← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း။ ၅၅

ညနေခင်းတွင် လေ့ကျင့်မှုများပြီးဆုံးသောအခါ ကုယွမ်သည် တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေတော့သည်။ သူသည် ရေချိုးသန့်စင်ပြီး အဝတ်အစားလဲလှယ်ကာ ကုရွာသို့ပြန်ရန် အိမ်ရာမှ ထွက်ခွာလာခဲ့သည်။

ချန်ကုန်းလမ်းကြားမှ ထွက်လာပြီး မကြာမီမှာပင် ကုယွမ်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး မျက်လုံးအစွန်းဖြင့် ဝေ့ကြည့်ကာ ပါးစပ်ထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

စိတ်ဝင်စားစရာပဲ။ တစ်ယောက်ယောက်က ငါ့နောက်ကို တကောက်ကောက် လိုက်နေတာကိုး။ ဘယ်သူဖြစ်မလဲ... ချန်အိမ်တော်ကလူလား ဒါမှမဟုတ် စိမ်းလန်းတဲ့ဝါးဂိုဏ်းကလား

သူ့နောက်သို့ လူလိုက်နေသည်ကို သိသော်လည်း ကုယွမ်သည် ဂရုမစိုက်ဘဲ ဘာမျှမသိသကဲ့သို့သာ ဆက်လက်လျှောက်လှမ်းနေခဲ့သည်။ ပိုင်လျန်မြို့တံခါးမှ ထွက်ခွာလာပြီးနောက် လူသူကင်းဝေးသည့် နေရာတစ်ခုသို့ ရောက်ရှိသောအခါမှ ကုယွမ်သည် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

အကြောင်းမှာ သူ၏ရှေ့ လမ်းမထက်တွင် လူတစ်ဦးက ဆီးကြိုရပ်နေသောကြောင့်ပင်။

ထိုသူသည် ပိုးထည်ဝတ်ရုံကို ဆင်မြန်းထားပြီး ခပ်ဝဝပုံစံရှိသည်။ အရပ်မရှည်သော်လည်း မျက်နှာဝိုင်းဝိုင်းနှင့် သဘာဝအတိုင်း ပျော်ရွှင်နေသည့်ဟန် ပေါက်နေကာ မျက်လုံးများမှာလည်း ပြုံးနေသကဲ့သို့ မှေးစင်းနေ၏။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ချန်အိမ်တော်မှ အိမ်တော်ထိန်းဝူပင်။

"ဪ... အိမ်တော်ထိန်းဝူပါလား"

ကုယွမ်က အံ့အားသင့်သည့်ဟန်ဆောင်ကာ "ဒီကို ဘယ်လိုရောက်နေတာလဲ" ဟု မေးလိုက်သည်။

"လူငယ်လေးကု... မင်းကို ရှာရတာ ဒီအဘိုးကြီး တော်တော်လေး ပင်ပန်းသွားတယ်..."

အိမ်တော်ထိန်းဝူက ကုယွမ်ကို အထက်အောက်ကြည့်ကာ ရွှင်ပြနေသကဲ့သို့ ရှိသော်လည်း ကုယွမ်အတွက်မူ ထိုအပြုံးမှာ လုပ်ယူထားသော အပြုံးဖြစ်ပြီး မလိုမုန်းထားမှုများ ရောယှက်နေသည်ကို ခံစားလိုက်ရသည်။

အမှန်စင်စစ်တွင်လည်း ထိုသို့ပင်။ ကုယွမ်နှင့် နောက်ဆုံးတွေ့ဆုံခဲ့ချိန်မှစ၍ အိမ်တော်ထိန်းဝူသည် နောင်ရေးအတွက် အန္တရာယ်မရှိစေရန် အမြစ်ပြတ်ရှင်းလင်းပစ်ရန် ဆုံးဖြတ်ထားခဲ့သည်။ ထို့ကြောင့် ကုယွမ်ကို စောင့်ကြည့်ရန် လူလွှတ်ထားပြီး သင့်တော်သည့်အချိန်တွင် တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သော်လည်း ကုယွမ်က ကျောက်စိမ်းအိုးမျှော်စင်၏ တာဝန်ဖြင့် မြို့ပြင်သို့ ထွက်ခွာသွားခဲ့သဖြင့် သူ၏အစီအစဉ်များအားလုံး ပျက်ပြားခဲ့ရသည်။

ယမန်နေ့က ကျောက်စိမ်းအိုးမျှော်စင်အနီးရှိ ကင်းထောက်များထံမှ ကုယွမ်ပြန်ရောက်လာပြီဖြစ်ကြောင်း သတင်းရရချင်းတွင် အိမ်တော်ထိန်းဝူသည် ၎င်း၏အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး ဤတစ်ကြိမ်တွင်မူ သူကိုယ်တိုင်ပင် အရေးယူရန် လာခဲ့ခြင်းပင်။

