← Chapters

ငါ့ကို အဝေးကို ခေါ်သွားပေးပါ…

Vol. 12 Ch. 162

ငါ့ကို အဝေးကို ခေါ်သွားပေးပါ…

Vol. 12 Ch. 162

ဓား-သင်္ဘောအတွင်းရှိ ဟန်တောင်တန်း ဘိုးဘေး၏ သီးသန့်နယ်မြေသို့ ဦးတည်နေသည့် လျှို့ဝှက်ဥမင် တစ်ခုရှိ၏။ ထိုဥမင်အဆုံးရှိ ဝင်ပေါက်တွင်တော့ စုမင်သည်ထိုင်နေရာမှ မျက်စိများဖွင့်လိုက်သည်။ မျက်လုံးများအတွင်း၌တော့ တွေဝေသည့် အကြည့်တို့ ရှိနေခဲ့သည်။

ဟယ်ဖုန်းသည်တော့ ပေါ်မလာတော့ချေ။ သူသည် စုမင်၏ စိတ်အတွင်း၌မဟုတ်ပဲ ခန္ဓာကိုယ်အတွင်း၌ အနားယူနေပြီ ဖြစ်သည်။ သူအရမ်း အားနည်းသွားခဲ့သည်။ ဤတစ်ကြိမ်တွင် နောက်ထပ်နက်ရှိုင်းစွာ အိပ်မောကျသွားရန် လိုသည်။ မဟုတ်လျှင်တော့ သူပျောက်ကွယ် သွားလိမ့်မည်ဖြစ်သည်။

‘ငါ့ရဲ့မှတ်ဉာဏ်တွေက ငါ နိုးလာလို့ လင်းတငှက်တွေကို ဖမ်းယူလိုက်တဲ့အချိန်မှာ စတင်တယ်။ မိုးရွာတဲ့ညမှာ ဖြစ်ပေါ်လာတဲ့ အက်ကြောင်းကိုလည်း ငါမမှတ်မိဘူး။ ငါရယ်မောခဲ့တဲ့ ခါးသီးဆိုးရွားတဲ့ ရယ်သံတွေကိုလည်း မမှတ်မိတော့ဘူး ... ငါနိုးလာတဲ့အခါတုန်းက ငါက တောင်စောင်းနားမှာ လဲလျောင်းနေခဲ့တယ် ဆိုတာပဲ’

‘ဖြစ်နိုင်တာက ငါ့ရဲ့ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေက အက်ကွဲကြောင်းထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေဖြစ်နေနိုင်တယ်…’

ထို့နောက် စုမင် သူ့ဘေးရှိ ဝင်ပေါက်အား ကြည့်လိုက်သည်။

‘ဟယ်ဖုန်းရဲ့အပြုအမူတွေက အတုအယောင် မဖြစ်နိုင်ဘူး။ ငါ့ရဲ့ ဝိညာဉ်လုံး အတွင်းမှာရှိတဲ့ ကျောက်တုံး အပေါင်းအစလေးက…’

စုမင် သူ့လည်ပင်းတွင်ဆွဲထားသည့် အနက်ရောင်ကျောက်တုံး အပိုင်းအစလေးအား ထိလိုက်မိသည်။

‘ငါ စွန့်စားကြည့်တာပေါ့’

စုမင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ ထို့နောက် မတ်တတ်ထရပ်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိ ဝင်ပေါက်သို့ ဦးတည်ရွေ့လျား သွားလိုက်သည်။

သူသည် ဤနေရာအား အချိန်အတော်ကြာ လေ့လာထားခဲ့ပြီး ဖြစ်သည်။ ယခုဆုံးဖြတ်ချက် ချပြီးချိန်တွင်တော့ သူ့အချိန်အား ထပ်မဖြုန်းချင်တော့ပေ။ သူနှင့် ဟန်တောင်တန်း ဘိုးဘေးကြားတွင် အမှန်တကယ်ပင် ဆက်နွှယ်မှု ရှိနေသည်ဟူသည့် အားကောင်းသည့် ခံစားချက်တစ်ခု သူ့တွင်ရှိနေသည်။ သူ့အား ဤနေရာတွင် ဝေခွဲမရ ဖြစ်နေစေသည့် အရာအားလုံးအတွက် အဖြေတစ်ခုတော့ ရနိုင်လိမ့်မည်ဟု ခံစားရသည်။

“လာခဲ့  ... ဒီကို လာခဲ့…”

