဆိုချက်မှာ ရိုးရှင်းလွန်းသောကြောင့် ဆေးရုံအုပ်ကြီးက ချက်ချင်းပင် သဘောတူလိုက်ပေသည်။

စောင့်ကြည့်ရေးခန်းမှ ထွက်လာပြီးနောက် ယောင်ပင်းက ခိုင်ယဲ့ထံသို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။

စောင့်ကြည့်ရေး ဗီဒီယိုထဲမှ သန့်ရှင်းရေး ဝန်ထမ်း၏ ဓာတ်ပုံကို ခိုင်ယဲ့ထံ ပို့ပေးလိုက်ပြီး ဓာတ်ပုံမှာ အနည်းငယ် ဝေဝါးနေသော်လည်း ထိုလူကို ရှာပေးနိုင်မလားဟု မေးမြန်းလိုက်၏။

“စိတ်ချပါ.. ဒီလူသာ တကယ် ရှိနေမယ်ဆိုရင် ငါ သေချာပေါက် ရှာပေးမယ်”

ခိုင်ယဲ့က အလွယ်တကူပင် သဘောတူလိုက်လေသည်။

သို့သော်လည်း ခိုင်ယဲ့၏ အသံာ ထူးဆန်းနေခဲ့သည်။

သူ၏ အသံမှာ တင်းမာနေပြီး အသက်ရှူသံများမှာလည်း ပြင်းထန်နေသဖြင့် မာရသွန် ပြေးထားသူ တစ်ဦးကဲ့သို့ထင်ရသည်။

ယောင်ပင်း ခိုင်ယဲ့ကို သိခဲ့သည့် အချိန်မှစ၍ ခိုင်ယဲ့သည် အမြဲတစေ ပေါ့ပေါ့ပါးပါးနှင့် အေးဆေး နေတတ်သူ ဖြစ်ပေသည်။ ဤမျှအထိ တင်းမာနေခြင်းမျိုး တစ်ခါမျှ မရှိခဲ့ချေ။

ယောင်ပင်းက ခိုင်ယဲ့ကို တစ်ခုခု ဖြစ်နေသည်လားဟု ချက်ချင်း မေးမြန်းလိုက်ပေသည်။

ခိုင်ယဲ့ကတော့ မည်သည့်ကိစ္စမှမရှိကြောင်း ပြုံး၍ ပြောဆိုခဲ့ပြီး စိတ်မပူရန်သာ မှာခဲ့၏။

ထိုသို့ပြောပြီးနောက် ခိုင်ယဲ့င ဖုန်းချသွားတော့သည်။

ယောင်ပင်းတစ်ယောက် ခိုင်ယဲ့ထံသို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်ပေသည်။

အကယ်၍ မာစတာခိုင်သာ အဆင်ပြေနေမည်ဆိုပါက ဤမျှအထိ တင်းမာနေလိမ့်မည် မဟုတ်ပါချေ။

သူ စိတ်အေးရအောင် ကိုယ်တိုင်ကိုယ်ကျ သွားကြည့်မှ ဖြစ်ပေမည်။

ယောင်ပင်း ဆေးရုံမှ ထွက်လာသည်နှင့် ပြောင်ဇီထံမှ ဖုန်းဝင်လာခဲ့ပေသည်။

ဖုန်းအခြားတစ်ဖက်မှ ပြောင်ဇီ၏ အသံမှာ အရေးကြီးနေပုံ ရသည်။

“သခင်လေးယောင်.. တစ်ယောက်ယောက်က မာစတာခိုင်ကို ထောင်ချောက်ဆင်လိုက်ပြီ၊ မြန်မြန် လာခဲ့ပေးပါဦး... မာစတာခိုင်.. သတိထား!”

