← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း။ ၅၇

ထို့နောက် ကုယွမ်သည် ကျန်ရှိနေသော မေးခွန်းအချို့ကို ဆက်လက်မေးမြန်းပြီးနောက် အိမ်တော်ထိန်းဝူအား ကတိအတိုင်း ဝေဒနာမခံစားရစေဘဲ လျင်မြန်စွာ အဆုံးစီရင်ပေးလိုက်သည်။

မြေပြင်ပေါ်ရှိ အလောင်းနှစ်လောင်းကို ကြည့်ရင်း ကုယွမ်က သံကျောကင်းခြေများဘက်သို့ လှည့်ကာ "အားဝူ... မင်းအလှည့်ပဲ" ဟု ဆိုလိုက်သည်။

သံကျောကင်းခြေများ၏ မွေးရာပါအစွမ်းဖြစ်သော အဆိပ်ငွေ့သည် ရွှေနှင့် သံကိုပင် အရည်ပျော်စေနိုင်စွမ်းရှိရာ အထောက်အထားများ ဖျောက်ဖျက်ရန်အတွက် အသင့်တော်ဆုံးပင်။ လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့်အကြာတွင် မြေပြင်ပေါ်ရှိ ရုပ်အလောင်းနှစ်ခုမှာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"အခုဆို ငါက အကြောသန့်စင်ခြင်းအဆင့်မှာ အထူးအောင်မြင်မှု ရရှိထားပြီဆိုတော့ ကိုယ့်

ကိုကိုယ် ကာကွယ်နိုင်စွမ်း ရှိနေပြီ။ ဒါ့အပြင် အားဟွမ်၊ အားဝူနဲ့ ပါးစပ်ကြီးဆိုတဲ့ လက်ရုံး သုံးယောက်လည်း ရှိနေတာပဲ"

မြေပြင်ပေါ်ရှိ သွေးစွန်းနေသော နေရာကို ကြည့်ရင်း ကုယွမ်၏ မျက်လုံးများ နက်မှောင်သွားကာ အတွေးတစ်ခု ဝင်လာခဲ့သည်။

"နောက်မှပဲ အကြွေးဟောင်းတွေကို အရင်းအနှီးနဲ့တကွ ပြန်ဆပ်ရတော့မယ်..."

နောက်တစ်နေ့ နံနက်တွင် ကုယွမ်သည် စောစီးစွာ အိပ်ရာထခဲ့ပြီး မိခင်ဖြစ်သူက နံနက်စာ ပြင်ဆင်ထားသည်ကို တွေ့ရသည်။

နံနက်စာတွင် ဆီကြော်မုန့်များ၊ ချိုအီအီ ဆန်ပြုတ်ပျစ်ပျစ်၊ ကြက်ဥပြုတ်များနှင့်အတူ ဆီဝင်းနေသော ဟင်းရွက်ချဉ်းစပ် ဆားရည်စိမ်လေးတစ်ပွဲ ပါဝင်ရာ အလွန်ပင် ခံတွင်းမြိန်စေလှသည်။ မကြာသေးမီက အိမ်တော်ထိန်းဝူ လာရောက်တောင်းပန်ပြီးကတည်းက ကုယွမ်၏ မိသားစုတွင် ငွေကြေးချို့တဲ့ခြင်း မရှိတော့ကြောင်း သတင်းပျံ့နှံ့နေပြီဖြစ်ရာ အစားအသောက် အသုံးအဆောင်များကို ဖုံးကွယ်နေရန် မလိုတော့ချေ။ အထူးသဖြင့် ကုယွမ်မှာ သိုင်းဆရာတစ်ဦး ဖြစ်လာပြီဖြစ်ရာ သူ၏ စားနိုင်သောက်နိုင်စွမ်းမှာ အခြားသူများအမြင်တွင် သဘာဝကျသည်။

ကုယွမ်သည် အစာစားရင်း သူအား မျှော်စင်သခင်က အသိအမှတ်ပြုကာ ခရိုင်မြို့အတွင်း နေထိုင်ရန် အိမ်တစ်လုံး ပေးအပ်ထားကြောင်း ပြောပြလိုက်သည်။ လူကြီးနှစ်ဦး အထင်မလွဲစေရန် ရှရှုရွှယ်အကြောင်းကိုမူ ထည့်မပြောခဲ့ချေ။ မိဘနှစ်ပါး အံ့ဩဝမ်းသာဖြစ်နေသည်ကို မြင်သောအခါ ကုယွမ်က ရှရှုရွှယ် သတိပေးခဲ့သော အကြောင်းအရာများကို အခြေခံ၍ ဆက်ပြောလိုက်သည်။

