← Chapters

အခန်း (၁၀၆၆-၁၀၆၈)

Vol. 72 Ch. 1066-1068

အခန်း (၁၀၆၆-၁၀၆၈)

Vol. 72 Ch. 1066-1068

အခန်း (၁၀၆၆) ရိုးရှင်းသည့်အကြံ

ဖန်ကျင်း ကိုယ့်လေ့လာမှုကိုယ် သံသယဝင်လာသည်မှာ မဆန်းတော့။ လုယန်အရွယ်အစားကြီးလာပုံက အပြင်လူအမြင်တွင် နားလည်နိုင်စရာမရှိ။

အကြောင်းစုံသိထားသည့် မုန်ကျင်းကျိုးသာ လုယန်၏ကြီးထွားမှုဖြစ်စဉ် ဘယ်လောက်အပေါ်ယံဆန်မှန်း နားလည်သည်။

သူ့လှိုဏ်ဂူဝတွင် လုယန် မြေတစ်ဧကလောက်စားခဲ့သည့်အဖြစ်ကို မှတ်မိသည်။

လုယန်မျက်နှာကောင်းယူနေသည်ကို သူကြည့်မရတော့။ နှာခေါင်တစ်ချက်ရှုံ့၍ ခြေတစ်ချက်ဆောင့်လိုက်သည်။

"ခန္ဓာကိုယ်ကြီးအောင်လုပ်တာ အဲလောက်ခက်လို့လား"

အဓိပဓိဓမ္မခန္ဓာပုံရိပ် ထိုးထွက်လာသည်။ လှံကိုကိုင်ထားသည်။ အဖြူရောင်ဝတ်ရ့ုဝတ်ထားသည်။ စစ်ရေးအတွက် စုတ်တံကိုစွန့်လွှတ်ခဲ့ရသည့် စာပေသမားဟန်ပန်မျိုးရှိသည်။ လူအုပ်ကြီးထံမှ တအံ့တဩရေရွတ်သံများပေါ်လာသည်။

"ဒါက ဓမ္မပုံရိပ်ပဲ"

"တစ်ခါမှ မရှိခဲ့ဖူးတဲ့ ဓမ္မပုံရိပ်ပဲ"

အဆင့်မြင့်ကျင့်ကြံသူများ မှော်လက်နက်မျိုးစုံဖြင့် တိုက်ခိုက်သည်ကို တောင်ရွှေပင်လယ်ဖြည့်ဂိုဏ်းတပည့်များ မြင်ဖူးသည်။ ဓမ္မခန္ဓာမျိုးစုံကို မြင်ဖူးသည်။ သို့မဟုတ် ကြားဖူးသည်။

သို့သော် မုန်ကျင်းကျိုး၏ဓမ္မခန္ဓာမျိုးတော့ လုံးဝမမြင်မကြားဖူးခဲ့။

အဓိပသန့်စင်ယန်ဓမ္မခန္ဓာသည် သန့်စင်ယန်ဓမ္မခန္ဓာထက် ပိုအစွန်းရောက်သည့် ဓမ္မပုံရိပ်ဖြစ်သည်။ မန်ကျင်းကျိုးတစ်ယောက်သာ တတ်ကျွမ်းနိုင်သည့်အရာဖြစ်သည်။

လူ့ဘီလူးနှစ်ယောက် ချင်နွီတောင်တန်းတွင် ပေါ်လာသည်။ ရပ်နေရုံဖြင့်ပင် အမွှာဘိုးဘေးသူတော်စင်တို့ထက် အရှိန်အဝါ အဆများစွာကြီးမားသည်။

လူ့ဘီလူးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်သည်။ ပတ်ဝန်းကျင်က ခြောက်ခြားဖွယ်တိတ်ဆိတ်နေသည်။

ရုတ်တရက် လုယန်လှုပ်ရှားလိုက်သည်။ တောင်တန်းကို ပုခုံးဖြင့်တွန်း၍ မူလနေရာရောက်အောင် ပြန်ပို့သည်။

မုန်ကျင်းကျိူး၏ဓမ္မခန္ဓာက မြေကြီးပုံတစ်ခုကော်ယူ၍ ပြားချပ်သွားသည့်တောင့်ထိပ်ပေါ် ပုံလိုက်သည်။

လူ့ဘီလူးနှစ်ယောက် ဝင်ကူသဖြင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းက ထင်ထားသည်ထက် ပိုမြန်လာသည်။

ထိုမြင်ကွင်းကိုကြည့်၍ ဂိုဏ်းချုပ်ခုန် အတွေးနစ်နေသည်။

ထိုနှစ်ယောက်သည် ခန္ဓာစုစည်းခြင်းအဆင့်သို့ မရောက်သေး။ သို့သော် မိုးမြေဓမ္မခန္ဓာကို ဖန်တီးနိုင်သည်။ တောင်ရွှေပင်လယ်ဖြည့်ဂိုဏ်းနှင့် တကယ်သင့်တော်သူများဖြစ်သည်။

"စန်းကျန်းက ဒီနှစ်ယောက်ငါ့ဆီပို့လိုက်တာ အပြစ်ပေးဖို့သက်သက်မဟုတ်လောက်ဘူး။ သူတို့ရဲ့ မိုးမြေစွမ်းအားပညာနဲ့ ဓမ္မခန္ဓာကို လေ့ကျင့်စေချင်လို့လည်း ပါလိမ့်မယ်"

"အကိုတိုင် သူတို့နှစ်ယောက်ကို ပြိုင်ဘက်ကင်းပါရမီရှင်လို့ ချီးကျူးတာလည်း မလွန်လှဘူးပဲ"

ဖန်ကျင်စိတ်ထဲ ကျိတ်အံ့ဩမိသည်။ ဝိညာဉ်ပြောင်းအဆင့်နှင့် မိုးမြေစွမ်းအားပညာကို လေ့ကျင့်နိုင်သူဟူ၍ သူမကြားဖူးသေး။

ပြိုင်ဘက်ကင်းပါရမီရှင်ဟု နာမည်ကျော်သည့် နိယာမသခင်ပင် ထိုသို့မစွမ်းနိုင်ခဲ့။

"အကိုတိုင် သူတို့ကိုချီးကျူးတဲ့လေသံကတော့ နည်းနည်းမူမမှန်သလိုပဲ။ ငါစိတ်ထင်လို့များလား"

တောင်ရွှေပင်လယ်ဖြည့်ဂိုဏ်းတပည့်များသည် စွမ်းဆောင်ရည််မြင့်ကြသည်။ လုယန်တို့နှစ်ယောက်အကူအညီရလာသဖြင့် ချင်နွီတောင်ကို နှစ်နာရီအတွင်း ပြန်ပြုပြင်နိုင်ခဲ့သည်။

ဂိုဏ်းသို့ပြန်ရောက်ပြီးနောက် ဖန်ချင်းခဏစဉ်းစားသည်။ ထို့နောက် လုယန်တို့နှစ်ယောက်အကြောင်း အတိအကျသိလိုသဖြင့် တိုင်ပုဖန်ဆီ စာတစ်စောင်ရေး၍ မေးမြန်းသည်။

ဂိုဏ်းချုပ်ခုန်က လုယန်တို့နှစ်ယောက်ကို တောင်တန်းနောက်ဘက်သို့‌ခေါ်သည်။ မုတ်ဆိပ်ကိုသပ်၍ ထိုနှစ်ယောက်ကို အကဲခတ်သည်။ ကြည့်လေလေ တောင်ရွှေပင်လယ်ဖြည့်ဂိုဏ်းနှင့် ပိုသင့်တော်သည်ဟု ထင်လာလေဖြစ်သည်။

