အခန်း (၁၀၇၂-၁၀၇၄)
Vol. 72 Ch. 1072-1074
အခန်း (၁၀၇၂) အချိန်မသေမျီုး၏လက်ရာ
"ဒါဆို အကိုဖန်က ကံကြမ္မာကောင်းချီး အများကြီးပိုင်ဆိုင်ထားတဲ့သဘောပဲ"
လုယန်က ရှေ့တိုးလာပြီး အလိုက်တသိဂုဏ်ပြုချီးကျူးသည်။ သူကိုယ်တိုင် မြေပုံရသည်ထက်ပင် ပိုပျော်နေသည်။
"ချန်ယာချုန်းက နှစ်တွေအကြာကြီးရှာခဲ့တတောင် ကျန်တဲ့မြေပုံနှစ်ပိုင်းကိုမတွေ့ဘူး။ အကိုဖန်က ခရီးတစ်ခုတည်းနဲ့ အပြည့်အစုံရလာတယ်။
အဲဒါ ကံရေစက်ပဲ။ ဒီမြေပုံက အကိုနဲ့ကံရေစက်ရှိနေတဲ့သဘောပဲ"
"သိပ်မှန်တာပေါ့။ ဒါဟာ တကယ်မင်္ဂလာရှိတဲ့နိမိတ်ပဲ"
မုန်ကျင်းကျိုးလည်း ရှေ့တက်လာပြီး ချီးကျူးသည်။ မြောက်ပင့်ရာတွင် နှစ်ယောက်လုံး ကျွမ်းကျင်ကြသဖြင့် ဘယ်သူပိုသာသည်ကို ဖန်ကျင်းမပြောတတ်တော့။
မြေပုံက ချင်လျန်တောင်တန်းဟုခေါ်သည့် နေရာတစ်ခုကိုပြထားသည်။ တောင်းတန်းအလယ်တွင်စက်ဝိုင်းတစ်ခုဆွဲထားသည်။ ထိုနေရာတွင် ထူးခြားသည့်အရာတစ်ခုခု ရှိနေပုံရသည်။
"ချင်လျန်တောင်တန်းက ဘယ်မှာရှိတာလဲ"
လုယန်နှင့်မုန်ကျင်းကျိုးတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ တောင်တန်းနာမည်အတော်များများကို သူတို့မသိ။ ထိုတောင်တန်းသည် မဟာရှား၏ ဘယ်အပိုင်းတွင် ရှိနေသနည်း။
"ချန်လျန်တောင်တန်း...ချင်လျန်.."
ဖန်ကျင်း မျက်မှောင်ကျုံ့၍ စဉ်းစားနေသည်။ ထိုနာမည်ကို ကြားဖူးသလိုရှိသည်။
"ချင်လျန်တောင်တန်းဆိုတာ မဟာချန်ခေတ်ကနာမည်ဖြစ်မယ်ထင်တယ်။ မဟာယုခေတ်မှာ အဲဒီ့တောင်တန်းကို ကျန်းပေ့တောင်ကုန်းစုလို့ခေါ်တယ်။
မဟာရှားခေတ်မျာကျတော့ ထန်ဟဲလွင်ပြင်လို့ခေါ်တယ်"
လုယန်နှင့်မုန်ကျင်းကျိုးတို့ ကြောင်တက်တက်ဖြစ်သွားသည်။ နာမည်သာ ပြောင်းလဲခြင်း မဟုတ်လောက်။
"ဒါကမဆန်းပါဘူး။ မင်းတို့တွေးမိကြလား။ မဟာချန်နဲ့ မဟာယုခေတ်မှာ ကျင့်ကြံသူတွေအများကြီးရှိခဲ့တယ်လေ။ သူတို့တိုက်ပွဲတွေကလည်း ဒီနေ့ခေတ်ထက်ပိုပြီး ကြမ်းတမ်းတော့ မြေနေရာအနေအထားတွေ ခဏခဏပြောင်းတာပေါ့"
ဖန်ကျင်းကရှင်းပြသည်။
"နှစ်သုံးသိန်းအတွင်းမှာ လူသားတွေကြောင့် 'ပင်လယ်တွေက စိုက်ခင်းဖြစ်လာတယ်'ဆိုတာမျိုးပေါ့။ ရှေးခေတ်က မြေနေရာအနေအထားတွေလည်း အများကြီးပြောင်းလဲသွားတယ်"
ဖန်ကျင်းသည် ရှေးဟောင်းမြေပုံများကို နှံ့စပ်ကျွမ်းကျင်သည်။ မဟာချန်ခေတ်မှ မဟာရှားခေတ်အထိ မြေမျက်နှာသွင်ပြင်အပြောင်းအလဲအားလုံးကို သိထားသည်။
ဤရှေးဟောင်းမြေပုံသည် ဖန်ကျင်းအတွက်သာအသုံးဝင်မည်။ တစ်ခြားကျင့်ကြံသူများလက်တွင် စိုက်ကြည့်နေရုံမှလွဲ၍ ဘာမှအကျိုးရှိမည်မဟုတ်။
"ထန်ဟဲလွင်ပြင်ကို သွားစစ်ဆေးကြည့်ရအောင်"
ရှေးဟောင်းမြေပုံရလာသဖြင့် ဖန်ကျင်း စိတ်အားထက်သန်နေသည်။
မယုံနိုင်လောက်အောင် တိုက်ဆိုင်သည့်အဖြစ်အပျက်များမှ ဤမြေပုံကို သူရခဲ့သည်။ ညီလေးလုပြောသလို သူနှင့်ကံရေစက်ရှိသည့် ရတနာများ ရှိနေနိုင်သည်။
ထန်ဟဲလွင်ပြင်က ရေအိုင်နှင့်မြက်ပင်များ ပြည့်နေသည်။ ကျွဲနွားအုပ်များ သိုးအုပ်များ နေရာတိုင်းမြင်နေရသည်။ သူတိုသုံးယောက် မြေပေါ်ဆင်းလာချိန်တွင် သိုးတစ်အုပ် ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။ မြေပေါ်တွင် သိုးမစင်ပုံများပြည့်နေသည်။
သိုးငယ်တစ်ချို့က ကြောက်ရမှန်းမသိဘဲ လူသုံးယောက်ဆီ လျှောက်သွားသဖြင့် သိုးမများက သူတို့ကို ချက်ချင်းတွဲခေါ်သွားကြသည်။
မြေပုံပေါ်စက်ဝိုင်းပြထားသည့်နေရာက အတော်ကျယ်သည်။ ဖန်ကျင်း လက်ညှိုးထိုး၍ အဝိုင်းအဝန်းကိုပြသည်။
"ဒီနားတစ်ဝိုက်မှာဖြစ်လောက်တယ်"
ဝိညာဉ်အာရုံကိုဖြန့်၍ ထိုနေရာတစ်ဝိုက်တွင် ရှာဖွေသည်။ မြေအောက်တွင် သဲလွန်စတစ်ချို့တွေ့သည်။
"မြေအောက်မှာ လျှို့ဝှက်နယ်မြတစ်ခုရှိတယ်ထင်တယ်။ တူးကြည့်ကြစို့"
"ဘာလို့တူးနေမှာလဲ။ လောင်လုကို မြေကြီးစားခိုင်းလိုက်ပေါ့"
မုန်ကျင်းကျိုးက အဆိုပြုသည်။
လုယန်က သူ့ကိုပိတ်ကန်သည်။
မြေပြင်တစ်ခုလုံး သိုးချေးများပြည့်နေသည်။
ဖန်ကျင်းနှင့်လုယန်တို့က မိုးမြေစွမ်းအားပညာသုံးသည်။ မုန်ကျင်းကျိုးက ဓမ္မခန္ဓာသုံးသည်။ လူ့ဘီလူးသုံးယောက် ဆောင့်ကြောင့်ထိုင်၍ မြေကိုတူးကြသည်။