"အဖေ... အမေ... ပစ္စည်းတွေ သိမ်းပြီး မြို့ထဲမှာ ခဏလောက် သွားနေကြရအောင်လား။ မကြာသေးခင်က ပိုင်လျန်ခရိုင်ထဲမှာ မငြိမ်မသက်တွေ ဖြစ်နေတယ်လို့ ကြားရတယ်။ မြို့ထဲမှာဆိုရင် ပိုပြီး ဘေးကင်းမှာပါ"

"တော်ပါပြီကွာ"

ဖခင်ဖြစ်သူက စဉ်းစားပင်မနေဘဲ ငြင်းပယ်လိုက်သည်။

"ငါတို့က ဒီရွာမှာပဲ တစ်သက်လုံး နေလာတာ နေသားကျနေပါပြီ။ မြို့ထဲသွားနေရင် ညဘက်တောင် အိပ်ပျော်မှာ မဟုတ်ဘူး"

သူက အေးအေးဆေးဆေးပင် ဆက်ပြောသည်။

"ဒါ့အပြင် မငြိမ်မသက်ဖြစ်တယ်ဆိုတာလည်း ငါတို့ ကုရွာက တော်တော်လေး ဝေးလံခေါင်ဖျားတဲ့ နေရာပါ။ ငါတို့ဆီအထိ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး"

ဖခင်ဖြစ်သူက သူကိုယ်သူ ယုံကြည်မှုလွန်ကဲနေသည်ကို မြင်သဖြင့် ကုယွမ်သည် မိခင်ဖြစ်သူ၏ အကူအညီဖြင့် ဖျောင်းဖျရန် ကြိုးစားကြည့်သည်။ သို့သော် ယခုတစ်ကြိမ်တွင် မိခင်ဖြစ်သူကလည်း ခင်ပွန်းဖြစ်သူဘက်မှ ရပ်တည်ကာ ဆိုသည်။

"အာယွမ်... မင်းရဲ့ သိတတ်မှုကို အမေ သိပါတယ်။ ဒါပေမဲ့ မင်းအဖေ ပြောတာလည်း ဟုတ်တာပဲ။ ငါတို့က ရွာမှာပဲ နေသားကျနေတာ။ မြို့ထဲသွားရင် နေတတ်မှာ မဟုတ်ဘူး။ မင်းပဲ သွားပါသားရယ်"

ကုယွမ်သည် အကြိမ်ကြိမ် ထပ်မံဖျောင်းဖျသော်လည်း လူကြီးနှစ်ဦးက လုံးဝသဘောမတူပေ။ ကုယွမ်လည်း မတတ်သာတော့ချေ။ သူတို့ကို အတင်းအဓမ္မ ဆွဲခေါ်သွား၍လည်း မရနိုင်ပေ။

၎င်းအပြင် မိဘနှစ်ပါး ပြောသည်မှာလည်း အကြောင်းပြချက် မရှိသည်တော့ မဟုတ်ပေ။ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာသော ရွာကို စွန့်ခွာ၍ အစိမ်းသက်သက် နေရာသစ်သို့ သွားရခြင်းမှာ လူနေမှုဘဝ မြင့်တင်ပေးရာ ရောက်သော်လည်း စိတ်ချမ်းသာမှု ရချင်မှ ရပေလိမ့်မည်။ ခရိုင်မြို့မှာ ဘေးကင်းသည်ဟု ဆိုသော်လည်း ကုရွာထက် ပို၍ လုံခြုံလိမ့်မည်ဟုလည်း မည်သူမျှ အာမမခံနိုင်ချေ။

ထို့ကြောင့် ကုယွမ်သည် မိဘများကို မြို့သို့ ပြောင်းရွှေ့ရန် အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားလိုက်သည်။ သို့သော် သူသည် ပါးစပ်ကြီးအား မိဘနှစ်ပါးကို အနီးကပ် စောင့်ရှောက်ရန်နှင့် အကာအကွယ်ပေးရန် သီးသန့်တာဝန် ပေးအပ်ထားလိုက်သည်။

ထိုစဉ်မှာပင် "အစ်ကို အာယွမ်" ဟူသော အသံတစ်သံ ထွက်ပေါ်လာတော့သည်။

နံနက်စာသုံးဆောင်ပြီးနောက် ကုယွမ် ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် ပိန်ပိန်ပါးပါးနှင့် အရပ်ပုသည့်ကလေးငယ် ဆွန်းကျန့်သည် တောကြက်တစ်ကောင်ကို ကိုင်လျက် အိမ်ဝင်းအတွင်းသို့ ပြေးဝင်လာသည်။ သူသည် ဖမ်းမိလာသော သားကောင်ကို ဝှေ့ယမ်းပြရင်း စိတ်လှုပ်ရှားစွာဖြင့်

