အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း(75)
ပုံရိပ်တစ်ခုသည် ယောင်ပင်းထံသို့ တည့်တည့်ကြီး လွင့်ပျံလာသော်လည်း ပြောင်ဇီက သူ့ကို တင်းကျပ်စွာ ဆွဲဖက်ထားပေသည်။
ယောင်ပင်းမှာ အံ့အားသင့်သွားပြီးမှ သူ၏ထံသို့ တည့်တည့်ကြီး လွင့်ပျံလာသော ထိုပုံရိပ်မှာ အခြားသူမဟုတ်ဘဲ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် အရိုက်ခံထားရသည့် ခိုင်ယဲ့ ဖြစ်နေကြောင်း သတိပြုမိလိုက်တော့သည်။
ခိုင်ယဲ့၏ မျက်နှာမှာ သွေးချင်းချင်းနီနေသော်လည်း သူ၏ မျက်လုံးများထဲတွင်မူ နာကျည်းမှုနှင့် ဒေါသများ ပြည့်နှက်နေပေသည်။
“သခင်လေးယောင်.. ဖယ်လိုက်”
ယောင်ပင်းနှင့် တိုက်မိတော့မည့် ဆဲဆဲတွင် သူ အော်ပြောနိုင်သည်မှာ ဤမျှသာ ရှိတော့သည်။
သူ့ကို ပစ်လွှတ်လိုက်သော အရှိန်မှာ အလွန်ပြင်းထန်သဖြင့် ယောင်ပင်းကို ထိခိုက်သွားစေနိုင်သည် မဟုတ်ပါလား။
“သခင်လေးယောင်.. ညှာတာပါဦး”
ပြောင်ဇီကလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး အသံမှာလည်း စိုးရိမ်စိတ်ကြောင့် တုန်ရီနေပေသည်။
“အဲဒါ ခိုင်ယဲ့ပါ”
ထိုအချိန်ကျမှ ယောင်ပင်းသည်က ပြောင်ဇီက သူ့ကို အဘယ်ကြောင့် တင်းကျပ်စွာ ဆွဲဖက်ထားရသနည်းဆိုသည်ကို သဘောပေါက်သွားတော့သည်။
အကယ်၍ သူသာ တစ်ချက်တည်းနှင့် ပြန်လည်ခုခံလိုက်မည်ဆိုပါက ခိုင်ယဲ့မှာ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။
အခြေအနေမှာ ဆံခြည်မျှင်တစ်မျှင်ပေါ်တွင် တန်ချိန်တစ်ထောင် ဆွဲထားသကဲ့သို့ အလွန်ပင် စိုးရိမ်နေရပြီ ဖြစ်ပေသည်။
ယောင်ပင်းက ရှေ့သို့ တွန်းထုတ်တော့မည့် သူ၏လက်နှစ်ဖက်ကို ရုတ်တရက် ပြန်ရုပ်သိမ်းလိုက်ပြီးနောက်၊ ဒူးကို အနည်းငယ် ကွေးကာ အရှိန်ကို ထိန်းလိုက်ပြီး သူ၏ထံသို့ လွင့်ပျံလာသော ခိုင်ယဲ့ကို အလျင်အမြန်ပင် ဖမ်းယူလိုက်တော့သည်။
သူ၏ လှုပ်ရှားမှုများမှာ ရေစီးကဲ့သို့ ချောမွေ့လွန်းလှသဖြင့် ဘေးမှကြည့်နေသော ပြောင်ဇီမှာ မျက်စိပင် လည်သွားရပေသည်။
အနည်းငယ်မျှ တွက်ချက်မှု မှားယွင်းသွားရုံဖြင့် ခိုင်ယဲ့မှာ မြေပြင်ပေါ်သို့ ဆောင့်ကျသွားနိုင်ပေသည်။
သို့သော်လည်း ယောင်ပင်းက ခိုင်ယဲ့ကို အမိအရ ဖမ်းနိုင်ခဲ့သည်။
ခိုင်ယဲ့သည် အရပ်ရှည်ပြီး ထွားကြိုင်းသူဖြစ်သည့်အပြင် အားဖြင့် အပစ်ခံထားရသော ရိုက်ခတ်မှုဒဏ်မှာ ခန့်မှန်း၍မရနိုင်အောင် ပြင်းထန်လှပေသည်။
သို့သော် ယောင်ပင်းမှာ နောက်သို့ ခြေတစ်လှမ်းမျှသာ ဆုတ်လိုက်ရပြီး သူ၏ ဟန်ချက်ကို ပြန်လည် ထိန်းနိုင်ခဲ့ပေသည်။
“အစ်ကိုခိုင်.. ခဏ ထိုင်နေပါဦး”
ဟန်ချက်ညီသွားပြီးနောက် ယောင်ပင်းသည် ခိုင်ယဲ့ကို အသာအယာ ပြန်ချပေးလိုက်ပြီး ပြောင်ဇီကို ခိုင်ယဲ့အား တွဲထိုင်ခိုင်းစေကာ တစ်ဖက်မှ လူများကို မော့ကြည့်လိုက်ပေသည်။
မျက်နှာချင်းဆိုင်ရှိ ဘားအတွင်းတွင် လူနှစ်ယောက် ရှိနေပေသည်။
တစ်ဦးမှာ အသက်ငါးဆယ်ဝန်းကျင်ခန့်ရှိပြီး မေးစေ့ချွန်ကာ ကိုယ်လုံးသွယ်လျသူ ဖြစ်သည်။ သူသည် ယောင်ပင်းကို သူ၏မျက်လုံးမှေးလေးများဖြင့် အေးစက်စွာ စိုက်ကြည့်နေပေသည်။
ကျန်တစ်ဦးမှာ ခိုင်ယဲ့နှင့် အသက်ရွယ်တူခန့် ရှိပုံရပြီး ဝမ်းဗိုက်ရွှဲကာ ဆံပင်များမှာလည်း ဆီများရွှဲနေပေသည်။
နှစ်ဦးစလုံးမှာ ယောင်ပင်းကို အကဲခတ်နေကြ၏။
အထူးပြောနေစရာ မလိုပါချေ
ထိုဆံပင်ဆီရွဲ့နှင့်လူမှာ မာစတာကော်ပင် ဖြစ်ပေသည်။
ထိုကိုယ်လုံးသွယ်သွယ်နှင့် လူမှာတော့ မာစတာကော် ငှားရမ်းထားသည့် မာစတာကောဖြစ်လိမ့်မည်။
“အစ်ကိုခိုင်.. ဒါ ခင်ဗျား ခေါ်ထားတဲ့ အကူလား..”
