အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း(79)
တုမင်ယွမ်ရှုပ်ထွေးနေခဲ့သည်။
ယွီရှို့စံအိမ်သို့ လာနိုင်သော ဧည့်သည်များမှာ အင်အားကြီးမားပြီး ချမ်းသာကြွယ်ဝသူများသာ ဖြစ်ကြ၍ တံခါးစောင့်များမှာ လူအမျိုးမျိုးကို မြင်ဖူးကြပေသည်။
ထို့အပြင် တံခါးစောင့်က သခင်ကြီးကော်သည် ယနေ့တွင် စံအိမ်၌ အရေးကြီးသော ကိစ္စရှိသဖြင့် မည်သည့်အခြေအနေမျိုးနှင့်မျှ အဝင်မခံနိုင်ဟု ပြောခဲ့သည်မဟုတ်ပါလား။
အကယ်၍ အသနားခံရုံမျှဖြင့် အထဲဝင်နိုင်မည်ဆိုပါက ယွီရှို့စံအိမ်က ပင်းဟိုင်၏ ထိပ်တန်းစံအိမ်တစ်ခု ဖြစ်နေပါတော့မည်လော။
သို့သော် ယောင်ပင်းက တံခါးစောင့်ကို မည်သို့ နားချလိုက်သည်ကိုတော့ သူ လုံးဝ စဉ်းစား၍ မရပေ။
တုမင်ယွမ် စဉ်းစားနေစဉ်မှာပင် ယောင်ပင်းက မိုရှောက်ယောင် မည်သည့်အချိန်တွင် ရောက်လာမည်ကို မေးမြန်းလိုက်လေသည်။
အကယ်၍ မိုရှောက်ယောင်သာ မလာပါက သူသည် ဤလူစုနှင့် တစ်မိနစ်မျှပင် ဆက်၍ မနေလိုတော့ပေ။
“ရှောက်ယောင်က ခဏနေရင် ရောက်လာလိမ့်မယ်၊ စိတ်မပူနဲ့”
တုမင်ယွမ်၏ မျက်လုံးထဲတွင် အမှောင်ရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက ပြုံးလျက် ယောင်ပင်းကို ခဏလောက် ထပ်စောင့်ရန် ချော့မော့ပြောဆိုလိုက်သည်။
သူသည် ယောင်ပင်းအတွက် အံ့အားသင့်စရာကြီးတစ်ခုကို ဂရုတစိုက် ပြင်ဆင်ထားသည်ဖြစ်ရာ ယောင်ပင်းကို ဤအတိုင်း အလွယ်တကူ ပြန်သွားခွင့် မပေးနိုင်ပေ။
တုမင်ယွမ်က ထိုသို့ပြောဆိုသဖြင့် ယောင်ပင်းသည်လည်း ထပ်မပြောတော့ဘဲ စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်လေသည်။
မိုရှောက်ယောင် ရောက်လာမည်ကို စောင့်နေစဉ်အတွင်း နေကာမျက်မှန်နှင့် မိန်းကလေးက သူတို့၏ အခန်းများသို့ သွား၍ အရင်အနားယူကြရန်နှင့် မိုရှောက်ယောင် ရောက်လာမှသာ အပြင်ထွက်၍ ကစားကြရန် အကြံပြုလေ၏။
သူမ၏ အကြံပြုချက်ကို အားလုံးက ချက်ချင်းပင် သဘောတူလိုက်ကြချေသည်။
ဤသည်မှာ ယောင်ပင်း အလိုရှိနေသည့်အရာပင် ဖြစ်ပေသည်။
ဤသခင်လေး၊ သခင်မလေးများနှင့် အတူရှိနေရသည်မှာ စိတ်အနှောင့်အယှက် ဖြစ်ရသဖြင့် အခန်းထဲတွင် တစ်ယောက်တည်း နေရသည်မှာ ပို၍ သက်သောင့်သက်သာ ရှိပေသည်။
တုမင်ယွမ်က အခန်းများကို စီစဉ်ပေးပြီးနောက် လူတိုင်းက သူတို့၏ အခန်းသော့များကို ယူကာ အနားယူရန် သွားကြလေတော့သည်။
ယောင်ပင်းသည် အရင်ဆုံး ရေချိုးလိုက်ပြီးနောက် ကုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။
သို့သော် သူ စောင်ခြုံထဲသို့ တိုးဝင်လိုက်သည့် ခဏမှာပင် တစ်စုံတစ်ခုကို ရုတ်တရက် ထိမိသွားလေ၏။
ဤသည်မှာ တင်းရင်းပြီး လုံးဝန်းကာ ချောမွေ့နေသည့်အပြင် ထိတွေ့ရသည်မှာလည်း အလွန်ကောင်းမွန်လှပေသည်... တင်ပါးတစ်ခုကဲ့သို့ပင်!
*
ကုတင်ပေါ်တွင် တစ်စုံတစ်ယောက် ရှိနေခဲ့သည်။
မိန်းကလေးတစ်ဦးပင်။
“အာ!”
