← Chapters

လှောင်အိမ်ကို ဖောက်ထွက်ခြင်း

Vol. 70 Ch. 732

လှောင်အိမ်ကို ဖောက်ထွက်ခြင်း

Vol. 70 Ch. 732

​နာရီဝက်ဆိုသည့် အချိန်မှာ သိပ်မကြာလှသော်လည်း စောင့်ဆိုင်းရသည်ကမူ အလွန်ပင် စိတ်ပင်ပန်းစရာ ကောင်းလှသည်။

​ယခုအချိန်တွင် ပြင်ပလောက၌ မီးဟုန်းဟုန်းတောက်နေပြီး ကျွင်းချန်ချင်းက ချိပ်ပိတ်ခံထားရသော သူ၏ဝိညာဉ်များကို အလျင်အမြန် ပြန်လည်သိမ်းဆည်းနေမည်မှာ အားလုံးအသိပင်။

​သို့သော် ကျွင်းချန်ချင်းကို တော်လှန်ရန် အဓိကအင်အားစုဖြစ်သည့် သူတို့တစ်စုမှာမူ မြေကမ္ဘာအမြစ် လှောင်အိမ်အတွင်း ပိတ်မိနေပြီး ဘာမှမလုပ်နိုင်ဘဲ ဖြစ်နေကြသည်။

​နေနတ်ဘုရားနှင့် စကားပြောပြီးနောက် လူတိုင်းမှာ တိတ်ဆိတ်သွား ကြပြီး လှောင်အိမ် ပျက်ပြယ်သွားမည့်အချိန်ကိုသာ စောင့်နေကြတော့သည်။

​နေနတ်ဘုရားမှာ တစ်ဖက်သို့ တစ်ကိုယ်တည်း ထွက်သွားပြီး ကျောက်စိမ်းဖြူဝိုင်ကို တစ်ငုံချင်း မော့သောက်နေသည်။

​ကျန်ရှိသော ဝူရှန့်ကျိကျွင်း သုံးဦးမှာလည်း အသီးသီး ငြိမ်သက်စွာ ရပ်နေကြပြီး သူတို့၏ စိတ်ထဲတွင် ဘာတွေတွေးနေကြသလဲဆိုသည်ကို မသိနိုင်ပေ။

​ထန်ထျန်းကမူ လုံကျိုကျိုးနှင့်အတူ ရှိနေပြီး သူတို့နှစ်ယောက်မှာ အခြားသူများကဲ့သို့ စိတ်ဓာတ်ကျမနေကြပေ။

​အထူးသဖြင့် ထန်ထျန်းဖြစ်သည်၊ သူက မူလကတည်းက ထိုအရာများကို အလေးအနက်ထားသူ မဟုတ်ပေ။

​စောင့်ဆိုင်းနေစဉ်အတွင်း ထန်ထျန်းက လုံကျိုကျိုးထံမှ အခြားဝူရှန့်ကျိကျွင်း သုံးဦး၏ သရုပ်မှန်ကို သိခဲ့ရသည်။

​ယင်ယန်တာအိုဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုမှာ ဟုန်းမန်ကျိကျွင်း ဟု အမည်ရသည်။

​သူ၏ နောက်ခံမှာ အလွန်ရှေးကျပြီး လွန်ခဲ့သော နှစ်သန်းပေါင်းများစွာအထိ နောက်ကြောင်းလိုက်ရနိုင်သည်။

​လုံကျိုကျိုးက သူ့အကြောင်း ရှင်းပြနေစဉ် ထန်ထျန်းက အလွန်ရင်းနှီးသော အမည်တစ်ခုကို ကြားလိုက်ရသည်။

​ယွီဟွား အင်မော်တယ် နိုင်ငံ

​ထိုစဉ်က ယွီဟွား အင်မော်တယ် နိုင်ငံသည် အလွန်တရာ အစွမ်းထက်ခဲ့ပြီး ယွီဟွား ဘိုးဘေး ခြောက်ဉီး မှာ အနန္တကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့ကာ သူတို့၏ နယ်မြေမှာ ကမ္ဘာကြီး၏ ထက်ဝက်နီးပါးကို လွှမ်းမိုးထားခဲ့သည်။