အိုမင်းနေသည့် အသံသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး သူအပြင်ဘက်တွင် ရှိစဉ်ကထက် ပိုမိုရှင်းလင်း အားကောင်းလာခဲ့ပြီး အသံသည် သူ့စိတ်အတွင်း၌ ပဲ့တင်ထပ်နေသည်။ သူဝင်ပေါက်မှတစ်ဆင့် ခြေချလိုက်မိသည်နှင့် တစ်ပြိုင်နက်ပင် သူ့အမြင်အာရုံတွင် တိမ်များဖြစ်ပေါ်သွားသည်။

အရာအားလုံး ရှင်းလင်းသွားသည်နှင့် သူ့ရှေ့တွင် ကြယ်များလင်းလက် တောက်ပနေခဲ့သည့် ကောင်းကင်ကြီးကို မြင်လိုက်ရသည်။ မိုးကောင်းကင်၏ အဆုံးကိုတော့ မမြင်နိုင်ချေ။ ထို့အပြင် ကြယ်များသည်လည်း မျက်စိကျိန်းလောက်အောင် တောက်ပသည့်အလင်းကို ထုတ်လွှတ်နေကြ၏။

“ဒါက ဘယ်နေရာမှာလဲ…”

စုမင် ခဏတာ မှင်တက်သွားမိသည်။ ဤနေရာသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုတို့ ဖုံးလွှမ်းနေပြီး သူတစ်ဦးတည်းသာ ဤနေရာတွင်ရှိဟန် တူသည်။

“ဒါက ... တတိယမြောက် အလွှာပဲ ... လာပါ ... ဒီကို လာပါဦး ... ငါ... မင်းကို ... ကြည့်ပါရစေ…”

အိုမင်းနေသည့် အသံသည် စုမင်စိတ်ထဲတွင် ပိုမိုရှင်းလင်းပြတ်သားစွာ ပဲ့တင်ထပ်နေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ပေါ်မှ ကြယ်များသည် သူ့မျက်စိရှေ့၌ပင် လျင်မြန်စွာစတင် ရွေ့လျားသွားကြသည်။ ကြယ်များရွေ့လျားမှု ပြီးဆုံးသွားပြီး နောက်ဆုံးတွင်တော့ လွင့်မျောနေသည့် ကုန်းမြေ အပိုင်းအစတစ်ခုသည် သူ့ရှေ့တွင် ပေါ်ပေါက်လာသည်။

စုမင် ယခင်က ဤအရာများကို တစ်ခုမှ မမြင်ဖူးခဲ့ပေ။ သူ့မျက်လုံးများသည် တွေဝေမှုများနှင့် မှင်တက်မိသွားသော်ငြား မကြာခင်ပင် ပြန်လည် တည်ငြိမ်သွားချေသည်။

သူ ရှေ့ကိုတိတ်ဆိတ်စွာ ရွေ့လျားလိုက်သည်။ သူ မည်မျှကြာအောင် လမ်းလျှောက်ခဲ့မိမှန်း မသိချေ။ သူသည်ပင် လွင့်မျောနေသည့် ကုန်းမြေ အပိုင်းအစထံသို့ လျှောက်လှမ်း နေခဲ့သည်လား သို့တည်းမဟုတ် လွင့်မျောနေသည့် ကုန်းမြေ အပိုင်းအစသည်ပင် သူ့ထံသို့ ရွေ့လျားလာနေ ခဲ့ခြင်းလားလည်း မသဲကွဲတော့ပေ။

နီးကပ်သွားသည်နှင့် ကုန်းမြေအစိတ်အပိုင်းသည် သူ့ရှေ့တွင် မြင့်တက်လာသည်။ စုမင်သည် ထိုအရာပေါ်သို့ လှမ်းတက်လိုက်ပြီးနောက် သူ့ပတ်လည်ကို ကြည့်ရှုလိုက်သည်။

တောင်တန်းများသည်တော့ မြင့်လိုက်နိမ့်လိုက်ဖြင့် သွယ်တန်းနေကြပြီး မြစ်များမှလာသည့် ရေစီးသံများကိုလည်း ကြားနေရသည်။ မြေပြင်သည်တော့ အစိမ်းရောင်မြက်များဖြင့် ဖုံးလွှမ်းလျက်ရှိပြီး ၎င်းတို့ထံမှ မွှေးကြိုင်သည့် ရနံ့တစ်မျိုး ထွက်ပေါ်လျက် ရှိသည်။ မြက်ခင်းပြင်တွင် ထိုင်နေသူသည်တော့ မီးခိုးရောင်ဝတ်ရုံများ ဝတ်ဆင်ထားသည့် လူတစ်ဦးဖြစ်သည်။

