← Chapters

ရွေ့ပြောင်းအစီအရင်နဲ့ ထွက်ပြေးပြီ

Vol. 25 Ch. 264

ရွေ့ပြောင်းအစီအရင်နဲ့ ထွက်ပြေးပြီ

Vol. 25 Ch. 264

သို့ဖြင့် လူသားနှင့် မြေခွေးတို့သည် ဝိညာဉ်ကတိသစ္စာ ပြုလိုက်ကြသည်။ စိတ်ချရသည်နှင့် ဝိညာဥ်မြေခွေးမှာ ဒဏ်ရာများကို စတင်ကုသပါတော့သည်။ စုန့်ဝမ်က အခြားလုပ်စရာ မရှိသဖြင့် ရွှယ်မေထံမှ လုယူခဲ့သော ဝင်္ကပါတံဆိပ်ကို သေချာစွာ စစ်ဆေးကြည့်သည်။ တံဆိပ်မှာ လင်ဗန်းနှင့် တူပြီး သွေးနီရောင် တောက်ပနေသည်။ အလွန်ရှုပ်ထွေးသော ဝင်္ကပါပုံစံကွက်မျာ ပြည့်နှက်နေသည်။ စုန့်ဝမ် စိတ်ညစ်သွားသည်၊ ခက်ခက်ခဲခဲ လုယူခဲ့သော်လည်း မည်သို့ အသက်သွင်း၊ ထိန်းချုပ်ရမည်ကို တွေးဆ၍ပင် မရ ဖြစ်နေသည်။

တွေးမရသည့်အဆုံး တစ်ခုခု ရလိုရငြား ကံစမ်းသည့်အနေဖြင့် ဝိညာဥ်မြေခွေးကို မေးကြည့်လိုက်သည်။

"စီနီယာမြေခွေး... စီနီယာက ဒီရှေးဟောင်းခန်းမထဲမှာ နေလာတာ ကြာပြီပဲ။ ဒီမှာ သိမ်းဆည်းထားတဲ့ ကျောက်စိမ်းမှတ်တမ်းပြားတွေ၊ ကျင့်စဉ်တွေ ဘယ်မှာရှိတယ်ဆိုတာ သိတယ်မလား"

ဝိညာဥ်မြေခွေး၏ အသံက စုန့်ဝမ်စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

"လူသား... မင်းက ဝင်္ကပါစွမ်းအားကို သုံးပြီး အပြင်က လူနှစ်ယောက်ကို ခုခံဖို့ ကြံနေတာလား။ အိမ်မက်မက်မနေပါနဲ့။ ဝင်္ကပါတွေက အရမ်း နက်နဲတယ်။ မင်းရဲ့ ကျင့်ကြံမှုအဆင့်၊ ဝိညာဉ်အာရုံ စွမ်းအားနဲ့ဆိုရင် အသက်သွင်းဖို့ လုံးဝ မဖြစ်နိုင်ဘူး"

"ဒါပေမဲ့ ရွှယ်မေက ငွေရောင်ဖုတ်ကောင် ခန္ဓာကိုယ်နဲ့တင် ဝင်္ကပါကို အသက်သွင်းနိုင်ခဲ့တာပဲ။ ငါက ဘာလို့ မရမှာလဲ"

"အဲဒီလူရဲ့ ဝိညာဉ်စွမ်းအားက အရမ်း သန်မာတယ်။ သူက ဝိညာဉ်စွမ်းအားကို သုံးပြီး ဝင်္ကပါကို အတင်းအဓမ္မ အသက်သွင်းခဲ့တာ။ ဒါပေမဲ့ ဝင်္ကပါကို တကယ် ထိန်းချုပ်နိုင်ခဲ့တာ မဟုတ်ဘူး၊ တကယ့်စွမ်းအားရဲ့ အဖျားအနားကိုတောင် ထုတ်မသုံးနိုင်ခဲ့ဘူး။ လူသား... အဲဒီဝင်္ကပါတံဆိပ်ကို ကိုင်ထားလည်း အသုံးမဝင်ဘူး။ ငါ့ကို ပေးလိုက်တာ ပိုကောင်းမယ်"