"အစ်ကို အာယွမ် သင်ပေးတဲ့နည်းအတိုင်း မနေ့က တောကြက်တစ်ကောင် မိတယ်ဗျ" ဟု အော်ပြောလိုက်သည်။

"ဪ... အားကျန့်ပါလား"

ဆွန်းကျန့်နှင့် သူ၏လက်ထဲရှိ တောကြက်ကို ကြည့်ကာ ကုယွမ်က ပြုံး၍ ဆိုသည်။

"မဆိုးဘူးပဲ အိမ်မှာရော စားဖို့လောက်ရဲ့လား။ နောက်မှ အသားအချို့ ပြန်ယူသွားဦးလေ"

"မလိုပါဘူး အစ်ကို"

ဆွန်းကျန့်က ရှက်ကိုးရှက်ကန်းဖြင့်ပင် "အမေက ပြောတယ်။ အစ်ကို အာယွမ်က ကျွန်တော်တို့အိမ်ကို အများကြီး ကူညီပေးပြီးပြီတဲ့။ ဒါကြောင့် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒီတောကြက်ကို ပေးခိုင်းလိုက်တာပါ" ဟု ပြောသည်။

"ကောင်းပြီလေ... ဒါဆိုလည်း ဒီမှာပဲ ထားခဲ့လိုက်ပါ။ နောက်တစ်ခေါက် မြို့ထဲသွားရင် ငါ မင်းအတွက် အသီးယိုဝယ်ခဲ့မယ်"

ကုယွမ်က သူ၏ခေါင်းကို အသာအယာ ပုတ်လိုက်သည်။

အသီးယိုဟူသော စကားကို ကြားလိုက်ရသည်နှင့် ဆွန်းကျန့်၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားပြီး ခေါင်းကို အဆက်မပြတ် ငြိမ့်ပြကာ "ဟုတ်ကဲ့ပါ" ဟု ပြန်ပြောသည်။

စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် ဆွန်းကျန့်သည် တောကြက်ကို ထားခဲ့ကာ ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားတော့သည်။

ကုယွမ်သည် ဆွန်းကျန့် ထွက်ခွာသွားသည်ကို ပြုံး၍ ကြည့်နေသော်လည်း သူ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်နှင့်အမျှ ထိုအပြုံးမှာ မှေးမှိန်သွားကာ ကုယွမ်၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရောင်အဝါတစ်ခု ဖြတ်သန်းသွားသည်။

ဒီကောင်လေးမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတာ အသေအချာပဲ

သံမဏိသွားကြွက် အားဟွမ်သည် ဆွန်းကျန့်နှင့် ပထမဆုံး စတင်တွေ့ဆုံစဉ်ကပင် ဗီဇအရ ကြောက်ရွံ့မှုကို ပြသခဲ့သည်ကို ကုယွမ် မမေ့သေးပေ။ အစပိုင်းတွင် ကုယွမ်က အားဟွမ်သည် မုဆိုးမဆွန်းကို ကြောက်ခြင်း သို့မဟုတ် ထိုသားအမိနှစ်ဦးတွင် ထူးဆန်းသည့်အရာတစ်ခုခု ရှိနေသည်ဟု ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် အားဟွမ် ကြောက်နေသည်မှာ ဆွန်းကျန့်ဖြစ်ကြောင်း သူ သဘောပေါက်ခဲ့သည်။

အားဟွမ် တင်မကဘဲ ပါးစပ်ကြီးနှင့် အားဝူတို့သည်ပင် ဆွန်းကျန့်အနားသို့ မကပ်ဝံ့ဘဲ ဗီဇအရ ရှောင်ရှားနေကြသည်ကို တွေ့ရသည်။ ဤအချက်က ကုယွမ်ကို ပို၍ စဉ်းစားစရာ ဖြစ်စေခဲ့သည်။

အသက် ၈ နှစ်၊ ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးက ထူးခြားသော သတ္တဝါများဖြစ်သည့် သံမဏိသွားကြွက်၊ ပါးစပ်ကြီးမြွေနှင့် မိစ္ဆာပိုးကောင် သံကျောကင်းခြေများကိုပင် ကြောက်ရွံ့သွားစေသည်မှာ သာမန်ကိစ္စ မဟုတ်ပေ။ ၎င်းသည် လူသားကလေးငယ်တစ်ဦးက ကျားတစ်ကောင်ကို ကြောက်ရွံ့ထွက်ပြေးအောင် လုပ်နိုင်သည့်အလား အလွန်ပင် ထူးခြားသည်။

