← Chapters

အခန်း (၁၀၇၅-၁၀၇၇)

Vol. 72 Ch. 1075-1077

အခန်း (၁၀၇၅-၁၀၇၇)

Vol. 72 Ch. 1075-1077

အခန်း (၁၀၇၅) လျှပ်စီးဖြင့်သန္ဓေတည်

ကောင်းကင်သခင်ကွေ့ယန်၏အသားက မသေမျိုးရွှေဖြင့် ပေါင်းစပ်ထားသဖြင့် ဖျက်ဆီး၍မရ။ ပြန့်ကျဲသွားသည့် လျှပ်စီစွမ်းအားများက သူ့အပေါ်ကျ‌သော်လည်း ထိခိုက်ခြင်းမရှိ။

သို့သ်ော ထိုလျှပ်စီးသည် ငါးရောင်ခြယ်လျှပ်စီးဖြစ်သည်။ ပြန့်ကျဲသွားသည့်တိုင် စွမ်းအားက ကြောက်စရာကောင်းနေသေးသည်။ သာမန်အဆောက်အဦးများ ထိုလျှပ်စီးဒဏ်ကို မခံနိုင်ကြ။

ကျမ်းစာတိုက်မှလွဲ၍ မိုင်တစ်ရာပတ်လည်အတွင်း မီးလောင်မြေအဖြစ် ပြောင်းလဲသွားသည်။

"ဘုံကိုးဆင့်က ကောင်းကင်လျှပ်စီးဆင်းမယ်"

"အနန္တလျှပ်စီးတိမ်တိုက်"

"တုထန်လျျပ်စီး"

စီလဲ့သခင် ကောင်းကင်လျှပ်စီးမျိုးစုံ ထုတ်လွှတ်လိုက်သည်။ အသွင်သဏ္ထာန်ကွဲပြားသည်။ သို့သော် အမျိုးအစားတစ်ခုချင်းစီက ကြောက်စရာစွမ်းအားများ ရှိသည်။ ကူးဖြတ်ခြင်းအဆင့်များ ခံနိုင်ရည်ရှိသည့် အတိုင်းအတာထက် ကျော်လွန်နေသည်။

လျှပ်စီးမျိုးစုံဝင်လာသော်လည်း ကွေ့ယန်က အရိယဖလသန္ဓေစွမ်းအားဖြင့် ချေဖျက်သည်။ လျှပ်စီးစွမ်းအားဘယ်လောက် ပြင်းထန်သည်ဖြစ်စေ ဘာမှအကျိုးမထူး။ စီလဲ့ ဒေါသကြောင့် အံတင်းတင်းကြိတ်နေသည်။

လျှပ်စီးဖြင့်မထိရောက်လျှင် နည်းလမ်းတစ်မျိုးပြောင်းရမည်။

"ကောင်းကင်လွှမ်းခြုံခြင်း"

ခပ်တိုးတိုးအော်ဟစ်သံနှင့်အတူ စီလဲ့တစ်ကိုယ်လုံး လျှပ်စီးအသွင်ပြောင်းသွားသည်။ မယုံနိုင်လောက်သည့် အမြန်နှုန်းဖြင့် လှုပ်ရှားသည်။ ကွေ့ယန်ရှေ့သို့ ချက်ချင်းရောက်သွားသည်။ ကွေ့ယန်က ဘာမှမတွေးပဲ လက်သီးတစ်ချက်ထိုးလိုက်သည်။

သို့သော် လက်သီးချက်က စီလဲ့ခန္ဓာကိုယ်ကိုထိုးဖောက်သွားသည်။ လေကိုသာထိသည်။

"ဟားဟား၊ အခုမင်းငါ့ကို ဘယ်လိုထိအောင်တိုက်မှာလဲ"

စီလဲအော်ဟစ်ရယ်မောနေသည်။ ဤအခြေအနေတွင် ဘယ်တိုက်ခိုက်မှုမျိုးကိုမှ သူမကြောက်။ ကွေ့ယန်ခန္ဓာကိုယ် ဘယ်လောက်မာသည်ဖြစ်စေ သူ့ကိုမထိလျှင် ဘာမှအကျိုးမရှိ။

ယခုသူသည် ကောင်းကင်ကိုယ်စား ကင်းလှည့်နေသည့် မိုးကြိုးနတ်ဘုရားနှင့်တနေသည်။ သက်ရှိအားလုံး၏ သေခြင်းရှင်ခြင်းကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည်။ ကပ်ဆိုးအားလုံးကို ထိန်းချုပ်ထားသည်။

"မဟာချန်ကောင်လေးက အတော်ဉာဏ်ထက်တာပဲ။ လျှပ်စီးအသွင်ပြောင်းဖို့ သူစဉ်းစားမိတယ်"

နတ်မယ် ရယ်နေသည်။

"ယင်ထန်မသေမျိုးက ဒီနည်းလမ်း လေးငါးကြိမ်သုံးဖူးတယ်။ ငါးရှဉ့်လိုပဲ အလွန်ဖမ်းရခက်တယ်။ အာရုံခံဖို့လည်းမလွယ်ဘူး။ ဒီတိုက်ကွက်ကို စဉ်းစားမိတဲ့အချိန်က ငါ့ကိုသူ ကြွားလုံးထုတ်ခဲ့တယ်လေ"

"ဒါဆို ဒီတိုက်ကွက်ကို ဘယ်လိုတန်ပြန်ရင်ဆိုင်ရမှာလဲ"

လုယန်မေးသည်။ ကွေ့ယန် အရေးမလှသလိုဖြစ်နေသည်ကို သူမြင်ရသည်။

"ခန္ဓာကိုယ်နှစ်ကြိမ်လောက် ဖောက်ခွဲလိုက်ရုံပါပဲ။ အပိုးကျိူးသွားလိမ့်မယ်"

...ဘိုးဘေးကွေ့ယန်ကတာ့ ဒီနည်းလမ်းမသုံးနိုင်လောက်ဘူးထင်တယ်။

ကောင်းကင်လွှမ်းခြုံခြင်းခြင်းလျှပ်စီးက မယုံနိုင်လောက်အောင် အဆင့်မြင့်သည်။ လျှပ်စီးက ပေါ်လိုက်ပျောက်လိုက်ဖြင့် နေရာစုံထိုးဖောက်ဝင်ရောက်သည်။ စီလဲ့က ကွေယန်ကို လှည့်ပတ်ပျံသန်း၍ လျှပ်စီးဖြင့် ခဏခဏတင်တိူက်ခိုက်သည်။

ကွေ့ယန်က ပိုစွမ်းအားကြီးသော်လည်း နေရာစုံမှဝင်လာသည့် လျှပ်စီးအားလုံးကို မကာကွယ်နိုင်။

ပေါင်းစည်းခြင်းအရိယဖလသန္ဓေကလည်း စီလဲ့လျှပ်စီးအသွင်ပြောင်းနေချိန်တွင် လေဟာနယ်ထဲသို့ မပေါင်းစပ်နိုင်။ အရိယဖလအစစ်သာ ထိုသို့လုပ်နိုင်စွမ်းရှိလိမ့်မည်။

"ငါက ကောင်းကင်ကိုယ်စား လောကမာလှည့်လည်ခဲ့တဲ့လူပါ။ မင်းငါ့ကို ဘယ်လိုနိုင်မှာလဲ။ မသေမျိုးသေတ္တာ မြန်မြန်ထုတ်ပေးစမ်း"

စီလဲ့ အထက်စီးလေသံဖြင့်ပြောသည်။ လျှပ်စီးခန္ဓာအဖြစ်ပြောင်းနေချိန်တွင် ထိုစကားမျိုး သူပြောခွင့်ရှိသည်။