စုန့်ဝမ်၏ မျက်လုံးများ တောက်ပသွားသည်။

"စီနီယာ... ကျွန်တော်တို့က အခု လှေတစ်စင်းတည်း စီးနေကြတာပါ။ ကျွန်တော့်ကို ထိန်းချုပ်နည်းတွေ ပြောပြတာ စီနီယာ့ရဲ့ အသက်ကိုလည်း ကာကွယ်ရာ ရောက်ပါတယ်"

"အတွင်းခန်းမထဲမှာ တစ္ဆေမြူနှင်းတွေ ပြည့်နေပြီး အပြင်က လူနှစ်ယောက်လည်း မဝင်ရဲဘူး။ ဒီအတွင်းခန်းမထဲကနေ မထွက်သရွေ့ ငါ ဘေးကင်းနေမှာပဲ။ ဒါပေမဲ့ မင်းကတော့ တစ္ဆေမြူနှင်းတွေ တိုက်စားမတာကို ခုခံနိုင်ပေမဲ့ အကြာကြီး မခံနိုင်ဘူး။ တစ်ပတ်တောင် မကြာဘူး၊ အသိဉာဏ်မဲ့တဲ့ ဝိညာဉ်ဆိုးတစ်ကောင် ဖြစ်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းက စုန့်ဝမ် မဟုတ်တော့ဘူး။ အဲဒီအခါကျမှ မင်းကိုသတ်ပြီး ဝင်္ကပါတံဆိပ်ကို လုယူရင် ငါတို့ရဲ့ ကတိသစ္စာကို ဖောက်ဖျက်ရာ မကျတော့ဘူး"

ဝိညာဥ်မြေခွေးက အောင်နိုင်သူလေသံဖြင့် ပြောလာသည်။ စုန့်ဝမ်နှင့် တစ်ဦးကိုတစ်ဦး မတိုက်ခိုက်ကြေး ဝိညာဉ်ကတိသစ္စာ ပြုခဲ့ခြင်းမှာ ဤအကြောင်းကြောင့်ပင် ဖြစ်သည်။

စုန့်ဝမ်သည် ဝိညာဥ်မြေခွေးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ဤကျင့်ကြံခြင်းလောကတွင် စိတ်ကောင်းရှိသော သတ္တဝါဟူ၍ လုံးဝပင် မရှိတော့ချေ။ သို့သော် စုန့်ဝမ်တွင်လည်း နည်းလမ်း ရှိနေသေးသည်။ ဝိညာဥဗ်မြေခွေးကို မတိုက်ခိုက်ရန် ဝိညာဉ်သစ္စာပြုခဲ့သည်မှာ မှန်သော်လည်း ထိုကတိမှာ သူတစ်ပါးက ဝိညာ်မြေခွေးကို ဖမ်းဆီးရာတွင် ကူညီခြင်းကို တားမြစ်ထားခြင်း မရှိပေ။ ထို့ပြင် ဝိညာဥ်မြေခွေးသည် စုန့်ဝမ်၊ ရွှယ်မေနှင့် ထိုက်ဟယ်တို့အကြားရှိ ရန်ငြိုးကို မသိသဖြင့် စုန့်ဝမ်က ၎င်းကို အသုံးချရန် အခွင့်အရေး ရသွားသည်။

"စီနီယာ... အပြင်ကလူတွေက ကျွန်တော့်ကို အသက်ရှင်လျက် ဖမ်းချင်နေတာ စီနီယာ မြင်မှာပါ။ အဆိုးဆုံး ဖြစ်လာရင် ကျွန်တော် အတွင်းခန်းမထဲကနေ ထွက်သွားပြီး အဖမ်းခံလိုက်ရင်လည်း အသက်ရှင်နိုင်ပါသေးတယ်။ ဒါပေမဲ့ စီနီယာကတော့ မတူဘူး။ သူတို့က စီနီယာ့ကို ဖမ်းပြီး အရေခွံခွာ၊ အရိုးကို ထုတ်ကြလိမ့်မယ်။ အကယ်၍ ကျွန်တော်သာ အပြင်ကလူတွေကို စီနီယာ ရှိနေတဲ့နေရာ ပြောပြလိုက်မယ်ဆိုရင် ဝိညာဥ်သန္ဓေ ကျင့်ကြံသူရဲ့ စွမ်းအားနဲ့ဆို စီနီယာ့ကို အလွယ်တကူ ဖမ်းနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်"