"ကြည့်ရတာ ဒီမှာစောင့်နေတာ ကြာပြီထင်တယ်။ ဒါနဲ့ ဘာကိစ္စများ ရှိလို့လဲ"

ကုယွမ်က လက်သန်းဖြင့် နားကိုအေးအေးဆေးဆေး ကလော်ရင်း ဘာကိုမျှ ဂရုမစိုက်သည့်ဟန်ဖြင့် မေးလိုက်သည်။ ၎င်းကိုမြင်သောအခါ အိမ်တော်ထိန်းဝူမှာ မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရိပ်မိလိုက်သည်။

ဤလူငယ်လေးမှာ ယခင်နှင့်မတူဘဲ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေသည်ကို တွေ့ရသောကြောင့်ပင်။

သူသည် အလျင်စလို မလှုပ်ရှားသေးဘဲ စိတ်ထဲမှ တွေးတောလျက် သံသယဖြစ်နေသော်လည်း "မှန်တယ် ငါ မင်းကို တမင်စောင့်နေတာပါ" ဟု ပြန်ပြောလိုက်သည်။

"ဘာအတွက် စောင့်နေတာလဲ။ အမြစ်ပြတ်ရှင်းလင်းပြီး ငါ့ကို သတ်ပစ်ဖို့ စောင့်နေတာတော့ မဟုတ်ပါဘူးနော်"

ကုယွမ်က ပြုံးစစဖြင့် ဆိုသည်။

"ဟောဗျာ... လူငယ်လေးကု ဘာလို့ အဲဒီလို ပြောရတာလဲ။ ငါ့မှာ အဲဒီလို အတွေးမျိုး လုံးဝမရှိပါဘူး"

ကုယွမ်၏ စကားကြောင့် အိမ်တော်ထိန်းဝူ၏ မျက်နှာမှာ ပျက်မသွားသော်လည်း ရင်ထဲ၌မူ စိုးရိမ်ပူပန်မှု အနည်းငယ် ဝင်လာခဲ့သည်။

"တော်ပြီ... စကားတွေ အများကြီး ပြောမနေပါနဲ့တော့"

ကုယွမ်သည် အကျယ်တဝင့် ရှင်းပြရန် မလိုအပ်ဟု ယူဆသဖြင့် လက်ကာပြလိုက်ကာ "အိမ်တော်ထိန်းဝူ... ကျွန်တော်တို့ နှစ်ယောက်လုံးက လူလည်တွေပဲဟာ။ ဒါကြောင့် ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်"

သူက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

"ကျွန်တော် တကယ် သိချင်မိတယ်။ ခင်ဗျား ကျွန်တော့်ကို သတ်ဖို့ ဒီကိုလာတာကို ခင်ဗျားတို့ရဲ့ သခင်လေးချန် သိရဲ့လား"

အိမ်တော်ထိန်းဝူ၏ မျက်နှာထက်မှ အပြုံးများ နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့သည်။ အမြဲလိုလို ရွှင်ပြနေတတ်သော သူ၏မျက်နှာတွင် အေးစက်မှုများ ဖုံးလွှမ်းသွားကာ ခက်ထန်သော အကြည့်များဖြင့် စိုက်ကြည့်နေတော့သည်။

သူသည် မြေခွေးအိုတစ်ကောင် ဖြစ်သည့်အားလျော်စွာ ကုယွမ်သည် သူ၏ ရည်ရွယ်ချက်ကို သိရှိပြီးဖြစ်ကြောင်း ကောင်းစွာ နားလည်လိုက်သည်။ တည်ငြိမ်လွန်းနေသော ကုယွမ်၏ ဟန်ပန်မှာ တစ်စုံတစ်ခုကို ဖော်ပြနေသကဲ့သို့ပင်။

"သူ့ကိုသတ်ဖို့ လာတာမှန်း သိနေရဲ့သားနဲ့ ဘာလို့ ဒီလောက်အထိ တည်ငြိမ်နေနိုင်ရတာလဲ။ ဒီကောင်လေးရဲ့ ယုံကြည်မှုတွေက ဘယ်ကနေ ရောက်လာတာလဲ။ ဒါတင်မကဘူး... ဒီတစ်ခါ ကုယွမ်ကို အပြတ်ရှင်းဖို့ ငါ တကယ်ကို သတိထားခဲ့တာပါ။ ငါကိုယ်တိုင် လိုက်လာရုံတင်မကဘဲ ပိုက်ဆံအမြောက်အမြား အကုန်အကျခံပြီး သိုင်းဆရာတစ်ယောက်ကိုပါ ငှားခဲ့တာလေ။ ဒါပေမဲ့ အခုအချိန်အထိ ငါစီစဉ်ထားတဲ့ အဲဒီလူက ဘာလှုပ်ရှားမှုမှ မရှိသေးဘူး..."