ယောင်ပင်းကို ခြေဆုံးခေါင်းဆုံး အကဲခတ်ပြီးနောက် မာစတာကော်က လှောင်ပြောင်လိုက်သည်
“ဘယ်က ရောက်လာတဲ့ အစွမ်းအစမရှိတဲ့ ကောင်လေးက ငါ့ရဲ့ အစီအစဉ်ကောင်းတွေကို လာဖျက်ဝံ့ရတာလဲ”
သူသည် အစ်ကိုခိုင်အတွက် ဤထောင်ချောက်ကို အားအင်စိုက်ကာ ဆင်ထားခဲ့ရခြင်း ဖြစ်ပြီး အောင်မြင်တော့မည့်ဆဲဆဲတွင် တစ်စုံတစ်ဦးက ဝင်ရောက်နှောင့်ယှက်သည်။
သူ မည်သို့ လက်ခံနိုင်ပါမည်နည်း။
အစ်ကိုခိုင်က ပြောင်ဇီကို ဒေါသတကြီး စိုက်ကြည့်လိုက်ပေသည်။
သူသည်က တစ်ပါးသူ၏ ကျေးဇူးကို ခံယူရခြင်းကို မနှစ်သက်သူဖြစ်၍ သူ ထောင်ချောက်ဆင်ခံရသည့်အကြောင်းကို ယောင်ပင်းအား မပြောခဲ့ပါချေ။ သို့သော် ယောင်ပင်းက ရောက်လာခဲ့သည် မဟုတ်ပါလား။
အထူးပြောနေစရာ မလိုပါချေ။
ပြောင်ဇီက ယောင်ပင်းကို ပြောလိုက်ခြင်းဖြစ်လိမ့်မည်။
ပြောင်ဇီသည်က အစ်ကိုခိုင်၏ အကြည့်ကို ရင်မဆိုင်ရဲသဖြင့် ခေါင်းကို အမြန်ငုံ့ထားလိုက်ရပေသည်။
အစ်ကိုခိုင်က ချောင်းတစ်ချက်ဟန့်လိုက်လေ၏။
“သူက...”
သူ၏ စကားမဆုံးမီမှာပင် ယောင်ပင်းက ဖြတ်ပြောလိုက်သည်။
“ကျွန်တော်က အစ်ကိုခိုင်ရဲ့ နောက်လိုက်လေး တစ်ယောက်ပါပဲ၊ မာစတာကော ကျွန်တော့်အကြောင်းကို သိထားဖို့မလိုပါဘူး”
အစ်ကိုခိုင်၏ မျက်လုံးများက တောက်ပသွားတော့သည်။
ယောင်ပင်းက ဤစကားကို တမင်တကာ ပြောလိုက်ခြင်းဖြစ်ကြောင်း သူ သိသည်။
ယနေ့ သူ ထောင်ချောက်ဆင်ခံရပြီး မာစတာကော၏ လက်ထဲတွင် ညီအစ်ကိုများစွာကို ဆုံးရှုံးခဲ့ရသည်ပင်။ အကယ်၍သာ ဤသတင်း အပြင်သို့ ပျံ့သွားပါက သူသည်က ဤအသိုင်းအဝိုင်းတွင် မျက်နှာပြဝံ့ပါဦးမည်လား။
သို့သော် အကယ်၍ သူ၏ နောက်လိုက်လေးတစ်ယောက်ကသာ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့မည်ဆိုပါက သူ၏ ဂုဏ်သိက္ခာကို များစွာ မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး၊ မာစတာကော်အနေဖြင့်လည်း သူ ပိုင်ဆိုင်သောအရာများကို နောက်တစ်ခါ လာရောက် မက်မောဝံ့တော့မည် မဟုတ်ပါချေ။
“နောက်လိုက်လေး ဟုတ်လား..”