"လူသား... ငါ့ကို ခြိမ်းခြောက်မနေပါနဲ့။ မင်း သူတို့လက်ထဲ ရောက်သွားရင် သေတာကမှ သက်သာဦးမယ်လို့ တောင့်တမိလိမ့်မယ်"

"ဒါက စမ်းကြည့်ရင် သိရမှာပေါ့။ ကျွန်တော့်မှာ သူတို့လိုချင်တဲ့ အရာရှိနေသရွေ့ သူတို့ ကျွန်တော့်ကို ဘာမှလုပ်မှာ မဟုတ်ဘူး"

စုန့်ဝမ်က ယုံကြည်မှုအပြည့်ဖြင့် အေးအေးဆေးဆေး ပြောလိုက်သည်။

ဝိညာဥ်မြေခွေး ရုတ်တရက် ဒေါသထွက်သွားသည်။

"လူသား... မင်း တော်တော် ယုတ်မာတာပဲ"

စုန့်ဝမ်က ပြုံးပြီး "စီနီယာလည်း အတူတူပါပဲ" ဟု ပြန်ပြောသည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် သွေးနီရောင် ကျောက်စိမ်းပြားတစ်ခု ဝိညာဥ်မြေခွေးဆီမှ ထွက်ပေါ်လာပြီး စုန့်ဝမ်ထံသို့ ပျံသန်းသွားသည်။

"ငါ မင်းကို ထိန်းချုပ်နည်း ပေးမယ်၊ ဒါပေမဲ့ သိပ်ပြီး ဝမ်းမသာနေနဲ့ဦး။ အစောက ပြောခဲ့သလိုပဲ မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဒီဝင်္ကပါကို အသက်သွင်းဖို့ လုံးဝ မဖြစ်နိုင်ဘူး"

စုန့်ဝမ်သည် ထိုကျောက်စိမ်းပြားကို ဖမ်းယူကာ ဝိညာဉ်စွမ်းအင် ထည့်သွင်း ဖတ်ရှုလိုက်သည်။ ၎င်းမှာ ဝိညာ်နတ်ဘုရားခန်းမမှ လူများ ချန်ထားခဲ့ခြင်း ဖြစ်ပုံရသည်။ ထိုထဲတွင် သုတ်သင်ခြင်းသွေးဝင်္ကပါဟု ခေါ်တွင်သော ဝင်္ကပါတစ်ခုကို မှတ်တမ်းတင်ထားသည်။ ၎င်းမှာ စတုတ္ထအဆင့် ဝင်္ကပါတစ်ခု ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအား အလွန်ပြင်းထန်သည်။ ထိုမှတ်တမ်းအရ ဤဝင်္ကပါကို အတွင်းခန်းမ၊ အပြင်ခန်းမနှင့် ရင်ပြင်တို့တွင် တပ်ဆင်ထားကြောင်း စုန့်ဝမ် သိလိုက်ရသည်။ ဝင်္ကပါတံဆိပ်ကို ကိုင်ထားသရွေ့ ဤဝင်္ကပါကို အသက်သွင်းနိုင်သည်။ သို့သော် ဝိညာဥ်မြေခွေး ပြောခဲ့သလို လက်ရှိကျင့်ကြံမှုအဆင့်နှင့်ဆိုလျှင် ၎င်းကို အသက်သွင်းရန် ခက်ခဲပေလိမ့်မည်။

ဖတ်ရင်း ဖတ်ရင်း စုန့်ဝမ် ပိုစိတ်ညစ်လာသည်။ လွတ်မြောက်ရန် နည်းလမ်း မရှိတော့ဟု ထင်နေစဉ်မှာပင် မှတ်တမ်း၏ နိဂုံးပိုင်းတွင် ဝိညာဥ်နတ်ဘုရားခန်းမရှိ တစ္ဆေမြူနှင်းများ၏ အရင်းအမြစ်အကြောင်း မှတ်တမ်းကို တွေ့လိုက်ရသည်။ ဤတစ္ဆေမြူနှင်းများကို မြင့်မြတ်သွေးတံခါးဂိုဏ်းက အကုန်အကျများစွာ ကျခံ၍ မြူခိုးဝိညာဉ်နယ်မြေမှ ရယူထားခြင်း ဖြစ်သည်။ ဝိညာဥ်နတ်ဘုရားခန်းမ၏ အတွင်းခန်းမထဲတွင် မြူခိုးဝိညာဉ်လောကသို့ ပို့ဆောင်ပေးမည့် ရွေ့ပြောင်းအစီအရင်ကြီးတစ်ခု ရှိနေသည်။ ဝင်္ကပါတံဆိပ်က ဝိညာဉ်လောကသို့ သွားရန် ထိုရွေ့ပြောင်းအစီအရင်ကို အသက်သွင်းနိုင်သည်။