"အိမ်တော်ထိန်းဝူ... ခင်ဗျားလူက ဘာလို့ အခုထိ လှုပ်ရှားမှုမရှိတာလဲဆိုတာ တွေးပြီး ဇဝေဇဝါ ဖြစ်နေတာလား"

အိမ်တော်ထိန်းဝူ၏ စိတ်ကို ဖတ်မိသည့်အလား ကုယွမ်က သွားဖြူဖြူလေးများ ပေါ်သည်အထိ ပြုံးပြလိုက်ကာ "ရိုးရိုးလေးပါပဲ ခင်ဗျား ကျွန်တော်နဲ့ စကားပြောနေတဲ့အချိန်မှာပဲ ခင်ဗျားလူက ကျွန်တော့်လက်အောက်ငယ်သားရဲ့ လက်ချက်နဲ့ အရှင်းခံလိုက်ရပြီလေ"

အိမ်တော်ထိန်းဝူ ဘာမျှ ပြန်မပြောနိုင်တော့ချေ။ အကြောင်းမှာ သူ၏ဘဝတွင် တစ်သက်တာ မေ့ပျောက်နိုင်တော့မည်မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသောကြောင့်ပင်။

သံမဏိရောင် သန်းနေသော ကြောက်မက်ဖွယ် ကင်းခြေများကြီးတစ်ကောင်သည် လမ်းဘေးချုံပုတ်များအတွင်းမှ လူတစ်ဦးကို တရွတ်တိုက် ဆွဲထုတ်လာသည်။ ထိုသူမှာ သန်မာထွားကြိုင်းပြီး ကြောက်စရာကောင်းသော ရုပ်ရည်ရှိသူ ဖြစ်သော်လည်း ယခုအခါတွင်မူ မျက်နှာရှိ အပေါက်များမှ သွေးများထွက်ကာ ခန္ဓာကိုယ်မှာ တောင့်တင်း၍ အသက်ကင်းမဲ့နေပြီ ဖြစ်သည်။

"ဘာ... မိစ္ဆာပိုးကောင်လား။ မင်းက မိစ္ဆာတွေကို ထိန်းချုပ်နိုင်တာလား။ ဒါ... ဒါမဖြစ်နိုင်တာ"

ကြီးမားလှသော ကင်းခြေများကို မြင်လိုက်ရသည့်အခါ အိမ်တော်ထိန်းဝူ၏ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားတော့သည်။

ခေတ္တမျှ ကြာအောင် ဆွံ့အသွားပြီးနောက် သူက ခြောက်ကပ်သော အသံဖြင့် ဆိုသည်။

"ကောင်းပြီ... ငါ မင်းကို အထင်သေးခဲ့မိတာပဲ။ ဒီနေ့တော့ ငါ အရှုံးပေးရပြီ ဒါပေမဲ့..."

သူ စကားပြောနေစဉ် ကုယွမ်က အာရုံစိုက် နားထောင်နေသည်ကို မြင်သည်နှင့် သူ၏ အကြည့်များမှာ ရက်စက်သွားကာ လက်ကို ဝှေ့ယမ်း၍ အဆိပ်အပ် ဒါဇင်ဝက်ခန့်ကို ကုယွမ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးသို့ ပစ်လွှတ်လိုက်သည်။ ထိုအပ်များမှာ မှောင်မိုက်သော အလင်းတန်းများ ထွက်ပေါ်နေကာ အဆိပ်လူးထားခြင်းမှာ သိသာသည်။

အဆိပ်အပ်များကို ပစ်လွှတ်ပြီးနောက် အိမ်တော်ထိန်းဝူသည် ရလဒ်ကိုပင် မကြည့်တော့ဘဲ လှည့်၍ ထွက်ပြေးတော့သည်။ မိစ္ဆာကို ထိန်းချုပ်နိုင်စွမ်းရှိသော ဤကျေးတောသား လူငယ်မှာ သူ၏ ထင်မှတ်ထားချက်ထက် များစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

ယခု သူ၏ စိတ်ထဲတွင် ကုယွမ်ကို သတ်ရန်ထက် ဤနေရာမှ အမြန်ဆုံး လွတ်မြောက်ရန်သာ အဓိက ဖြစ်နေတော့သည်။ ဤသတင်းကို အိမ်တော်သခင်ထံ သတင်းပို့နိုင်ရန်သာ သူ အာရုံစိုက်နေမိသည်။