စကားမဆုံးမီမှာပင် ပြောင်ဇီ၏ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပေသည်။

ထို့နောက်တွင်တော့ ဆူညံသံများ ဆက်တိုက် ထွက်ပေါ်လာတော့၏

မကြာမီမှာပင် ဖုန်းမှာ ရုတ်တရက် ပြတ်တောက်သွားတော့သည်။

*

အခန်း(74)

ယောင်ပင်း၏ ရင်ထဲတွင် တင်းကျပ်သွားရသည်။

ခိုင်ယဲ့က တကယ် ဒုက္ခရောက်နေပြီ။

သို့သော်လည်း ပြောင်ဇီသည်က အကူအညီသာ တောင်းခဲ့ပြီး ဖြစ်ပျက်နေသည့် နေရာကိုတော့ ပြောမသွားခဲ့ပါချေ။

ယောင်ပင်းလည်း တက္ကစီ တစ်စီးကို အမြန်ငှားလိုက်ပြီး ပြောင်ဇီထံသို့ ဖုန်းပြန်ဆက်လိုက်ပေသည်။

ဖုန်းမှာ ဆက်တိုက် မြည်နေသော်လည်း ပြောင်ဇီက ဖုန်းမဖြေပါချေ။

မာစတာခိုင်ထံသို့လည်း ဖုန်းဆက်ကြည့်သော်လည်း ရလဒ်က မထူးခဲ့ပေ။

ခိုင်ယဲ့ထံတွင် တစ်ခုခု အကြီးအကျယ် ဖြစ်နေလောက်ပေပြီ။

သူ ခေတ္တမျှ စဉ်းစားပြီးနောက် ခိုင်ယဲ့၏ ‘တော်ဝင်နံပါတ်တစ် ဘားသို့ တက္ကစီဖြင့် တိုက်ရိုက်မောင်းနှင်ခိုင်းလိုက်သည်။

တော်ဝင်နံပါတ်တစ်သို့ ရောက်သောအခါ ယောင်ပင်းက ခိုင်ယဲ့၏ လူအချို့ကို မေးမြန်းကြည့်ခဲ့သည်။

ခိုင်ယဲ့သည် ယနေ့နံနက်တွင် မိတ်ဆွေတစ်ဦး၏ ဖိတ်ကြားမှုကြောင့် အရက်သောက်ရန် ထွက်သွားကြောင်း သိလိုက်ရပေသည်။

ကံကောင်းထောက်မစွာဖြင့် ခိုင်ယဲ့၏ လူများက ထိုနေရာကို မှတ်မိနေကြပေသည်။

ညအရိပ်ဘားပင် ဖြစ်ပေသည်။

ယောင်ပင်းသည် ညအရိပ်ဘားသို့ ချက်ချင်းပင် အပြေးအလွှား သွားလိုက်တော့သည်။

သူ ရောက်ရှိသွားချိန်တွင် ထိုဘားတစ်ခုလုံးမှာ လူမိုက်တစ်စု၏ ဝန်းရံခြင်းကို ခံထားရသည်ကို တွေ့လိုက်ရပေသည်။

ဘားတံခါးဝတွင်တော့ လူမိုက်အချို့က တစ်စုံတစ်ဦးကို ညှာတာမှုမရှိဘဲ ဝိုင်း၍ ကန်ကျောက်နေကြသည်။

ပြောင်ဇီပင်။

“ရပ်စမ်း!’

*

“ကောင်လေး.. မင်း အခု ငါတို့ကို ရပ်ခိုင်းလိုက်တာလား”

လူမိုက်များသည်က တစ်ဦးကိုတစ်ဦး ဝေခွဲမရသည့် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

အထက်တန်းကျောင်းသားတစ်ယောက်က သူတို့ကို တားဆီးဝံ့လိမ့်မည်ဟု သူတို့ မယုံကြည်နိုင်သေးချေ။

မလှမ်းမကမ်းတွင် ရပ်နေသူမှာ ယောင်ပင်းပင် ဖြစ်ပေသည်။

လူမိုက်များ၏ ဇဝေဇဝါဖြစ်နေသော မျက်နှာထားများကို မြင်သောအခါ ယောင်ပင်းက ခေါင်းညိတ်၍ တည်ငြိမ်စွာ ပြောလိုက်၏။

