← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 8 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 8 Ch. 115-116

စူပါ-ဖမ်း(SFS)

SFS 115

အခန်း ၁၁၅ ။ မုန်ညင်းဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားခြင်း

“မမေးပါနဲ့၊ မေးရင်လည်း မသိဘူးလို့ပဲ ဖြေရမှာပဲ။”

ချင်အဖေ၏အသံမှာ သိသိသာသာ တိုးညှင်းသွားပြီးနောက် ဆက်ပြောလိုက်သည်။

“ဒါက လျှို့ဝှက်ချက်လေ။”

မစ္စတာချုံက လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။ မူလက လောကကြီးနှင့် အဆက်ပြတ်နေသော တောင်ပေါ်ရွာကလေး တစ်ရွာဟုသာ သူ ထင်မှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ သူ ထင်ထားသည်ထက် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်နေသည်ကို တွေ့လိုက်ရလေသည်။

သို့သော် ဤရွာတွင်းကိစ္စများမှာ သူ ဝင်ရောက် စွက်ဖက်နိုင်သောအရာများ မဟုတ်ပေ။ ထို့ကြောင့် မင်မင်းဆက်ခေတ်ကတည်းက ကျန်ရှိခဲ့သော ဤအဆောက်အအုံများကိုသာ သေသေချာချာ လေ့လာလိုက်ခြင်းက ပို၍ အကျိုးရှိပေလိမ့်မည်။ ဤအဆောက်အအုံများ၏ လက်ရာမှာ ရှေးဟောင်းဗိသုကာပညာကို အမှန်တကယ် လေ့လာလိုသူများအတွက် အလွန်တရာ တန်ဖိုးရှိသော နမူနာများ ဖြစ်ကြသည်။ ၎င်းမှာ ထူးခြားသော လက်ရာများရှိသည့် ဘုရားကျောင်းများ၊ အာရမ်များနှင့် မတူပေ။ ၎င်းသည် ထိုခေတ်ကာလက သာမန်ပြည်သူများ၏ နေထိုင်မှုပုံစံကို အစစ်အမှန် ရောင်ပြန်ဟပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သုတေသနတန်ဖိုး အလွန် မြင့်မားလှ၏။

“ဓာတ်ပုံရိုက်ခွင့် မရှိတာကတော့ နှမြောစရာပဲ... ။”

မစ္စတာချုံမှာ အလွန်ပင် နှမြောတသ ဖြစ်နေရှာသည်။ မူလက ဓာတ်ပုံအချို့ ရိုက်ယူသွားပြီး အတွင်းပိုင်း သုတေသနအတွက် အသုံးပြုရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သူနှင့် သူ၏ဇနီးသည် စန္ဒကူးနီစက်ရုံကို လုပ်ကိုင်နေသူများ ဖြစ်သဖြင့်၊ လင်းအိမ်တော်ရှိ လက်ရာများကို သူတို့ ပြန်လည် ပုံတူကူးယူနိုင်သည် မဟုတ်လား။ သို့သော် လက်ရှိအခြေအနေအရမူ ၎င်းမှာ လုံးဝ မဖြစ်နိုင်တော့ပေ။

ချင်အဖေကတော့ ပြုံးနေ၏။ ဤအဆောက်အအုံ လက်ရာများ အပြင်သို့ ပေါက်ကြားသွားပါက လင်းယန်အတွက် ထိခိုက်နစ်နာမည်ကို စိုးရိမ်၍တော့ မဟုတ်ပေ။ ရှင်းရှင်းပြောရလျှင် ဤပုံများ အပြင်သို့ ရောက်သွားပါက သူ၏ WeChat Moments တွင် ကြွား၍ မရတော့မည်ကို စိုးရိမ်ခြင်းသာ ဖြစ်သည်။ ၎င်းမှာ စန္ဒကူးနီ အသိုင်းအဝိုင်းအတွင်းရှိ သူ့အဆင့်အတန်းကိုလည်း သိသိသာသာ လျော့ကျသွားစေနိုင်သည်။

ဤခေတ်ကြီးတွင် တကယ့် ပစ္စည်းကောင်း ပိုင်ဆိုင်ထားသူ မည်သူမျှ လူတိုင်းနှင့် မျှဝေခံစားလေ့ မရှိကြပေ။ မျှဝေသည် ဆိုသည်မှာလည်း တန်ဖိုးအနည်းဆုံး အရာများကိုသာ မျှဝေကြခြင်း ဖြစ်သည်။

လင်းယန် စိုက်ပျိုးထားသော ထိုသီးနှံများကို ကြည့်ပါ။ ၎င်းတို့ကို နိုင်ငံတော်၏ အင်အားဖြင့် နေရာအနှံ့ ပျံ့နှံ့အောင် လုပ်ဆောင်နိုင်ချေ ရှိသော်လည်း၊ လက်ရှိ အခြေအနေတွင်မူ ထိုပစ္စည်းကောင်းများမှာ အလွန် ရှားပါးနေဆဲဖြစ်ပြီး၊ ၎င်းတို့၏ တန်ဖိုးမှာလည်း ပိုက်ဆံနှင့်ပင် တိုင်းတာ၍ မရနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

