← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း။ ၅၉

ညအချိန်၊ ပိုင်လျန်မြို့။

ကုယွမ်သည် ဂေါင်လျူလမ်းကြားသို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် ကျောက်စိမ်းအိုးမျှော်စင်နှင့် သိပ်မဝေးပေ။ ညဉ့်နက်သန်းခေါင် လမ်းမများပေါ်တွင် လမ်းသွားလမ်းလာ ကျဲပါးလှပြီး အေးစက်သော လေပြင်းများ တိုက်ခတ်နေကာ လရောင်မှာ မြေပြင်ပေါ်သို့ ဖြာကျနေသဖြင့် အေးစိမ့်ခြောက်ကပ်သော အငွေ့အသက်ကို ဖြစ်ပေါ်စေသည်။

အဝေးတစ်နေရာရှိ လမ်းမများထက်မှ ခွေးဟောင်သံအချို့ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်။ ကုယွမ်သည် ဓားရှည်ကို ကိုင်စွဲလျက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

ခေတ္တမျှကြာသောအခါ ကုယွမ်၏ အကြည့်တို့သည် မှောင်ရိပ်ခိုနေသော ထောင့်တစ်နေရာသို့ ရောက်ရှိသွားပြီး ရုတ်တရက် ဆိုလိုက်သည်။

"အဘိုးအိုချန် ဒီကိုရောက်နေမှတော့ ကိုယ်ထင်ပြပြီး စကားပြောကြတာပေါ့"

ခဏအကြာတွင် ထိုမှောင်ရိပ်ထဲမှ ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး ထွက်ပေါ်လာခဲ့သည်။ ထိုအဘိုးအိုသည် ခန္ဓာကိုယ် အနည်းငယ် ကိုင်းနေပြီး ပိန်ပိန်ပါးပါးနှင့် အားနည်းသည့်ဟန် ပေါက်

နေကာ ဆံပင်များလည်း အဖွေးသား ဖြူနေပြီဖြစ်သည်။

ကြည့်ရသည်မှာ အိုမင်းမစွမ်းဖြစ်နေပြီး မြေကြီးထဲ ခြေတစ်ဖက် ဝင်နေပြီဖြစ်သော ပုဂ္ဂိုလ်တစ်ဦးနှင့်ပင် ဆင်တူလှသည်။

သူသည် အခြားသူမဟုတ်ဘဲ အဘိုးအိုချန်ပင်။ သို့သော် ကုယွမ်သည် မှုန်ရီနေသော သူ၏မျက်လုံးများကို ကြည့်လိုက်သည့်အခါ ကျောရိုးထဲအထိ အေးစိမ့်သွားသလို ခံစားလိုက်ရပြီး အဓိပ္ပာယ်ဖော်ရခက်သော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ သူရှေ့ရှိ အိုမင်းအားနည်းနေသော အဘိုးအိုမှာ အပေါ်ယံ အသွင်အပြင်မျှသာဖြစ်ပြီး လူ့အရေခွံခြုံထားသော တစ္ဆေတစ်ကောင်ကို ဖုံးကွယ်ထားသကဲ့သို့ပင်။

သူသည် ဗီဇအရပင် ဓားရိုးကို တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ မျှော်လင့်မထားသည်မှာ ဤလှုပ်ရှားမှုလေးကိုပင် အဘိုးအိုချန်က သတိပြုမိသွားပြီး အံ့အားသင့်သည့်ဟန်ဖြင့် မျက်ခုံးပင့်ကာ "တကယ့်ကို ထက်မြက်တဲ့ လူငယ်လေးပဲ" ဟု ဆိုလိုက်သည်။

ထို့နောက် သူက လက်ကို ဝှေ့ယမ်းပြလိုက်ပြီး တိုးညင်းသော လေသံဖြင့် "မစိုးရိမ်ပါနဲ့ ငါ့မှာ မင်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ မင်းကိုလည်း ဘာမှလုပ်မှာ မဟုတ်ဘူး။ အပြန်အလှန်အနေနဲ့ မင်းအတွက် အကျိုးအမြတ်အချို့တောင် ပေးဦးမှာပါ" ဟု ဆက်ပြောသည်။

သို့သော် ကုယွမ်သည် သတိကို အနည်းငယ်မျှ လျှော့ချခြင်းမရှိဘဲ လက်ကို ဓားရိုးပေါ်တွင် တင်ထားဆဲဖြစ်ကာ လေးနက်သောလေသံဖြင့် မေးလိုက်သည်။

"မနေ့က မနက်ပိုင်းမှာ အဘိုးအိုချန် ပြောခဲ့တဲ့စကားရဲ့ အဓိပ္ပာယ်က တကယ်တော့ ဘာလဲဆိုတာ သိပါရစေ"

"ဟဲဟဲ..."

အဘိုးအိုချန်သည် ဝါကျင့်ကျင့် သွားအချို့ ပေါ်သည်အထိ ပြုံးလိုက်ပြီး ကုယွမ်အား ကြည့်သော အကြည့်ထဲတွင် အသိအမှတ်ပြုသည့် အရိပ်အယောင်များ ပါဝင်နေကာ "လူငယ်တွေအနေနဲ့ သတိရှိတာ ကောင်းပါတယ်။ ဒါကြောင့်လည်း ငါ လူမှန်ကို ရွေးချယ်မိပြီဆိုတာ ပိုပြီး သေချာသွားတာပေါ့" ဟု ဆိုသည်။

ထို့နောက် သူက ဆက်ပြောလိုက်သည်။

"ငါဆိုလိုတဲ့ အဓိပ္ပာယ်က ရိုးရှင်းပါတယ်။ ငါ မင်းနဲ့ အရောင်းအဝယ်တစ်ခု လုပ်ချင်တယ်။ မင်း ငါ့ကို ကိစ္စတစ်ခုမှာ ကူညီပေးမယ်ဆိုရင် ငါ မင်းကို နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်ကို သင်ပေးမယ်"

"အရောင်းအဝယ် ဟုတ်လား... ဟား..."