မာစတာကော်က ယောင်ပင်းကို တစ်ချက်ပြန်ကြည့်ကာ သူ့ကို အလေးမထားသကဲ့သို့ပင် လက်ဝှေ့ယမ်းလိုက်သည် ။
ထို့နောက် ဘေးမှမာစတာကောကို ပြောလိုက်သည်။
“ခင်ဗျားကိုပဲ အားကိုးရတော့မယ်”
ခိုင်ယဲ့ကိုသာ ဖယ်ရှားနိုင်လျှင် ပင်းဟိုင် နယ်မြေ၏ တစ်ဝက်မှာ မာစတာကော၏ လက်ထဲသို့ ရောက်ရှိမည် မဟုတ်ပါလား။
နောက်လိုက် အကြီးအငယ်ဆိုသည်ကို သူ ဂရုစိုက်စရာ မလိုပါချေ။
မာစတာကော်၏ အမိန့်အရ ကိုယ်လုံးသွယ်လျသည့်လူမှာ ဖြည်းဖြည်းချင်း လှမ်းထွက်လာပြီး ယောင်ပင်း၏ ရှေ့တွင် ရပ်လိုက်ပေသည်။
ယောင်ပင်းက မာစတာကော်ကို အေးစက်စွာ မေးလိုက်သည်။
“ခိုင်ယဲ့ကို ထောင်ချောက်ဆင်တာ မင်းလား..”
“အိုဟိုး.. မင်းက ငါ့ကို လာပြီး စစ်မေးနေတာပေါ့ ဟုတ်လား”
မာစတာကော်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဟုတ်တယ်.. ငါ ထောင်ချောက်ဆင်တာပဲ၊ မင်းက ဘာလုပ်နိုင်မှာလဲ၊ ငါ က လုပ်ရဲသလို ဝန်လည်း ခံရဲတယ်ကွ”
ယောင်ပင်း ခေါင်းညိတ်လိုက်သည် ။
“ကောင်းပြီလေ”
ထို့နောက် သူက တစ်ဖက်မှ မာစတာကောကို မေးလိုက်ပြန်သည်။
“ခိုင်ယဲ့ကို ဒဏ်ရာရအောင် လုပ်တာ ခင်ဗျားလား”
“ငါပဲ.. ဘာလဲ.. မင်းက ကလဲ့စားလာချေတာလား”
ထိုမာစတာကောက မောက်မာစွာ ပြောလိုက်ပေသည်။
ယောင်ပင်းက ခိုင်ယဲ့ကို တစ်ချက်တည်းနှင့် အမိအရ ဖမ်းနိုင်ခဲ့ခြင်းအပေါ် မာစတာကောမှာ အနည်းငယ်မျှသာ အံ့အားသင့်ခဲ့ပေသည်။
ဤမာစတာကောသည်ကား ခန္ဓာကိုယ်ကိုတည်ဆောက်ခြင်း၏ တတိယအဆင့်သို့ ရောက်ရှိနေသူ ဖြစ်ပေသည်။
သူ ခိုင်ယဲ့ကို တွန်းထုတ်လိုက်သည့် အရှိန်မှာ တောင်များကို ဖြိုခွဲနိုင်ပြီး ကျောက်ဆောင်များကို အက်ကွဲစေနိုင်သည်အထိ ပြင်းထန်လှပေသည်။
ထို့အပြင် သူသည် ကိုယ်ခံပညာကို ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သူဖြစ်ပြီး ဆရာကြီးများစွာကိုလည်း အနိုင်ယူခဲ့ဖူးရာ၊ ကလေးတစ်ယောက်ကို ရှုံးနိမ့်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားပါချေ။
ထို့ကြောင့် မာစတာကောသည် ယောင်ပင်းကို လုံးဝ အလေးမထားဘဲ သူ၏ ပုံမှန် မောက်မာသော အမူအရာကို ပြန်လည် ရရှိသွားတော့သည်။
“ကောင်းပြီလေ”
ယောင်ပင်းက အနည်းငယ် ခေါင်းညိတ်ပြပြီး မာစတာကောကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ကဲ.. ခင်ဗျား အရင် စလိုက်!”
သူ၏ အသံမှာ မကျယ်သော်လည်း အလွန်ပင် ယုံကြည်မှု ရှိနေပေသည်။
မာစတာကောက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ ယောင်ပင်း၏ ရှေ့သို့ လျှပ်စီးကဲ့သို့ ရောက်ရှိသွားကာ သူ၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်နှက်လိုက်တော့သည်။
ဤသည်ကို ဦးစွာအလစ်ဝင်တိုက်ခိုက်ခြင်းဟုခေါ်သည် မဟုတ်ပါလား။
ယောင်ပင်းက ရှောင်တိမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“တစ်ကွက်”
သူ ပြန်မတိုက်သလို၊ ခုခံခြင်းလည်း မပြုခဲ့ပါချေ။
မာစတာကော ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ယောင်ပင်းထံသို့ ထပ်မံ ပြေးဝင်သွားပြန်သည်။
ထို့နောက် သူက နောက်ထပ် ကန်ချက်တစ်ခုကို ထပ်မံ ပေးလိုက်ပြန်၏။
“နှစ်ကွက်!”