မီတာနှစ်ထောင်ခန့်တူးပြီးနောက် လေဟာနယ်တစ်ခုအလယ်တွင် ရျိနေသည့် ကျောက်တုံးတစ်တုံးတွေ့ရသည်။ ငြိမ်သက်နေသည်။ အောက်ဘက်တွင် မြေကြီးများမရှိ။ ကျောက်တုံးကို နေရာရွှေ့ရန် ကြိုးစားကြသည့်။ သို့သော် မရ။
ဖန်ကျင်းက ကျောက်တုံးထဲသို့ ဝိညာဉ်စွမ်းအင် ပို့လွှတ်လိုက်သည်။ ကျောက်တုံးမျက်နှာပြင်တွင် ထူးဆန်းသည့် ရှေးဟောင်းအမှတ်အသားများပေါ်လာသည်။
ထို့နောက် ပြင်းထန်သည့်စုတ်အားတစ်ခုထွက်လာပြီး သုံးယောက်လုံးကိုဆွဲခေါ်သွားသည်။
သူတို့အသိပြန်ဝင်လာချိန်တွင် ဘေးပတ်လည်နေရာတစ်ခုလုံး ပိန်းပိတ်အောင်မှောင်နေသည်ကိုတွေ့ရသည်။
"ဒီနေရာက ဝိညာဉ်အာရုံကို ထိန်းချုပ်ထားတယ်ထင်တယ်။ ဝိညာဉ်အာရုံ သုံးလိုမရဘူး"
မုန်ကျင်းကျိုးက သန့်စင်ယန်မီးတောက်ဖန်တီးလိုက်သည်။ ဘေးပတ်လည်သို့ အလင်းဖြာသွားသည်။
"လှိုဏ်ဂူလား"
စိုထိုင်းသည့် အလုံပိတ်လှိုဏ်ဂူတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။ လေတိုးသံလုံးဝမကြားရ။ အလုံပိတ်လှိုဏ်ဂူသာဖြစ်မည်။
"ဒီနေရာမှာ ရတနာတစ်ခုခုရှိမလားပဲ"
ဖန်ကျင်း ရှေ့သို့ခြေတစ်လှမ်းတိုးရန်ပြင်လိုက်ချိန်တွင် လုယန်က တားသည်။
"အကိုဖန်၊ ရှေ့ဆက်မတိုးနဲ့"
ဖန်ကျင်း ခြေလှမ်းတုံ့ခနဲရပ်သွားသည်။
"ဘာဖြစ်လို့လဲ"
"ရှေ့မှာ မှော်အတားအဆီးတစ်ခုရှိတယ်။ အကိုရှေ့ကိုတိုးလိုက်တာနဲ့ အတားအဆီးအသက်ဝင်လာမှာ။ အရမ်းအန္တရာယ်များတယ်"
လုယန် အလေးအနက်သတိပေးသည်။
ဖန်ကျင်းထိတ်လန့်သွားပြီး နောက်သို့ခြေလှမ်းအမြန်ဆုတ်လာသည်။ ဆောင့်ကြောင့်ထိုင်ပြီး မြေပြင်ကိုစစ်ဆေးကြည့်သည်။ အမှန်တကယ်ပင် နားလည်ရခက်သည့် မှော်သင်္ကေတများရှိနေသည်။ တစ်စုတစ်စည်းတည်းတော့မဟုတ်။ အပိုင်းအစများ ပြန့်ကျဲနေသည်။
"ဒီလှိုဏ်ဂူမှာ မှော်အတားအဆီးတွေ ပြည့်နေတဲ့ပုံပဲ။ ဒါပေမယ့် တစ်ယောက်ယောက်က အတင်းဝင်လာပြီး ဒီမှော်အမှတ်အသားတွေကိ ဖျက်ဆီးခဲ့တာ"
လုယန်က နတ်မယ်၏သုံးသပ်ချက်ကို ကိုယ်ပိုင်သုံးသပ်ချက်ကဲ့သို့ ပြောပြနေသည်။
ပျက်စီးနေသည့်မှော်အမှတ်အသားများမှာပင် ကြောက်စရာစွမ်းအားများပါသည်။ သူတို့အဆင့်ဖြင့် သွားထိ၍မရ။
"မှော်အတားအဆီးတည်ဆောက်တဲ့နည်းလမ်းက အချိန်မသေမျိုးရဲ့ နည်းလမ်းနဲ့ဆင်တူတယ်"
နတ်မယ် စဉ်းစားနေသည်။
"သူ့မူလခန္ဓာက သစ်ပင်တစ်ပင်ဆိုတော့ သူ့ပစ္စည်းတွေကို မြေအောက်မှာပဲ အမြဲသိမ်းထားတတ်တယ်။ တစ်ခြားလူတွေ ရှာတွေ့နိုင်ဖို့လည်း အရမ်းခက်တယ်လေ။
ရှောင်ယန်၊ နင်ရှေ့ဆက်သွားလိုက်။ အရူးတစ်ယောက်က နင့်အတွက်လမ်းထွင်ထားပြီးသားပါ။ အတားအဆီးတွေကို ဖျက်ဆီးထားတယ်။ မှော်အမှတ်အသားတွေကိုတော့ သွားမထိနဲ့။ အဲဒါဆိုအဆင်ပြေတယ်။
လှိုဏ်ဂူအဆုံးမှာရှိတဲ့ သေတ္တာလေးက အချိန်မသေမျိုးဖန်တီးထားတာဖြစ်မယ်"
လုယန် မှော်အမှတ်အသားများကို သေချာဂရုစိုက်ရှောင်တိမ်း၍ ဖန်ကျင်းနှင့်မုန်ကျင်းကျိုးကို လှိုဏ်ဂူအတွင်းပိုင်းအထိ ဦးဆောင်ခေါ်သွားသည်။
ကျောက်သားစင်မြင့်တစ်ခုပေါ်တင်ထားသည့် လက်သီးဆုပ်အရွယ် သတ္တုသေတ္တာတစ်လုံး တွေ့ရသည်။
ဖန်ကျင်းက ဝိညာဉ်စွမ်းအားဖြင့် လက်ကိုဆန့်ထုတ်ပြီး သေတ္တာကို အဝေးမှဆွဲယူသည်။ သေတ္တာက အတော်လေးသလိုခံစားရသည်။
"ဒါက မသေမျိုးရွှေနဲ့လုပ်ထားတာလား"
ဖန်ကျင်းအံ့အားသင့်သွားသည်။ မသေမျိုးရွှေနှင့်လုပ်ထားသည်ဆိုလျှင် ထိုသေတ္တာသည် အနည်းဆုံး မသေမျိုးတစ်ဝက်တစ်ယောက် ဖန်တီးထားသည့် ရတနာဖြစ်မည်။ မသေမျိုးအစစ်တစ်ယောက် ဖန်တီးထားသည့်ပစ္စည်းလည်းဖြစ်နိုင်သည်။
"နတ်မယ်၊ အချိန်မသေမျိုးက ဒီသေတ္တာကို ဘာရည်ရွယ်ချက်နှင့် ဖန်တီးခဲ့တာလဲ"
နတ်မယ် ခဏစဉ်းစားပြီးနောက် စိတ်ပျက်လက်ပျက်ပြန်ပြောသည်။
"သူလုပ်တဲ့ ဒီလိုပစ္စည်းအသေးစားလေးတွေက တစ်ခုနဲ့တစ်ခု ဆင်တူတွေချည်းပဲ။ ငါခွဲခြားပြီးမမှတ်မိဘူး။ ဒါပေမဘ့် သတ္တာပုံစံအရဆိုရင် အချိန်ကိုနှေးအောင်လုပ်တဲ့ပစ္စည်းဖြစ်မယ်ထင်တယ်"