ထိုစကားကို ကြားသောအခါ ကုယွမ်သည် မျက်ခုံးပင့်လိုက်ပြီး "အဘိုးအိုချန်... ခင်ဗျား ကျွန်တော့်ကို နောက်နေတာတော့ မဟုတ်ဘူးမလား" ဟု မေးလိုက်သည်။

"ခင်ဗျားကိုယ်တိုင်လည်း ကျောက်စိမ်းအိုးမျှော်စင်ကပဲဆိုတော့ စည်းကမ်းတွေကို သိမှာပါ။ ကျွန်တော် မှတ်မိသလောက်ဆိုရင် ဒီမနက်တင် တတိယသခင်မလေးက ပြောသွားသေးတယ်။ အဆင့်မြင့်သိုင်းပညာတွေကို အမှတ်တွေနဲ့ပဲ လဲလှယ်လို့ရပြီး မျှော်စင်သခင်ရဲ့ ခွင့်ပြုချက်လိုတယ်။ အခြားနည်းနဲ့ ရယူဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တာလေ"

"မင်းက မယုံဘူးဆိုရင် ဒီည ဒီကို ဘာလို့ လာခဲ့တာလဲ"

အဘိုးအိုချန်က ပြုံးလျက် ပြန်မေးလိုက်သည်။

ကုယွမ် တစ်စုံတစ်ရာ မပြောနိုင်ခင်မှာပင် အဘိုးအိုချန်က တည်ငြိမ်စွာ ဆက်ပြောသည်။

"မှန်ပါတယ် ငါ ကျောက်စိမ်းအိုးမျှော်စင်ရဲ့ စည်းကမ်းတွေကို လိုက်နာရမှာပါ။ ဒါပေမဲ့ ဒီကျင့်စဉ်ကို ငါ ငယ်ငယ်ကတည်းက လေ့ကျင့်ခဲ့တာဖြစ်ပြီး ငါ့ရဲ့ ထူးခြားတဲ့ အဆင့်အတန်းအရ စည်းကမ်းတွေကို ရှောင်လွှဲပြီး ဒီသိုင်းပညာကို မင်းဆီ လက်ဆင့်ကမ်းပေးနိုင်တဲ့ နည်းလမ်းတွေ ငါ့မှာ ရှိပါတယ်"

"ဪ... ဟုတ်လား"

ကုယွမ်၏ အကြည့်တို့ ဝင်းခနဲဖြစ်သွားပြီး လက်အုပ်ချီကာ "ဒါဆိုရင် စီနီယာက ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့အစည်းက လာတာလဲဆိုတာ သိပါရစေ" ဟု မေးလိုက်သည်။

"ငါက ဘာမှထူးခြားတဲ့သူ မဟုတ်ပါဘူး။ တစ်ချိန်က ဆေးဘုရင်တောင်ရဲ့ အတွင်းစည်းတပည့်တစ်ဦး ဖြစ်ခဲ့ဖူးသလို အဲဒီနောက်မှာတော့ အပြင်စည်း အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူပါ" ဟု ပြန်ဖြေလိုက်သည်။

အဘိုးအိုချန်၏ မျက်နှာထက်တွင် လွမ်းမောမှုနှင့် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်သန်းသွားပြီးနောက် "မတော်တဆမှုတစ်ခုကြောင့်သာ ငါ ပိုင်လျန်ခရိုင်ကို ရောက်လာပြီး ကျောက်စိမ်းအိုးမျှော်စင်ခွဲရဲ့ သိုလှောင်ရုံတွေကို ကြီးကြပ်ပေးနေရတာပါ" ဟု ဆိုသည်။

"ဆေးဘုရင်တောင်လား"

ကုယွမ်သည် ရုတ်တရက် သဘောပေါက်သွားကာ လက်အုပ်ချီလျက် "ကျွန်တော့်ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပါစီနီယာ။ စီနီယာက မျှော်စင်သခင်လိုပဲ ဆေးဘုရင်တောင်ရဲ့ အထူးလေးစားရတဲ့ တပည့်တစ်ဦးဖြစ်မှန်း ကျွန်တော် မသိခဲ့လို့ပါ..."