တာအိုလမ်းစဉ်ဂိုဏ်းဝင်များဖြစ်နေသည်မှာ နှမျောစရာကောင်းသည်။

"မင်းတို့နှစ်ယောက် မိုးမြေစွမ်းအားပညာနဲ့ ဓမ္ခခန္ဓာပညာကို တတ်နေလိမ့်မယ်လို့ ထင်မထားမိဘူး။ ခုနက မင်းတို့လှုပ်ရှားတာတွေကို ငါသတိထားမိတယ်။ နည်းနည်းကျွမ်းကျင်မှုလိုသေးတယ်။ ဒီမဟာစွမ်းအားပညာနှစ်ခုနဲ့ သိပ်မရင်းနှီးသေးတဲ့သဘောပဲ"

အဖိုးတန်ပါရမီရှင်များဖြစ်၍ မှော်ပညာတစ်ချို့ သူထပ်သင်ပေးချင်သည်။

"ဒီပညာနှစ်ခုက အခြေခံသဘောတရားချင်း အတူတူပါပဲ။ ခန္ဓာကိုယ်အရွယ်အစားကြီး‌အောင်လုပ်ပြီး ဘက်စုံစွမ်းရည်မြှင့်တာပါ။ ဒီလောက်အရွယ်အစားကြီးလာရင် နည်းနည်းအဆင်မပြေသလိုတော့ ခံစားရမှာပဲ"

လုယန်တို့ ခေါင်းငြိမ့်သည်။ တကယ်ပင် ထိုသို့ခံစားရသည်။

"ငါလည်း ဒီပညာနှစ်ခုကို လေ့လာထားတယ်။ နည်းနည်းနည်းလမ်းပြပေးလို့ရပါတယ်။ တိုတိုပြောရရင် အင်တိုက်အားတိုက်လုပ်ရတဲ့ တာဝန်တွေကိုလုပ်ပြီး စွမ်းရည်မြှင့်ရတာတော့ အကောင်းဆုံးနည်းလမ်းပေါ့။

ဒါပေမယ့် ဒီလိုတာဝန်တွေကရှားတယ်။ နှစ်လလောက်စောင့်မှ တစ်ခုပေါ်တာ။ ကံမကောင်းရင် ဒီလိုတာဝန်မျိုး ပေါ်ချင်မှလည်းပေါ်လာမယ်။ ဒါပေမယ့် သိပ်တော့ကိစ္စမရှိဘူး။ ငါတို့ဂိုဏ်းမှာ မြေနေရာအမျိုးမျိုးရှိတယ်။ မင်းတို့ဒီမှာလေ့ကျင့်လို့ရပါတယ်..."

ထိုစဉ် ဖန်ကျင်းက သူတို့ဆီရောက်လာသည်။

"ဆရာ၊ တော်ဝင်ရုံးတော်ကနေ တာဝန်တစ်ခုရောက်လာတယ်။ စုစည်းခြင်းအခြေခံအဆင့်နှစ်ယောက် မှော်ပညာတွေသုံးပြီးတိုက်ခိုက်ကြတယ်။ တိုက်ပွဲက ပြင်ထန်တယ်လို့ပြောတယ်။ တောင်တန်းတွေက လွင်ပြင်ဖြစ်သွားတယ်။ မြစ်ကြောင်းတွေ ပြောင်းပြန်ဖြစ်သွားတယ်။တဲ့။ ရုံးတော်က ကျုပ်တို့ဂိုဏ်းကို တာဝန်ယူစေချင်တယ်"

ဂုဏ်းချုပ်ခုန် နည်းနည်းအံ့အားသင့်သွားသည်။

"ငါပြောနေတာ အဲလိုတာဝန်မျိုးပဲ။ ရှောင်လုနဲ့ ရှောင်မုန်၊ မင်းတို့ သွားပြီးစမ်းကြည့်လိုက်ပါ"

"ဟုတ်ကဲ့"

ဖန်ကျင်းနှင့်အတူလိုက်လာရင်း လုယန်တို့နှစ်ယောက် တိုက်ပွဲအခြေအနေကို နားလည်လာသည်။

စုစည်းခြင်းကျင့်ကြံသူတစ်ယောက်က လေလံပွဲတစ်ခုတွင် ထူးဆန်းသည့်ကျောက်စိမ်းစာလိပ်တစ်ခုရသည်။ စာလိပ်၏ နောက်ခံရာဇဝင်၊ အကြောင်းအရာနှင် အသက်သွင်းနည်းကိုမသိ။ တစ်ခြားတစ်ယောက်က ထိုစာလိပ်သည် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်၏ နာမည်ကျော်ကျင့်စဉ်ပညာကျမ်းတစ်ခုဖြစ်ကြောင်းသိသည်။

လေလံပွဲပြီးသွားချိန်တွင် ထိုစာလိပ်ကို သူလုယူဖို့ကြံသည်။

တိုက်ပွဲဖြစ်ပြီးနောက် ရုံးတော်က လုယက်သူကို ဖမ်းသည်။

တရားဝင်အမှုဖြစ်၍ တိုက်ပွဲနောက်ဆက်တွဲ ပြုပြင်ထိန်းသိမ်းရေးစရိတ်ကို ရုံးတော်ကကျခံလိမ့်မည်။ တောင်ရွှေပင်လယ်ဖြည့်ဂိုဏ်းက လက်တွေ့ပြုပြင်ရမည်။

ဖန်ကျင်း၏လမ်းညွှန်မှုဖြင့် သူတို့နှစ်ယောက် မဟာစွမ်းအားပညာနှစ်ခုသုံးပြီး မြစ်ကြောင်းနှင့်တောင်တန်းများကို အပြည့်အဝပြန်ပြုပြင်ခဲ့သည်။

"ဂိုဏ်းချုပ်ခုန်၊ ကျုပ်တို့ဖြေရှင်းခဲ့ပါပြီ"

လုယန်တို့နှစ်ယောက် ဂိုဏ်းသို့ပြန်ရောက်လာပြိး ဂိုဏ်းချုပ်ခုန်၏ သင်ကြားမှုကို ဆက်လက်ခံယူသည်။

"ကောင်းတယ်။ မြန်သားပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က ငါဘယ်နားရောက်သွားပါလိမ့်..အဲ ဟုတ်ပြီ။ မှော်ပညာသုံးတဲ့နည်းလမ်းတစ်ခုကို ငါပြောနေတာပဲ..."

"ဆရာ၊ လေဟာနယ်သန့်စင်အဆင့်တစ်ယောက် ကောင်းကင်ဆင်းရဲဖြတ်တာ အောင်မြင်ပြီး စုစည်းခြင်းအဆင့်ကို ရောက်သွားတယ်။ ဒါပေမယ့် ကောင်းကင်ဆင်းရဲက အဆင့်ခြောက်လျှပ်စီးဖြတ်ရမှာကို အဆင့်ကိုးလျှပ်စီးဖြတ်ခဲ့ရတယ်။

လျှပ်စီးအဆင့်ပိုမြင့်နေတော့ အကာအကွယ်မှော်စက်ဝန်း ပျက်စီးသွားတယ်။ မိုင်ပေါင်းရာချီအတွင်း မြေနေရာတွေ ပျက်စီးသွားတယ်။ မြက်ခင်းပြင်တွေ ကန္တာရဖြစ်သွားတယ်။ အဲဒီ့ကိစ္စ ကျုပ်တို့ကို အကူအညီလာတောင်းနေတယ်"

ဂိုဏ်းချုပ်ခုန် စုပ်တစ်ချက်သပ်သည်။

"ကောင်းပြီလေ၊ ကဲ...မင်းတို့နှစ်ယောက် ထပ်သွားကြ။ ပြန်လာမှ ဒီပညာအသုံးချတဲ့နည်းလမ်းတွေ ဆက်သင်ပေးမယ်"