“အမှန်ပဲ”

“မင်းက ကျောက်ခိုင်တို့ အုပ်စုကို ကယ်ဖို့ လာတာပေါ့ ဟုတ်လား”

“ဟုတ်တယ်”

လူမိုက်များက တစ်ဦးကိုတစ်ဦး ပြန်ကြည့်လိုက်ကြသည်။ သူတို့ ခေတ္တမျှ မှင်သက်သွားပြီးနောက် တဟားဟားနှင့် အကျယ်ကြီး ရယ်မောလိုက်ကြတော့သည်။

“တောက်.. ကျောက်ခိုင်တစ်ယောက် ဒီအဆင့်ထိတောင် ကျသွားပြီလား၊ သူ့ကို ကယ်ဖို့ အထက်တန်းကျောင်းသားလေးတစ်ယောက်ကို အကူအညီတောင်းရတယ်လို့..”

“ကောင်လေး.. ငါ မင်းကို အကြံပေးမယ်၊ အခုချက်ချင်း လစ်လိုက်တော့.. လက်သီးနဲ့ ခြေထောက်ဆိုတာ မျက်စိမပါဘူးနော်၊ မင်း ထိခိုက်သွားလိမ့်မယ်၊ ကလေးဆိုရင် ကလေးလိုနေစမ်းပါ၊ မင်း ဘယ်နေရာကို ရောက်နေလဲဆိုတာတောင် သိရဲ့လား”

…

လူမိုက်များသည် ယောင်ပင်းကို လုံးဝ အလေးမထားကြပါချေ။

ပြောင်ဇီက အားယူ၍ ခေါင်းမော့လိုက်ပြီး ယောင်ပင်းအား အက်ရှရှအသံဖြင့် အော်ပြောလိုက်သည်။

“သခင်လေးယောင်.. မာစတာခိုင် အထဲမှာ... မြန်မြန်.. မာစတာခိုင်ကို ကယ်ပါဦး!”

ယောင်ပင်း ရောက်လာပြီဆိုမှတော့ မာစတာခိုင်အတွက် မျှော်လင့်ချက် ရှိသွားပြီ ဖြစ်ပေသည်။

ပြောင်ဇီ၏ စကားကို ကြားသောအခါ လူမိုက်များက ထပ်မံ ရယ်မောကြပြန်သည်။

“သခင်လေးယောင် ဟုတ်လား၊ ဒီကလေး,ကလား.. တကယ့်ကလေးတစ်ယောက်ပဲလေ၊ ဟားဟားဟား”

“ပြောင်ဇီ.. မင်းကတော့ အတော်လေးကို မျှော်လင့်ချက် ကြီးတာပဲ၊ ကလေးတစ်ယောက်က မင်းနဲ့ ကျောက်ခိုင်ကို ကယ်နိုင်မယ်လို့ တကယ် ယုံနေတာလား၊ ငါ့အထင်တော့ မင်းကို အရင် ရှင်းပြီးမှ အဲဒီကလေးကို ဆက်ရှင်းရမယ် ထင်တယ်!”

…

ထိုသို့ပြောပြီးနောက် ပြောင်ဇီ၏ ဆံပင်ကို ဆွဲထားသော လူမိုက်က သူ၏ခြေထောက်ကို မြှောက်ကာ ပြောင်ဇီ၏ ဗိုက်ကို ကန်ကျောက်လိုက်တော့သည်။

သူတို့အတွက်တော့ ဤကလေးလေးမှာ အချိန်ဖြုန်းစရာသာ ဖြစ်ပေသည်။ မာစတာခိုင်၏ ဘေးက ပြောင်ဇီကို အရင်ဆုံး ရှင်းရမည် မဟုတ်ပါလား။

“ကြည့်ရတာ မင်းတို့က လူစကားကို နားမလည်ကြဘူးပဲ..”