"မသိတာကို ခွင့်လွှတ်ပါ ဟုတ်လား"

အဘိုးအိုချန်က သူ့ကို တစ်ချက်စောင်းကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး "မင်းက ဆေးဘုရင်တောင် ဘယ်မှာရှိလဲဆိုတာတောင် သိမှာမဟုတ်ပါဘူး ဟုတ်တယ်မလား"

ကုယွမ်သည် ရှက်ရွံ့ခြင်းမရှိဘဲ ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။

"ကျွန်တော်က အောက်ခြေကလာတဲ့ မျိုးဆက်သစ်တစ်ယောက်ပါ။ ကျင့်ကြံခြင်းကို စတင်တာ တစ်လပဲ ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ မသိနားမလည်မှုက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုပါပဲ"

အဘိုးအိုချန်က သူ့ကို ဂရုမစိုက်တော့ဘဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ လမ်းအနည်းငယ် လျှောက်လိုက်ပြီး တိုးညင်းစွာ ဆိုသည်။

"ရှမင်ယန်နဲ့ ငါက ဂိုဏ်းတူပေမဲ့ သူက အပြင်စည်းတပည့် တစ်ယောက်သက်သက်ပဲ။ သူ့ရဲ့ အဆင့်အတန်းက ငါ့ထက် အများကြီး နိမ့်ကျတယ်။ ငါ့ရဲ့ ရပ်တည်ချက်အရ ငါက နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်ကို မင်းဆီ လက်ဆင့်ကမ်းပေးတာနဲ့ ပတ်သက်ပြီး သူက ဘာမှဝင်ပြောပိုင်ခွင့် မရှိဘူး"

ရှမင်ယန်သည် ဆေးဘုရင်တောင်၏ အပြင်စည်းတပည့်မျှသာ ဖြစ်သည်ဟူသော အချက်က ကုယွမ်ကို အံ့အားသင့်သွားစေသည်။ ထို့ကြောင့် အဘိုးအိုချန်အပေါ် ထားရှိသော သူ၏အမြင်မှာလည်း ပြောင်းလဲသွားတော့သည်။ အကယ်၍ အပြင်စည်းတပည့်များပင်လျှင် အဆင့်မြင့်သိုင်းပညာရှင်အဆင့်ရှိနေမည်ဆိုပါက အတွင်းစည်းတပည့်ဟု ဆိုသော ဤအဘိုးအိုမှာ...

အဘိုးအိုချန်သည် ကုယွမ် ဘာတွေးနေသည်ကို သိသည့်အလား တည်ငြိမ်စွာပင် ဆကပြောသည်။

"မှန်တယ် ငါဟာ ကောင်းကင်ဘုံလူသားနယ်ပယ်ကို ရောက်ခဲ့ဖူးသလို နတ်စွမ်းအင်သုံး ပညာရပ်တွေကိုပါ တတ်မြောက်ထားခဲ့တာ။ ဒါပေမဲ့ အဖြစ်အပျက်အချို့ကြောင့် ငါ့ရဲ့ ကျင့်ကြံမှု အခြေခံအုတ်မြစ်တွေ ပျက်စီးသွားပြီး လမ်းစပျောက်ခဲ့ရတယ်။ အရှေ့မှာ မျှော်လင့်ချက်မရှိတော့တာကို သိလို့ သိုလှောင်ရုံစောင့်တဲ့ တာဝန်ကို လက်ခံပြီး ငါ့ရဲ့ ကျန်ရှိတဲ့ ဘဝသက်တမ်းကို ဒီမှာပဲ ကုန်ဆုံးဖို့ ဆုံးဖြတ်ခဲ့တာ"

"မင်းကို ကူညီခိုင်းချင်တဲ့ ကိစ္စကတော့ တကယ်တော့ လူတစ်ယောက်ကို သတ်ခိုင်းဖို့ပါပဲ"

ကုယွမ်၏ စိတ်ထဲတွင် လေးလံသွားကာ "စီနီယာက ဘယ်သူ့ကို သတ်ခိုင်းချင်တာလဲ"

ကောင်းကင်ဘုံလူသားနယ်ပယ်သို့ ရောက်ရှိခဲ့ဖူးသူ တစ်ဦးအနေဖြင့် အဘိုးအိုချန်၏ နောက်ခံမှာ အတော်

ပင် ကြီးမားသည်။ ရှရှုရွှယ်ကဲ့သို့သော သူမျိုးပင်လျှင် သူ့အပေါ် ဘာကြောင့် လေးစားမှု ရှိနေရတာလဲဆိုသည်မှာ ယခုတော့ ထင်ရှားသွားပြီဖြစ်သည်။

အဘိုးအိုချန်က စကားကို လိုရင်းသို့ တိုက်ရိုက်ပြောလိုက်သည်။

"အဲဒီလူရဲ့ ဘွဲ့နာမည်က ရွှမ်ယို့ မိစ္ဆာအိုကြီးတဲ့။ သူက ကောင်းကင်ဘုံလူသားနယ်ပယ်က မိစ္ဆာကျင့်ကြံသူ တစ်ဦးပဲ"

"ကောင်းကင်ဘုံလူသားနယ်ပယ်က မိစ္ဆာကျင့်ကြံသူ ဟုတ်လား"

ကုယွမ်သည် ဆွံ့အသွားကာ "အဘိုးအိုချန်... ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား။ ကျွန်တော်လို သိုင်းဆရာ တစ်ယောက်ကို ကောင်းကင်ဘုံလူသားနယ်ပယ်က ကျင့်ကြံသူနဲ့ ရင်ဆိုင်ခိုင်းနေတာလား။ အဲဒီအစား ကျွန်တော့်ကို လည်ပင်းလှီးပြီး သတ်လိုက်ဖို့ ပြောတာကမှ ပိုပြီး လွယ်ကူဦးမယ်"

"စိတ်ချပါ မင်းကို လုပ်ခိုင်းတယ်ဆိုတာ မင်းအောင်မြင်နိုင်မယ်လို့ ငါယုံကြည်လို့ပဲ"

အဘိုးအိုချန်သည် အလွန်တည်ငြိမ်နေပြီး ကုယွမ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လျက်