စုန့်ဝမ် စိတ်အားတက်ကြွလာပြီး ချက်ချင်းပင် ခန်းမဆောင်၏ အတွင်းပိုင်းသို့ ပြေးဝင်သွားသည်။ တစ္ဆေမြူနှင်းများ အထူထပ်ဆုံးနေရာသည် ရွေ့ပြောင်းအစီအရင် ရှိသည့်နေရာပင် ဖြစ်ရမည်။ အတွင်းခန်းမ၏ အတွင်းအကျဆုံးနေရာတွင် ရွေ့ပြောင်းအစီအရင်ကို အမှန်တကယ်ပင် တွေ့ရှိလိုက်သည်။

"လူသား... မင်းက မြူခိုးဝိညာဉ်နယ်မြေဆီ သွားဖို့ ရွေ့ပြောင်းအစီအရင်ကို သုံးဖို့ ကြံနေတာလား" ဟု ဝိညာဥ်မြေခွေးက ရုတ်တရက် မေးသည်။

"ဟုတ်ပါတယ်၊ စီနီယာ ဘာများ အကြံပေးချင်ပါသလဲ"

"အဲဒီအကြံကို စွန့်လွှတ်လိုက်ဖို့ ငါ အကြံပေးချင်တယ်"

"စီနီယာ ဘာကို ဆိုလိုတာလဲ"

"ဒီရွေ့ပြောင်းအစီအရင်က မိုင်ပေါင်းကုဋေချီဝေးတဲ့ မြူခိုးဝိညာဉ်နယ်မြေကို ဆက်သွယ်ထားတာ။ အဆင့်မြင့်ဝိညာဉ်ကျောက်နဲ့မှ အသက်သွင်းနိုင်မှာ။ မင်းမှာ ကျောက်အလုံးရေ ၇၂ လုံး ရှိဖို့ လိုလိမ့်မယ်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတောင် ဒီလောက်များများ ဆောင်ထားလေ့ မရှိဘူး၊ မင်းလို အခြေတည်အဆင့် ကျင့်ကြံသူဆိုရင် ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး"

"ခုလို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာမြေခွေး"

စုန့်ဝမ်က ပြောရင်း ရွေ့ပြောင်းအစီအရင်ကို စတင်စစ်ဆေးလိုက်သည်။ အစီအရင်ကွက်၏ ပတ်လည်တွင် စုစုပေါင်း အပေါက်ငယ် ၇၂ ပေါက် ရှိနေသည်။ ထိုအပေါက်များသည် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများ ထည့်ရန်ဖြစ်ရမည်။

ဤရွေ့ပြောင်းအစီအရင်ကို အသက်သွင်းရန် အဆင့်နိမ့် ဝိညာဉ်ကျောက် ခုနစ်သိန်းနှစ်သောင်းနှင့် ညီမျှသော စွမ်းအင်လိုအပ်သည်။ စုန့်ဝမ်သည် မချီးကျူးဘဲ မနေနိုင်တော့ပေ။ ဤမျှများပြားသော ဝိညာဉ်ကျောက်တုံး အရေအတွက်မှာ အလယ်အလတ်အဆင့် မှော်ရတနာတစ်ခု ဝယ်ယူရန် လုံလောက်သော ပမာဏဖြစ်သည်။ ဤမျှများပြားသော ကျောက်တုံးများ လိုအပ်နေခြင်းက ၎င်းပို့ဆောင်ပေးမည့် ခရီးမှာ အလွန်ဝေးကွာကြောင်း ပြသနေသည်။ စုန့်ဝမ် ဝမ်းသာသွားသည်။ ခရီးဝေးလေလေ၊ သူ့အတွက် ပို၍ဘေးကင်းလေလေ ဖြစ်မည်။ ဤနည်းဖြင့် ထိုက်ဟယ် လိုက်ဖမ်းရန် ခက်ခဲသွားပေလိမ့်မည်။