​သို့သော် သူတို့ ဘယ်လိုမှ တိုက်ခိုက်မအောင်မြင်ခဲ့သည့် နေရာအချို့ ရှိခဲ့ရာ ၎င်းတို့ထဲမှ တစ်စိတ်တစ်ပိုင်းမှာ ဟုန်းမန်ကျိကျွင်း၏ လက်အောက်ခံ နယ်မြေများ ဖြစ်သည်။

​ယွီဟွားဘိုးဘေး ခြောက်ဉီး ရူးသွပ်နေချိန်မှာပင် ဟုန်းမန်ကျိကျွင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုခဲ့ကြပေ။

​ဒါကပင် ဟုန်းမန်ကျိကျွင်း၏ ခွန်အားမှာ မည်မျှအထိ သန်မာသလဲဆိုသည်ကို ဖော်ပြနေခြင်း ဖြစ်သည်။

​ဓားကျိုးကို ကိုင်ထားပြီး ဖရိုဖရဲ ဆံပင်များဖြင့် အဝတ်အစားများမှာလည်း စုတ်ပြတ်နေသော ထိုလူမှာမူ ချန်တာအို ကျိကျွင်း ဟု အမည်ရသည်။

​ဤလူ၏ နောက်ခံမှာ ပို၍ပင် နက်နဲလှသည်။

​သူ ဘယ်လောက်ကြာအောင် အသက်ရှင်နေသလဲဆိုသည်ကို မည်သူမျှ မသိသော်လည်း ကပ်ဘေးကြီးများစွာ ကျရောက်သည့် ခေတ်ကာလတိုင်းတွင် သူ၏ အရိပ်အယောင်ကို မြင်တွေ့ရလေ့ရှိသည်။

​ချန်တာအို ကျိကျွင်းက အပျက်အစီးများပေါ်တွင် လျှောက်လှမ်းနေတတ်ပြီး ဝိညာဉ်အကြွင်းအကျန်များကို လိုက်လံရိတ်သိမ်းနေသော တစ္ဆေတစ်ကောင်ကဲ့သို့ပင်။ တစ်ချက်ကြည့်လိုက်ရုံနှင့် လူကို ကျောချမ်းသွားစေပြီး ချွေးသီးချွေးပေါက်များ ကျလာစေနိုင်သည်။

​လုံကျိုကျိုး၏ ပြောပြချက်ကို နားထောင်ရင်း ထန်ထျန်းက အခြားအမည်တစ်ခုကို သတိရသွားသည်။

​ချန်တာအိုခန်းမ

​၎င်းမှာ သူ ချင်းယွဲ့ဂိုဏ်း မှ မထွက်သွားမီက ထိတွေ့ခဲ့ရသည့် ပထမဆုံး တိမ်တိုက်ထျန်းဖူ အင်အားစု ဟု ပြောနိုင်သည်။

​ချန်တာအိုခန်းမက ပျက်စီးနေသော လက်နက်ဟောင်းများကိုသာ ရောင်းချပြီး အရေအတွက်မှာလည်း မကုန်နိုင်မခမ်းနိုင် ရှိလှသည်။ ထိုလက်နက်များက ဘယ်ကနေ ရောက်လာသလဲဆိုသည်ကို မည်သူမျှ မသိပေ။

​ချန်တာအို ကျိကျွင်း လက်ထဲမှ ဓားကျိုးမှာလည်း ထိုအရာများနှင့် သဘောတရားချင်း တူညီနေပုံရသည်။

​ထို့ပြင် ချန်တာအိုခန်းမ ၏ နောက်ခံမှာ တကယ်ပင် လျှို့ဝှက်ဆန်းကြယ်လှသည်။ တိမ်တိုက်ထျန်းဖူနန်းတော် အတွင်း ရှိနေသော်လည်း လောကပြင်ပတွင် သီးခြားရပ်တည်နေသကဲ့သို့ပင်။

​ဖြစ်နိုင်သည်မှာ ၎င်းက ချန်တာအိုကျိကျွင်းနှင့် တကယ်ပင် ဆက်နွယ်နေခြင်း ဖြစ်နိုင်သည်။

​ထန်ထျန်းက သူ၏ ခန့်မှန်းချက်ကို လုံကျိုကျိုးအား ပြောပြလိုက်သည်။

​လုံကျိုကျိုးက ခဏစဉ်းစားပြီး “ဖြစ်နိုင်တယ်၊ ဒါပေမဲ့ သေတော့မသေချာဘူး”

