← Chapters

အခန်း (၁၀၆၉-၁၀၇၁)

Vol. 72 Ch. 1069-1071

အခန်း (၁၀၆၉-၁၀၇၁)

Vol. 72 Ch. 1069-1071

အခန်း (၁၀၆၉) အကြံဉာဏ်

လျိုထန်ယန်နှင့်ယဲ့ကျန်းတို့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ထိုလူငယ်နှစ်ယောက်က သူတို့ကို ဤနေရာမှ စောင့်နေခဲ့ခြင်ဖြစ်သည်။

...ခုနကတိုက်ပွဲမှာ မင်းတို့နှစ်ယောက်ပဲ အတင်းဖိတိုက်ခဲ့တာပါ...တောင်တန်းပျက်စီးတာက မင်းတို့ကြောင့်ပါ...

ငါတို့က တစ်ချိန်လုံး အရိုက်ခံနေရတာလေ..အခု ပြန်ပြင်တဲ့အချိန်ကျမှ ငါတို့အလှည့်ရောက်ပြီတဲ့လား...

"ဒါကိုပြုပြင်ဖို့အတွက် တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းကီု အဖိုးအခပေးပြီး အကူအညီတောင်းလို့ရပါတယ်"

လူဆိုသည်မှာ အခြေအနေကြည့်၍ အောက်ကျိူ့တန်လျှင်ကျို့ရသည်။ သို့သော် လျိုတန်ယန် ကိုယ်တိုင်မပြင်ဆင်လို။ မည်သို့ဆိုစေ သူသည် စုစည်းခြင်းအဆင့်စွမ်းအားရှင်ဖြစ်သည်။

"ဒါတော့ အဆင်မပြေဘူး။ အခုကျုပ်တို့က တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းရဲ့တာဝန်တွေကို ကူညီပေးနေတာပါ။ ဒီတော့ နောက်ဆုံးကျရင် ဒီအလုပ်ကို ကျုပ်တို့ပဲလုပ်ရမှာ"

"ငါဂရုမစိုက်ဘူးကွာ။ ငါဖြေရှင်းနည်းလည်းပြောပြီးပြီ။ ဝိညာဉ်ကျောက်လည်း ငါပေးနိုင်တယ်"

လျိုထန်ယန် ဝက်သေရေနွေးပူမကြောက်သည့် အထာမျိုးကိုင်သည်။ ထိုမျိုးဆက်သစ်နှစ်ယောက် သူတို့ကို ဘာမှလုပ်နိုင်စရာအကြောင်းမရှိ။

လုယန်က သက်ပြင်းချ၍ ဖျောင်းဖျသည်။

"အကြီးအကဲတို့၊ တာအိုလမ်းစဉ်ဂိုဏ်းကထုတ်ဝေတဲ့'ကျင့်ကြံမှုလစဉ်'သတင်းစာကို သိတယ်မဟုတ်လား။ ကံမကောင်းစွာနဲ့ပဲ အဲဒီ့သတင်းစာရဲ့ အကြောင်းအရာပိုင်းကို ကျုပ်တာဝန်ယူထားရတယ်"

လျိုထန်ယန် မျက်လုံးပြူးသွားသည်။ ထိုသတင်းစာကို တာအိုလမ်းစဉ်ဂိုဏ်းကထုတ်မှန်း သူသိသည်။ လုယန်ဦးစီးမှန်းတော့မသိခဲ့။ သူ့စိတ်ထဲ ချက်ချင်းလေးလံလာသည်။

"'စုစည်းခြင်းအဆင့် လျိုထန်ယန်၊ စုစည်းခြင်းအဆင့်ယဲ့ကျန်းတို့သည် တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းအမှုထမ်းများက နေရောပြောင်းပြီးတိုက်ခိုက်ဖို့ ဖျောင်းဖျသည်ကိုလုံးဝအရေးမစိုက်ခဲ့။

အမှုထမ်းများကို တန်ပြန်တိုက်ခိုက်သည်။ သူတို့ကြောင့် လှိုင်းပင်လယ်တောင်တန်း အကြီးအကျယ်ပျက်စီးသွားသည်။ ထို့ပြင် သူတို့၏ဝိညာဉ်ကျောက်ပိုင်ဆိုင်မှုကို ကြွားလုံးထုတ်ပြီး တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းကသာ တောင်တန်းကိုပြုပြင်ဖို့ တာဝန်ယူသင့်သည် မောက်မောက်မာမာပြန်ပြောခဲ့သည်'

"သတင်းစာထဲမှာ အဲဒီ့သတင်းမျိုးတော့ မမြင်ချင်ကြဘူးမဟုတ်လား"

လျိုထန်ယန် မျက်ခုံးလှုပ်သွားသည်။ တာအိုရှင်ဝစီပိတ်သည် ဂိုဏ်းသို့ပြန်လေ့မရှိ၊ လုယန်ကို သင်ကြားလေ့မရှိဟု သူကြားဖူးသည်။ ဘာကြောင့် ထိုကောင်လေး၏ ဉာဏ်နီဉာဏ်နက်များက ဝစီပိတ်ထက် ပိုသာနေသည်မသိ။

သူနှင့်ယဲ့ကျန်းသည် နာမည်ကျော်စွမ်းအားရှင်များဖြစ်သည်။ ထိုသတင်းမျိုးသာ အပြင်ထွက်လာလျှင် ဘာသိက္ခာမှကျန်တော့မည်မဟုတ်။

မုန်ကျင်းကျိး ရှေ့တက်လာပြီး ထပ်ပြောသည်။

"ဒါပေမယ့် အကြီးအကဲတို့ ဒီလှိုင်းပင်လယ်တောင်တန်းကို ပြန်ပြင်မယ်ဆိုရင် သတင်းစာထဲမှာ

'တစ်ခြားလူများကြောင့် ပျက်စီးသွားသည့် လှိုင်းပင်လယ်တောင်တန်းကို စုစည်းခြင်းအဆင့် လျိုထန်ယန်နှင့်ယဲ့ကျန်းက သူတို့သဘောဆန္ဒအလျောက် စေတနာအပြည့်ဖြင့် ပြန်လည်ပြုပြင်ခဲ့သည်။ ကျင့်ကြံသူများအတွက် အတုယူစရာ လုပ်ရပ်တစ်ခုဖြစ်သည်'လို့ ပါလာမှာပါ"

တစ်ခါတစ်ရံ လုယန်ကျင့်စဉ်ဝင်နေ၍ သတင်းစာထုတ်ဝေချိန်အမီ ထွက်မလာနိုင်လျှင် မုန်ကျင်းကျိုးက သတင်းအကြောင်းအရာပိုင်းကို တာဝန်ယူသည်။ သူတို့နှစ်ယောက်ပူး‌ပေါင်းဆောင်ရွက်မှုက အဆင်ပြေချောမွေ့သည်။ သတင်းစာလုပ်ငန်း ပိုတိုးတက်အောင်မြင်လာသည်။

ယဲ့ကျန်း "..."

မင်းတို့နှစ်ယောက်နဲ့ မတွေ့ခင်တုန်းက သတင်းစာထဲက အချက်အလက်တွေကို အမှန်ပဲလို့ထင်ခဲ့တာ။...အဲ..ဒါပေမယ့် သတင်းရေးတဲ့ အကြောင်းအရာကလည်း နှစ်ခုလုံးမှန်နေသလိုပါလား...