စုန့်ဝမ်သည် သိုလှောင်လက်စွပ်ကို ချက်ချင်းစစ်ဆေးလိုက်ရာ စုစုပေါင်း အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၈၉ တုံး ရှိနေသည်ကို တွေ့ရသည်။ ထိုအထဲမှ ၃၀ မှာ မဟာအကြီးအကဲယန်ယွီထံမှ ရရှိခဲ့သော ဆုလာဘ်များ ဖြစ်သည်။ ကျန် ၅၉ တုံးမှာမူ သတ်ခဲ့သော ရွှေအမြုတေအဆင့်နှင့် နောက်ခံတောင့်တင်းသော အခြေတည်အဆင့် ကျင့်ကြံသူများထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။

စုန့်ဝမ် လက်ဝှေ့ယမ်းလိုက်ရာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၇၂ တုံး အစီအရင်၏ အပေါက်များအတွင်းသို့ ကျရောက်သွားသည်။

ဝိညာဥ်မြေခွေးသည် ဤမြင်ကွင်းကို အံ့သြစွာ ကြည့်နေမိသည်။ အခြေတည်အဆင့် ကျင့်ကြံသူလေးတစ်ဦးက ဤမျှများပြားသော အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို သယ်ဆောင်ထားလိမ့်မည်ဟု မထင်ထားမိပေ။

"လူသား... သိပ်ဝမ်းသာမနေနဲ့ဦး။ ဒီရွေ့ပြောင်းအစီအရင်က မြူဆိုင်းဝိညာဉ်နယ်မြေကို ဦးတည်နေတာ။ အဲဒီမှာ အဆုံးမဲ့တဲ့ တစ္ဆေမြူနှင်းတွေနဲ့ ချောင်းမြောင်းနေတဲ့ တစ္ဆေပေါင်းများစွာ ရှိတယ်။ မင်း သွားနိုင်ခဲ့ရင်တောင် သေမင်းတံခါးဆီကို သွားနေတာနဲ့ အတူတူပဲ"

စုန့်ဝမ်သည် ဝိညာဥ်မြေခွေးကို လျစ်လျူရှုလိုက်ပြီး မှတ်တမ်းထဲ ပါရှိသည့်အတိုင်း ဝင်္ကပါထိန်းချုပ်တံဆိပ်ကို စတင်အသက်သွင်းလိုက်သည်။ သူ့တွင် အခြားထွက်ပေါက် မရှိတော့ပေ။ ရွေ့ပြောင်းအစီအရင်၏ တစ်ဖက်ခြမ်းမှာ မည်မျှပင် အန္တရာယ်ရှိစေကာမူ အသက်ရှင်ရန် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သဖြင့် အခြားရွေးချယ်စရာမရှိပေ။

ထိုက်ဟယ်က သူ့ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်သည်မှာ သေချာသည်။ အတွင်းခန်းမထဲတွင် ဆက်နေမည်ဆိုပါက ထိုက်ဟယ်က တစ္ဆေမြူကို ခုခံနိုင်မည့်နည်းလမ်း ရှာပြီး ဝင်ဖမ်းခြင်း၊ သို့မဟုတ် ဤခန်းမထဲတွင် ကြာရှည်ပိတ်မိနေပြီး တစ္ဆေမြူ၏ တိုက်စားခြင်းကို ခံရကာ အသိဉာဏ်မဲ့သော တစ္ဆေအဖြစ် ပြောင်းလဲခြင်း တစ်ခုမဟုတ် တစ်ခု ကြုံရပေလိမ့်မည်။