"ဒါ့အပြင် မင်းလို မိစ္ဆာသတ္တဝါတွေကို မွေးမြူနိုင်တဲ့ ကောင်လေးက ဘယ်လိုမှ သာမန်လူ မဟုတ်ဘူးဆိုတာ ငါသိတယ်။ ဒါက တခြားသူတွေကို ဖုံးကွယ်ထားလို့ ရပေမဲ့ ငါ့ကိုတော့ ဖုံးကွယ်လို့ မရဘူး"

"မိစ္ဆာမွေးမြူတာ ဟုတ်လား။ အဘိုးအိုချန်... လူကောင်းတစ်ယောက်ကို အဲဒီလို မစွပ်စွဲပါနဲ့။ ကျွန်တော်က ပွင့်လင်းရိုးသားတဲ့သူပါ။ အဲဒီလိုမျိုး ဘယ်လိုလုပ် လုပ်မှာလဲ"

ကုယွမ်က မျက်မှောင်ကြုတ်ကာ အပြစ်မဲ့ကြောင်း အော်ဟစ်ပြောဆိုနေသော်လည်း အတွင်းစိတ်တွင်မူ အထူးသတိရှိနေသည်။

"ဒီအဘိုးကြီးက ငါ့ရဲ့ လျှို့ဝှက်ချက်အချို့ကို တကယ်ပဲ သိနေတာလား"

"မိစ္ဆာသတ္တဝါ မွေးရုံနဲ့တော့ ကိစ္စမရှိပါဘူး။ ဆေးဘုရင်တောင်ရဲ့ ဝိညာဉ်သားရဲဥယျာဉ်မှာတောင် မိစ္ဆာတွေ၊ မိစ္ဆာငှက်တွေကို မွေးမြူထားကြတာပဲ။ ကူနတ်ဘုရားဂိုဏ်းဆိုရင် သူတို့ရဲ့ ကျင့်စဉ်တွေကို အဆိပ်ပိုးကောင်တွေ မွေးမြူသန့်စင်တာအပေါ်မှာပဲ အခြေခံထားတာလေ"

အပြစ်မရှိကြောင်း ဟန်ဆောင်နေသော ကုယွမ်၏ မျက်နှာပေးကိုကြည့်ကာ အဘိုးအိုချန်သည် ပြောမထွက်နိုင်အောင် ဖြစ်သွားပြီး "ဒါထက်... မင်းရဲ့ ကိုယ်ပေါ်မှာ ရှိနေတဲ့ မိစ္ဆာစွမ်းအင်အစအနလေးကို အရင်ဖျောက်ပြီးမှ အပြစ်မဲ့တယ်လို့ ပြောရင် မကောင်းဘူးလား"

"မိစ္ဆာစွမ်းအင်လား။ ဘာမိစ္ဆာစွမ်းအင်လဲ"

ကုယွမ်က ဘာမျှမသိသလိုပင် ဆက်လက် ငြင်းဆိုနေခဲ့သည်။

ကုယွမ်၏ ခေါင်းမာမှုကို မြင်သောအခါ အဘိုးအိုချန်သည် စိတ်ပျက်လက်ပျက်ဖြင့် ရယ်မောလိုက်ပြီး ထပ်မံရှင်းပြမနေတော့ဘဲ အရာဝတ္ထုတစ်ခုကို ကုယွမ်ထံ ပစ်ပေးလိုက်သည်။

"ဒါက ကြေးပြား မှော်ပစ္စည်းတစ်ခုပဲ။ ဒါက မင်းကို ရွှမ်ယို့ မိစ္ဆာအိုကြီးဘယ်မှာရှိလဲဆိုတာ ခြေရာခံဖို့ ကူညီပေးလိမ့်မယ်"

အဘိုးအိုချန်၏ လေသံမှာ အေးစက်နေသော်လည်း မျက်နှာတွင်မူ နက်ရှိုင်းလှသော နာကျည်းမှုကို တွေ့ရသည်

"မင်း ခန့်မှန်းမိမှာပါ။ ဟုတ်တယ်... အဲဒီလူပဲ ငါ့ရဲ့ ကျင့်ကြံမှု အခြေခံအုတ်မြစ်တွေကို ဖျက်ဆီးပြီး ငါ့လမ်းစဉ်ကို ဖြတ်တောက်ခဲ့တာ။ ဒါဟာ သေတူရှင်ဖက် ရန်ငြိုးပဲ။ မြစ်ကြီးသုံးစင်းရဲ့ ရေနဲ့ ဆေးကြောရင်တောင် ငါ့ရင်ထဲက အာဃာတတွေက ပြေပျောက်မှာ မဟုတ်ဘူး"

"ဒီကြေးပြားက ဝိညာဉ်ရှာဖွေရေးဓာတ်ပြားလို့ခေါ်တဲ့ အထူးမှော်ပစ္စည်းပဲ။ အထဲမှာ အဲဒီလူရဲ့ သွေးအနှစ်သာရ အရှိန်အဝါ ပါဝင်နေတယ်။ အဲဒီ ရွှမ်ယို့ မိစ္ဆာအိုကြီးသာ ၁၀ မိုင်ပတ်လည်အတွင်းမှာ ရှိနေရင် ဒီကြေးပြားက တုံ့ပြန်မှုပြလိမ့်မယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီကြေးပြားက ထူးခြားတဲ့ ပြောင်းလဲမှုတွေ စပြလာတယ်။ အဲဒါက အဲဒီမိစ္ဆာအိုကြီး ပိုင်လျန်ခရိုင်ထဲမှာ ရှိနေတယ်ဆိုတာကို ပြနေတာပဲ။ အခုထိလည်း သူ ထွက်မသွားသေးတာ ဖြစ်နိုင်တယ်"