ချင်အဖေသည် ပါမောက္ခအိုကြီးများနှင့်အတူ မစ္စတာချုံကို လိုက်လံပို့ဆောင်ပေးနေဆဲပင်။ လင်းယန် တစ်ယောက် မသိလိုက်သည်မှာ... မစ္စတာချုံ၏ ဤခရီးစဉ်ကြောင့် စန္ဒကူးနီ အသိုင်းအဝိုင်းအတွင်း သူ၏ နာမည်မှာ လုံးဝ ပေါက်သွားခဲ့ပြီ ဆိုခြင်းပင်။

သေချာသည်မှာ... စန္ဒကူးနီကို ဝါသနာပါပြီး ကစားနိုင်သူများမှာ တကယ့် သူဌေးကြီးများသာ ဖြစ်ကြသည်။ သူတို့သည် ပုံမှန်အားဖြင့် အင်တာနက်ပေါ်က အကြောင်းအရာများကို စိတ်ဝင်စားလေ့ မရှိကြပေ။ သူတို့ ရရှိသော သတင်းများမှာ တစ်ဦးနှင့်တစ်ဦး လူချင်း တွေ့ဆုံ စကားပြောရာမှ ရရှိသော ရှေးရိုးဆန်သည့် သတင်းများသာဖြစ်သည်။ ဤကဲ့သို့သော အဖိုးတန် သတင်းအချက်အလက်များကို အသိုင်းအဝိုင်း အကျဉ်းလေးအတွင်း၌သာ ဖြန့်ဝေခြင်းဖြင့်၊ အခွင့်အလမ်းများကို လက်ဦးမှုယူကာ စီးပွားရေးတွင် ပိုမို မြင့်မားသော အကျိုးအမြတ်များ ရရှိစေနိုင်သောကြောင့်ဖြစ်သည်။

ဤသည်မှာလည်း အဆင့်မြင့် လူတန်းစား အသိုင်းအဝိုင်းများ၏ ဘုံလက္ခဏာတစ်ခုဖြစ်သော ‘သီးသန့်ဆန်ခြင်းနှင့် အပြင်လူကို ဖယ်ကျဉ်ခြင်း’ ပင် ဖြစ်၏။

သို့သော်လည်း လင်းယန်ကတော့ ဤအရာများကို သိရှိလျှင်ပင် ဂရုစိုက်မည် မဟုတ်ပေ။ အဲ့ဒီအစား ဒီလူတွေက သူ့အေးချမ်းမှုကို လာရောက် နှောင့်ယှက်မည်ကိုသာ စိုးရိမ်နေမည်ဖြစ်သည်။ လင်းယန်သည် ချမ်းသာသူ အများအပြားနှင့် တွေ့ဆုံခဲ့ပြီးနောက် ပြဿနာတစ်ခုကို သတိထားမိလိုက်သည်။

'ဒီသူဌေးကြီးတွေက တကယ့်ကို မြေခွေးအိုကြီးတွေချည်းပဲ။'

'ဝတ္ထုတွေထဲကလို လူကြားထဲမှာ အရှက်ခွဲတာတို့၊ မောက်မာတာတို့ဆိုတဲ့ ဇာတ်ကွက်မျိုးက လက်တွေ့မှာ ဖြစ်လာဖို့ အရမ်းခက်တယ်။'

'ကြည့်ရတာ အရမ်းမောက်မာပြီး ငါက မင်းထက်သာတယ်လို့ ပြချင်နေတဲ့သူတွေက များသောအားဖြင့် ဘာအရည်အချင်းမှ မရှိတဲ့သူတွေပဲ။ သူများတွေကို နင်းပြမှ သူတို့ကိုယ်သူတို့ စိတ်ကျေနပ်မှု ရတဲ့သူတွေလေ။'

'တကယ် တော်တဲ့သူတွေကတော့ သိုသိုသိပ်သိပ်နဲ့ နေတတ်ကြတယ်။ သူတို့မှာ ကောင်းမွန်တဲ့ ကျင့်ဝတ်စံနှုန်းတွေ ရှိသလို၊ ယဉ်ကျေးသိမ်မွေ့တဲ့ အရှိန်အဝါလည်း ရှိကြတယ်။ ဘယ်သူနဲ့ပဲ ဆက်ဆံဆံ လူကို သက်သောင့်သက်သာ ဖြစ်စေတဲ့သူတွေပေါ့။'

လင်းယန်သည် ပြတင်းပေါက်မှတစ်ဆင့် အလယ်အိမ်ဝင်းရှိ မြင်ကွင်းကို လှမ်းမြင်နေရသည်။ သို့သော် သူက လူစည်ကားသည်ကို မနှစ်သက်သဖြင့် ထိုကိစ္စများတွင် ဝင်ပါရန် စိတ်မကူးပေ။ ထိုအရာများထက် ကတုံးချန်တို့အဖွဲ့ အပူပေးကုတင် ဆောက်လုပ်နေသည်ကို ကြည့်ရသည်က ပို၍ စိတ်ဝင်စားစရာ ကောင်းနေသည်။

လေးကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီးနောက်၊ မိုးချုပ်ခါနီးမှသာ ကုတင်ဆောက်လုပ်မှုမှာ အပြီးသတ်နိုင်ခဲ့လေသည်။ သို့သော် အခန်းထဲတွင် ရွှံ့နံ့များ ထွက်နေသလို၊ ကုတင်ပေါ်က ရွှံ့မြေများလည်း မခြောက်သေးပေ။ တကယ်တမ်း တက်အိပ်ရန်မှာ နောက်ထပ် ရက်အနည်းငယ် စောင့်ရဦးမည်ဖြစ်သည်။

ရှုချင်ကတော့ ဤကုတင်ပေါ် အိပ်ခွင့်ရမည့် ကံမပါရှာပေ။ လင်းယန် ခေါင်းယမ်းလိုက်မိ၏။ 'ရေနွေးများများ သောက်ပါ' ဆိုသော နှစ်သိမ့်စကားမျိုးကိုတော့ သူ ဘယ်တော့မှ ထပ်မပြောချင်တော့ပေ။ မသိမသာဖြင့် တစ်ခုခုကို ဖော်ပြလိုက်သလို ဖြစ်သွားမည် စိုးသောကြောင့်ပင်။

လင်းအိမ်တော်ခြံဝင်းမှာ အကန့်အသတ် ရှိသဖြင့် မစ္စတာချုံသည် ညအထိ မနေခဲ့ပေ။ ချင်အဖေ လက်ဆောင်ပေးသော မုန်ညင်းဆီများကို ယူကာ ပြန်သွားခဲ့လေပြီ။ ဤနေရာတွင် သူ ညအိပ်ရန် အခန်းပို မရှိသလို၊ လင်းယန်ကလည်း မဖိတ်ခေါ်ခဲ့ပေ။

ထို မုန်ညင်းဆီမှာ ချင်အဖေက လင်းယန်ထံမှ ကိုယ်ပိုင်ပိုက်ဆံဖြင့် ဝယ်ထားခြင်းဖြစ်သည်။ လင်းယန်က ပေးစရာမလိုကြောင်း ပြောသော်လည်း ချင်အဖေက အတင်းအကျပ်ပေးသဖြင့် သူလည်း လက်ခံလိုက်ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံ နည်းနည်းပါးပါးပါပဲ။

သို့သော် မုန်ညင်းဆီ ဆယ်ပေါင်ခန့်ကို ဘာလို့ ယွမ် တစ်သောင်းတောင် ပေးသွားတာလဲ? တစ်ပေါင်ကို တစ်ထောင်နှုန်းလား? တကယ်ကို ဈေးကြီးလွန်းလှသည်။ ဤမုန်ညင်းဆီသာ တကယ် နေရာအနှံ့ ပျံ့သွားပါက ပဲဆီထက်ပင် ဈေးပေါသွားမည်မှာ သေချာလှသည်။

သို့သော် ချင်အဖေ၏စကားက လင်းယန်ကို အံ့အားသင့်သွားစေခဲ့သည်။

“သူဌေးကြီးတွေ ဂရုစိုက်တာက ဒီပစ္စည်းရဲ့ ဈေးနှုန်း မဟုတ်ဘူး၊ အထဲမှာ ပါဝင်နေတဲ့ တန်ဖိုးကို ဂရုစိုက်တာ။ တစ်ပေါင် တစ်ထောင်ဆိုတာ... မင်းအတွက်တော့ အရမ်း နည်းလွန်းသေးတယ်။ ငါက အဲ့ဒီ အသိုင်းအဝိုင်းထဲက လူတွေကို စံနမူနာတစ်ခု ပြလိုက်တာ။ ငါတို့ဆီက ထွက်တဲ့ ပစ္စည်းတွေကမှ တကယ့် အဆင့်မြင့်ဆုံး ပစ္စည်းတွေ ဆိုတာကိုပေါ့။”

လင်းယန် နားလည်ရ ခက်နေသည်။ သူက သာမန် ပြည်သူတစ်ယောက်၏ အတွေးအခေါ်သာ ရှိသူ ဖြစ်သည်။ ရှိတာကို ရှိတဲ့အတိုင်းပဲ လုပ်သင့်သည်ဟု သူ ယူဆသည်။ ယွမ်သောင်းဂဏန်းလောက်ကို ထားပါဦး၊ ယွမ် သန်းဂဏန်းလောက် ဆိုလျှင်ပင် လင်းယန်အတွက်တော့ ထူးခြားသော ခံစားချက် မရှိတော့ပေ။ ချင်အဖေ ဤသို့ ဈေးသတ်မှတ်လိုက်ခြင်းမှာ မုန်ညင်းဆီ၏တန်ဖိုးကြောင့်တင် မဟုတ်ဘဲ၊ ၎င်း၏ နောက်ကွယ်က အကြောင်းအရာများကြောင့် ဖြစ်သည်။ ချင်းရှန်းရွာသို့ လာရန်မှာ မလွယ်ကူကြောင်း အခြားသူများကို သတိပေးလိုက်ခြင်းလည်း ဖြစ်၏။

