အခန်း (၁၁၉-၁၂၀)
Vol. 8 Ch. 119-120
စူပါ-ဖမ်း(SFS)
SFS 119
အခန်း ၁၁၉ ။ ကိုကို့ရဲ့ ပျော်ရွှင်မှုကို မင်းမသိပါဘူး
အဘိုးစူးသည် လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေရင်း အင်တာနက်ပေါ်က ဝေဖန်မှုတွေကို သိပ်ပြီး ဂရုမစိုက်လှပေ။
“စိတ်ချစမ်းပါ၊ နိုင်ငံတော်က တိုင်းပြည်အတွက် အကျိုးပြုထားတဲ့သူကို အရှက်တကွဲ အကျိုးနည်း အဖြစ်မခံပါဘူး မင်းက ငယ်သေးတယ်၊ အနာဂတ်က အဝေးကြီး ကျန်သေးတာ။ အခုခေတ်က အရင်ခေတ်တွေလို အရာရာကို ဖုံးကွယ်ထားရမယ့် ခေတ်မဟုတ်တော့ဘူး ရှေးရိုးစွဲ အယူအဆတွေနဲ့ပဲ နေလို့မရတော့ဘူး။ တချို့အချိန်တွေမှာ ကိုယ့်ရဲ့ ခွန်အားကို ပြသင့်ရင် ပြရမယ်၊ ကြွားသင့်ရင်လည်း ကြွားရမှာပဲ”
အဘိုးစူး၏ စကားများကြောင့် လင်းယန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ သို့သော် အဘိုးအို၏ လေသံမှာ အလွန် ယုံကြည်မှု ရှိနေ၏။
“ကျွန်တော် နားလည်အောင် ရှင်းရှင်းလေး ပြောပြလို့ မရဘူးလား အဘိုး?”
“ပစ္စည်းအတုတွေကို ဈေးကြီးပေးရောင်းတဲ့သူတွေကို အကုန်ဖမ်းမိသွားပြီ။ မတရားရထားတဲ့ ငွေတွေကိုလည်း သိမ်းဆည်းလိုက်ပြီလေ ပြီးတော့ သတင်းအမှားတွေ လွှင့်နေတဲ့ Social Media သမားတွေကိုလည်း အကုန် ထိန်းချုပ်လိုက်ပြီ။ မနက်ဖြန်ကျရင် သတင်းတွေ တက်လာလိမ့်မယ်။ မင်းကို နောက်ကွယ်ကနေ တိုက်ခိုက်ဖို့ ပိုက်ဆံစိုက်ပေးတဲ့သူကိုလည်း စုံစမ်းလို့ ရသွားပြီ။ ဂျပန်တွေဆီက ပိုက်ဆံယူထားတဲ့ ရှန်ဟိုင်းက သူဌေးတစ်ယောက်ပဲ”
လင်းယန်၏စိတ်များ ချက်ချင်း တည်ငြိမ်သွားသည်။
“ဒါဆို သူတို့ ကျွန်တော့်ဆီလာပြီး မုန်လာဥနီကိစ္စ မပြောခင်ကတည်းက ကျွန်တော့်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတာပေါ့?”
“ကိစ္စတွေက မင်းထင်သလောက် မရိုးရှင်းဘူး။ ဂျပန်တွေရဲ့ နောက်ကွယ်မှာလည်း အဓိက လက်မည်းကြီးတွေ ရှိသေးတယ်။ မြေပဲဆီရဲ့ အစွမ်းကိုလည်း သူတို့ ရိပ်မိသွားပုံရတယ်”
“ဒီလောက်တောင် မြန်မြန်ကြီးလား?”