ထိုလူ၏ အသက်အရွယ်အား ခန့်မှန်းမရနိုင်သည့် သူတစ်ဦးဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် ခြောက်သွေ့နေခဲ့ပြီး သူ့ခေါင်းတွင်တော့ ဆံမျှင် အနည်းငယ်ခန့်သာ ရှိနေသည်။ သူ့အဝတ်အစား များသည်လည်း ပျက်စီးလုနီးပါး ဖြစ်နေချေသည်။ ထိုသူသည် သေဆုံးနေသည့်အလား မြေပြင်၌ထိုင်လျက် မျက်လုံးတို့ကို စေ့ပိတ်ထားလေသည်။

“မင်းက ... နောက်ဆုံးတော့ ရောက်လာခဲ့ပြီ…”

အက်ကွဲသည့် အသံတစ်သံသည် ကုန်းမြေတစ်ခုလုံးအား ဖြတ်လျက် ပဲ့တင်ထပ်သွားလေသည်။

“ခင်ဗျားက ဟန်တောင်တန်းရဲ့ဘိုးဘေးလား”

စုမင် အသက်ပြင်းပြင်း ရှူလိုက်ကာ မိမိကိုယ်ကို စိတ်တည်ငြိမ်သွားအောင် ဖိအားပေးလိုက်ပြီးနောက် သေဆုံးနေဟန် တူသည့်လူကို ကြည့်လိုက်သည်။

“မင်း ငါ့ကို ဟန်ခုန်းလို့ ခေါ်နိုင်ပါတယ်…”

အိုမင်းနေသည့်အသံသည် လေထဲတွင် ပဲ့တင်ထပ်နေပြီး ၎င်းအသံ ထွက်ပေါ်လာရာ ဦးတည်ချက်အား ခန့်မှန်း၍မရနိုင် ဖြစ်စေသည်။ ထိုအသံ သူ့နားတွင်းသို့ ရောက်လာသောအခါ စုမင်တုန်ခါသွားသည်။

“ဘာကြောင့် မင်းငါ့ကို ဒီနေရာကို ခေါ်ရတာလဲ” စုမင် ခဏတာ တိတ်ဆိတ်နေပြီးမှ မေးလိုက်သည်။

“မင်းကို ဒီနေရာဆင့်ခေါ်တာ ငါမဟုတ်ဘူး ... မင်းကသာ မင်းကိုယ်မင်း ဒီနေရာကို ဆင့်ခေါ်ခဲ့တဲ့သူပဲ…”

ဤတစ်ကြိမ်တွင်တော့ အသံသည် သူ့ပတ်လည်မှ ထွက်ပေါ်မလာတော့ပဲ သူ့ရှေ့ရှိ ခြောက်သွေ့နေသည့် လူပုဂ္ဂိုလ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ စကားလုံးတို့သည် ပါးစပ်မှ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုလူသည် သူ့မျက်လုံးတို့အား ဖွင့်လိုက်ချေသည်။

မျက်လုံးတို့သည် မယုံနိုင်လောက်အောင် မှိန်ဖျော့နေသော်ငြား ၎င်းတို့အတွင်းမှ လေးနက်သိမ်မွေ့သည့် အကြည့်များသည်တော့ ကြယ်လေးများသဖွယ် ထင်ရချေသည်။ ထိုမျက်လုံးများ အတွင်းရှိ စိတ်လှုပ်ရှားခြင်း၊ တောင့်တခြင်းနှင့် မျှော်လင့်ခြင်း တို့သည်တော့ အားနည်းနေချေသည်။

“ငါ့ကို အဝေးကို ခေါ်သွားပေးပါ…”

ခပ်အက်အက်အသံသည် ဟန်ဖုန်း၏ပါးစပ်မှ ထွက်ပေါ်လာသည်။ သူ၏အသံသည် ခြောက်သွေ့နေသည့် သစ်ကိုင်း၂ကိုင်း ပွတ်တိုက်ရာမှ ထွင်ပေါ်လာသံကဲ့သို့ ဖြစ်ပြီး ကြားရသူများအား စိတ်မသက်မသာ ဖြစ်စေလေသည်။

စုမင် အရိုးပေါ်အရေတင် ဖြစ်နေသည့် ဟန်တောင်တန်း ဘိုးဘေးအား ကြည့်လိုက်ရင်း တိတ်ဆိတ်သွားမိသည်။