စောင်ခြုံထဲမှ တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာပေသည်။
ယောင်ပင်းမှာ လန့်ဖျပ်သွားပြီး ခုန်ထွက်လိုက်ကာ ကုတင်ကို ကြောင်အစွာ စိုက်ကြည့်နေမိလေတော့သည်။
မကြာမီမှာပင် စောင်ခြုံထဲရှိသူသည်လည်း စောင်ကို ဖယ်ခွာလိုက်လေ၏။ သူမ၏မျက်နှာက ဒေါသကြောင့် နီမြန်းနေသော ယောင်ပင်းကို စိုက်ကြည့်နေခဲ့သည်။
ထိုအချိန်မှသာ ကုတင်ပေါ်တွင် ရှိနေသူမှာ တိတ်ဆိတ်သော မိန်းကလေး ဖြစ်နေကြောင်း ယောင်ပင်း သတိပြုမိသွားခဲ့ချေသည်။
“နင် ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ”
“မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ”
နှစ်ယောက်သား တစ်ပြိုင်နက်တည်း မေးလိုက်ကြ၏။
သို့သော် ယောင်ပင်းသည် ပြောပြီးသည်နှင့် သူ၏ရှေ့မှ လှပသော မြင်ကွင်းကြောင့် ခဏတာ မိန်းမောသွားရပေသည်။
တိတ်ဆိတ်သော မိန်းကလေးမှာ ပါးလွှာသော ပန်းရောင် အိပ်ယာဝင်ဝတ်စုံကို ဝတ်ဆင်ထားရာ သူမ၏ အသားအရည်မှာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနုနယ်နေပေသည်။
ပို၍ ဆွဲဆောင်မှုရှိသည်မှာ ထိုဝတ်စုံမှာ ပါးလွှာသဖြင့် သူမ၏ အတွင်းခံအမည်းရောင်ကိုပင် ယောင်ပင်း မြင်တွေ့နေရခြင်းပင် ဖြစ်ချေသည်။
အောက်ဘက်တွင်တေား ဖြူဝင်းပြီး သွယ်လျသော ခြေတံရှည်နှစ်ဖက် ရှိနေပေသည်။
သူမက ဒေါသထွက်နေသဖြင့် အသက်ရှူသံများ မြန်ဆန်နေကာ ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေချေသည်။
စောစောက မတော်တဆ ထိမိသွားခဲ့သော ထိုလုံးဝန်းတင်းရင်းသည့် နေရာ၏ ထိတွေ့မှုကို ပြန်လည် အမှတ်ရလိုက်သောအခါ ယောင်ပင်းမှာ ရင်ထဲတွင် တစ်မျိုးတမည် ခံစားလိုက်ရပေသည်။
“နင် ဘာလို့ ဒီမှာ ရှိနေတာလဲ၊ ပိုင်ယွီကော ဘယ်မှာလဲ”
ယောင်ပင်းက သူမကို စိုက်ကြည့်နေသည်ကို မြင်သောအခါ တိတ်ဆိတ်သော မိန်းကလေး၏ မျက်နှာမှာ သွေးရောင်လွှမ်းမွန်းသွားပြီး အသံကို မြှင့်ကာ ထပ်မံ မေးမြန်းလိုက်လေသည်။
ပိုင်ယွီက သူမကို အခန်းသော့တစ်ခု ပေးခဲ့ပြီး ခဏလောက် စကားပြောရန် ပိုင်ယွီ၏ အခန်းသို့ လာခဲ့ရန် ပြောကြားခဲ့ခြင်း ဖြစ်ပေသည်။
သူမ အခန်းထဲသို့ ဝင်လာသောအခါ ရေချိုးခန်းထဲတွင် တစ်စုံတစ်ယောက် ရေချိုးနေသံကို ကြားခဲ့ရသဖြင့် ပိုင်ယွီ ရေချိုးနေသည်ဟုသာ ထင်မှတ်ကာ ပိုင်ယွီကို ခြောက်လှန့်ရန် ကုတင်ပေါ်တွင် လှဲစောင့်နေခဲ့ခြင်း ဖြစ်ပေသည်။
မျှော်လင့်မထားဘဲ သူမက ပိုင်ယွီကို မခြောက်လှန့်နိုင်ခဲ့သည့်အပြင် သူမကိုယ်တိုင်ပင် ထိတ်လန့်သွားခဲ့ရချေသည်။
ကုတင်ပေါ်သို့ တက်လိုက်သည်နှင့် လက်တစ်ဖက်၏ ထိတွေ့မှုကို ခံလိုက်ရသည်မဟုတ်ပါလား။
ထို့အပြင် ထိုလက်က ဆွဲညှစ်လိုက်သေးပေသည်။
ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် တိတ်ဆိတ်သော မိန်းကလေး၏ မျက်နှာမှာ သွေးထွက်မတတ် နီမြန်းသွားရတော့၏။
“တုမင်ယွမ်က ကျွန်တော့်ကို ဒီအခန်းသော့ ပေးလိုက်တာ၊ ကျွန်တော် ရောက်တာနဲ့ ချက်ချင်း ရေဝင်ချိုးနေတာလေ”