စကားမပြောနိုင်သော ထိုအဖော် သုံးကောင်နှင့် အပြန်အလှန် ဆက်သွယ်ပြီးနောက် ကုယွမ်သည် နိဂုံးတစ်ခုကို ရရှိခဲ့သည်။ ဆွန်းကျန့်၏ ခန္ဓာကိုယ်တွင် ထိုသတ္တဝါများကို ထိတ်လန့်သွားစေသည့် အရှိန်အဝါတစ်ခု ရှိနေခြင်းပင်။

ထိုအချက်ကို သိရှိသွားပြီးနောက် ကုယွမ်သည် ဆွန်းကျန့်ကို တိတ်တဆိတ် စတင်သတိပြုခဲ့သည်။ ဆွန်းကျန့်တွင် ထူးခြားသော ခန္ဓာကိုယ် တည်ဆောက်ပုံတစ်ခုခု ရှိနေနိုင်သည်ဟု သူ သံသယဝင်မိသည်။ မည်သို့ပင်ဖြစ်စေ ဤကလေးငယ်က သာမန်မဟုတ်သည်မှာတော့ သေချာသည်။ ကုယွမ်အနေဖြင့်မူ အလွန်အမင်း ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ အကဲခတ်သူအဖြစ်သာ ဆက်လက်ရှိနေရန် ဆုံးဖြတ်လိုက်သည်။

"ကြားပြီးပြီလား"

"ဘာကိုလဲ"

"တုန်းကွေနဲ့ ဆွန်းအာတို့ သေကုန်ကြပြီတဲ့"

"ဘာ... မနေ့ကတင် ကောင်းကောင်းမွန်မွန် ရှိနေသေးတာကို ဘယ်လိုဖြစ်ပြီး ရုတ်တရက် သေသွားရတာလဲ။ နေဦး... ကုယွမ်ရဲ့ လက်ချက်များလား။ ဟင်း... ကုယွမ်က တကယ် ရက်စက်တာပဲ၊ သူတို့ရဲ့ ခြေလက်တွေကို ချိုးရုံတင်မကဘဲ အသက်ပါ သတ်ပစ်လိုက်တာလား..."

"မင်း ဘာတွေ လျှောက်တွေးနေတာလဲ။ ဒါက ကုယွမ်နဲ့ ဘာမှမဆိုင်ပါဘူး။ အဲဒီနှစ်ယောက်က ကံဆိုးသွားတာပါ။ မနေ့ညနေက သူတို့နှစ်ယောက် အရက်အတူတူသောက်ပြီး မူးနေတုန်း ညသန်းခေါင်မှာ ဆီမီးခွက်ကို မှောက်မိရာကနေ မီးလောင်ပြီး သေကုန်ကြတာတဲ့"

"ကောင်းတာပေါ့ သေထိုက်တဲ့ကောင်တွေ အဲဒီကောင်နှစ်ယောက်က ဘာကောင်းတာမှ လုပ်ခဲ့တာ မဟုတ်ဘူး။ ကုရွာမှာ သူတို့ကို မုန်းတဲ့သူချည်းပဲ။ အခုတော့ ဝဋ်လည်တာပဲ"

"ဟုတ်ပါ့..."

ကုရွာဝင်ပေါက်တွင် လူပျိုသိုးနှစ်ဦးသည် နံရံတစ်ခုကို မှီလျက် နေပူစာလှုံရင်း တစ်ယောက်

နှင့်တစ်ယောက် တိုးတိုးတိုးတိုး ပြောဆိုနေကြသည်။

ထိုစဉ်မှာပင် အရပ်ရှည်ရှည်၊ ရုပ်ရည်ချောမောကာ ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော လူငယ်တစ်ဦးသည် ရွာထဲမှ ထွက်ခွာလာပြီး ဝေးရာသို့ ဦးတည်လျှောက်လှမ်းသွားသည်ကို သူတို့ တွေ့လိုက်ရသည်။

အခန်း။ ၅၈

"ဟော... ဟိုမှာ ကုယွမ် မဟုတ်လား။ သူ ဘာလုပ်မလို့လဲ"

"မင်းကလည်း ဘာမှမသိသေးဘူးပဲ။ အဲဒီကောင်လေး ကုယွမ်ရဲ့ အခြေအနေက အခု အရင်လိုမဟုတ်တော့ဘူး။ ကြားရသလောက်တော့ သူက မြို့ထဲက ကျောက်စိမ်းအိုးမျှော်စင်မှာ ဆေးပင်ရှာဖွေသူ ဖြစ်နေပြီတဲ့။ အခုလည်း တောထဲ ဆေးပင်သွားရှာတာ ဖြစ်မှာပေါ့။ အခုဆို ကုမိသားစုက အခြေအနေ တော်တော်ကောင်းနေတာ။ ထမင်းစားတိုင်း အသားပါတာပဲ... အဘိုးကြီးကုကတော့ အိမ်မှာ အေးအေးဆေးဆေး ဇိမ်ကျနေတာပေါ့"

"အင်းလေ... အဘိုးကြီးကုက ကံကောင်းတာပဲ။ သူ့သားက တကယ့်ကို အားကိုးရတာ။ ငါသာ အဲဒီလိုသားမျိုးရရင် အိပ်မက်ထဲမှာတောင် ပြုံးနေမိမှာပဲ..."