“ဒီနည်းပညာက အရမ်းကြီး မြင့်မားတာမျိုး မဟုတ်တော့ အကြာကြီး ဖုံးထားလို့ မရမှန်း ငါတို့ သိပြီးသားပါ။ အခုရက်ပိုင်းကတော့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေတာပေါ့”
လင်းယန်လည်း အခြေအနေအချို့ကို နားလည်သွားခဲ့သည်။ အဘိုးစူးက ဆက်လက်၍ နှစ်သိမ့်ရှာသည်။
“အရမ်းကြီး စိတ်ဖိစီးမနေပါနဲ့။ မနက်ဖြန် မနက်ရောက်ရင် အခြေအနေတွေ အကုန် ပြောင်းပြန်လှန်ပစ်လိုက်မှာပါ။ တကယ်တော့ မင်း အခုလို ပြဿနာတက်တာကလည်း ကောင်းပါတယ်။ ပြည်ပက ဝယ်ယူထားတဲ့ သစ္စာဖောက်တွေကို အုပ်စုလိုက် ဖော်ထုတ်နိုင်ခဲ့တာပေါ့”
လင်းယန်၏နှုတ်ခမ်းများ တွန့်သွားရသည်။ သူ့အပေါ် ကျရောက်လာသော ဆိုးရွားသည့် သက်ရောက်မှုမှာ အဘိုးစူးအတွက်တော့ ငါးစာတစ်ခု ဖြစ်သွားခဲ့ခြင်းပင်။
သို့သော်လည်း တိုက်ခိုက်မှုမှာ လုံးဝ မရပ်တန့်သေးပေ။ မနည်း ကြိုးစားပြီး ချမ်းသာလာရသည့် ဤနိုင်ငံကို ဆင်းရဲတွင်းထဲ ပြန်ပို့ရန် နည်းမျိုးစုံ ကြိုးစားနေကြခြင်းဖြစ်သည်။ ဤသည်ကိုတော့ လုံးဝ ခွင့်မပြုနိုင်ပေ။
လင်းယန်လည်း ဆက်ပြီး စိုးရိမ်မနေတော့ပေ။ မိမိဘက်က ရှင်းပြပြီးပြီဖြစ်သဖြင့် နာမည်ပျက်သွားလျှင်လည်း ကိစ္စမရှိ၊ အချိန်က အမှန်တရားကို သက်သေပြပါလိမ့်မည်။ ရှေးလူကြီးတွေ၏ အောင့်အည်းသည်းခံတတ်သည့် စိတ်ဓာတ်ကို သူလည်း အတုယူရမည် မဟုတ်လား။
မိမိတို့ လုပ်ဆောင်နေသည့် အရာက လူမျိုးတစ်ခုလုံးအတွက် မည်မျှ အရေးကြီးကြောင်းကို အသိမပေးနိုင်ဘဲ၊ အများ၏ အထင်သေးမှုကို ခံကာ ထမင်းငတ်၊ အဝတ်ပြတ် ဆင်းရဲဒုက္ခ ခံခဲ့ရသူများစွာ ရှိခဲ့သည်။ အချို့ဆိုလျှင် ဘဝနှောင်းပိုင်းအထိ သူတို့၏ အောင်မြင်မှုနှင့် ထိုက်တန်သော ဂုဏ်သတင်းကိုပင် မရရှိခဲ့ကြပေ။ ဤကဲ့သို့သော လူကြီးများ ပြည်တွင်း၌ အမြောက်အမြား ရှိနေပြီး၊ သူတို့အားလုံးမှာ လေးစားထိုက်သူများ ဖြစ်ကြသည်။ ၎င်းတို့နှင့် ယှဉ်လိုက်လျှင် လင်းယန် ကြုံတွေ့နေရသော ကိစ္စမှာ ဘာမှမဟုတ်တော့ပေ။
အားလုံးနှင့် စကားခဏပြောပြီးနောက် လင်းယန် အခန်းထဲဝင်၊ မီးပိတ်ကာ အိပ်စက်ရန် ပြင်ဆင်လိုက်သည်။ မနက်ဖြန် မြင်းကျွေးရဦးမည်၊ အလုပ်တွေက အပုံလိုက် ရှိနေသဖြင့် အင်တာနက်ပေါ်က ကိစ္စတွေအတွက် အချိန်ပေးမနေနိုင်တော့ပေ။
ထိုစဉ် အခန်းတံခါးကို လာရောက် ခေါက်သည့်အသံ ကြားလိုက်ရသည်။
“အိပ်ပြီလား?”
ညင်သာသော အသံလေးမှာ အလွန် သတိထားနေဟန်ရှိသည်။
“မအိပ်သေးဘူး”
တံခါးပွင့်သွားပြီး စူးရို့ရို့တစ်ယောက် အခြားသူများ မြင်မည်စိုးသဖြင့် အခန်းထဲသို့ အလျင်အမြန် တိုးဝင်လာသည်။ သူမသည် အရောင်ဖျော့ဖျော့ အိပ်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး၊ စကတ်အနားသတ်မှ ဇာပန်းပွင့်လေးများကြားမှ ဖြူဖွေးသော ပေါင်တံလေးများကို ဝိုးတဝါး မြင်နေရသည်။
လင်းယန် အနည်းငယ် နှမြောသွားရသည်။ သေသေချာချာ မမြင်ရသောကြောင့် ဖြစ်၏။ သို့သော် ဤသို့ ဝိုးတဝါး မြင်နေရခြင်းကပင်၊ ရေချိုးပြီးကာစ မခြောက်သေးသော ဆံနွယ်ရှည်များမှ ထွက်ပေါ်လာသည့် သင်းပျံ့သော ရနံ့လေးနှင့် ပေါင်းစပ်ကာ၊ လင်းယန်၏စိတ်ကို ယောင်ယမ်းစေတော့သည်။
ညမှာ မမှောင်လှဘဲ လရောင်က ကုတင်ပေါ်သို့ ဖြာကျနေသည်။ လေညင်းကလည်း ပြတင်းပေါက် လိုက်ကာလေးများကို တလှုပ်လှုပ် ဖြစ်စေ၏။ အခန်းကျဉ်းလေးထဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတည်း ရှိနေကြသည်။
လရောင်အောက်တွင် စူးရို့ရို့၏ မျက်နှာလေးမှာ နီမြန်းနေပြီး လင်းယန်ကို စိုက်မကြည့်ရဲဘဲ ဖြစ်နေရှာသည်။
“ဟို... အင်တာနက်ပေါ်က လူတွေပြောတာကို အရမ်း စိတ်ထဲမထားနဲ့နော်...”