စုန့်ဝမ်၏ ထိန်းချုပ်မှုအောက်တွင် ရွေ့ပြောင်းအစီအရင်မှ အစိမ်းရောင်အလင်းတန်းများ ဖြည်းဖြည်းချင်း တောက်ပလာသည်။ ထိုအချိန်မှာပင် အတွင်းခန်းမ၏ ကျောက်တံခါး ထပ်မံပွင့်လာပြီး ထိုက်ဟယ် ဝင်ရောက်လာသည်။ သူသည် ရွှယ်မေထံမှ တစ္ဆေမြူကို ခေတ္တခုခံနိုင်မည့် နည်းလမ်းတစ်ခုကို သင်ယူခဲ့ပြီး ဖြစ်သည်။ ၎င်းမှာ မြင့်မြတ်သွေးတံခါးဂိုဏ်းမှ ဆင်းသက်လာပြီး လွန်ခဲ့သော နှစ်ပေါင်းသောင်းချီကတည်းက ရွှယ်မေ ရရှိခဲ့သော ဝိညာဉ်ခေါင်းလောင်းဒိုင်းဟုခေါ်သော နည်းစနစ်ဖြစ်သည်။ ၎င်းသည် ဝိညာဉ်စွမ်းအားဖြင့် ကြီးမားသော ခေါင်းလောင်းပုံစံတစ်ခုကို ဖန်တီးပြီး ကျင့်ကြံသူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ကာကွယ်ရေးမန္တန် ဖြစ်သည်။ ဤမန္တန်မှာ အလွန်နက်နဲခြင်းမရှိသော်လည်း သန်မာသော ဝိညာဉ်စွမ်းအား လိုအပ်သဖြင့် ရွှေအမြုတေအဆင့်နှင့် အထက် ကျင့်ကြံသူများသာ အသုံးပြုနိုင်သည်။

ထိုက်ဟယ် အကြိမ်အနည်းငယ် ကြိုးစားကြည့်ပြီးနောက် ငွေရောင်ခေါင်းလောင်းကြီးတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ စတင်အသုံးပြုကာစ မကျွမ်းကျင်သေးသဖြင့် ထိုခေါင်းလောင်းမှာ ပါးလွှာနေပြီး ခိုင်ခံ့မှု အားနည်းသော်လည်း အတွင်းခန်းမတွင်း ဝင်ရောက်ရှာဖွေရန် လုံလောက်သည်။ ရွှယ်မေမှာမူ ဝင်္ကပါထိန်းချုပ်တံဆိပ် လက်လွှတ်လိုက်ရပြီးနောက် ထိုက်ဟယ်ကို တန်ပြန်နိုင်သည့် အစွမ်းမရှိတော့ဘဲ အဖမ်းခံလိုက်ရပြီး သံကြိုးဖြင့် အချည်ခံထားရသည်။

ထိုက်ဟယ် အတွင်းခန်းမထဲသို့ ဝင်လိုက်သည်နှင့် တစ္ဆေမြူနှင်းများက ငွေရောင်ခေါင်းလောင်းကို လှိုင်းများကဲ့သို့ အဆက်မပြတ် ရိုက်ခတ်လာသည်။ ခေါင်းလောင်းမှာ အချိန်မရွေး ကွဲကြေသွားနိုင်သည့်အလား မှိန်လိုက်လင်းလိုက် ဖြစ်နေသည်။ သို့သော် အလွယ်တကူ တိုက်စားခြင်းကို မခံရဘဲ မြူများကို ထိရောက်စွာ ကာကွယ်ပေးထားနိုင်သည်။

ထိုက်ဟယ် ဝင်လိုက်စဥ်မှာပင် အတွင်းခန်းမ၏ အနက်ပိုင်းတွင် အစိမ်းရောင်အလင်းတန်းတစ်ခု တောက်ပလာသည်ကို ထူထပ်သော တစ္ဆေမြူများကြားမှ ရှင်းလင်းစွာ မြင်လိုက်ရသည်။ ထိုက်ဟယ်၏ ရင်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ပေါ်လာပြီး အတွင်းခန်းမ အနက်ပိုင်းသို့ အမြန်ပြေးဝင်သွားသည်။

ထိုက်ဟယ် ကျောက်တံခါးကို တွန်းဖွင့်ဝင်လာခြင်းက စုန့်ဝမ်နှင့် နက်သာမြေခွေးတို့၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။ စုန့်ဝမ် စိုးရိမ်သွားပြီး ဝိညာဉ်စွမ်းအင်များကို ဝင်္ကပါထိန်းချုပ်တံဆိပ်ထဲ အရှိန်အဟုန်ဖြင့် ထည့်လိုက်သည်။ ချက်ချင်းပင် ရွေ့ပြောင်းအစီအရင် တစ်ခုလုံး အစိမ်းရောင်အလင်းများဖြင့် ထိန်ထိန်လင်းလာပြီး အသက်ဝင်သွားသည်။ စုန့်ဝမ်လည်း တွေဝေခြင်း အလျင်းမရှိဘဲ အစီအရင်အတွင်း ခုန်ဝင်လိုက်သည်။