"မိုးကြိုးလက်ဝါး"

ကွေယန်က လက်ဝါးကိုဖျတ်ခနဲလှုပ်ရှားလိုက်သည်။ လက်ဝါးအလယ်တွင် ရွှေရောင်လျှပ်စီးတန်းငယ်တစ်ခုပေါ်လာသည်။ ထိုမြင်ကွင်းကိုကြည့်၍ စီလဲ့ ရယ်မိမတတ်ဖြစ်သွားသည်။

ကွေ့ယန်က ကိုယ်ကိုယ်ကို သေကြောင်းကြံနေခြင်းလား..လျှပ်စီးအရိယဖလသန္ဓေပိုင်ရှင်ကို လျှပ်စီးဖြင့်တိုက်ခိုက်ဖို့ ပြင်နေသည်။

သို့သော် ကွေ့ယန် ထင်မထားသည့် အပြောင်းအလဲတစ်ခု လှုပ်ရှားလိုက်သည်။

"ပေါင်စည်းမယ်"

လက်ဝါးလျှပ်စီးက ကွေ့ယန်နှင့်ပေါင်းစပ်သွားသည်။ ထို့နောက်...သူလည်းလျှပ်စီးအသွင်ပြောင်းသွားသည်။

"မင်းကိုထိလို့မရဘူးဆိုတာ ငါမယုံဘူး ခွေးသူတောင်းစား"

ကွေ့ယန် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။ ကြီးမားသည့်လက်ဝါးရိပ် ရိုက်ခံခံရသဖြင့် စိလဲ့ အငိုက်မိသွားသည်။

ယခု နှစ်ယောက်လုံးက လျှပ်စီးအသွင် ရှိနေသဖြင့် တစ်ယောက်နှင့်တစ်ယောက် ထိတွေ့နိုင်ပြီဖြစ်သည်။

"အတော်တုံးအပြီး ရယ်ရတဲ့ကောင်ပဲ။ ငါလျှပ်စီးကို ထိန်းချုပ်နိုင်တာ မင်းမသိဘူးလား"

ထင်မှတ်မထားသည့် ကွေ့ယန်၏ရိုက်ချက်ကို ကြုံရသော်လည်း စီလဲ့သခင် ကိုယ့်ဘက်မှအလေးသာသေးကြောင်း ချက်ချင်းနားလည်သည်။

ကွေ့ယန်က လျှပ်စီးဖြစ်လာလျှင် သူ့ထိန်းချုပ်မှုအောက်သို့ ရောက်သွားသည့်သဘောဖြစ်သည်။

စိတ်အတွေးဖြင့် ကွေ့ယန်၏ခန္ဓာကိုယ်ကို သူထိန်းချုပ်နိုင်မည်။ သူအလိုရှိသလို ခိုင်းစေနိုင်သည်။ သတ်သေခိုင်းလျှင်လည်းရသည်။

"ရပ်လိုက်"

စကားတစ်ခွန်းဖြင့် ကွေ့ယန်ကို စီလဲ့သခင်ထိန်းချုပ်လိုက်သည်။ ကွေ့ယန် လက်ချောင်းများပင်မလှုပ်နိုင်တော့။

မသေမျိုးသေတ္တာလက်လွဲပေးဖို့ကွေ့ယန်ကို တောင်းဆိုရန်ပြင်နေစဉ် အောက်ဘက်မှ ကွေ့ယန်အော်သံကို ကြားလိုက်ရသည်။

"ပေါင်းစည်းမယ်"

စီလဲ့ ချက်ချင်းမျက်လုံးပြူးသွားသည်။ သူ့ခန္ဓာကိုယ်ကို လုံးဝထိန်းချုပ်မရတော့ဘဲ ကွေ့ယန်ဆီ လွင့်ပျံသွားပြီး ဝင်တိုက်မိသည်။ တစ်သားတည်းပေါက်စပ်သွားသည်။ ဦးခေါင်းများသာကျန်နေသည်။

ခန္ဓာတစ်ခု ခေါင်းနှစ်လုံး။ အတော်ကြည့်ရဆိုးပြီး ကြောက်စရာကောင်းသည်။

စီလဲ့အနေဖြင့် ကွေ့ယန်ကို ဒုက္ခပေးလျှင် ကိုယ့်ကိုယ်ကို ဒုက္ခပေးသလိုသာဖြစ်မည်။

ထိုအခြေအနေမျိုး တစ်ခါမှမကြုံဖူးသဖြင့် ခန္ဓာကိုယ်ကို သူဘယ်လိုထိန်းချုပ်ရမှန်းမသိ။ ကွေ့ယန်က အခွင့်အရေးကိုလက်လွတ်မခံဘဲ စီလဲ့၏မျက်နှာကို ထိုးလိုက်သည်။ သွားနှစ်ချောင်းကျွတ်ထွက်သွားသည်။

"မင်းဒီတစ်ခါ ဘယ်ထွက်ပြေးဦးမလဲ ကြည့်ရ‌သေးတာပေါ့"

ကွေ့ယန် အေးစက်စက်ပြောသည်။ နည်းနည်းမှ ကရုဏာသံမပါ။

စီလဲ့နတ်သခင်၏စိတ်အတွေးများ ပြေးလွှားနေသည်။ ထိုအတိုင်းဆက်သွား၍မဖြစ်။ ရုန်းထွက်ဖို့ နည်းလမ်းရှာရမည်။

သူ့အရိယဖလသန္ဓေက အတော်ပူးကပ်နေသည်။ ကွေ့ယန် တိုက်ပွဲအစကတည်းက ဘာကြောင့်ထိုသို့ မပေါင်းစပ်ခဲ့သနည်း။ ဤနည်းလမ်းတွင် ဟာကွက်တစ်ခုခု ရှိနေခြင်းလော။

"ခွဲမယ်"

စီလဲ့က ကောင်းက်င်လွှမ်းခြုံခြင်းလျှပ်စီးကို ပြန်ခွာ၍ မူလအသွင်ပြန်ပြောင်းသည်။ ထင်သည့်အတိုင်းပင် ‌ပေါင်းစပ်ထားသည့်အခြေအနေမှ လွတ်သွားသည်။

ကွေ့ယန်၏ ပေါင်းစည်းခြင်းစွမ်းရည်တွင် ချွင်းချက်တစ်ခုရှိသည်။ ရုပ်ခန္ဓာနှစ်ခုပေါင်းစပ်လျှင် နှစ်ဦးသဘောတညီမှုလိုသည်။ ရုပ်ခန္ဓာတို့၏ ခိုင်မာသိပ်သည်းမှုကြောင့် ပေါင်းစပ်သည့်ဖြစ်စဉ် အခက်အခဲရှိသည်။

ရုပ်ခန္ဓာအသွင်မရှိဘဲ သိပ်သည်းဆနည်းသည့် လျှပ်စီးအသွင်ဖြစ်လျှင် အတင်းပေါင်းစပ်၍ ရနိုင်သည်။

စီလဲ့မူလအသွင်ပြန်ပြောင်းသဖြင့် ကွေ့ယန်လည်း လျှပ်စီးခန္ဓာကိုယ်မှ လူအသွင်ပြန်ပြောင်းသည်။

"မင်းက လျှပ်စီးကို မိုင်တစ်ရာပတ်လည်ဖြန့်တယ်ပေါ့။ ကောင်းပြီလေ။ ဒါဆိုလည်း မိုင်တစ်ရာအတွင်း နေရာစုံကနေ မင်းကိုငါတိုက်ခိုက်မယ်"