ယောင်ပင်းမှာ ပြန်မတိုက်သေးပါချေ။
မာစတာကောမှာ ဒေါသထွက်သွားရသည်။
“ကောင်စုတ်လေး.. မင်းက သေချင်နေတာပဲ!”
ယောင်ပင်းက သူ့ကို ပြန်မတိုက်ဘဲ ရှောင်နေခြင်းမှာ သူ့အတွက်တော့ အကြီးမားဆုံးသော စော်ကားမှုပင် ဖြစ်ပေသည်။
ပြင်းထန်သော အော်ဟစ်သံနှင့်အတူ မာစတာကောက မြေပြင်ကို အားဖြင့်နင်းကာ ယောင်ပင်း၏ မျက်နှာကို ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။
“သုံးကွက်!”
ယောင်ပင်း ခေတ္တမျှ ရပ်တန့်လိုက်သည်။
ထို့နောက် သူ လှုပ်ရှားလိုက်ပေပြီ။
“ခင်ဗျားက ကျွန်တော့်ထက် အသက်ကြီးတဲ့သူမို့လို့ သုံးကွက် အသာပေးလိုက်တာ”
ယောင်ပင်းက သူ၏ လက်ဝါးကို ဖြည်းဖြည်းချင်း တွန်းထုတ်လိုက်သည်။
“သုံးကွက် ပြည့်သွားပြီဆိုတော့.. အခု ကျွန်တော့်အလှည့်ပဲ!”
သူ၏ လက်ဝါးရိုက်ချက်မှာ ဖြည်းညှင်းပြီး ပေါ့ပါးလှပေရာ၊ ကလေးတစ်ယောက် ကစားနေသကဲ့သို့ အားအင်မရှိပုံ ပေါ်နေပေသည်။
ပထမတော့ မာစတာကောမှာလည်း ထိုသို့ပင် ထင်မှတ်ခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် သူသည် ရှောင်တိမ်းခြင်း မပြုဘဲ ယောင်ပင်း၏ လက်ဝါးရိုက်ချက်ကို ခံယူကာ သူ့ကို မြေပြင်ပေါ်သို့ လဲကျအောင် လုပ်မည်ဟု ကြံစည်လိုက်ပေသည်။
သို့သော် မကြာမီမှာပင် မာစတာကောမှာ သူ မှားသွားပြီဖြစ်ကြောင်း သိလိုက်ရပေသည်။
အကြီးအကျယ် မှားယွင်းသွားခြင်းပင်။
ယောင်ပင်း၏ လက်ဝါးရိုက်ချက်မှာ သိသိသာသာ ပေါ့ပါးသော်လည်း၊ သူ့ထံသို့ ရောက်ရှိလာချိန်တွင် မာစတာကောတစ်ယောက် ပြင်းထန်လှသော စွမ်းအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပေသည်။
သူ၏ ပြည့်လျှံနေသော အတွင်းစွမ်းအားများမှာ ထိုတစ်ချက်တည်းနှင့်ပင် လုံးဝ ပျောက်ကွယ်သွားရသည်။
မာစတာကော ထိတ်လန့်တုန်လှုပ်သွားရသည်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ယောင်ပင်းရဲ့ လက်ဝါးက သူ့ကို မထိရသေးခင်မှာ သူရဲ့ အတွင်းစွမ်းအားတွေကို ဘယ်လိုများ ဖျက်ဆီးပစ်နိုင်ရတာလဲ။
သူ ပြိုင်ဘက်ကို အထင်သေးခဲ့မိချေပြီ။
ထိုအကြောင်းကို သိလိုက်ရသည်နှင့် မာစတာကောက ထိတ်လန့်တကြား ရှောင်တိမ်းရန် ကြိုးစားလိုက်ပေသည်။
သို့သော်လည်း မာစတာကောကို ပို၍ ထိတ်လန့်စေသောအရာ ဖြစ်ပျက်လာခဲ့သည်။
သူ မည်သို့ပင် ရှောင်တိမ်းပါစေ၊ ယောင်ပင်း၏ လက်ဝါးမှာ အရိပ်တစ်ခုကဲ့သို့ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနေပြီး၊ သူသည် အမြဲတစေ ယောင်ပင်း၏ လက်ဝါးရိုက်ချက် အကွာအဝေးအတွင်းမှာသာ ရှိနေခဲ့သည်။
သူသည်ကား ဤလက်ဝါးရိုက်ချက်မှ လုံးဝ မလွတ်မြောက်နိုင်တော့ပါချေ။
*
အခန်း(76)
မာစတာကော ကြောက်ရွံ့မှုများ ပြည့်နှက်နေစဉ်မှာပင် ယောင်ပင်း၏ လက်ဝါးမှာ သူ၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်ကို မြင်တွေ့လိုက်ရတော့သည်။
ထိုလက်ဝါးရိုက်ချက် တစ်ချက်မှာ ဟုန်းဟုန်းတောက်နေသော ပင်လယ်ပြင်ကဲ့သို့ပင် ရပ်တန့်၍ မရနိုင်အောင် ပြင်းထန်လွန်းပေသည်။
မာစတာကောမှာ တုန်ရီသွားပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ အနောက်သို့ လွင့်ထွက်သွားကာ ဘားကောင်တာကို ပြင်းထန်စွာ တိုက်မိပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