“ငါ မင်းတို့ကို အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းတို့က လက်မခံခဲ့ကြဘူး”

မလှမ်းမကမ်းရှိ ယောင်ပင်းာ ထိုလူမိုက် ခြေထောက်မြှောက်လိုက်သည့် အချိန်မှာပင် အေးစက်စွာ ပြောလိုက်ခြင်း ဖြစ်ပေသည်။

သူ စကားမဆုံးမီမှာပင် သူ၏လက်ထဲမှ အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။

“အား!”

အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

ပြောင်ဇီကို ကန်ရန် ပြင်နေသော လူမိုက်မှာ ရုတ်တရက် ယိုင်နဲ့သွားပြီး သူ၏ခြေထောက်ကို ဆုပ်ကိုင်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူသည်က အလွန်အမင်း နာကျင်စွာဖြင့် မြေပြင်ပေါ်တွင် လူးလှိမ့်နေခဲ့လေ၏။

တစ်စုံတစ်ခုက သူ၏ ခြေမျက်စိကို တည့်တည့်ကြီး မှန်သွားခြင်း ဖြစ်ပြီး ခြေမျက်စိ ပြတ်ထွက်သွားတော့မည့် အလားပင်။

လူမိုက်များမှာ အံ့အားသင့်သွားပြီး အနားသို့ အပြေးအလွှား သွားကြည့်ကြလေ၏။

မကြာမီ မြေပြင်ပေါ်တွင် လဲနေသော လူမိုက်၏ ခြေမျက်စိတွင် စိုက်ဝင်နေသောအရာကို သူတို့ မြင်လိုက်ရပေသည်။

ထိုအရာကို မြင်လိုက်ရသည့် ခဏတွင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြပြီး နေရာမှ ဝုန်းခနဲ ထရပ်ကာ မလှမ်းမကမ်းတွင် ရပ်နေဆဲဖြစ်သော ယောင်ပင်းကို ကြောက်လန့်တကြား စိုက်ကြည့်လိုက်ကြတော့သည်။

လူမိုက်၏ ခြေမျက်စိတွင် စိုက်ဝင်နေသည်မှာ ဆေးရုံမှ ဓာတ်ခွဲခန်း အစီရင်ခံစာ စာရွက်ကလေး ဖြစ်နေခဲ့သည်။

၎င်းပြင် လက်မအတော်များများအထိ နက်ရှိုင်းစွာ စိုက်ဝင်နေခြင်း ဖြစ်ပေသည်။

စာရွက်ကလေး တစ်ရွက်တည်းဖြင့် လူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်သည်ဆိုပါက ဤသည်မှာ မည်သို့သော အစွမ်းမျိုး ဖြစ်သနည်း။

“မင်းတို့ ဘာရပ်ကြည့်နေတာလဲ၊ အားလုံး ဝိုင်းတိုက်ကြစမ်း!”

လူမိုက်ခေါင်းဆောင်မှာ ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း အရင်ဆုံး သတိဝင်လာကာ အော်ဟစ်၍ ယောင်ပင်းထံသို့ ပြေးဝင်သွားတော့သည်။

တစ်ယောက်တည်းဆိုလျှင် ယောင်ပင်းကို မယှဉ်နိုင်မှတော့ အားလုံး ဝိုင်းတိုက်ကြရပေမည်။

သူတို့အဖွဲ့တွင် လူနှစ်ဆယ်၊ သုံးဆယ်ခန့် ရှိပေသည်။

ယောင်ပင်းကတော့တစ်ယောက်တည်းသာ ရှိသည်။

ပရော်ဖက်ရှင်နယ် လူမိုက် အယောက် (၃၀)က ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ကို မနိုင်ဘဲ နေပါမည်လား။

ခေါင်းဆောင်၏ အမိန့်အရ လူမိုက် အယောက် ၃၀ ခန့်မှာ ယောင်ပင်းထံသို့ တပြိုင်နက်တည်း ပြေးဝင်သွားကြတော့သည်။

သူတို့၏ အရှိန်အဝါမှာ ပြင်းထန်လှပေသည်။သူတို့၏ တိုက်ကွက်များမှာလည်း လှည့်ကွက်များကာယုတ်မာလွန်းသည်။

“တောက်.. မင်းတို့မှာ အရှက်ဆိုတာရော ရှိကြရဲ့လား..”