ထိုမိန်းကလေးကို မြင်လိုက်ရသည့် ခဏမှာပင် ယောင်ပင်း၏ စိတ်ထဲ၌ အဖြေက ပေါ်လာခဲ့ပြီ ဖြစ်ပေသည်။
“သူတို့က မင်းကို ဒီကိုလာအောင် တမင်တကာ အခန်းသော့ပေးလိုက်တာပဲ... ကျွန်တော်တို့ နှစ်ယောက်ကို အခန်းထဲမှာ အမိဖမ်းဖို့အတွက်.. ”
သူသည် စကားကို အဆုံးထိ မပြောတော့ပေ။
ယောင်ပင်းမှာ ယခုအခါ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေရသည်။ သူသည် ရုတ်တရက် လုံးဝန်းသောအရာတစ်ခုကို ထိမိသွားခဲ့ပြီး မည်သည့်အရာဖြစ်ကြောင်း မသိသေးမီမှာပင် ဆွဲညှစ်မိလိုက်မိသည်။
ပြီးမှသာ ထိုနေရာက တင်ပါးဖြစ်ကြောင်း အတည်ပြုလိုက်နိုင်ခဲ့သည်။
ဤမိန်းကလေးက သူ့ကို အထင်လွဲသွားပေတော့မည်။
သို့သော် တုမင်ယွမ်က သူ့ကို အခန်းသော့ပေးပြီး ပိုင်ယွီကို သုံးကာ ဤမိန်းကလေးကို ဤနေရာသို့ မျှားခေါ်ခဲ့ခြင်းမှာ “လက်ပူးလက်ကြပ် မိစေရန်” အတွက်ဖြစ်ကြောင်း သူ ကောင်းကောင်း သိလိုက်ပေသည်။
အကယ်၍ ယောင်ပင်း၏ ခန့်မှန်းချက်သာ မှန်ကန်ပါက တုမင်ယွမ်သည် သူ့အတွက် မမျှော်လင့်ထားသော “အံ့အားသင့်စရာ” တစ်ခုကို ပြင်ဆင်ထားပြီး ဖြစ်ပေလိမ့်မည်။
တိတ်ဆိတ်သော မိန်းကလေးမှာ ခဏတာ မှင်သက်သွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
သူမက ကုတင်ပေါ်မှ ခုန်ဆင်းကာ တံခါးဆီသို့ ပြေးသွားခဲ့သည်။
“ငါ အမြန်ထွက်သွားမှ ဖြစ်မယ်၊ သူတို့ အခုဆို ရောက်တော့မှာ!”
ထောင်ချောက် ဆင်ပြီးပြီဆိုလျှင် ပိတ်ရမည့်အချိန် ရောက်ပြီမဟုတ်ပါလား။
ထို့အပြင် ယောင်ပင်းမှာ ရေချိုးခန်းသုံး ပုဝါတစ်ထည်သာ ပတ်ထားပြီး သူမမှာလည်း ပါးလွှာသော အိပ်ယာဝင်ဝတ်စုံကို ဝတ်ထား၍ ဤသည်မှာ အထင်လွဲစရာ အလွန်ကောင်းနေပေသည်။
သူမသည် အလျင်စလို ထွက်သွားရန် ပြင်ဆင်သော်လည်း ကုတင်ပေါ်မှ ဆင်းချိန်တွင် သူမ၏ ခန္ဓာကိုယ်အစိုက်အပိုင်း အချို့ ပေါ်ထွက်သွားသည်ကိုမူ သတိမထားမိခဲ့ချေ။
ယောင်ပင်းကတော့ မြင်လိုက်ရပေသည်။
သူ မသိမသာ တံတွေး တစ်ချက် မျိုချလိုက်မိ၏။
ခဏတာ မြင်လိုက်ရခြင်း ဖြစ်သော်လည်း သူ၏ရှေ့မှ မြင်ကွင်းမှာ လွန်စွာ ဆွဲဆောင်မှု ရှိလှပေသည်။
တိတ်ဆိတ်သော မိန်းကလေး တံခါးဝသို့ ရောက်ရုံသာရှိသေးသော်လည်း အပြင်ဘက်မှ ခြေသံများနှင့်အတူ တုမင်ယွမ်၏ အသံမှာ ထွက်ပေါ်လာချေသည်။
“ရှောက်ယောင်၊ ယောင်ပင်းက ဒီအခန်းထဲမှာရှိတာ၊ခဏလေး စောင့်ဦး၊ ငါ တံခါးခေါက်လိုက်မယ်”
ထို့နောက် မိုရှောက်ယောင်၏ အသံ ထွက်ပေါ်လာ၏။
“ကောင်းပြီ၊ ကျေးဇူးတင်ပါတယ်”
တစ်စုံတစ်ယောက်က ကြားဖြတ်၍ ပြောလာသည်။
“တံခါးခေါက်နေဖို့ မလိုပါဘူး၊ ငါ့မှာ အခန်းသော့ ပါတယ်၊ အထဲကို ခိုးဝင်သွားပြီး ရှောက်ယောင်ကို အံ့အားသင့်စရာ ပေးလိုက်ရအောင်”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ရှောက်ယောင် ရုတ်တရက် ပေါ်လာတာကမှ အံ့အားသင့်စရာ ဖြစ်မှာ၊ တံခါးခေါက်နေရင် အံ့အားမသင့်တော့ဘူး”
“ဒါဆို ဘာစောင့်နေတာလဲ၊ တံခါးကို အမြန်ဖွင့်လိုက်လေ!”
…
မကြာမီမှာပင် တစ်စုံတစ်ယောက်က တံခါးဖွင့်ရန် အရှေ့သို့ တိုးလာခဲ့ချေသည်။
တီ!