ဘားပေါ်ရှိ ပုလင်းများမှာလည်း နေရာအနှံ့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားကြလေ၏။ မာစတာကောမှာ အတန်ကြာအောင် ရုန်းကန်သော်လည်း နေရာမှ မထနိုင်တော့ချေ။
“သခင်လေးယောင်.. အရမ်းကောင်းတယ်”
ပြောင်ဇီ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေပြီး မအော်ဘဲ မနေနိုင်တော့ချေ။
သူသည်က ဤမျှအထိ အနှိမ်ခံခဲ့ရဖူးသည် မဟုတ်ပါလား။ ထို့ကြောင့် ယခုကဲ့သို့ မြင်ကွင်းမျိုးအပေါ် အလွန်ပင် စိတ်လှုပ်ရှားနေမိတော့သည်။
ခိုင်ယဲ့က အနည်းငယ်လောက် ပြုံးလိုက်မိသည်။ ယောင်ပင်းကဲ့သို့ မိတ်ဆွေမျိုး ရရှိထားခြင်းမှာ တကယ်ကို ထိုက်တန်လှပေသည်။
ထိုအချိန်တွင် ယောင်ပင်းက မှင်သက်နေသော မာစတာကော်ထံသို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။
“မာစတာကော် .. အခု ခင်ဗျား အလှည့်ပဲ”
“ငါ.. ငါ ...”
“ညီလေး.. မဟုတ်ဘူး.. သခင်လေး.. ငါ မှားမှန်း သိပါပြီ၊ နောက်တစ်ခါ ဘယ်တော့မှ မလုပ်တော့ပါဘူး...”
မာစတာကောသည် ဆရာကြီးများထဲမှ ဆရာကြီး တစ်ဦး ဖြစ်ပေသည်။ သို့သော် ယောင်ပင်းက မာစတာကောကို လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် မြေပြင်ပေါ်မှာ တွားပင်မသွားနိုင်အောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလား။
ဒါဟာ ယောင်ပင်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာကို သက်သေပြနေတာပဲ။
မာစတာကော်တွင် အရည်အချင်းအချို့ ရှိသော်လည်း၊ သူသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကာမဂုဏ်များကြားတွင်သာ အချိန်ကုန်လွန်ခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်မှာ ယိုယွင်းနေပြီဖြစ်ရာ၊ ယောင်ပင်းကို ယှဉ်နိုင်မည့်သူ မဟုတ်ပါချေ။
သူ အရှုံးပေးရန်သာ တတ်နိုင်တော့သည်။
“အမှန်အတိုင်း ပြောရရင် ခင်ဗျားရဲ့ အသက်ကို ယူဖို့ ကျွန်တော် ပျင်းနေတယ်”
ယောင်ပင်းက မာစတာကော်ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ပြုံး၍ မေးလိုက်သည်။
“မာစတာကော်.. ခင်ဗျားရဲ့ အသက်က ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာ ဆွေးနွေးကြည့်ရအောင် မဟုတ်လား”
“ငါး.. ငါးသန်း လားဗျာ..”
“မာစတာကော်ရဲ့ အသက်က ငါးသန်းပဲ တန်တာလား”
“ဆယ်သန်း..မဟုတ်ဘူး.. မဟုတ်ဘူး.. သန်းနှစ်ဆယ် ပေးပါ့မယ်”
“ကောင်းပြီလေ.. သန်းနှစ်ဆယ်နဲ့ ခင်ဗျားအသက်ကို လဲမယ်ပေါ့၊ အဲဒါက ထိုက်တန်တယ်လို့ ထင်လား”
“ထိုက်တန်ပါတယ်.. ထိုက်တန်ပါတယ်.. ကျွန်တော် အခုချက်ချင်းပဲ ပိုက်ဆံလွှဲခိုင်းလိုက်ပါ့မယ်”
မာစတာကော်မှာ ကြောက်လန့်လွန်းသဖြင့် ပျာယာခတ်လျက်နေရာမှ ထလိုက်ပြီး ယောင်ပင်းအား ပိုက်ဆံလွှဲပေးရန် ပြင်လိုက်တော့သည်။
ယောင်ပင်းက လက်ကာပြကာ အလျင်မလိုရန် ပြောလိုက်ပြီးနောက်၊ မြေပြင်ပေါ်တွင် လဲနေသော မာစတာကောကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီမာစတာကော ရော.. သူ့အသက်က ဘယ်လောက် တန်လဲ သူ့ကိုရော ခင်ဗျား ဝယ်ချင်သေးလား”
“ဒါက...”