လင်းယန်၏ မျက်နှာတွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာသည်။ ဤသည်မှာ သူတစ်ပါး၏ ဂရုစိုက်မှုကို ခံရသည့် ခံစားချက်ပင် ဖြစ်၏။ အမှန်တော့ သူသည် ငယ်စဉ်ကတည်းက ဂရုစိုက်မှု မကင်းခဲ့ပေ၊ ရွာသားအားလုံးက သူ့အပေါ် ကောင်းကြသည်။ သို့သော် အသက်အရွယ်တူ အမျိုးသမီးလေးတစ်ဦး၏ ဤကဲ့သို့ ဂုဏ်ယူဖွယ် ဂရုစိုက်မှုကို ခံရသည့်အခါတွင်မူ ထူးခြားသော သံယောဇဉ်များ စတင် ဖြစ်ပေါ်လာရသည်။
“ငါ အဆင်ပြေပါတယ်”
စူးရို့ရို့သည် သတ္တိကို မွေးကာ လင်းယန်၏ ဘေးသို့ တိုးကပ်လာပြီး သူ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
“အဲ့ဒီလူတွေက အရမ်းလွန်လွန်းတာပဲ၊ ဘယ်သူမှ ဒါကို ဒီအတိုင်း ကြည့်မနေနိုင်ဘူး”
စူးရို့ရို့က လင်းယန်ကို ဆက်လက် နှစ်သိမ့်နေဆဲပင်။ နူးညံ့ပြီး နွေးထွေးသော လက်ကလေး၏ ထိတွေ့မှုကြောင့် လင်းယန်၏ စိတ်များမှာ အဝေးသို့ ရောက်ရှိနေလေပြီ။ သူမ ဘာတွေပြောနေသည်ကိုပင် သူ သေသေချာချာ မကြားတော့ပေ။
ထိုပုတ်ခတ်စွပ်စွဲမှုများမှာ သူ့အတွက် ဘာအဓိပ္ပာယ်မှ မရှိလှသော်လည်း၊ ယခုအချိန်တွင်မူ ထိုလူများကိုပင် ကျေးဇူးတင်မိတော့သည်။ သူတို့တွေ ဝိုင်းဆဲလေလေ၊ လင်းယန်က ပို၍ ပျော်လေလေပင်။ ဤသတင်းအမှားများက စူးရို့ရို့၏ ကာကွယ်လိုစိတ်ကို အပြည့်အဝ နှိုးဆွပေးလိုက်ခြင်းဖြစ်သည်။
မသိမသာဖြင့် လင်းယန်၏ဦးခေါင်းမှာ စူးရို့ရို့၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
'ဪ... လင်းရှောင်ဝူလေးက နေ့တိုင်း ဒီလိုမျိုး ပျော်နေရတာကိုး!'
လင်းယန် အတော်လေး စိတ်မထိန်းနိုင်တော့ပေ။ စူးရို့ရို့ကလည်း လင်းယန်ကို ပြန်ဖက်ထားလိုက်သည်။ သူမ၏ အမြင်တွင်မူ လင်းယန်သည် ယခုအချိန်၌ ကြီးမားသော စိတ်ဖိစီးမှုများကို ခံစားနေရသဖြင့် ဂရုစိုက်မှုကို ပို၍ လိုအပ်နေသည်ဟု ယူဆထားခြင်း ဖြစ်သည်။
သူ၏ စိတ်မကောင်းဖြစ်မှုများကို ခေတ္တမျှ မေ့ပျောက်သွားစေမည် ဆိုလျှင်၊ ဘာပဲလုပ်ပေးရပါစေ သူမ လိုလိုလားလား ရှိနေသည်။ သို့သော်လည်း အချိန်အနည်းငယ် ကြာလာသည့်အခါ တစ်ခုခု မှားယွင်းနေသည်ကို သူမ သတိထားမိလိုက်သည်။
“ရှင်...”