"‌ကောင်းပါပြီ ကောင်းပါပြီ။ ပြင်ပါမယ့်။ ငါတို့ပြန်ပြင်ပါ့မယ်"

လျိုထန်ယန် အမြန်ပြန်ပြောသည်။ လုယန်တို့ နောက်ထပ်သတင်းတစ်ပုဒ်ထပ်တိုးမည်ကို စိုးရိမ်သည်။

ယဲ့ကျန်းတွေးနေသည်။ ဝစီပိတ်သည် ပုံပြင်အမှန်ကို ဘယ်တော့မှမမပြောဖူးမှန်း သူသိသည်။ သို့သော် ဤကောင်လေးနှစ်ယောက်က ဇာတ်လမ်းများနှင့်ပတ်သက်လျှင် ပိုကျင်လည်သည်။ လှည့်ကွက်ပိုများသည်။

လျိုထန်ယန်က မြေဓာတ်ပညာကျွမ်းကျင်သဖြင့် ပတ်ဝန်းကျင်ကို အလွယ်တကူ ပြုပြင်နိုင်သည်။ ယဲ့ကျန်းကလည်း ရေဓာတ်မှော်ပညာသာတတ်သည်မဟုတ်။ သစ်သားဓာတ်မှော်ပညာတစ်ချို့လည်း တတ်ကျွမ်းသည်။ ထို့ကြောင့် တောင်တန်းပြုပြင်ဖို့ ဘာမှမခက်လှ။

မူလတောင်တန်းပုံစံကို သူတို့မမှတ်မိ။ သို့သော် တစ်ကြိမ်ပြင်ဖူးပြီးဖြစ်သည့် လုယန်တို့က မှတ်မိနေသဖြင့် ကံကောင်းသွားသည်။

ကြိုးစားပမ်းစားအလုပ်လုပ်နေသည့် မဟာစွမ်းအားရှင်နှစ်ယောက်ကိုကြည့်၍ လုယန်တွေးနေသည်။ မဟာရှားကျင့်ကြံသူများသည် အမြဲလက်လွတ်စပယ်တိုက်ခိုက်တတ်ကြသည်။ အပျက်အစီးများသည်။ ထို့ကြောင့် တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းအတွက် ဝန်ထုပ်ဝန်ပိုး ပိုများလာသည်။

"တတိယအကြီးအကဲလည်း အရင်က ဒီလိုခံစားခဲ့ရဖူးလို့ဖြစ်မယ်။ အဲဒီတုန်းက သူ့ခံစားချက်ကို နားလည်စေချင်လို့ ငါတို့ကို ဒီနေရာပို့လိုက်တာပဲ"

အခြေအနေကို တစ်ခြားရှုထောင့်မှ လုယန်သုံးသပ်သည်။ တတိယအကြီးအကဲ၏ ရည်ရွယ်ချက်ကို နားလည်သည်။

စိတ်မြန်လက်မြန်ရှိသည့် တတိယအကြီးအကဲသည် ထိုမျှအတွေးစေစပ်မည်ဟု ထင်မထားခဲ့။

"တတိယအကြီးအကဲက တကယ်အဲလိုတွေးတာလား။ သိပ်တော့မဟုတ်သလိုပဲနော်"

နတ်မယ်စဉ်းစားနေသည်။ တတိယအကြီးအကဲသည် စိတ်မြန်လက်မြန်ရှိပြီး ဦးနှောက်သိပ်သုံးသူမဟုတ်ဟု သူယူဆသည်။

လုယန်မျက်နှာ လေးနက်တည်ကြည်လာသည်။ အင်ပါယာ၏ အကြံပေးအနေဖြင့် အင်ပါယာ၏မှားယွင်းနေသည့်အမြင်ကို ပြုပြင်‌ပေးဖို့လိုသည်။

"အရှင်မက အပေါ်ယံကြည့်ပြီး ဆုံးဖြတ်နေလို့ပါ။ လူတစ်ယောက်ရဲ့ စရိုက်ဟာ အပြင်ပန်းနဲ့မဆိုင်ဘူး။ ဥပမာပြောရရင် အရှင်မဟာ ချစ်စရာကောင်းပြီး ပျော်ပျော်နေတတ်တယ်။ ဒါပေမယ့် အတွေးစေ့စပ်ပြီး ဉာဏ်ရည်မြင့်တဲ့ အင်ပါယာတစ်ယောက်ပဲမဟုတ်လား"

နတ်မယ်စဉ်းစားကြည့်သည်။ တကယ်မှန်နေသည်။ သူသည် အလွန်ချစ်စရာကောင်းသလို ဉာဏ်လည်း အတော်ထက်သည်။ ရှောင်ယန်၏ အကဲဖြတ်ချက်က တိကျသည်။

သူနှင့်တတိယအကြီးအကဲ အတူတူပင်ဖြစ်သည်။

"ဒါနဲ..အကြီးအကဲတို့ကို မေးဖို့မေ့နေတယ်။ ခင်ဗျားတို့ကြားမှာ ဘယ်လိုပြဿနာတွေရှိလို့ တိုက်ခိုက်ကြတာလဲ"

လုယန် အခုမှ ထိုကိစ္စကို သတိရသည်။

ယဲ့ကျန်းက တောင်ထိပ်ကို ဘုန်းခနဲရိုက်သည်။

"ဘာပြဿနာမှမရှိဘူး။ ငါတို့နှစ်ယောက်လုံး ထန်ဟဲဂိုဏ်းကပဲ။ ငါတို့ဂိုဏ်းချုပ်က အငြိမ်းစားယူပြီး ဆက်ခံသူရွေးချင်တယ်။ ငါတို့နှစ်ယောက်လုံး ဂိုဏ်းချုပ်ဖြစ်နိုင်တဲ့ အရည်အချင်းရှိတယ်။ ဒါကြောင့် အချင်းချင်းလက်ရည်ယှဉ်ပြီး ဂိုဏ်းချုပ်နေရာရွေးကြတာ"

လျိုထန်ယန်က လုယန်ကို အေးစက်စက်ပြုံး၍ကြည့်နေသည်။

"ဒီတော့ စည်းမျဉ်းစည်းကမ်းအရဆို မင်းက ငါတို့ဂိုဏ်းချုပ်ဖြစ်လာမှာပဲ"

"ကျုပ်လား၊ မဖြစ်ဘူး မဖြစ်ဘူး"

လုယန် အမြန်ငြင်းသည်။ သူဘယ်လိုလုပ် ဂိုဏ်းချုပ်ရာထူးယူနိုင်မည်နည်း။

လုယန်လန့်ဖျတ်သွားသည့်ပုံစံကိုကြည့်၍ ယဲ့ကျန်း အော်ရယ်သည်။

"တမင်နောက်နေတာပါကွာ။ အတည်မဟုတ်ပါဘူး။ ဒီနေ့ ငါတို့နှစ်ယောက်လုံး စွမ်းအင်အတော်ကုန်သွားပြီး။ နောက်တစ်နေ့မှ လက်ရည်စမ်းဖို့ ဆုံးဖြတ်ထားတယ်"

လှိုင်းပင်လယ်တောင်တန်းကို ပြုပြင်ပြီးနောက် ထိုမဟာစွမ်းအားရှင်နှစ်ယောက်ကို နှုတ်ဆက်၍ လုယန်တို့ နောက်တစ်နေရာသို့ ဆက်သွားကြသည်။

ပျံသန်းနေရင်း ကိစ္စတစ်ခုတွေးမိသဖြင့် လုယန်က မုန်ကျင်းကျိုးကို တိုင်ပင်သည်။

"ဒီလောက်ကျင့်ကြံသူတွေအများကြီး စည်းမဲ့ကမ်းမဲ့တိုက်ခိုက်နေမှတော့ မြေအနေအထားတွေ အများကြီးပျက်စီးတာ မဆန်းလှဘူး။ အခုတလော တောင်ရွှေ့ပင်လည်ဖြည့်ဂိုဏ်းက ငါတို့အကူအညီရထားလို့သာ ကံကောင်းနေတာ။ လုပ်ငန်းအလျင်မီအောင် လုပ်နိုင်တာ။ နောက်တစ်လခွဲကြာလို့ ငါတို့ပြန်သွားရင် ဂိုဏ်းချုပ်ခုန်တို့အဖွဲ့ ဘယ်လိုနေမလဲမသိဘူး"

"ဟုတ်တယ်"

မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။

နှစ်ယောက်လုံးက သစ္စာစောင့်သိ၍ သဘောထားမြင့်မြတ်သူများဖြစ်သည်။ တောင်ရွှေ့ပင်လည်ဖြည့်ဂိုဏ်းသို့ရောက်သည်မှာ ဆယ့်ငါးရက်သာ ရှိသေးသော်လည်း ကိုယ့်ကိုယ်ကို ဂိုဏ်းဝင်အဖြစ် ခံယူထားပြီးဖြစ်သည်။