“မာစတာကော်က မလိုချင်ဘူးဆိုရင်လည်း ကျွန်တော် အတင်းအကျပ် မလုပ်ပါဘူး”
ယောင်ပင်းက နေရာမှ ထကာ မာစတာကောထံသို့ သွားမည့်ဟန် ပြုလိုက်သည်။
“မဟုတ်ဘူး.. မဟုတ်ဘူး..”
မာစတာကောက ထိတ်လန့်တကြား အော်ဟစ်ကာ သူ့ကို တားလိုက်သည်။
“ကျွန်တော် ပေးပါ့မယ်.. သန်းနှစ်ဆယ် ထပ်ပေးပါ့မယ်!”
သူသည် မာစတာကောကို အစ်ကိုချင်းထံမှ ခေတ္တ ငှားရမ်းလာခဲ့ခြင်း ဖြစ်ပေသည်။ အကယ်၍ မာစတာကောသာ သေဆုံးသွားခဲ့လျှင် သူ အစ်ကိုချင်းကို မည်သို့ ရှင်းပြနိုင်ပါမည်နည်း။
ယောင်ပင်းက အနည်းငယ် ပြုံးလိုက်သည်။
“ကောင်းပြီလေ.. အသက်နှစ်သက်ဆိုတော့ စုစုပေါင်း သန်းလေးဆယ်ပေါ့. ကျွန်တော့် အကောင့်ထဲကို လွှဲပေးဖို့ မမေ့နဲ့ဦး”
မာစတာကော်သည် ခိုင်ယဲ့ကို ထောင်ချောက်ဆင်ခဲ့သဖြင့် ထိုအတွက် ပေးဆပ်ရမည် မဟုတ်ပါလား။
ဤ သန်းလေးဆယ်မှာ သူ ပေးဆပ်ရသည့် တန်ဖိုးပင် ဖြစ်ပေသည်။
“ဟုတ်ကဲ့ပါ.. ဟုတ်ကဲ့ပါ.. အခုချက်ချင်း လွှဲပေးပါ့မယ်”
မာစတာကော်က တစ်ခွန်းမျှ မငြင်းရဲဘဲ အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ရပေသည်။
“ဒါ ခင်ဗျားရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပဲနော်၊ ဘယ်သူမှ အတင်းအကျပ် မလုပ်ဘူး”
“ဟုတ်ပါတယ်.. ကျွန်တော် ကိုယ့်သဘောနဲ့ကိုယ် ပေးတာပါ၊ လုံးဝကို ကိုယ့်သဘောပဲ”
မာစတာကော်က ယခင်က မောက်မာမှုများ လုံးဝ ပျောက်ကွယ်သွားကာ အောက်ကျနောက်ကျဖြင့် သဘောတူလိုက်ရပေသည်။
ယောင်ပင်းက မာစတာကော်၏ ပုခုံးကို ပြုံးလျက် ပုတ်ပေးလိုက်သည်။
“မနက်ဖြန်ကျရင် နံပါတ် ၁ နန်းတော်ကို သွားပြီး ခိုင်ယဲ့ကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ဖို့ မမေ့နဲ့ဦး၊ ခိုင်ယဲ့က ခင်ဗျားကို ခွင့်လွှတ်မလွှတ် ဆိုတာကတော့ ခင်ဗျားရဲ့ အရည်အချင်းအပေါ်မှာပဲ မူတည်လိမ့်မယ်”
ခိုင်ယဲ့သည် ဤမျှအထိ အရှက်ရခဲ့သဖြင့် သေချာပေါက် ဒေါသထွက်နေပေလိမ့်မည်။ ခိုင်ယဲ့ ဆုံးရှုံးခဲ့ရသည့် ဂုဏ်သိက္ခာကို သူ ပြန်လည် ရယူပေးရမည် မဟုတ်ပါလား။
“ဟုတ်ကဲ့ပါ.. မနက်ဖြန် ကျွန်တော် သေချာပေါက် သွားပါ့မယ်...”