သို့သော်... ချင်စုစုက လင်းယန်ထံသို့ အော်ဒါကိစ္စဖြင့် ရောက်လာသောအခါ လင်းယန်တစ်ယောက် လုံးဝ ကြောင်သွားရတော့သည်။

“မစ္စတာချုံက မုန်ညင်းဆီ ပေါင် ၂၀၀၀ ဝယ်ချင်လို့တဲ့။ ပြီးတော့ ပိုက်ဆံ နှစ်သန်း (၂,၀၀၀,၀၀၀) ကိုလည်း အပြည့် ကြိုပေးသွားတယ်” ဟု ချင်စုစုက ပြောလိုက်သည်။

လင်းယန် မျက်လုံး ပြူးသွားရသည်။ မည်သည့် မုန်ညင်းစိုက် တောင်သူအတွက်မဆို ဤငွေကြေးမှာ မိုးပေါ်က ကျလာသော ကိန်းဂဏန်း ဖြစ်ပေလိမ့်မည်။ သို့သော် သူ့အတွက်မူ... ဘာအဓိပ္ပာယ်မှ မရှိပေ။

“သူ့ကို ပြန်ပြောလိုက်၊ ပစ္စည်း မရှိဘူးလို့။ အများဆုံး ခွဲပေးနိုင်ရင် ပေါင် ၂၀ ပဲ ရမယ်လို့။”

မုန်ညင်းစေ့မှာ အနည်းငယ်သာ ရှိသည်။ အချို့ကို မျိုးစေ့အဖြစ် ပြန်စိုက်ခဲ့ပြီး၊ အချို့ကို စိုက်ပျိုးရေး တက္ကသိုလ်သို့ သုတေသနအတွက် ပေးခဲ့ရသည်။ ကျန်ရှိသမျှကိုတော့ ကိုယ်တိုင်စားရန်သာ ချန်ထားခြင်း ဖြစ်သည်။ အပြင်သို့ ရောက်သွားသော အချို့မှာမူ ချင်အဖေ၊ အဘိုးစူး နှင့် လောင်ဝမ် တို့၏ လက်ထဲမှတစ်ဆင့် ထွက်သွားခြင်းသာ ဖြစ်သည်။

ချင်စုစုသည် လင်းယန်ကို ကြည့်ရင်း ဝေခွဲမရဖြစ်နေဟန်ဖြင့်-

“ကျွန်မ ထင်တာတော့... ကျွန်မ အဖေကို ရောင်းတဲ့ ဈေးက အရမ်း နိမ့်နေတယ် ထင်တယ်”

“???”

လင်းယန်တစ်ယောက် ချင်စုစု ဘာပြောနေမှန်း နားမလည်တော့ပေ။ ကိုယ့်အဖေကို ပြန်နှိပ်စက်နေတာလား? တစ်ပေါင် တစ်ထောင် ဆိုတဲ့ ဈေးက နိမ့်နေသေးတယ်တဲ့လား?

ချင်စုစုက လင်းယန်၏ ဇဝေဇဝါ ဖြစ်နေမှုကို မြင်သောအခါ အမြန် ရှင်းပြလိုက်သည်။

“ရှင်က ဟို လှေကားထစ် လယ်ကွက်မှာ မက်မွန်ပင်စိုက်ဖို့ပဲ အာရုံစိုက်နေတော့ အပြင်လောကရဲ့ အခြေအနေကို မသိဘူး ဖြစ်နေတာ။ အပြင်ကို ပေါက်ကြားသွားတဲ့ အဲ့ဒီ မုန်ညင်းဆီလေး နည်းနည်းကို အပြင်ကလူတွေက ရူးမတတ် လုနေကြတာ။

အသက်ကြီးတဲ့သူတွေ အဲ့ဒီဆီကို စားပြီးတော့ ထမင်းစား ပိုမြိန်လာကြသလို၊ ဦးနှောက်လည်း ကြည်လင်လာကြတယ်တဲ့။ ချင်းရှန်းရွာက ထွက်တဲ့ မုန်ညင်းဆီက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ သတင်းထွက်သွားတော့၊ ဈေးနှုန်းတွေက အခု မိုးပေါ်အထိ တက်နေပြီ။”

လင်းယန် လုံးဝ နားမလည်နိုင်တော့ပေ။ “မိုးပေါ်အထိ တက်တယ်ဆိုတာက ဘယ်လောက်လဲ?”

