အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အခန်း ၁၆၁ - အခိုင်အမာ သက်သေ
နှင်းထူထပ်စွာ ကျဆင်းလာပြီး တောင်ထိပ်ငယ်လေး တစ်ခုလုံးကို ဖြူစင်သော အဖြူရောင်ဖြင့် ဖုံးလွှမ်းသွားလေ၏။
ချင်းယွင်ဂိုဏ်း တည်ရှိရာ ချင်းယွင် သန့်စင်သောမြေသည် ထာဝရ နွေဦးရာသီနှင့် ပေါများလှသော ဝိညာဉ်ချီများကို ပိုင်ဆိုင်ထားသဖြင့် နှင်းကျခြင်းမှာ မရှိသလောက်ပင် ဖြစ်လေ၏။
လူ့လောကတွင် ပထမဆုံး နှင်းကျသည့် အချိန်တိုင်း တောင်ထိပ်ငယ်လေးပေါ်တွင် ကျဆင်းလာသော နှင်းများသည် မေပယ်ရွက် မြို၏ ပထမဆုံး နှင်းကျခြင်း အပေါ် အခြေခံ၍ ဟူယန်၏ အချိန်နှင့်တပြေးညီ ပြောင်းလဲမှု တစ်ခု အမြဲတမ်း ဖြစ်နေပေသည်။
မဟုတ်လျှင် မိုင်ထောင်ချီ ကွာဝေးသော နေရာနှစ်ခု၏ ရာသီဥတုများသည် ဤမျှလောက် ထပ်တူကျနေမည် မဟုတ်ချေ။
ဤအချက်ကို တွေးမိသဖြင့် အိုးယန်၏ မျက်လုံးများ ထပ်မံ ကျဉ်းမြောင်းသွားခဲ့လေ၏။ သူ၏ အဘိုးကြီးသည် လူ့လောကသို့ ခရီးစဉ်အတွင်း နှင်းကျစေရန်ပင် ကြိုးကိုင်ခြယ်လှယ်မှု အချို လုပ်ခဲ့ပုံ ရပေသည်။ အကြောင်းမှာ အရာအားလုံး ဤမျှ တိုက်ဆိုင်နေရန် မဖြစ်နိုင်သောကြောင့် ပင်တည်း။
တောင်ထိပ်ငယ်လေးသည် ပြင်းထန်သော ဆောင်းရာသီကို ဖြတ်သန်းနေရသော်လည်း ထိုနယ်နိမိတ် အပြင်ဘက်တွင်မူ တောင်ထိပ်ငယ်လေးပေါ်ရှိ နှင်းထူထပ်စွာ ကျဆင်းမှုသည် ထိုနေရာတွင်သာ ကျဆင်းနေသည့်အလား အရာအားလုံးသည် စိမ်းလန်းစိုပြေနေပေသည်။
လေနှင့် နှင်းများကြားတွင် ရပ်နေသော ဟူယန်သည် သူ၏ လက်ချောင်းများဖြင့် အချိန်ကို တွက်ချက်လိုက်ပြီးနောက် တောင်ထိပ်ငယ်လေး၏ တောင်ထိပ်ဆီသို ညင်သာစွာ ညွှန်ပြလိုက်လေ၏။ ခြံဝင်း တံခါးပေါ်ရှိ အနည်းငယ် ဟောင်းနွမ်းနေသော စာတမ်းများနှင့် မီးအိမ်များသည် ချက်ချင်း အသစ်စက်စက် ဖြစ်သွားကြပေသည်။
"ကျားကျစ်နှစ် လား... နှစ်က ကျားကျစ်နှစ် ပဲ... ကောင်းကင်အောက်မှာ ကြီးမားတဲ့ ကံကောင်းခြင်းပဲ..."
ဟူယန်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် သူ၏ တိမ်တိုက်ကို စီးကာ အိုးယန်နှင့် အခြားနှစ်ဦးတိုကို တောင်ထိပ်ငယ်လေး၏ တောင်ထိပ်ရှိ ခြံဝင်း တံခါးသို ခေါ်ဆောင်သွားလေ၏။
"ဆရာ... ဆရာ့အတွက် တပည့် အသစ် တစ်ယောက် ကျွန်တော် ရှာတွေ့ထားတယ်... လောလောဆယ်တော့ သူက အမည်ခံတပည့် တစ်ယောက် သက်သက်ပဲ... ဆရာ အချိန်ရတဲ့အခါ သူ့ကို ဆရာ့ရဲ့ တပည့် အဖြစ် တရားဝင် လက်ခံပေးပြီး တောင်ထိပ်ကို အသိအမှတ်ပြုခိုင်းလိုက်ပါ..." တံခါးဝတွင် သက်ပြင်းချနေသော ဟူယန်ကို ကြည့်ရင်း အိုးယန်က ရှောင်ဖုန်း အကြောင်းကို ရုတ်တရက် သတိရသွားပြီး ပြောဆိုလိုက်လေ၏။
ဟူယန်က လက်ကို ဝှေ့ယမ်းကာ ထိုအကြောင်းကို သူ သိကြောင်း အချက်ပြလိုက်ပြီးနောက် တောင်ထိပ်ငယ်လေး၏ တံခါးကို တွန်းဖွင့်ကာ အထဲသို ဝင်သွားလေ၏။ ခြံဝင်းငယ်လေးမှာ အလွန် တိတ်ဆိတ်နေပြီး ဟူထူနှင့် ရှောင်ဖုန်း တို ခြံဝင်းထဲတွင် မရှိကြချေ။
မီးဖိုချောင်မှ ချက်ပြုတ်နေသော မီးခိုးငွေ့များသာ တက်လာနေပေသည်။ အိုးယန်နှင့် အတူရှိနေသော ချန်ချန်ရှန်းသည် သဘာဝကျကျပင် မီးဖိုချောင်ထဲသို ဝင်သွားလေ၏။