"ပြေးချင်တာလား"

ကုယွမ်က တိုးညင်းစွာ လှောင်ပြုံးပြလိုက်ပြီး ဓားကို အိမ်မှ ဆွဲထုတ်လိုက်သည်။ ဓားချက်အနည်းငယ်ဖြင့်ပင် ရောက်ရှိလာသော အဆိပ်အပ်အားလုံးကို ပယ်ဖျက်လိုက်ပြီးနောက် မြွေလွင့်ခြေလှမ်းကို အသုံးပြု၍ အေးအေးဆေးဆေးပင် နောက်မှ လိုက်လံဖမ်းဆီးသည်။

အိမ်တော်ထိန်းဝူသည် ခြေလှမ်းနှစ်လှမ်းမျှသာ ပြေးရသေးသော်လည်း သူ၏ ခြေထောက်များမှာ လေးလံလာကာ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုနာကျင်မှုကြောင့် သူ ခြေလှမ်းများ ရပ်တန့်သွားရသည်။ ထိုအခါမှသာ ကြောင်တစ်ကောင်ခန့် ကြီးမားသော ကြွက်နက်ကြီးတစ်ကောင်သည် သူ၏ ခြေထောက်ကို ကုပ်တွယ်၍ ရက်ရက်စက်စက် ကိုက်ခဲနေသည်ကို မြင်လိုက်ရတော့သည်။

ထိုကြွက်၏ လက်သည်းများမှာ ဓားသွားကဲ့သို့ ထက်မြက်ပြီး ခြေထောက်ကို ချိတ်သကဲ့သို့ ခိုင်မြဲစွာ ဆုပ်ကိုင်ထားကာ အရိုးအထိ မြင်ရသော ဒဏ်ရာကြီးများကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် ၎င်း၏ အပြာရောင် သွားကြီးနှစ်ချောင်းမှာ အသားစိုင်များကို ကြမ်းတမ်းစွာ ကိုက်ဖဲ့နေတော့သည်။

"အား"

အိမ်တော်ထိန်းဝူသည် နာကျင်လွန်းသဖြင့် အော်ဟစ်ကာ ထိုကြွက်ကြီးကို လက်ဖဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ သို့သော် ကြွက်၏ အမွှေးအမျှင်များမှာ အလွန်မာကျောလှသဖြင့် သံတုံးတစ်တုံးကို ရိုက်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ကြွက်မှာမူ ဘာမျှမဖြစ်ဘဲ ခေါင်းကိုသာ ခါယမ်း၍ အသံပေးနေသည်။

သို့သော် ထိုသို့ အနှောင့်အယှက်ဖြစ်သွားပြီး ခြေထောက်မှ အသားစိုင်များ အကိုက်ခံလိုက်ရခြင်းကြောင့် အိမ်တော်ထိန်းဝူမှာ ဆက်လက်ထွက်ပြေးရန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ကုယွမ်သည် မြွေတစ်ကောင်ကဲ့သို့ သွက်လက်စွာဖြင့် သူ၏အနားသို့ ရောက်ရှိလာသည်။

ရွှီးခနဲ...

ဓားအလင်းတန်း တစ်ချက် ဝင်းခနဲ ဖြစ်သွားပြီးနောက် အိမ်တော်ထိန်းဝူသည် သူ၏ ခြေထောက်များတွင် အေးစိမ့်မှုကို ခံစားလိုက်ရသည်။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သူ၏ ခြေထောက်များမှာ ခန္ဓာကိုယ်မှ ပြတ်တောက်သွားပြီး သွေးများ ပန်းထွက်နေသည်ကို တွေ့လိုက်ရတော့သည်။ သူသည် စူးရှစွာ အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

အခန်း။ ၅၆

ကုယွမ်သည် ၎င်း၏ဓားဖျားဖြင့် အိမ်တော်ထိန်းဝူ၏ လည်ပင်းကို ချိန်ရွယ်လိုက်ပြီး "အဘိုးကြီး... အခုရော ဘာပြောစရာ ရှိသေးလဲ" ဟု မေးလိုက်သည်။

"ဟက်... ကောင်းတယ် အရမ်းကောင်းတယ်"

မြေပြင်ပေါ်တွင် ခေတ္တမျှ လူးလိမ့်နေပြီးနောက် သူရှေ့ရှိ အေးစက်လှသော ဓားသွားကို ကြည့်ရင်း အိမ်တော်ထိန်းဝူသည် ရင်ထဲတွင် ခါးသီးမှုကို ခံစားလိုက်ရသည်။ သူသည် ကုယွမ်ကို စိုက်ကြည့်ကာ အံကြိတ်လျက် ဆိုသည်။