တံခါးမှ အာရုံခံစနစ်မှာ နှစ်ချက် မြည်သွားပေသည်။
ယောင်ပင်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။
ဤသည်မှာ တုမင်ယွမ် ပြင်ဆင်ထားသော အံ့အားသင့်စရာ ဖြစ်ပေလိမ့်မည်။ အရင်ဆုံး အခန်းကို တမင် မှားပေးခဲ့ပြီးနောက် မိုရှောက်ယောင်ကို ဖိတ်ခေါ်လာကာ သူ့ကို ဤတိတ်ဆိတ်သော မိန်းကလေးနှင့်အတူ အခန်းထဲတွင် ပိတ်မိအောင် လုပ်ခြင်းပင် ဖြစ်ချေသည်။
တိတ်ဆိတ်သော မိန်းကလေးမှာ ထိတ်လန့်သွားပြီး တံခါးကိုလော့ချရန် ပြေးလာခဲ့လေသည်။
သူမ၏ မျက်နှာမှာ နီမြန်းနေပြီး ယောင်ပင်းကို ပျာပျာသလဲ မေးမြန်းလိုက်၏။
“ငါ တံခါးကို ဂျက်ထိုးထားလို့ သူတို့ ချက်ချင်း ဝင်လာလို့ မရသေးဘူး... ဒါပေမဲ့ ငါတို့ ဒီအတိုင်း ပုန်းနေလို့ မရဘူးလေ၊ ဘာလုပ်ကြမလဲ”
သူမ စကားပြောပြီးသည်နှင့် တုမင်ယွမ်၏ အသံမှာ တံခါးဝမှ ထွက်ပေါ်လာလေသည်။
“ယောင်ပင်း၊ ရှောက်ယောင် ရောက်နေပြီ၊ တံခါးဖွင့်လိုက်ဦး”
“ဟုတ်တယ်၊ ရှောက်ယောင်က မင်းကိုတွေ့ဖို့ အထူးလာခဲ့တာ၊ တံခါးကို မြန်မြန်ဖွင့်ပေးပါဦး”
ဒေါက်... ဒေါက်... ဒေါက်...
အော်ဟစ်ခေါ်ဆိုရုံသာမက တစ်စုံတစ်ယောက်က တံခါးကို အဆက်မပြတ် ခေါက်နေပေသည်။
အခြေအနေမှာ အလွန် အရေးကြီးနေချေပြီ။
“ဘာလုပ်ကြမလဲ”
တိတ်ဆိတ်သော မိန်းကလေးမှာ ယောင်ပင်းက တစ်ခုခု ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေမိလေသည်။
ယောင်ပင်းက အဝတ်အစားများကို အမြန်ဝတ်လိုက်ပြီး အခန်းထဲရှိ ဖုန်းကို ကိုင်ကာ ဖုန်းခေါ်လိုက်လေသည်။
“ကျွန်တော် ယောင်ပင်းပါ၊ အခန်းနံပါတ် (၆၀၂) မှာ ရှိနေတာ...”
ဖုန်းချပြီးနောက် ယောင်ပင်းက တိတ်ဆိတ်သော မိန်းကလေးကို မေးလိုက်၏။
“ကျွန်တော့်ကို ယုံလား”
မိန်းကလေးက ခေါင်းငြိမ့်ပြလာသည်။
“ယုံပါတယ်!”
“ဒါဆို စောင့်နေလိုက်”
ယောင်ပင်း၏ အသံမှာ တည်ငြိမ်ပြီး ခိုင်မာနေကာ တုန်လှုပ်ချောက်ချားသည့် အရိပ်အယောင် လုံးဝ မရှိပေ။
တိတ်ဆိတ်သော မိန်းကလေးမှာလည်း ရုတ်တရက် တည်ငြိမ်သွားခဲ့ရချေသည်။
ယောင်ပင်းတွင် သူမကို ချက်ချင်း တည်ငြိမ်သွားအောင် ပြုလုပ်နိုင်သော စွမ်းအားတစ်ခု ရှိနေပုံ ရပေသည်။
သို့သော် ယောင်ပင်းက ဤအခက်အခဲကို မည်သို့ ဖြေရှင်းမည်ကိုမူ သူမ မသိသေးချေ။
“ကျွန်မနာမည်က ချန်ကျီယာပါ၊ တွေ့ရတာ ဝမ်းသာပါတယ်”
အခြေအနေမှာ လွန်စွာ တင်းမာနေသဖြင့် ချန်ကျီယာက စကားစလိုက်ခြင်း ဖြစ်ပေသည်။
“ကျွန်တော်က ယောင်ပင်းပါ၊ တွေ့ရတာ ဝမ်းသာပါတယ်”
ယောင်ပင်းကလည်း အမြန် မိတ်ဆက်လိုက်၏။
ယခုအချိန်တွင် ချန်ကျီယာမှာ ယောင်ပင်း၏ ရှေ့မဝေးသော နေရာ၌ ရပ်နေသဖြင့် သူမ၏ ဝတ်စုံအတွင်းမှ အမည်းရောင် အတွင်းခံနှင့် ဖြူဝင်းသော အသားအရည်ကို သူ ကောင်းကောင်း မြင်နေရပေသည်။
အခန်းထဲတွင် အဲယားကွန်းကို အပြည့်ဖွင့်ထားသော်လည်း ယောင်ပင်းမှာ အကြောင်းရင်းမရှိဘဲ အနည်းငယ် ပူအိုက်လာသလို ခံစားလိုက်ရသည်။
*
အခန်း(80)
ယောင်ပင်း၏ အကြည့်ကို သတိပြုမိသွားသောအခါ ချန်ကျီယာ၏ မျက်နှာမှာ နီမြန်းသွားပြီး ခေါင်းကို အမြန်ငုံ့လိုက်မိကာ ရင်ခုန်သံများမှာလည်း မြန်ဆန်နေလေတော့သည်။