“ကတိ အတိုင်းဆိုရင် ... ငါ့ရဲ့ တာဝန်တွေက ပြီးမြောက်သွားခဲ့ပြီ။ ငါ မင်းကို စောင့်နေခဲ့ရတာ အချိန်တွေ အတော်ကြာသွားပြီ ... ငါ့ကို အဝေးကို ခေါ်သွားပါတော့”

ဟန်ခုန်းကို ကြည့်ရသည်မှာ အချိန်အတော်ကြာ စကားမပြောခဲ့ရဟန်ပင်။ သူသည် စကားလုံးများအား ပုံစံဖွဲ့ပြောဆိုရန် အခက်အခဲရှိနေဟန်ရပြီး စကားလုံးတစ်လုံးချင်းစီ ပြောနေရလေသည်။ သူ၏ အေးဆေး တည်ငြိမ်နေသည့် မျက်နှာတွင်တော့ မျှော်လင့်နေသည့် အမူအရာလည်း ရှိနေချေသည်။

“ငါ့ရဲ့ အိမ်ကို စွန့်ခွာခဲ့ရတာ နှစ်ပေါင်း ၈၀၀၀ ရှိနေပြီ။ ငါ အိမ်ပြန်ချင်တယ်…”

ဟန်တောင်တန်း ဘိုးဘေးသည် အနည်းငယ် တုန်လှုပ်နေဟန်ဖြင့် စုမင်အားကြည့်လျက် တီးတိုးပြောသည်။

ဟန်ခုန်း စကားပြောနေစဉ်တွင်ပင် ကောင်းကင်တစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွားသည်။ အဝေးရှိကြယ်များသည် ကျယ်လောင်စွာ မြည်ဟည်း ပေါက်ကွဲသွားကြပြီး ကြယ်တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြသည်။

“သူတို့က ဒီရောက်နေပြီ ... မြန်မြန်လေး…”

ဟန်ခုန်း၏ အသက်ရှူသံသည် မြန်ဆန်လာခဲ့သည်။

စုမင် တိတ်ဆိတ်နေဆဲပင်ဖြစ်သည်။ ဟန်ခုန်း၏ စကားများအတွင်းတွင် သူနားမလည်သည့် အရာများစွာ ရှိနေပေသည်။

စုမင်မျက်လုံးများတွင် အလင်းရောင်တစ်ချက် တောင်ပသွားပြီး နွမ်းလျစွာ ပြောလိုက်သည်။

“မင်းကိုငါ ... အဝေးကို ဘယ်လို ခေါ်သွားရမှာလဲ”

“မင်း…”

ဟယ်ဖုန်း မှင်တက်သွားကာ စုမင်အား ငေးကြည့်လိုက်သည်။ ထို့နောက် မယုံကြည်မှု၊ မသေချာမှုများသည် သူ့မျက်လုံးများအတွင်း ပေါ်ပေါက်လာ၏။ စုမင်၏ ရိုးရှင်းသောဝါကျလေး တစ်ခွန်းသည် သူ၏ မျှော်လင့်ချက်များနှင့် မတူညီနေခဲ့ပေ။

“မင်း ဘယ်သူလဲ”

ဟန်ခုန်းသည် ချက်ချင်းပင် စူးရှသွားပြီး ကြီးမားသည့် ဖိအားကြီးသည် ပေါက်ကွဲသံတစ်ခုနှင့်အတူ ပျံ့နှံ့ ထွက်ပေါ်လာသည်။ ထိုဖိအားအောက်တွင် စုမင်သည် သူ့ကိုယ်သူ မိုးသက်မုန်တိုင်း ကြားရောက်နေသည့် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သူ အသက်ရှူ ကျပ်သွားသလို ခံစားလိုက်ရပြန်သည်။

စုမင် မျက်နှာသည် ဖျော့တော့နေခဲ့ပြီး သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ ဟန်ခုန်းအား ကြည့်လိုက်ပြီး ခဏတာတိတ်ဆိတ် နေခဲ့သည်။ ထို့နောက် အဝေးမှပေါက်ကွဲသံများ နီးကပ်လာချိန်တွင်မှ ညင်သာစွာ ပြောလိုက်သည်။

“ငါက စုမင်”

“ကံကြမ္မာ ... ဒါ မှန်တယ်။ အဲဒါ မင်းပဲ”

ဟန်ခုန်း စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။ ဖိအားသည် ပျောက်ကွယ်သွားပြီး သူ့မျက်လုံးအတွင်းရှိ စူးရှသည့် အကြည့်သည်လည်း မျှော်လင့်ချက်ပါသည့် အကြည့်များအဖြစ် ပြန်ပြောင်းသွားတော့သည်။ စုမင်၏အမည်အား ကံကြမ္မာအဖြစ် မည်သို့နားကြား လွဲသွားမှန်း သူမသိလိုက်ချေ။