"ငါ မင်းကို တကယ်ပဲ အထင်သေးခဲ့မိတာပဲ။ အဲဒီတုန်းက ခေတ္တခဏလေး ပေါ့လျော့မိခဲ့တာက ငါ့အတွက် ဒီလောက်ကြီးမားတဲ့ ဘေးဒုက္ခ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

သူသည် ဦးနှောက်ရှိသူ ဖြစ်သည့်အားလျော်စွာ အချို့သောအချက်များကို ချက်ချင်းပင် ရိပ်မိနားလည်သွားခဲ့သည်။ လွန်ခဲ့သော နှစ်လခန့်က ကုယွမ်သည် ခွေးဆိုးတစ်ကောင်၏ ကိုက်ခဲခြင်းကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့စဉ်က သိုင်းပညာကို လေ့ကျင့်နိုင်စွမ်း မရှိသေးသည်မှာ အသေအချာပင်။ သို့သော် ယခုအခါတွင်မူ ကုယွမ်၏ စွမ်းရည်မှာ သိသိသာသာ တိုးတက်လာသည့်အပြင် မိစ္ဆာများကိုပင် စေခိုင်းနိုင်စွမ်း ရှိနေပြီဖြစ်သည်။

ဤနှစ်လအတွင်း ကုယွမ်သည် ထူးခြားသော ကံကောင်းမှု သို့မဟုတ် အခွင့်အရေးတစ်ရပ်ကို ကြုံတွေ့ခဲ့ရမည်မှာ ဧကန်မလွဲပင်။ ထိုအချက်ကို တွေးမိသည့်အခါ သူသည် အလွန်အမင်း နောင်တရမိတော့သည်။

အကယ်၍သာ အစကတည်းက ဤကောင်လေးကို အမြစ်ပြတ် ရှင်းလင်းခဲ့မည်ဆိုပါက ယခုကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရမည် မဟုတ်ချေ။ သို့သော် လောကတွင် အကယ်၍ဆိုသော စကားလုံးမှာ နောင်တရချိန်၌ အသုံးမဝင်တော့ပေ။

ကုယွမ်၏ လက်ထဲရှိ ဓားမှာ ငြိမ်သက်နေပြီး ထက်မြက်သော ဓားဖျားမှာ အိမ်တော်ထိန်းဝူ၏ လည်ပင်းအရေပြားနှင့် ထိကပ်နေကာ သွေးစအနည်းငယ်ပင် ထွက်ပေါ်နေပြီဖြစ်သည်။

သူက ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်သည်။

"ခင်ဗျားရဲ့ အခြေအနေကို ခင်ဗျား သိမှာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မေးခွန်းအချို့ကို ဖြေမယ်ဆိုရင်တော့ ခင်ဗျားကို ဝေဒနာမခံစားရဘဲ မြန်မြန်ဆန်ဆန် အဆုံးစီရင်ပေးမယ်လို့ ကတိပေးတယ်"

ဤအဘိုးကြီးကို လွှတ်ပေးရန်မှာ မဖြစ်နိုင်သော ကိစ္စပင်။ ခါးသီးသော ရန်ငြိုးများ ရှိနေပြီဖြစ်ရာ ၎င်းကို လွှတ်ပေးမည်ဟု ဆိုလျှင်ပင် မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။ သို့သော် အမြန်ဆုံး သေဆုံးခွင့်ပေးရန်မှာမူ ကုယွမ်အတွက် အရေးမကြီးလှပေ။

အိမ်တော်ထိန်းဝူသည် ခေတ္တမျှ ဆွံ့အသွားသည်။ သူအနေဖြင့် သေဘေးမှ မလွတ်နိုင်တော့ကြောင်း သိရှိသွားသည့်အခါ သူက အေးစက်စွာ ရယ်မောလိုက်ပြီး

"သတ်ချင်ရင် သတ်လိုက်စမ်းပါ။ ငါက ငယ်ငယ်ကတည်းက ချန်အိမ်တော်မှာ အလုပ်အကျွေး ပြုခဲ့တာ။ သခင်ကြီးနဲ့ သခင်မကြီးတို့က ငါ့အပေါ် အမြဲတမ်း စေတနာထားခဲ့ကြတယ်။ ငါက သေမှာကြောက်လို့ ချန်အိမ်တော်ကို သစ္စာဖောက်လိမ့်မယ်လို့ မင်း ထင်နေတာလား"

ဤအဘိုးကြီးမှာ ခေါင်းမာနေဆဲဖြစ်သည်ကို မြင်သော်လည်း ကုယွမ်က အံ့ဩခြင်းမရှိဘဲ တည်ငြိမ်စွာပင် ပြန်လည်တုံ့ပြန်လိုက်သည်။

"ခင်ဗျားက သေမှာ မကြောက်ဘူး ဆိုပါတော့... ဒါပေမဲ့ ခင်ဗျား သေပြီးနောက်မှာ ခင်ဗျားရဲ့ သားသမီး မြေးမြစ်တွေကရော... သူတို့ကရော သေမှာ မကြောက်ဘူးလို့ ထင်လား"

"..."