လုယန် အံ့အားသင့်သွားသည်။ အချိန်နှေးအောင်လုပ်နိုင်သည့်ရတနာသည် သာမန်မဟုတ်။ အချိန်မသေမျိုးဟူသည့်နာမည်နှင့် တကယ်လိုကဖက်သည်။
သူဖန်တီးသည့်ပစ္စည်းများက တကယ်စွမ်းအားကြီးသည်။
"ဒီသေတ္တာကိုသုံးချင်ရင် မန္တာန်တစ်ခုရှိတယ်။ 'မသေမျိုးဟာအဓိပဓိ အချိန်ဟာဘုရင်'...အဲမဟုတ်သေးဘူး။ အဲလိုမဟုတ်ဘူး။ 'ကြယ်ကမ္ဘာတွေ ငါ့အမိန့်အောက်မှာ လှည့်လည်တယ်။ ရာသီးလေးခုက မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲတယ်'။ အား..အဲလိုလည်းမဟုတ်သေးဘူး"
"အချိန်မသေမျိုးကို မေးလိုက်ရင်မရလောက်ဘူးလား"
လုယန်အကြံပြုသည်။ မမှတ်မိလျှင် ကာယကံရှင်ကိုသွားမေးသည်က ပိုကောင်းသည်ဟု သူမြင်သည်။
"မလိုပါဘူး။ အဲလောက်ဒုက္ခခံဖို့မလိုဘူး။ 'မသေမျိုးအဆိုအမိန့်'စာအုပ်ကိုဖွင့်ပြီး အချိန်မသေမျိုးပြောခဲ့တဲ့ စကားတွေကို တစ်ခုချင်းရွတ်ကြည့်ရုံပဲ။
မန္တာန်က အဲဒီ့စကားတွေထဲမှာပါတာ သေချာတယ်"
"...ဟုတ်ပါပြီလေ"
ဖန်ကျင်း အတော်ကြာအောင် စူးစမ်းနေသည်။ သို့သော် သတ္တုသေတ္တာကို ဘယ်လိုသုံးရမှန်းမသိ။
"တော်ပါပြီ။ ဆရာနဲ့ အဓိပဓိအကြီးအကဲက ဗဟုသုတများတယ်။ သူတို့ကိုပဲ စစ်ဆးခိုင်းတော့မယ်"
ထိုသတ္တုသေတ္တာသည် အချိန်မသေမျိုး၏ပစ္စည်းဖြစ်သည်။ ပုံမှန်တွေးလျှင် ပိုင်ရှင်ဆီသာ ပြန်အပ်သင့်သည်။
သို့သော် လုယန်၏အဆင့်အတန်းဖြင့် သေတ္တာကို သိမ်းထားဖို့မသင့်တော်။ သူတို့ဂိုဏ်း၏အဆင့်မြင့်ဂိုဏ်းဝင်များ လာပြောမှရမည်။
အချိန်မသေမျိုးကို သေတ္တာပြန်ပေးရန် နည်းလမ်းတစ်ခုစဉ်းစားဖို အမယွမ်ကိုသတင်းပို့ရမလားဟု လုယန်တွေးနေသည်။
"လောင်လု၊ ဒီသေတ္တာက အန္တရာယ်တော့ မရှိဘူးမဟုတ်လား"
မုန်ကျင်းကျိုး စိုးရိမ်မကင်းဖြစ်နေသည်။
"မရှိလော်ပါဘူး။ ဒါက အချိန်မသေမျိုးချန်ခဲ့တဲ့ ရတနာတစ်ခုပါ"
"ဒါဆိုတော်သေးတာပေါ့"
....
"ရှောင်ထန်၊ ရှောမုန်နဲ့ရှောင်လုကို တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းမှာ အကျိုးမရှိတဲ့အလုပ်တွေလုပ်ခိုင်းပြီး အပြစ်ပေးလိုက်တာ ငါ့ဘက်ကနည်းနည်းများလွန်သွားလား"
အခုတလာ တတိယအကြီးအကဲစိတ်ထဲ တွေးရခက်နေသဖြင့် ယွမ်ကျိနှင့် တိုင်ပင်ဖို့ ရောက်လာခြင်းဖြစ်သည်။ သို့သော် ယွမ်ကျိကိုမတွေ့သဖြင့် ကန်ထင်ကိုအကြံတောင်းသည်။
ကန်ထန်တွေးသည်။ အကြီးအကဲက လုယန်တို့နှစ်ယောက်ကို အဆင့်မြင့်ပညာများ ကျွမ်းကျင်အောင်လေ့ကျင့်စေလို၍ လွှတ်လိုက်ခြင်းဟု ယူဆခဲ့သည်။ သို့သော်ယခု ထိုကိစ္စသည် တကယ်အပြစ်ပေးရုံသက်သက်လားမသိ။
"ဒုခေါင်းဆောင်ကို ပြန်ခေါ်လိုက်ရမလား။ ကျွန်မသွားခေါ်မယ်လေ"
ယွမ်မုန်မုန်က စိတ်အားတက်ကြွစွာ လောဆော်သည်။
*******************************
အခန်း (၁၀၇၃) သေတ္တာစုတ်ကို ဘာလုပ်ရမှာလဲ
အခုတလော စီလဲ့နတ်သခင် ဂဏာမငြိမ်ဖြစ်နေသည်။ သူ့မိတ်တွေ စီချန်း ပျောက်သွား၍မဟုတ်။ သူရေးဆွဲခဲသည့် ရတနာမြေပုံပျောက်သွားသည့်ကိစ္စကလည်း သိပ်အရေးမကြီး။
အဓိကပြဿနာက ရှေးဟောင်းလျှို့ဝှက်မြေ၏ တည်နေရာကို မသိခြင်းဖြစ်သည်။
လွန်ခဲ့သည့် နှစ်သုံးသိန်းက ရှေးဟောင်းခေတ်မသေမျိုးတစ်ယောက် ချန်ထားခဲ့သည့် လျှို့ဝှက်မြေတစ်ခု သူတွေ့ခဲ့သည်။ သို့သော် ထိုလျှို့ဝှက်မြေက မှော်အတားဆီးသိပ်သည်းစွာချထားသဖြင့် သူသွားမထိရဲ။
ထိုအခွင့်အရေးကိုလည်း သူလက်လွတ်မခံနိုင်။
အချိန်ကြာမြင့်စွာ သူအိပ်စက်ရမည်။ ယုံကြည်မှုစွမ်းအားလည်း လွှမ်းမိုးခံရမည်။ နိုးထလာချိန်တွင် မှတ်ဉာဏ်တစ်ချို့ ပျောက်ဆုံးနိုင်ခြေရှိသည်။
ထို့ကြောင့် သူမအိပ်စက်မီ မြေပုံတစ်ခုရေးဆွဲခဲ့သည်။ သုံးပိုင်းခွဲ၍ သာမန်လူထုကြားသို့ ဖြန့်ခဲ့သည်။ တစ်ယောက်ယောက်က မြေပုံတစ်ပိုင်းကိုရလျှင်ပင် ကျန်နှစ်ပိုင်းကို စုစည်းနိုင်ဖို့ လွယ်မည်မဟုတ်။
မြေပုံတည်နေရာကိုသိနိုင်သည့် လျှို့ဝှက်အမှတ်အသားတစ်ခုလည်း ထားခဲ့သည်။
နိုးထလာချိန်တွင် ရှေးဟောင်းလျှို့ဝှက်မြေသည် ချင်လန်တောင်တန်းတွင်ရှိကြောင်း သူမှတ်မိနေမည်။ ထို့ကြောင့် မြေပုံကိုယူသွားသည်ဖြစ်စေ ယူမသွားသည်ဖြစ်စေ အရေးမကြီးတော့။
"ချင်လန်တောင်တန်းက ဘယ်ရောက်သွားတာလဲ"