"လွေ့ရွှေကပ်ဆိုး"

'စီလဲ့'ဟူသည့် နာမည်သည် လျှပ်စီးအရိဖလပိုင်ဆိုင်သည့်သဘောကို ဆိုလိုသည်။ ရိုးရိုးလျှပ်စီးသာမဟုတ်။ ကောင်းကင်ဆင်းရဲလျှပ်စီးကိုပါ ထိန်းချုပ်နိုင်သည်။

လွေ့ရွှေကောင်းကင်လျှပ်စီး ပေါ်လာသည်။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းတစ်ခုလုံး ဖုံးလွှမ်းသွားသည်။ ထိုမြင်ကွင်းကိုကြည့်၍ ကျင်းဝမ်ကျန်း ကျမ်းစာတိုက်ထဲတွင် ငြိမ်ထိုင်မနေနိုင်တော့ဘဲ။ လူအားလုံးကို ဂိုဏ်းအပြင်ဘက်သို့ ဆွဲထုတ်သွားသည်။

အစောပိုင်းက ကွေ့ယွန်နှင့်တိုက်ခိုက်နေရသဖြင့် တစ်ခြားလူများကို စီလဲ့ အရေးမစိုက်နိုင်ခဲ့။

လွေ့ရွှေလျှပ်စီးကြောင့် ကွေ့ယန်မြေကြီးနှင့် ပေါင်းစပ်လိုက်သည်။ လျှပ်စီးကို သူ့မြေခန္ဓာဖြင့် ကာကွယ်သည်။

မြေကြီးများ ကြွက်တ်လာသည်။ လူ့ဘီလူးကွေ့ယန်ပေါ်လာသည်။ နောက်ကျော်တွင် တောင်တန်းများထမ်းပိုးထားသည်။ အစကတည်းက တောင့်တင်းသန်မာသည့် ကွေ့ယန်အသွင်က ပို၍ခြောက်ခြားစရာကောင်းလာသည်။ ဂိုဏ်းကိုဖုံးလွှမ်းနေသည့် ကောင်းကင်လျှပ်စီးများက ကွေ့ယန်၏ ဒူးဆစ်အထိသာ ရောက်သည်။

မသေမျိုးတစ်ဝက်များတိုက်ခိုက်လျှင် မိုးနှင့်မြေ ပျက်စီးရသည်။

ကွေ့ယန်ဘက်မှ အသာစီးရသော်လည်း စီလဲ့သည့် လွယ်ကူသည်ပြိုင်ဘက်မဟုတ်။ တိုက်ကွက်ပေါင်းထောင်ချီရင်ဆိုင်ပြီးနောက် နှစ်ယောက်လုံး စွမ်းအားကုန်သလောက်ဖြစ်လာသည်။ မနိုင်တော့မှန်းသိသဖြင့် စီလဲ့ အမြန်ထွက်ပြေးသည်။

"မတောင်းပန်ပဲနဲ့ ထွက်ပြေးလို့ရမယ်ထင်နေတယ်ပေါ့။ မင်းဆုတောင်းလိုက်လေ"

ကွေ့ယန် စွမ်းအားများ ပြန်ပြည့်လာသည်။ ထိုလူသည် ထုံးတမ်းစဉ်လာကို နားလည်ပုံမပေါ်။ ရှုံးသွားသည့်အတိုင် အညံ့မခံသေး။ တောင်းပန်စကားပင်မပြော။

"မင်းရူးနေပြီလားကွ။ ငါအဲဒီ့သေတ္တာကိုမယူတော့ရင် မင်းမကျေနပ်နိုင်သေးဘူးလား"

စီလဲ့ စိတ်ပျက်လက်ပျက်အော်ဟစ်၍ လျှပ်စီးအသွင်ပြန်ပြောင်းပြိး ကွေ့ယန်နှင့် လူချင်းခွာသည်။ ကွေ့ယန်က ပေါင်းစည်းစွမ်းအား မသုံးနိုင်တော့သဖြင့် လူချင်းအတော်ကွာသွားသည်။

ထိုစဉ် စီလဲ့နှင့်မျက်နှာချင်းဆိုင်မှ ယွမ်မုန်မုန်ခပ်သွက်သွက်ပြေးလာသည်ကို လုယန်မြင်လိုက်ရသည်။

တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းသည် လူသူအရောက်အပေါက်နည်းပြီး ရှာတွေ့ဖို့မလွယ်ကြောင်း အစောပိုင်းက ယွမ်မုန်မုန်သိခဲ့ရသည်။ ဂိုဏ်းနေရာရှာမတွေ့မည်ကို စိုးရိမ်ခဲ့သည်။

သို့သော် သူရောက်လာချိန်တွင် တိုက်ပွဲဖြစ်နေချိန်နှင့်ကြုံသည်။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းဖြစ်သည်မှာ လွဲမှားစရာမရှိတော့။ ထို့ကြောင့် သူအမြန်ပြေးလာခြင်းဖြစ်သည်။

လုယန်က သိစိတ်အာရုံမှ ယွမ်မုန်မုန်ကို လှမ်းပြောသည်။

"ညီမမုန်မုန်၊ မင်းဆီပျံလာတဲ့လူကို မြန်မြန်တားလိုက်"

"ရတယ်လေ"

ရောက်ရောက်ချင်း အရေးကြီးတာဝန်ကို ယုံယုံကြည်ကြည်လွှဲအပ်လာသဖြင့် စွမ်းအားကုန်ထုတ်သုံးဖို့ ယွမ်မုန်မုန် ဆုံးဖြတ်လိုက်သည်။

"ဘုန်း"

ထိုခန္ဓာကိုယ်ဖောက်ခွဲ စီလဲ့တစ်ခါမှ မမြင်ဖူး။ သ့လျှပ်စီးခန္ဓာ တစ်စစီကွဲထွက်သွားသည်။ မူလခန္ဓာလည်း ဒဏ်ရာအပြင်းအထန်ရသွားသည်။

ကွေ့ယန်လည်း မောမောပန်းပန်းဖြင့် ပြေးလိုက်လာရင်း အော်ပြောသည်။

"မိတ်ဆွေ။ ကျေးဇူးတင်ပါတယ်။ အဲဒီ့ခွေးသူတောင်းစားကို ကူဖမ်းပေးပါ"

ယွမ်မုန်မုန် အံ့အားသင့်သွားသည်။ ဘာကြောင့်နောက်တစ်ယောက် သူ့ဆီပျံသန်းလာသည်မသိ။

"ဘုန်း"

ဒုခေါင်းဆောင်အမိန့်ကို သအတိအကျလိုက်နာသည်။ သူ့ဆီပျံသန်းလာသူမှန်သမျှကိူ တားမည်။

ယွမ်မုန်မုန် ဒုတိယအကြိမ် ခန္ဓာကိုယ်ဖောက်ခွဲမည်ဟု ထင်မထားသဖြင့် ကွေ့ယန် အငိုက်မိသွားသည်။

မင်းဘယ်ဘက်ကလူလဲ တာအိုမိတ်ဆွေ...

တိုက်ပွဲအပြင်းအထန်နွှဲခဲ့ရသဖြင့် စွမ်းအားနည်းနည်းသာကျန်တော့သည်။ ထိုဖောက်ခွဲမှုဒဏ်ကို သူဘယ်လိုခံနိုင်ရည်ရှိမည်နည်း။

"မိတ်ဆွေ..မင်း.."