“မင်းက ကံကြမ္မာပဲ။ ငါ့ကို ဒီနေရာကနေ ဘယ်လိုအဝေးကို ခေါ်ထုတ်သွားရမလဲဆိုတာ မင်းသိပါတယ်…”

ဟန်ခုန်း ခက်ခက်ခဲခဲဖြင့် ပြောလိုက်သည်။ ထိုအခိုက်တွင် အပြင်ဘက်ရှိ ကောင်းကင်ပေါ်မှ နောက်ဆုံးကြယ်သည် ပေါက်ကွဲသွားသည်။ တစ်ချိန်တည်းမှာပင် မြည်ဟည်းသံကြီးများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မြေပြင်သည်လည်း အလွန်အမင်း တုန်ခါသွားလေသည်။ ပြင်ပမှတစ်စုံတစ်ဦးသည် မမြင်ရသည့် နည်းလမ်းသုံးလျက် ဤနေရာအား တိုက်ခိုက်နေဟန်တူသည်။

“သေစမ်း ... သူတို့က ဒီနေရာကို အစောကြီး ရောက်လာကြပြီ”

ဟန်ခုန်း၏ မျက်နှာသည် တွန့်ချိုးသွားသည်။ ထို့နောက်သူသည် ရုန်းကန်၍ ခြေတစ်လှမ်းလှမ်းကာ ကောင်းကင်သို့ ဦးတည်လိုက်ချေသည်။

“သူတို့မင်းကို ဒီနေရာမှာ တွေ့နိုင်မှာမဟုတ်ဘူး။ မဟုတ်ရင်တောင် မင်းရဲ့ပညာရပ်ကို ထုတ်သုံးထားလိုက်ရင် သူတို့မင်းကို နှောင့်ယှက်နိုင်မှာ မဟုတ်ပါဘူး။ ငါ သူတို့ကို ရပ်ထားလိုက်မယ်။ မင်းက ကံကြမ္မာပဲ။ မင်းငါ့ကို ပြန်ပို့ပေးရလိမ့်မယ် ... မင်းငါ့ကို ပြန်ပို့ကိုပို့ရမယ်... မင်းငါ့ကို ပြန်ပို့ပေးရမယ်”

ဟယ်ဖုန်း နောက်တစ်ကြိမ် ပြန်လှည့်လာခဲ့ပြီး သူ့မျက်လုံးများတွင်တော့ ပထမဆုံးအကြိမ်အဖြစ် ရက်စက်သည့်အကြည့်တို့ ရှိနေခဲ့သည်။ စုမင်အား တစ်ချက်ကြည့်ပြီး ကောင်းကင်သို့ ဦးတည်ပျံသန်း သွားလေသည်။

လွင့်မျောနေသည့် ကုန်းမြေအပိုင်းအစ၏ အပြင်တွင်တော့ ကြယ်အလင်းရောင်များ ဆုံးရှုံးသွားသည့် ညကောင်းကင်သည် အမှောင်ထုအတွင်းသို့ ကျရောက်သွားလျက် စတင် တွန့်လိမ်ပုံပျက်နေပြီ ဖြစ်သည်။ ဟန်ခုန်းအပြင်သို့ ထွက်လာသည်နှင့် လှိုင်းဂယက်များစွာသည် တွန့်လိမ်ပုံပျက်နေသည့် ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားကြသည်။ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် အေးခဲကောင်းကင်ကလန်မှ အနီရောင် ဝတ်ရုံနှင့် အဘိုးအိုသည် ထိုလှိုင်းဂယက်များအတွင်းမှ လမ်းလျှောက်ထွက် လာချေသည်။

“ဟန်ခုန်း”

အော်ဟစ်သံသည် လေထဲတွင် ပဲ့တင်ထပ်သွားပြီး ဝတ်ရုံအနီနှင့် အဘိုးအို၏ မျက်နှာသည် လေးနက်သွားပြီး အင်အားကြီးမားသည့် တည်ရှိမှုတစ်ခုသဖွယ် ဖြစ်ပေါ်လာလေသည်။ သူသည် ညာဘက်လက်အား လျင်မြန်စွာမလိုက်သည်။