​“ချန်တာအိုခန်းမ က အလုပ်လုပ်ပုံ အရမ်းအေးတယ်၊ ပြီးတော့ စည်းကမ်းလည်း အရမ်းရှိတယ်။ ဘယ်နေရာရောက်ရောက် ဒေသခံတွေရဲ့ ကန့်သတ်ချက်တွေကို မချိုးဖောက်ဘဲ အရောင်းအဝယ်ပဲ လုပ်ကြတာ”

​“ဒါကြောင့် ငါတို့က အဲဒီကိစ္စတွေကို သိပ်ပြီး အာရုံမစိုက်မိခဲ့ဘူး”

​ထန်ထျန်း ခေါင်းညိမ့်လိုက်သည်။

​ထိုစဉ်က တိမ်တိုက်ထျန်းဖူ ကမ္ဘာပျက်စဉ်ကလည်း ချန်တာအိုခန်းမ တစ်ခုတည်းသာ မည်သည့်သက်ရောက်မှုမျှ မခံခဲ့ရပေ။ အကြောင်းမှာ သူတို့က မည်သည့်အင်အားစုနှင့်မျှ အကျိုးစီးပွား ပဋိပက္ခ မရှိခဲ့၍ ဖြစ်သည်။

​ဆက်လက်ပြီး လုံကျိုကျိုးက နောက်ဆုံးတစ်ယောက်ဖြစ်သည့် အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးကို မိတ်ဆက်ပေးသည်။

​ဝူချန်းကျိကျွင်း

​သူမ၏ နောက်ခံမှာ လုံကျိုကျိုးနှင့် သိပ်မကွာလှပေ။

​နှစ်ယောက်လုံးမှာ လွန်ခဲ့သော နှစ်သိန်းချီအတွင်းမှ ပေါ်ထွက်လာသူများဖြစ်ပြီး ဝူချန်းကျိကျွင်း ဝူရှန့်ကျိကျွင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ နှစ်သောင်းချီရုံသာ ရှိသေးသည်။

​လုံကျိုကျိုးသည် နေနတ်ဘုရားက အထူးလေ့ကျင့်ပေးထားသော လက်အောက်ငယ်သား ဖြစ်သည်။

​ဝူချန်းကျိကျွင်း၏ ကြီးပြင်းလာမှုမှာမူ လနတ်သမီးနှင့် ဆက်စပ်နေသည်။

​သူတို့နှစ်ဦးစလုံးမှာ ဝူရှန့်ကျိကျွင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ မကြာသေးဟု ဆိုသော်လည်း ခွန်အားပိုင်းတွင် ဟုန်းမန်ကျိကျွင်းနှင့် ချန်တာအို ကျိကျွင်းတို့ထက် သိပ်မနိမ့်လှပေ။

​သူတို့ လေးဦးမှာ ကျွင်းချန်ချင်း နှင့် လနတ်သမီး တို့ကို ဖယ်လိုက်လျှင် လက်ရှိတွင် အသန်မာဆုံး ဝူရှန့်ကျိကျွင်းများဟု ဆိုနိုင်သည်။

​ကျွင်းချန်ချင်းဘက်မှ လူများကိုတော့ ချန်လှပ်ထားရမည်၊ အကြောင်းမှာ ထိုဘက်တွင် မည်သူတွေ အသက်ရှင်ကျန်နေသေးသလဲဆိုသည်ကို မသိနိုင်၍ ဖြစ်သည်။

​ထန်ထျန်းမှာ သူ၏ ထူးခြားချက်ကြောင့် သန်မာ သူတစ်ယောက်ဟု သတ်မှတ်နိုင်သော်လည်း စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည်မှာ ထိုလေးဦးကို မမီသေးပေ။

​ခုနက ကျွင်းချန်ချင်းကို အတူတူ တိုက်ခိုက်စဉ်ကပင် သိသာလှသည်။ ထန်ထျန်းမှာ အကူအညီပေးသည့် အခန်းကဏ္ဍလောက်သာ ပါဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။

​“မင်း အဲဒီလိုပြောတော့ ငါ ပိုပြီး ယုံကြည်ချက် ပျောက်သွားပြီ”