လုယန်တို့နှစ်ယောက် တာဝန်ကို ချောမွေ့စွာပြီးမြောက်ခဲ့သည်။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်း၏ ဂိတ်တံခါးသို့ရောက်ကလာချိန်တွင် ဂိုဏ်းချုပ်ခုန်က စာရွက်တစ်ရွက်ကိုင်၍ စောင့်နေသည်။

"ခုနကပဲ နောက်ထပ်တာဝန်တစ်ခုထပ်ရောက်လာတယ်။ လေဟာနယ်သန့်စင်အဆင့်ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်နေတယ်တဲ့။

သူတို့နှစ်ယောက်က ဝမ်းကွဲညီအကိုတွေပါ။ နှစ်ယောက်လုံးက ပါရမီထူးတယ်။ မွေးကတည်းက ထူးခြားတယ်။ အကိုဖြစ်တဲ့လူက လက်ချောင်းမှာ မသေမျိုးအရိုးတစ်ခုပါတယ်။ အဲဒီ့အရိုးမှာ ထူးခြားစွမ်းရည်တွေရှိတယ်။

ညီငယ်ဖြစ်တဲ့လူက ဗီဇရုပ်ခန္ဓာတစ်ခု ပိုင်ဆိုင်တယ်။ သူတို့အဖေနဲ့ ညီငယ်ရဲ့အမေက ချစ်သူအစစ်တွေ။ ဒီတော့ အဖေက ညီငယ်ကို ဦးစားပေးတယ်။ အကိုဆီက မသေမျိုးအရိုးကို ညီရဲ့ခန္ဓာကိုယ်ထဲ ထည့်ပေးတယ်။

ဗီဇရုပ်ခန္ဓာရော မသေမျိုးအရိုးရော နှစ်ခုလုံးရသွားတာပေါ့"

နောက်ဖြစ်လာမည့်အခြေအနေကို လုယန် အကြမ်းဖျင်းခန့်မှန်းမိလာသည်။

"အကိုက မသေမျိုးအရိုးမရှိလည်း သူစွမ်းအားအကြီးဆုံးဆိုတာ သက်သေပြဖို့ စွမ်းရည်မြင့်အောင်လေ့ကျင့်ပြီး သူ့ညီကိုစိန်ခေါ်တာလား"

"မဟုတ်ဘူး။ အကိုက တရားစွဲတာ။ ရုံးတော်က သူ့မသေမျိုးအရိုးကို ပြန်ယူပေးတယ်။ မိဘတွေကိုဖမ်းလိုက်တယ်။ သူတို့မိဘတွေက ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျသွားတယ်။

သူ့အကိုလုပ်တာ တရားလွန်တယ်လို့တွေးပြီး ညီအကိုနှစ်ယောက် ပြဿနာဖြစ်တယ်။ ပြဿနာက ပြင်းထန်လာတော့ အသေအကြေနှစ်ယောက်ချင်းတိုက်တဲ့အဆင့်ကို ရောက်လတယ်။

ဘယ်သူရှုံးရှုံး ဘယ်သူနိုင်နိုင် ငါတို့နဲ့မဆိုင်ဘူး။ မင်းတို့နှစ်ယောက် တိုက်ပွဲနေရာကို သွားရှင်းလင်းကြပါ"

"ဟုတ်ကဲ့ပါ"

ထွက်သွားသည့် သူတို့နှစ်ယောက်ကျောပြင်ကိုကြည့်၍ ဂိုဏ်းချုပ်ခုန် မုတ်ဆိတ်ကိုသပ်နေသည်။ သူ့မျက်လုံးတွင် ပုံမှန်မဟုတ်သည့်အရိပ်တစ်ခုပေါ်လာသည်။

"ထူးဆန်းတယ်။ အရင်က အဆင့်မြင့်ကျင့်ကြံသူတိုက်ပွဲတွေ ကြီးလေးတဲ့တာဝန်တွေ အဲလောက်မများခဲ့ပါဘူး။ အခုတလောကျမှ ဘာလို့အများကြီးပေါ်လာတာလဲ"

ထိုနှစ်ယောက်ကို ကျင့်စဉ်နည်းလမ်းများသင်ပေးဖို့ သူဆန္ဒရှိပါသည်။ သို့သော် အခွင့်အရေးလုံးဝမရခဲ့။

ထိုအချိန်တွင် ဖန်ကျင်းထံသို့ တိုင်ပုဖန်၏ပြန်စာ ရောက်လာသည်။ ဖန်ကျင်း စာအိတ်ကိုဖွင့်လိုက်သည်။

စိတ်ရင်းဖြင့် အလောတကြီးအကြုံပြုထားသည့် စာတစ်ကြောင်းသာပါသဖြင့် ဖန်ကျင်းတွေးရခက်သွားသည်။

"မင်းတို့ဂိုဏ်းအတွက် အာမခံစာချုပ်မြန်မြန်ဝယ်ထားလိုက်တော့"

*********************************

အခန်း (၁၀၆၇) အန္တရာယ်ဖြစ်နိုင်ခြေအကဲဖြတ်ချက်

"အာမခံစာချုပ်ဝယ်ရမယ်တဲ့လား"

ဖန်ကျင်း ပြန်စာကိုကိုင်၍ အတော်ကြာအောင်စိုက်ကြည့်နေသည်။ ထိုစာကြောင်းတွင် တစ်ခြားအဓိပ္ပါယ်တစ်ခုရှိမရှိ စဉ်းစားနေသည်။

စဉ်းစားမရ။

"အကိုတိုင်က ဘာကိုပြောချင်တာလဲ။ ဒါက ဝှက်စာမျိုးလား။ မဟုတ်လောက်ဘူး။ ဒီကိစ္စက ဖုံးဖိစရာအကြောင်းမှမရှိတာ။ ဘာလို့ဝှက်စာပို့ရမှာလဲ"

ဖန်ကျင်း စာရွက်ကို ရေတွင်နှစ်သည်။ မီးဖြင့်ကင်သည်။ ပုံမှန်စာတစ်ခုသာဖြစ်သည်။ အကိုတိုင်ကလည်း ဝှက်စာရေးလိမ့်မည်မထင်။

"ဒါဆိုသူ့က ဂိုဏ်းအတွက် အာမခံစာချုပ် တကယ်ဝယ်စေချင်တာဖြစ်မယ်"

ဖန်ကျင်း သိပ်တော့နားမလည်သေး။ လုယန်နှင့်မုန်ကျင်းကျိုးအကြောင်းသာ မေးခဲ့ခြင်းဖြစ်သည်။ ဘာကြောင့် အကိုတိုင်က အာမခံဝယ်ခိုင်းနေသည်မသိ။

ထိုမျှကျယ်ပြန့်သည့် စာရွက်ပေါ်တွင် နည်းနည်းပြည့်စုံအောင်တော့ ရေးသင့်သည်။ စာရေးသည့်အလုပ်က ထိုမျှကုန်ကျစရိတ်များနေသလော...