သို့သော် သူတကယ်နိုးထလာချိန်တွင် ခေတ်နှစ်ခေတ်ပြောင်းခဲ့ပြီဖြစ်သည်။ မြေမျက်နှာသွင်ပြင်အနေအထား အကြီးအကျယ်ပြောင်းလဲသွားသည်။ မြေပြင်အမှတ်မသားမရှိဘဲ ချင်လန်တောင်တန်းရှိသည့်နေရာကို မှတ်မိရုံဖြင့် ဘာမှမကျိုးမရှိ။
"ဒီကျင့်ကြံသူတွေက သူတို့တိုက်ပွဲပြီးသွားတဲ့အချိန် မြေပြင်အနေအထားကို မူလအတိုင်းဖြစ်အောင် ဘာလို့ပြန်မပြင်ကြတာလဲကွာ"
စီလဲဒေါသထွက်သွားသည်။ သူကိုယ်တိုင်လည်း ထိုသို့မပြင်ပါ။ သို့သော် သူသည် မသေမျိုးတစ်ဝက်ဖြစ်သည်။ ထိုအဆင့်အအောက်မှ ကျင့်ကြံသူများသည် မြေအနေအထားပြန်ပြုပြင်ရမည့်တာဝန်ရှိသည်။
အချိန်မသေမျိုး ချန်ထားခဲ့သည့် လျှို့ဝှက်မြေတစ်ခုဖြစ်သည်။
ထိုနေရာသည် အချိန်နှင့်ပတ်သက်သည့် မသေမျိုးရတနာတစ်ခုခု ရှိပုံရသည်။ ထိုရတနာကိုသာ သူရလျှင် မသေမျိုးတစ်ဝက်များကြားတွင် သူ့ကိုဘယ်သူယှဉ်နိုင်မည်နည်း။
အခုရက်ပိုင်း ချင်လန်တောင်တန်းမြေပုံရနိုင်မည့် သတင်းကောင်းတစ်ချို့ကြားရသည်။
"တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းမှာ အလယ်ပိုင်းတိုက်နယ်က နိုင်ငံအားလုံးရဲ့ သမိုင်းမြေပုံတွေ သိမ်းထားတယ်လို့ကြားတယ်။ ချင်လန်တောင်တန်းတည်နေရာပြတဲ့ မြေပုံလည်း သေချာပေါက်ရှိမှာပဲ"
တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းသို့ စီလဲ့တန်းသွားသည်။
"ဒါက တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းလား။ နေရာကောင်းတကယ်ရွေးတတ်တာပဲ"
တောင်တန်းတစ်ခုနှင့် မြစ်တစ်ခုဘေးတွင်ရှိနေသည့်ဂိုဏ်းကို သူမြင်လိုက်ရသည်။ ပတ်ဝန်းကျင်က သာယာလှပသည်။ ထိုနေရာတွင် နေချင်စိတ်ပင်ပေါ်လာသည်။
မသေမျိုးတစ်ဝက်အဆင့်ဖြစ်၍ သူ့ဖြစ်တည်မှုသည် လျှို့ဝှက်ချက်ဖြစ်သည်။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းက သူရောက်လာသည်ကို လုံးဝမရိပ်မိ။
ကျမ်းစာတိုက်ထဲ သူဝင်သွားသည်။ စာအုပ်များ တောင်လိုပုံနေသည်။ ချင်လန်တောင်တန်းမြေပုံကို ချက်ချင်းရှာတွေဖို့ မဖြစ်နိုင်။
ကျမ်းစာတိုက်အစောင့်က နည်းနည်းစိတ်ဝင်စားစရာတော့ကောင်းသည်။ သို့သော် သိပ်တော့မဆန်းလှ။
"စုစည်းခြင်းအခြေခံအဆင့်လေးပါပဲ"
စီလဲ့ရယ်လိုက်သည်။ အစောင့်အဘိုးအိုဘေးမှဖြတ်၍ သူဝင်သွားသည်။ ထိုအဘိုးအိုက သတိမထားမိ။
မဟာချန်ခေတ်တွင် စုစည်းခြင်းအခြေခံအဆင့်သည် သူ့တပည့်လုပ်ဖို့ အနိမ့်ဆုံးသတ်မှတ်ချက်ဖြစ်သည်။
သို့သော် ကူးဖြ်ခြင်းအဆင့်များလည်း ရှိနိုင်သဖြင့် သူပေါ်ပေါ်ထင်ထင်မလုပ်ရဲ။ ဝိညာဉ်အာရုံဖြန့်မကြည့်။ စာအုပ်တစ်အုပ်ချင်းလှန်ကြည့်သည်။
စတုတ္ထထပ်သို့ရောက်ချိန်တွင် အောက်ဘက်မှ စကားသံတစ်ချို့ကြားရသည်။
"ဆရာ၊ ဒီသံလုံးကိုသိလား"
ဂိုဏ်းချုပ်ခုန်က မသေမျိုးသေတ္တာတစ်လုံးကိုင်၍ ကျမ်းစာတိုက်ကိုကြီးကြပ်နေသည့် အဘိုးအိုကို ကျင်းဝမ်ကျန်းကိုလာတွေ့ခြင်းဖြစ်သည်။ ကျင်းဝမ်ကျန်သည် ဂိုဏ်း၏ အဓိပိအကြီးအကဲဖြစ်သည်။
ဖန်ကျင်း၊ လုယန်နှင့် မုန်ကျင်းကျိုးတို့လည်း အတူလိုက်လာကြသည်။
"ဒါက ဘာလဲ"
မသေမျိုးသေတ္တာကို ကျင်းဝမ်ကျန်း စစ်ဆေးသည်။ ပွတ်ကြည့်သည်။ ခေါက်ကြည့်သည်။ ဝိညာဉ်စွမ်းအင်လွှတ်ကြည့်သည်။ သို့သော် ပြန်ကန်ထွက်လာသည်။
"ဆရာလည်း ဒါကိုမသိဘူးလား"
ထိုသေတ္တာ၏ အမျိုးအစားနှင့် အသုံးပြုပုံကို မသိသဖြင့် ဂိုဏ်းချုပ်ခုန် အဓိပဓိအကြီးအကဲထံ လာမေးခြင်းဖြစ်သည်။ ယခု အကြီးအကဲကပင် မသိ။
"ဒါကို တူတောင်လုနဲ့ တူတော်မုန်တို့ မဟာချန်ခေတ်ရှေးဟောင်းမြပုံကနေတစ်ဆင့် အမှတ်မထင်ရှာတွေ့ခဲ့တာပါ။ ချင်လန်တောင်တန်းမှာ တစ်ခုခုမြှုပ်နှံထားတယ်လို့ မြေပုံကညွှန်ပြတယ်။
ကျမ်းစာအဖတ်အရှုများတဲ့ ရှောင်ကျင်းက မဟာချန်ခေတ်က ချင်လန်တောင်တန်းဟာ ဒီနေ့ခတ်ထန်ဟဲလွင်ပြင်ဆိုတာကို သိတယ်။ အဲဒီလိုနဲ့ ဒီမသေမျိုးသေတ္တာကို ရလာတာပါ"
"ကျမ်းစာတိုက်မှာ အသိပညာတွေ မင်းအချိန်ယူစုဆောင်းခဲ့ရတာ အချည်းအနှီးမဖြစ်ဘူးပဲ"
မဟာအကြီးအကဲက မုတ်ဆိတ်ကိုသပ်၍ ရယ်မောနေသည်။ ထိုလူငယ်ကို သူအတော်သဘောကျသည်။
ချင်လန်တောင်တန်း.