အခန်း။ ၆၀

ထိုစကားကို ပြောလိုက်ချိန်တွင် အဘိုးအိုချန်၏ အကြည့်တို့သည် ကုယွမ်၏ မျက်လုံးများထက်တွင် စူးစိုက်ကာ ကျရောက်နေပြီး ရူးသွပ်မှုအရိပ်အယောင်အချို့ကို ဖော်ပြနေသည်။

"ကောင်လေး ကုယွမ်... မင်း ငါ့ကို ကူညီပြီး သူ့ကို ရှာပေးရုံပဲ။ တွေ့ပြီဆိုတာနဲ့ ငါ့ကို အသိပေးပါ။ သူ့ကို ရှင်းဖို့ ငါ့မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်။ သူက ကောင်းကင်ဘုံလူသားနယ်ပယ်က ကျင့်ကြံသူဆိုပေမဲ့ သူ့ကို သေတွင်းထဲ ပို့ပေးနိုင်မယ့် ကြီးမားတဲ့ လက်ဆောင်တစ်ခု ငါ ပြင်ဆင်ထားပြီးသား"

သူ၏ အကြည့်များမှာ ပိုမိုတောက်ပလာပြီး ဆက်ပြောသည်။

"အဲဒီအချိန်ရောက်လို့မင်း ငါ့ကိုကူညီပေးမယ်ဆိုရင် နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်ကို လက်နှစ်ဖက်နဲ့ ဆက်သရုံတင်မကဘူး။ အဲဒီ မိစ္ဆာအိုကြီး ရွှမ်ယို့ဆီမှာရှိတဲ့ တာအိုမှော်ပစ္စည်းတွေ အားလုံးကိုပါ မင်းကို ပေးမယ်။ ဒါတင်မကသေးဘူး... နောင်တစ်ချိန်မှာ မင်း ဘာပဲလိုလို ငါ့ရဲ့ စွမ်းအားအတွင်းမှာ ရှိနေသမျှ ငါ အားလုံး ဖြည့်ဆည်းပေးမယ်လို့ ကတိပေးတယ်။ မင်း ဘယ်လိုလဲ..."

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဟုတ်လား..."

အဘိုးအိုချန် ပြောလိုက်သည့် အချိန်ကာလကို ကုယွမ် သတိပြုလိုက်မိသည်။ သူသည် မျက်မှောင်ကြုတ်ကာ ခေတ္တစဉ်းစားပြီးနောက် ဆိုသည်။

"မနေ့က တတိယသခင်မလေး ပြောတာ ကျွန်တော် ကြားလိုက်တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပိုင်လျန်ခရိုင်ထဲမှာ ထိတ်လန့်စရာကောင်းတဲ့ လူသတ်မှုတစ်ခု ဖြစ်ခဲ့တယ်တဲ့။ ချမ်းသာတဲ့ ကုန်သည်တစ်ယောက်ရဲ့ မိသားစုဝင် ၂၆ ယောက်စလုံး အသတ်ခံလိုက်ရတာ။ ဒါဟာ အဲဒီ ရွှမ်ယို့ မိစ္ဆာအိုကြီးရဲ့ လက်ချက် ဖြစ်နိုင်မလား"

"ဒီကိစ္စကို ငါလည်း ကြားမိပါတယ်"

အဘိုးအိုချန်က ကြောက်မက်ဖွယ်ကောင်းအောင် ရယ်မောလိုက်ပြီး

"ငါ့အမြင်အရဆိုရင် အဲဒီလူ ၂၆ ယောက်ရဲ့ သေဆုံးမှုက အရမ်းကို စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး သွေးပျက်စရာပဲ။ လူသတ်သမားက သူတို့ကို အသက်ရှင်နေတုန်းမှာ တမင်နှိပ်စက်ပြီး ပြင်းထန်တဲ့ နာကျည်းမှုတွေနဲ့ သေအောင် လုပ်ခဲ့တာ။ အဲဒီလိုမှပဲ သူတို့ဆီက ထွက်လာတဲ့ ဝိညာဉ်တွေက နာကျည်းမှုတွေ ပြည့်နှက်နေပြီး မှော်ပစ္စည်းတွေ ဖန်တီးဖို့ ဒါမှမဟုတ် မိစ္ဆာကျင့်စဉ်တွေ လေ့ကျင့်ဖို့အတွက် အကောင်းဆုံး ကုန်ကြမ်းတွေ ဖြစ်လာမှာလေ"

"ငါက ဒီနည်းလမ်းနဲ့ ဒီပုံစံကို တော်တော်လေး ရင်းနှီးနေတာ။ ဒါဟာ အဲဒီ မိစ္ဆာအိုကြီး ရွှမ်ယို့နဲ့ ပတ်သက်နေတာ သေချာသလောက်ပဲ"

ထိုသို့ပြောပြီးနောက် သူက ကုယွမ်ကို ထပ်မံတွန်းအားပေးလိုက်သည်။

"ဘယ်လိုလဲ ကောင်လေး... မင်း သဘောတူမလား မတူဘူးလား"

ကုယွမ်သည် ခေတ္တမျှ နှုတ်ဆိတ်သွားပြီးမှ "အကယ်၍ ကျွန်တော် သဘောမတူဘူးဆိုရင် အဘိုးအိုချန်က ကျွန်တော့်ကို သတ်မှာလား" ဟု မေးလိုက်သည်။