"တော်စမ်းပါ... မင်းက မိန်းမတောင်မရှိတဲ့ လူပျိုကြီးပဲ။ သားက ဘယ်က ရမှာလဲ။ အိပ်မက်ပဲ ဆက်မက်နေလိုက် အိပ်မက်ထဲမှာတော့ အကုန်ရှိတာပဲ"

သူတို့နှစ်ဦး၏ သက်ပြင်းချသံများနှင့် စကားဝိုင်းကို ကုယွမ်က အတိုင်းသား ကြားနေရသည်။ တုန်းကွေနှင့် ဆွန်းအာတို့ မီးလောင်သေဆုံးသွားသည့် သတင်းကို ကြားရသည့်အခါ ကုယွမ်သည် အားဟွမ်ကို ဆုချရန် စဉ်းစားလိုက်မိသည်။

၎င်းမှာ သူ၏လက်ချက်ပင်။

အတိအကျပြောရလျှင် သူတို့နှစ်ဦး အရက်သောက်နေသည်ကို ကုယွမ်သိပြီး အခွင့်အရေးကို စောင့်ကာ အားဟွမ်အား ဆီမီးခွက်ကို တိုက်ချခိုင်းခြင်းဖြင့် မီးလောင်စေခဲ့ခြင်းပင်။ ကုယွမ်ကိုယ်တိုင်မှာမူ ထိုအချိန်တွင် အိမ်ဝင်းအတွင်း ထင်းခုတ်နေကြောင်း ရွာသားများစွာက သက်သေခံနိုင်သလို သူရှာဖွေလာသော အမဲခြောက်များကိုပင် အိမ်နီးနားချင်းများကို ဝေငှနေခဲ့သေးသည်။ ထို့ကြောင့် ထိုလူနှစ်ဦး သေဆုံးခြင်းမှာ ကုယွမ်နှင့် လုံးဝမပတ်သက်သကဲ့သို့ ရှိနေတော့သည်။

ကုရွာမှ ထွက်ခွာလာပြီးနောက် လမ်းဘေးတွင် စောင့်နေသော အားဟွမ်နှင့် အားဝူကို ခေါ်ဆောင်ကာ ကုယွမ်သည် ယွမ်မုန့်တောင်တန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ပါးစပ်ကြီးကိုမူ မိဘနှစ်ပါးအား စောင့်ရှောက်ရန် အိမ်၌ ထားရစ်ခဲ့သည်။

သူသည် အဝါရောင်နွယ်ဝိညာဉ်ဆေးပင်များ ပေါက်ရောက်ရာ တောင်စောင်းသို့ တစ်ဖန် ပြန်လည်

ရောက်ရှိလာပြန်သည်။ ယခုအခါတွင် ဆေးပင်ကြီးများကို သူတူးယူပြီးဖြစ်ရာ ဆေးပင်

အငယ်လေးများနှင့် ဝိညာဉ်ဆေးပင်အဆင့်ဝင် အဝါရောင်နွယ်ဝိညာဉ် သုံးပင်သာ ကျန်ရှိတော့သည်။

ကုယွမ်သည် ထိုဝိညာဉ်ဆေးပင် သုံးပင်အနားသို့ ချဉ်းကပ်သွားသည်။ ၎င်းတို့မှာ အချိန်ကြာလာသည်နှင့်အမျှ များစွာပြောင်းလဲခြင်း မရှိသော်လည်း ပင်စည်နှင့် အရွက်များမှာ စိမ်းစိုလန်းဆန်းနေဆဲပင်။ အလယ်တွင်ရှိသော အပင်မှာမူ ပင်စည်တွင် ခရမ်းရောင်အဆင်း သန်းနေပြီး ဝိညာဉ်စွမ်းအင်များ ရစ်ပတ်နေသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ဆန်းကြယ်လှသည်။

နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်ဆေးပင် နှစ်ပင်နှင့် နှစ်ငါးရာသက်တမ်းရှိ ဝိညာဉ်ဆေးပင် တစ်

ပင်ဆိုသည်မှာ ကုယွမ်အတွက် အရိုးသန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန် အခြေခံအုတ်မြစ်ပင်။