"ဘုန်း ဘုန်း ဘုန်း"

ကွေ့ယန် စွမ်းအားကျန်သေးသည်ကို မြင်ရသဖြင့် ယွမ်မုန်မုန် ခန္ဓာကိုယ်ဆက်တိုက်ဖောက်ခွဲသည်။ ကွေ့ယန် သတိလစ်သွားသည်။

သိပ်မကြာမီ ယွမ်မုန်မုန်က စီလဲ့နှင့်ကွေ့ယန်ကို တစ်ဘက်စီဆွဲ၍ လုယန်ရှေ့သို့ ဂုဏ်ပြုခံဖို့ ရောက်လာသည်။

"ဒုခေါင်းဆောင်၊ နင်ညွှန်ကြားတဲ့အတိုင်းပဲနော်။ နှစ်ယောက်လုံးကို ငါဖမ်းလာပြီ"

*****************************************

အခန်း (၁၀၇၆) အန္တယ်ဖြစ်နိုင်ခြေနည်းတယ်ဆိုတာ ဒါလား

"ဟေ့..ဟေ့ ညီမမုန်မုန်။ စကားကိုလက်လွတ်စပယ် လျှောက်မပြောနဲ့လေ။ ငါမင်းကို အဲလိုမလုပ်ခိုင်းပါဘူး"

လုယန် ချက်ချင်းခုခံချေပသည်။

"အမ်..ငါလူမှားဖမ်းလာတာလား။ ဒုခေါင်းဆောင်၊ ဒီတစ်ယောက်ကို မလိုချင်ဘူးလား"

လုယန်က ကွေ့ယန်ကို လက်ညှိုးထိုး၍ပြောနေသဖြင့် ယွမ်မုန်မုန်က ကွေ့ယန်ကို ဘေးသို့လွှင့်ပစ်ရန်ပြင်သည်။ လုယန် ထိတ်လန့်သွားပြီး အသဲအသန်တားသည်။

"မလွှင့်နဲ့ မလွှင့်နဲ့။ သူ့ကိုငါလိုတယ်"

"ဒါဆို ငါလူမှားဖမ်းမိလာတာမဟုတ်ဘူးပေါ့"

ယွမ်မုန်မုန်ပျော်သွားသည်။ ဒုခေါင်းဆောင်ကို ကူညီပေးနိုင်ခဲ့သဖြင့် အောင်မြင်မှုရလိုက်သလို ခံစားရသည်။

"ညီလေးလု၊ သူကဘယ်သူလဲ"

ဖန်ကျင်းက ယွမ်မုန်မုန်အကြောင်း သတိထား၍မေးသည်။ သူအားလုံးမြင်လိုက်သည်။ ထိုမိန်းကလေးက ကွေ့ယန်နှင့်စီလဲ့ နှစ်ယောက်လုံးကို အမှောက်သိပ်ခဲ့သည်။

စွမ်းအင်များစွာ ကုန်ခမ်းနေသည်ဆိုသော်လည်း မသေမျိုးတစ်ဝက်အဆင့်နှစ်ယောက်ကို သတိလစ်အောင်လုပ်ဖို့ ကူးဖြတ်ခြင်းအဆင့်များပင် စွမ်းနိုင်မည်မဟုတ်။

"သူက ငါ့ရဲ့ခေါင်းဆောင်ပါ"

ယွမ်မုန်မုန်က ဂုဏ်ယူဝင့်ကြွားသည့်လေသံဖြင့် ကြေညာသည်။ ထို့နောက် ခဏတုံ့ဆိုင်းသွားသည်။ တစ်ခုခုလွဲနေသလို ခံစားရသည်။

သူမှားပြောမိသွားသည်။ အမနတ်မယ်ကသာ ခေါင်းဆောင်ဖြစ်သည်။

"ဒုခေါင်းဆောင်က ငါ့ရဲ့အကို-"

"ဂိုဏ်းတူမိတ်ဆွေပါ။ ကျုပ်တို့က ဂိုဏ်းတူတပည့်တွေပါ"

လုယန် စကားဖြတ်ပြောသည်။ ယွမ်မုန်မုန်သည် စကားပြော တကယ်မဆင်ခြင်။

"ဂိုဏ်းတူတပည့်တွေလား..."

ဖန်ကျင်း နားမလည်ဟန်ဖြင့် လုယန်နှင့်ယွမ်မုန်မုန်ကို တစ်လှည့်စီကြည့်သည်။ ဂိုဏ်းတူတပည့်ချင်း "ဒုခေါင်းဆောင်"ဟု ခေါ်နေသည်။ ဓားပြဂိုဏ်းနှင့်များ မှားနေသလားမသိ။

ဖန်ကျင်း ထိုကိစ္စကို သိပ်မတွေးတော့။ အဓိကတရားခံ စီလဲ့ကိုဖမ်းနိုင်သည့်ကိစ္စထက် တစ်ခြားဘာမှအ‌ရေးမကြီး။ စီလဲ့ လက်တုံ့ပြန်မည်ကို စိတ်ပူစရာမလိုတော့။

တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းသည် ကြားထဲမှ နစ်နာသူသာဖြစ်သည်။ စီလဲ့နှင့် ဘာမှမဆိုင်။ သို့သော် စီလဲ့အမူအကျင့်အရ ကွေ့ယန်ကို ရှုံးသွားပြီးနောက်ပိုင်း သူတို့ဂိုဏ်းကို ရန်ငြှိုးဖွဲ့လာနိုင်သည်။

"နင်တို့နှစ်ယောက် ဂိုဏ်းကိုပြန်လာလို့ရပြီလို့ တတိယအကြီးအကဲက ပြောလိုက်တယ်။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းမှာ ငွေမရတဲ့အလုပ်တွေကို ဆက်လုပ်စရာမလိုတော့ဘူးတဲ့"

ခရီးစဉ်၏ ရည်ရွယ်ချက်ကို ယွမ်မုန်မုန် ပြန်သတိရလာသည်။ မသေမျိုးတစ်ဝက်နှစ်ယောက်ကို ဖမ်းမိသည့်ကိစ္စက မထင်မှတ်ဘဲရလာသည့် အကျိုးအမြတ်ဖြစ်သည်။

"ဒါနဲ့၊ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းက ဘယ်မှာလဲ။ အဲဒီဂိုဏ်းက ရှုခင်းအရမ်းလှပြိး တစ်နှစ်ပတ်လုံး ကြည့်စရာမရှားဘူးလို့ တတိယအကြီးအကဲကပြောတယ်"

ယွမ်မုန်မုန်က နဖူးပေါ်လက်တင်၍ ခြေဖျားထောက်ပြီး ဘေးပတ်လည်ကိုကြည့်သည်။ 'လှပသည့်ရှုခင်း'ဟု ခေါ်နိုင်လောက်သည့်နေရာ တစ်ခုမှမတွေ့။

လုယန် ဘာမှမပြောဘဲ ဘေးသို့လှည့်ကြည့်သည်။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်း၏ ပျက်စီးနေသည့်မြေပြင်က မြစ်ရေလွှမ်းနေသည်။ တောင်တန်းများပြိုကျနေသည်။ မြေပြင်အက်ကွဲနေသည်။ သူနှင့်လောင်မုန် ဤနေရာတွင် စေတနာရှင်လုပ်လိုလျှင်ပင် အခွင့်အရေးက ရတော့မည်မဟုတ်။

ထို့ပြင် ယခု သူတို့ဘိုးဘေးကွေ့ယန်ကို ရှာတွေ့ခဲ့သည်။ စီလဲ့နတ်သခင်ကို ဖမ်းမိထားသည်။ အရေးကြီးတာဝန်နှစ်ခုရှိနေသည်။ ဂိုဏ်းသို့ မဖြစ်မနေ သူတို့ပြန်ရမည်။