"ဒီလိူလုပ်ကြမလား။ တိုက်ခိုက်ကြတော့မယ့် ကျင့်ကြံသူတွေတွေ့ရင် ဖျောင်းဖျကြမယ်လေ။ တိုက်ခိုက်တဲ့အခါ နည်းနည်းဆင်ခြင်သွားပြီး အပျက်အစီးသက်သာတာပေါ့"

"ကောင်းသားပဲ"

တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ပြီးနောက် သူတို့နှစ်ယောက် ဂိုဏ်းသို့ပြန်ကြသည်။

သူတို့ပေးသည့် လုပ်ငန်းတာဝန်အစီရင်ခံစာကိုကြည့်၍ ဂိုဏ်းချုပ်ခုန် နားမလည်နိုင်အောင်ဖြစ်နေသည်။

"မင်းတို့ တာဝန်ထမ်းဆောင်ဖို့သွားရင်း တိုက်ခိုက်နေတဲ့ကျင့်ကြံသူတစ်ချို့ အမှတ်မထင်တွေ့တယ်။ မင်းတို့အကြံပေးတာကို သူတို့လက်ခံတယ်။ ပတ်ဝန်းကျင်ပျက်စီးရင် ဘယ်လောက်ဒုက္ခများတယ်ဆိုတာ နားလည်လာပြီး ကောင်းကင်မှာတိုက်ခိုက်ဖို့ ဒါမှမဟုတ် စာပေစွမ်းရည်ပဲယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ကြတယ်ပေါ့"

"ဟုတ်ပါတယ်"

လုယန်နှင့်မုန်ကျင်းကျိုး ခေါင်ငြိမ့်သည်။ သူတို့လုပ်ခဲ့သည့်မစ်ရှင်ကို ပြည့်စုံသည့်စွမ်းဆောင်မှုဟု တကယ်သတ်မှတ်နိုင်သည်။

ဂိုဏ်းချုပ်ခုန် တွေးရခက်သွားသည်။ မဟာရှားကျင့်ကြံသူများသည် ထိုမျှပြောရဆိုရလွယ်ကူသလော...။ ထိုသို့ဖျောင်းဖျဖို့ သူအကြိမကြိမ်ကြိုးစားဖူးသည်။ တစ်ခါမှ အလုပ်မဖြစ်ခဲ့။ ထိုလူငယ်နှစ်ယောက်က ဘယ်လိုလုပ်နိုင်ခဲ့သနည်း။

တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းချုပ်ဟူသည့် သူ့အဆင့်အတန်းက ထိုလူငယ်နှစ်ယောက်ထက် နိမ့်ကျသလို ဖြစ်နေသည်မဟုတ်လော...

"မင်းတို့က သူတို့ကိုအကြပ်ကိုင်ပြီး ခြိမ်း‌ခြောက်ခဲ့တာလား"

"ဂိုဏ်းချုပ်ခုန် ဘာတွပြောနေတာလဲ။ အကျိုးသင့်အကြောင်းသင့် ပြောလို့ရတဲ့လူတွေနဲ့ကြုံလို့ ကံကောင်းသွားတာမျိုးပါ။ ကျုပ်တို့က သူတို့ရဲ့စံပြုလုပ်ရပ်တွေကို သတင်းစာထဲမှာဖော်ပြပြီး နာမည်ဂုဏ်သတင်းမြှင့်တင်ပေးမယ်လို့ပဲ ပြောလိုက်တာ"

*********************************

အခန်း (၁၀၇၀) မငြီမ်းချမ်းလောက်သည့် လက္ခဏာ

နန်းတော်တစ်ခုတွင် လူတစ်စု နေရာကိုယ်စီယူ၍ ဝင်ထိုင်ကြသည်။ ဆယ်ယောက်ကျော်ရှိသည်။

ထိုလူတို့သည် နောက်ခံချင်းမတူကြ။ တစ်ချို့က နယ်ခံသခင်များဖြစ်သည်။ တစ်ချို့က ဂိုဏ်းအကြီးအကဲများ၊ တစ်ချို့ကမိသားစုအကြီးအကဲများ ဖြစ်သည်။ အားလုံး စုစည်းခြင်းအဆင့်ရှိသည်။

"ဒီလိုဆင့်ခေါ်ရတဲ့အကြောင်းကို မင်းတို့လည်း နားလည်လောက်ပါတယ်"

နန်းတာ်သခင်က ဖြေးညှင်းစွာ စပြောသည်။

"လုယန်နဲ့မုန်ကျင်းကျိုးက သတင်းစာနဲ့ ကျုပ်တို့ကိုခြိမ်းခြောက်ပြီး တိုက်ပွဲမှာဆင်ခြင်ဖို့ ဖိအားပေးတဲ့ကိစ္စမဟုတ်လား"

တစ်ယောက်က မကျေမနပ်လေသံဖြင့်စပြောသည်။

"သတင်းစာကြောင့်တင်မဟုတ်ဘူး။ ဒီလူငယ်နှစ်ယောက်က တားမြစ်ပညာတစ်ချို့တတ်ထားတယ်။ အဲဒီ့ပညာအပေါ် စည်းမျဉ်းစွမ်းအားတွေ မသက်ရောက်နိုင်ဘူး"

"လူငယ်မျိုးဆက်တွေက တကယ်ကြောက်စရာကောင်းတာပဲ။ တာအိုရှင်ဝစီပိတ်တောင် ဒီလောက်မစွမ်းဘူး။ ဆရာထက် တပည့်လက်စောင်းထက်နေပြီ"

"သူတို့ကို သာမန်ဝိညာဉ်ပြောင်းမျိုးဆက်သစ်တွေလို သဘောထားလို့မရတော့ဘူး"

"ဒါဆို မင်းတို့ ဘယ်လိုစိတ်ကူးထားလဲ။ ဒီလိုမျိုးဆက်သစ်တွေက ခြိမ်းခြောက်နေတာကိုတော့ ငါတို့မခံနိုင်ဘူး"

နန်းတော်သခင်က ဒေါသသံဖြင့်ပြောသည်။ ယနေ့စည်းဝေးပွဲ၏ အဓိကရည်ရွယ်ချက်ကို စကားစသည်။

"အကြီးအကဲတွေကို လေးစားတတ်အောင် စွမ်းအားကိုလေးစားတတ်တောင် သူတို့ကို ပညာပေးကြမလား"

"အဲဒါပြဿနာပေါ့။ ငါတို့က သူတို့ကို မနိုင်လောက်ဘူး။ အထူးသဖြင့် ရွှေအရဟတ်ခန္ဓာပညာသုံးရင်ပေါ့။ နည်းနည်းမိစ္ဆာပုံစံပေါက်ပေမယ့် ခုခံနိုင်စွမ်းက တကယ်အားကောင်းတယ်။ ငါတို့ရဲ့ စွမ်းအားနဲ့တောင် မချိုးဖျက်နိုင်ဘူး"

"သူတို့စိတ်ကြိုက် သတင်းရေးခွင့်ပေးထားလို့တော့မဖြစ်ဘူး။ သူတို့သင်းစာထဲက အကြောင်းအရာတွေဟာ သတင်းမှားတွေပါလို့ ငါတို့ကြေညာလိုက်ရင်ရော ဘယ်လိုနေမလဲ"

"အလုပ်မဖြစ်လောက်ဘူး။ သာမန်လူတွေက သတင်းထဲမှာပါတာကိုပဲ ယုံကြည်ကြတာ"

"ဟုတ်တယ်။ အလုပ်မဖြစ်နိုင်ဘူး။ ငါတို့ဘယ်လောက်ပြောပြော ဘယ်သူကနားထောင်မှာလဲ။ ငါတို့စကားကို မဟာရှားအနှံ့ဖြန့်နိုင်တဲ့ နည်းလမ်းမျိုးရှိလား"

"ဒါဆို ငါတို့လည်း သတင်းစာတစ်စောင်လာက် ထုတ်ဝေကြမလား"

"အကျိုးမမထူးနိုင်ဘူး။ တစ်ခြားမသေမျိုးလေးဂိုဏ်းနဲ့ မဟာရှားလည်း သတင်းစာတွေ ထုတ်ဝေနေတာပဲ။ ရောင်းအကောင်းဆုံးက တာအိုလမ်းစဉ်ဂိုဏ်းသတင်းစာပဲ မဟုတ်လား"