သူတို့ပတ်ဝန်းကျင်ရှိ အမှောင်ထုသည် ရုတ်တရက် အရောင်များဖြင့် ပြည့်နှက်သွားသည်။ ၎င်းတို့သည် လည်ပတ်သွားပြီးနောက် ကြီးမားသည့် လေပွကြီးတစ်ခုအသွင် ဖြစ်ပေါ်လာသည်။ အော်မြည်သံတို့သည် လေထုအတွင်း ပြည့်နှက်လျက် ၎င်းလေဝဲကြီးသည် ဟန်ခုန်းအား ဗဟိုပြုလျက် လှည့်ပတ်နေသည်။ ထိုအရာသည် သူ့အနီးတွင်လျင်မြန်စွာ လှည့်ပတ်သွားပြီး နောက်တွင်တော့ တုန်လှုပ်စရာ စွမ်းအားအဖြစ်သို့ ကူးပြောင်းသွားတော့သည်။

ဟန်ခုန်းသည် တုန်လှုပ် ချောက်ချားဖွယ်ရာ ညည်းတွားသံတစ်ခုကို အော်ဟစ်လိုက်သည်။ ထို့နောက် သူ့ညာဘက်လက်ကို လွှဲမြှောက်လိုက်ရာ အနီရောင်အလင်းသည် သူခြေထောက်အောက်တွင် ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုအနီရောင်အလင်းသည် အနီရောင်မြက်ခင်းပြင် အဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူ့လက်ကို ရှေ့သို့လွှဲယမ်းလိုက်ရာ အနီရောင် မြက်ခင်းပြင်သည် ပတ်ပတ်လည်သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ခဏချင်းပင် လီ၁၀၀အကွာအဝေးအား ဖုံးလွှမ်းသွားတော့သည်။

ဟန်ခုန်းသည် သားရဲရိုင်း တစ်ကောင်ကဲ့သို့ ဆူညံစွာ ဟိန်းဟောက်အော်ဟစ် လိုက်သည်။ သူ့မျက်လုံးများသည်တော့ မုန်းတီးမှုများဖြင့် တောက်ပနေပြီး သူ့ညာဘက်လက်ဖြင့် သူ့အောက်ရှိမြေပြင်အား ဖိကပ်လိုက်သည်။

သူထိုသို့လုပ်လိုက်သည်နှင့် လီ၁၀၀ မြက်ခင်းပြင်သည် တုန်ခါသွားပြီး ထိတ်လန့်ဖွယ် ဟိန်းဟောက်သံတို့ ထွက်ပေါ်လာသည်။ ဟန်ခုန်းလက်ဖြင့် ဖိထားသည့်နေရာမှ အနီရောင်မြူခိုး အစုအဝေးတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းအခိုးအငွေ့တို့သည် လျင်မြန်စွာ အတူတကွ စုဝေးသိပ်သည်းသွားပြီး ဧရာမ ခေါင်းသုံးလုံးစပါးအုံးကြီး ဖြစ်ပေါ်လာသည်။ ထို့နောက် ၎င်းသည်တွန်သံ တစ်ချက်ပြုလျက် ဝတ်ရုံအနီနှင့် အဘိုးအိုဆီသို့ ဦးတည်တိုးဝင် သွားလေသည်။

ဟန်ဖုန်းသည် ဘယ်ဘက်လက်ဖြင့်လည်း အနီရောင် မြက်ခင်းပြင်ပေါ်သို့ ဖိနှိပ်လိုက်ပြန်ရာ ဆူညံသည့် ငိုကြွေးမြည်တမ်း သံကြီးသည် လေထုအတွင်း ရုတ်တရက် ပျံ့နှံ့သွားပြန်သည်။ အနီရောင် အခိုးအငွေ့တို့သည် မြက်ခင်းပြင်မှ နောက်တစ်ကြိမ် ဖြစ်ပေါ်လာပြန်ပြီး အနီရောင် ချပ်ဝတ်အင်္ကျီဖြင့် လူတစ်ဦးအဖြစ် ပြောင်းလဲသွားပြန်သည်။ ထိုလူသည် သွေးဓားကြီးအား ကိုင်ဆောင်ထားပြီး သူပေါ်လာသည်နှင့် ဝတ်ရုံအနီနှင့် အဘိုးအိုထံသို့ ထပ်မံတိုးဝင်သွားပြန်၏။