မီးဖိုချောင်ထဲတွင် ချန်ချန်ရှန်းနှင့် တစ်ပုံစံတည်း တူသော ရုပ်သေးရုပ် တစ်ခုက အလုပ်များနေပေသည်။ ချန်ချန်ရှန်း ဝင်လာသည်ကို မြင်လိုက်ရသဖြင့် ၎င်းသည် ခေါင်းမလှည့်ဘဲ သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်လေ၏။ မီးဖိုချောင်ထဲသို ယခုလေးတင် ဝင်လာသော ချန်ချန်ရှန်းသည် အလင်းတန်း တစ်ခု အဖြစ် အသွင်ပြောင်းသွားပြီး ထိုရုပ်သေးရုပ်၏ အင်္ကျီလက်ထဲသို့ ပျံသန်းဝင်ရောက်သွားပေသည်။
အိုးယန်နှင့် အခြားသူများသည် ချန်ချန်ရှန်း၏ လုပ်ရပ်များကို အသားကျနေပြီ ဖြစ်လေ၏။ ဟူယန်သည် ပင်မ ခန်းမဆောင်ကြီး၏ တံခါးကို ဖွင့်လိုက်ရာ ထိုအခန်းမှာ ဟူယန်၏ အခန်း ဖြစ်ပေသည်။
အခန်းမှာ ဖုန်တစ်မှုန့်မျှ မရှိဘဲ အရာအားလုံးကို သေသပ်စွာ စီစဉ်ထားလေ၏။ ချန်ချန်ရှန်းသည် နေ့စဉ်နေ့တိုင်း တောင်ထိပ်ငယ်လေး၏ အပြင်နှင့် အထဲကို စေ့စေ့စပ်စပ် သန့်ရှင်းရေး လုပ်လေ့ရှိပေသည်။
သူ ပြန်လည် မွေးဖွားလာပြီးနောက် ချန်ချန်ရှန်းသည် ပြင်းထန်သော သန့်ရှင်းရေး စွဲလမ်းမှု တစ်ခုကို ဖွံ့ဖြိုးလာခဲ့ပုံ ရလေ၏။ အချိန်ကာလတခုတွင် သူသည် အိုးယန်နှင့် အခြားသူများကို ခြံဝင်းထဲသို့ မဝင်မီ ဖိနပ် ချွတ်စေချင်ခဲ့ပြီး ထို အရူးအမူး အကြံဉာဏ်ကို အိုးယန်က နောက်ဆုံးတွင် သူ၏ ခေါင်းကို ခေါက်၍ ဖြေရှင်းပေးခဲ့ရလေ၏။
ပင်မ ခန်းမဆောင်ကြီးသည် ဧည့်ခန်း ဖြစ်လေ၏။ ဟူယန် ပြန်မလာချိန်တွင် ဤအခန်းကို များသောအားဖြင့် သော့ခတ်ထားလေ့ ရှိပေသည်။ ဟူယန် ပြန်လာချိန်မှသာ ထိုအခန်းကို ဖွင့်လေ့ရှိလေ၏။
ဟူယန်သည် ဧည့်ခန်း တံခါးကို တွန်းဖွင့်လိုက်ပေသည်။ တံခါးနှင့် မျက်နှာချင်းဆိုင် နံရံပေါ်တွင် "ကောင်းကင်နှင့် မြေကြီး" ဟူသော စာလုံး နှစ်လုံးပါရှိသည့် လက်ရေးလှ ပန်းချီကား တစ်ချပ် ချိတ်ဆွဲထားလေ၏။
ပန်းချီကား၏ အောက်တွင် ကျားရေ ထိုင်ခုံ တစ်လုံး ရှိပြီး တစ်ဖက်တစ်ချက်စီတွင် ကျောမှီ ပါသော ထိုင်ခုံ ဆယ်လုံးခန့် ရှိပေသည်။
အကယ်၍ "ကောင်းကင်နှင့် မြေကြီး" ကို "တာအိုကို အကောင်အထည်ဖော်ရန် ကောင်းကင်ဘုံ၏ကိုယ်စား ဆောင်ရွက်ခြင်း" ဖြင့် အစားထိုးလိုက်ပါက ထိုနေရာကို လျန်ရှန်းစုဝေးခန်းမ ဟု ခေါ်ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာ ရောက်မည် မဟုတ်ချေ။
ဟူယန်သည် ကျားရေ မှီအိပ်ကုလားထိုင်ပေါ်တွင် ခမ်းနားစွာ ထိုင်ချလိုက်ပြီး အိုးယန်နှင့် အခြားနှစ်ဦးတို့သည် သူတို့၏ ကိုယ်ပိုင် ထိုင်ခုံများကို ရှာဖွေကာ ထိုင်လိုက်ကြလေ၏။
တောင်ထိပ်ငယ်လေး နှစ်ပတ်လည် အစည်းအဝေးကို တရားဝင် စတင်လိုက်ပြီ ဖြစ်ပေသည်။
"ငါ့ကောင်လေးတို့... မကြာသေးခင်က ဘာတွေ ရလိုက်ကြလဲ... ပြောပြကြပါဦး..." ဟူယန်က ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်လေ၏။
အိုးယန်သည် တစ်ခဏမျှ စဉ်းစားလိုက်ပြီး ပြောဆိုလိုက်ပေသည်။ "မကြာသေးခင်က ကျွန်တော် အကြွေးစာချုပ် တော်တော်များများ ထုတ်ပေးခဲ့တယ်... ဆရာ အချိန်ရရင် သွားပြီး စာရင်းရှင်းလိုက်ဦး..."
ဟူယန်သည် အိုးယန်ကို မည်းမှောင်နေသော မျက်နှာဖြင့် ကြည့်ကာ ပြောဆိုလိုက်လေ၏။
"သောက်ကျိုးနည်း... မင်း နည်းနည်းလောက် ချွေတာလို့ မရဘူးလား ကောင်လေး... ငါ ပြန်လာတဲ့ အချိန်တိုင်း မင်း ထုတ်ပေးခဲ့တဲ့ အကြွေးစာချုပ်တွေကို သွားကောက်ဖို့ တောင်ထိပ်တိုင်းကို ငါ သွားနေရတယ်..."
အိုးယန်က စားပွဲကို ထုကာ ဆဲဆိုလိုက်ပေသည်။
"ခင်ဗျားက ပြောရဲသေးတယ်နော်... တစ်နှစ်ကို ခင်ဗျား ပြန်မလာတဲ့ အချိန် အနည်းငယ် အတွင်းမှာ ခင်ဗျား ရေးခဲ့တဲ့ အကြွေးစာချုပ်တွေက ကျွန်တော့်ထက်တောင် ပိုများနေပြီ..."