"ငါ့မှာ မင်းအပေါ် ရန်ငြိုးမရှိဘူး ဘာလို့ သတ်မှာလဲ။ အလွန်ဆုံးတော့ ဒီလျှို့ဝှက်ချက်ကို လုံလုံခြုံခြုံ ထိန်းသိမ်းထားပေးဖို့ပဲ ငါ တောင်းဆိုမှာပါ"

အဘိုးအိုချန်က သူ့ကို စပ်စုသော အကြည့်ဖြင့် ကြည့်လိုက်သည်

"ငါက နာမည်ကျော် ဂိုဏ်းကြီးက လာတာဆိုတာ မင်းသိထားရမယ်။ ငါက မကောင်းတာအချို့ လုပ်ခဲ့ဖူးပေမဲ့ အပြစ်မဲ့သူတွေကိုတော့ အကြောင်းမဲ့ သတ်ဖြတ်မယ့်သူ မဟုတ်ဘူး"

"ဒါပေမဲ့ မင်းကတော့... ကောင်လေး ငါ မမှားဘူးဆိုရင် မင်းမွေးထားတဲ့ အဲဒီ မိစ္ဆာက အမှောင်ထဲမှာ ပုန်းအောင်းနေပြီး ငါ့ကို အချိန်မရွေး တိုက်ခိုက်ဖို့ ပြင်နေတာ မဟုတ်လား"

"အဘိုးအိုချန်... ခင်ဗျား နောက်နေတာပဲ။ စီနီယာလို လူမျိုးကို ကျွန်တော်က ဘယ်လိုလုပ် စော်ကားရဲမှာလဲ"

သူ၏ အတွေးမှာ အထိုးဖောက်ခံလိုက်ရသော်လည်း ကုယွမ်မှာ ရှက်ရွံ့ခြင်းမရှိဘဲ ရယ်မောလျက်သာ တုံ့ပြန်လိုက်ပြီး စိတ်ထဲမှနေ၍ သံကျောကင်းခြေများအား ငြိမ်ငြိမ်နေရန် သတိပေးလိုက်သည်။

အဘိုးအိုချန်ကလည်း ထိုကိစ္စကို ထပ်မံမပြောတော့ဘဲ နက်နဲသော အပြုံးတစ်ခုကိုသာ ဆက်လက် ဆင်မြန်းထားသည်။

"ကောင်လေး ကုယွမ်... မင်း သဘောမတူလည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ဒီအခွင့်အရေးကို မင်း လက်လွှတ်လိုက်မယ်ဆိုရင် တစ်သက်လုံး နောင်တရသွားလိမ့်မယ်"

"ဪ... ဘာလို့ အဲဒီလို ပြောရတာလဲ စီနီယာ"

အဘိုးအို၏ လေးနက်သော အမူအရာကြောင့် ကုယွမ် ဇဝေဇဝါ ဖြစ်သွားရသည်။

"နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်က ကောင်းတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒါက အဆင့်မြင့်သိုင်းပညာတစ်ခုပဲလေ။ နောင်တစ်ချိန်မှာ ကျွန်တော့်အတွက် ဒါမျိုးရဖို့ တခြားအခွင့်အရေးတွေ ရှိလာနိုင်တာပဲ။ ဘာလို့ တစ်သက်လုံး နောင်တရမယ်လို့ ပြောရတာလဲ"

"ကောင်လေး... မင်း ဘာသိမှာလဲ"

အဘိုးအိုချန်က အေးစက်စွာ ရယ်မောလိုက်ပြီး "နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်က တကယ်တော့ ဘာမှမဟုတ်ပါဘူး။ အဓိကက မင်းရဲ့ မူလကိုယ်ပိုင်လက္ခဏာပဲ"

"မင်းက ကျောက်စိမ်းအိုးမျှော်စင်မှာ ငယ်စဉ်ကတည်းက ကြီးပြင်းလာသူလည်း မဟုတ်ဘူး။ ဆေးဘုရင်တောင်ရဲ့ တပည့်လည်း မဟုတ်ဘူး။ မင်းမှာ သံမဏိအရိုးနဲ့ နုညံ့တဲ့အကြောဆိုတဲ့ ရှားပါးပါရမီမျိုး ရှိနေရင်တောင်မှ အလေးထားခြင်း ခံရမှာ မဟုတ်ဘူး။ ကျောက်စိမ်းအိုးမျှော်စင်အတွက် အသက်ပေးပြီး အမှုထမ်းရင်တောင်မှ နောင်တစ်ချိန်မှာ အဆင့်မြင့်သိုင်းပညာတစ်ခု ရဖို့ဆိုတာ တကယ့်ကို ကံကောင်းလွန်းမှ ဖြစ်မှာပါ။ ငါတို့လို အတွင်းစည်းတပည့်တွေတောင်မှ ပြင်းထန်တဲ့ စမ်းသပ်မှုတွေ အဆင့်ဆင့် ကျော်ဖြတ်ပြီးမှ တကယ့် တာအိုကျင့်စဉ်တွေနဲ့ ကျင့်ကြံခြင်းဆိုင်ရာ ကျမ်းစာတွေကို လေ့လာခွင့်ရကြတာ။ မင်းလို အပြင်လူတစ်ယောက်အတွက်တော့... ဟား... အဲဒါတွေကို အိပ်မက်တောင် မမက်လေနဲ့"

"ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းက နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်ကို ရပြီး အဆင့်မြင့်သိုင်းပညာရှင် အဆင့်ကို ရောက်သွားတယ်ပဲ ထားဦး။ ကောင်းကင်ဘုံလူသားနယ်ပယ်ကို မတက်လှမ်းနိုင်ဘဲ တာအိုအခြေခံကို မတည်ဆောက်နိုင်ရင် နောက်နှစ်တစ်ရာကြာတဲ့အခါ မင်းက မြေမှုန့်ပဲ ဖြစ်သွားမှာပဲ"

ကုယွမ် နှုတ်ဆိတ်နေသည်ကို မြင်သောအခါ အဘိုးအိုချန်၏ လေသံမှာ အနည်းငယ် ဆွဲဆောင်မှုရှိလာသည်။

"ဒါပေမဲ့ ငါသိရသလောက်တော့ အဲဒီ မိစ္ဆာအိုကြီး ရွှမ်ယို့ဆီမှာ တာအိုကျမ်းစာတစ်စောင် ရှိတယ်။ အဲဒါက မပြည့်စုံဘူးဆိုရင်တောင် ကောင်းကင်ဘုံလူသားနယ်ပယ်ကို တိုက်ရိုက် ဦးတည်နေတဲ့ နက်နဲတဲ့ ပညာရပ်တွေ ပါဝင်သလို အခြေခံတည်ဆောက်ဖို့အတွက် စစ်မှန်တဲ့ တာအိုကျင့်စဉ်တွေလည်း ပါဝင်တယ်။ မင်းသာ ကောင်းကင်ဘုံလူသားနယ်ပယ်ကို တက်လှမ်းနိုင်ရင် သာမန်လူ မဟုတ်တော့ဘဲ အသက် သုံးရာအထိ နေထိုင်နိုင်ပြီး လောကကြီးမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်မှာပဲ"

ထိုသို့ပြောပြီးနောက် အဘိုးအိုချန်က လေးနက်သော အဓိပ္ပာယ်ဖြင့် ဆိုသည်။

"မင်းသာ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် တစ်သက်လုံး ပြန်ရတော့မှာ မဟုတ်ဘူး..."

ကုယွမ်၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။

"ကျွန်တော်က ကျောက်စိမ်းအိုးမျှော်စင်အတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေ ပြုလုပ်ရင်တောင်မှ မလုံလောက်ဘူးလား"

"ကောင်လေး... ငါပြောတာကို မင်းနားမလည်သေးဘူးလား"

အဘိုးအိုချန်က နှာခေါင်းရှုံ့လိုက်သည်။

"စစ်မှန်တဲ့ တာအိုကျင့်စဉ်ဆိုတာ ဘယ်လောက် အဖိုးတန်လဲဆိုတာ…အဲဒါကို ဘယ်သူ့ကိုမှ အလွယ်တကူ မျှဝေမှာ မဟုတ်ဘူး"

"မင်းရဲ့ အခုရှိနေတဲ့ စွမ်းအားနဲ့ဆိုရင် ဘယ်လောက်အထိ အကျိုးပြုနိုင်မှာမို့လို့လဲ။ မင်းက တကယ်ပဲ အောင်မြင်မှုတွေ ရခဲ့ရင်တောင် မင်းကို မနာလိုတဲ့သူတွေက မင်းရဲ့ အောင်မြင်မှုကို လုယူဖို့ ကြိုးစားကြဦးမှာ။ တာအိုကျင့်စဉ်ကို ဘယ်သူက မလိုချင်ဘဲ နေမလဲ။ မင်း တာအိုကျင့်စဉ် ရထားတယ်ဆိုတာသာ လူသိရှင်ကြား ဖြစ်သွားရင် မင်း အဲဒါကို ထိန်းသိမ်းထားနိုင်ပါ့မလားဆိုတာကလည်း ပြဿနာတစ်ခုပဲ"

"မင်းက ငါတို့ ဆေးဘုရင်တောင်ရဲ့ တပည့်ဖြစ်နေရင်တော့ တစ်မျိုးပေါ့။ အဲဒီလိုဆိုရင်တော့ ရဖို့ အခွင့်အရေး ရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ ဆေးဘုရင်တောင်ရဲ့ တပည့်လက်ခံတဲ့ စည်းကမ်းတွေက အရမ်းတင်းကျပ်တယ်။ အသက်ကန့်သတ်ချက် ရှိသလို အရင်က တခြားသိုင်းပညာတွေ တတ်ထားလို့လည်း မရဘူး။ မင်းကတော့ အဲဒီအရည်အချင်းတွေနဲ့ မကိုက်ညီဘူး"

"နားလည်ပါပြီ... လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘိုးအိုချန်..."