ဟန်ခုန်း၏ တိုက်ခိုက်မှုသည် မပြီးဆုံးသေးချေ။ သူသည် လျှာကိုကိုက်လျက် ပါးစပ်အပြည့်သွေးတို့ကို ထွေးထုတ်လိုက်သည်။ သူ့သွေးများ မြက်ခင်းပြင်ပေါ်သို့ ကျရောက် ပြန့်ကျဲသွားသည်နှင့် ထိုမြက်ခင်းပြင်သည် သွေးရူးသွေးတန်း ဖြစ်ပေါ်သွားဟန်တူသည်။ ၎င်းသည် လျင်မြန်စွာ တွန့်လိမ်သွားပြီးနောက် တုန်လှုပ်ဖွယ်ရာ အမြန်နှုန်းဖြင့် ကြီးထွားလာပြီး လျှပ်စီးအမြန်နှုန်းနှင့် ဆံချည်မျှင်များ သဖွယ်လည်း ပြင်ပသို့ ပျံ့နှံ့သွားလေသည်။

“မာန်စွမ်းအားရှင်တွေ ... မင်း ဘယ်လိုတောင် ငါ့လို မသေမျိုးကို ဆန့်ကျင်ရဲရတာလဲ”

လျင်မြန်စွာ ကြီးထွားလာနေသည့် မြက်ခင်းပြင်ပေါ်တွင် ဟန်ခုန်းသည် သူ့လက်များအား လေထဲသို့ညင်သာစွာ မြှောက်လိုက်သည်။ သူသည် ထိုအခိုက်တွင် ခြောက်ကပ်နေပုံ ပေါ်သော်လည်း သသူ့ထံမှ ထွက်ပေါ်နေသည့် တည်ရှိမှုသည်တော့ ဖော်ပြရန်ခက်ခဲလှသည်။

စုမင် ထိုမြင်ကွင်းအား မြင်သောအခါ သူ့နှလုံးသားသည် ရင်ဘတ်အပြင် ခုန်ပေါက်ထွက်သွား တော့မည်ကဲ့သို့ ထင်လိုက်ရသည်။ ကြယ်များ ပြည့်နှက်နေသည့် ကောင်းကင်ရှိ အရိပ်ထံမှ နက်မှောင်တောင် သုတ်သင်ခံလိုက်ရစဉ်က တိုက်ပွဲပြီးလျှင် ဒါသည် သူမြင်တွေ့ခဲ့ဖူးသမျှ တိုက်ပွဲတိုင်းတွင် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သည်။ ဟန်ခုန်း၏ ပညာရပ်သည် သူ့အား အဓိကတုန်လှုပ်စေသည်။

ဝတ်ရုံအနီနှင့် အဘိုးအို၏ မျက်နှာသည် တည်ငြိမ်နေခဲ့သည်။ သူသည် ညာဘက်လက်အား မြှောက်လိုက်ကာ သူ့မျက်ခုံးအလယ်သို့ ညွှန်ပြလိုက်သည်။ ထို့နောက် ထိုနေရာမှသည် နှာခေါင်းအပေါ်အထိ လက်ဖြင့်ပွတ်ဆွဲလျက် သွေးလမ်းကြောင်းတစ်ခု ဖန်တီးလိုက်သည်။

လမ်းကြောင်းပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝတ်ရုံအနီနှင့် အဘိုးအို၏ နောက်ဘက်ရှိ လေဟာနယ်ထဲမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ဧရာမပုံရိပ်ကြီး တစ်ခုသည် လေဟာနယ်အား စုတ်ဖြဲထင်ပေါ်လာပြီး ၎င်းသည် ပေ၁၀၀၀၀ခန့် ရှည်လျားပြီး လုံးဝနီရဲနေသည့် ဝိညာဉ် တစ်ကောင်ဖြစ်သည်။

၎င်းသည် မာန်နတ်ဘုရားရုပ်တုမှ ပြောင်းလဲလာသည့် မွန်းစတား တစ်ကောင်နှင့် ပိုတူချေသည်။ ထိုအရာသည် သားရဲအရေများအား ဝတ်ဆင်ထားပြီး ခန္ဓာကိုယ် တစ်ပိုင်းသည်တော့ အဝတ်ဗလာဖြစ်နေလေသည်။ ထိုအရာသည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် တုန်လှုပ်ဖွယ် ဟိန်းဟောက်သံကြီး တစ်ခုအား အော်ဟစ်မြည်တမ်း လိုက်သည်။

တစ်ချိန်တည်းမှာပင် ဝတ်ရုံအနီနှင့် အဘိုးအို၏ နောက်ဖက်ရှိ ဘူးသီးခြောက်ကြီးသည် လွင့်မျောလာပြီး အဖုံးပွင့်သွားသည်နှင့် တစ်ပြိုင်နက် များစွာသော အနက်ရောင်အရိပ်များ ပျံသန်းထွက်ပေါ် လာကြသည်။ ထို အနက်ရောင် အရိပ်များသည် သားရဲရိုင်းများ၏ ဝိညာဉ်များဖြစ်သည်။  ဧရာမ မွန်းစတားကြီးသည် ၎င်းတို့အားဖမ်းဆီးကာ စားသုံးပစ်လိုက်လေသည်။