စီနီယာအစ်ကိုသည် ဆရာနှင့် နောက်တစ်ကြိမ် စတင် ငြင်းခုံတော့မည်ကို မြင်လိုက်ရသဖြင့် ချန်ချန်ရှန်းသည် အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး သူ၏ ရင်ခွင်ထဲမှ စာရင်းစာအုပ်ကို ဆွဲထုတ်ကာ စတင် ပြောဆိုလိုက်လေ၏။
"ဆရာ... ဆရာ ထွက်သွားတာ နှစ်ရာ့ ခုနစ်ဆယ့်သုံး ရက် ရှိပါပြီ... ပထမနေ့က စပြီး ပထမနေ့ မနက်စာ အတွက် မန်ဒရင်းငါး ပေါင်း၊ နေ့လယ်စာ အတွက် ဝက်သားနီနှပ်၊ ညစာ အတွက် ဟင်းလေးပွဲနဲ့ စွပ်ပြုတ်တစ်ပွဲ၊ အသား သုံးပွဲနဲ့ ဟင်းသီးဟင်းရွက် တစ်ပွဲ စားခဲ့ပါတယ်... ဒုတိယနေ့မှာတော့..."
ချန်ချန်ရှန်းသည် ငါးဆယ့်ခုနစ် ရက်မြောက်နေ့ အထိ ရွတ်ဆိုလိုက်ချိန်တွင် အိပ်ပျော်လုနီးပါး ဖြစ်နေပြီဖြစ်သော ဟူယန်သည် အသေးစိတ် စာရင်းများကို တတွတ်တွတ် ရွတ်ဆိုနေဆဲဖြစ်သော ချန်ချန်ရှန်းကို ဖြတ်ပြောလိုက်လေ၏။
"တော်လောက်ပါပြီ ချန်ရှန်း... ရေလေး ဘာလေး သောက်လိုက်ပါဦး..." ဟူယန်သည် ထူထဲသော စာရင်းစာအုပ်ကို ကိုင်ကာ အသံထွက် ဖတ်နေသော ချန်ချန်ရှန်းကို အနည်းငယ် ဝေဝေဝါးဝါး အကြည့်ဖြင့် ကြည့်လိုက်ပေသည်။
သူ သူ့ကို တပည့် အဖြစ် လက်ခံခဲ့စဉ်က ဤ တပည့်သည် အလုပ်များသော မိခင် တစ်ဦးကဲ့သို့ အရာအားလုံးကို စေ့စေ့စပ်စပ် မှတ်သားတတ်သည့် ထမင်းချက်နှင့် စာရင်းကိုင် တစ်ဦး ဖြစ်ရန် အသင့်တော်ဆုံး ဖြစ်ကြောင်း အဘယ်ကြောင့် သူ သတိမထားမိခဲ့ရသနည်း။
တစ်ချိန်တည်းမှာပင် မှီအိပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော အိုးယန်သည် ခေါင်းကို နောက်သို့ လှန်ကာ အိပ်ပျော်နေပြီ ဖြစ်လေ၏။ အိုးယန်သည် ဤရက်ပိုင်းအတွင်း အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်နေခဲ့ပေသည်။
ကျူးကျန့်မြို့မှသည် အင်မော်တယ် လျှို့ဝှက်နယ်မြေ သို့၊ ထို့နောက် အိုးယဲ့ကျီ၏ ကမ္ဘာငယ်လေး သို့၊ ထို့နောက် ရှေးခေတ် သို့ နေရာကူးပြောင်းခြင်း၊ နောက်ဆုံးတွင် ခွေးဗိုက်ထဲ၌ အိုးယဲ့ကျီနှင့် ရင်ဖွင့် စကားပြောဆိုခြင်း အထိ... ထိုကိစ္စများက ပုံမှန်မဟုတ်သကဲ့သို့ ထင်ရသော်လည်း အိုးယန်၏ စိတ်စွမ်းအင် အမြောက်အမြားကို ကုန်ခမ်းစေခဲ့လေ၏။
ချန်ချန်ရှန်း၏ စာရင်းများ တတွတ်တွတ်ရွတ်ဆိုနေခြင်းကို ဘုန်းကြီး တစ်ပါး မန္တန် ရွတ်နေသည့်အလား နားထောင်ရင်းနှင့် ပင်မ ထိုင်ခုံပေါ်ရှိ ဟူယန်ကို ကြည့်ရင်း အိုးယန်သည် လုံခြုံမှု ခံစားချက် တစ်ခုကို ခံစားလိုက်ရပြီး ခေါင်းကို နောက်သို့ လှန်ကာ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်ပေသည်။
အိုးယန်၏ ဟောက်သံများကို ဟူယန် ကြားလိုက်ရချိန်တွင် အမည်းရောင် မျဉ်းကြောင်းများ ပြည့်နှက်နေခဲ့သော သူ၏ မျက်နှာပေါ်တွင် သက်သာရာရသွားသော အပြုံးတစ်ခု ပေါ်လာခဲ့လေ၏။ သူက ချန်ချန်ရှန်းနှင့် ပိုင်ယွီတို့ကို အဓိပ္ပာယ် ပြည့်ဝစွာ ပြောဆိုလိုက်ပေသည်။
"မင်းတို့ရဲ့ စီနီယာအစ်ကိုက ဒီရက်ပိုင်းအတွင်း မင်းတို့ကို တကယ် ကောင်းကောင်း စောင့်ရှောက်ပေးခဲ့တာပဲ..."