ယောင်ပင်းက မာစတာကောကို လက်ဝါးတစ်ချက်တည်းနှင့် မြေပြင်ပေါ် လဲကျအောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလား။
မာစတာကော်အနေဖြင့် မည်သည့်စကားများ ပြောရဲပါဦးမည်နည်း။
မာစတာကော် သဘောတူပြီးမှသာ ယောင်ပင်းက ရပ်လိုက်ပေသည်။
သူက ပြန်လှည့်ထွက်ကာ ပြောင်ဇီနှင့် ခိုင်ယဲ့တို့ထံသို့ လျှောက်သွားပြီးနောက် သူ ခိုင်ယဲ့ကို ကျောပိုးရန်တွင် ကူညီတင်ပေးရန်အတွက် ပြောင်ဇီကို အချက်ပြလိုက်ပေသည်။
ပြောင်ဇီကလည်း ချက်ချင်းပင် ကူညီပေးလိုက်၏။ ပြောင်ဇီအနေဖြင့် ယခင်က ယောင်ပင်းအပေါ်တွင် မကျေနပ်မှုအချို့ ရှိခဲ့သော်လည်း ယောင်ပင်းက ခိုင်ယဲ့ကို ကျောပိုးရန် ကိုယ်ကို ကိုင်းလိုက်သည့် ခဏတွင် ယောင်ပင်းအပေါ် လုံးလုံးလျားလျား အညံ့ခံသွားတော့သည်။
ခိုင်ယဲ့သည်လည်း မငြင်းဆန်ခဲ့ပါချေ။ ဤအချိန်တွင် တွန့်ဆုတ်နေခြင်းက ဟန်ဆောင်နေသကဲ့သို့သာ ဖြစ်သွားမည် မဟုတ်ပါလား။
ယောင်ပင်းက ခိုင်ယဲ့ကို ကျောပိုးကာ ဘားတံခါးဝဆီသို့ ဖြည်းဖြည်းချင်း လှမ်းထွက်ခဲ့သည်။ သူ တံခါးဝသို့ ရောက်သည့် ခဏတွင် သူ၏နောက်ကွယ်မှ မာစတာကော၏ ကြောက်မက်ဖွယ်ကောင်းသော အသံကို ကြားလိုက်ရပေသည်။
“ကောင်လေး.. မင်းမှာ သတ္တိရှိရင် မင်းနာမည်ကို ထားခဲ့စမ်း၊ အစ်ကိုချင်းကတော့ မင်းကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး”
ယောင်ပင်း ရုတ်တရက် ရပ်တန့်သွားသည်။
ထို့နောက် သူက မာစတာကောထံသို့ ဖြတ်ခနဲ ပြန်လှည့်ကြည့်လိုက်လေ၏။
“မင်းပြောတဲ့ အစ်ကိုချင်း ဆိုတာ.. လျို့ချင်းလား”
*
“အစ်ကိုချင်း” ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် ယောင်ပင်းက သူ၏ခေါင်းကို ဝုန်းခနဲ လှည့်ကြည့်လိုက်မိသည်။
ရှောင်ချင်း၏ အဓိကရန်သူမှာ အမည်ထဲတွင် “ချင်း” ဟူသော စာလုံးပါဝင်နေသည်ကို သူ မှတ်မိနေသည် မဟုတ်ပါလား။
ယောင်ပင်း၏ တုံ့ပြန်မှုကို မြင်သောအခါ မာစတာကော၏ မျက်နှာပေါ်တွင် မောက်မာသော အပြုံးတစ်ခု ပေါ်လာတော့သည်။
“ဘာလဲ.. အခုမှ ကြောက်သွားပြီလား၊ တောင်းပန်ဖို့ အချိန်ရှိသေးတယ်နော်”
ယောင်ပင်း ဘားထဲသို့ စတင်ဝင်ရောက်လာချိန်မှ ယခုအထိ သူ၏ မျက်နှာထားမှာ အေးဆေးတည်ငြိမ်နေခဲ့သော်လည်း၊ “အစ်ကိုချင်း” ဟူသော အမည်ကို ကြားလိုက်ရချိန်တွင်တော့ ယောင်ပင်း၏ မျက်နှာတွင် ခံစားချက်တစ်ခု သိသိသာသာ ပေါ်ပေါက်သွားခဲ့ပေသည်။
ထို့ကြောင့် မာစတာကောက ယောင်ပင်းတစ်ယောက် အစ်ကိုချင်းကို အထူးတလည် ကြောက်ရွံ့နေသည်ဟု သေချာပေါက် ယူဆလိုက်ခြင်း ဖြစ်ပေသည်။
သူက ယောင်ပင်း ဒူးထောက်၍ ခွင့်လွှတ်ပေးရန် တောင်းပန်လာမည်ကို စောင့်ဆိုင်းနေတော့၏။
မမျှော်လင့်ဘဲ ယောင်ပင်းမှာ သူထင်သလောက် ထိတ်လန့်သွားခြင်း မရှိဘဲ၊ သူ၏ မျက်နှာမှာ ရုတ်တရက် အေးစက်သွားခဲ့သည်။
“ကျွန်တော့်နာမည်က ယောင်ပင်း၊ တကယ်လို့ ကလဲ့စားချေချင်တယ်ဆိုရင် လျို့ချင်းကို ကြိုက်တဲ့အချိန် လာရှာခိုင်းလိုက်”
သူ ပြတ်သားစွာ ပြောလိုက်ပေသည်။
မာစတာကောအနေဖြင့် ငြင်းဆိုခြင်း မပြုခဲ့သဖြင့်၊ မာစတာကော ပြောဆိုသော “အစ်ကိုချင်း” မှာ သူ၏ ရန်သူ လျို့ချင်းဖြစ်ကြောင်း သေချာသွားပေပြီ။
သူသည်က လျို့ချင်းကို ရှာမတွေ့မည်ကိုသာ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
လျို့ချင်းက သူ၏တံခါးဝအထိ လာရှာမည်ဆိုလျှင်ပင် ကြောက်နေစရာ အကြောင်းမရှိပါချေ။
မာစတာကောထံသို့ ထိုစကားကို ပြောပြီးနောက် ယောင်ပင်းသည် ခိုင်ယဲ့ကို ကျောပိုး၍ လှည့်ထွက်လာခဲ့တော့သည်။
ဘားအတွင်း၌ သင်္ချိုင်းကဲ့သို့ တိတ်ဆိတ်သွားတော့၏။
မာစတာကော်နှင့် မာစတာကောတို့မှာ တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်နေကြကုန်၏။
မာစတာကောက အစ်ကိုချင်း၏ အမည်ကိုပင် သုံး၍ ခြိမ်းခြောက်ခဲ့သော်လည်း ယောင်ပင်းက မကြောက်ခဲ့ပေ။
အတန်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် မာစတာကော်က တုန်ရီသောအသံဖြင့် မေးလိုက်သည်။
“ဒီ.. ဒီကောင်လေးက တကယ်ပဲ ဘယ်သူလဲ၊ အစ်ကိုချင်းကိုတောင် မကြောက်ဘူးလား..”