“ဒီလို ပုလင်းသေးသေးလေး တစ်လုံး၊ ၂ ကျပ်သားလောက်ပဲ ရှိတာကို... အပြင်မှာ ဘယ်လောက် ရောင်းနေလဲ ခန့်မှန်းကြည့်ပါဦး။”

“လျှို့ဝှက်မနေနဲ့တော့၊ ပြောစမ်းပါ။”

ချင်စုစုက လင်းယန်က သူမ၏ခေါင်းကို လက်ဆစ်ဖြင့် ခေါက်မည်စိုးသဖြင့် လျှာလေးထုတ်ကာ အမြန် ပြောလိုက်သည်။

“၈,၀၀၀! ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတဲ့ အခြေအနေပဲ။ တချို့ဆိုရင် တစ်သောင်းကျော် ပေးပြီးတောင် လိုက်ဝယ်နေကြပြီ။”

လင်းယန် တံတွေးတစ်ချက် မျိုချလိုက်မိသည်။ ဤမျှ အရူးအမူးဖြစ်နေသော ကိစ္စမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ မုန်ညင်းဆီ တစ်ပေါင်ကို အပြင်မှာ ယွမ် လေးငါးသောင်းအထိ ဈေးတင် ရောင်းနေကြသည် တဲ့လား? အဆိုးဆုံးမှာ သူကိုယ်တိုင်မှာ ဤကိစ္စကို နည်းနည်းလေးမှ မသိလိုက်ရခြင်းပင် ဖြစ်လေတော့သည်။

***

စူပါ-ဖမ်း(SFS)

SFS 116

အခန်း ၁၁၆ ။ ချင်စုစုရဲ့ Chat မှတ်တမ်းများ

မုန်ညင်းဆီလို အရာမျိုးကို ရောင်းဖို့ဆိုတာ လင်းယန် တစ်ခါမှ မတွေးဖူးခဲ့ပေ။ စနစ်ထဲမှာလည်း သတ်မှတ်ထားတဲ့ ဈေးနှုန်းရယ်လို့ မရှိပါဘူး။ ဒီအရာက အထွက်နှုန်း အရမ်းကောင်းသလို အရသာလည်း တော်တော်ရှိပါတယ်။ ကိုယ်တိုင်စားဖို့အတွက် နည်းနည်းပဲ စိုက်ထားတာကလွဲရင် ကျန်တာ ထွေထွေထူးထူး မရှိပါဘူး။

ဒါပေမဲ့ မထင်မှတ်ဘဲ အပြင်ကို ပေါက်ကြားသွားတဲ့ မုန်ညင်းဆီလေးတွေက အပြင်လောကမှာ ဒီလောက်အထိ ဈေးကောင်းရနေလိမ့်မယ်လို့ သူ မထင်ထားခဲ့တာပါ။ လင်းယန်ကိုယ်တိုင်တောင် အံ့ဩသွားရသည်။

"မင်းလည်း အရွယ်ရောက်နေပြီပဲ၊ လူကို လိမ်မပြောနဲ့လေ"

ချင်စုစုက ချက်ချင်းပဲ နှုတ်ခမ်းဆူပြီး ပြန်ပြောလာသည်။

"ဘယ်သူက လိမ်လို့လဲ။ ကျွန်မ သူငယ်ချင်းက ပြောပြတာပါ။ သူ့အဘိုး မွေးနေ့အတွက် လက်ဆောင်ပေးချင်လို့ နည်းနည်းလောက် ရနိုင်မလားဆိုပြီး ကျွန်မကိုတောင် အကူအညီ တောင်းနေတာ။ ဆီ ၂ ကျပ်သားလောက်ကို ယွမ် ၁သောင်းပေးပြီး ဝယ်မယ်တဲ့လေ"

ချင်စုစုက သူမရဲ့ဖုန်းကို လင်းယန်ရှေ့ ချပြလိုက်သည်။ လင်းယန် ကြည့်လိုက်တော့Chat မှတ်တမ်းထဲမှာ အမှန်တကယ်ပဲ တွေ့လိုက်ရသည်။ တကယ်ပဲ ဒီလောက်ဈေးကြီးပေးပြီး မုန်ညင်းဆီကို ဝယ်ချင်နေကြတာပါ။

ဒါပေမဲ့... Chat မှတ်တမ်းတွေကို ကြည့်နေရင်းနဲ့ မကြည့်သင့်တဲ့ အရာတချို့ကိုလည်း မတော်တဆ မြင်လိုက်ရသည်။

'ဒီခေတ် မိန်းကလေးတွေ စကားပြောတာက... ဒီလောက်တောင် ပွင့်လင်းနေကြပြီလား' ဟု လင်းယန် တွေးလိုက်မိသည်။

ချင်စုစုက လင်းယန်ရဲ့ ထူးဆန်းတဲ့ မျက်နှာပေးကို မြင်တော့ တစ်ခုခုကို သတိရသွားပြီး ဖုန်းကို ချက်ချင်း ပြန်လုလိုက်သည်။

"အာ... ရှင်ကလည်း သူများ Chat တွေကို ဘာလို့ လျှောက်ကြည့်နေတာလဲ။ ဒါက ကိုယ်ရေးကိုယ်တာလေ!"

"မင်းကိုယ်တိုင် ငါ့မျက်နှာနားအထိ လာပြတာ မဟုတ်လား"

ချင်စုစု မျက်နှာလေး ချက်ချင်း နီရဲသွားသည်။

"အဲ့ဒါတွေကို ကြည့်ခိုင်းတာ မဟုတ်ဘူးလေ!"