ထိုနာမည်ကြားသည်နှင့် စီလဲ့ အတော်စိတ်လှုပ်ရှားလာသည်။ စွမ်းအင်ရောင်တစ်ချို့ အထိန်းအချုပ်လွတ်သွားသည်။
"ဘယ်သူလဲကွ"
အဓိပဓိအကြီးအကဲ ချက်ချင်းခေါင်းမော့ကြည့်ပြီး ခြင်္သေ့တစ်ကောင်လို အော်ဟစ်လိုက်သည်။ သူ့စောင့်ကြည့်နေသည့်ကြားမှ ကျမ်းစာတိုက်သို့ လူတစ်ယောက် ခိုးဝင်လာသည်ကို မယုံနိုင်အောင်ဖြစ်နေသည်။
"ဝေါင်း"
ဗုဒ္ဓခြင်္သေ့ဟောက်သံစွမ်းအားဖြစ်သည်။
"ဒီပစ္စည်းက ငါပိုင်ဆိုင်သင့်တာကွ"
စီလဲ့နတ်သခင်လည်း ဒေါသထွက်သွားသည်။ နှစ်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း လျှို့ဝှက်မြေတည်နေရာကို သူမတွေ့ခဲ့။ ယခု မျိုးဆက်သစ်တစ်ယောက်က ချင်လန်တောင်တန်းနေရာကို ရှာတွေ့ခဲ့ရုံမက အချိန်မသေမျိုးရတနာကိုပါ ရသွားသည်။ တကယ်ဆို ထိုပစ္စည်း သူရသင့်သည်။
ခွင့်မလွှတ်နိုင်။
စီလဲြက လျှပ်စီးလက်တစ်ခုဖန်တီး၍ မသေမျိုးသေတ္တာကို လှမ်းဆွဲသည်။ အဓိပဓိအကြီးအကဲကလည်း လုံးဝယူခွင့်မပေး။
"ထန်ချင်း"
အကြီးအကဲ အော်ဟစ်မာန်သွင်းလိုက်သည်။ သတ္တုနဂါးတစ်ကောင် မြေပြင်မှ ထိုးထွက်လာသည်။ နဂါးက ဦးခေါင်းကိုမြှောက်၍ စီလဲ့ကို ကျမ်းစာတိုက်အပြင်ဘက်သို့ ချက်ချင်းတွန်းထုတ်လိုက်သည်။
ကျမ်းစာတိုက်ထဲတွင်တိုက်ခိုက်လျှင် ဘယ်သူနိုင်နိုင်ရှုံးရှုံး ကျမ်းစာတိုက်တော့ သေချာပေါက်ပျက်စီးသွားမည်။
"အားလုံး နောက်ဆုတ်ကြ"
ဂိုဏ်းချုပ်ခုန် အော်ဟစ်လိုက်သည်။ ကူးဖြတ်ခြင်းအဆင့်တိုက်ပွဲကို သူရင်မဆိုင်နိုင်မျန်းသိသည်။ ဂိုဏ်းတပည့်များကို တိုက်ပွဲဒဏ်မသင့်အောင် ဂိုဏ်းထဲမှ အမြန်ထုတ်ဖို့သာရှိသည်။
စီလဲ့က မဟာအကြီးအကဲကို လုံးဝမျက်လုံးထဲမထည့်။
"တောင်ပြိုလျှပ်စီး"
မိုးခြုန်းသံများအော်မြည်၍ လျှပ်စီးများတောက်ပလာသည်။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းတစ်ခုလုံး လျှပ်စီးမိုးကြိုးများလွှမ်းခြုံသွားသည်။ ရေပုံးခန့်ရှိသည့်လျှပ်စီးများ ဂိုဏ်းနေရာအနှံ့ထိုးဆင်းလာသည်။ မြေပြင်ကို ရိုက်ခတ်ချိန်တွင် ချိုင့်ခွက်များစွာပေါ်လာသည်။ မြပြင်ပေါ်တွင်လည်း အက်ကြောင်းများထလာသည်။
ရှုပ်ယှက်ခတ်နေသည့် လျှပ်စီးအလင်းများက နတ်သခင်စီလဲ့၏ ဟန်ပန်ကိုခံ့ညားထည်ဝါအောင် ပံ့ပိုးပေးနေသလိုရှိသည်။
လျှပ်စီးအရိယဖလသန္ဓေကို သူပိုင်ဆိုင်ထားသည်။ ယင်ထန်မသေမျိုးမရှိလျှင် ကျင့်ကြံသူအားလုံး၏ ကျိန်စာဖြစ်သည့် ကောင်းကင်လျှပ်စီးကို သူကိုယ်စားပြုသည်။
"မသေမျိုးတစ်ဝက်လား"
အဓိပဓိအကြီးအကဲ ထိုလျှပ်စီးကို ချက်ချင်းသတိထားမိသည်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ထိုစွမ်းအားမျိုး မထုတ်နိုင်။ အရိယဖလသန္ဓေ၏စွမ်းအားသာ ဖြစ်ရမည်။
"မသေမျိုးတစ်ဝက်ဖြစ်တော့ရော ဘာအရေးလဲ။ မဟာချန်ရဲ့မသေမျိုးတစ်ဝက်တွေတောင် မဟာရှားနယ်မြေမှာ ထင်တိုင်းမကြဲရဲဘူး"
စွမ်းအားကွာဟနေမှန်းသိသော်လည်း အကြီးအကဲ ကြောက်ရွံ့ခြင်းလုံးဝမရှိ။ သူငယ်စဉ်က စိတ်ဓာတ်အတော်ကြမ်းခဲ့သည်။ တာဝန်ခွဲဝေပေးသူများနှင့် မကြာခဏတိုက်ခိုက်ခဲ့သည်။
လေပြင်းတစ်ခုနှင့်နှင့်အတူ အကြီးအကဲ၏ခန္ဓာကိုယ် မြင့်မားလာသည်။ 'ကျန်း'ကိုးထောင်မြင့်သည့် လူ့ဘီလူးတစ်ယောက်ဖြစ်လာသည်။ သတ္တုနဂါးက သူ့လက်မောင်းတွင် ရစ်ပတ်နေသည်။
သူ့ခြေထောက်ဖြင့် မြေသို့ဆောင့်၍ လျှပ်စီးကြားသို့ ခုန်တက်သွားသည်။ ကြီမားသည့်တူတစ်လက်ကိုင်၍ စီလဲ့ကို ရိုက်ချသည်။
"မိုးမြေစွမ်းအားပညာ။ မိုးမြေပြောင်းပြန်လှန်တိုက်ကွက်"
ထိုတူချက်တစ်ချက်သည် တောင်တန်းတစ်သောင်းကို ပြိုကျသွားစေနိုင်သည်။
"ဘာမှမသိလည်တဲ့မျိုးဆက်သစ်ပါလား။ ကောင်းကင်စွမ်းအားကို မင်းနားမလည်သေးဘူးပဲ"
စီလဲ့က အေးစက်စက်စိုက်ကြည့်သည်။ အရွယ်အစားကြီးလာလည်း ဘာမှအရေးစိုက်စရာမရှိ။ ကျင့်စဉ်အဆင့်ကွာဟချက်ကို တိုက်ခိုက်ရေးပညာဖြင့် ဖြည့်ဆည်း၍မရနိုင်။
ကူးဖြတ်ခြင်းအဆင့်၏ အရိယဖလသန္ဓေကို ဘယ်မှော်စွမ်းအားမှ မယှဉ်နိုင်။
"ဘုံကိုးဆင့်နတ်ဆိုးဖျက်လျှပ်စီး"
ကျယ်ပြန့်သည့် ကောင်းကင်အလွှာကိုးခုပေါ်လာသည်။ လျှပ်စီးများပြင်းထန်စွာ ထိုးဆင်းလာသည်။ လောက၏ မကောင်းဆိုးဝါးများ နတ်ဆိုးများကို ဖျက်ဆီးတော့မည့်သဏ္ထာန်ရှိသည်။
နတ်ဆိုးဘယ်သူဆိုသည်ကို စီလဲ့နတ်သခင်က ဆုံးဖြတ်မည်။
"မင်းက နတ်ဆိုးပဲ"
သူအမိန့်ထုတ်ပြန်လိုက်သည်။ အဓိပဓိအကြီးအကဲ၏ သရုပ်မှန်ကို သတ်မှတ်လိုက်သလိုရှိသည်။ နတ်ဆိုးဖျက်လျှပ်စီးများ အကြီးအကဲဆီ ဦးတည်ပြေးဆင်းလာသည်။ လျှပ်စီးကိုးမျိုး တစ်ခုပြီးတစ်ခုကျလာသည်။