ထိုက်ဟယ် ပြန်ဝင်လာသည်ကို မြင်သောအခါ ဝိညာဥ်မြေခွေးလည်း ထိတ်လန့်သွားကာ အချိန်ဆွဲမနေတော့ဘဲ အားကုန်သုံးပြီး အစီအရင်အတွင်း ခုန်ဝင်လိုက်သည်။

အစိမ်းရောင်အလင်းတန်း ကောင်းကင်သို့ ထိုးတက်သွားပြီး တစ္ဆေမြူများ ဖုံးလွှမ်းနေသည့် အတွင်းခန်းမ တစ်ခုလုံး လင်းထိန်သွားသည်။ စုန့်ဝမ်နှင့် ဝိညာဥ်မြေခွေးတို့ အစအနပင် မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။

အစိမ်ရောင်အလင်းတန်း ပျောက်ကွယ်သွားချိန်တွင် ထိုက်ဟယ် ရွေ့ပြောင်းအစီအရင်၏ ရှေ့သို့ ရောက်ရှိလာသည်။ ပြန်လည် ငြိမ်သက်သွားသော အစီအရင်ကို စိုက်ကြည့်ရင်း ထိုက်ဟယ်၏ မျက်နှာမှာ အလွန်အမင်း မည်းမှောင်သွားသည်။ ပတ်ဝန်းကျင်ရှိ တစ္ဆေမြူများသည် လေပြင်းတိုက်ခံရသကဲ့သို့ တုန်ခါနေပြီး အဆက်မပြတ် လှိုင်းထနေသည်။

မကြာမီ ငွေရောင်ခေါင်းလောင်းမှာ ပြင်းထန်စွာ လှုပ်ခါလာပြီး ပျက်စီးတော့မည့် အရိပ်အယောင်ပြလာသဖြင့် ထိုက်ဟယ်လည်း ဘာမှမတတ်နိုင်တော့ဘဲ နောက်လှည့်ကာ အတွင်းခန်းမထဲမှ ပြန်ထွက်လာခဲ့ရသည်။

အပြင်ရောက်သည်နှင့် သံကြိုးဖြင့် ချည်နှောင်ခံထားရပြီး မြေပြင်ပေါ်တွင် လဲနေသော ရွှယ်မေထံသို့ လျှောက်သွားရင်း ငုံ့ကြည့်လိုက်သည်။

"အတွင်းခန်းမထဲက ရွေ့ပြောင်းအစီအရင်က ဘယ်ကို ဦးတည်နေတာလဲ"

ရွယ်မေက ထိတ်လန့်တကြား "အဲဒါက အဆုံးမဲ့ပင်လယ် အပြင်ဘက်က မြူခိုးဝိညာဉ်နယ်မြေနဲ့ ဆက်သွယ်ထားတာပါ၊ မိုင်ပေါင်း ဘယ်လောက်ဝေးလဲဆိုတာ ကျွန်မလည်း မသိပါဘူး"

ဤအဆုံးမဲ့သဲကန္တာရမှာ အဆုံးမဲ့ပင်လယ်နှင့် ထျန်းယွမ်တိုက် အကြားတွင် ရှိသည်။ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦး အရှိန်အပြည့်တင်ပြီး သွားမည်ဆိုပါက အဆုံးမဲ့ပင်လယ်သို့ ရောက်ရန်ပင် တစ်နှစ်ခန့် ကြာပေလိမ့်မည်။ ထို့ပြင် အဆုံးမဲ့သဲကန္တာရ အတွင်းပိုင်းတွင် ဘေးအန္တရာယ် အမျိုးမျိုးရှိသည်။ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူများကိုပင် သတ်နိုင်သော လေပြင်းများနှင့် ဝိညာဉ်မီးလျှံများကဲ့သို့ ပူပြင်းလှသော အပူဇုန်များ ရှိနေသည်။ ထို့ပြင် အဆုံးမဲ့သဲကန္တာရထဲတွင် ဝိညာဉ်စွမ်းအင် လုံးဝမရှိပေ။ အကယ်၍ ကျင့်ကြံသူများ ထိုနေရာတွင် ကြာရှည်နေထိုင်မိပြီး ဝိညာဉ်ကျောက်တုံးများနှင့် ဆေးဝါးများ ကုန်ဆုံးသွားပါက၊ ဝိညာဉ်စွမ်းအင် ကြွယ်ဝသော အိုအေစစ်ကို မရှာနိုင်လျှင် ကျင့်ကြံမှုအဆင့်မှာ သေချာပေါက် ကျဆင်းသွားပေလိမ့်မည်။