ချန်ချန်ရှန်းနှင့် ပိုင်ယွီတို့သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သော အိုးယန်ကို ကြည့်လိုက်ကြပြီး အချင်းချင်း အကြည့်ချင်း ဖလှယ်ကာ စကားတစ်ခွန်းမျှ မပြောဘဲ နားလည်သွားကြလေ၏။
စီနီယာအစ်ကိုသည် များသောအားဖြင့် ယုံကြည်ရခက်သော အသွင်အပြင်ကို ပေးစွမ်းလေ့ရှိပြီး နားလည်ရခက်သော အရာအချို့ကို လုပ်ရသည်ကိုပင် နှစ်သက်သော်လည်း သူတို့၏ စီနီယာအစ်ကိုသည် အမှန်တကယ် မည်မျှ ယုံကြည်စိတ်ချရကြောင်းကို သူတို့ အားလုံး နှလုံးသားထဲတွင် သိထားကြပေသည်။
ပြန်လည် မွေးဖွားလာပြီးနောက် ချန်ချန်ရှန်းနှင့် ဓားအင်မော်တယ်၏ လူဝင်စား ဖြစ်သော ပိုင်ယွီတို့ပင်လျှင် အိုးယန်အပေါ် နှလုံးသားထဲမှ ယုံကြည်မှု တစ်ခု ရှိကြလေ၏။
ဧည့်ခန်းထဲတွင် အိုးယန်၏ ဟောက်သံများသာ ကျန်ရစ်တော့ပေသည်။ ဟူယန်နှင့် အခြားနှစ်ဦးတို့သည် ဧည့်ခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေကြပြီး အိုးယန် နိုးလာမည့် အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေကြလေ၏။
တစ်ခါတစ်ရံ ဟူယန်သည် ပိုင်ယွီနှင့် ချန်ချန်ရှန်းတို့ကို ကျင့်ကြံခြင်းနှင့် ပတ်သက်သော မေးခွန်း အချို့ မေးလေ့ရှိသော်လည်း သူသည် ကောင်းကင် ဆင့်ကဲပြောင်းလဲခြင်း ကျင့်စဉ်မှလွဲ၍ တာအိုကို နားလည်ရန် ရုန်းကန်နေရသဖြင့် အချိန်အများစုတွင် သူတို့ နှစ်ယောက်က စကားပြောပြီး ဟူယန်ကမူ နားလည်ဟန်ဆောင်ကာ ခေါင်းညိတ်ပြရုံသာ ရှိလေ၏။
အဝေးမှနေ၍ ဟူထူ၏ ပျော်ရွှင်ဖွယ် ရယ်မောသံ ထွက်ပေါ်လာသည်အထိ ပင် ဖြစ်လေ၏။ ရောင်စုံ ဂါဝန် ဝတ်ဆင်ထားသော ကောင်မလေး တစ်ယောက်သည် တံခါး အပြင်ဘက်မှ ပြေးဝင်လာပြီး ဟူယန်၏ ရင်ခွင်ထဲသို့ ပစ်ဝင်သွားလေ၏။
ဟူထူသည် ဟူယန်ကို ဖက်ထားပြီး သူမ၏ မျက်နှာငယ်လေးမှာ ကျောက်မီးသွေး ပြာများထဲတွင် လူးလှိမ့်ထားသော ကြောင်ပုတီးလေး တစ်ကောင်ကဲ့သို့ ပေကျံနေပေသည်။ ဟူထူသည် ဟူယန်ကို ချိုသာစွာ ခေါ်လိုက်လေသည်။
"ဖေဖေ..."
ဟူထူ၏ ဖေဖေ ဟူသော ခေါ်သံက ချန်ချန်ရှန်းနှင့် ပိုင်ယွီတို့ကို ချက်ချင်း လန့်ဖြတ်သွားစေခဲ့ပေသည်။
သူတို့၏ ဆရာသည် သူ၏ ကျင့်ကြံခြင်းကို အထောက်အကူ ပြုရန် မြေခွေး တစ်ကောင်ကို အမှန်တကယ် ဖမ်းဆီးခဲ့ပြီး သမီးလေး တစ်ယောက်ပင် ရှိနေကြောင်း သူတို့ တွေးလိုက်မိကြသည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အိုးယန်သည် ရုတ်တရက် ချောင်းဆိုးလိုက်လေ၏။
အဟွတ်... အဟွတ်... အဟွတ်...
မှတ်တမ်းကျောက်တုံး တစ်ခုသည် သူ၏ လက်ချောင်းများကြားတွင် မတော်တဆ ပေါ်လာခဲ့ပေသည်။ သူသည် အဘိုးကြီး၏ အသေအလဲ ဖမ်းဆုပ်ထားမှုကို လွှတ်ပေးမည် မဟုတ်ချေ။
ဟူယန်သည် အလိုလိုက်သော အမူအရာဖြင့် ဟူထူ၏ မျက်နှာကို သုတ်ပေးရန် သူ၏ အင်္ကျီလက်ကို မြှောက်လိုက်ပြီး တိုးညှင်းစွာ ပြောဆိုလိုက်လေ၏။
"ထူထူ... သမီး ဘာတွေ လုပ်နေတာလဲ... တောင်ထိပ်ငယ်လေးမှာ သမီး ပျော်ရဲ့လား..."
ဟူထူသည် မျက်လုံးများကို မှိတ်ထားပြီး သူမ၏ မျက်နှာကို သုတ်ပေးနေသော ဟူယန်ကို နှစ်သက်စွာဖြင့် ပျော်ရွှင်စွာ ပြောဆိုလိုက်ပေသည်။
"ထူထူနဲ့ ဂျူနီယာမောင်လေးက စိတ်ဝိညာဉ်သားရဲ တွေနဲ့ ကစားဖို့ တားမြစ်နယ်မြေ ကို သွားခဲ့တာ... ဟီးဟီးဟီး... အဲဒီ စိတ်ဝိညာဉ်သားရဲ တွေက အရမ်း အသုံးမကျတာပဲ... သူတို့က ဂျူနီယာမောင်လေးရဲ့ အမြဲတမ်း လိုက်ဖမ်းတာကို ခံနေရတယ်..."
ဟူယန် ရပ်တန့်သွားပြီး သူ၏ လက်ကို မြှောက်လိုက်ရာ ရွှေရောင် အလင်းတန်း တစ်ခုက အိုးယန်၏ လက်ထဲရှိ မှတ်တမ်းကျောက်တုံးကို ဖျက်ဆီးပစ်လိုက်လေ၏။ သူသည် အိုးယန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်ပေသည်။
"သူ့နာမည်က ရှောင်ဖုန်း လား... သူ့ကို ဝင်လာခိုင်းလိုက်..."