ခေါင်းသုံးလုံး စပါးအုံးမြွေကြီးနှင့် ချပ်ဝတ်အနီဖြင့် တိုက်ပွဲဝိညာဉ်နှင့် လူတို့သည် သူ့ထံသို့ ဦးတည်လာနေသည်အား ဧရာမမွန်းစတားကြီးသည် ခေါင်းကိုဖြည်းညင်းစွာ မော့ကြည့်လိုက်သည်။ ဟိန်းဟောက်သံ တစ်ချက်နှင့်အတူ ခေါင်းသုံးလုံး စပါးအုံးမြွေကြီးအား သူ့လက်သည်းများနှင့် ဖမ်းဆုပ်လျက် ပါးစပ်မှကိုင်၍ ဆွဲဖြဲပစ်လိုက်တာ ဘေးသို့ပစ်ချလိုက်ပြီး ချပ်ဝတ်အနီနှင့် လူဆီသို့ ဦးတည်လိုက်သည်။

ပေါက်ကွဲသံများသည် လေထုအတွင်း မြည်ဟည်းလျက်ရှိသည်။ ဧရာမ မွန်းစတားကြီးနှင့် သတ်ဖြတ်သူတို့ ဆက်လက် တိုက်ခိုက်နေစဉ်တွင် ဟန်ခုန်း၏ ကျယ်ပြန့်လာနေခဲ့သည့်  မူလက နေရာတစ်ခုလုံးနီးပါး ဖုံးအုပ်ထားသော အနီရောင် မြက်ခင်းပြင်သည် တုန်လှုပ်ဖွယ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ရုတ်တရက်ဆိုသလို ကျုံ့လာချေတော့သည်။

စုမင် အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူရှေ့ရှိတိုက်ပွဲအား အာရုံစိုက်နေမိချိန်၌ပင် သူရှေ့ရှိလေဟာနယ်သည် တွန့်လိမ်သွားပြီး ဟန်ခုံးသည် ထိုအတွင်းမှ လျှောက်လှမ်း ထွက်လာချေသည်။ သူထိုသို့ လုပ်လိုက်သည်နှင့် ဟန်ဖုန်း၏ ခြေထောက်များသည် ဘာမှ မကျန်တော့သည်အထိ ပျက်စီးပျောက်ကွယ် သွားလေသည်။ သူ့မျက်နှာသည် သေခြင်းတရားတို့ ပြည့်နှက်နေသော်ငြား သူသည် စုမင်အားဖမ်းဆုပ်လျက် ရှေ့သို့ဆက်လက် ပျံသန်းရင်း သူနှင့်အတူ ပျောက်ကွယ်သွားလေသည်။

ဤအရာအားလုံးသည် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ဟန်ခုန်း၏ ဖမ်းဆီးခြင်း ခံလိုက်ရချိန်တွင် စုမင် စဉ်းစားတွေးတောရန်ပင် အချိန်မရလိုက်ချေ။ ဟန်ခုန်းနှင့် သူထိုနေရာမှ ပျောက်ကွယ်သွားသည့် အခိုက်တွင်ပင် ဆံမျှင်များကဲ့သို့ ပြန့်ကျဲနေသည့် အနီရောင် မြက်ခင်းပြင်သည် လွင့်မျောနေသည့် ကုန်းမြေအပိုင်းအစ ပတ်လည်ရှိ ကောင်းကင်အား ဖုံးအုပ်နေသည်ကိုသာ သူမြင်လိုက်ရ၏။ ပေါက်ကွဲသံများ ထွက်ပေါ်လာချိန်တွင် ဟန်ခုန်းသည် ရှေ့သို့နောက်တစ်ကြိမ် ပျံသန်းလိုက်ပြန်သည်။ သူသည် ချောင်းဆိုးတိုင်း သွေးတို့ ထွေးထုတ်နေရသော်ငြား အဝေးသို့ ဦးတည်ပျံသန်းနေဆဲပင် ဖြစ်သည်။

သူ့နောက်တွင်တော့ ဝတ်ရုံအနီနှင့် အဘိုးအိုသည် လိုက်လံဖမ်းဆီးလျက် ရှိချေသည်။

***

All Chapters