"တစ်ဘက်ကလည်း ပြန်တွေးကြည့်ဦး။ တာအိုလမ်းစဉ်ဂိုစ်းမှာ သတင်းစာပုံနှိပ်တဲ့ သီးခြားနည်းလမ်းတစ်ခုရှိတယ်လို့တောင် ငါကြားတယ်။ တစ်ခြားအဖွဲ့အစည်းတွေထက် ထုတ်ဝေတာ အများကြီးပိုမြန်တယ်။ အဲဒီ့နည်းလမ်းကိုလည်း သူတို့ကလျှို့ဝျက်ထားတယ်"

အားလုံး လှည့်ပတ်ဆွေးနွေးကြသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြသည်။ လုယန်တို့နှစ်ယောက်ကို ဖြူကောင်များလို မြင်လာသည်။ သွားထိ၍မရ။ ဝစီပိတ်ထက်ပင် ပို၍မျက်နှာပြောင်သည်။

တစ်ခြားလူများကိုညီချင်၍ တိုက်ပွဲများကို လုယန်တို့နှစ်ယောက်က တားဆီးခြင်းလည်းဖြစ်နိုင်သည်။ ထိုသတင်းက အတော်ပျံ့နေသည်။

သို့သော် နောက်တစ်ချက်က လတ်တလောဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များနှင့် တိုက်ဆိုင်သွားခြင်းလည်း ဖြစ်နိုင်သည်။

မည်သို့ဆိုစေ လုယန်တို့နှစ်ယောက် တာဝန်ပြီးမြောက်အောင်ထမ်းဆောင်ခဲ့သဖြင့် တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်း၏ ကြီးလေးသည့်တာဝန်များ သိသိသာသာလျော့ပါးသွားသည်။ လုယန်တို့ နောက်ထပ်ဝင်ကူစရာမလိုတော့။

ခန္ဓာကိုယ်အရွယ်အစားကြီးလာလျှင် ပိုအဆင်ပြေအောင်ထိန်းချုပ်နိုင်သည့် အသေးအဖွဲနည်းလမ်းများ ဂိုဏ်းချုပ်ခုန် သင်ပေးဖို့ အချိန်ရလာသည်။ သို့သော် တာဝန်များထမ်းဆောင်ရင်း လုယန်တို့နှစ်ယောက်က မိုးမြေပညာနှင့်ဓမ္မခန္ဓာပညာကို ကျွမ်းကျင်အဆင့်ထိရောက်သွားသည်။

ထို့ကြောင့် ဂိုဏ်းချုပ်ခုန်၏ အသေးအဖွဲနည်းလမ်းများ မလိုအပ်တော့။

လတ်တလောထမ်းဆောင်ခဲ့သည့် တာဝန်များတွင် မိုးမြေစွမ်းအားပညာနှင့် ဓမ္မခန္ဓာကို နည်းလမ်းမျိုးစုံ သုံးခဲ့ရသည်။ လေ့ကျင့်ရာတွင် များစွာအကျိုးထူးခဲ့သည်။ အကြီးအကဲခုန်ကိုယ်တိုင် သင်ပေးလျှင်ပင် ထိုမျှပြည့်စုံမည်မဟုတ်။

"မင်းတို့နျစ်ယောက် အတော်ကံကောင်းကြတာပဲ"

ဂိုဏ်းချုပ်ခုန် မှက်ချက်ပြုသည်။ ပါရမီရှင်ဆိုသည်မှာ ကံကောင်းဖို့မွေးလာသူများ ဖြစ်ပေလိမ့်မည်။

"နောက်တစ်ခုရှိသေးတယ်။ ဂိုဏ်းမှာ နည်းနည်းမငြိမ်မသက်ဖြစ်နေတယ်။ ကိုယ့်လုံခြုံ‌ရေးကိုယ် မင်းတို့ဂရုစိုက်ကြပါ"

"မငြိမ်မသက်ဖြစ်တယ်...ဟုတ်လား"

လုယန်တို့နှစ်ယောက် တွေးမရဖြစ်သွားသည်။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းတွင် ဘာတွေဖြစ်နေသည်မသိ။

"ရှောင်ကျင်းကပြောတယ်။ ဂိုဏ်းမှာ ပြဿနာတစ်ခုခုဖြ်စတော့မယ်လို့ သူခံစားနေရတယ်တဲ့။ ဒါကြောင့် အာမံစာချုပ်တောင် အပြည့်ဝယ်ထားတယ်။ ဒီခံစားချက်ဘယ်လိုရလာတယ်ဆိုတာတော့ သူသေချာပြောမပြဘူး"

ဂိုဏ်းချုပ်ခုန်လည်း စိုးရိမ်နေသည်။ သို့သော် သူ့တပည့်ကြီးအပေါ် သူယုံကြည်သည်။ ထို့ကြောင့် အကျိုးအကြောင်း သူ့ဘာမှမမေး။

"ဟုတ်ကဲပါ၊ ကျုပ်တို့သတိထားပါ့မယ"

လုယန်တို့နှစ်ယာက် ဦးညွှတ်နှုတ်ဆက်လိုက်သည်။

နေက်ရက်များတွင် လူ့ဘီလူးနှစ်ယောက် ဂိုဏ်းနယ်မြေထဲ လှည့်ပတ်လျှောက်သွားနေသည်ကို တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းတပည့်များ မြင်ကြရသည်။ ထိုလူ့ဘီလူးနှစ်ယောက်သည် မြစ်တစ်စင်းကို ရေတစ်စက်မှမကျအောင် မှော်အစွမ်းဖြင့် ကိုင်မြှောက်ထားနိုင်စွမ်းရှိကြသည်။

သူတို့ကျင့်စဉ်စွမ်းအားနှင် ဝိညာဉ်စွမ်းအား ထိန်းချုပ်နိုင်မှုက ပိုအဆင့်မြင့်လာသည်။ ဖန်ကျင်း အတော်အံ့ဩနေရသည်။

မိုးမြေစွမ်းအာားပညာကို သူလည်း အဆင့်မြင့်မြင့်နားလည်ထားသည်။ သို့သော် လုယန်၏တိုးတက်မှုကိုတော့ လုံးဝမယှဉ်နိုင်။

လုယန်တို့ဆီ လျှောက်သွားပြီး သူပြုံး၍နှုတ်ဆက်သည်။

"ညီလေးလု၊ ညီလေးမုန်"

'အကိုဖန် ဘယ်လိုရောက်လာတာလဲ"

လုယန်တို့က ပင့်မြှောက်ထားသည့်မြစ်ကိုချ၍ ဖန်ကျင်းဆီ တစ်လှမ်းချင်းလျှောက်လာသည်။

ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ဝိညာဉ်စွမ်းအင်များ မြူခိုးလိုထိုးထွက်လာသည်။ သတို့အရွယ်အစား တစ်ဆင့်ချင်း ပြန်ကျုံ့သွားသည်။

ဖန်ကျင်းအနားသို့ရောက်လာချိန်တွင် ပုံမှန်လူအရွယ် ပြန်ဖြစ်လာသည်။ ဘေးပတ်လည်တွင် ဝေ့ဝဲနေသည့် မြူခိုးများက အထူးအဆန်းသဖွယ်ဖြစ်နေသည်။

ဖန်ကျင်းခဏ ငြိမ်နေပြိးနောက် လာရင်းရည်ရွယ်ချက်ကို ထုတ်ပြောသည်။

"ဒီလိုပါ။ မင်းတို့နှစ်ယေက်က စကားပြောကျွမ်းကျင်ပြီး တိုက်ခိုက်မယ့်ကျင့်ကြံသူတွေကို အများကြီးဖျောင်းဖျနားချနိုင်ခဲ့လို့ ငါတို့ဂိုဏ်းရဲ့ လုပ်ငန်းတာဝန်တွေ အများကြီးလျော့သွားတယ်လေ။

ဆရာလည်း အဲဒီ့လူတွေကိုဖျောင်းဖျဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ အဆင်မပြေခဲ့ဘူး။ ငါလည်း အရင်ကအဲလိုလုပ်ဖို့တွေးဖူးပါတယ်။ ဒါပေမယ့် ဆရာတောင်မအောင်မြင်ဘူးဆိုတော့ ငါလက်လျှော့လိုက်တယ်။

ဒါပေမယ့်အခု မင်းတို့နှစ်ယောက်က လုပ်နိုင်ခဲ့တယ်။ မင်းတို့ဘယ်လိုဖျောင်းဖျခဲ့သလဲဆိုတာ ငါသိချင်လို့ပါ။ နည်းလမ်းလေးဘာလေး နည်းနည်းလောက်ပြောပြပါလား။

အခုလောလောဆယ် ဝိညာဉ်ပြောင်းအဆင့်နှစ်ယောက် တိုက်ခိုက်ကြတော့မယ့် သတင်းရထားတယ်။ မင်းတို့ကို သူတို့ကိုသွားဖျောင်းဖျပေးနိုင်မလား။ ငါလည်း မင်းတို့ဘေးကနေလိုက်ပြီး ပညာယူချင်တယ်"

"ဒါက..."