"မင်းတို့ စကားပြောတာတွေက အဲ့ဒီလောက်အထိ ဖြစ်နေမယ်လို့ ငါက ဘယ်လိုလုပ် သိမှာလဲ..."

"တော်ပြီ၊ မပြောနဲ့တော့!" ချင်စုစုက ရှက်လွန်းလို့ သူမရဲ့ နားနှစ်ဖက်ကို လက်နဲ့ အုပ်ထားလိုက်တော့သည်။

လင်းယန်ကတော့ ပြုံးနေမိသည်။ ချင်စုစုဆိုတဲ့ ကောင်မလေးရဲ့ မြင်သင့်တာရော၊ မမြင်သင့်တာရော သူက မတော်တဆ အကုန်မြင်ဖူးနေတာပဲလေ။ ဒီလောက် Chat မှတ်တမ်းလေး မြင်ရတာကတော့... သူ့အတွက် သိပ်ပြီး ထူးဆန်းတဲ့ ကိုယ်ရေးကိုယ်တာမဟုတ်တော့ပါဘူး။

ချင်စုစုကတော့ ရှက်ကိုးရှက်ကန်းနဲ့ အပြင်ကို ပြေးထွက်သွားရာ၊ တံခါးဝမှာ ယန်ကျင်းလီနဲ့ တည့်တည့် တိုးပါတော့သည်။ ချင်စုစုမှာ ပိုပြီးတော့တောင် ရှက်သွားရသည်။

ယန်ကျင်းလီကတော့ ပြုံးစိစိနဲ့ လင်းယန် ရှေ့ကို လျှောက်လာသည်။

"စူးရို့ရို့က ခန္ဓာကိုယ် အချိုးအစား ဒီလောက်ကောင်းတာတောင်၊ ရှင်က ဒီလို ပိန်ပိန်ပါးပါးလေးတွေကိုပဲ သဘောကျတာလား"

ယန်ကျင်းလီက ပြောရင်းနဲ့ သူမရဲ့ ရင်သားကို လက်နဲ့ အသာပင့်ပြပြီး နောက်လိုက်သည်။ ဒါပေမဲ့... သူမရဲ့ အရွယ်အစားကလည်း သိပ်ပြီးတော့ ထူးထူးခြားခြား ရှိလှတာ မဟုတ်ဘူး။

လင်းယန်ရဲ့ ထူးဆန်းတဲ့ အကြည့်ကို မြင်တော့ ယန်ကျင်းလီက လက်သီးနဲ့ လှမ်းထိုးတော့သည်။

"သေချင်နေတာလား၊ ထပ်ကြည့်ရင် မျက်လုံးကို ဖောက်ထုတ်ပစ်မယ်"

ယန်ကျင်းလီရဲ့ စိတ်ကောက်နေတဲ့ ပုံစံကို ကြည့်ပြီး လင်းယန် စိတ်ထဲမှာ တော်တော်လေး ပေါ့ပါးသွားသည်။ သူမက လူကို အမြဲတမ်း ပေါ့ပေါ့ပါးပါး ဖြစ်အောင် လုပ်ပေးနိုင်သူပါ။

"အင်္ကျီပေါ်က ကြည့်တာတော့ ဘာမှ မထူးပါဘူး"

"ဟယ်... ရက်နည်းနည်းပဲ မတွေ့ရတာ၊ စကားတွေ တော်တော် တတ်လာပါလား" ယန်ကျင်းလီက စိတ်မဆိုးတဲ့အပြင် သူမရဲ့ မျက်လုံးတွေက အရောင်တောက်နေသည်။

လင်းယန်ကတော့ သူ့ရဲ့ လည်ပင်းကို ပွတ်နေမိသည်။ ယန်ကျင်းလီ ကြည့်ရတာ သူ့ကို ဝါးစားတော့မယ့် ပုံစံမျိုးပါ။ ဘယ်နေရာကနေ စစားမလဲ ဆိုတာကတော့ ပညာရပ်တစ်ခု ဖြစ်ပါလိမ့်မယ်။

"နောက်ကျရင် မင်းအတွက် နွားနှစ်ကောင်လောက် မွေးပေးမယ်။ နွားနို့က အားရှိတယ်လို့ ကြားဖူးတယ်လေ"

"နွားမွေးတာ ရှင် တကယ် တတ်လို့လား?"

"အနည်းဆုံးတော့ နွားထီး နှစ်ကောင်တော့ မှားမယူလာပါဘူး"

ယန်ကျင်းလီ ခဏလောက် ကြောင်သွားပြီးမှ သဘောပေါက်သွားကာ ဒေါသထွက်သွားသည်။

"ရှင် ဘယ်အချိန်ကစပြီး ဒီလောက်အထိ လျှာရှည်တတ်သွားတာလဲ"

"ဘာလို့လဲ? မကြိုက်လို့လား?"