"ညီမမုန်မုန်၊ ပြန်ကြစို့"

အကြီးအကဲ ကျင်းဝမ်ကျန်း၊ ဂိုဏ်းချုပ်ခုန်နှင့် ဖန်ကျင်းတို့ကို လုယန်နှင့်မုန်ကျင်းကျိုး စိတ်မပါ့တပါဖြင့် နှုတ်ဆက်လိုက်သည်။

"အကြီးအကဲကျင်း၊ ဂိုဏ်းချုပ်ခုန်၊ အကိုဖန်၊ ကျုပ်တို့ သွားတော့မယ်"

သူတို့နှစ်ယောက်ထွက်သွားသည်ကိုကြည့်၍ ဂိုဏ်းချုပ်ခုန် အတော်စိတ်မကောင်းဖြစ်မိသည်။ ထိုနှစ်ယောက်သည် သူတို့ဂိုဏ်းတွင် ဒုက္ခရောက်မတတ်ဖြစ်ခဲ့သည်။ တကယ်သာတစ်ခုခုဖြစ်သွားလျှင် စန်းကျန်းကို သူဘယ်လိုမျက်နှာချင်းဆိုင်ရမည်မသိ။

"ဆရာ၊ အခုကျုပ်တို့ ဘာလုပ်ကြမလဲ"

ဂိုဏ်းချုပ်ခုန် ခဏစဉ်းစားသည်။

"အရင်ဆုံး ဂိုဏ်းဝင်တွေကို နှစ်သိမ့်အားပေးကြတာပေါ့။ လောလောဆယ် ဂိုဏ်းအပျက်အစီးတွေကို ဒီအတိုင်းထားလိုက်ဦး။ ကျင်းကျိုးရွှေစီးပွားအသင်းဆိုင်ခွဲက လူတစ်ယောက်ကို ငါခေါ်လိုက်မယ်။ သူတို့လာပြီး ငါတို့ဆုံးရှုံးသွားတဲ့ ကုန်ကျစရိတ်ကို တွက်ချက်ကြပါစေ။

ငါတို့ဂိုဏ်းကို မပြုပြင်ဖြစ်တာ ကြာပြီ။ အခုအသစ်ပြန်ပြင်ခွင့်ရတာပေါ့"

ကိုယ့်အိတ်ထဲမှ စိုက်ထုတ်စရာမလို။ အာမခံကြေးရလာမည်။ ထိုအတွေးကြောင့် ဂိုဏ်းချုပ်ခုန် အတော်စိတ်သက်သာရာရနေသည်။ ဂိုဏ်းပြုပြင်မွမ်းမံဖို့ ယာယီပိတ်ချထားသလိုသာ ခံစားရသည်။

"ကျမ်းစာတိုက်က စာအုပ်တွေအတွက်ပဲ နည်းနည်းဒုက္ခများမယ်။ မြစ်ရေတွေထဲကျခဲ့တာဆိုတော့ ဘယ်နှအုပ်လောက်အကောင်းကျန်မယ်မသိဘူး"

"အဲဒါက ကိစ္စမရှိပါဘူး"

ကျင်းဝမ်ကျန်းက ပြုံး၍ပြောသည်။

"ငါတို့သုံးယောက်ထဲမှာ မင်းကစာဖတ်အနည်းဆုံးပဲ။ ငါနဲ့ရှောင်ဖန်က ကျမ်းစာတိုက်က စာအုပ်တွေအားလုံးကို အလွတ်ရပါတယ်။ စာအုပ်နည်းနည်းဖတ်မရတာက ပြဿနာမရှိပါဘူး"

.....

ရွှေစီးပွားအသင်း ကျင်းကျိုးဆိုင်ခွဲ။

ဒုတာဝန်ခံ အစီရင်ခံလာသည့်သတင်းကို ကြားပြီးနောက် ဆိုင်ခွဲတာဝန်ခံ ဦးနှောက်တစ်ခုလုံးဗလာဖြစ်သွားသည်။ ‌ကျောက်ရုပ်လိုဖြစ်နေသည်။ အတော်ကြာမှ ပြန်အသိဝင်လာသည်။

"တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းမှာ မသေမျိုးတစ်ဝက်တိုက်ပွဲဖြစ်တယ်လို့ မင်းပြောလိုက်တာလား"

သူမယုံနိုင်အောင်ဖြစ်နေသည်။ ထိုကိစ္စကြောင့် ဖြစ်လာမည့်နောက်ဆက်တွဲများကို သူမတွေးရဲ။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းတွင် အဆောက်အဦးပေါင်း မရေမတွက်နိုင်အောင်ရှိသည်။ ထူးခြားသည့် မြေနေရာများရှိသည်။ အတိအကျမသိသော်လည်း ဓားမျှော်စင်ထက် ပိုတန်ဖိုးများမည်က သေချာနေသည်။

ဓားမျှော်စင်က အဆောက်အဦးတစ်ခုတည်းသာဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု ကျရှုံးသည့်စာရင်းတွင် တစ်ခုထပ်တိုးရတော့မည်။

"ဘယ်လိုဖြစ်နိုင်မှာလဲကါာ။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းမှာ ဘာကြောင့်ဒီလိုကိစ္စမျိုးဖြစ်တာလဲ။ အကြီးအကဲခုနစ်ယောက်ရဲ့ အကဲဖြတ်ချက်မှာ အန္တရာယ်ဖြစ်နိုင်ခြေအရမ်းနည်းတယ်လို့ ဘာလို့ရေးထားတာလဲ။ အဲဒီ့ခုနစ်ယောက် အခုဘယ်မှာလဲ"

အရောင်တလက်လက်တောက်ပနေသည့် ပုဆိန်တစ်လက်ကို ဆိုင်တာဝန်ခံ ဆွဲထုတ်လိုက်သည်။ အကြီးအကဲခုနစ်ယောက်ကို ရင်ဆိုင်ရန် အသင့်ပြင်သည်။ သို့သော် ဒုတာဝန်ခံက သူ့ကိုအမြန်တားသည်။

"ခေါင်းဆောင် မေ့နေပြီလား။ ရုံးချုပ် ဝါရင်အကဲဖြတ်ပညာရှင်အတော်များများ အငြိမ်းစားယူသွားကြလို့ ကျုပ်တို့အကြီးအကဲခုနစ်ယောက်လုံး ရုံးချုပ်ကို ပြောင်းရွှေ့ခန့်ထားတယ်လေ"

တာဝန်ခံ ပြန်သတိရလာသည်။ အကြီးအကဲခုနစ်ယောက်လုံး ဌာနချုပ်သို့ရောက်သွားသည်။ ဂိုဏ်းခွဲတာဝန်ခံဖြစ်၍ စိတ်တည်ငြိမ်အောင်ပြန်ထိန်းပြီး အခြေအနေကို သုံးသပ်သည်။

..သောက်လခွမ်း...လွန်ခဲ့တဲ့ဆယ့်ငါးရက်လောက်ကမှ အာမခံဝယ်သွားတယ်။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းမှာ ဒီလိုကိစ္စမျိုးဖြစ်လာတယ်ပေါ့...

ဒါအာမခံငွေလိမ်လည်မှုလား...