အိမ်တော်ထိန်းဝူသည် ချက်ချင်းပင် နှုတ်ဆိတ်သွားတော့သည်။ သူကိုယ်တိုင်မှာ သေဘေးကို မမှုသော်လည်း သူ၏ သားမြေးများမှာမူ သူ၏ အားနည်းချက်ပင်။ ကုယွမ်ကဲ့သို့ ရက်စက်သောသူက နောင်ရေးအတွက် အန္တရာယ်မရှိစေရန် မျိုးဖြုတ်ရှင်းလင်းမည်ဆိုပါက အရာအားလုံး နောက်ကျသွားပေလိမ့်မည်။

"ကောင်းပြီလေ..."

အတော်ကြာပြီးနောက် အိမ်တော်ထိန်းဝူက အက်ကွဲသော အသံဖြင့် ဆိုသည်။

"ငါ မင်းကို အချို့အချက်တွေ ပြောပြမယ်။ ဒါပေမဲ့ ငါ့မိသားစုကိုတော့ ရန်မရှာပါဘူးလို့ မင်း ကတိပေးရမယ်။ သူတို့က ဘာမှမသိတဲ့ အပြစ်မဲ့သူတွေပါ"

အပြစ်မဲ့သူတွေ ဟုတ်လား...

ကုယွမ်က စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိသည်။ အိမ်တော်ထိန်းဝူသည် ချန်အိမ်တော်၏ ခွေးတစ်ကောင်ကဲ့သို့ အမှုထမ်းရင်း မကောင်းမှုများစွာကို ပြုလုပ်ခဲ့မည်မှာ အသေအချာပင်။

သူ၏ မိသားစုသည်လည်း ထိုမကောင်းမှုများမှ ရရှိလာသော အကျိုးကျေးဇူးများကို ခံစားနေကြသူများဖြစ်ရာ သုတို့ကို အပြစ်မဲ့သည်ဟု ပြောရန်မှာ ခဲယဉ်းသည်။ သို့သော် ကုယွမ်သည် မလိုအပ်ဘဲ သွေးချောင်းစီးရန် အလိုမရှိသဖြင့် ထိုကတိကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။

အကျိုးအကြောင်းတရားတို့၏ အကျိုးဆက်အရ အိမ်တော်ထိန်းဝူသည် ဘေးဒုက္ခနှင့် ရန်သူများကို ဖိတ်ခေါ်ခဲ့သည်ဖြစ်ရာ သူ၏မိသားစုဝင်များပါ ပတ်သက်ဆက်နွှယ်သွားခြင်းမှာ ကျိုးကြောင်းဆီလျော်သည်။

ဇာတ်ခုံပေါ်သို့ ခြေချမိသည်နှင့်အမျှ ဤအသိတရားရှိထားရမည်ဖြစ်ပြီး ပြင်ဆင်မှုအချို့လည်း ပြုလုပ်ထားရမည်ဖြစ်သည်။ လောကီထုံးတမ်းအရ အုပ်ချုပ်သော မင်းဆက်များတွင်ပင် တစ်ဦးတစ်ယောက်က ကြီးလေးသောပြစ်မှု ကျူးလွန်ပါက ဆွေမျိုးသားချင်းများပါ အပြစ်ဒဏ်သင့်လေ့ရှိပြီး အချို့မှာ ကိုးဆက်တိုင်တိုင် မျိုးဖြုတ်သုတ်သင်ခြင်းကိုပင် ခံရတတ်သည်။

မိသားစုကို ရန်မရှာပါဘူးဟူသော ကတိစကားမှာ နားထောင်ကောင်းရုံသာဖြစ်ပြီး ဤလောကတွင် ထိုစကားကို လျစ်လျူရှုသူများစွာ ရှိနေသည်။ အကယ်၍ ထိုစကားကိုသာ အကန်းယုံ ယုံကြည်နေပါက မည်ကဲ့သို့ သေဆုံးသွားသည်ကိုပင် သိလိုက်ရမည်မဟုတ်ချေ။