လုယန်က 'နတ်ဆိုးအဆိုအမိန့်ကျမ်း'ထဲမှ အချိန်မသေမျိုး၏စကားများကို အပြေးတစ်ပိုင်း ရွတ်ဆိုနေသည်။
နတ်မယ်စကားအရ မှန်ကန်သည့်မန္တာန်ကို ရွတ်ဆိုနိုင်လျှင် မသေမျိုးသေတ္တာပွင့်မည်။ သေတ္တာအကူအညီရလျှင် အဓိပဓိအကြီးအကဲ စီလဲ့ကို ယှဉ်နိုင်လိမ့်မည်။
ရှစ်ခုမြောက်လျှပ်စီးကျလာသည်။ အကြီးအကဲ ခုခံနိုင်တော့မည့်ပုံမပေါ်။ လုယန်အံတင်းတင်းကြိတ်၍ လျှပ်စီးတန်းကိုခုခံဖို့ မသေမျိုးသေတ္တာကို ပစ်လွှတ်လိုက်သည်။
နောက်ဆုံးကျန်သည့် အချိန်မသေမျိုး၏ အဆိုအမိန့်ကို ရှေးဟောင်းဘာသာစကားဖြင့် ရွတ်ဆိုသည်။
"မဟာတာအိုဟာ အဆုံးမရှိဘူး။ ဒါပေမယ့် အချိန်တာအိုသာ အဓိပဓိပဲ"
မသေမျိုးသေတ္တာ၏မျက်နှာပြင်တွင် မှော်အမှတ်အသားမျိုးစုံ အရောင်လက်လာသည်။ အချိန်စွမ်းအင်နှင့်ပေါင်းစပ်ပြီး သေတ္တာကိုကြည့်နေသူတိုင်း၏အာရုံကို ဆွဲယူသည်။
သေတ္တာထဲမှ ခွန်အားဗလတောင့်တင်းသည့် လူတစ်ယောက် ထွက်လာသည်။
"အခုမှပဲ ထွက်နိုင်တော့တယ်"
နောက်ဆုံးလျှပ်စီးက ထိုလူကိုရိုက်ခတ်သည်။
"ငါ့ကို ဘယ်သူတိုက်ခိုက်နေတာလဲကွ"
သူဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။ ထိုအော်သံကပင် မဟာအကြီးအကဲ၏ ခြင်္သေ့ဟောက်သံစွမ်းအားနှင့် တန်းတူအဆင့်ရှိသည်။
လုယန်နှင့်မုန်ကျင်းကျိုးတို့ ထိုလူမျက်နှာကိုမြင်သည်နှင့် ကျောက်ရုပ်လိုဖြစ်သွားသည်။ အာရုံမှားသည်ဟုထင်သဖြင့် မျက်လုံးကိုပွတ်၍ ပြန်ကြည့်သည်။
"ကောင်းကင်သခင်ကွေ့ယန်"
နတ်မယ်က သေတ္တာပေါ်တွင်တောက်ပနေသည့် အမှတ်အသားပုံစံကိုမြင်ပြီးနောက် သေတ္တာ၏စွမ်းရည်ကို နားလည်သွားသည်။
"ဒါက ယင်ထန်မသေမျိုး အချိန်အရိယဖလကိုလေ့လာရင်းနဲ့ ဖန်တီးခဲ့တဲ့ သေတ္တာပဲ။ သေတ္တာထဲက အချိန်စီးဆင်းမှုဟာ အပြင်လောကနဲ့မတူဘူး။ သေတ္တာထဲမှာ တစ်ရက်ကျင့်ကြံရင် အပြင်လောကမှာ တစ်နှစ်ကျင့်ကြံတာနဲ့ ညီမျှတယ်"
လုယန် သေတ္တာအစွမ်းကို အံ့ဩသွားပြီး ခေါင်းငြိမ့်ထောက်ခံရန်ပြင်သည်။ သို့သော် မူမမှန်သည့်အဖြစ်ကို ချက်ချင်းတွေးမိလာသည်။
ထိုသေတ္တာကို ဘာအတွက်အသုံးပြုသည်မသိ။
*****************************
အခန်း (၁၀၇၄) ခေါင်းမာသည့်ကောင်းကင်သခင်
"နတ်မယ်၊ ဒီသေတ္တာက ဘယ်လိုသုံးတာလဲ"
"ဘာမှအသုံးမဝင်ပါဘူး။ အသုံးဝင်ရင် အချိန်မသေမျိုးက ဘာလို့မြေထဲမြှုပ်ထားမှာလဲ။ သိပ်အသုံးမဝင်ဘူးလို့ သူခံစားရမယ်။ ဖျက်ဆီးရမှာလည်း နှမျောလိမ့်မယ်။
ဒါကြောင့် ဘယ်သူမှ မရောက်နိုင်တဲ့နေရာမှာထားတာ။ ကြည့်လေ။ လျှို့ဝှက်မြေမှာ အတားအဆီးတွေလည်း အများကြီးလုပ်ထားတာပဲ"
"ဒါဆို ဘိုးဘေးက..."
"သူက ခေါင်းမာတယ်တဲ့လူဖြစ်မယ်ထင်တယ်။ စည်းမျဉ်းစည်းကမ်းတွေကို အရေးမစိုက်ဘဲ လျှို့ဝှက်မြေထဲ အတင်းဝင်ပြီး အတားအဆီးတွေကို ချိုးဖျက်တယ်။
စိတ်ချရတယ်ထင်တဲ့ ခလုတ်တစ်ခုခုကို သွားထိမိလို့ သေတ္တာထဲ စုပ်ယူခံခဲ့ရတာဖြစ်မယ်"
လုယန် တွေးရခက်သွားသည်။ ကောင်းကင်သခင်ကွေ့ယန် သဲလွန်စရှာမရဘဲ ပျောက်ဆုံးသွားသည်မှာ နှစ်ရှစ်သောင်းကျော်ကြာပြီဟု အမယွမ်က ပြောခဲ့ဖူးသည်။
ကိုယ့်အစွမ်းအစကိုယ် ယုံကြည်မှုလွန်ကဲပြီး လျှို့ဝှက်မြေထဲ အတင်းထိုးဖောက်ဝင်သဖြင့် သေတ္တာထဲ ပိတ်မိနေခဲ့ခြင်းလားမသိ။
(တာအိုလမ်းစဉ်ဂိုဏ်း၏ နာမည်ကျော်ဘိုးဘေးသုံးယောက်တွင် ကောင်းကင်သခင်ကွေ့ယန်သည် ဒုတိယလူဖြစ်သည်။ တာအိုရှင်ရှန်ထန်၊ ကွေယန်ဘိုးဘေး၊ ပြီးလျှင် ပင်လယ်တာအိုသခင်)
"ဘယ်သူလဲကွ"
သေတ္ထာထဲမှထွက်လာသည့်လူကို စီလဲ့ သတိဖြင့်ကြည့်နေသည်။
ထိုလူသည် ကောင်းကင်လျှပ်စီးကို ခံနိုင်ရည်ရှိသည်။ ဆံပင်ထိပ်ဖျားလောက်သာ မီးလောင်သည်။ ထိုလူ၏စွမ်းအားကို လျှော့တွက်၍မရ။
"ငါ့ကိုအရင် တိုက်ခိုက်ပြီးမှ ငါဘယ်သူလဲလို့ မေးတယ်ပေါ့"
ကွေ့ယန် ချက်ချင်းဒေါသထွက်လာသည်။
သောက်ရေးမပါသည့် ထိုသေတ္တာထဲတွင် 'နှစ်နှစ်ရာ'ကြာအောင်ပိတ်မိခဲ့သည်။ ယခုမှပြန်လွတ်လာသည်။ ထွက်လာလာချင်း လျှပ်စီးဖြင့် တိုက်ခိုက်ခံရသည်။ သူ့ခန္ဓာကိုယ်က သန်မာ၍သာတော်သေးသည်။
တစ်ခြားလူသာဆိုလျှင် ပြာပုံဘဝရောက်သွားလောက်သည်။
"မင်းက...တာအိုလမ်းစဉ်ဂိုဏ်းက ကောင်းကင်သခင်ကွေ့ယန်ပဲ"
စီလဲ့ မှတ်မိလာသည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ ဘိုးဘေးသုံးယောက်၏ ရုပ်သွင်ကို အတော်များများသိကြသည်။ ဂုဏ်ပြုပွဲအခမ်းအနားများတွင် ထိုဘိုးဘေးတို့၏ ရုပ်ထုသုံးခုကိုပင် ပူဇော်ဖို့ ထုတ်ယူလာကြသည်။