လင်းယန်ကတော့ စိတ်ထဲမှာ နည်းနည်း လိပ်ပြာမလုံ ဖြစ်နေသည်။ မိန်းကလေးတွေနဲ့ စကားပြောတဲ့ အနုပညာမှာတော့ ဟို တက္ကသိုလ်ကျောင်းသားတွေက သူ့ထက် လမ်းတစ်ဆယ်လောက် သာပါတယ်။ သူတို့နဲ့ ထိတွေ့ဖန် များလာတော့ သူလည်း နည်းနည်းပါးပါးတော့ အမွေရလာတာပေါ့။

ဒါပေမဲ့ ယန်ကျင်းလီက သူ ထင်ထားတာထက် ပိုပြီး ဆွဲဆောင်မှု ရှိနေသည်။ သူမက လေထဲမှာ လွင့်နေတဲ့ ဆံပင်လေးတွေကို နားနောက်ကို သပ်တင်လိုက်ပြီး၊ မျက်နှာကို နည်းနည်း စောင်းလိုက်ကာ နေဝင်ဆည်းဆာ အလင်းတန်းလေးတွေ မျက်နှာပေါ် ကျရောက်စေလိုက်သည်။ ဒီလို သေလောက်အောင် လှပတဲ့ Angle မျိုးကို သူမက သေသေချာချာ လေ့ကျင့်ထားပုံရသည်။

ယန်ကျင်းလီက အပြင်ပန်းမှာ တည်ငြိမ်နေပေမဲ့ ရင်ထဲမှာတော့ တဒိန်းဒိန်း ခုန်နေပါပြီ။ ဒီလို ပုံရိပ်မျိုးကို သူမရဲ့စိတ်ထဲမှာ အကြိမ်ကြိမ် ပုံဖော်ခဲ့ဖူးတာလေ။ ဒီလှုပ်ရှားမှုကိုလည်း သူငယ်ချင်းဖြစ်သူ ရှေ့မှာ အကောင်းဆုံး ဖြစ်အောင် ဘယ်နှစ်ခါတောင် လေ့ကျင့်ခဲ့လဲ မသိပါဘူး။

"နင်က ပုံမှန်ဆို ဒီလောက်အထိ လူကို ညှို့တတ်တာလား?"

ဒါပေမဲ့ လင်းယန် ပါးစပ်ဟလိုက်တဲ့ အခါမှာတော့ အဲ့ဒီ အလှတရားတွေ အကုန် ပျက်စီးသွားရသည်။ လင်းယန်က အဝေးက မက်မွန်ခြံကို လှမ်းကြည့်လိုက်ပြီး-

"ညှို့တယ်ဆိုတာ ဘာလဲ?"

"ဟန်ဆောင်မနေနဲ့"

"ငါ ကျောင်းမနေဖူးဘူးဆိုတာ မင်း သိသားပဲ"

"ဟုတ်ကဲ့ပါ၊ ပါမောက္ခလင်း"

"......"

"ငါက သူတို့ အတင်း ပါမောက္ခ လုပ်ခိုင်းလို့ လုပ်နေရတာလို့ ပြောရင် မင်း ယုံမလား?"

"သေလိုက်လေ!"

ယန်ကျင်းလီက ဒေါသထွက်ထွက်နဲ့ လင်းယန်ရဲ့ကိုယ်ပေါ်ကို ခုန်တက်ပြီး ဖက်လိုက်တော့သည်။ လူတွေအများကြီး တစ်သက်လုံး ကြိုးစားခဲ့တာတောင် မရနိုင်တဲ့ အဆင့်အတန်းမျိုးကို၊ လင်းယန်ကတော့ လယ်စိုက်ရင်းနဲ့တင် တက္ကသိုလ် ပါမောက္ခအဖြစ် ခန့်အပ်ခံရတာကိုး။ သူမ မျက်လုံးထဲမှာတော့ လင်းယန်က တမင်ကြွားနေသလို ဖြစ်နေလို့ အရမ်းကို စိတ်တိုစရာ ကောင်းနေတာပါ။

ဒါပေမဲ့ သူမရဲ့အားက လင်းယန်နဲ့ ယှဉ်လိုက်ရင်တော့ အလွန် သေးငယ်လွန်းပါတယ်။ လင်းယန်က သူမရဲ့ခါးလေးကို တင်းတင်းကျပ်ကျပ် ဖက်လိုက်တဲ့ အခါမှာတော့ သူမမှာ ရုန်းလို့မရတော့ဘဲ လင်းယန်ရဲ့ရင်ခွင်ထဲမှာ ငြိမ်ကျသွားရသည်။

'အရမ်း တောင့်တင်းတာပဲ...' ယန်ကျင်းလီ စိတ်ထဲကနေ အံ့ဩသွားသည်။ လင်းယန် တစ်ယောက်တည်း တောဝက်ကို အမဲလိုက်ခဲ့တာကို သူမ သတိရသွားသည်။ တစ်ချိန်တည်းမှာပဲ ဒီအမျိုးသားဆီက ထွက်ပေါ်လာတဲ့ ကိုယ်ငွေ့ကို ခံစားမိတော့ သူမရဲ့ မျက်နှာလေး ချက်ချင်း နီရဲသွားရသည်။