"အသေးစိတ်ရှင်းပြပါဦး။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းမှာ ဘယ်လိုတွေဖြစ်ခဲ့တာလဲ"

ဒုတာဝန်ခံ အဖြစ်အပျက်ကို အမှန်အတိုင်း ရှင်းပြသည်။ သူ့စကားနားထောင်ပြီးနောက် ဂိုဏ်းတာဝန်ခံ စဉ်းစားသည်။ သံသယဖြစ်စရာအချက်အလက် တစ်ခုမှရှာမတွေ့။ တိုက်ဆိုင်မှုသက်သက်လိုသာဖြစ်နေသည်။

တစ်ဘက်လူက မဟာချန်စီလဲ့နတ်သခင်။ နောက်တစ်ဘက်တွင် နှစ်ရှစ်သောင်းကြာအောင်ပျောက်နေခဲ့သည့် ကောင်းကင်သခင်ကွေ့ယန်။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းသည် ထိုဒဏ္ဍာရီပုဂ္ဂိုလ်နှစ်ယောက်ကို ရှာနိုင်သည့်အစွမ်းအစမျိုးမရှိ။

ထိုအစွမ်းမျိုးရှိခဲ့လျှင် အာမခံငွေလိမ်နေစရာမလိူ။

"တိုက်ဆိုင်မှုသက်သက်ပဲလား။..ထားပါတော့လေ။ အပျက်အစီးစာရင်းကောက်ဖို့ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းကို လူအရင်လွှတ်ကြတာပေါ့"

နောက်တစ်နေ့တွင် ဆိုင်ခွဲတာဝန်ခံ မှတ်တမ်းမှောင်ဖန်လုံးတစ်ခုကိုင်ထားသည်။ မှတ်တမ်းထဲတွင် တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်း၏ ပျက်စီးမှုအခြေအနေများကို မှတ်တမ်းတင်ထားသည်။

ကြည့်နေရင်းပင် နှလုံးရောဂါရချင်သလိုဖြစ်လာသည်။

အားလုံးပျက်စီးသွားသည်။ တစ်စမကျန်ပျက်စီးခြင်းဖြစ်သည်။

လျှပ်စီးဒဏ်သင့်သည်။ မြစ်ရေလွှမ်းသည်။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းတွင် အကောင်းပကတိကျန်သည့်ပစ္စည်းဟူ၍ တစ်ခုမှမရှိ။

"ခေါင်းဆောင်၊ ကျုပ်တို့လျော်ကြေးပေးကြမှာလား"

ဒုတာဝန်ခန် ခပ်တိုးတိုးမေးသည်။

တာဝန်ခံ ခန္ဓာကိုယ်တုန်ရင်လာသည်။ အံတင်းတင်းကြိတ်၍ စကားတစ်ခွန်းပြောသည်။

"လျော်ကြေးပေး-..အဲနေဦး။ တာဝန်ယူမှုစနစ် ရှိတာပဲ။ ရှုပြည်နယ်ဆိုင်ခွဲ ဓားမျှော်စင်ကို လျော်ကြေးတိုက်ရိုက်ထုတ်ပေးတာက တိုက်ခိုက်ခဲ့တဲ့လတွေကို မရှာနိုင်ကြလို့လေ။

ဒီတစ်ခါက အဲလိုမဟုတ်ဘူး။ နတ်သခင်စီလဲ့တာဝန်ယူရမှာပဲ။ မသေမျိုးတစ်ဝက်တစ်ယောက် စုဆောင်းထားတဲ့ပိုင်ဆိုင်မှုနဲ့ဆို လျော်ကြေးတော့ ကာမိလောက်မယ်ထင်တာပဲ"

ဒုတာဝန်ခံက သတိပေးသည်။

"ခေါင်းဆောင်၊ မဟာချန်မသေမျိုးတစ်ဝက်မှာ ဝိညာဉ်‌ကျောက်တွေ အများကြီးရှိမှာတော့ သေချာပါတယ်။ ဒါပေမယ့် လသံလွင်နန်းတော်ကဖမ်းထားတဲ့ နတ်ဆိုးနှိမ်သခင်နဲ့ နတ်ဆိုးချုပ်သခင်တို့အကြောင်း မမေ့နဲ့ဦးလေ။

သူတို့ပေးတဲ့သတင်းအရ သူတို့စုဆောင်းထားတဲ့ပိုင်ဆိုင်မှုတွေအားလုံး မသေမျိုးနန်းတော်မှာ သိမ်းထားတာတဲ့။ မသေမျိုးနန်းတော်တည်နေရာနဲ့ပတ်သက်လို့ သူတို့နှစ်ယောက်လုံး ဖွင့်မပြောနိုင်အောင် ဝိညာဉ်တံဆိပ်နဲ့ချုပ်ထားတယ်။

မှတ်ဉာဏ်ရှာဖွေတော့လည်း အကျိုးမထူးဘူး။ မသေမျိုးနန်းတော်တည်နေရာကို ဘယ်သူမှမသိကြဘူး။ နတ်သခင်စီချန်းလည်း အဲလိုဖြစ်နေမှာစိုးရတယ်"

လက်ရှိပြဿနာကြောင့် ဆိုင်တာဝန်ခံ ဒေါသများများအလိပ်လိုက်ထွက်ခဲ့သည်မှာ အကြိမ်ပေါင်းမနည်းတော့။ သို့သော် နောက်ဆုံးတွင် သူ့ဒေါသများကို မျိုသိပ်လိုက်သည်။

ထိုကိစ္စသည် သတင်းကောင်းမဟုတ်သော်လည်း ဒုတာဝန်ခံပြောသည့်စကားက ကျိုးကြောင်းဆီလျော်သည်။

ဒုခေါင်းဆောင်သည် စိတ်တည်ငြိမ်သည်။ ဆုံးဖြတ်ချက်ချရာတွင် အမြဲမှန်ကန်သည်။ ဒုခေါင်းဆောင်ရာထူးနှင့် တကယ်ထိုက်တန်သည်။

"ခေါင်းဆောင်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ်တွေးမိတာတစ်ခုရှိတယ်"

"ပြောပါဦး"

"ဓားမျှော်စင်ကိစ္စတုန်းက ညီလေးလု အဲဒီမှာရှိနေတယ်။ အခု တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းကိစ္စဖြစ်တော့လည်း သူအဲဒီမှာရှိနေတယ်။ ဒီကိစ္စက သူနဲ့တစ်ခုခုနေနိုင်တယ်လို ကျုပ်တွေးမိတယ်"

ဆိုင်တာဝန်ခံ နည်းနည်းအံ့ဩသွားဟန်ဖြင့် သူ့လက်ထောက်ကိုကြည့်သည်။ ထိုအတွေးမျိုးဘယ်လိုများ တွေးမိသဲလဲဟူသည့် အကြည့်မျိုးဖြစ်သည်။

"ငါမင်းကို စကားနည်းနည်းပြောမယ်"

"ပြောပါ"

"ပြဿနာတွေဖြေရှင်းတယ်ဆိုတာက သက်သေအထောက်အထားလိုတယ်။ ဖြစ်ရပ်နှစ်ခုလုံးရဲ့အချက်အလက်တွေ အစီရင်ခံစာထဲမှာ ရေးထားတယ်။ ညီလေးလုက ဘေးကြည့်သူသက်သက်ပဲ။ မသေမျိုးတိုက်ပွဲရော မသေမျိုးတစ်ဝက်တိုက်ပွဲရော ညီလေးလုနဲ့ ဘာမှမဆိုင်ဘူး။

အထူးသဖြင့် ဒီတစ်ခေါက်ဖြစ်တဲ့ကိစ္စပေါ့။ မင်းလည်း အစီရင်ခံစာကိုမြင်တာပဲလေ။ မသေမျိုးသေတ္တာရှာတွေ့တာက တိုက်ဆိုင်မှုသက်သက်ပါ"