​“ငါ တို့ဘက်က အသန်မာဆုံးလူတွေရယ်၊ နေနတ်ဘုရားရယ် ပေါင်းတာတောင် ကျွင်းချန်ချင်းရဲ့ ခွန်အား တစ်သောင်းပုံ တစ်ပုံလောက်ကိုပဲ မနည်းယှဉ်နိုင်တာ။ ပြီးတော့ သူ့ရဲ့ အကွက်ဆင်တာကိုတောင် ခံလိုက်ရသေးတယ်”

​“ဒါဆို ခွန်အားအပြည့် ပြန်ရသွားတဲ့ သူက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ မွန်းစတား ကြီး ဖြစ်သွားမလဲ”

ထန်ထျန်းက ပြောလိုက်သည်။

​လုံကျိုကျိုးက ခေါင်းအသာခါယမ်းကာ “ခွန်အားအပြည့် ပြန်ရသွားတဲ့ ကျွင်းချန်ချင်းကို ကမ္ဘာ့အရှင်ကလွဲရင် ဘယ်သူမှ တားလို့မရဘူးဆိုတာ လူတိုင်း လက်ခံထားတဲ့ အချက်ပဲ”

​“ဒါပေမဲ့ ခုနက နေနတ်ဘုရား ပြောသလိုပဲ၊ သူ အပြည့်အဝ ပြန်ကောင်းဖို့က တကယ်ကို ခက်ခဲပါတယ်။ ဝိညာဉ်ပြန်ရရုံနဲ့ မပြီးသေးဘူး”

​“ဒီကြားကာလ အချိန်လေးကပဲ ငါတို့အတွက် အခွင့်အရေးပဲ”

​“နေနတ်ဘုရားကို ယုံကြည်လိုက်ပါ၊ မင်းကိုယ်မင်းလည်း ယုံကြည်ပါ”

​ထန်ထျန်းက နှာခေါင်းရှုံ့ကာ “ငါ့ ကိုလား”

​“ငါ က မင်း တို့လောက်တောင် မသန်မာ သေးဘူး။ ဒီနေ့သာ မင်းတို့ ပေါ်မလာရင် ငါ က ကျွင်းချန်ချင်းရဲ့ တစ်သောင်းပုံ တစ်ပုံ လက်ချက်နဲ့တင် သေနေလောက်ပြီ”

​ကျွင်းချန်ချင်း၏ စစ်မှန်သော ခွန်အားကို သိရှိပြီးနောက် လူတစ်ယောက်၏ စိတ်ထဲတွင် စိတ်ပျက်အားငယ်မှုများ ဖြစ်ပေါ်လာသည်မှာ ဓမ္မတာပင်။

​ယိရှန်းတို့ တစ်စု ဘာကြောင့် ဘက်ပြောင်းသွားသလဲဆိုသည်မှာလည်း မထူးဆန်းတော့ပေ။

​“တကယ်လို့ ‘ကပ်ဘေးရိပ်သိမ်းသူ’ ဆိုတဲ့ သရုပ်မှန်ကြောင့် ကျွင်းချန်ချင်းက ငါ့ ကို လိုက်ဒုက္ခမပေးဘူးဆိုရင် ငါ လည်း သူ့ကို ရန်သူအဖြစ် သတ်မှတ်မှာ မဟုတ်ဘူး”

​“ဒါနဲ့... မင်းတို့က ငါက အဲဒီ ‘ကပ်ဘေးရိပ်သိမ်းသူ’ ဆိုတာ တကယ်ပဲ ယုံနေကြတာလား”

​ထန်ထျန်းမှာ ဤလူများ လူမှားနေသည်ဟုသာ အမြဲခံစားနေရသည်။

​လုံကျိုကျိုးက ခေတ္တတိတ်ဆိတ်သွားပြီးနောက် “နေနတ်ဘုရား၊ လနတ်သမီး နဲ့ ကျွင်းချန်ချင်းတို့ အားလုံးက အဲဒီလိုပဲ ယူဆထားကြတာ”

​“ပြီးတော့ မင်းဆီမှာ တွေ့ရတဲ့ ထူးခြားချက်အားလုံးကလည်း ကပ်ဘေးရိပ်သိမ်းသူနဲ့ အခြေခံအားဖြင့် တူညီနေတယ်”