သူသည် ဆေးပင်တူးသည့် ဂေါ်ပြားကို ထုတ်ယူကာ ဝိညာဉ်ဆေးပင် သုံးပင်လုံးကို အမြစ်မနာစေရန် ဂရုတစိုက် တူးယူလိုက်သည်။ နှစ်တစ်ရာသက်တမ်းရှိ ဆေးပင်နှစ်ပင်မှာ အဝါရောင်ရောင် ကျောက်စိမ်းကဲ့သို့ ဖြစ်နေပြီး လက်သီးဆုပ်ခန့် ရှိကာ သင်းပျံ့သော ရနံ့ရှိသည်။ နှစ်ငါးရာသက်တမ်းရှိ ဆေးပင်မှာမူ လက်သီးဆုပ်ထက် ကြီးမားပြီး အဝါရင့်ရောင် မျက်နှာပြင်ပေါ်တွင် ခရမ်းရောင် အစင်းကြောင်းများ ပါရှိသည်။

ကုယွမ်သည် လော့ရှန်းသားဖြင့် ပြုလုပ်ထားသော သစ်သားသေတ္တာ နှစ်လုံးကို ဂရုတစိုက် ထုတ်ယူလိုက်သည်။ ဝိညာဉ်ဆေးပင်များ အညွှန်းကျမ်းအရ နှစ်တစ်ရာသက်တမ်းရှိ အဝါရောင်နွယ်ဝိညာဉ်ဆေးပင်ကို တူးယူပြီးပါက ၎င်း၏ဆေးဖက်ဝင် အစွမ်းများကို အတွင်း၌ ထိန်းသိမ်းထားနိုင်သော်လည်း ဝိညာဉ်စွမ်းအင်များမှာ တဖြည်းဖြည်း လွင့်ပြယ်သွားတတ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဆေးအာနိသင် လျော့နည်းသွားမည် ဖြစ်သည်။

ထို့ကြောင့် ဝိညာဉ်ဆေးပင်များကို တူးယူပြီးလျှင် ကျောက်စိမ်းသေတ္တာ သို့မဟုတ် သစ်သားသေတ္တာများအတွင်း ထည့်သွင်း၍ သိုလှောင်ရမည် ဖြစ်သည်။ ကုယွမ်အတွက် ကျောက်စိမ်းသေတ္တာမှာ ဈေးကြီးလွန်းသဖြင့် ငွေသုံးတုံးပေး၍ ဝယ်ယူထားသော လော့ရှန်းသစ်သားသေတ္တာများကိုသာ အသုံးပြုလိုက်သည်။ ဤသေတ္တာများသည် ပိုးမွှားများကို တားဆီးပေးရုံတင်မကဘဲ ဆေးအာနိသင် လွင့်ပြယ်မှုကိုလည်း ထိရောက်စွာ နှေးကွေးစေနိုင်သည်။

သူသည် ဆေးပင် သုံးပင်လုံးကို တူးယူခဲ့ခြင်းမှာ အရိုးသန့်စင်ခြင်းကို စတင်ရန် ဖြစ်သလို သူ၏ အဖော်သုံးကောင်ကိုလည်း အမြန်ကြီးထွားစေရန် ဤဆေးပင်များဖြင့် ကျွေးမွေးလိုသောကြောင့်ပင်။

သေတ္တာများကို လုံခြုံစွာ သိမ်းဆည်းပြီးနောက် ကုယွမ်သည် တောနက်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဆက်လက် လျှောက်လှမ်းသွားတော့သည်။

အမှန်အတိုင်းဆိုလျှင် ကုယွမ်သည် ကျောက်စိမ်းအိုးမျှော်စင်၏ ဆေးပင်ရှာဖွေသူတစ်ဦး ဖြစ်သော်လည်း တာဝန်ကျေပွန်သောသူတစ်ဦးတော့ မဟုတ်ပေ။ ဆေးပင်ရှာဖွေသူဖြစ်လာကတည်းက တောင်ပေါ်တက်၍ ရိုးရိုးသားသား ဆေးပင်ရှာဖွေခြင်းမျိုး တစ်ခါမျှ မလုပ်ဆောင်ခဲ့ဖူးချေ။