လုယန်တို့ တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။ သူတို့နည်းလမ်းကို အကိုဖန်မသင်ယူနိုင်လောက်ဟု ယူဆသည်။

ထိုသို့တည့်တည့်ပြောလိုက်လျှင်လည်း စိတ်အားတက်ကြွနေသည့် အကိုဖန် စိတ်ထိခိုက်သွားမည်။

ပြီးခဲ့သည့် လပိုင်းအတွင်း သူတို့အပေါ် အကိုဖန်က ကောင်းကောင်းဆက်ဆံခဲ့သည်။ တောင်းဆိုချက်မှန်သမျှ အကောင်းဆုံးဖြည့်ဆည်းပေးခဲ့သည်။ ထို့ကြောင့် အပြတ်ငြင်းလိုက်ရမည်ကို အားနာသည်။

ထို့ကြောင့် မုန်ကျင်းကျိုးကပြောသည်။

"ဟုတ်ကဲ့၊ စမ်းကြည့်လို့‌တော့ရပါတယ်။ ဒါပေမယ့် ကျုပ်တို့သုံးတဲ့နည်းလမ်းတွေက အမြဲတမ်းတော့အလုပ်မဖြစ်နိုင်ဘူး။ အဲဒါတော့ကြိုပြောထားချင်ပါတယ် အကိုဖန်"

"ဟုတ်ပါပြီ"

သူတို့ဘာမှ သိပ်ပြင်ဆင်စရာမရှိ။ ချက်ချင်း ခရီးထွက်ခဲ့သည်။ လမ်းတွင် တိုက်ခိုက်မည့်လူနှစ်ယောက်အကြောင်းကို ဖန်ကျင်းက ပြောပြသည်။

"တစ်ယောက်က ချန်ယာချုန်း၊ နောက်တစ်ယောက်က ဟဲဝူတဲ့။ ချန်ယာချုန်းက လောင်းကစားဝါသနာပါတယ်။ အကြွေးတွေအများကြီးတင်နေတယ်။ အဲဒါကြောင့် ကျင့်ကြံဖို့ အထောက်အပံ့ မလုံလောက်တော့ဘူး။

ဒါကြောင့် သူ့မိတ်ဆွေဟဲဝူဆီက ဝိညာဉ်ကျောက်တစ်သန်းချေးတယ်။ ဒါပေမယ့် ချန်ယာချုန်းက အဲဒီ့ငွေကို ဆပ်ရမယ့်အချိန်မှာ ပြန်မဆပ်နိုင်ဘူးလေ။ ဒီတော့ အကြွေးပြန်ဆပ်တဲ့အနေနဲ့ သူ့ကိုလက်ဝေ့အိတ်လို အသုံးချပါလို့ ဟဲဝူကိုပြောတယ်။ မကြေနပ်သေးရင် အပိုလေးငါးချက်ထိုးလို့ရပါတယ်တဲ့။

ဟဲဝူက သူ့ကိုသာမန်ထိုးကြိတ်ရုံလောက်နဲ့ ဒေါသမပြေနိုင်ဘူး။ ချန်ယာချုန်းကို မြေပေါ်ကို ရိုက်ချချင်တယ်။ မြစ်ထဲမှာ ရိုက်နှက်ချင်တယ်။ ဒါကြောင့် နောက်ဆက်တွဲအပျက်အစီးရှင်းဖို့ ငါတို့ဂိုဏ်းကိုလာပြီးကြိုပြောထားတာ"

လုယန်စိတ်ထဲ စနိုးစနောင့်ဖြစ်သွားသည်။ မုန်ကျင်းကျိုးလည်း ထိုသို့ပင်ဖြစ်သည်။

အခြေအနေက သူတို့၏ပုံမှန်ဖျောင်းဖျနည်းများနှင့် ရမည်မထင်။ လောင်မုန်ကလည်း ချန်ယာချုန်း၏ ဝိညာဉ်ကျောက်အကြွေးကို ကူဆပ်ပေးမည်မဟုတ်။ တစ်ခြားငွေချေးသူများကို နည်းလမ်းပေးသလို ဖြစ်သွားမည်။

"ဝိညာဉ်ကျောက်အကြွေးကို မင်းပဲကူဆပ်လိုက်လေ"

မုန်ကျင်းကျိုးက ခပ်တင်းတင်းပြောသည်။

လုယန် အံ့အားသင့်သွားသည်။

"မင်းငါ့အတွေးကို ဘယ်လိုသိနေတာလဲ"

"မင်းမျက်နှာမှာ အားလုံးပေါ်နေတယ် ခွေးသူတောင်းစားရဲ့"

"အင်း နောက်ဆို ငါပိုပြီးဂရုစိုက်မှပဲ"

****************************

အခန်း (၁၀၇၁) ပြဿနာဖြေရှင်းခြင်း

ယွမ်ပြည်နယ်မှ နာမည်ကျော်ယမ်တဲမြို့တွင် ချန်ယာချုန်းနှင့်ဟဲဝူတို့ နေထိုင်သည်။ မြို့တော်သခင်က စုစည်းခြင်းအဆင့်ဖြစ်သည်။

လုယန်တို့သုံးယောက် ချန်ယာချုန်းကိုသွားတွေ့သည်။ ဟဲဝူလည်း ရောက်နှင့်နေသည်။

"ချန်ယာချုန်း၊ ငါမင်းကို နှစ်ခါအနိုင်ယူထားရုံနဲ့ ဒီကိစ္စကို ကျေအေးမပေးနိုင်ဘူး။ ငွေရင်းဝိညာဉ်ကျောက်တစ်သန်းနဲ့ အတိုးနှစ်သောင်း မင်းငါ့ကိုပေးရမယ်"

ခမ်းနားသည့်အိမ်တော်တစ်ခု၏ ခြံဝင်းထဲတွင် ဟဲဝူက ချန်ယာချုန်းရှေ့၌ ပိတ်ရပ်နေသည်။ သူ့နောက်ဘက်တွင် ပျံဝဲနေသည့်ဓားများက အေးစိမ့်သည့်အငွေ့အသက်များ ထွက်ပေါ်နေသည်။

ဟဲဝူလည်း ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

"ခဏနေပါဦးဗျာ၊ ကျုပ်စကားနည်းနည်းပြောလို့ရမလား"

ဖန်ဝး ခြံဝင်းထဲသို့ ဆင်းလာသည်။ ဟဲဝူနှင့် ချန်ယာချုန်းက သူ့ကိုလှည့်ကြည့်သည်။

"မင်းကဘယ်သူလဲ"

"တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းက ဖန်ကျင်းပါ"

ထိုနာမည်ကြားသည်နှင့် ဟဲဝူ မျက်လုံးပြူးသွားသည်။ သူသည် ဝိညာဉ်ပြောင်းအခြေခံအဆင့်သာရှိသည်။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းက စုစည်းခြင်းအဆင့်ဖန်ကျင်းကိုလွှတ်ဖို့ လိုသလော...