​“ဒါမှမဟုတ်ရင် မင်းဆီက ထူးဆန်းတဲ့ ကိစ္စတွေကို ဘယ်လို ရှင်းပြမလဲ”

​“ဆယ်နှစ်တောင် မပြည့်သေးတဲ့ အချိန်အတွင်းမှာ ကျင့်ကြံခြင်းအဆင့် နိမ့်တဲ့ ကျင့်ကြံသူလေးဘဝကနေ သက်ရှိတွေရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေတဲ့ ဝူရှန့်ကျိကျွင်း တစ်ယောက် ဖြစ်လာခဲ့တာပဲ”

​“ဒါက ဘယ်လို မှ ရှင်းပြလို့မရတဲ့ တည်ရှိမှုမျိုးပဲ”

​ထန်ထျန်း တိတ်ဆိတ်သွား သည်။ အကြောင်းမှာ ဤလူများအားလုံးက 'စနစ်နှစ်ခု' ၏ အစွမ်းကို မသိကြ၍ ဖြစ်သည်။

​အကယ်၍ အခြားသူတစ်ယောက်သာ စနစ်နှစ်ခုကို ပိုင်ဆိုင်ပြီး သူ့လို ပေါ့ပေါ့ပါးပါး မနေဘဲ ကြိုးစားမည်ဆိုလျှင် သူ့ထက်ပင် ပို၍ ထူးခြားကောင်း ထူးခြားနေပေလိမ့်မည်။

​သို့သော် ဤကိစ္စကို သူ သေချာပေါက် ထုတ်ပြောမည် မဟုတ်ပေ။

​ခဏကြာ စကားပြောပြီးနောက် လုံကျိုကျိုးက သတိမေ့နေသော ရှိုကျွင်းကျိကျွင်း ကိုလည်း နှိုးလိုက်သည်။

​လုံကျိုကျိုးကို မြင်လိုက်ရသောအခါ တောင်ပြိုလျှင်ပင် မျက်တောင်မခတ်သည့် ရှိုကျွင်းကျိကျွင်းမှာမူ ရုတ်တရက် အမူအရာ ပြောင်းလဲသွားသည်။

​အရှက်အကြောက်ကြီးပြီး လက်တွေ ခြေတွေ ဘယ်မှာထားရမှန်းမသိ ဖြစ်နေပုံမှာ...

​ပထမဆုံး အချစ်ဦးနဲ့ တွေ့နေရသည့် ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ကဲ့သို့ပင်။

​ဒါကို မြင်လိုက်ရသောအခါ ထန်ထျန်းက သူမကို ချက်ချင်းပင် အဖြေထုတ်လိုက်သည်။

​ဒီတစ်ယောက်ကတော့ တကယ်ကို 'အချစ်ရူး' ပဲ၊ အဲဒါမှ နောက်ဆုံးအဆင့် အချစ်ရူးမျိုး၊ ကယ်လို့ မရတော့ဘူး။

​ဒီနှစ်ယောက်ကြားမှာ ကြားညှပ်မနေချင်သဖြင့် ထန်ထျန်းက တစ်ဖက်သို့ တစ်ကိုယ်တည်း ထွက်လာခဲ့သည်။

​မထွက်သွားမီ လုံကျိုကျိုးကို မျက်စိတစ်ချက်မှိတ်ပြလိုက်ပြီး တစ်ဖက်လူရဲ့ အချစ်ကို အလဟဿ မလုပ်ဖို့ အချက်ပြလိုက်သည်။

​ဒီလိုအဆင့်မျိုး ရောက်နေတာတောင် အချစ်ရူး ဖြစ်နေနိုင်သေးတယ်ဆိုရင် လုံကျိုကျိုးအပေါ်မှာ တကယ်ကို စစ်မှန်တဲ့ မေတ္တာရှိနေလို့သာ ဖြစ်ရမည်။

​ခေတ္တမျှ ထပ်မံစောင့်ဆိုင်းပြီးနောက် နေနတ်ဘုရားက ရုတ်တရက် မျက်လုံးများ စူးရှသွားပြီး မြေကမ္ဘာအမြစ် လှောင်အိမ်၏ အမိုးဆီသို့ နောက်တစ်ကြိမ် ခုန်တက်သွားသည်။

​လှောင်အိမ်ကို ဖောက်ထွက်နိုင်ပြီ ဖြစ်သည်။

All Chapters