စူးရို့ရို့၏မျက်နှာမှာ ပို၍ နီမြန်းလာသည်။ လင်းယန်၏ လက်များမှာ မရောက်သင့်သော နေရာများသို့ ရောက်ရှိနေပြီ ဖြစ်၏။ အနည်းငယ် ယားကျိကျိ ဖြစ်လာသလို၊ ခန္ဓာကိုယ်မှာလည်း တောင့်တင်းလာသည်။ ရှက်ရွံ့မှုများက တစ်ကိုယ်လုံးကို လွှမ်းမိုးထားသော်လည်း ထွက်မပြေးရဲပါချေ။
အခန်းတွင်း အပူချိန်မှာ အလျင်အမြန် မြင့်တက်လာပြီး၊ သူမ၏ ခန္ဓာကိုယ်လေးမှာ ပျော့ခွေလာတော့သည်။
လင်းရှောင်ဝူ၏ ပျော်ရွှင်မှုကို လင်းယန် နားလည်သွားခဲ့ပြီဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ... လင်းရှောင်ဝူလေးပင်လျှင် သူမကိုကို၏ ပျော်ရွှင်မှုကို နားလည်နိုင်မည် မဟုတ်တော့ပေ။ စူးရို့ရို့သည် ကုတင်ပေါ်သို့ ပျော့ခွေကျသွားပြီး အနည်းငယ် ရုန်းကန်သော်လည်း မပြင်းထန်လှပေ။ သူမတွင် ခွန်အားများ လုံးဝ မရှိတော့ပါချေ။
တံခါးအပြင်ဘက်တွင် အိပ်နေသော ခွေးကြီးမှာ တစ်ခုခုကို ကြားလိုက်ဟန်ဖြင့် ခေါင်းထောင်ကာ ဝဲယာကြည့်ပြီးနောက်၊ ပြန်လည် အိပ်စက်သွားသည်။ မြင်းနက်လေး ဝူးယာကလည်း နှာမှုတ်သံ ပေးကာ ညစာ မြက်များကို ဆက်လက် စားနေ၏။ ရှောင်ဝူလေးကတော့ သူမ၏ အိပ်ရာကြီးပေါ်တွင် ဖြစ်သလို အိပ်မောကျနေပြီး၊ စောင်ကို ဘေးသို့ ကန်ကျောက်ထားသဖြင့် ဝိုင်းစက်နေသော ဗိုက်ကလေး ပေါ်နေရှာသည်။
အေးချမ်းရမည့် ဤညသည် အခန်းကျဉ်းလေးအတွင်း၌မူ လုံးဝ မအေးချမ်းတော့ပေ။ ရှောင်ဝူလေး ပေါင်းထားသည့် ပေါက်စီများမှာ ဤမျှလောက် မနူးညံ့ပါချေ။ အရင်က အကြိုက်ဆုံး ချယ်ရီသီးများမှာလည်း ဤမျှလောက် မချိုမြိန်တော့ပေ။ လှေကားထစ် လယ်ကွက်ထဲက စမ်းရေတွင်းမှ ရေများကဲ့သို့ပင် အရာအားလုံးမှာ စီးထွက်လာပြီး တစ်ပြင်လုံး စိုရွှဲကုန်တော့သည်။
လောကီ အပူအပင် အားလုံးမှာ မေ့ပျောက်သွားခဲ့လေပြီ။ စူးရို့ရို့၏မျက်ဝန်းများ ဝေဝါးလာပြီး သူမ၏ နောက်ဆုံး ခံစစ်စည်းကို လွှတ်ပေးတော့မည့် ဆဲဆဲတွင်...
အပြင်ဘက်မှ ခွေးကြီးက ဟောင်သံပေးလိုက်ပြီး လျှာတလှုပ်လှုပ်ဖြင့် အသက်ရှူသံ ပေးလာသည်။ ထို့နောက် တံခါးပြင်ပမှ ခြေသံများကို ကြားလိုက်ရသည်။ စူးရို့ရို့ ချက်ချင်း လန့်နိုးသွားကာ၊ အဝတ်အစားများကို ကမန်းကတန်း ဆွဲယူ၍ ရင်ဘတ်ကို ဖုံးလိုက်ရသည်။
ညင်သာသော တံခါးခေါက်သံက ထွက်ပေါ်လာ၏။
“မအိပ်သေးဘူးမလား”
ယန်ကျင်းလီသည် တံခါးပြင်ပတွင် ရပ်နေရင်း၊ အခန်းထဲမှ အဝတ်လှုပ်ရှားသံများကို ကြားလိုက်ရသဖြင့် အနည်းငယ် ကြောင်သွားသည်။
လင်းယန်ကတော့ စိတ်ထဲမှ ဆဲရေးနေမိတော့သည်။ အိမ်ထဲမှာ မိန်းကလေးတွေ များနေခြင်းက... အချို့အချိန်များတွင်တော့ ကောင်းသည့်ကိစ္စ မဟုတ်ပေ။
***
စူပါ-ဖမ်း(SFS)
SFS 120
အခန်း ၁၂၀ ။ ဝဋ်ကြွေးတွေပါလား!
ယန်ကျင်းလီ ရောက်လာသည့် အချိန်မှာ တကယ်ကို မသင့်တော်လှပေ။ လင်းယန် စိတ်ထဲမှ ဆဲရေးမိတော့မည့် အခြေအနေပင် ဖြစ်၏။
'နောက်ထပ် နည်းနည်းလောက် နောက်ကျမှ လာလို့ မရဘူးလား?'