နားမလည်သော်လည်း တိုင်ပုဖန်ကို သူယုံကြည်သည်။ ကျင်းကျိုးနယ် ရွှေစီးပွားအသင်းဆိုင်ခွဲသို့ သူသွားသည်။

တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းသည် မဟာရှားလက်အောင်ခံဂိုဏ်းဖြစ်သည်။ ဖန်ကျင်းက ဂိုဏ်းကိုကိုယ်စားပြု တတိယဝန်ကြီးအဆင့်ရှိသည်။ ထို့ပြင် စုစည်းခြင်းအခြေခံအဆင့်ဖြစ်၍ ရွှေစီးပွားအသင်းကျင်းကျိုးဆိုင်ခွဲ၏ တာဝန်ခံကိုယ်တိုင် ကြိုဆိုဧည့်ခံသည်။

"အကိုဖန်က ဂိုဏ်းအတွက် အာမခံဝယ်ချင်တာလား"

ဖန်ကျင်းစကားကြောင့် ဂိုဏ်းခွဲတာဝန်ခံ အံ့အားသင့်သွားသည်။

တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းတွင် ပြဿနာတစ်စုံတစ်ရာကြုံသည်ဟု သူတစ်ခါမှမကြားဖူး။ ဘာကြောင့် ကောက်ကာငင်ကာ အာမခံလာဝယ်သည်မသိ။

"အကိုဖန်၊ ဂိုဏ်းအာမခံစာချုပ်အတွက် လျော်ကြေးဘယ်လောက်သတ်မှတ်ဖို့ စဉ်းစားထားလဲ။ ကျုပ်တို့မျာ အဆင့်ငါးဆင့်ရှိပါတယ်။ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမအဆင့်တွေပေါ့။ တတိယအဆင့်အာမခံ လျော်ကြေးက ခြောက်ဆယ်ရာနှုန်းပါ။ ပုံမှန်ကတော့ အဲလောက်ဆို လုံလောက်ပါတယ်။

အကိုလိုချင်ရင်တော့ ဒုတိယအဆင့်အာမခံကိုလည်း ရွေးလို့ရပါတယ်။ ပထမဆင့်ရဖို့ကတော သိပ်..."

"ငါပထမဆင့်အာမခံ တစ်နှစ်စာအရင်ယူမယ်။ ဝိညာဉ်‌ကျောက်ဘယ်လောက်သွင်းရမလဲ"

တာဝန်ခံ ဖန်ကျင်းဆုံးဖြတ်ချက်ကြောင့် ပိုသံသယဝင်လာသည်။ သို့သော် အားတင်းပြုံး၍ပြောသည်။

"အကိုဖန်လည်း စည်းမျဉ်းစည်းကမ်းတွေကို သိပြီးသားပဲ။ ပြီးခဲ့တဲ့နှစ်က အကိုတို့ဂိုဏ်းရဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေကို အကဲဖြတ်ပြီးမှ ကျုပ်တို့ဈေးနှုန်းသတ်မှတ်လို့ရမှာလေ။ စိတ်ချပါအကို။ နှစ်ရက်အတွင်း အဖြေရစေရမယ်"

"ကောင်းပြီလေ"

ဖန်ကျင်းထွက်သွားပြီးနောက် ဆိုင်ခွဲတာဝန်ခံက အကျွမ်းကျင်ဆုံးအကဲဖြတ်ပညာရှင်ခုနစ်ယောက်ကို တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းသို့ လွှတ်သည်။ ထိုခုနစ်ယောက်သည် ကျင်းကျိုးဆိုင်ခွဲ၏ ဝါရင့်ပုဂ္ဂိုလ်များဖြစ်သည်။ အတွေ့အကြုံကြွယ်သည်။

ဆိုင်ခွဲကိုသံယောဇဉ်တွယ်၍သာမဟုတ်လျှင် ရုံးချုပ်သို့ ဟိုအရင်ကတည်းက ပြောင်းရွှေ့ပြီးဖြစ်မည်။

တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းအပေါ် အလေးထားမှုပြချင်၍လည်း ထိုခုနစ်ယောက်ကို တာဝန်ခံကလွှတ်ခြင်းဖြစ်သည်။

နောက်နှစ်ရက်အကြာတွင် အကဲဖြတ်ရလာဒ်များ အသင့်ဖြစ်လာသည်။

တာဝန်ခံက ထူထဲသည့်အစီရင်ခံစာကို ကောက်ကိုင်၍ နောက်ဆုံးစာမျက်နှာမှ နိဂုံးချုပ်သုံးသပ်ချက်အပိုင်းသို့ တန်းလှန်းသည်။

"...တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းကို လွန်ခဲ့သည့် နှစ်နှစ်သောင်း၊ တာအိုလမ်းစဉ်ဂိုဏ်း၏ဘိုးဘေးတစ်ယောက် ချင်းကျိုးနယ်စားအဖြစ်တာဝန်ထမ်းဆောင်နေချိန်တွင် စတင်တည်ထောင်ခဲ့သည်။

တိုက်ပွဲကိုအကြောင်းပြ၍ အနီးအနားမှ ဖွံ့ဖြိုးတိုးတက်သည့် မြို့တော်တစ်ခုကို ချင်းကျိုးနယ်ထဲ ဆွဲသွင်းလိုက်သည်။ ထိုလုပ်ရပ်ကြောင့်လည်း မဟာရှားရုံးတော်က မြေအနေအထား ပြန်လည်ထိန်းသိမ်းရေး မူဝဒါများချမှတ်၍ ဤဂိုဏ်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

နှစ်နှစ်သောင်းအတွင်း ထိုဂိုဏ်းသည် အပြင်မှ ကျူးကျော်လာသူများ ဂိုဏ်းတွင်းအပြိုင်အဆိုင်များ လုံးဝမရှိခဲ့။ ထိုဂိုဏ်း၏ ထူးခြားသည့် လတ်တလောအပြောင်းအလဲမှာ တာအိုလမ်းစဉ်ဂိုဏ်းမှ လုယန်နှင့်မုန်ကျင်းကျိုး ရှိနေခြင်းသာဖြစ်သည်။

ထိုလူငယ်နှစ်ယောက်နှင့်ပတ်သက်၍ ကျင့်ကြံမှုလောကတွင် ပုံပြင်ဇာတ်လမ်းပေါင်း မ‌ရေမတွက်နိုင်အောင်ရှိသည်။ ရာချီသည့် ပုံပြင်မှတ်တမ်းများရှိသည်။ သို့သော် စုံစမ်းစစ်ဆေးချက်အရ ထိုပုံပြင်အများစုကို တာအိုလမ်းစဉ်းဂိုဏ်း နာမည်ကျော်ကြားဖို့ တာအိုရှင်ဝစီပိတ်က လုပ်ကြံဖန်တီး၍ ရေးသားခဲ့ခြင်းဖြစ်သည်။

လုယန်နှင့်မုန်ကျင်းကျိုးက ထိုဇာတ်လမ်းအကြောင်း မသိကြ။

ရှုပြည်နယ်တွင် ဓားမျှော်စင်က ကျင်းပသည့် ဓားပွဲတော်၌ လုယန် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် ယင်ထန်မသေမျိုးတိုက်ခိုက်မှုကြောင့် ဓားမျှော်စင်ပျက်စီးခဲ့သည်။ ထိုကိစ္စသည် နှစ်တစ်ရာအတွင်း ရှုပြည်နယ် ရွှေစီးပွားအသင်းဆိုင်ခွဲ၏ အာမခံဆုံးရှုံးမှု ဥပမာကောင်းတစ်ခုဖြစ်သည်။

ထိုနေရာတွင် လုယန်ရှိနေသည်က တိုက်ဆိုင်မှုသက်သက်ဖြစ်သည်။ ဓားမျှော်စင်တိုက်ပွဲနှင့် အဆက်အစပ်မရှိ။ထို့ကြောင့် လုယန်နှင့်မုန်ကျင်းကျိုးရှိနေသော်လည်း တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်း ပြဿနာကြုံနိုင်ခြေ တိုးလာခြင်းမရှိ။

နောက်ဆုံး ဆုံးဖြတ်ချက် - အန္တရာယ်ဖြစ်နိုင်ခြေ အလွန်နည်းသည်"

တာဝန်ခံမျက်မှောင်ကျုံ့သွားသည်။ အဓိပ္ပါယ်မရှိ။ အန္တရာယ်မရှိလျှင် ဖန်ကျင်းက ဘာကြောင့်အာမခံဝယ်မည်နည်း။

သို့သော် အန္တရာယ်အကဲဖြတ်ချက် အစီရင်ခံစာသည် အတုလုပ်၍မရ။ အကြီးအကဲခုနစ်ယောက်လုံး အတူကောက်ချက်ချထားသည့် ကိစ္စဖြစ်သည်။ အန္တရာယ်မရှိ။