ကုယွမ်သည် အရှေ့မှ ကင်းထောက်ပေးနေသော အားဟွမ်နှင့် အနောက်မှ လိုက်ပါလာသော အားဝူတို့ကို ခေါ်ဆောင်ကာ တောင်ပေါ်တွင် လှည့်လည်သွားလာနေခဲ့သည်။ မွန်းတည့်ချိန်ရောက်မှသာ လင်ဇီးမှိုအချို့ကို တွေ့ရှိသည်။ ၎င်းတို့မှာ သက်တမ်းမရင့်သေးသဖြင့် တန်ဖိုးသိပ်မကြီးသော်လည်း ဘာမှမရသည်ထက်စာလျှင် တော်သေးသည်ဟု ဆိုရမည်။ ငွေတစ်တုံးနှင့် ကြေးပြားတစ်ရာခန့် ရနိုင်ခြေရှိရာ သာမန်လူများအတွက်မူ အတော်အတန်ကောင်းမွန်သော ဝင်ငွေပင်။

ဤမျှကိုသာ ကြည့်မည်ဆိုလျှင် ဆေးပင်ရှာဖွေခြင်းမှာ လွယ်ကူပြီး အမြတ်များလှသည်ဟု ထင်ရပေလိမ့်မည်။ သို့သော် လက်တွေ့တွင်မူ ကုယွမ်သည် ဝက်ဝံနက်တစ်ကောင်နှင့် တိုးခဲ့သေးသည်။ ဆောင်းခိုရာမှ နှောင့်ယှက်ခံလိုက်ရ၍လားမသိပေ ထိုဝက်ဝံမှာ အတော်ပင် စိတ်တိုနေပုံရပြီး မတ်တတ်ရပ်ကာ အကြိမ်အနည်းငယ် ဟိန်းဟောက်နေခဲ့သည်။

အကယ်၍ ကုယွမ်မှာ အနိုင်ကျင့်၍မရသော သားကောင်ဖြစ်ကြောင်းနှင့် သံကျောကင်းခြေများဆီမှ အန္တရာယ်ရှိသောအရှိန်အဝါကို မရရှိခဲ့ပါက ထိုဝက်ဝံမှာ အစောကတည်းက ရန်ပြု၍ တိုက်ခိုက်နေပြီဖြစ်သည်။

ထို့ကြောင့် ဆေးပင်ရှာဖွေခြင်းမှာ အကျိုးအမြတ်ရှိနိုင်သော်လည်း ကံတရားနှင့် စွမ်းရည်ပေါ်တွင် များစွာမူတည်နေသည်။ စွမ်းရည်မရှိဘဲ ဆေးပင်ရှာထွက်မည်ဆိုပါက ငွေမရသည့်အပြင် တောရိုင်းသတ္တဝါများနှင့်တွေ့လျှင် အသက်ပင် ဆုံးရှုံးသွားနိုင်ချေရှိသည်။

ကုယွမ်၏ နေ့လယ်စာမှာ တောဝက်ခြေထောက်တစ်ဖက် ဖြစ်သည်။ ထိုတောဝက်မှာ သိပ်မကြီးလှပေ။ ကုယွမ်သည် ၎င်းကို သန့်စင်ပြီးနောက် ဆားအနည်းငယ်လူး၍ မီးဖြင့်ကင်လိုက်သည်။ အသားမှာ နူးညံ့ပြီး အရသာမှာလည်း အတော်ပင် ကောင်းမွန်လှသည်။ ယခုအခါ ကုယွမ်၏ အစားစားနိုင်စွမ်းမှာ အံ့မခန်းဖြစ်နေပြီဖြစ်ရာ ဝက်ခြေထောက်တစ်ဖက်လုံးကို အရိုးပဲကျန်တော့သည်အထိ ပြောင်စင်အောင် စားပစ်လိုက်သည်။

ဗိုက်ဝသွားသောအခါ ကုယွမ်သည် အဝါရောင်နွယ်ဝိညာဉ်ဆေးပင်များ ထည့်ထားသော သစ်သားသေတ္တာကို ထုတ်ယူလိုက်သည်။ နှစ်တစ်ရာသက်တမ်းရှိ ဆေးပင်တစ်ပင်ကို အနည်းငယ်

လှီးဖြတ်ကာ ဖြည်းဖြည်းချင်း ဝါးစားကြည့်လိုက်သည်။

ဝိညာဉ်ဆေးပင်မှာ ကြွပ်ရွပြီး ချိုမြိန်သောအရသာရှိကာ ဝါးလေလေ ပို၍ မွှေးပျံ့လေလေပင်။ မျိုချပြီးနောက် မကြာမီမှာပင် ကုယွမ်သည် ဝမ်းဗိုက်အတွင်း၌ နွေးထွေးမှုကို ခံစားလိုက်ရပြီး ဆေးအာနိသင်မှာ စတင်ပြန့်နှံ့လာတော့သည်။

"ကျိကျိ... ကျိကျိ"