စူးရို့ရို့မှာမူ အသံထွက်ရန် လုံးဝ မဝံ့ရဲတော့ဘဲ စောင်ထဲသို့ ကမန်းကတန်း တိုးဝင် ပုန်းအောင်းလိုက်ရသည်။
ပြတင်းပေါက် အပြင်ဘက်မှ အသံကို ကြားလိုက်ရသည်နှင့် လင်းယန်က တိုက်ရိုက်ပင် ပြောလိုက်၏။ “ငါ အိပ်ပြီ။”
ယန်ကျင်းလီကတော့ အပြင်မှနေ၍ မျက်စောင်းထိုးလိုက်သည်။ “ငါ ဝင်လာပြီနော်။”
ယန်ကျင်းလီသည် လင်းယန်နှင့် အလွန် ရင်းနှီးလွန်းလှသဖြင့် တံခါးကို တွန်းဖွင့်ကာ တိုက်ရိုက်ပင် ဝင်လာတော့သည်။ လင်းယန် တစ်ယောက် နဖူးကို လက်နှင့် အုပ်လိုက်မိ၏။
'ဒီလောက်တောင် ကံဆိုးရတာလားကွာ! ဘယ်လိုလုပ်ရမလဲ?'
ကံကောင်းသည်မှာ အခန်းထဲတွင် အလင်းရောင် မှိန်ပျပျသာ ရှိသဖြင့် ယန်ကျင်းလီသည် စောင်ထဲတွင် ပုန်းနေသော စူးရို့ရို့ကို သတိမထားမိပုံရပေ။ စူးရို့ရို့မှာမူ လုံးဝ မလှုပ်ရဲတော့ဘဲ အသက်ကို အောင့်ကာ ငြိမ်နေရရှာသည်။ သဲထဲခေါင်းဝှက်ထားသည့် ကုလားအုတ်ငှက်ကလေး ပမာပင်။ လင်းယန် အသုံးပြုနေသည်မှာ ရှေးရိုးရာ ကုတင်ကြီးဖြစ်သဖြင့် အနည်းငယ် လုံခြုံမှုရှိနေခြင်းကလည်း စူးရို့ရို့အတွက် ကံကောင်းခြင်းတစ်ခုပင် ဖြစ်၏။
“ဟော... ဒီအခန်းထဲမှာ ဘာလို့ ဒီလောက် မွှေးနေတာလဲ? တစ်ယောက်ယောက် လာသွားသေးလို့လား?” ယန်ကျင်းလီက မေးလိုက်သည်။
လင်းယန် ရင်တုန်သွားရသည်။ ၎င်းမှာ စူးရို့ရို့ဆီမှ ထွက်ပေါ်နေသည့် ရနံ့လေး မဟုတ်လား။ ယန်ကျင်းလီ၏ နှာခေါင်းက ဤမျှအထိ အနံ့ခံကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ဘာတွေ စိတ်လှုပ်ရှားနေတာလဲ? ရှင့်ကို ပြောစရာ ရှိလို့ပါ” ဟု ယန်ကျင်းလီက ရယ်မောကာ ပြောလိုက်သည်။
သူမသည် ရေတစ်ဖန်ခွက်ကို ငှဲ့သောက်ကာ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး ပြတင်းပေါက်ကို ဖွင့်၍ အပြင်ဘက်က လမင်းကြီးကို ငေးကြည့်နေ၏။ လင်းယန်မှာမူ စောင်ထဲတွင် အသေကောင်လို ငြိမ်နေသည့် စူးရို့ရို့ကို ကြည့်ရင်း၊ ယန်ကျင်းလီနှင့် ကုတင်ကြားတွင် အမြင်အာရုံ ကွယ်သွားအောင် မသိမသာ ဝင်ထိုင်လိုက်ရသည်။
ရင်ထဲတွင် ခြောက်သွေ့နေသဖြင့် လက်ဖက်ရည်ကြမ်း အေးအေးလေး တစ်ငုံကို သူ သောက်လိုက်မိ၏။
“ရှင် တင်လိုက်တဲ့ ဗီဒီယိုကတော့ တစ်ကမ္ဘာလုံး ဟိုးဟိုးကျော်သွားပြီ။ တင်ပြီး နှစ်နာရီအတွင်းမှာတင် Follower ငါးသန်း ကျော်သွားပြီလေ။ Follower တိုးနှုန်းမှာ စံချိန်သစ် တင်လိုက်တာပဲ။ တစ်ရက်တောင် မပြည့်ခင်မှာ Follower ဆယ်သန်း ကျော်သွားလိမ့်မယ် ထင်တယ်။
အံ့ဩစရာ အကောင်းဆုံးကတော့... ရှင်က ဗီဒီယို တစ်ခုတည်းနဲ့ ဒီလောက်အထိ ဖြစ်သွားတာပဲ။”
ယန်ကျင်းလီသည် ဖုန်းကို ဆုပ်ကိုင်ထားရင်း အလွန် စိတ်လှုပ်ရှားနေ၏။ လင်းယန်ကတော့ စိတ်ပျက်လက်ပျက်ဖြင့်- “??? အဲ့ဒါလေးပဲလား?”
ဒီကိစ္စလေးအတွက်နဲ့ ငါ့ရဲ့ အရေးကြီးတဲ့ ကိစ္စကြီးကို လာဖျက်လိုက်တာလား?