ပထမဆင့် အာမခံစာချုပ်ကို အဖိုးအခအနည်းဆုံးဖြင့် ဖန်ကျင်း ဝယ်နိုင်ခဲ့သည်။

ဤရက်ပိုင်း လုယန်နှင့်မုန်ကျင်းကျိုးတို့ လုံးဝအငြိမ်မနေရ။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းသို့ ပြန်လာတိုင်း တာဝန်အသစ်များ ဆီးကြိုနေသည်။ အလျင်စလို ထွက်လာရသည်။

အန္တရာယ်အကဲဖြတ်ပညာရှင်များ လာလည်သည့်ကိစ္စနှင့် အကိုတိုင်က ဖန်ကျင်းကို အာမခံဝယ်ခိုင်းသည့်ကိစ္စများကို သူတို့မသိ။

ညီအကိုနှစ်ယောက် ကိုယ့်ကြိုစားးအားထုတ်မှုနှင့်ကိုယ် အတော်ပျော်ရွှင်နေသည်။ သို့သော် ပြုပြင်ရေးတာဝန်များ ဆက်တိုက်လုပ်နေရသဖြင့် တဖြေးဖြေး စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်လာသည်။

"ဒီတောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းက အဲလောက်တာင်အလုပ်များတာလား..."

"ရုံးတော်က အတော်ကပ်စည်းနည်းတာပဲ။ လူအကူလေးဘာလေးတောင်မပို့ဘူး"

လုယန် ခေါင်းခါသည်။ မဟာရှားဝန်ကြီးချုပ်၏ စီမံခန့်ခွဲပုံကို အတော်စိတ်ပျက်သည်။ သူတို့လိုစေတနာ့လုပ်သားများရှိ၍သာ တော်သေးသည်။ မဟုတ်လျှင် တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်း ဘယ်လောက်အလုပ်များလိမ့်မည်မသိ။

"အကောင်းဘက်ကတွေးရမှာပေါ့လေ။ မဟာရှားက ငါတို့မဟာပဲဝါနိုင်ငံလောက် ဝန်ထမ်းအင်အား မလုံလောက်လို့ဖြစ်မယ်"

လုယန် ကိုယ့်ကိုယ်ကို နှစ်သိမ့်သည်။

သို့သော် သူ့အဆင့်အတန်းက ထူးခြားသည်။ နိုင်ငံနှစ်ခု၏ နိုင်ငံသားဖြစ်သည်။ နတ်မယ်ရှိနေချိန်တွင် သူသည် မဟာပဲဝါနှင့်အတူရှိသည်။ အမယွမ်ရှိနေလျှင် သူသည် မဟာရှားနိုင်ငံသားဖြစ်သည်။

လုယန် မဟာဘီလူးအဖြစ်ပြောင်း၍ ခါးကုန်းပြီး သစ်ပင်များစိုက်နေသည်။ သူ့ကိုကြည့်ရသည်မှာ မြေယာအနေအထားပြ ပုံစံငယ်လေးတစ်ခုကို ပြင်ဆင်နေသယောင်ထင်ရသည်။

လက်ချောင်းဖြင့် မြေပြင်ကို အရင်ဆုံးအပေါက်ဖောက်သည်။ ထို့နောက် အပင်ပေါက်တစ်ခုစိုက်သည်။ မြေဖို့သည်။ ရေလောင်းသည်။ စွမ်းအားကို အတော်ချိန်ဆရသည်။ တစ်ချက်အားလွန်သည်နှင့် အားလုံးပျက်စီးသွားသည်။

"ဂိုဏ်းချုပ်ခုန်ပြောတာမှန်တယ်။ လက်တွေ့လေ့ကျင့်တာက အကောင်းဆုံးနည်းလမ်းပဲ"

အစောပိုင်းက သူ့စွမ်းအား မထိန်းချုပ်နိုင်သဖြင့် အပင်ပေါက်များ ကျိုးသွားသည်။ သို့သော်ယခု သူအာရုံစိုက်၍ သေချာလုပ်လျှင် အပင်ပေါက်များ အကောင်းပကတိကျန်နေသည်။

သို့သော် မလုံလောက်သေး။ သစ်ပင်များကို သက်တောင့်သက်တာ စိုက်နိုင်သည့်အနေအထားဖြစ်အောင် သူကျင့်ကြံဖို့ရည်ရွယ်ထားသည်။

မုန်ကျင်းကျိုး၏ တိုးတက်မှုကလည်း လုယန်နှင့် အတူတူလောက်ပင်ဖြစ်သည်။ သတိထားလျှင် ပြဿနာမရှိ။ အာရုံလွင့်သွားသည်နှင့် ပျက််စီးသည်။

သစ်ပ်စိုက်ပြီးနောက် ‌တောင်တန်းများကို မူလနေရာသို့ ပြန်ရွှေ့သည်။ ထိုအလုပ်ကလည်း ပင်ပန်းသည်။

သူတို့လက်ရှိစွမ်းအားက တောင်တန်းများကို တွန်းရွှေ့ဖို့ သိပ်မခက်။ သို့သော် တောင်တန်းများကလည်း ပျက်စီးသွားနိုင်သေးသည်။ အားအချိန်အဆ သေချာထိန်းချုပ်ကြရပြန်သည်။

"ပြီးပြီ။ နောက်ထပ် ဘယ်ကိုဆက်သွားရမှာလဲ"

လုယန် ချွေးသုတ်လိုက်သည်။ ဝိညာဉ်စွမ်းအင်များ ထိုးထွက်လာသည်။ ပူဖောင်းတစ်လုံးလျှော့လိုက်သလို မူလအရွယ်အစားသို့ တဖြေးဖြေးကျုံ့သွားသည်။

မုန်ကျင်းကျိုးက ဓမ္မခန္ဓာကို အဝတ်များချွတ်ပေးသည်။ သေသေသပ်သပ်ခေါက်သည်။ ထိုသိုလုပ်ပြီးမှ ဓမ္မခန္ဓာကို ပြန်ရုပ်သိမ်းသည်။ အဝတ်အစားများကို သိမ်းသည်။

"ဘာလို့ ဒီဓမ္မခန္ဓာကို အဝတ်လဲပေးချွတ်ပေးရတာ ဒီလောက်ပင်ပန်းတာလဲကွာ"

ထိုအလုပ်က အတော်အဆင်မပြေဟု မုန်ကျင်းကျိုးခံစားနေရသည်။

လုယန် သက်ပြင်းချသည်။

"ဒါက ဘယ်လိုသဘောလဲသိလား။ မိုးမြေစွမ်းအားသုံးတဲ့ကျင့်ကြံသူတွေဟာ တိုက်ပွဲမှာတော့ အထင်ကြီးစရာကောင်းချင်ကောင်းမယ်။ ဒါပေမယ့် မူလပုံံပြန်ပြောင်းတာနဲ့ အပိုးကျိုးကျိုး အဝတ်ခေါက်ရတယ်ဆိုတာ သင်ခန်းစာပေးတာပဲ"

သူ့စကြာဝဠာအင်္ကျီလက်ပညာ၏ အားသာချက်က အဝတ်အစားများကို တိုက်ရိုက်ကျုံ့နိုင်ချဲ့နိုင်ခြင်းဖြစ်သည်။

"နောက်ဆက်သွားရမယ့်နေရာက သိပ်မဝေးပါဘူး။ ဒီကနေဆို မိုင်နှစ်သောင်းလောက်ပဲရှိမှာပါ"

စကားပြောနေစဉ် သူတို့ဦးခေါင်းအထက် ကောင်းကင်၌ ပြင်းထန်သည့်ဝိညာဉ်စွမ်းလှိုင်းများ လှုပ်ရှာလးာသည်။