ဘေးနားရှိ အားဟွမ်မှာ ကုယွမ်၏ ဘောင်းဘီစကို ချက်ချင်းဆွဲကာ တောင်းပန်တိုးလျှိုးနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေတော့သည်။ အားဝူမှာမူ ဘာအသံမျှမထွက်သော်လည်း ကုယွမ်ကို တိတ်တဆိတ် စောင့်ကြည့်နေ၏။ ဤဆေးပင်များက သူတို့နှင့်လည်း ထိုက်တန်သည်။

"ကောင်းပြီ... ငါ မင်းတို့ကို မမေ့ပါဘူး"

ကုယွမ်သည် သူတစ်ဦးတည်း သုံးဆောင်ရန် စိတ်မကူးပေ။ သူသည် ဆေးပင်ကို နှစ်ချက်ထပ်မံလှီးဖြတ်ကာ အားဟွမ်နှင့် အားဝူတို့ကို တစ်ယောက်တစ်ဖက်စီ ဝေငှပေးလိုက်သည်။ ထို့နောက် ကုယွမ်သည် ထရပ်လိုက်ပြီး ဆေးအာနိသင်ကို အစာခြေဖျက်နိုင်ရန်အတွက် ကွင်းပြင်တစ်ခုတွင် လက်သီးကွက်များကို စတင်လေ့ကျင့်သည်။

အဝါရောင်နွယ်ဝိညာဉ်ဆေးပင်သည် အရိုးသန့်စင်ခြင်းအတွက် တိုက်ရိုက်ထုတ်လုပ်ထားခြင်း မဟုတ်သော်လည်း ချီစွမ်းအင်များ ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်ကို များစွာအားဖြည့်ပေးနိုင်သောကြောင့် အရိုးသန့်စင်ခြင်းအတွက် များစွာ အထောက်အကူပြုလှသည်။

ဝူး... ဝူး...

ကုယွမ်၏ လက်သီးချက်များမှာ တည်ငြိမ်ပြီး လေခွဲသံများမှာလည်း ထင်ထင်ရှားရှား ထွက်ပေါ်နေသည်။ လှုပ်ရှားမှုများမှာ ပုံမှန်ထက် ပိုမိုမြန်ဆန်လာသလို အချက်တိုင်းမှာလည်း ပို၍ ထိရောက်လှသည်။ အနည်းဆုံး လက်သီးတစ်စုံ လေ့ကျင့်ပြီးသွားချိန်တွင် ကုယွမ်သည် တစ်ကိုယ်လုံး နွေးထွေးပြီး သက်သောင့်သက်သာဖြစ်နေသည်ဟု ခံစားရသည်။ တစ်ချိန်တည်းမှာပင် သူ၏အရိုးများအတွင်း၌ အညစ်အကြေးများ ဖုံးလွှမ်းနေသကဲ့သို့ ယားယံလာကာ တစ်ခုခုနှင့် ပွတ်တိုက်ပစ်ချင်စိတ် ပေါ်လာသည်။

ဤသည်မှာ အရိုးသန့်စင်ခြင်းအဆင့်သို့ စတင်ဝင်ရောက်ခြင်း၏ ထင်ရှားသော လက္ခဏာပင်။ အရိုးသန့်စင်ခြင်းဆိုသည်မှာ အရိုးစုတစ်ခုလုံးကို ပျော့ပျောင်းပြီး မာကျောလာအောင် သန့်စင်ခြင်းဖြစ်ရာ သံရိုင်းတစ်ခုကို အနှစ်သာရပဲကျန်တော့သည်အထိ အကြိမ်ကြိမ် မီးဖုတ်၍ ထုနှက်ရသကဲ့သို့ပင်။

ကုယွမ်သည် မူလကတည်းက သံမဏိအရိုးပါရမီကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ သူ၏အရိုးများမှာ အရိုးသန့်စင်ခြင်းအဆင့်ရှိ သိုင်းဆရာများထက်ပင် မနိမ့်ကျပေ။ ထို့ကြောင့် ဤအဆင့်တွင် သူသည် အခြားသူများထက် ပိုမို အားသာချက်ရှိနေသည်။

သူသာ အရိုးသန့်စင်ခြင်းတွင် အထူးအောင်မြင်မှု ရရှိသွားခဲ့လျှင် သူ၏အရိုးများမှာ အခြားသူများထက် များစွာ သာလွန်သွားမည်ဖြစ်သလို ခန္ဓာကိုယ်မှာလည်း ပိုမိုသန်မာလာပေလိမ့်မည်။

သိုင်းဆရာတစ်ဦးအတွက် အခြေခံအုတ်မြစ်မှာ ခိုင်မာလေလေ နောင်တစ်ချိန်တွင် ပိုမိုကြီးမားသော အောင်မြင်မှုများကို ရရှိနိုင်လေလေပင်။

All Chapters