သူ တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သော်လည်း လရောင်အောက်တွင် ထင်ရှားနေသည့် ယန်ကျင်းလီ၏ ကိုယ်လုံးလေးကို မြင်လိုက်ရသည့်အခါ အကြည့်များက ရပ်တန့်သွားသည်။ သူမ ဝတ်ဆင်ထားသည့် အဝတ်အစားမှာ စူးရို့ရို့ထက်စာလျှင် ပို၍ ပါးလွှာလွန်းလှသည်။ အထူးသဖြင့် လုံးဝ ပြုပြင်မွမ်းမံထားခြင်း မရှိသည့် သဘာဝအတိုင်း ရင်ဘက်လေးပေါ်တွင် ထိုးထွက်နေသည့် မြေပဲစေ့လေး နှစ်စေ့ကဲ့သို့ အဖုလေးနှစ်ခုက အကြည့်ကို ဆွဲဆောင်နေ၏။
အထဲမှာ... ဘာမှ ဝတ်မထားပါလား!
ခုနက လက်ဖက်ရည် သောက်ထားသော်လည်း လည်ချောင်းမှာ ပြန်လည် ခြောက်သွေ့လာပြန်သည်။ ဤသည်မှာ တကယ်ကို အသက်အန္တရာယ် ပေးနိုင်သည့် ဆွဲဆောင်မှုပင် ဖြစ်၏။
ယန်ကျင်းလီသည် တစ်ခုခုကို ရိပ်မိသွားဟန်ဖြင့် လင်းယန်ဘက်သို့ ကိုယ်ကို ကိုင်းလိုက်ကာ- “ဘာလဲ? အရမ်း သိချင်နေတာလား?”
“……”
လင်းယန် လုံးဝ ဆွံ့အသွားရသည်။ သူမ၏ စကားထဲတွင် မြူဆွယ်သည့် အငွေ့အသက်များ အပြည့် ပါဝင်နေသည် မဟုတ်လား။ သာမန် ယောကျ်ားတစ်ယောက်အနေဖြင့် မည်သူကများ ဤသည်ကို သည်းခံနိုင်မှာတဲ့လဲ။ သို့သော် ပြဿနာမှာ... အခု အခြေအနေက လုံးဝ အဆင်မပြေလှခြင်းပင်။
ယန်ကျင်းလီမှာမူ ဘာမှမသိဘဲ လင်းယန်၏ အနေရခက်နေသည့် ပုံစံကို ကြည့်ကာ၊ နောက်ဆုံးတွင် လင်းယန်၏ ရင်ခွင်ထဲသို့ပင် ဝင်ထိုင်လိုက်တော့သည်။ သူမက အလွန် ပေါ့ပါးလှသော်လည်း သူမဆီမှ ထွက်ပေါ်နေသည့် ကိုယ်ငွေ့နွေးနွေးလေးကြောင့် လင်းယန်၏ ရင်ထဲမှ မီးတောင်မှာ ပေါက်ကွဲထွက်တော့မည့် အတိုင်းပင်။
ကံကောင်းသည်မှာ သူ၏ ကျောပြင်က အတော်လေး ကာကွယ်ပေးထားသဖြင့် စောင်ထဲရှိ စူးရို့ရို့ ဘာမှ မမြင်နိုင်ခြင်းပင်။ စူးရို့ရို့သည်လည်း လုံးဝ အသံမထွက်ဘဲ ငြိမ်နေရှာသည်။ သို့သော် ဤအချိန်တွင် လင်းယန်မှာ ရှေ့တိုးရခက် နောက်ဆုတ်ရခက် အခြေအနေသို့ ရောက်နေရလေပြီ။
သူမနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးသို့ တိုးတက်သွားရန် သူ လုံးဝ ဝန်မလေးပါပေ။ သို့သော် ပြဿနာမှာ... အခန်းထဲတွင် လူနှစ်ယောက် ရှိနေခြင်းပင်!
ထိုစဉ် ခွေးဝါကြီးက ထပ်မံ ဟောင်လိုက်ပြန်သည်။ ထို့နောက် လျှာတလှုပ်လှုပ်ဖြင့် အသက်ရှူသံ ပေးလာပြန်၏။
“……”
လင်းယန် ဤခံစားချက်ကို အလွန် ရိုးအီနေပြီဟု ခံစားလိုက်ရသည်။
“လိမ္မာတယ်နော်၊ ညဘက်မှာ လျှောက်မဟောင်ရဘူးလေ။”
ချင်စုစု၏အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။ ယန်ကျင်းလီမှာ ချက်ချင်းပင် ထိတ်လန့်သွားကာ၊ အင်္ကျီရင်ဘတ်ကို ဆွဲစေ့ပြီး ကိုယ်ကို ငုံ့လိုက်ကာ ပုန်းစရာ နေရာရှာတော့သည်။ သူမသည် ကုတင်အောက်သို့ တိုးဝင်ရန် ပြင်သဖြင့် လင်းယန်မှာ အလွန်ထိတ်လန့်သွားကာ၊ သူမကို အမြန်ဆွဲထားပြီး အဝတ်ဗီဒိုကို ညွှန်ပြလိုက်ရသည်။
ကံကောင်းစွာဖြင့် ယန်ကျင်းလီသည် အဝတ်ဗီဒိုထဲသို့ ဝင်ရောက် ပုန်းအောင်းသွားခဲ့သည်။ လင်းယန် သက်ပြင်းကို အရှည်ကြီး ချလိုက်မိ၏။
'တကယ့်ကို ကပ်သီလေးပဲ! ဘဝမှာ ဒီလောက် ရင်တုန်စရာကောင်းတဲ့ ကိစ္စမျိုး တစ်ခါမှ မကြုံဖူးဘူး'
အင်တာနက်ပေါ်က ဝေဖန်မှုများဆိုသည်မှာ ယခုအချိန်တွင် သူ၏ ဦးနှောက်ထဲ၌ မရှိတော့ပါချေ။ မကြာမီမှာပင် ချင်စုစုသည် တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။ လင်းယန် မျက်မှောင်ကြုတ်လျက်- “ဝင်လာရင် တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား?”