သူလည်း မသေမျိုးတစ်ဝက်ဖြစ်သည်။ မဟာယုခေတ်နှောင်းပိုင်းတွင် နာမည်ကျော်ကြားခဲ့သည်။ မဟာရှားတည်ထောင်ပြီးနောက် မသေမျိုးငါးဂိုဏ်းတည်ထောင်သူများထဲမှ တစ်ယောက်ဖြစ်လာသည်။ သူ့အဆင့်အတန်းသည် စီလဲ့နတ်သခင်ထက်မနိမ့်။
"မင်းနဲ့အချိန်မသေမျိုးက ဘယ်လိုပတ်သက်လဲ။ ဘာလို့ ဒီသေတ္တာထဲမှာ ပိတ်မိနေတာလဲ"
"စကးရှည်မနေနဲ့။ ငါ့လက်သီးကို အရင်မြည်းကြည့်"
ကောင်းကင်သခင်ကွေယန် စီလဲ့ဘယ်သူဘယ်ဝါဆိုသ်ညကို ဂရုမစိုက်။ လက်ရှိအခြေအနေကိုလည်း အရေးမစိုက်။
သူ့အတွေးကရှင်းသည်။ ဘုမသိဘမသိ သူတိုက်ခိုက်ခံရသည်။ သူပြန်တိုက်ခိုက်ရမှ ကျေနပ်မည်။ ပြီးမှတစ်ခြားအကြောင်းများပြောမည်။
ကွေယန် နဂါးတစ်ကောင်လို ကောင်းကင်သို့ခုန်တက်သွားသည်။ စီလဲ့ကို လက်သီးဖြင့်ထိုးသည်။ သူ့လက်သီးက မီးတောက်လို အနီရောင်အလင်းများ ပေါက်ကွဲထွက်လာသည်။
စီလဲ့လည်း ငြိမ်ခံမနေ။ သူ့လက်ဝါးမှ မီးခိုးဖြူရောင်လျှပ်စီးများထွက်လာသည်။ လက်ဝါးကိုတွန်းထုတ်လိုက်သည်။ လေဟာနယ်ကိုဖျက်ဆီးသည်။ လျှပ်စီးလိုမြန်ဆန်သည်။
လက်သီးနှင့်လက်ဝါးတွေ့ချိန်တွင် ဝုန်းခနဲအသံတစ်ချက်မြည်ဟိန်းလာသည်။ လျှပ်စီးစွမ်းအားများ ကြေမွပျက်စီး၍ မီးတောက်အလင်းအဖြစ်ပြောင်းသွားသည်။ စီလဲ့နတ်သခင် လွင့်ထွက်သွားသည်။
စီလဲ့ အတော်ထိတ်လန့်လာသည်။ လက်သီးနှင့် ရင်ဆိုင်ချိန်တွင် ကွေ့ယန်၏စွမ်းအားကို လျှော့တွက်ခဲ့မိကြောင်း နားလည်လာသည်။ ထိုလူ၏ ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် မာကျောသည်။ သူတိုက်ရိုက်ရင်ဆိုင်၍မရနိုင်။
ကူးဖြတ်ခြင်းအဆင့် ခန္ဓာကျင့်ကြံသူပင် ထိုရုပ်ခန္ဓာမျိုး မရှိနိုင်။ ဘယ်လိုကျင့်ကြံထားသည်မသိ။ အရိယဖလသန္ဓေ၏ စွမ်းအားလည်းဖြစ်နိုင်သည်။
"နတ်မယ်၊ ဘိုးဘေးကွေ့ယန်က ဘာလို့ဒီလောက်စွမ်းတာလဲ"
လုယန်က မေးသည်။
မဟာချန်သည် ယုံကြည်မှုစွမ်းအားဖြင့် အရိယဖလသန္ဓေလေးခုဖန်တီးခဲ့သည်။ ရှေးဟောင်းမသေမျိုးလေးယောက်၏ အရိယဖလမျိုးဖြစ်သည်။
စီချန်းနှင့်စီလဲ့က ထိုထဲမှ နှစ်ခုပိုင်ဆိုင်သည်။ စီလဲ့က လျှပ်စီးအရိယဖလပိုင်ရှင်ဖြစ်သည်။ ထို့ပြင် ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့် စွမ်းအားရှင်လည်းဖြစ်သည်။
သို့သော်ယခု သူ့လိုလူတစ်ယောက်က ကွေ့ယန်၏လက်သီးချက်ဖြင့် လွင့်ထွက်သွားသည်။
ဘိုးဘေးကွေ့ယန်၏ အရိဖလသန္ဓေက ဘယ်လိုအမျိုးအစားမှန်းမသိ။
"ဘိုးဘေးကွေ့ယန်နဲ့ တွေ့မယ်မှန်းသာသိခဲ့ရင် သူ့အရိယဖလသန္ဓေအကြောင်း အမယွမ်ဆီက ငါကြိုစုံစမ်းခဲ့မှာ"
လုယန် နည်းနည်းနောင်တရသည်။
"ဘိုးဘေးကွေ့ယန်ရဲ့ အရိယဖလသန္ဓေအကြောင်း ငါကြားဖူးပါတယ်"
မုန်ကျင်းကျိုးက ပြောသည်။
"ဘယ်လိုသန္ဓေမျိုးလဲ"
"ပေါင်းစည်းခြင်းအရိယသန္ဓေတဲ့။ ဘယ်အရာမဆို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းနိုင်စွမ်းရှိတယ်"
"ဒါဆိုရင် ရှင်းသွားပါပြီ"
မုန်ကျင်းကျိုးစကားကြောင့် နတ်မယ်သဘောပေါက်သွားသည်။
"ဒီကောင်လေးရဲ့ ရုပ်ခန္ဓာ ဒီလောက်ထူးခြားနေတာ မဆန်းတော့ဘူး။ သူက သူ့အသားကိုမသေမျိုးရွှေနဲ့ ပေါင်းစပ်ထားတာ။ ပေါင်းစည်းခြင်းအရိယဖလပဲဖြစ်ရမှာပေါ့"
အသားနှင့်မသေမျိုးရွှေကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်သည်။ သူ့ခန္ဓာကိုယ် ဘယ်လောက်မာကျောမည်ကို တွေးကြည့်ရုံဖြင့်သိနိုင်သည်။
လုယန် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ ဘိုးဘေးကွေ့ယန် ထိုမျှရဲတင်းနေသည်မှာ မဆန်းတော့။ အဆင့်မြင့်စွမ်းရည်မျိုး တကယ်ပိုင်ဆိုင်ထားသည်။
"မင်းကများ ခုခံရဲသေးတယ်ပေ့ါ"
ကွေ့ယန် မကျေနပ်။ ထိုလုပ်ရပ်သည် သူ့ကိုမလေးစားခြင်းဖြစ်သည်။ တစ်ဘက်လူက သူ့ကိုအရင်တိုက်ခိုက်သည်။ တောင်ပန်းစကားပင်မပြော။ သူက ပြန်ထိုးသည်။ တစ်ဘက်လူက ခုခံသည်။
လုံးဝသဘာဝမကျ။
ကောင်းကင်သခင်ကွေ့ယန် ရူးသွားပြီဟု စီလဲ့တွေးလိုက်သည်။
"မင်းကငါ့ကိုတိုက်ခိုက်နေတာ။ ငါမခုခံဘဲနေရမှာလားကွ"
နှစ်ယောက်သား နောက်တစ်ကြိမ် တိုက်ခိုက်ကြပြန်သည်။
ထိုအချိန်ကို အခွင့်ကောင်းယူ၍ အကြီးအကဲကျင်းဝမ်ကျန်းက မိုးမြေစွမ်းအားကို ပြန်ရုတ်သိမ်းပြီး မူလအသွင်ပြန်ပြောင်းသည်။ တိုက်ပွဲကြားမှ အသာလစ်ထွက်လာသည်။
"အဆင်ပြေရဲ့လား ဘိုးဘေး"
ဂိုဏ်းချုပ်ခုန်က အကြီးအကဲကို အမြန်တွဲကူပေးသည်။ ကျန်းစာတိုက်သို့ ပြန်ခေါ်သွားသည်။ ကောင်းကင်တွင် အချိန်ကြာမြင့်စွာ လျှပ်စီးဒဏ်ခံခဲ့ရသဖြင့် မတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်တော့။
ဂိုဏ်းချုပ်ခုန်၏ လမ်းညွှန်မှုဖြင့် ဂိုဏ်းတပည့်များ အပြင်သို့ထွက်သွားပြီးဖြစ်သည်။