သူမက ပုံမှန်ဆို နောက်ပြောင်တတ်ပေမဲ့၊ ဒီလောက်အထိ နီးကပ်တဲ့ အပြုအမူမျိုးကျတော့လည်း ရင်ခုန်ပြီး ထိတ်လန့်သွားတာပေါ့။ တစ်ယောက်ယောက် မြင်သွားမှာကိုလည်း စိုးရိမ်မိသည်။ ဒါပေမဲ့ ပိုပြီး စိတ်လှုပ်ရှားလေလေ ကိုယ်ချင်းထိတွေ့မှုကို ပိုခံစားမိလေလေ ဖြစ်ပြီး၊ သူမရဲ့ ခန္ဓာကိုယ်လေးတောင် ပျော့ခွေချင်လာသည်။

လင်းယန်ရဲ့ မျက်ခုံးတွေလည်း ပင့်တက်သွားရသည်။ ယန်ကျင်းလီက ကြည့်လိုက်ရင် ပိန်ပိန်လေး ဆိုပေမဲ့၊ ဖက်ထားရတာကတော့... တကယ့်ကို သက်သောင့်သက်သာ ရှိလှပါတယ်။ သူမရဲ့ အရိုးတည်ဆောက်ပုံက သေးသွယ်လို့ နေမှာပါ။ သူမရဲ့ အသားအရေကလည်း အရမ်းကို နူးညံ့ပြီး ချွေးပေါက်လေးတွေတောင် မရှိသလိုပါပဲ။

ယန်ကျင်းလီက လင်းယန်ရဲ့ရင်ဘတ်ကို လက်နဲ့တွန်းပြီး ရုန်းချင်သလို လုပ်နေပေမဲ့၊ တကယ်တမ်းကျတော့ ဘာအားမှ မပါပါဘူး။ ကြည့်ရတာ...

'လူကို မြူဆွယ်နေတာလား?'

လင်းယန်ရဲ့ လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်မိသွားသည်။ အခု အခြေအနေက အရမ်းကို ကောင်းနေတာကို... ဘာလို့များ...

ဝူယင်းတစ်ယောက် ရောက်လာရတာလဲ!

သူမက ရှောင်ဖယ်ပေးမယ့် ပုံစံလည်း မရှိပါဘူး။ သူတို့ နှစ်ယောက်ကို သိချင်စိတ်နဲ့ စိုက်ကြည့်နေပြီး ပိုပိုပြီးတောင် နီးအောင် လျှောက်လာပါသေးသည်။

'သူများရဲ့ ကိစ္စကောင်းကို လာဖျက်တာပဲ!'

ဘာမှ လုပ်လို့မရတော့တာမို့ လင်းယန်က သူမကို လွှတ်ပေးလိုက်ရသည်။ ယန်ကျင်းလီကတော့ ရုန်းထွက်နိုင်သွားပေမဲ့ စိတ်ထဲမှာတော့ နှမြောတသ ဖြစ်နေမိသည်။

'ဒီလောက် ကောင်းတဲ့ အခွင့်အရေးကို... ဘာလို့ ရုတ်တရက်ကြီး လွှတ်လိုက်တာလဲ? ငါ့ကို နာအောင် ဖက်ထားရင်တောင် ငါက မကြောက်ပါဘူး'

"နင်..." သူမ စကားစမလို့ ရှိသေး၊ ဘေးမှာ ရပ်ပြီး ကြည့်နေတဲ့ ဝူယင်းကိုမြင်တော့ လန့်သွားရသည်။ တကယ်ပဲ ကြောက်တာတွေ ဖြစ်လာတာပဲ။

"နင်တို့ ဆက်လုပ်ကြပါ၊ ငါ့ကို မရှိဘူးလို့သာ သဘောထားလိုက်" ဝူယင်းက အေးအေးဆေးဆေးပဲ ပြောလိုက်သည်။

ယန်ကျင်းလီမှာတော့ မျက်နှာ ဘယ်နားသွားထားရမှန်း မသိတော့ပါဘူး။ လူအစစ်ကြီး ရှေ့မှာ ရှိနေတာကို ဘယ်လိုလုပ် မရှိဘူးလို့ သဘောထားနိုင်မှာလဲ။

"မဟုတ်ပါဘူး... အထင်မလွဲပါနဲ့၊ ကျွန်မက သူ့ကို ရိုက်မလို့ လုပ်နေတာပါ..."

ဝူယင်းက လေးလေးနက်နက် ခေါင်းညိတ်ပြသည်။

"စိတ်ချပါ၊ ငါ အထင်မလွဲပါဘူး။ ဘယ်သူ့ကိုမှလည်း လျှောက်မပြောပါဘူး"

ယန်ကျင်းလီကတော့ ဒီစကားကို ကြားပြီး ပိုပြီးတော့တောင် ထိတ်လန့်သွားရသည်။ ဝူယင်းရဲ့ ဒီလို အမူအရာက...

'ဒါက အထင်မလွဲတဲ့ ပုံစံမှ မဟုတ်တာ!'

***

All Chapters