ဖန်ကျင်းနောက်မှ လုယန်နှင့်မုန်ကျင်းကျိုးကို မြင်ရချိန်တွင် သူပို၍တွေးမရဖြစ်သွားသည်။

"မင်း..မင်းက ပါရမီရှင်လုမဟုတ်လား"

ဟဲဝူ စိတ်လှုပ်ရှားလာသည်။

"မင်းကို ဓားပွဲတော်မှာတုန်းက ငါမြင်ဖူးတယ်"

လုယန်ဓားပွဲတော်တွင် ပြသခဲ့သည့်စွမ်းရည်ကို ဓားသမားအားလုံး လေးစားအားကျခဲ့ရသည်။

"ဪ မင်းက တာအိုရှင်ဟဲဝူပဲ"

လုယန် မှတ်မိသလို ဟန်ဆောင်၍ပြောလိုက်သည်။ ဓားပွဲတော်တွင် ဓားကျင့်ကြံသူထောင်ချီ၍ရှိခဲ့သည်။ သူဘယ်လိုမှတ်မိနိုင်မည်နည်း။

"ဒါဆို ဒီတစ်ယောက်က မိတ်ဆွေချန်ယာချုန်းပဲဖြစ်မယ်ထင်တယ်"

"ဟုတ်ပါတယ်"

လုယန်တို့နောက်ခံကိုသိထားသဖြင့် ဟဲဝူနျင့်ချန်ယာချုန်းတို့ နည်းနည်းစိတ်ဖြေသာသွားသည်။ လုယန်တို့လည်း ဝိညာဉ်ပြောင်းအဆင့်သာဖြစ်သည်။

"မိတ်ဆွေချန်က အကြွေးပြန်မဆပ်နိုင်ဘူးလို့ကြားတယ်။ အဲဒါဟုတ်လား"

လုယန် ရှေ့တက်လာပြီးမေးသည်။ လမ်းတွင် အဖြစ်မှန်ကို အကြမ်းဖျင်းသိခဲ့ပြီးဖြစ်သည်။

"ဟုတ်ပါတယ်။ ဒါပေမယ့် ကျုပ်မှာ လောလာဆယ် ငွေမရှိဘူးလေ"

လုယန် ပြုံး၍ခေါင်းငြိမ့်သည်။ နားလည်ကြောင်းပြသည်။ ထို့နောက် ဟဲဝူကိုမေးသည်။

"မိတ်ဆွေဟဲအနေနဲ့ မိတ်ဆွေချန်အကြွေးပြန်ဆပ်ရင် သူ့ကိုရိုက်စရာမလိုတော့ဘူးမဟုတ်လား"

"ဟုတ်ပါတယ်"

"ငွေမရှိလည်း ပြဿနာမရှိပါဘူး မိတ်ဆွေချန်။ ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းက နှစ်တိုင်း မေ့‌ပျောက်ဆေးတွေထုတ်လုပ်နေတာ မင်းသိမှာပါ။ အရမ်းရောင်းကောင်းတယ်။ ရောင်းမလောက်နိုင်အောင်ဖြစ်နေတယ်။

ဒါပေမယ့် လက်ရှိပြဿနာက ဈေးကွက်မျာလိုအပ်သလောက် ဆေးလုံးတွေမထုတ်နိုင်ဘူးဖြစ်နေတယ်။ ပွင့်ပွင့်လင်းလင်းပဲပြောပါ့မယ်။ မေ့ပျောက်ဆေးက ကျင့်ကြံသူတွေရဲ့သွေးနဲ့ သန့်စင်ရတာပါ။ မိတ်ဆွေချန်က ကျုပ်တို့ဂိုဏ်းကို လိုက်ခဲ့ပြီး ပုံမှန်ဆေးသောက်၊ ပုံမှန်သွေးထုတ်ပေးရုံပါပဲ။

ဆယ်နှစ်အတွင်း ဝိညာဉ်ကျောက်တစ်သန်း ရလာမှာပါ။ သွေးထုတ်တာဆိုတော့ နည်းနည်းတော့ နာမှာပေါ့။ ဒါပေမယ့် မိတ်ဆွေချန်ရဲ့ စိတ်ဓာတ်မျိုးနဲ့ဆိုရင် ဝေဒနာကို သည်းခံနိုင်မယ်ဆိုတာ ကျုပ်ယုံကြည်ပါတယ်"

ဖန်ကျင်း လုယန်ကိုကြည့်၍ ထိတ်လန့်တုန်လှုပ်သွားသည်။ မေ့ပျောက်ဆေးကို တကယ်ထိုနည်းလမ်းဖြင့် ထုတ်လုပ်ကြသလားမသိ။ နည်းလမ်းက လုံးဝမူမမှန်။

မုန်ကျင်းကျိုးကလည်း အမူအရာလုံးဝမပြောင်းလဲ။ ဖန်ကျင်းက ထိုအဖြစ်ကို သတိထားမိသဖြင့် သိစိတ်အာရုံမှ လှမ်းမေးသည်။

"ညီလေးမုန်။ မင်းတို့မေ့ပျောက်ဆေးထုတ်တဲ့နည်းလမ်းက တစ်ခုခုမူမမှန်တာမျိုးရှိလား"

"မရှိပါဘူး။ ဒီနည်းလမ်းအတိုင်းထုတ်နေတာ နှစ်တွေအတော်ကြာပါပြီ။ တာအိုလမ်းစဉ်ဂိုဏ်းက လူမဆန်တဲ့နည်းမျိုးသုံးနေပါတယ်လို့ ပြောလာတဲ့လူမျိုး အကိုကျင်းကြားဖူးလို့လား။ အားလုံးက ကိုယ့်ဆန္ဒအလျောက် သွေးထုတ်ကြတာပါ"

ဖန်ကျင်းမျက်နှာ ကြောင်တက်တက်ဖြစ်သွားသည်။ ထိုနှစ်ယောက်သည် ကျင့်ကြံသူများကို ထိုနည်းလမ်းဖြင့် အမြဲဖျောင်းဖျခဲ့ကြသလားမသိ။

"နေပါစေ နေပါစေ၊ ကျုပ်က လော‌လောဆယ်ပဲ ငွေပြတ်နေတာပါ"

ချန်ယာချုန်း ထိတ်လန့်တကြားငြင်းပယ်သည်။

"ဒါဆိုငွေက ဘယ်ကရမှာလဲ"

"အင်...ကျောက်ထန်ယိဆီမှာ ရင်းနှီးထားပါတယ်။ သူက ငွေရှာနိုင်မယ် နည်းလမ်းတစ်ခုရှိတယ်ပြောတယ်။ နောက်ပြီး တစ်နှစ်အတွင်း သုံးဆယ်ရာနှုန်း မြတ်စေရမယ်တဲ့။ သတ်မှတ်ချိန်မပြည့်သေးလို့ ရင်းနှီးထားတဲ့ငွေကို ထုတ်လို့မရလို့ပါ။

ငွေရတာနဲ့ ဟဲဝူကို အတိုးရောအရင်းပါ ကျုပ်ပြန်ပေးနိုင်ပါတယ်"

ကျောက်ထန်ယိသည် ယွမ်တဲမြို့တော်တွင် တတိယအဆင့်ဂိုဏ်းဖြစ်သည့် ထန်ယိဂိုဏ်းကို တည်ထောင်သူဖြစ်သည်။ ဝိညာဉ်ပြောင်းအဆင့်ရှိသည်။

"ဒီလိုလုပ်ပါလား။ ဒီမြေပုံကို အပေါင်ပစ္စည်းအဖြစ်ထားပါ့ယ်။ ငွေကိုကျုပ်ပြန်ဆပ်နိုင်ပါတယ်"

ချန်ယာချုန်းက အမှတ်သင်္ကေတများစွာ ရေဆွဲထားသည့် ပိုးချည်တစ်ခု ထုတ်ပြသည်။

ဟဲဝူက အထင်မကြီးဟန်ဖြင့်

"သုံးစားမရတဲ့မြေပုံကို ငါဘာလုပ်ရမှာလဲ။ ဒီမြေပုံကို လေလံပွဲကနေ မင်းရခဲ့တာငါသိသားပဲ။ နှစ်ပေါင်းရာချီကြာနေပြီ။ တစ်ခြားမြေပုံနှစ်ပိုင်းကို မင်းရှာမတွေ့သေးဘူးလေ"

"မင်းကံကောင်းချင်လည်း ကောင်းသွားမှာပေါ့"

ချန်ယာချုန်းက မပွင့်တပွင့်ပြုံး၍ပြောသည်။

"ငါ့ကိုပြပါဦး"