လူအယောက် ၃၀ ခန့် ယောင်ပင်းထံသို့ ပြေးဝင်သွားသည်ကို မြင်သောအခါ ပြောင်ဇီမှာ ဒေါသတကြီး ဆဲဆိုလိုက်ပြီး သွားကြိတ်ကာ အနိုင်နိုင် ထရပ်လိုက်သည်။

ထို့နောက် သူနှင့် အနီးဆုံးရှိ လူမိုက်တစ်ဦးထံသို့ ပြေးဝင်ကာ လုံးထွေးလိုက်တော့သည်။

သူသည် ထိုလူမိုက်၏ နားရွက်ကို ကိုက်ချလိုက်၏။

ထို့နောက် အားဖြင့် ဆွဲဖြဲလိုက်ရာ လူမိုက်၏ နားရွက်မှာ ပြတ်ထွက်သွားတော့သည်။

“အား...”

ဘားတံခါးဝတွင် ရင်ခွဲမတတ် အော်ဟစ်သံ နောက်တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

“သခင်လေးယောင်.. သည်းခံထားပါဦး!”

ပြောင်ဇီသည် မျက်လုံးများ နီမြန်းလျက် နောက်ထပ် လူမိုက်တစ်ဦးထံသို့ ပြေးဝင်သွားပြန်သည်။

“အစ်ကိုခိုင် အထဲမှာ ကျွန်တော်တို့ ကယ်မှာကို စောင့်နေတယ်”

သူသည်က အစ်ကိုခိုင်ကို ကယ်ရန်အတွက် သူ၏ အသက်ကိုပင် ပေးဝံ့သူ ဖြစ်ပေသည်။

“ပြောင်ဇီ.. ထိုင်ပြီး နားနေစမ်း”

ယောင်ပင်းက ပြောင်ဇီအား တည်ငြိမ်စွာ ပြောလိုက်သည်။

“အချိန်ကိုပဲ ကြည့်ထား၊ တစ်မိနစ်အတွင်း အကုန်အပြတ်ရှင်းမယ်”

လူအယောက် ၃၀ နီးပါးကို တစ်မိနစ်တည်းနဲ့ ရှင်းမယ် ဟုတ်လား။

ဒီကောင်လေးကတော့ တကယ်ကို မောက်မာလွန်းတာပဲ။

ယောင်ပင်း စကားပြောပြီးသည်နှင့် လူမိုက်များ၏ မျက်နှာမှာ ဒေါသကြောင့် မည်းနက်သွားတော့သည်။

သူတို့ မောက်မာသူများကို မြင်ဖူးသော်လည်း ယောင်ပင်းကဲ့သို့ မောက်မာသူမျိုးကိုတော့ တစ်ခါမှ မကြုံဖူးခဲ့ပါချေ။

“ချီးပဲ.. သေအောင် ရိုက်ကြစမ်း! ဒီကောင်က တော်တော်ကို မောက်မာနေတာ”

“သောက်ရူးကောင် .. ဟန်ကောင်းနေဦးပေါ့၊ ခဏနေရင် မင်း ဆက်ပြီး မောက်မာနိုင်ဦးမလား ကြည့်မယ်”

လူမိုက် အယောက် ၃၀ ခန့်မှာ ယောင်ပင်းကို ဝိုင်းအုံထားလိုက်ကြတော့သည်။

ဘန်း..