အခန်း ၁၆၂ - ကံဆိုးမှု
တံခါးအပြင်ဘက်တွင် ရှိနေသော ရှောင်ဖုန်းသည်လည်း အလွန် စိုးရိမ်နေခဲ့လေ၏။ တောင်ထိပ်ငယ်လေး၏ စစ်မှန်သော တောင်ထိပ်သခင် ပြန်ရောက်လာပြီ ဖြစ်ပေသည်။
ထို့ပြင် သူသည် အမည်ခံတပည့် တစ်ယောက်သာ ဖြစ်သေးပြီး ထာဝရအလင်းမီးအိမ် ကိုပင် မထွန်းညှိရသေးဘဲ ချင်းယွင်ဂိုဏ်း၏ စာရင်းမဝင်သော အဖွဲ့ဝင် တစ်ဦးအဖြစ်သာ သတ်မှတ်ခံထားရလေ၏။
အကယ်၍ ဟူယန်က သူ့ကို မြင်ပြီး သူ့တွင် ဝိညာဉ်အရိုးများ မရှိကြောင်းနှင့် ပုံမှန် ကျင့်ကြံသူ တစ်ဦးကဲ့သို့ မကျင့်ကြံနိုင်ကြောင်း တွေ့ရှိသွားကာ သူ့ကို ဂိုဏ်းထဲသို့ ဝင်ခွင့်မပြုလျှင် မည်သို့ လုပ်ရမည်နည်း ဟု တွေးပူနေမိသည်။
ယခုအခါ သူသည် အခြေတည်စဝိညာဉ်အဆင့် ဝိညာဉ် သားရဲ တစ်ကောင်ကို ရုပ်ပိုင်းဆိုင်ရာအရ ပြဿနာမရှိဘဲ ခံနိုင်ရည်ရှိနေသော်လည်း အဆုံးတွင် သူသည် အဓိက ကျင့်ကြံသူများနှင့် ကွာခြားနေဆဲ ဖြစ်ပေသည်။
ဤအခိုက်အတန့်တွင် အနာဂတ် လူသား ဧကရာဇ်သည် စာမေးပွဲ အောင်မြင်ပြီး လူတွေ့စစ်ဆေးမှု ဖြေဆိုရတော့မည့် မြို့ငယ်လေးမှ စာမေးပွဲဖြေဆိုသူ တစ်ဦးကဲ့သို့ ကြောက်ရွံ့နေခဲ့ပေသည်။
ဟူယန်က သူ၏ နာမည်ကို တည်ငြိမ်စွာ ခေါ်လိုက်သည်ကို ကြားလိုက်ရချိန်တွင် ရှောင်ဖုန်းသည် သူ အချိန်အကြာကြီး ပြင်ဆင်ထားခဲ့သော အကြမ်းဖျင်း စာသားများကို ပြန်လည် သုံးသပ်လိုက်ပြီး ခိုင်မာသော စိတ်ဓာတ်ဖြင့် ပင်မ ခန်းမဆောင်ကြီး အတွင်းသို့ ဝင်ရောက်သွားလေ၏။
ဘယ်ခြေထောက်ကို အရင်လှမ်းရမည်၊ ညာခြေထောက်ကို အရင်လှမ်းရမည် ဆိုသည်ကို တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ရှောင်ဖုန်းသည် ပင်မ ခန်းမဆောင်ကြီး အတွင်းရှိ လူတိုင်းကို အံ့အားသင့်သွားစေမည့် လှုပ်ရှားမှု တစ်ခုကို ပြုလုပ်လိုက်ပေသည်။
ရှောင်ဖုန်းသည် တံခါးခုံသို့ လျှောက်သွားပြီး ခြေနှစ်ဖက်စလုံးဖြင့် ခုန်ကာ တိုက်ရိုက် ခုန်ဝင်သွားလေ၏။
ဟူယန်နှင့် အိုးယန်တို့၏ ပါးစပ်များ တစ်ပြိုင်နက်တည်း တွန့်လိမ်သွားကြပေသည်။ သူတို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြလေ၏။ ဒီကောင်လေး ခေါင်းထဲမှာ တစ်ခုခု မှားနေတာများလား ဟု သူတို့ တွေးလိုက်မိကြသည်။
ရှောင်ဖုန်းသည် ခေါင်းမမော့ဘဲ ခုန်ဝင်လာပြီး ဟူယန်ထံသို့ ခေါင်းငုံ့ကာ လျှောက်သွားလိုက်လေ၏။ ဒူးနှစ်ဖက်စလုံးဖြင့် ဒူးထောက်ကာ ဟူယန်ကို ဦးချ အရိုအသေပေးပြီး ပြောဆိုလိုက်ပေသည်။
"တပည့် ရှောင်ဖုန်း ဆရာ့ကို ဂါရဝပြုပါတယ်..."