အပေါ်သို့မော့ကြည့်ကြသည်။ စုစည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်နေသည်။ တစ်ခြားနေရာမှာ တိုက်ခိုက်ရင်းပျံသန်းလာပြီး သူတို့ဦးခေါင်းထက်တွင် ရပ်တန့်သွားခြင်းဖြစ်သည်။

စုစည်းခြင်းအဆင့်တိုက်ပွဲစွမ်းအားက ပြင်းထန်သည်။ သာမန်လူအမြင်တွင် လောကအဆုံးသတ်တော့မည်ဟု ထင်ကြလိမ့်မည်။ ထိတ်လန့်တုန်လှုပ်သွားကြလိမ့်မည်။

ထိုကျင့်ကြံသူနစ်ယောက် အပြင်းအထန်တိုက်ခိုက်နေသည်။ နှစ်ယောက်လုံး၏စွမ်းအားက ကောင်းကင်ကို ထိုးခွဲနိုင်စွမ်းရှိသည်။ တောင်တန်းများကို ဖျက်ဆီးနိုင်စွမ်း ရေကန်များကို ခမ်းခြောက်စေနိုင်စွမ်းရှိသည်။

လုယန်နှင့်မုန်ကျင်းကျိုးတို့ အတော်စိုးရိမ်လာသည်။ သူတို့နှစ်ယောက် အတော်ပင်ပင်ပန်းပန်းအားထုတ်၍ မြေပြင်ထားရခြင်းဖြစ်သည်။ ထိုတိုက်ပွဲကြောင့် မြေနေရာအပျက်အစီးဖြစ်မည်ကို လက်မခံနိုင်။

*******************************

အခန်း (၁၀၆၈) စည်းမျဉ်းမကိုက်ညီ

"လျိုထန်ယန်၊ ဒီနေ့ မင်းနဲ့ငါ အနိုင်အရှုံး ကွဲပြာအောင်ဆုံးဖြတ်မယ်"

"ယဲ့ကျန်း၊ ငါကမင်းကို ကြောက်မယ်ထင်နေလား"

စုစည်းခြင်းကျင့်ကြံသူနစ်ယောက် အလျှော့မပေးဘဲ တိုက်ခိုက်သည်။ လှုပ်ရှားမှုတိုင်းက အားပါသည်။ ဘေးပတ်လည်သို့ ဂယက်လှိုင်းများ ပျံ့နှံ့နေသည်။

ပျံသန်းရင်းတိုက်ခိုက်သည်။ နောက်ဆုံးတွင် စိမ်းစိုသည့်တောင်တန်းများပေါ် ရောက်လာသည်။ ချက်ချင်းပျံသန်းမှုရပ်ပြီး ဤနေရာတွင် တိုက်ခိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။

"ခဏနေကြပါဦး အကြီးအကဲတို့၊ တိုက်ပွဲနေရာလေးများ ပြောင်းလို့ရမလား"

လုယန်နှင့်မုန်ကျင်းကျိုး အမြန်တားကြသည်။

စုစည်းခြင်းအဆင့်ဆိုသည်မှာ အလွန်ရှားပါးသည်။ ဝစီပိတ်၏တပည့်ဖြစ်၍ မဟာရှားစုစည်းခြင်းအဆင့်အားလုံး၏ ပုံတူပန်းချီများကို အစောကြီးကတည်းက လုယန် ကြိုတင်မှတ်သားလေ့လာခဲ့သည်။ ဤလျိုထန်ယန်နှင့် ယဲ့ကျန်းကိုလည်း မှတ်မိနေသည်။

နှစ်ယောက်လုံး စုစည်းခြင်းအလတ်တန်းဆင့်ဖြစ်သည်။ တစ်ယောက်က မြေဓာတ်ပညာ၊ တစ်ယောက်က ရေဓာတ်ပညာ ကျွမ်းကျင်သည်။

သူတို့နှစ်ယောက်ကလည်း လုယန်တို့ကိုသိသည်။ တစ်ယောက်က ဝစီပိတ်တပည့်။ နောက်တစ်ယောက်က မုန်သခင်လေး။

သို့သော် တိုက်ပွဲကိုရပ်ကြမည့်ဟန်မရှိ။ ပြင်းထန်သည့် မှော်ပညာတိုက်ပွဲကိုဆင်နွှဲနေသည်ဖြစ်၍ တစ်ချက်အာရုံလွင့်သည်နှင့် ရှုံးသွားမည်။ အရင်တိုက်ပွဲရပ်သူက သေချာပေါက်ရှုံးမည်။

ထို့ပြင် လုယန်တို့သည် ပါရမီရှင်များအဖြစ် နာမည်ကျော်သော်လည်း လူငယ်မျိုးဆက်များသာဖြစ်သည်။ သူတို့ကိစ္စကို ဘာဝင်စွက်ခွင့်ရှိသနည်း။

"မြေနဂါးကောင်းကင်တက်"

လျိုထန်နန် ခပ်တိုးတိုးရေရွတ်၍ လက်တစ်ဘက်က မှောင်အဆောင်များထုတ်ပြီး နောက်တစ်ဘက်က မှောင်တံဆိပ်များဖန်တီးသည်။ မြေပြင်က ပြင်းထန်စွာတုန်ခါ၍ အော်မြည်နေသည်။ အောက်ဘက်မှ မြေနဂါးထွက်လာရန်အတွက် စတင်အက်ကွဲလာသည်။

လုယန် မျက်လုံးပြူးသွားသည်။ သူသေချာပြင်ဆင်ထားသည့်မြေပြင် ဖျက်ဆီးခံရတော့မည်။ ရသာသုံးပါးမီးတောက်ကို ရွှေငှက်မီးတောက်စစ်နှင့် ပေါင်းစပ်သည်။ အပေါ်သို့ပျံတက်သွားပြီး တိုက်ခိုက်သူနှစ်ယောက်ကြားတွင် မီးတောက်စစ်ကိုဖောက်ခွဲလိုက်သည်။

မှော်ပညာအသက်သွင်းသည့်ဖြစ်စဉ် ပျက်စီးသွားသည်။ ခေါင်းပြုထွက်လာသည့်မြေနဂါးက မြေမှုန်များပြန်ဖြစ်လာသည်။

လျိုထန်ယန်နှင့် ယဲ့ကျန်းတို့ ဖရိုဖရဲဖြစ်သွားသည်။ ထို့နောက် ချက်ချင်းမျက်နှာတင်းလာသည်။

"လုယန်၊ ငါမင်းကိုမှတ်မိပါတယ်။ ဝစီပိတ်ရဲ့တပည့်ပဲ။ မင်းက အကြီးအကဲတွေရဲ့တိုက်ပွဲကို စကားနဲ့နှောက်ယှက်တယ်။ တာအိုလမ်းစဉ်ဂိုဏ်းကို လေးစားလို့ အဲဒါကို ငါလာမှမပြောခဲ့ဘူး။

အခုမင်းက တိုက်ရိုက်ဝင်စွက်လာပြီဆိုတော့ ဒီကိစ္စ ဒီလောက်နဲ့ရပ်လို့မရတော့ဘူး"

"အကြီးအကဲတို့တိုက်ပွဲကို ကျုပ်ဝင်မစွက်ချင်ပါဘူး။ ဒါပေမယ့် လေဟာနယ်ထဲကို နေရာပြောင်းပြီး တိုက်ခိုက်လို့ရမလား"

"မင်းဝင်ရှုပ်တာ တရားလွန်နေပြီကွ"

လျိုထန်နန်မျက်မှောင်ကျုံ့သွားသည်။ ဝစီပိတ်တပည့်၏အမိန့်ကို သူဘာကြောင့်နားထောင်နေရမည်နည်း။