ဘန်း..

ထိုလူမိုက်များ ယောင်ပင်းကို ဝိုင်းထားပြီး တစ်မိနစ်ပင် မပြည့်မီမှာပင် အိုးထဲသို့ မုန့်လုံးများ ပစ်ထည့်သကဲ့သို့ တစ်ဦးပြီးတစ်ဦး အပြင်သို့ လွင့်ထွက်လာကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခုနက မောက်မာနေသော လူမိုက်များအားလုံး မြေပြင်ပေါ်တွင် ပြန့်ကျဲကာ လဲကျကုန်ကြလေ၏။

“အား.. ငါ့ခြေထောက်!”

“ကောင်လေး.. မင်း တကယ် ရက်စက်တာပဲ၊ မှတ်ထားလိုက်!”

စက္ကန့်အနည်းငယ်အတွင်းမှာပင် လူမိုက်အများအပြားမှာ မြေပြင်ပေါ်တွင် ပုံလျက်သား ဖြစ်နေကြပေပြီ။

သူတို့ ဆဲဆိုနေကြသော်လည်း မျက်လုံးများထဲတွင်တော့ ကြောက်ရွံ့မှုများ ပြည့်နှက်နေတော့သည်။

စက္ကန့်အနည်းငယ်အတွင်းမှာ သူတို့ အယောက်(30)နီးပါးကို အပြတ်ရှင်းလိုက်နိုင်တယ်လား။ ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။

ထို့အပြင် တစ်ဖက်လူမှာ အထက်တန်းကျောင်းသားလေးတစ်ယောက်နှင့် တူသော ဆယ်ကျော်သက်လေးသာ ဖြစ်နေသည် မဟုတ်ပါလား။

“သခင်လေးယောင်.. မြန်မြန်.. မာစတာခိုင်ကို ကယ်ပါဦး”

ယောင်ပင်း လူမိုက်များကို ရှင်းပြီးနောက် ပြောင်ဇီက ဘားအတွင်းသို့ ထော့နဲ့ထော့နဲ့ဖြင့် အမြန်ဝင်သွားတော့သည်။

“မာစတာကော်က ထောင်ချောက်ဆင်ထားတာ၊ ဆရာကြီးတစ်ယောက်ကိုပါ ငှားထားတာ.. မာစတာခိုင် ဒီတစ်ခါတော့ ဒုက္ခရောက်တော့မှာပဲ”

ယောင်ပင်း၏ ရင်ထဲတွင် တင်းကျပ်သွားပြီး သူသည်လည်း ပြောင်ဇီနောက်မှ ထပ်ကြပ်မကွာ လိုက်ဝင်ခဲ့ပေသည်။

ဘားတံခါးဝသို့ ရောက်သောအခါ ယောင်ပင်းက တံခါးကို ဝုန်းခနဲ ကန်ဖွင့်လိုက်တော့သည်။

တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ပုံရိပ်တစ်ခုမှာ သူ၏ထံသို့ တည့်တည့်ကြီး လွင့်ပျံလာတော့၏။

“သခင်လေးယောင်.. သတိထား!”

ပြောင်ဇီက ထိတ်လန့်တကြား အော်လိုက်သည်။

ထိုပုံရိပ်မှာ အလွန်ပင် မြန်ဆန်လွန်းလှသဖြင့် ယောင်ပင်းသည် မသိစိတ်ဖြင့်ပင် လက်ဝါးကို မြှောက်ကာ ခုခံရန် ပြင်လိုက်ပေသည်။

သို့သော် သူ၏လက်က ထိုပုံရိပ်ကို ထိခါနီးမှာပင် ပြောင်ဇီက နောက်မှ အပြေးအလွှား ရောက်လာပြီး ယောင်ပင်း၏ ခါးကို တင်းကျပ်စွာ ဆွဲဖက်၍ တားဆီးလိုက်လေ၏။

*

All Chapters