အဆုံးမဲ့သဲကန္တာရမှာ ထျန်းယွမ်တိုက်နှင့် အဆုံးမဲ့ပင်လယ်တို့ကို ခြားနားထားသည့် သဘာဝအတားအဆီးကြီး တစ်ခုကဲ့သို့ဖြစ်ပြီး ခက်ခဲကြမ်းတမ်းမှုမှာ ဒဏ္ဍာရီလာစကားမျှသာ သိကြသည်။ နှစ်ဖက်စလုံးမှ ကျင့်ကြံသူများ အပြန်အလှန် ဆက်သွယ်မှု မရှိသလောက် ရှားပါးသည်။

မြူခိုးဝိညာဉ်နယ်မြေမှာ ကျယ်ပြောသော သမုဒ္ဒရာကြီး၏ အလယ်တွင် တည်ရှိပြီး တစ္ဆေမြူများ အမြဲဖုံးလွှမ်းနေသဖြင့် သက်ရှိများအတွက် တားမြစ်နယ်မြေတစ်ခုဟု ဆိုသည်။ ထိုနေရာသို့ ရောက်သွားသော မည်သည့်သက်ရှိမဆို နောက်ဆုံးတွင် တစ္ဆေမြူ၏ တိုက်စားခြင်းကို ခံရပြီး အသိဉာဏ်မဲ့သော ဝိညာဉ်များအဖြစ် မြူများကြားတွင် အဆုံးမဲ့ လွင့်မျောနေရမည်သာ ဖြစ်သည်။

ထိုက်ဟယ်သည် စုန့်ဝမ်၏ ဝိညာဉ်မီးအိမ် ထုတ်ယူကာ စုန့်ဝမ်၏ တည်နေရာကို ရှာဖွေရန် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။ ဝိညာဉ်မီးအိမ်မှ မီးတောက်မှာ အနည်းငယ် လှုပ်ခါသွားပြီး ပြန်လည်ငြိမ်သက်သွားသည်။ အကွာအဝေးမှာ အလွန်ဝေးကွာလှသဖြင့် ဝိညာဉ်မီးအိမ်က အာရုံမခံနိုင်တော့ခြင်း ဖြစ်သည်။

ဝိညာဉ်မီးအိမ်၏ တုံ့ပြန်မှုကြောင့် ရွှယ်မေ၏ စကားများ မမှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထိုက်ဟယ် လက်သီးတင်းတင်း ဆုပ်ပြီး ဒေါသ ထွက်လာသည်။ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက်၊ အခြေတည်အဆင့် ကျင့်ကြံသူလေးတစ်ဦးကို မျက်စိရှေ့မှောက်မှာပင် လွတ်မြောက်ခွင့်ပေးလိုက်ရခြင်း ဖြစ်သည်။

ထိုက်ဟယ်က ရွှယ်မေကို အေးစက်စက် ကြည့်လိုက်သည်။ စုန့်ဝမ်ကို ဖမ်းမိလုနီးပါး ဖြစ်ခဲ့ပါလျက်၊ ဤမိန်းမက ဝိညာဥ်မြေခွေးဖြင့် သူ့ကို ဖြားယောင်းခဲ့သောကြောင့် စုန့်ဝမ် လွတ်မြောက်သွားရခြင်း ဖြစ်သည်ဟု ယူဆကာ ဒေါသကို ရွှယ်မေပေါ်သို့ ပုံချလိုက်တော့သည်။

All Chapters