ဟူယန်သည် မြေပြင်ပေါ်တွင် ရိုးသားစွာ ဒူးထောက်နေသော ရှောင်ဖုန်းကို ကြည့်လိုက်ပြီး ရှောင်ဖုန်း၏ လည်ပင်း တစ်ဝိုက်ရှိ မှေးမှိန်သော ဗာမီလီယန်ငှက် ပုံရိပ်ယောင် ကို မြင်လိုက်ရသဖြင့် တိတ်တဆိတ် ခေါင်းညိတ်လိုက်လေ၏။
သူ ပိုင်ဆိုင်သော အသိပညာများ အားလုံးထဲတွင် တောင်ထိပ်ငယ်လေးမှ စကားနားမထောင်သော တပည့်များ တစ်ယောက်မျှ ထိုအရာကို စိတ်မဝင်စားကြချေ။ သူ၏ အံ့ဖွယ် ပန်းချီဆွဲခြင်း နည်းစနစ်ကိုသာ ချန်ချန်ရှန်း အားလပ်ချိန်တွင် သင်ယူခဲ့ခြင်း ဖြစ်ပေသည်။
"မင်းက ရှောင်ဖုန်း လား... ခေါင်းမော့လိုက်စမ်း..." ဟူယန်က ညင်သာစွာ ပြောဆိုလိုက်လေ၏။
ရှောင်ဖုန်း ခေါင်းမော့လိုက်ပြီး ပင်မ ခန်းမဆောင်ကြီး အတွင်းရှိ ဟူယန်ကို ကြည့်လိုက်ပေသည်။
ရုတ်တရက် မထင်မှတ်ထားသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။ အိုးယန် အတင်းအကျပ် ဖယ်ရှားထားခဲ့သော ရှောင်ဖုန်း၏ မျက်ခုံးနှစ်ခုကြားရှိ ကောင်းကင်ဘုံအပြစ်ပေး မျက်လုံး သည် ရုတ်တရက် ပွင့်လာခဲ့ပေသည်။ ခရမ်းကောင်းကင် လောကဖျက်ဆီးခြင်း မိုးကြိုးလျှပ်စီး သဲလွန်စလေး တစ်ခုသည် ကောင်းကင်ဘုံအပြစ်ပေး မျက်လုံးထဲမှ မျက်စိတစ်မှိတ်အတွင်း လက်ခနဲ ထွက်ပေါ်လာပြီး ဟူယန်ကို တိုက်ရိုက် ပစ်ခတ်သွားလေ၏။
မျက်စိတစ်မှိတ်အတွင်း ဟူယန်သည် အပိုင်းအစများ ရေတွက်၍မရနိုင်အောင် ဖြစ်သွားပြီး လူတိုင်း၏ မျက်စိရှေ့တွင် ပျောက်ကွယ်သွားတော့ပေသည်။
ပင်မ ခန်းမဆောင်ကြီး အတွင်း မည်သူမျှ ဤအရာကို မမျှော်လင့်ထားခဲ့ချေ။ အိုးယန် အလျင်အမြန် တုံ့ပြန်လိုက်ပြီး သူ၏ စစ်မှန်သောချီများ လှိုင်းထန်လာကာ ကြီးမားသော လက်ကြီး တစ်ဖက် အဖြစ် အသွင်ပြောင်းသွားလေ၏။ ဧရာမ လက်ကြီးသည် ရှောင်ဖုန်း၏ မျက်ခုံးကို ခေါက်သံ ဖြင့် တောက်လိုက်ပေသည်။
ထို ကောင်းကင်ဘုံအပြစ်ပေး မျက်လုံးသည် အိုးယန်၏ တောက်မှုကြောင့် တိုက်ရိုက် ပြန်ဝင်သွားလေ၏။
ထို့ပြင် ရှောင်ဖုန်းသည် ရေခဲတိုက်ထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ယင်နေပေသည်။
ပြီးပြီ...
သူ၏ ဆရာ မည်သို့ ပုံစံရှိသနည်း ဆိုသည်ကို သူ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသေးဘဲ သူ၏ ဆရာကို သူ ဖောက်ခွဲပစ်လိုက်ပြီ ဖြစ်ပေသည်။
"ဘာတွေ ဖြစ်နေတာလဲ... ဂျူနီယာညီလေး ရှောင်ရဲ့ ကောင်းကင်ဘုံအပြစ်ပေး မျက်လုံးက ဘာလို့ သူ့အလိုလို လှုပ်ရှားလာတာလဲ..."
အိုးယန်သည် မြေပြင်ပေါ်တွင် အပိုင်းအစများ ဖြစ်နေသော ဟူယန်ကို လုံးဝ စိုးရိမ်မှု မရှိဘဲ ကြည့်ကာ မေးမြန်းလိုက်လေ၏။
ချန်ချန်ရှန်း ခေါင်းခါလိုက်ပေသည်။ သူသည် အနာဂတ် လူသား ဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်တွင် အရပ်ငါးမျက်နှာ နတ်ဘုရားသားရဲများ ကို ပန်းချီဆွဲရန်သာ တာဝန်ရှိပြီး ထို ကောင်းကင်ဘုံအပြစ်ပေး မျက်လုံးကို စီနီယာအစ်ကို ကိုယ်တိုင် ဖိထည့်ထားခဲ့ခြင်း ဖြစ်လေသည်။
ပိုင်ယွီကလည်း စိတ်ဝင်တစားဖြင့် ပြောဆိုလာခဲ့လေ၏။
"ကောင်းကင် တာအိုဟာ တစ်ယောက်ယောက်က ကောင်းကင်ကိုဆန့်ကျင်တဲ့ လုပ်ရပ် လုပ်မှသာ ကောင်းကင်ဘုံအပြစ်ပေး မျက်လုံးကို စေလွှတ်လေ့ရှိတယ်... ဒီ ကောင်းကင်ဘုံအပြစ်ပေး မျက်လုံးက အလွန် အားနည်းပေမယ့် အဲဒါက ကောင်းကင် တာအိုရဲ့ ထုတ်ကုန် တစ်ခုပဲ... ငါတို့ရဲ့ ဆရာက ကောင်းကင်ဘုံ အပြစ်ပေးတာကို ဆွဲဆောင်နိုင်လောက်တဲ့ ကောင်းကင်ကိုဆန့်ကျင်တဲ့ ကိစ္စ တစ်ခုခုများ လုပ်ခဲ့လို့လား..."
သူတို့ သုံးယောက်သည် အပိုင်းအစများ အဖြစ် ဖောက်ခွဲခံထားရသော ဟူယန်၏ အရှေ့တွင် အခြား မည်သူမျှ မရှိသည့်အလား အကြောင်းရင်းကို ဆွေးနွေးနေကြလေ၏။ ဟူထူမှာမူ ကြောက်လန့်ပြီး ကြောင်အမ်းအမ်း ဖြစ်နေပြီ ဖြစ်ပေသည်။ အရူးမလေးသည် ခုလေးတင် ဆရာ့ ရင်ခွင်ထဲတွင် ပွေ့ဖက်ပြီး အလိုလိုက်ခံနေခဲ့ရာမှ မျက်စိတစ်မှိတ်အတွင်း ဆရာသည် အပိုင်းအစများ အဖြစ် ဖောက်ခွဲခံလိုက်ရလေသည်။
အံ့သြတုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများ ရောနှောသွားခြင်းက ဟူထူကို ငိုပင် မငိုနိုင်အောင် ဖြစ်စေခဲ့ပေသည်။
မြေပြင်ပေါ်တွင် ဒူးထောက်နေသော ရှောင်ဖုန်းသည် ဤမြင်ကွင်းကြောင့် ပို၍ပင် အံ့အားသင့်သွားခဲ့လေ၏။ သူ မေ့လုနီးပါး မေ့နေပြီဖြစ်သော သူ၏ မျက်ခုံးနှစ်ခုကြားရှိ ကောင်းကင်ဘုံအပြစ်ပေး မျက်လုံးက အဘယ်ကြောင့် ဆရာကို ရုတ်တရက် တိုက်ခိုက်ခဲ့သနည်း ဆိုသည်ကို သူ မသိသော်လည်း...