ယောင်ပင်းသည် သူ သေသေချာချာ ဆင်ထားသော ထောင်ချောက်ကို တိုက်ရိုက် ဖျက်ဆီးပစ်ခဲ့သည့်အပြင်၊ သူ၏ လူမိုက်များစွာကိုလည်း ဒဏ်ရာရစေခဲ့ကာ၊ အစ်ကိုချင်းထံမှ အထူးငှားရမ်းလာသော ဆရာကြီးကိုလည်း ရိုက်နှက်ခဲ့သည် မဟုတ်ပါလား။
ပို၍ ဆိုးသည်မှာ သူ့ထံမှ သန်းလေးဆယ်ကိုပါ ခြိမ်းခြောက်ယူသွားခြင်း ဖြစ်ပေသည်။
ဤယောင်ပင်းသည်က သူ၏ နတ်ဆိုးပင် ဖြစ်တော့သည်။
“မာစတာကော်.. စိတ်မပူပါနဲ့..”
မာစတာကောက ဘားတံခါးကို နာကျည်းသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
“အစ်ကိုချင်းက သူ့ကို သေချာပေါက် ပေးဆပ်ခိုင်းပါလိမ့်မယ် ဒီစာရင်းကို ငါတို့ နောက်မှ ရှင်းကြတာပေါ့”
မာစတာကော်က ခေါင်းညိတ်လိုက်ပြီးနောက်၊ မာစတာကောအား အလျင်အမြန် မေးမြန်းလိုက်သည်။
“မာစတာကော.. ဒါဆိုရင် အဲဒီ သန်းလေးဆယ်နဲ့ မနက်ဖြန် တောင်းပန်ရမယ့် ကိစ္စကရော...”
သန်းလေးဆယ်ဆိုသည်မှာ များပြားလွန်းပြီး ကိုယ်တိုင်သွားရောက် တောင်းပန်ရမည်မှာလည်း အလွန် အရှက်ရစရာ ကောင်းလှပေသည်။
မာစတာကောသည် အစ်ကိုချင်း၏ ဘေးတွင် အမြဲရှိနေသူဖြစ်၍ မာစတာကော်က သူ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလိမ့်မည်ဟု မျှော်လင့်နေခြင်း ဖြစ်ပေသည်။
“ဒီကောင်က တကယ်ကို တောင်းရဲတာပဲ...”
ထိုသို့ပြောရင်း မာစတာကော၏ လေသံမှာ ပြောင်းလဲသွားသည်။
“မာစတာကော်.. အစ်ကိုချင်းက အခုတလော ကျင်းကျုံး ဂိုဏ်းခေါင်းဆောင်နဲ့ စာရင်းရှင်းဖို့ လုပ်နေတာဆိုတော့၊ ဒီလို ကိစ္စသေးသေးလေးတွေအတွက် အချိန်ရှိမှာ မဟုတ်ဘူး..
အဲဒီ ဂိုဏ်းခေါင်းဆောင်က ဘယ်လောက်အထိ စိတ်တိုတတ်လဲဆိုတာ ခင်ဗျား သိတာပဲ၊ ယမ်းအိုးလိုပဲ ဘယ်အချိန် ပေါက်ကွဲမလဲ မသိဘူးလေ၊ ဒီတစ်ကြိမ်တော့ ခင်ဗျားပဲ အောင့်အည်း သည်းခံလိုက်ပါဦး”
မာစတာကော်၏ မျက်နှာမှာ ချက်ချင်းပင် မှောင်ကျသွားတော့သည်။
“မာစတာကော.. ဒါဆိုရင် အဲဒီ သန်းနှစ်ဆယ်ကရော...”
ထိုသန်းနှစ်ဆယ်မှာ မာစတာကောက ယောင်ပင်းအား ပေးမည်ဟု ကတိပေးခဲ့သော ငွေဖြစ်သည် မဟုတ်ပါလား။
အဘယ်ကြောင့် သူက ပေးရမည်နည်း။
မာစတာကောသည် ဒဏ်ရာများဖြင့် အနိုင်နိုင် ထရပ်လိုက်ပြီး၊ အပြစ်ရှိသကဲ့သို့ ခံစားရသဖြင့် အကြောင်းပြချက်တစ်ခု ပေးကာ တံခါးဆီသို့ အမြန် လျှောထွက်သွားတော့သည်။
“မာစတာကော်.. ကျွန်တော့်မှာ လုပ်စရာလေး ရှိနေလို့၊ အရင် သွားခွင့်ပြုပါဦး”
*