ကုယွမ်သည် တွေးတောနေပုံရပြီး စစ်မှန်သော တာအိုကျင့်စဉ်မှာ သူထင်ထားသည်ထက် ပို၍ ရှားပါးနေသည်ကို အံ့ဩနေမိသည်။ အဘိုးအိုချန် ပြောသောစကားများမှာ လိမ်ညာနေခြင်း မဟုတ်သည်ကိုလည်း သူ ခံစားမိသည်။

မူလက ကုယွမ်သည် အဆင့်မြင့်သိုင်းပညာရှင်အဆင့်သို့ ရောက်သည့်တိုင်အောင် စောင့်ဆိုင်းပြီးမှ ကျောက်စိမ်းအိုးမျှော်စင်မှ တာအိုကျင့်စဉ်ကို ရယူရန် စိတ်ကူးထားသော်လည်း ယခုတော့ သူ၏ စိတ်ကူးမှာ ရိုးအလွန်းနေကြောင်း သဘောပေါက်သွားသည်။

ထို့ကြောင့် ကုယွမ်က ဆိုသည်။

"ကျွန်တော့်မှာ မေးခွန်းအချို့ ရှိပါသေးတယ်။ အဘိုးအိုချန် အနေနဲ့ အဲဒါတွေကို ရှင်းပြပေးနိုင်မလား"

"ပြောလေ"

အဘိုးအိုချန်က အံ့ဩပုံမရဘဲ ပြန်ပြောသည်။

"အဘိုးအိုက အနည်းဆုံးတော့ ဆေးဘုရင်တောင်ရဲ့ အတွင်းစည်းတပည့်တစ်ယောက်ပဲ။ မျှော်စင်သခင်ထက်တောင် ဝါရင့်ဦးမယ်။ ဘာလို့ သူတို့ကို ဒီကိစ္စမှာ မကူညီခိုင်းတာလဲ"

ကုယွမ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

အဘိုးအိုချန်က အေးဆေးစွာပင် "ရှမင်ယန်တို့လို လူငယ်တွေက ဒါကို သဘောတူမှာ မဟုတ်ဘူး။ ပထမအချက်က ငါဖြစ်နေတဲ့အတွက် သူတို့က ကောင်းကင်ဘုံလူသားနယ်ပယ်က ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ဖို့ အသက်ကို မစွန့်ချင်ကြဘူး။ ဒုတိယအချက်က ရှမင်ယန်ကိုယ်တိုင်က ကောင်းကင်ဘုံလူသားနယ်ပယ်ကို တက်လှမ်းဖို့အတွက် တာအိုအခြေခံ တည်ဆောက်ဖို့ ပြင်ဆင်နေတာ။ သူက ငါ့လို အဘိုးကြီးတစ်ယောက်အတွက် ဘယ်မှာ အချိန်ပေးနိုင်မှာလဲ။ ဒါ့အပြင် သူတို့ကို ဆွဲဆောင်နိုင်လောက်တဲ့ အရာမျိုးလည်း ငါ့မှာ မရှိဘူး"

ကုယွမ်က သူ့ကို စိုက်ကြည့်လိုက်သည်။

"ဒါဆိုရင် အဘိုးအိုချန်ရဲ့ ကျင့်ကြံမှုနဲ့ စွမ်းရည်တွေက အရင်လို မဟုတ်တော့တဲ့ အခြေအနေမှာ အဲဒီ မိစ္ဆာအိုကြီး ရွှမ်ယို့ကို ရင်ဆိုင်နိုင်မယ်လို့ ဘာလို့ ဒီလောက် ယုံကြည်မှု ရှိနေရတာလဲ"

"ဟဲဟဲ..."

ကုယွမ်၏ မေးခွန်းကို ကြားသောအခါ အဘိုးအိုချန်၏ နှုတ်ခမ်းတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။

"အကြောင်းက ငါ့မှာ ယင်မိုးကြိုးပုလဲရှိလို့ပဲ။ ကောင်းကင်ဘုံလူသားနယ်ပယ်က ကျင့်ကြံသူတစ်ယောက်တောင် ဒါကို ထိမှန်ရင် မသေရင်တောင် ဒဏ်ရာ အပြင်းအထန် ရသွားလိမ့်မယ်။ ဒါ့အပြင် ငါ့မှာ ကျင့်ကြံမှု အစအနလေးတွေ ကျန်နေသေးတော့ လုံးဝ တိုက်ခိုက်လို့ မရတာမျိုး မဟုတ်ပါဘူး"

အဘိုးအိုချန်၏ ထူးဆန်းသော အပြုံးကို မြင်လိုက်ရသည့်အခါ ကုယွမ်သည် ကျောရိုးထဲအထိ စိမ့်သွားသလို ခံစားလိုက်ရသည်။

ဝိညာဉ်ရှာဖွေရေးဓာတ်ပြား... နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်... ယင်မိုးကြိုးပုလဲ...

ဤအဘိုးအိုသည် မိစ္ဆာအိုကြီး ရွှမ်ယို့ကို ရှင်းလင်းရန်အတွက် အချိန်အကြာကြီးကတည်းက အရာအားလုံးကို တွက်ချက် ပြင်ဆင်ထားခဲ့ခြင်းပင်။

"ဒီလောက်အထိ နာကျည်းနေတာဆိုတော့ အဘိုးအိုချန်ကတော့ လွယ်လွယ်လွှတ်ပေးမှာ မဟုတ်ဘူး။ အဘိုးအိုချန်လို လူမျိုးနဲ့ ရန်သူဖြစ်ရတဲ့ မိစ္ဆာအိုကြီး ရွှမ်ယို့ကတော့ သေဘေးနဲ့ နီးနေပြီလို့ပဲ ပြောရမှာပဲ"

"နောက်ဆုံး မေးခွန်းတစ်ခုပါ"

ကုယွမ်က သူ၏လက်နှစ်ဖက်ကို ပွတ်လိုက်ရင်း ရှက်ကိုးရှက်ကန်းဖြင့် ဆိုသည်။

"အကယ်၍ ကျွန်တော် ကူညီဖို့ သဘောတူရင် နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်ကို ကျွန်တော့်ဆီ ကြိုပြီး ပေးထားလို့ ရမလား"

All Chapters