လုယန် စိတ်ဝင်စားသဖြင့် ပိုးသားမြေပုံကို ယူကြည့်သည်။ မြေပုံက အတော်ရိုးရှင်းသည်။ ဘာတစ်ခုမှ အဓိပ္ပါယ်ဖော်၍ မရ။

မြေပုံအကြောင်းကျွမ်းကျင်နှံ့စပ်သည့် ဖန်ကျင်းလည်း ခေါင်းစောင်း၍ ကြည့်သည်။

"မဟာချန်ခေတ်အစောပိုင်းက မြေပုံဖြစ်မယ်။ ဒီမြေပုံက စုစုပေါင်း သုံးပိုင်းရှိလိမ့်မယ်။ သုံးခုလုံးစုံမှ မြေပုံအစစ်ရလာမှာ။...ဒီမြေပုံ ဘယ်လောက်ပေးရမလဲ။ ငါဝယ်ပါ့မယ်"

ရှေးဟောင်းမြေပုံများကို ဖန်ကျင်း နှစ်သက်သည်။ အထူးသဖြင့် မဟာချန်ခေတ်ဦးပိုင်းမျ မြေပုံမျိုးသည် ရှာတွေ့ဖို့မလွယ်လှ။

"ခင်ဗျားသဘောကျတယ်ဆိုရင် ကျုပ်ပေးပါ့မယ်"

ထိုမြေပုံကို ချန်ယာချုန်း သံယောဇဉ် သိပ်မတွယ်တော့။ လွန်ခဲသည့် နှစ်ရာပေါင်းများစွာက အခြေတည်အဆင့်တွင် အခြေတည်အဆင့်လေလံပွဲတစ်ခုမှ သူရခဲ့ခြင်းဖြစ်သည်။ ဝိညာဉ်ကျောက်လည်း သိပ်များများမပေးရ။ လိုချင်သူကိုပေး၍ မျက်နှာကောင်းယူရလျှင် မဆိုးလှ။

ဖန်ကျင်း မြေပုံကိုယူလိုက်သည်။ ချန်ယာချုန်းကိစ္စကို မဖြစ်မနေကူညီဖြေရှင်းပေးမည်ဟုလည်း ဆုံးဖြတ်လိုက်သည်။

အဆိုးတကာ့အဆိုးဆုံးဖြစ်လာ၍ ချန်ယာချုန်း တာအိုလမ်းစဉ်ဂိုဏ်းသို့ရောက်သွားပြီး သွေးထုတ်ခံရလျှင် ညီလေးလုကို သက်သက်ညှာညှာဖြင့် ဝေဒနာသက်သာအောင်လုပ်ပေးဖို့ သူတောင်းဆိုမည်။

"မင်းငွေရင်းထည့်ထားတာ ကျောက်ထန်ယိဆီမှာနော်။ ဒါဆို သူ့ကိုသွားတွေ့ကြစို့"

လူငါးယောက် ကျောက်ထန်ယိဆီ အဖွဲ့လိုက်ချီတက်ကြသည်။ သူတို့အင်အားကိုကြည့်၍ ကျောက်ထန်ယိလန့်သွားသည်။ အထူးသဖြင့် လုယန်နှင့် မုန်ကျင်းကျိုးကို သူရှိန်သည်။

ပုံပြင်ဇာတ်လမ်းများတွင် ထိုနှစ်ယောက် မကောင်းသူပယ် ကောင်းသူကယ်သည့်လုပ်ရပ်များ မကြာခဏဖော်ပြလေ့ရှိသည်။ လူဆိုးလူမိုက်များ သူတို့နာမည်ကြားရုံဖြင့် တုန်လှုပ်ကြသည်။

လာရင်းရည်ရွယ်ချက်ကိုသိပြီးမှ သူစိတ်သက်သာရာရသွားသည်။ ငွေအတွက်လာကြခြင်းဖြစ်သည်။... မဟုတ်သေး...ငွေအတွက်လာသည်ဆိုသည်ကလည်း သတင်းကောင်းမဟုတ်။

"ညီလေးချန်၊ မင်းဝိညာဉ်ကျောက်တွေကို ငါမပေးချင်လို့မဟုတ်ပါဘူး။ အားလုံးကို အရင်းအနှီးထည့်ထားတာ မင်းလည်းသိတာပဲ။ ငါ့မှာရှိတဲ့ဝိညာဉ်ကျောက်တွေကလည်း ဂိုဏ်းနေ့စဉ်လည်ပတ်စရိတ်အတွင် သုံးရတယ်။

ငါ့ဂိုဏ်းကို ဒေဝါလီခံရအောင်တော့ မင်းမလုပ်ဘူးမဟုတ်လား။ အလျင်မလိုရင် အချိန်နည်းနည်းပဲ ထပ်စောင့်ပါ။ သိပ်မကြာခင် ဝိညာဉ်ကျောက်တွေ ပြန်ထုတ်လို့ရမှာပါ။ အမြတ်လည်း နှစ်ဆယ်ရာနှုန်းရမယ်"

ချန်ယာချုန်းက စကားဖြတ်ပြောသည်။

"နေပါဦး၊ ခင်ဗျားပြောတုန်းက ကျုပ်ကို အမြတ်သုံးဆယ်ရာနှုန်းပေးမယ်ဆို"

ကျောက်ထန်ယိ စကားမှားသွားမှန်းသိသဖြင့် ရှက်ကိုးရှက်ကန်းပြုံးသည်။

"အမြတ်နည်းလွန်းရင် မင်းအရင်းအနှီးမထည့်မှာ စိုးရိမ်လို့ပါ။ ဘာပဲပြောပြော နှစ်ဆယ်ရာနှုန်းရလည်း အမြတ်ပဲလေ"

ချန်ယာချုန်း မျက်မှောင်ကျုံ့နေဆဲဖြစ်၍ ကျောက်ထန်ယိ အမြန်ထပ်ပြောသည်။

"ဟုတ်ပြီ...မြောက်ပိုင်းအေးခဲနယ်မြေကနေယူလာတဲ့ သစ်သားသေတ္တာတစ်လုံးရှိတယ်။ အဲဒီ့ထဲမှာ ကောင်းတာတစ်ခုခုတော့ ပါမှာပါ။ ဖွင့်ဖို့အတွက် သော့လေးပဲမရှိတာ။ တောင်းပန်တဲ့အနေနဲ့ ငါမင်းကို အဲဒါပေးပါ့မယ်"

ချန်ယာချုန်း မျက်ခွံလှန်၍ကြည့်သည်။ ထိုသေတ္တာစုတ်ကို သူဘာလုပ်ရမည်နည်း။

အခြေအနေကို အကဲခတ်၍ လုယန်ဝင်ဖျန်ဖြေသည်။

"ကဲပါ ကဲပါ။ မိတ်ဆွေကျောက်ကလည်း မကောင်းတဲ့စိတ်မျိုးမရှိပါဘူး။ သည်းခံပေးလိုက်ပါ အကိုချန်"

ချန်ယာချုန်း နှာခေါင်းတစ်ချက်ရှုံ့သည်။ သို့သော် လုယန်မျက်နှာကိုထောက်၍ သူဆက်မပြောတော့။

ကျောက်ထန်ယိပျော်သွားပြီး သစ်သားသေတ္တာကို လုယန်လက်ထဲ ထည့်ပေးသည်။

"မင်းဝိညာဉ်ကျောက်ရင်းနှီးတာ ဘယ်သူ့ဆီမှာလဲ"

"တွမ်ချင်ဟဲဆီမှာပါ။ ဒီကောင်က ငွေရှာတဲ့လမ်းကြောင်းတွေ အများကြီးသိထားတယ်"

တွမ်ချင်ဟဲသည် ယွမ်တဲမြို့တော်၏ မှုခင်းအရာရှိဖြစ်သည်။ ချန်ယာချုန်းနှင့်မရင်းနှီး။ ကျောက်ထန်ယိသာ သူနှင့်ရင်းနှိးသည်။

သူတို့လူစု တွမ်ချင်ဟဲနှင့် သွားတွေ့ကြသည်။

တွမ်ချင်ဟဲလည်း ကျောက်ထန်ယိလိုပင် သူတို့အင်အားစုကို မြင်သည်နှင့် ဒုက္ခရောက်ပြီဟု ထင်လိုက်သည်။ လုယန်နှင့်မုန်ကျင်းကျိုးပါ လိုက်လာသောကြောင့်ဖြစ်သည်။