ထူးဆန်းသည်မှာ သူမသည် ယောင်ပင်း၏ အကြည့်ကို မမုန်းတီးမိခြင်းပင်။
အခန်းထဲရှိ လေထုမှာ ရုတ်တရက် ထူးခြားသော ခံစားမှုတစ်ခုသို့ ပြောင်းလဲသွားခဲ့၏။
ထိုအချိန်မှာပင် တံခါးအပြင်ဘက်မှ တည်ငြိမ်ပြီး လေးနက်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။
“လူကြီးမင်းတို့.. ကျွန်တော်က ဒီစံအိမ်ဟိုတယ်ရဲ့ မန်နေဂျာပါ၊ ဒီအခန်းက သခင်ကြီးကော်ရဲ့ ဂုဏ်သရေရှိ ဧည့်သည် တည်းခိုနေတာမို့ သူ့ကို အနှောင့်အယှက် မပေးကြဖို့ မျှော်လင့်ပါတယ်”
အပြင်ဘက်တွင် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ရသည်။
ချန်ကျီယာမှာ ခေါင်းကို မော့ကြည့်လိုက်ပြီး သူမ၏ မျက်နှာမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေကာ ယောင်ပင်းကို စိုက်ကြည့်နေမိလေတော့သည်။
ယွီရှိ့စံအိမ်သည် ပင်းဟိုင်ရှိ ထိပ်တန်းစံအိမ်တစ်ခု ဖြစ်ပြီး ဤနေရာသို့ လာနိုင်သူများသည် အနည်းဆုံး အထက်တန်းလွှာများ ဖြစ်ကြသော်လည်း စံအိမ်အတွင်းရှိ မန်နေဂျာ အဆင့်အတန်းရှိသူမှာတော့ အလွန်နည်းပါးလှပေသည်။
ယောင်ပင်းက ဖုန်းတစ်ချက် ခေါ်လိုက်ရုံဖြင့် ယွီရှို့စံအိမ် ဟိုတယ်မန်နေဂျာက တုမင်ယွမ်တို့ အဖွဲ့ကို တားဆီးရန် အမှန်တကယ် ထွက်လာခဲ့သည်။
ဤယောင်ပင်းက အမှန်တကယ် မည်သူနည်း။
မကြာမီမှာပင် တုမင်ယွမ်၏ ဇဝေဇဝါ ဖြစ်နေပြီး မကျေနပ်သော အသံမှာ အပြင်ဘက်မှ ထွက်ပေါ်လာလေသည်။
“ခင်ဗျား တစ်ခုခု မှားနေပြီထင်တယ်၊ ဒီအခန်းက ကျွန်တော့်သူငယ်ချင်း ယောင်ပင်းရဲ့ အခန်းပါ၊ VIP အခန်း မဟုတ်ပါဘူး.. အပိုတွေပြောမနေနဲ့ တံခါးဖွင့်လိုက်စမ်းပါ၊ ကျွန်တော်တို့ ကြည့်ရအောင်”
သူသည် ထိုမျှ ကောင်းမွန်သော ပြကွက်ကို စနစ်တကျ ပြင်ဆင်ထားခဲ့သည်ဖြစ်ရာ လမ်းတစ်ဝက်တွင် မည်သို့အရှုံးပေးနိုင်ပါမည်နည်း။
တုမင်ယွမ်မှာ လက်မလျှော့လိုသေးပေ။
ထို့နောက် ချက်ချင်းပင် ဟိုတယ်မန်နေဂျာ၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။
“သခင်လေးတု၊ ခင်ဗျားရဲ့ သူငယ်ချင်းက ဘေးခန်းမှာပါ၊ ကျွန်တော် အခန်းသော့ကို ချက်ချင်း ယူခိုင်းလိုက်ပါ့မယ်၊ ခင်ဗျား အထဲဝင်ကြည့်လို့ ရပါတယ်၊ ဒီအခန်းက သခင်ကြီးကော်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်ပိုင်တဲ့ အခန်းဖြစ်လို့ ကျွန်တော်တို့ အလွယ်တကူ အနှောင့်အယှက် မပေးရဲပါဘူး၊ မဟုတ်ရင် သခင်ကြီးကော်က စိတ်ဆိုးပါလိမ့်မယ်”
အပြင်ဘက်တွင် ထပ်မံ၍ တိတ်ဆိတ်သွားပြန်၏။
ယောင်ပင်းက ချန်ကျီယာကို တိုးတိုးလေး ပြောလိုက်သည်။
“ခင်ဗျား ခဏ ဒီမှာ နေဦး၊ ကျွန်တော် တခြားအခန်းကို သွားလိုက်မယ်၊ အခြေအနေ ကြည့်ပြီးမှ ခင်ဗျား အပြင်ထွက်ခဲ့ပါ”
ချန်ကျီယာက ချက်ချင်း ခေါင်းငြိမ့်ပြလိုက်သည်။
“ကောင်းပါပြီ... ဒါပေမဲ့ နင် တခြားအခန်းကို ဘယ်လို သွားမှာလဲ”
ယောင်ပင်းက သူမကို ပြုံးပြလိုက်ပြီး ရေချိုးခန်းထဲသို့ အမြန် ဝင်သွားခဲ့လေသည်။