ရှောင်ဖုန်း၏ ပထမဆုံး တုံ့ပြန်မှုမှာ သူ ပြီးသွားပြီ ဟူ၍သာ ဖြစ်လေ၏။ သူ၏ ဆရာကို သူက ဖောက်ခွဲပစ်လိုက်ပြီဖြစ်ရာ ယခုအခါ သူ တပည့် တစ်ယောက် ဖြစ်လာရန် မဖြစ်နိုင်တော့ချေ။
"ဘယ်လောက်တောင် စိတ်တိုစရာ ကောင်းလိုက်လဲ..."
ခန်းမဆောင် အတွင်း ဟူယန်၏ အသံ ပဲ့တင်ထပ်သွားလေ၏။ ပြန့်ကျဲနေသော အပိုင်းအစများသည် အလျင်အမြန် ပြန်လည် စုစည်းသွားပြီး ဟူယန်သည် ကျားရေ မှီအိပ်ကုလားထိုင်ပေါ်တွင် ပြန်လည် ပေါ်လာကာ ကြောက်လန့်နေသော ဟူထူကို တည်ငြိမ်စွာ နှစ်သိမ့်ပေးနေပေသည်။
ပထမဆုံး တွေ့ဆုံမှုမှာပင် ဆရာ့ကို ဤမျှ ကြီးမားသော အံ့သြစရာ တစ်ခု သူ ပေးလိုက်ပြီ ဖြစ်သည်။ နောက်ထပ် သူ ဘာလုပ်သင့်သနည်း ဟု တွေးလိုက်မိသည်။
မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော ရှောင်ဖုန်းသည် သူ၏ မူလ နေရာတွင် ဟူယန် ပြန်လည် ပေါ်လာသည်ကို မတုံ့ပြန်နိုင်သေးချေ။ သူသည် ချက်ချင်းပင် ဦးချ အရိုအသေပေးလိုက်ပြီး ထိတ်လန့်တကြားဖြင့် ပြောဆိုလိုက်လေ၏။
"တပည့် သေဒဏ် အကြိမ် တစ်သောင်း ထိုက်တန်ပါတယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ ဆရာ..."
ဟူယန်သည် ရှောင်ဖုန်းကို တစ်ချက်မျှပင် မကြည့်ဘဲ ပြောဆိုလိုက်ပေသည်။
"မင်း ငါ့ဂိုဏ်းထဲ မဝင်ရသေးဘူး ဆိုတော့ မင်းကို ငါ့ရဲ့ တပည့် လို့ ခေါ်လို့ မရသေးဘူး... ငါ့ကို တိုက်ခိုက်တာက ပြဿနာ မဟုတ်ဘူး..."
အိုးယန်သည် ဟူယန်ကို ကြည့်လိုက်လေ၏။ ယနေ့ ဟူယန်သည် ရှောင်ဖုန်းကို အလွန် အေးစက်စွာ ဆက်ဆံနေပြီး မမျှော်လင့်ဘဲ အနည်းငယ် ပုံမှန်မဟုတ် ဖြစ်နေပေသည်။ ပိုင်ယွီနှင့် ချန်ချန်ရှန်းတို့လည်း ဤအချက်ကို သတိပြုမိကြလေ၏။
သူတို့ အနည်းငယ်ကို ဟူယန်က ဂိုဏ်းထဲသို့ ခေါ်ဆောင်ခဲ့စဉ်က သူသည် သူတို့ကို တပည့်များအဖြစ် လက်ခံရန် ငိုယိုပြီး တောင်းပန်နေခဲ့ခြင်း ဖြစ်ပေသည်။
ရှောင်ဖုန်းသည် ပုံမှန် ကျင့်ကြံသူ တစ်ဦးကဲ့သို့ မကျင့်ကြံနိုင်သော်လည်း သူသည် အလွန် မြင့်မားသော ခန္ဓာကိုယ်ပုံသွင်းခြင်း ပါရမီ ကို ပိုင်ဆိုင်ထားလေ၏။
ရှောင်ဖုန်းကဲ့သို့ တပည့် တစ်ယောက်ကိုသာ အပြင်သို့ လွှတ်လိုက်ပါက မဟာမြင့်မြတ်နယ်မြေကိုးခု ထဲမှ မည်သည့်နေရာကိုမဆို သူ ရွေးချယ်နိုင်မည် ဖြစ်သည်။
ထိုကဲ့သို့သော အလားအလာရှိသည့် အရည်အချင်း တစ်ခုသည် ဟူယန်၏ အရှေ့တွင် ရှိနေသော်လည်း ယနေ့ ဟူယန်၏ တုံ့ပြန်မှုမှာ အလွန် အေးစက်လွန်းနေပေသည်။
ဟူယန်၏ စကားကို ကြားလိုက်ရချိန်တွင် ရှောင်ဖုန်း၏ မျက်နှာပေါ်တွင် ချွေးအေးများ ချက်ချင်း စီးကျလာခဲ့လေ၏။ သူသည် ဤမျှလောက် အရှက်ကွဲမှုများနှင့် သွေးထွက်သံယို ကလဲ့စားချေမှုများကို သယ်ဆောင်လာခဲ့ပြီး နောက်ဆုံးတွင် အလင်းရောင်ကို မြင်တွေ့ရပြီဟု ထင်မှတ်ထားချိန်တွင် သူ ကိုယ်တိုင် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်ပေသည်။
ဤဘဝတွင် သူ၏ ကလဲ့စားချေမှုမှာ အမှန်တကယ်ပင် မျှော်လင့်ချက် မရှိတော့ပြီလော၊ ကောင်းကင်က သူ့ကို စွန့်ပစ်လိုက်ပြီလော ဟု တွေးတောပူပန်နေမိသည်။
ဟူယန်သည် မတ်တတ်ရပ်လိုက်ပြီး အောက်ရှိ ရှောင်ဖုန်းကို ကြည့်ကာ သူ၏ ပုံမှန် တက်ကြွသော အမူအရာကို ဖယ်ရှားလိုက်ပြီး လေးနက်သော မျက်နှာဖြင့် ပြောဆိုလိုက်လေ၏။
"တောင်ထိပ်ငယ်လေးက မင်းကို ကောင်းကောင်း ဆက်ဆံခဲ့တယ် မဟုတ်လား... မင်းနဲ့ ငါ ပထမဆုံးအကြိမ် တွေ့တဲ့ အချိန်မှာပဲ မင်းရဲ့ ဆရာကို လုပ်ကြံဖို့ ကြိုးစားတယ်... မင်းရဲ့ ဆရာကို သစ္စာဖောက်ပြီး မင်းရဲ့ ဘိုးဘေးတွေကို ဖျက်ဆီးတယ်... မင်းက ငါ့ဂိုဏ်းထဲ ဝင်ချင်သေးတယ်လို့ ပြောရဲသေးတာလား..."