"ဒါပေမယ့် ခေါင်းဆောင်၊ ဖြစ်နိုင်ခြေတွေကိုလည်း ကျုပ်တို့စဉ်းစားရမယ်လေ"

တာဝန်ခံ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။

"...အခုမင်းပြောမှ ငါပြန်စဉ်းစားမိတယ်။ ဒီကိစ္စက နည်းနည်းတော့ ဆက်စပ်နေသလိုပဲ"

*******************************

အခန်း (၁၀၇၇) ဘိုဘေးသုံးယောက်စုံသွားပြီး အကိုတိုင်

လုယန်တို့လူစု စွမ်းအင်အလင်းတန်းများအသွင်ပြောင်း၍ ပျံသန်းလာသည်။ ဂိတ်တံခါးကိုဖြတ်သည်။ ဝါးတောကိုဖြတ်၍ မစ်ရှင်ခန်းမဆီတန်းသွားသည်။

"အမယွမ်က မိတ်ဆွေတစ်ယောက်ဆီ သွားလည်လို့ ဂိုဏ်းမှားမရှိဘူးလို့ပြောတယ်။ ဒီတော့အကိုတိုင်ကိုပဲ အရင်သတင်းပို‌့တော့မယ်"

ဝါးတော်ကိုဖြတ်စီးနေသည့် စမ်းရေကကြည်လင်နေသည်။ မြစ်ဝိညာဉ် အတ်ောပျင်းနေသဖြင့် ရေပဖောင်းများမှုတ်ထုတ်နေသည်။ ဦးခေါင်းတစ်ဝက်သာ ရေပေါ်ဖော်ထားသည်။

သမ်းဝေနေရင်းမှ လုယန်တို့လူစုပျံသန်းသွားသည်ကို မျက်လုံးထောင့်မှန် လှမ်းမြင်သည်။ လုယန်ပုခုံးပေါ် ထမ်းသယ်လာသည့်လူကိုမြင်ပြီးနောက် သူပါးစပ်အဟောင်းသားဖြစ်သွားသည်။

သူ့မျက်စိသာပွတ်၍ ပြန်ကြည့်သည်။ သို့သော် လုယန်တို့က အဝေးသို့ရောက်သွားပြီဖြစ်သည်။

"ငါမြင်လိုက်တာ သရဲဝိညာဉ်များလား"

....

မစ်ရှင်ခန်းမ၏ အတွင်းဆုံးအခန်းတွင် တိုင်ပုဖန် နောက်ဆုံးတာဝန်အစီရင်ခံစာကို လက်စသပ်နေသည်။

"ပြီးသွားပြီ"

သူပျင်းရိပျင်းတွဲ အကြောတစ်ချက်ဆန့်သည်။ ရုံးတာဝန်များပြီးသွားသည့် အချိန်သည် တစ်နေ့တာလုပ်ငန်းခွင့်၏ စိတ်ကြည်နူးစရာအကောင်းဆုံးအချိန်ဖြစ်သည်။

မှော်ပညာတစ်မျိုးသုံး၍ သူ့စုတ်တံမှမင်များကို ရှင်းလင်းပြီး လက်ချောင်းကြားတွင် စုတ်တံကို ကစားနေသည်။

"တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းမှာ အခြေအနေကောင်းရဲ့လားမသိဘူး။ ဟိုသူတောင်းစားနှစ်ယောက် ပြဿနာတော့ ရှာမနေလောက်ဘူးလားလို့ပဲ"

လတ်တလောထွက်ထားသည့် ကျင့်ကြံမှုလစဉ်သတင်စာအကြောင်း ပြန်စဉ်းစားမိသည်။ မြေအခြေအနေအမြန်ပြုပြင်ဖို့ မဟာရှားကျင့်ကြံသူဆယ်ယောက်ကျော်က တာဝန်ယူခဲ့ကြောင်း ချီးကျူးထားသည်။ ထိုကိစ္စသည် လုယန်လက်ချက်ဖြစ်ကြောင်း သူသိနေသည်။

သို့သော် ထိုကိစ္စကိုတော့ သူသဘောကျပါသည်။ ကောင်းသည့်အရာဖြစ်သည်။

"ပြဿနာကြိးကြီးမားမားမရှိနိုင်ပေမယ့် ညီလေးရှောင်ဖန်ကလည်း ပြန်စာထဲမှာ အာမခံဝယ်လိုက်တဲ့အကြောင်း ပြောထားတယ်"

ဖန်ကျင်းထံမှ ပြန်စာကို တိုင်ပုဖန် ဆွဲထုတ်လိုက်သည်။ "အာမခံဝယ်လိုက်ပြီ'ဟူသည့် စာတစ်ကြောင်းသာပါသည်။ သူ့ရေးပို့လိုက်သည့် စာထက်ပင် ပိုတိုနေသည်။

"အာမခံဝယ်ထားရင် အဆင်ပြေလောက်ပါတယ်"

"အကိုတိုင်၊ အထဲမှာရှိလား"

လုယန်၏တံခါးခေါက်သံ အပြင်ဘေက်မှ ပေါ်လာသည်။

"ဝင်ခဲ့ပါ"

လုယန် ပြုံး၍ဝင်လာသည်။ တိုင်ပုဖန်တွေးရခက်ဟန်ဖြင့်မေးသည်။

"မင်းနဲ့ရှောင်မုန် တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းမှာ နှစ်လသွားလေ့လာနေတာမဟုတ်လား။ အခုတစ်လတောင်မပြည့်သေဘူး။ မင်းဘယ်လိုပြန်‌ရောက်လာတာလဲ"

"အကိုတိုင်၊ ကျုပ်တို့ သတင်းကေင်းပါလာတယ်။ အဲဒါပျော်လွန်းလို့ လောင်မုန်နဲ့ကျုပ် အကို့ဆီသတင်းလာပို့တာ"

လုယန် စိတ်အားတက်ကြွစွာပြေသည်။ သူ့မျက်လုံးများ အရောင်လက်နေသည်။

"ဘာသတင်းကောင်းလဲ"

တိုင်ပုဖန်က စုတ်တံကိုလက်ထဲတွင် ကစားနေသည်။ သတင်းကောင်းကို သိချင်နေသည်။

"လောင်မုန်၊ ခေါ်လာခဲ့တော့ဟေ့"

လုယန် တံခါးဆီလှမ်းအော်သည်။

"လာပြီ"

မုန်ကျင်းကျိုး အခန်းထဲဝင်လာသည်။ သန်မာထွားကြိုင်းသည့် သတိလစ်နေသည့်လူတစ်ယောက်ကို ဖျာတစ်ချပ်ပေါ်တင်၍ ဆွဲခေါ်လာသည်။

လုယန်နှင့်မုန်ကျင်းကျိုး တိုင်ပုဖန်ကို ပြိုင်တူပြောကြသည်။

"အကိုတိုင်၊ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ တတိယမြောက်ဘိုးဘေးကို ကျုပ်တို့တွေ့လာပါပြီ"

"ဘိုး...ဘိုးဘေးကွေ့ယန်လား"

နှစ်ရှစ်သောင်းကြာအောင် ပျောက်ဆုံးနေသည့်ကွေ့ယန်သခင် သူ့ရှေ့တွင် အရှင်လတ်လတ်ပေါ်ာလသည်။ တိုင်ပုဖန် အံ့ဩလွန်းသဖြင့် လက်ထဲမှစုတ်တံကို လွှင့်ပစ်လိုက်သည်။ ချက်ချင်းထရပ်သည်။ သူ့ထိုင်ခုံနောက်ပြန်လဲကျသွားသည်။