သူ၏ လက်ရှိ စွမ်းရည်ဖြင့် အခန်းတစ်ခုမှ တစ်ခုသို့ ကူးပြောင်းရန်မှာ အသေးအဖွဲ ကိစ္စတစ်ခုသာ ဖြစ်ပေသည်။
တံခါးအပြင်ဘက်တွင်:
မိုရှောက်ယောင် ယွီရှို့စံအိမ်သို့ ရောက်လာပြီးနောက် တုမင်ယွမ်က မိုရှောက်ယောင်ကို ယောင်ပင်း၏ အခန်းသို့ ခေါ်သွားရန် အကြောင်းပြချက် တစ်ခုကို ချက်ချင်း ရှာတွေ့ခဲ့ချေသည်။
သူသည် ယောင်ပင်းကို အံ့အားသင့်အောင် လုပ်ချင်သည်ဟု ပြောခဲ့သော်လည်း အမှန်စင်စစ်တွင် ယောင်ပင်းကို လက်ပူးလက်ကြပ် အရှက်ခွဲလိုခြင်း ဖြစ်ပေသည်။
ချန်မိသားစုဘက်မှ ယောင်ပင်းကို ဒါရိုက်တာချန်အား သေကြောင်းကြံအောင် လုပ်ခဲ့သူအဖြစ် ကောလာဟလများ ဖြန့်ပြီး “နာမည်ကြီး” အောင် လုပ်ထားပြီး ဖြစ်ပေသည်။ အကယ်၍ မိုရှောက်ယောင်က ယောင်ပင်းသည် အခန်းထဲတွင် အခြားမိန်းကလေးတစ်ဦးနှင့် တစ်ခုခု လုပ်နေသည်ကို မြင်လိုက်ရပါက သူမ မည်သို့ ထင်မြင်မည်နည်း။
ရလဒ်မှာ ထင်ရှားလှပေသည်။
သို့သော် သူတို့ ယောင်ပင်း၏ တံခါးဝသို့ ရောက်ရှိလာချိန်တွင် ဟိုတယ်မန်နေဂျာက ရုတ်တရက် ပေါ်လာပြီး ထိုအခန်းမှာ ဂုဏ်သရေရှိ ဧည့်သည်တစ်ဦး၏ အခန်းဖြစ်ကြောင်းနှင့် ယောင်ပင်းမှာ ဘေးရှိ အခန်းတွဲထဲတွင် ရှိနေကြောင်း ပြောကြားခဲ့ချေသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဘေးခန်းမှာ အဆင့်မြင့် အခန်းတွဲ ဖြစ်ပြီး အနည်းဆုံး တစ်ရက် ကြိုတင် ဘွတ်ကင်လုပ်ရန် လိုအပ်ပေသည်။
ယောင်ပင်းက ထိုအဆင့်မြင့် အခန်းတွဲထဲတွင် မည်သို့ ရောက်ရှိနေနိုင်ပါမည်နည်း။
မကြာမီမှာပင် ဝန်ထမ်းတစ်ဦးက အခန်းသော့ကို ယူဆောင်လာခဲ့လေသည်။
“ငါ လုပ်လိုက်မယ်” တုမင်ယွမ်က သော့ကို ဆွဲယူကာ ဘေးရှိ အခန်းဆီသို့ အမြန်သွားပြီး အခန်းတွဲ၏ တံခါးကို ဖွင့်လိုက်လေတော့သည်။
အခြားသူများကလည်း သူ့နောက်မှ ကပ်၍ လိုက်ပါလာကြ၏။
တုမင်ယွမ်ကဲ့သို့ပင် သူတို့သည်လည်း ယောင်ပင်းက ဘေးရှိ အဆင့်မြင့် အခန်းတွဲထဲသို့ အဘယ်ကြောင့် ရုတ်တရက် ရောက်သွားရသည်ကို ဇဝေဇဝါ ဖြစ်နေကြချေသည်။
မိုရှောက်ယောင်မှာလည်း နားမလည်နိုင်ပေ။ သူမသည် တုမင်ယွမ်နှင့် အခြားသူများမှာ ယနေ့တွင် ထူးဆန်းစွာ ပြုမူနေကြပြီး သူမကို တစ်ခုခု ဖုံးကွယ်ထားသကဲ့သို့ ခံစားနေရပေသည်။
ထိုအချိန်တွင် တုမင်ယွမ်က တံခါးကို ဖွင့်ကာ အခန်းတွဲအတွင်းသို့ အမြန် ပြေးဝင်သွားခဲ့လေသည်။
သူသည်က ထိုအခန်းတွဲကို ကိုယ်တိုင် စစ်ဆေးလိုခြင်း ဖြစ်ပေသည်။
ယောင်ပင်းသည် ဘေးခန်းတွင် ရှိနေသည်မှာ ထင်ရှားသည်။ ဤအခန်းထဲသို့ မျက်လှည့်ပြသလို ရောက်လာနိုင်သည်ကို သူ လုံးဝ မယုံကြည်နိုင်ပေ။
သို့သော် သူတို့ တံခါးဖွင့်လိုက်သည့် ခဏမှာပင် ယောင်ပင်းသည် ရေချိုးသဝါးပုဆိုးကို ပတ်ထားပြီး ဆံပင်များ စိုစွတ်လျက် အပြုံးဖြင့် ထွက်ကြိုလိုက်လေသည်။
“မင်းတို့ ရောက်လာပြီလား”
*
“မင်း ဘာလို့ ဒီအခန်းကို ရောက်နေတာလဲ “
တုမင်ယွမ် မယုံနိုင်စွာ ပြောလိုက်သည်။
“ ကံထူးရှင်အဖြစ် ရွေးချယ်ခံရလို့ပါ”
ယောင်ပင်း တည်ငြိမ်စွာ ပြန်ပြောခဲ့သည်။
“ကံထူးရှင်..?”