ကျမ်းစာတိုက်တွင် အကာအကွယ်မှော်စက်ဝန်းတစ်ခုရှိသည်။ ဂိုဏ်းတွင် အလုံခြုံဆုံးနေရာဖြစ်သည်။
ဖန်လင်း၊ လုယန်နှင့် မုန်ကျင်းကျိုးတို့လည်း အကြီးအကဲအတွက် အတော်စိတ်ပူနေကြသည်။
"ငါအဆင်ပြေပါတယ်။ ခုနက စွမ်းအားသုံးရတာ များလွန်းသွားလို့ပါ။ နည်းနည်းနားလိုက်ရင် အဆင်ပြေမှာပါ"
ထိုသို့ပြောရင်း ကျင်းဝမ်ကျန်း ဆေးတစ်လုံးကို ပါးစပ်ထဲထည့်လိုက်သည်။
စွမ်းအားပြန်ပြည့်လာပြီးနောက် ဖြစ်ခဲ့သည့်အခြေအနေများကို ပြန်သုံးသပ်သည်။
"ဘယ်လိုတွေဖြစ်သွားတာလဲ. ရုတ်တရက်ကြီး မသေမျိုးနှစ်ယောက် ဒီမှာပေါ်လာတယ်။ ကောင်းကင်သခင်ကွေ့ယန်ဆိုတာ ဘယ်သူလဲ။ ငါတို့ဂိုဏ်းကိုတော့ ပြန်တည်ဆောက်ရတော့မှာပဲ"
တွင်းနက်များပြည့်နေသည့် မြေပြင်နှင့် ပျက်စီးနေသည့်ဂိုဏ်းမြင်ကွင်းကိုကြည့်၍ သူရင်နာနေသည်။ ဂိုဏ်းကာကွယ်သူတစ်ယောက်အနေဖြင့် သူတာဝန်မကျေခဲ့။ ဂိုဏ်းကို မစောင့်ရှောက်နိုင်ခဲ့။
"စိတ်မပူပါနဲ့ဘိုးဘေး။ ကျုပ်တို့ဂိုဏ်းက အာမခံကြိုဝယ်ထားပြီးသားပါ။
"အာမခံ...ဟုတ်လား။ ဘယ်သူဝယ်ထားတာလဲ"
ကျင်းဝမ်ကျန်း အံ့အားသင့်သွားသည်။ သို့သော် ထိုကိစ္စက သတင်းကောင်းဖြစ်သည်။
"ရှောင်ကျင်းက ရှေ့ရေးကို ကြိုတွေးတတ်တယ်လေ။ အာမခံစာချုပ် ကြိုဝယ်ထားတယ်"
"သိပ်ကောင်းတာပေါ့ကွာ"
အာမခံစာချုပ်အကြောင်းသိလိုက်ရသဖြင့် ကျင်းဝမ်ကျန်း အတော်စိတ်သက်သာရာရသွားသည်။ ဖန်ကျင်းကို သူလှည့်မေးသည်။
"အာမခံဝယ်ဖို့ မင်းဘယ်လိုတွေးမိခဲ့တာလဲ"
ဂိုဏ်းတည်ထောင်ခဲ့သည့် နှစ်နှစ်သောင်းကျော်အတွင်း ထိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးခဲ့။ ပုံမှန်အားဖြင့် ဂိုဏ်းအတွက် အာမခံဝယ်လျှင် သွင်းရသည့်အာမခံကြေး ရှုံးရုံသာရှိမည်။
"နေပါဦး၊ ငါတို့ဂိုဏ်းမှာ မသေမျိုးတစ်ဝက်နှစ်ယောက်တိုက်ခိုက်တာ မင်းယူလာတဲ့ မသေမျိုးသေတ္တာကြောင့်မဟုတ်လား ကောင်လေး"
စီလဲ့နှင့်ကွေ့ယန်နှစ်ယောက်လုံး ထိုမသေမျိုးသေတ္တာနှင့် ပတ်သက်မှုရှိနေသည်ကို ကျင်းဝမ်ကျန်း ပြန်သတိရလာသည်။
ဖန်ကျင်း မျက်နှာဘယ်လိုထားရမည်မှန်းမသိတော့။ သူအာမခံဝယ်ခဲ့သည်။ မသေမျိုးသေတ္တာကို ဂိုဏ်းသို့ယူခဲ့သည်။ ထို့နောက် မသေမျိုးတစ်ဝက်တိုက်ပွဲဖြစ်လာသည်။
ဘာကြောင့်မှန်းတော့မသိ။ တစ်ခုခုထူးဆန်းနေသလို ခံစားရသည်။
"ဒီသေတ္တာဘယ်လိုရလာတာလဲဆိုတာ အသေးစိတ်ရှင်းပြပါဦး"
ဖန်ကျင်းက လုယန်တို့နှင့် ပြဿနာရှင်းဖို့လိုက်သွားသည့်အဖြစ်မှစ၍ အားလုံးအသေးစိတ်ရှင်းပြသည်။
"ဒါဆို မသေမျိုးသေတ္တာကို မင်းရခဲ့တာ တိုက်ဆိုင်မှုသက်သက်ပဲပေါ့"
တိုက်ဆိုင်မှုတစ်ခုဟုသာ ကျင်းဝမ်ကျန်းယုံကြည်သည်။ ဖန်ကျင်းကလည်း ဂိုဏ်းပျက်စီးဖို့ ကြံစည်မည့်လူမဟုတ်။ မသေမျိုးသေတ္တာကိုရှာတွေ့ခြင်းသည် အတော်ကံကောင်း၍သာဖြစ်သည်။
ဖန်ကျင်းလည်း အတွေးနစ်နေသည်။ တိုင်ပုဖန်သည် နတ်မျက်စိဗေဒင်ကို တတ်ကျွမ်းဟန်ရှိသည်။ သူပို့လိုက်သည့်စာတစ်စောင်ကိုကြည့်၍ ကံဆိုးမှုကြုံတော့မည်ကို ကြိုမြင်ပုံရသည်။ ထို့ကြောင့်သူ့ကို အာမခံဝယ်ဖို့ အကြံပေးခဲ့ခြင်းဖြစ်လိမ့်မည်။
ကွေ့ယန်နှင့်စီလဲ့တို့ ကောင်းကင်တွင် တိုက်ခိုက်နေကြဆဲဖြစ်သည်။
ကွေ့ယန်ကို တိုက်ရိုက်ရင်ဆိုင်၍မရမှန်းသိသဖြင့် စီလဲြ လူချင်းခွာလိုက်သည်။
"မင်းခန္ဓာကိုယ်က အတော်မာတယ်ပေါ့၊ ဟုတ်လား။ ဘယ်လောက်မာနိုင်မလဲ ကြည့်ရသေးတာပေါ့ကွာ"
မိုးမြေကြားတွင် ငါးရောင်ခြယ်လျှပ်စီးတန်းတစ်ခု ဆန့်ထွက်လာသည်။ လေဟာနယ်ကို ထိုးခွဲ၍ ဆင်းလာသည်။ ဘေးပတ်လည်မိုင်ထောင်ချီ၍ တုန်ခါသွားသည်။
"ရွီး..ဖျောင်း"
လျှပ်စီးတန်း ကျမ်းစာတိုက်ကို ရိုက်ခတ်သည်။ အကာအကွယ်မှော်စက်ဝန်း အက်ကွဲလာသည်။ နောက်ထပ် ခံနိုင်ရည်ရှိမရှိ မသေချာတော့။
ထိုမြင်ကွင်းကိုကြည့်၍ ကျင်းဝမ်ကျန်း မျက်ခုံးလှုပ်သွားသည်။ ထိုလျှပ်စီးသာ သူ့ကိုထိလျှင် အသက်ရှင်နိုင်မည့်လမ်းမမြင်။
"လျှပ်စီးကိုဆင့်ခေါ်နိုင်လို့ ကိုယ့်ကိုယ်ကို အဟုတ်ကြီးမှတ်နေတယ်ပေါ့"
ကွေ့ယန် နှာခေါင်းတစ်ချက်ရှုံ့သည်။
ငါးရောင်ချယ်လျှပ်စီးဆင်းလာသည်။ ကွေ့ယန်က ပေါင်းစည်းခြင်းအရိယဖလသန္ဓေစွမ်းအားကို အသက်သွင်းလိုက်သည်။ မိုင်တစ်ရာပတ်လည်လေဟာနယ်တစ်ခုလုံးကို ငါးရောင်ခြယ်လျှပ်စီးနှင့် အပြည့်အဝပေါင်းစပ်လိုက်သည်။
ထို့ကြောင့် လျှပ်စီးစွမ်းအားက မိုင်တစ်ရာတတ်လည်လေဟာနယ်အနှံ့ ညီညာစွာပျံ့သွားသည်။ ကွေ့ယန်ကိုထိသည့် လျှပ်စီးစွမ်းအားက ဘာမှအရေးစိုက်စရာမရှိတော့။
*********************************