ချင်စုစုကတော့ မျက်စောင်းလေး ထိုးကာ- “ရှင်လည်း ကျွန်မ အခန်းထဲဝင်ရင် တံခါးမှ မခေါက်တာ။”
လင်းယန် မျက်နှာ ပျက်သွားရသည်။ အရင်တုန်းက နင် အိပ်ပုပ်နေလို့ ငါက ဝင်နှိုးရတာ မဟုတ်လား!
“ဒီကို ဘာလာလုပ်တာလဲ? ငါ အဆင်ပြေတယ်၊ နှစ်သိမ့်စရာ မလိုဘူး။”
ချင်စုစုက ခေါင်းလေး စောင်းကာ- “ကျွန်မက ရှင့်ကို နှစ်သိမ့်မယ်လို့ ဘယ်သူပြောလဲ? ကျွန်မ အခန်းထဲက ရေပန်းက ပျက်နေလို့၊ ရှင့်ရဲ့ရေချိုးခန်း ခဏ လာသုံးတာ။”
ပြောပြောဆိုဆိုဖြင့် ချင်စုစုသည် ရေချိုးခန်းထဲသို့ ဇွတ်ဝင်သွားတော့သည်။ လင်းယန် အတော်လေး စိတ်တိုချင်လာ၏။ ငါ့ရဲ့ စိတ်နေစိတ်ထားက အရမ်းကောင်းနေလို့လား? ချင်စုစုက ငါ့ရှေ့မှာ ဒီလောက်တောင် ရဲတင်းနေရတာလား?
သို့သော် သေသေချာချာ စဉ်းစားကြည့်ပြန်တော့လည်း... လှပသော မိန်းကလေးတစ်ဦးက မိမိ၏ ရေချိုးခန်းကို လာသုံးသည်ကို ဘယ်သူကများ ငြင်းပယ်မှာလဲ။ အကယ်၍ အခန်းထဲတွင် နောက်ထပ် နှစ်ယောက်သာ မရှိနေခဲ့လျှင်ပေါ့...
ဤအကြောင်းကို တွေးမိသောအခါ လင်းယန်၏ စိတ်များ ပေါက်ကွဲလုနီးပါး ဖြစ်သွားရသည်။ စူးရို့ရို့သည်လည်း စောင်ထဲမှနေ၍ အခြေအနေကို ချောင်းကြည့်နေရ၏။ သူမ စိတ်တိုနေသော်လည်း အသံတော့ မထွက်ရဲပါချေ။ အဝတ်ဗီဒိုထဲရှိ ယန်ကျင်းလီမှာလည်း ထွက်မပြေးရဲဘဲ အောင့်ထားရရှာသည်။ အပြင်ဘက်က ခွေးကြီး ဟောင်မည်ကို စိုးရိမ်ရသလို၊ ချင်စုစုက ရေချိုးခန်းထဲတွင် တံခါးမပိတ်ဘဲ ရေချိုးနေသောကြောင့်လည်းဖြစ်၏!
လင်းယန်သည်လည်း ဤအချက်ကို သတိထားမိသည်။ သူ သွားကြည့်လျှင်လည်း မကောင်း၊ မသွားဘဲ နေပြန်လျှင်လည်း ဟိုနှစ်ယောက်က သူ့ကို ချောင်းကြည့်နေကြသည်။
လင်းယန်၏စိတ်ထဲတွင် လုံးဝ ပြိုလဲလုနီးပါး ဖြစ်နေချေပြီ။ 'ဒါက ဝဋ်ကြွေးတွေပါလား!'
နောက်ဆုံးတွင်မူ သူသည် ချင်စုစုကို သတိပေးလိုက်ရသည်။ “မင်း ဘာလို့ ရေချိုးခန်းတံခါးကို မပိတ်တာလဲ!”
“အထဲမှာ နည်းနည်း အိုက်လို့လေ။”
“လေစုပ်စက်ရှိတာပဲ မဟုတ်လား?”