ပုံပြင်များကြောင့် လုယန်နာမည်ဂုဏ်သတင်း မြင့်တက်လာသည်။ သို့သော်ထိုကိစ္စသည် ဝစီပိတ်၏လက်စွမ်းပြထားမှန်း လျိုထန်ယန်သိသည်။ စကားအမှန်တစ်ခွန်းမှမပြောဖူးသည့် ဝစိပိတ်သည် သူ့တပည့်အကြောင်းလည်း ချဲ့ကားပြောထားမည်မှာသေချာသည်။

လုယန်ပါရမီနည်းနည်းတော့ရှိပါလိမ့်မည်။ သို့သော် ပုံပြင်ထဲတွင် ဖော်ပြထားသလောက်တော့ စွမ်းအားမကြီးနိုင်။ သေချာသည်က လုယန်သည် သူ့ထက်ပို၍စွမ်းအားမကြီးနိုင်။

"မြေနဂါးကောင်းကင်တက်"

လျိုထန်ယန် နောက်တစ်ကြိမ်အောက်ဟစ်လိုက်သည်။ ခုနကသုံးသည့် မှော်ပညာကို ပြန်အသက်သွင်းသည်။ ကြေမွသွားသည့်မြေနဂါး ပြန်စုစည်းလာသည်။ လုယန်ဆီသို့ ထိုးတက်လာသည်။

လုယန် လက်ချောင်းများကိုလှုပ်ခါ၍ သူ့နောက်ဘက်တွင် ဓားချီများကို ဆင့်ခေါ်လိုက်သည်။ ကြီးမားသည့်ဓားစက်ဝန်းတစ်ခုဖြစ်လာသည်။ ထိုဓားစက်ဝန်းကိုထိသည့်အရာမှန်သမျှ တစ်စီပြတ်ထွက်သွားမည်။

မြေနဂါးက ထိုဓားစက်ဝန်းကိုထိသည်နှင့် နောက်တစ်ကြိမ်ကြေမွပျက်စီးမည့် လက္ခဏာများပေါ်လာသည်။

"ကောင်းကင်ရေမြေကိုဆင်း"

ယဲ့ကျန်းလည်း လှုပ်ရှားသည်။ ရုတ်တရက် မိုးစက်များကျလာသည်။ မြေပြင်နှင်မြေနဂါးကို ရေဓာတ်ပေးသည်။ လုယန်၏ဓားစက်ဝန်းကို ခံနိုင်ရည်ရှိစေရန် နဂါးခန္ဓာကိုယ်ကို ခိုင်မာအောင်ထောက်ပံ့ပေးသည်။

လုယန်မျက်လုံးများ အေးစက်တင်းမာသွားပြီး မြေစာပုံတစ်ခုအဖြစ်အသွင်ပြောင်းပြီး မြေနဂါးကိုပြေးတိုက်သည်။

လျိုထန်ယန်တို့နှစ်ယောက် အံ့အားသင့်သွားသည်။ လုယန်အသွင်ပြောင်းသည့် မြေစာပုံက မြေနဂါးကို ဖြေးဖြေးချင်းစုပ်ယူဝါးမျိုနေသည်။ မြေနဂါးတွန့်လိမ်နေသော်လည်း လွတ်အောင်မရုန်းနိုင်။

"ဒါဘယ်လိုမှော်ပညာမျိုးလဲကွာ"

လုယန် မြေနဂါးကို တစ်စမကျန် ဝါးမျိုးလိုက်သည်။ ထို့နောက် မီတာရာချီမြင့်သည့် လူ့ဘီလူးတစ်ယောက်အဖြစ် အသွင်ပြောင်းသည်။

"မိုးမြေစွမ်းအားပညာလား"

လျိုထန်ယန် အတော်အံ့အားသင့်သွားသည်။ သူ့လုပ်ရပ်သူ နောင်တရလာသည်။ ထိုမဟာစွမ်းအားပညာကို သူကိုယ်တိုင်ပင် မကျွမ်းကျင်။ လူငယ်မျိုးဆက်တစ်ယောက်ကို ရှုံးနိမ့်သွားလျှင် သူအကြီးအကျယ်အရှက်ကွဲတော့မည်။

"မိုးစက်တွေ ရေခဲအသွင်ပြောင်း"

ရွာနေသည့်မိုးစက်များ မိုးသီးအဖြစ်ပြောင်းသွားသည်။ လုယန်ကို ရိုက်ခတ်သည်။ ခန္ဓာကိုယ်ပေါ်တွင် ရေခွဲလွှာတစ်ခုဖြစ်ပေါ်လာသည်။

"လောင်လု၊ ငါလာပြီကွ"

ပတ်ဝန်းကျင်‌ထိန်းသိမ်းရေးကိစ္စကို ယခုလောက်သူတစ်ခါမှ ဂရုမစိုက်ခဲ့ဖူး။ လုယန်ကို ဓမ္မခန္ဓာဖြင့် လွှမ်းခြုံလိုက်သည်။ သန့်စင်ယန်မီးတောက်ဖြင့် မိုးသီးများကိုတားဆီသည်။

"ဓမ္မခန္ဓာပညာလား"

လျိုထန်ယန်နှင့်ယဲ့ကျန်း မင်သက်မိသွားသည်။ ဝိညာဉ်ပြောင်းအဆင့်နှင့် ထိုပညာမျိုး အသုံးပြုနိုင်ပြီလော..

"မြေခွဲစွမ်းအား"

"မိုင်တစ်ထောင်ရေခဲတံဆိပ်"

နှစ်ယောက်ပေါင်း၍ လှုပ်ရှားကြသည်။ ရုတ်တရက် ရေခဲတောင်တစ်ခု ပေါ်လာသည်။ အေးစိမ့်သည့်အလင်းများ တောက်ပနေသည်။

"မိုးမြေစွမ်းအားနဲ့ဓမ္မခန္ဓာ ပူးပေါင်းရင်တောင် ဒီတိုက်ကွက်ကို ယှဉ်နိုင်မယ်မထင်နဲ့"

ကြီးမားသည့် ရေခဲတောင်တစ်ခု လုယန်တို့ဆီ လွင့်ပျံလာသည်။ ရေခဲ‌တောင်ဘေးနှစ်ဘက်မှ မိုးခြိမ်းသံမသဲမကွဲထွက်လာသည်။ ထို့နောက် ရေခဲတောင်ပေါက်ကွဲသွားသည်။ ရေခဲမြူများ ပျံ့ထွက်သွားသည်။

ထိုရေခဲမြူကြားမှ လူ့ဘီလူးလုယန် ထွက်လာသည်။ သူ့ဓမ္မခန္ဓာတွင် ရွှေရောင်အရဟတ် တရားထိုင်နေသည့်ရုပ်ထုများစွာ တန်ဆာဆင်ထားည်။ အရဟတ်သံချပ်ကာသဖွယ်ဖြစ်နေသည်။

တိုပွဲစိတ်အပြည့်ရှိခဲ့သည့် လျိုထန်ယန်တို့နှစ်ယောက် ကျောက်ရုပ်လိုဖြစ်သွားပြန်သည်။ လုယန်ပုံစံက ဗုဒ္ဓနိုင်ငံသို့ရောက်ခဲ့သည့် နတ်ဆိုးလမ်းစဉ်ခေါင်းဆောင်လိုဖြစ်နေသည်။ ဗုဒ္ဓကိုယ်တော်များကိုသတ်၍ တိုက်ပွဲဆုတံဆိပ်အဖြစ် ကိုယ်ပေါ်တွင် တန်ဆာဆင်ထားသလိုရှိသည်။