ကုယွမ်သည်ပင်လျှင် နောက်နောင်တွင် မိဘများအပေါ် ထိခိုက်မှုမရှိစေရန်အတွက် သူ၏မိဘများကို ပိုင်လျန်မြို့သို့ ပြောင်းရွှေ့ပေးရန် စဉ်းစားနေမိသည်။ အထူးသဖြင့် ရှရှုရွှယ်ထံမှ ရှန်းယန်ခရိုင်အတွင်း မငြိမ်မသက်မှုများ ဖြစ်ပေါ်နေကြောင်း ကြားသိရပြီးနောက် ဤအတွေးမှာ ပိုမိုပြင်းပြလာခဲ့သည်။

"ကောင်းပြီ... ငါ သူတို့ကို ရန်မရှာဘူးလို့ ကတိပေးတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်က သေလမ်းရှာမယ်ဆိုရင်တော့ ငါ့ကို အပြစ်တင်လို့မရဘူး"

ကုယွမ်က ကတိပေးလိုက်သည်။ အိမ်တော်ထိန်းဝူသည် တစ်စုံတစ်ခုပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမျှမပြောဖြစ်တော့ချေ။ ကုယွမ်သည် အချိန်ဆွဲမနေဘဲ နောက်ကွယ်ရှိ ကြောက်မက်ဖွယ်ကောင်းသော လူအား ညွှန်ပြလျက် "ပထမမေးခွန်း... ဒီလူက ဘယ်သူလဲ" ဟု မေးလိုက်သည်။

"စိမ်းလန်းတဲ့ဝါးဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ် ကျန်းမုပါ။ ငါက ငွေပေးပြီး ငှားရမ်းခဲ့တာ။ သူက အရင်ကလည်း ချန်အိမ်တော်ရဲ့ ကိစ္စအချို့မှာ ကူညီပေးဖူးတယ်"

အိမ်တော်ထိန်းဝူက ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်သည်။

မည်သည့်ကိစ္စများဖြစ်မည်ကို ကုယွမ် ရှင်းပြခိုင်းရန် မလိုတော့ပေ။ မကောင်းမှုများနှင့် လျှို့ဝှက်ကိစ္စရပ်များသာ ဖြစ်ပေလိမ့်မည်။

စိမ်းလန်းသောဝါးဂိုဏ်း...

ကုယွမ်သည် သူကိုယ်တိုင် သတ်ဖြတ်ခဲ့သော ထိုဂိုဏ်း၏ တတိယဂိုဏ်းချုပ်ကို ပြန်လည်သတိရသွားသည်။ ကြည့်ရသည်မှာ ဤစိမ်းလန်းသောဝါးဂိုဏ်းနှင့် သူသည် တော်တော်လေး ပတ်သက်မှုရှိနေပုံရသည်။ ဂိုဏ်းချုပ်နှစ်ဦးစလုံးမှာ သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းပင်။

ကုယွမ်က ဒုတိယမေးခွန်းကို မေးလိုက်သည်။

"အခု ချန်အိမ်တော်မှာ ဘယ်လို ထူးချွန်တဲ့သူတွေ ရှိနေသေးလဲ"

ဤမေးခွန်းကို ကြားသောအခါ အိမ်တော်ထိန်းဝူသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ထုတ်ဖော်ပြောလိုက်သည်။

"မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် သိုင်းဆရာ ၁၂ ယောက်နဲ့ ပံ့ပိုးကူညီသူနှစ်ဦးကို သတိထားရမယ်"

"အဲဒီ သိုင်းဆရာ ၁၂ ယောက်ထဲက အများစုက ချန်အိမ်တော်ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ အဓိကနေရာတွေကနေ တာဝန်ယူနေကြတာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ အိမ်တော်စောင့်တွေအဖြစ် ရှိနေကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ စွမ်းရည်ကတော့ ပုံမှန်ပါပဲ"

"ပံ့ပိုးကူညီသူ နှစ်ဦးကတော့ ရင်ဆိုင်ရခက်တဲ့သူတွေပဲ။ တစ်ယောက်က ချန်မျိုးနွယ်စုဝင် ချနဖုန်းဖိန် ဖြစ်ပြီး လက်ဖဝါးသိုင်းမှာ ကျွမ်းကျင်တယ်။ အထူးသဖြင့် ကျောက်တုံးကြီးပစ်