“ဘယ်လို ကံထူးရှင်လဲ”
မန်နေဂျာကလည်း အရိပ်အကဲကိုကြည့်ကာ ဝင်ပြောလာသည်။
“သူ့ရဲ့ မွေးသက္ကရာဇ်အရ ရွေးချယ်ခဲ့တာပါ..”
“ယောင်ပင်းရဲ့ မွေးနေ့က ထူးခြားလို့လား”
“ဟုတ်ပါတယ်... မစ္စတာယောင်ရဲ့ မွေးနေ့က ကျွန်တော်တို့ ယွီရှိုံ့စံအိမ် တည်ထောင်ခြင်း အနှစ် (၃၀) ပြည့် အထိမ်းအမှတ် မတိုင်ခင် တစ်လအလိုမှာ ကျရောက်နေတာမို့လို့ပါ”
တုမင်ယွမ်က အသေးစိတ်အချက်အလက်များကို သိလိုသဖြင့် ထပ်မံမေးမြန်းသော်လည်း မန်နေဂျာကမူ တည်ငြိမ်စွာပင် ပြန်လည်ဖြေခဲ့လေသည်။
မန်နေဂျာအနေဖြင့် နားမလည်နိုင် ဖြစ်နေရချေ၏။ ယောင်ပင်းသည်က ကော်မိသားစု၏ VIP ကတ်ကို ကိုင်ဆောင်ထားသူဖြစ်ပြီး အခွင့်ထူးအားလုံးကို ခံစားပိုင်ခွင့်ရှိသည်။
ထိုအကြောင်းကို ဤသခင်လေး၊ သခင်မလေးများအား အဘယ်ကြောင့် အမှန်အတိုင်း မပြောသနည်း။
အဘယ်ကြောင့် ဤမျှအထိ ဒုက္ခခံကာ ဖုံးကွယ်နေရသနည်း။
သို့သော် ယောင်ပင်းက သူ့ကို မပြောရန် တားမြစ်ထားသဖြင့် သူသည်လည်း မပြောရဲပေ။
ထို့ကြောင့် သူသည်က လိမ်ညာမှုအတွက်သာ ကူညီဖုံးကွယ်ပေးနေရတော့သည်။
တုမင်ယွမ်မှာ ဆွံ့အသွားရချေ၏။
အခြားသူများမှာလည်း ဇဝေဇဝါ ဖြစ်နေကြပုံ ရပေသည်။
သို့သော် သူတို့သည် တစ်စုံတစ်ရာကိုမျှ သံသယမဝင်မိကြချေ။
အဘယ်ကြောင့်ဆိုသော် သူတို့၏အမြင်တွင် ယောင်ပင်းမှာ ငမွဲတစ်ယောက်သာ ဖြစ်ပေသည်။ ဂုဏ်သရေရှိလှသော ယွီရှို့စံအိမ်က ငမွဲတစ်ယောက်အတွက် အဘယ်ကြောင့် ချွင်းချက်ပြုလုပ်ပေးရမည်နည်း
ဖြစ်နိုင်သည်မှာ ယောင်ပင်းသည် ကံကောင်းသွားခြင်းသာ ဖြစ်ပေလိမ့်မည်။
“ငါတို့ အားလုံး အဆင်သင့် ပြင်ထားတာကို၊ ဒီကောင်က ဒီလောက် ကံကောင်းပြီး နောက်ဆုံးမိနစ်မှ အခန်းအပြောင်းခံရလိမ့်မယ်လို့ မထင်ထားမိဘူး!”