တာအိုရှင်ဝစီပိတ်ပင် ထိုမျှဆိုးဝါးသည့်လုပ်ရပ်မျိုးကို မလုပ်ခဲ့။

လုယန်က သူ့ကိုယ်ပိုင်ရုပ်သွင်ကို အရေးမစိုက်။ တိုက်ခိုက်စွမ်းအား တိုးမြှင့်နိုင်လျှင် အားလံဒးအဆင်ပြေသည်။ ဓမ္မခန္ဓာနှင့် ဆယ်ခြောက်ပေရွှေခန္ဓာ နှစ်ခုပေါင်းစပ်ထားသဖြင့် အံ့ဩစရာကောင်းသည့် ခံစစ်စွမ်းအားမျိုးရလသည်။ စုစည်းခြင်းအဆင့်ကျင့်ကြံသူပင် ထိခိုက်အောင်လုပ်နိုင်မည်မဟုတ်။

သူရှေ့သို့လှမ်းသွားသည်။ ခြေတစ်လှမ်းလှမ်းတိုင်း လေဟာနယ်တုန်ခါသွားသည်။ မမြင်နိုင်သည့်လှေခါးထစ်များပေါ် လမ်းလျှောက်နေသလိုရှိသည်။

"အရဟတ်လက်သီး"

ဓမ္မခန္ဓာစွမ်းအား၊ ရသာသုံးမျိုးမီးတောက်၊ ရွှေငှက်မီးတောက် စွမ်းအားသုံးခုပေါင်း၍ အရဟတ်လက်သီးပညာဖြင့် တိုက်ခိုက်သည်။

လက်သီးချက်တိုင်း နားကွဲမတတ်မြည်ဟိန်းသံများ ထွက်ပေါ်နေသည်။

"ငါ့ဆံပင်တွေ ဘယ်လိုဖြစ်သွားတာလဲ"

လျိုထန်ယန်တို့ ထိတ်လန့်တကြားအော်ကြသည်။ နောက်သို့ဆုတ်နေရင်းမှ ဆံပင်များကျွတ်သွားသည်။ သူတို့ရုပ်သွင်က ယခုထက်ဆိုးနိုင်စရာမရှိတော့။

"မိုးမြေစွမ်းအား၊ ရသာသုံးမျိုးမီးတောက်၊ ရွှေငှက်မီးတောက်စစ်တဲ့လား...အတော်စွမ်းတာပဲ။ ပါရမီရှင်တွေလို့ ခေါ်ထိုက်ပါတယ်။ ဒါပေမယ့် ငါတို့ကိုတော့ လာမထိခဲ့သင့်ဘူးကွ"

လျိုထန်ယန် ‌‌အေးစက်စက်လေသံဖြင့်ပြောသည်။

"မင်းငါတို့ကို တကယ်တိုက်ခိုက်ချင်လာအောင် ဖိအားပေးခဲ့တာပဲ"

ယဲ့ကျန်း ခြောက်ကပ်ကပ်ရယ်လိုက်သည်။ ဝိညာဉ်ပြောင်းအဆင့်နှင့် စုစည်းခြင်းအဆင့်ကြားမှ ကွာခြားချက်သည် ရုပ်ခန္ဓာစွမ်းအားနှင့် မှော်စွမ်းအားလောက်သာ မဟုတ်။

"ဒီနေရာမှာငါစည်းမျဉ်းသတ်မှတ်မယ်။ - လုယန် မိုးမြေစွမ်းအားပညာ မသုံးနိုင်စေရ"

လုယန်၏လှုပ်ရှားမှုကိ စည်းမျဉ်းဖြင့် သူထိန်းချုပ်လိုက်သည်။

ကြီးမားသည့်လက်သီးရိပ်များ သူ့တို့ဆီ ဆက်တိုက်ကျလာသည်။ လုယန်၏ အော်ဟစ်မာန်သွင်းသံကို ကြားရသည်။

"အရဟတ်လက်သီး"

"ဒီနေရာမှာငါစည်းမျဉ်းသတ်မှတ်မယ်။ - လုယန် သမာဓိမီးတောက် မသုံးနိုင်စေရ"

"အရဟတ်လက်သီး"

"ဒီနေရာမှာငါစည်းမျဉ်းသတ်မှတ်မယ်။ - လုယန် ရွှေကျီးကန်းမီးတောက် မသုံးနိုင်စေရ"

"အရဟတ်လက်သီး"

"ဒီနေရာမှာငါစည်းမျဉ်းသတ်မှတ်မယ်။ - လုယန် အရဟတ်လက်သီးပညာ မသုံးနိုင်စေရ"

"အရဟတ်လက်သီး"

"ဘာလို့မရတာလဲ"

ယဲ့ကျန်းတို့ ပို၍ပင်အံ့အားသင့်သွားသည်။ သူတို့နှစ်ယောက် တစ်လှည့်စီ စည်းမျဉ်းသတ်မှတ်ခဲ့သည်။ သို့သော် လုယန်အပေါ် သက်ရောက်မှုရှိပုံမပေါ်။

ဝစိပိတ်တပည့်က တကယ်ထိုမျှထူးခြားနေသလော...

(**လုယန်၏ မီးတောက်စစ်များက ပုံမှန်အမျိုးအစားမဟုတ်သဖြင့် စည်းမျဉ်းသတ်မှတ်သည့်နာမည်နှင့် အံမဝင်ခြင်းဖြစ်သည်။ သမာဓိ-ရသာသုံးပါး၊ ရွှေကျီးကန်း-ရွှေငှက်၊ အရဟတ်လက်သီး-ဆံပင်ကျွတ်လက်သီး)

လုယန်၏လက်သီးများက မိုးရွာသလိုကျလာသည်။ ဆက်တိုက်ကျလာသည့် လက်သီးများကြောင့် မြေပြင်အက်ကြောင်းတစ်ခုပေါ်ာလသည်။ ယဲ့ကျန်းတို့နှစ်ယောက် ထိုအက်ကြောင်းထဲရောက်သွားသည်။

"ရပ်တော့၊ ရပ်တော့။ ငါတို့အရှုံးပေးပါတယ်"

ယဲ့ကျန်းတို့ အက်ကြောင်းချိုင့်ခွက်ထဲမှ တက်လာသည်။ လုယန် တိုက်ခိုက်မှုရပ်လိုက်သည်။ ပုံမှန်အသွင်ပြန်ပြောင်းသည်။ မုန်ကျင်းကျိုးလည်း ဓမ္မခန္ဓာကို ပြန်သိမ်းလိုက်သည်။

"မင်းတို့က ဘာလို့ငါတို့ကို နေရာပြောင်းပြီးတိုက်ခိုက်စေချင်ရတာလဲ"

ယဲ့ကျန်းတို့နှစ်ယောက် မကျေမနပ်မေးသည်။

လုယန်က တိုက်ပွဲကြောင့် နောက်တစ်ကြိမ်ပျက်စီးသွားသည့် တောင်တန်းကိုတစ်ချက်ကြည့်၍ အလေးအနက်မျက်နှာဖြင့် ပြန်ဖြေသည်။

"ဒီနေရာရဲ့ ပတ်ဝန်းကျင်က အရမ်းလှတယ်လေ။ ဒီမှာတိုက်ခိုက်ရင် အဲဒီ့အလှတွေ ပျက်စီးသွားမှာပေါ့။ ကျုပ်ပြောတာကို အကြီးအကဲတို့ မယုံရင် လက်တွေ့သရုပ်ပြပါ့မယ်"

"ပျက်စီးသွားရင် ပြန်ပြင်လိုက်ရုံပဲမဟုတ်လား"

ယဲ့ကျန်း ဒေါသတကြီးပြန်ပြောသည်။ ဘာကြောင့် ထိုအသေးအဖွဲကိစ္စကို ဇာချဲ့ပြောနေသည်မသိ။

ယဲ့ကျန်းးစကား ယုတ္တိကျသည်ဟု မုန်ကျင်းကျိုး ယူဆသည်။

"မှန်ပါတယ်။ အခု အကြီးအကဲတို့ လက်တွေ့သရုပ်ပြပေးရမယ့်အချိန် ရောက်ပါပြီ"

***********************************

All Chapters