သူ၏ အသံမှာ လေးနက်ပြီး ရိုးသားလှကာ လိမ်ညာနေခြင်းနှင့် လုံးဝ မတူချေ။
ရှောင်ဖုန်း၏ ဦးနှောက်မှာ ရပ်တန့်သွားသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူ၏ အမှားများကို အဆက်မပြတ် ဝန်ခံရုံသာ တတ်နိုင်တော့ပေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် အိုးယန်သည် ရှောင်ဖုန်း၏ အရှေ့တွင် ရပ်ကာ မကျေမနပ်ဖြင့် ပြောဆိုလိုက်လေ၏။
"အဘိုးကြီး... တော်လောက်ပြီ... မုန်လာဥနဲ့ တုတ် နည်းနည်းလောက် သုံးတာက အဆင်ပြေပေမယ့် အရမ်း အလွန်အကျွံ မလုပ်နဲ့..."
လေးနက်သော မျက်နှာထားဖြင့် ဟူယန်သည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် သူ၏ အမူအရာမှာ ထပ်မံ၍ တင်းမာသွားကာ တောင်ထိပ်ငယ်လေးမှ လူအနည်းငယ်ကို အေးစက်စွာ အော်ဟစ်လိုက်ပေသည်။
"ဒူးထောက်စမ်း..."
ခန်းမဆောင် တစ်ခုလုံးရှိ လေထုမှာ ချက်ချင်း ခဲသွားလေ၏။ 'ကောင်းကင်နှင့် မြေကြီး' ဟူသော စာလုံးများ အောက်တွင် ရပ်နေသော ဟူယန်သည် အမှန်တကယ်ပင် ဒေါသထွက်သွားသည့်အလား အသက်ရှူကျပ်လောက်သော ဖိအား တစ်ခုကို ထုတ်လွှတ်နေပေသည်။
အိုးယန် အံ့အားသင့်သွားသော်လည်း ရှောင်ဖုန်း၏ အရှေ့တွင် နာခံစွာ ဒူးထောက်လိုက်လေ၏။ ချန်ချန်ရှန်းနှင့် ပိုင်ယွီတို့လည်း မတ်တတ်ရပ်ကာ အိုးယန်၏ အနောက်သို့ လျှောက်သွားပြီး ဒူးထောက်လိုက်ကြပေသည်။
ဟူယန်၏ ရင်ခွင်ထဲတွင် ရှိနေသော ဟူထူ ပင်လျှင် နူးညံ့သော စွမ်းအားတစ်ခုဖြင့် ညင်သာစွာ တွန်းထုတ်ခံလိုက်ရပြီး ရှောင်ဖုန်း၏ ဘေးတွင် ဒူးထောက်လိုက်ရလေ၏။
"ဒီနှစ်တွေ အတွင်းမှာ မင်းတို့ရဲ့ လုပ်ရပ်တွေကို ငါ မကြာခဏ အလိုလိုက်ထားခဲ့တယ်... ဒါကြောင့် မင်းတို့ လိုချင်တာ မှန်သမျှ ဖြစ်လာရမယ်၊ ထိုအရာတွေ အားလုံးက ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ထင်တဲ့ စိတ်နေသဘောထားမျိုး မင်းတို့ဆီမှာ ဖွံ့ဖြိုးလာခဲ့တယ် ထင်တယ်..." ဟူယန်သည် သူ၏ အရှေ့ရှိ တပည့်များကို ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်ပေသည်။
အိုးယန်နှင့် အခြားသူများက သူတို့ မရဲပါဘူး ဟု အလျင်အမြန် ပြောဆိုလိုက်ကြလေ၏။
သို့ရာတွင် ဟူယန်က ဆက်လက် ဖိအားပေးလျက် ပြောဆိုလိုက်ပေသည်။ "ရှောင်ဖုန်း ငါ့ရဲ့ တောင်ထိပ်ငယ်လေးထဲ ဝင်တာက သေချာနေပြီ ဖြစ်ပြီး ငါ လုပ်ဖို့ လိုတာက ခေါင်းညိတ်ပြရုံပဲလို့ မင်းတို့ ထင်နေကြပုံ ရတယ်..."
အိုးယန်နှင့် အခြားသူများသည် ဟူယန်၏ ဆူပူကြိမ်းမောင်းမှုကို နားထောင်ရင်း ခေါင်းငုံ့ထားလိုက်ကြလေ၏။
ဟူယန် တစ်ခဏမျှ ရပ်တန့်သွားပြီး သူ၏ အကြည့်သည် ရှောင်ဖုန်း အပေါ်သို့ ပြန်လည် ကျရောက်သွားကာ စကားတစ်ခွန်းချင်း ပြောဆိုလိုက်ပေသည်။ "မင်း ငါ့ဂိုဏ်းထဲ ဝင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး... အနာဂတ်မှာ မင်း ပြဿနာ တစ်ခုခု ဖန်တီးမိရင် တောင်ထိပ်ငယ်လေး အကြောင်း မပြောနဲ့... အခုကစပြီး မင်းက ငါ့ရဲ့ တပည့် လို့ ပြောခွင့် မရှိတော့ဘူး... ပြီးတော့ ငါ မင်းကို ထပ်မတွေ့တော့ဘူး..."