"ဪ..ငါ့ဆီချေးထားတဲ့ ဝိညာဉ်ကျောက်တစ်သန်းလား။ ကျောက်ထန်ယိ၊ မင်းက ဆယ်ရာနှုန်းအတိုးကို မလိုချင်တော့ဘူးလား"

"ဆယ်ရာနှုန်း..ဟုတ်လား။ မင်းငါ့ကို နှစ်ဆယ်ရာနှုန်းပေးမယ်လို့ပြောထားတာလေ"

တွမ်ချင်ဟဲက ခေါင်းတစ်ချက်ကုတ်၍

"အတိုးနည်းလွန်းရင် မင်းငါ့ကိုမချေးမှာစိုးလို့ပါ။ ဘာပဲပြောပြော ဆယ်ရာနှုန်းရလည်း အမြတ်ပဲမဟုတ်လား"

"ဒါဆိုမင်းက ငွေကိုဘယ်သူ့ဆီမှာ ရင်းနှီးထားတာလဲ"

တွမ်ချင်ဟဲက နောက်ဘက်တွင်ရပ်နသည့် ဟဲဝူကို လက်ညှိုးထိုးပြသည်။

"ဟဲဝူဆီမှာလေ။ သူ့ချေးငွေအတိုးနှုန်းက နှစ်ဆယ်ရာနှုန်းမဟုတ်လား။ ငွေပြန်ရရင် ဆယ်ရာနှုန်းငါယူပြီး ဆယ်ရာနှုန်းမင်းကိုပေးမယ်လို့ တွေးထားတာပါ"

ဟဲဝူ "..."

"နေဦး၊ ငါ့မှာ အကြွေးကတိစာချုပ်ရှိတယ်"

တွမ်ချင်ဟဲက မှော်လက်စွပ်ထဲမှ သားရေပြားတစ်ခုထုတ်သည်။ အတိုးနှင့်အရင်းကို အတိအကျဖော်ပြထားသည်။

"ဝိညာဉ်ကျောက်တစ်သန်းဆိုတဲ့ငွေပမာဏက မနည်းဘူးလေ။ နတ်ဆိုးနယ်မြေက သားရဲသာရေကို ငါသီးသန့်မှာပြီးမှ သေချာရေးမှတ်ထားတာ"

ဖန်ကျင်းစိတ်ပျက်လက်ပျက် နဖူးကိုလက်ဖြင့်အုပ်လိုက်သည်။

"မင်းတို့ခဏရပ်ကြပါဦးကွာ။ ငါပြန်စဉ်းစားဦးမယ်။ဟဲဝူက တစ်နှစ်ကို နှစ်ဆယ်ရာနှုန်းနဲ့ ငွေချေးတယ်။ တွမ်ချင်ဟဲက ငွေရချင်လို့ နှစ်ဆယ်ရာနှုန်းအတိုးပေးမယ်ပြောပြီး ကျောက်ထန်ယိဆီက ငွေချေးတယ်။ အမှန်တော့ သူက ဆယ်ရာနှုန်းပဲပေးနိုင်မယ်။

ကျောက်ထန်ယိက ချန်ယာချုန်းကို သုံးဆယ်ရာနှုန်းအတိုးပေးမယ်ပြောပြီးချေးတယ်။ ဒါပေမယ့် နှစ်ဆယ်ရာနှုန်းပဲ ပေးနိုင်မယ်။ ချန်ယာချုန်းက ငွေရချင်လို့ ဟဲဝူဆီက နှစ်ဆယ်တိုးနဲ့ ငွေချေးလိုက်တယ်ပေါ့"

ထို့နောက် ဖန်ကျင်း လုံးဝသည်းမခံနိုင်တော့သဖြင့် ဒေါသတကြီး စားပွဲကို ဝုန်းခနဲရိုက်လိုက်သည်။

"မင်းတို့ထဲမှာ စကားကို အမှန်အတိုင်းပြောခဲ့တဲ့လူ ဘယ်သူရှိလဲကွ"

လုယန်ပြန်စဉ်းစားသည်။ ဟဲဝူနှင့် ချန်ယာချုန်းတို့ အမှန်ပြောခဲ့ကြောင်း နားလည်သည်။ သို့သော် အကိုဖန်ကျင်း ဒေါသထွက်နေသဖြင့် သူဘာမှဝင်မပြောတော့။

မုန်ကျင်းကျိုးက နိဂုံးချုပ်ပေးသည်။

"ဒါဆို ချန်ယာချုန်းက ဟဲဝူကို အတိုးတစ်ဝက်အတွက် ဝိညာဉ်ကျောက်ကငါးသောင်းပဲပေးရမှာပေါ့"

ဖန်ကျင်းက ဝိညာဉ်ကျောက်ငါး‌သောင်းထုတ်၍ မြေပုံဖိုးအဖြစ် ချန်ယာချုန်းကို ချက်ချင်းပေးလိုက်သည်။ ထိုကိစ္စကို သူမြန်မြန်အပြီးသပ်ချင်နေသည်။

ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းမှစီစဉ်သည့် ဂိုဏ်းတာဝန်ကြီးတစ်ချို့မှ သူအကျိုးအမြတ်အတော်ရခဲ့သည်။ ဥပမာ ချင်းကျိုးပွဲတော်ကိစ္စ၊ ဟန်ရွှေ့မြို့ကိစ္စများ။

ဝိညာဉ်ကျောက်ငါးသောင်းသည် သူ့အတွက်ဘာမှမဟုတ်။

အကြွေးအားလုံးရှင်းသွားပြီဖြစ်၍ တွမ်ျင်ဟဲ၏ သားရဲသားရေစာချုပ်လည်း အသုံးမဝင်တော့။ ထိုကြောင့် ငွေရင်းထုတ်ရသည့် ဖန်ကျင်းကို ပေးသည်။

အားလုံးကိစ္စရှင်းပြီးနောက် ဖန်ကျင်းနှင့်လုယန်တို့နှစ်ယောက် တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းသို့ပြန်သည်။ အခြေအနေက ဖန်ကျင်းအတွက် ငိုရခက်ရယ်ရခက်ဖြစ်နေသည်။

"အကိုဖန်၊ တစ်ခါတစ်လေ ပြဿနာဖြေရှင်းတယ်ဆိုတာက ကံနဲ့ဆိုင်ပါတယ်"

လုယန် နှစ်သိမ့်သည်။

ဖန်ကျင်း လက်ခံလိုက်သည်။ ဤခရီးစဉ်သည် လုံးဝအချည်းအနှီးတော့မဟုတ်။ ပိုးသားမြေပုံကိုထုတ်၍ကြည့်သည်။ ရှေးအမွေအနှစ်မြေပုံအဖြစ်သာ သူသတ်မှတ်ထားသည်။ ကျန်သည့်မြေပုံအပိုင်းများကို ဘယ်အချိန်မှ ရှာတွေ့မည်မသိ။

ထိုစဉ် ရုတ်တရက် ပိုးသားမြေပုံ၊ သစ်သားသေတ္တာနှင့် သားရဲသရေတို့ တုန်ခါလာသည်။ တစ်ခုခုက လှုံဆော်နေသလို ထင်ရသည်။

သေတ္တာပွင့်သွားသည်။ အထဲတွင်ပိုးသားမြေပုံတစ်ခုရှိသည်။

သားရဲသာရေစုတ်ပြဲသွားသည်။ ပိုးသားမြေပုံတစ်ခုထွက်လာသည်။

ပိုးသားမြေပုံသုံးပိုင်း ချိတ်ဆက်သွားသည်။ မြေပုံအစစ်၏ အသွင်သဏ္ဌာန်ပေါ်လာသည်။

ဖန်ကျင်း "..."

ဘာတွေဖြစ်နေတာလဲ...ချန်ယာချုန်းက နှစ်ပေါင်းရာချီကြာတာတောင် မြေပုံသုံးပိုင်းလုံး မစုစည်းနိုင်ခဲ့ဘူးလို့ ပြောတယ်မဟုတ်လား..

ဘာကြောင့် သူ့ကံက ထိုမျှကောင်းနေသည်မသိ။

*********************************

All Chapters