လက်ဖဝါးက အရမ်းပြင်းထန်ပြီး အခုဆို အရိုးသန့်စင်ခြင်းအဆင့်ကို ရောက်နေပြီ။ နောကတစ်ယောက်ကတော့ ချင်ဖိန်လို့ ခေါ်တယ်။ အစက လောကအလယ်မှာ တစ်ကိုယ်တော်သွားလာနေတဲ့ ဓားပြတစ်ဦးပဲ နောက်ပိုင်းမှ ချန်အိမ်တော်က သိမ်းသွင်းခဲ့တာ။ သူက အဆိပ်လူးထားတဲ့ သံလက်သည်းတစ်စုံကို အသုံးပြုပြီး သွေးမြင်ရတာနဲ့ အသက်ဆုံးရှုံးစေနိုင်တဲ့အထိ နာမည်ဆိုးနဲ့ ကျော်ကြားသူပဲ"

သူသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောသည်။

"ဒါ့အပြင် ချန်ယွန်းကျဲဆိုတာက ချန်အိမ်တော်ရဲ့ ဆဌမမြောက် သခင်လေးပဲရှိသေးတာ။ သူက မောက်မာပေမဲ့ ချန်မိသားစုထဲမှာတော့ သူ့ကို သိပ်ပြီး အရေးမထားကြဘူး"

"တတိယသခင်လေး ချန်ယွန်းဖုန်းကတော့ မတူဘူး။ ဒီသခင်လေးက ငယ်စဉ်ကတည်းက လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာတစ်ဦးရဲ့ တပည့်အဖြစ် လက်ခံခြင်းခံခဲ့ရတာ။ အဲဒီဆရာရဲ့ ကျင့်ကြံမှုအဆင့်က ခန့်မှန်းလို့မရနိုင်သလို နတ်စွမ်းအင်သုံး သိုင်းပညာရပ်တွေကိုတောင် တတ်မြောက်ထားတယ်လို့ ပြောကြတယ်။ သူက ပင်လယ်ပြင်တစ်ခွင် လှည့်လည်သွားလာနေတတ်ပြီး တွေ့ရခဲပေမဲ့ အဲဒီဆရာကြောင့်ပဲ သခင်လေး ယွန်းဖုန်းက ချန်အိမ်တော်မှာ အထူးအခွင့်အရေးရနေတာပဲ"

"ချန်ယွန်းဖုန်း..."

ကုယွမ်သည် ထိုနာမည်ကို စိတ်ထဲမှ မှတ်သားထားလိုက်သည်။ သူသည် အရင်က ချန်အိမ်တော်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို စုံစမ်းဖူးသော်လည်း ယခု အိမ်တော်ထိန်းဝူ ပြောပြသည့် အချက်အလက်များနှင့် ကိုက်ညီနေသည်။ သို့သော် ချန်ယွန်းဖုန်းနှင့် ပတ်သက်၍မူ သူ တစ်ခါမျှ မကြားဖူးခဲ့ချေ။

ထိုဆရာမှာ နတ်စွမ်းအင်သုံး သိုင်းပညာရပ်များကို တတ်မြောက်ထားသည်ဆိုပါက သာမန်

ပုဂ္ဂိုလ် မဟုတ်သည်မှာ အသေအချာပင်။

ကုယွမ်သည် ယခုအခါတွင် အတွေ့အကြုံမရှိသူ မဟုတ်တော့သဖြင့် ကျင့်ကြံမှုလောက၏ အခြေခံအချို့ကို နားလည်ထားပြီးဖြစ်သည်။ ထိုသို့သော ပညာရပ်များကို အသုံးပြုနိုင်ရန်မှာ အနည်းဆုံး အဆင့်မြင့်သိုင်းပညာရှင်အဆင့်ရှိရမည်ဖြစ်ပြီး ထိုဆရာမှာ ကောင်းကင်ဘုံလူသားနယ်ပယ်မှ ကျင့်ကြံသူဖြစ်နေလျှင်ပင် ကုယွမ်အတွက် အံ့ဩစရာ မရှိတော့ချေ။

"အဲဒီဆရာရဲ့ အကြောင်းကို အသေးစိတ် ထပ်ပြောပြဦး..."

ကုယွမ်က လေးနက်စွာ ဆိုလိုက်သည်။

"အဲဒီလူက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ်။ ငါ ချန်အိမ်တော်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တာတောင် ကောလာဟလအချို့ပဲ ကြားဖူးတာ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က ချန်ယွန်းဖုန်းကို တပည့်အဖြစ် လက်ခံပြီးကတည်းက သူက ပင်လယ်ပြင်ဘက်ကို ထွက်ခွာသွားခဲ့တာ။ အခု ဘယ်မှာရှိနေတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး"

ခန္ဓာကိုယ်အတွင်းမှ သွေးများ ဆက်တိုက် ထွက်လွန်နေခြင်းကြောင့် အိမ်တော်ထိန်းဝူ၏ မျက်နှာမှာ ပိုမို ဖြူဖတ်ဖြူလျော် ဖြစ်လာကာ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။

All Chapters