“ကျွန်မ ခလုတ် ရှာမတွေ့ဘူး။ ရှင်ပဲ လာရှာပေးပါဦး။”
“ငါ……”
လင်းယန် ပေါက်ကွဲတော့မည်။ မူလက အလွန် သာယာလှပမည့် ညတစ်ညဖြစ်မည်ဟု သူ ထင်မှတ်ခဲ့သော်လည်း... ယခုမူ သူ၏ ဘဝအဆက်ဆက်က ဝဋ်ကြွေးများကို ယနေ့ တစ်ရက်တည်းဖြင့် ပြန်ပေးဆပ်နေရသလိုပင်။
ရေချိုးခန်းထဲမှ ရေကျသံများကို ကြားနေရသော်လည်း လင်းယန်မှာ ဘာမှ မလုပ်ရဲပါချေ။ ဤအခြေအနေမှာ အခန်းထဲရှိ လူတိုင်းအတွက် တကယ့်ကို နှိပ်စက်မှု တစ်ခုပင် ဖြစ်၏။ ဘာမှ မသိဘဲ သီချင်းလေး တအေးအေးဆိုကာ ရေချိုးနေသည့် ချင်စုစုမှလွဲ၍ ကျန်သူအားလုံးမှာ အသက်ရှူအောင့်ထားကြရသည်။
ချင်စုစုက ဘာလို့ တခြားသူတွေရဲ့ ရေချိုးခန်းကို မသုံးဘဲ၊ ငါ့ဆီမှ လာသုံးရတာလဲဆိုတာကို လင်းယန် နားမလည်နိုင်ပေ။ ထို့ထက် ပို၍ နှိပ်စက်သည့် အရာက နောက်တွင် ရှိနေသေးသည်။
မိန်းကလေးများ ရေချိုးလျှင် အချိန်အတော်ကြာ တတ်ကြသည် မဟုတ်လား။ ရေပိတ်သွားသည့် အခါတွင်မူ အိပ်မက်ဆိုးက စတင်တော့သည်။
“ရေချိုးတဘက် ဘယ်မှာလဲ? ကျွန်မအတွက် တဘက်လေး တစ်ထည်လောက် ရှာပေးပါဦး။”
“……”
လင်းယန် လုံးဝ ရူးချင်သွားရပြီ။ တံခါးက ပွင့်နေသည်၊ သူ သွားပေးလိုက်လျှင် အကုန်မြင်ရတော့မည် မဟုတ်လား? သူ မြင်ဖူးထားသည်ဆိုသော်လည်း အခန်းထဲတွင် အခြားသူများ ရှိနေသေးသည်လေ!
“မင်း သေချာ ပြန်ရှာကြည့်ဦး။”
“တကယ် မရှိလို့ပါဆို။ ရှင် မပေးရင် ကျွန်မ ဒီအတိုင်းပဲ ထွက်လာပြီး ရှာတော့မှာနော်။”
“……”
လင်းယန် လက်လျှော့လိုက်ရတော့သည်။ “နေဦး၊ ငါ သွားယူပေးမယ်။”
လင်းယန်သည် အပြင်ဘက်တွင် လှန်းထားသော တဘက်ကို သွားယူကာ ချင်စုစုထံ ကမ်းပေးလိုက်ရသည်။ ဤကောင်မလေးမှာလည်း အကာအကွယ် သိပ်မရှိလှသဖြင့် လင်းယန်အနေဖြင့် မမြင်သင့်သည်များကို မြင်လိုက်ရပြန်သည်။
'ကြည့်ရတာ... ဒီရက်ပိုင်း အစားအသောက် ကောင်းလို့လား မသိဘူး၊ ပိုပြီး ဖွံ့ဖြိုးလာသလိုပဲ'
လင်းယန်၏ရင်ထဲမှ မီးတောင်မှာ မထိန်းနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။ ဤသည်မှာ တကယ့်ကို နှိပ်စက်မှုပင်။
ထိုစဉ် အပြင်ဘက်မှ တာ့ဟွမ်က ထပ်ဟောင်ပြန်သည်။ အပြင်ဘက်မှ လျှောက်လာသော လှပသည့် ပုံရိပ်ကို မြင်လိုက်ရသည့်အခါ လင်းယန် တစ်ယောက် ငိုချင်စိတ်ပင် ပေါက်သွားရသည်။
ရေချိုးခန်းထဲရှိ ချင်စုစုမှာလည်း ထိတ်လန့်သွားကာ ရေချိုးခန်းတံခါးကို အမြန်ပိတ်၍ မီးပါ ပိတ်လိုက်ရှာသည်။
“……”
လင်းယန်သည် ချင်စုစု အပြင်တွင် ချန်ထားခဲ့သည့် ညအိပ်ဝတ်စုံနှင့်၊ အရက်နှစ်ပုလင်းကိုင်ကာ မြည်းစရာ ဟင်းပွဲလေးနှင့် လျှောက်လာနေသော ဝူယင်းကို ကြည့်ရင်း နဖူးကို လက်နှင့် အုပ်လိုက်မိတော့သည်။
အရာရာတိုင်းက ဘာလို့ ဒီလောက်တောင် တိုက်ဆိုင်နေရတာလဲ!
ဘဝကြီးက... အရမ်းကို ရင်ခုန်စရာ ကောင်းလွန်းနေပြီ မဟုတ်လား?
***