သူ၏ ရည်မှန်းချက် မအောင်မြင်သဖြင့် တုမင်ယွမ်၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းနေချေသည်။
သို့သော် အခြေအနေက ဤသို့ဖြစ်သွားပြီဖြစ်ရာ သူသည် လက်လျှော့လိုက်ရုံသာ ရှိတော့၏။
မည်သို့ပင်ဖြစ်စေ သူတို့သည် ယွီရှို့စံအိမ်တွင် မနက်ဖြန်အထိ ရှိနေဦးမည်ဖြစ်ရာ သူ့အတွက် အစီအစဉ်ဆွဲရန် အချိန်များစွာ ရှိနေသေးပေသည်။
တည်ထောင်ခဲ့သည်မှာ အနှစ် (၃၀) ရှိပြီဖြစ်သော ယွီရှို့စံအိမ်သည်က ပင်းဟိုင်မြို့၏ အကောင်းဆုံး အပန်းဖြေစခန်းဖြစ်ပြီး ပြည့်စုံသော အထောက်အပံ့များနှင့် လှုပ်ရှားမှုများစွာ ရှိသဖြင့် ချမ်းသာသော မိသားစုများအတွက် ပထမဆုံး ရွေးချယ်စရာ ဖြစ်ပေသည်။
ရောက်ရှိလာကြသူများမှာလည်း အသက်အရွယ် တူညီကြသည့်အပြင် ပျော်ရွှင်စရာ လှုပ်ရှားမှုများစွာ ရှိနေသဖြင့် သူတို့သည် စနောက်ရင်းဖြင့်ပင် တစ်ဦးနှင့်တစ်ဦး လျင်မြန်စွာ ရင်းနှီးသွားကြသည်။
နေကာမျက်မှန်နှင့် မိန်းကလေးမှာ ပိုင်ယွီဖြစ်ကြောင်း၊ ဆံပင်ကောက်ကောက်နှင့် မိန်းကလေးမှာ လီရှောင်ယန်ဖြစ်ကြောင်းနှင့် ကျန်ရှိသော လူငယ်များမှာ သခင်လေးမာနှင့် သခင်လေးဝူတို့ကဲ့သို့သော သူများဖြစ်ကြောင်း ယောင်ပင်း သိလိုက်ရပေသည်။
ဤသူများမှာ အထက်တန်းလွှာမှ ကလေးများဖြစ်ကြပြီး ကျောင်းတစ်ကျောင်းတည်းတွင် တက်ရောက်နေကြသူများ ဖြစ်ပေသည်။ ပိုင်ယွီ၊ လီရှောင်ယန်နှင့် မိုရှောက်ယောင်တို့မှာ အတန်းဖော်များသာမက ငယ်သူငယ်ချင်းများလည်း ဖြစ်ကြပြီး ချန်ကျီယာကိုတော့ ပိုင်ယွီက ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။
ချန်ကျီယာ၏ ရှေ့တွင် ပိုင်ယွီက အမြဲတမ်း ဗိုလ်ကျတတ်လေ၏။
ကံကောင်းသည်မှာ ချန်ကျီယာက စိတ်သဘောထားကောင်းပြီး တစ်ခါမျှ စိတ်မဆိုးဘဲ အမြဲတမ်း ပြုံးနေတတ်ခြင်းပင် ဖြစ်ပေသည်။
သို့သော် ယောင်ပင်းနှင့် မျက်လုံးချင်း ဆုံမိတိုင်း ချန်ကျီယာက မျက်နှာနီမြန်းသွားကာ အကြည့်ကို အမြန်လွှဲလိုက်ပြီး သူ့ကို အကြာကြီး မကြည့်ရဲပေ။
မိုရှောက်ယောင်မှာတော့ ယွီရှို့စံအိမ်သို့ ရောက်ရှိလာချိန်မှစ၍ ယောင်ပင်း၏ ဘေးတွင်သာ ကပ်နေခဲ့ပြီး သူတို့၏ ဆက်ဆံရေးမှာ အလွန်ရင်းနှီးနေပုံ ရပေသည်။
“ရှောက်ယောင်၊ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဘယ်လိုနေလဲ၊ ထူးထူးခြားခြား တစ်ခုခုရှိလား”
ယောင်ပင်းက မိုရှောက်ယောင်၏ အခြေအနေကို စိုးရိမ်သဖြင့် တိုးတိုးလေး မေးမြန်းလိုက်၏။
“အခုတလော အများကြီး သက်သာလာပါပြီ၊ အိပ်ပျော်နေရင်း လမ်းမလျှောက်တော့ဘူး”
မိုရှောက်ယောင်က ပတ်ဝန်းကျင်ကို အကဲခတ်ရင်း အသံတိုးတိုးဖြင့် ဆိုလေသည်။
“အဲဒီအရာကလည်း အများကြီး သေးသွားပြီ”
ထိုအရာကို ပြောလိုက်သောအခါ မိုရှောက်ယောင်၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားရတော့၏။
ယောင်ပင်းသည်က သူမနှင့် အလွန်နီးကပ်သော နေရာတွင် ရှိနေသဖြင့် သူမဆီမှ သင်းပျံ့သော ရနံ့လေးကို ရရှိနေသည့်အပြင် ရှက်သွေးဖြာနေသော သူမ၏ အမူအရာကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲတွင် လှုပ်ရှားသွားရချေသည်။
ထိုနေ့က မိုရှောက်ယောင်၏ အခန်းထဲတွင် သူမြင်တွေ့ခဲ့ရသော မြင်ကွင်းမှာလည်း စိတ်ထဲတွင် အလိုလို ပေါ်ထွက်လာခဲ့သဖြင့် သူ၏ စိတ်လှုပ်ရှားမှုမှာ ပိုမို တိုးပွားလာခဲ့ရပေသည်။
တုမင်ယွမ်နှင့် အခြားသူများက ထိုမြင်ကွင်းကို မြင်တွေ့သွားကြချေသည်။
သူတို့၏ မျက်နှာများမှာ အေးစက်သွားကြ၏။
အထူးသဖြင့် ပိုင်ယွီနှင့် လီရှောင်ယန်တို့ပင် ဖြစ်ပေသည်။
သူတို့၏အမြင်တွင် မိုရှောက်ယောင်ကဲ့သို့သော မြင့်မြတ်သည့် အဆင့်အတန်းရှိသူသည် အထက်တန်းလွှာမှ လူတစ်ဦးနှင့်သာ ထိုက်တန်ပေသည်။
ယောင်ပင်းကဲ့သို့သော ဆင်းရဲသားတစ်ယောက်အပေါ် သူမက အဘယ်ကြောင့် စိတ်ဝင်စားရမည်နည်း။
ဒီယောင်ပင်းမှာ ဘာတွေများ ဆွဲဆောင်မှုရှိနေလို့လဲ။
*