စားပွဲပေါ်ကျော်တက်ပြီး ဘိုးဘေးကွေ့ယန်အခြေအနေကို စစ်ဆေးသည်။

အသက်ရှိသေးသည်။ သို့သော် သတိလစ်နေသည်။

"သူဘာလို့ သတိလစ်နေတာလဲ"

ထိုစဉ် ယွမ်မုန်မုန်က စီလဲကိုဒရွတ်တိုက်ဆွဲ၍ ဝင်လာရင်းပြောသည်။

"ဒုခေါင်း‌ဆောင်က သူ့ကိုဖောက်ခွဲတိုက်ခိုက်ဖို့ ကျွန်မကိုပြောတာပါ"

"ကျုပ်က တားဖို့ပြောတာပါ"

"ဒါပေမယ့် ဒီတိုက်ခိုက်နည်းပဲ ငါသိတာလေ။ တစ်ခြားပညာတွေနဲ့ဆို သူ့ကိုတားနိုင်မှာမဟုတ်ဘူး"

ယွမ်မုန်မုန်က အခိုင်အမာရပ်တည်သည်။ လုယန်နှင့်အနေကြာလာသဖြင့် သူပို၍ဉာဏ်ထက်လာသည်။ လုယန်၏စကားနောက်ကွယ်မှ သွယ်ဝိုက်အဓိပ္ပါယ်ကို နားလည်နိုင်စွမ်းရှိလာသည်။ တားဆီးခြင်းနှင့် ဖောက်ခွဲခြင်းသည် တူညီကြောင်းရိပ်မိလာသည်။

ထိုစကားကြောင့် တိုင်ပုဖန်ကိုယ်ထဲမှသွေးများ ဦးနှောက်ဆီဆောင့်တွက်သွားသည်။ ခြေလှမ်းများ မတည်မငြိမ်ဖြစ်လာသည်။ ခန္ဓာကိုယ်ယိမ်းယိုင်လာသည်။ လုယန်က သူ့ကိုအမြန်ပြေးထိန်းပေးသည်။

"အကိုတိုင်၊ အဆင်ပြေရဲ့လား"

"ငါ့ကိုအကိုလို့မခေါ်နဲ့။ မင်းက အကိုပါ။ မဟုတ်ဘူး...မင်းက ငါ့ဘိုးဘေးပါ"

တာအိုရှင်ရှန်ထန် သူတို့နှင့်စတွေ့စဉ်ကလည်း သစ်ပင်တွင်ကြိုးချည်၍ ကြိမ်နှင့်ရိုက်မည်ဟု ခြိမ်းခြောက်ခံရဖူးကြောင်း သိရသည်။

ယခုလည်း ကောင်းကင်သခင်ကွေ့ယန်ကို သတိလစ်အောင်လုပ်ထားသည်။ လုယန်သည် တကယ်စွမ်းအားကြီးသည့် ဘိုးဘေးတစ်ယောက်ဖြစ်သည်။

မြက်ဖျာပေါ်တွင်အိပ်နသည့် ကောင်းကင်သခင်ကွေ့ယန် လှုပ်ရှားလာသည်။ သုံးလေးကြိမ် ညည်းညူသည်။ မျက်လုံးဖွင့်သည်။ သူ့ကို စိတ်ဝင်တစားကြည့်နေသည့် ယွမ်မုန်မုန်နှင့် အကြည့်ချင်းဆုံသည်။

ထိတ်လန့်သွားသဖြင့် ချက်ချင်းခုန်ထပြီး ခုခံမည့်အနေအထား အသင့်ပြင်သည်။

"မင်းဘယ်သူ့ဘက်ကလဲ"

"ဒုခေါင်းဆောင်ဘက်ကပါ"

"ဒုခေါင်းဆောင်ဆိုတာ ဘယ်သူလဲ"

ဒုခေါင်းဆောင်ဟု ကြားသဖြင့် ကွေ့ယန်ပို့၍ သတိထားလာသည်။ ယွမ်မုန်မုန်ပင် ထိုမျှစွမ်းအားကြီးလျှင် ဒုခေါင်းဆောင်သည် ဘယ်လိုလူမျိုးဖြစ်မည်မသိ။

မုန်ကျင်းကျိုး ရှေ့တက်လာပြီး ဖြန်ဖြေပေးသည်။

"အားလုံးက နားလည်မှုလွဲသွားလို့ဖြစ်တာပါဘိုးဘေး။ ကျုပ်တို့အားလုံးက တစ်ဘက်တည်းပါ"

"တစ်ဘက်တည်းလား"

ကွေ့ယန် အခန်းထဲမှလူများကို သင်္ကာမကင်းဟန်ဖြင့်ကြည့်သည်။ စီလဲ့၊ ယွမ်မုန်မုန်၊ လုယန်၊ မုန်ကျင်းကျိုး၊ တိုင်ပုဖန်။

နောက်ဆုံးတွင် သူ့မျက်လုံးက လုယန်တို့၏ ကျောက်စိမ်းတံဆိပ်များဆီ အကြည့်ရောက်သွားသည်။

"တာအိုလမ်းစဉ်ဂိုဏ်း ကျောက်စိမ်းတံဆိပ်...မင်းတို့နှစ်ယောက်က ငါ့တာအိုလမ်းစဉ်ဂိုဏ်းက တပည့်တွေလား"

"ဘိုးဘေးအခု တာအိုလမ်းစဉ်ဂိုဏ်းမှာ ရောက်နေတာပါ"

"တာအိုလမ်းစဉ်ဂိုဏ်း..."

ကွေ့ယန် မယုံမရဲဖြင့် ဝိညာဉ်အာရုံဖြန့်လိုက်သည်။

"တကယ်တာအိုလမ်းစဉ်ဂိုဏ်းပဲ ဒါပေမယ့် နှစ်နှစ်ရာကျော်အတွင်း ဘာလို့အဲလောက်ပြောင်းလဲသွားတာလဲ"

ဤနေရာသည် သူမှတ်မိသည့် တာအိုလမ်းစဉ်ဂိုဏ်းနှင့် တူသလိုရှိသည်။ သို့သော် အသေးစိတ်အချက်များ ကွဲပြားနေသည်။

လုယန် ရှင်းပြသည်။

"ဘိုးဘေးက အချိန်မသေမျိုးဖန်တီးခဲ့တဲ့ မသေမျိုးသေတ္တာတစ်လုံးထဲကို ဝင်သွားတာပါ။ သေတ္တာထဲမှာတစ်ရက်ဟာ အပြင်မှာတစ်နှစ်နဲ့ညီတယ်။ ဘိုးဘေက အထဲမှာ နှစ်နှစ်ရာကျော်နေခဲ့တယ်။ အပြင်လောကမှာ နှစ်ရှစ်သောင်းကြာသွားပါပြီ"

"နှစ်ရှစ်သောင်း..."

ကွေ့ယဣ် အံ့ဩတုန်လှုပ်ွားသည်။ မသေမျိုးသေတ္တာကို ချက်ချင်းဆွဲထုတ်ပြီး အာနိသင်ကိုလေ့လာသည်။ ထိုလှို့ဝှက်နယ်မြေသို့ သူတကယ်ထိုးဖောက်မဝင်ခဲ့သင့်။

"ဘိုးဘေး လက်ခံဖို့နည်းနည်းခက်မယ်ထင်တယ်"

ကွေ့ယန် တကယ်လက်ခံဖို့ခက်သည်။

"ဒီသေတ္တာကို ငါသိမ်းထားမှထင်တယ်။ သိပ်အသုံးမဝင်လောက်ပေမယ့် ဘပဲပြောပြော ယင်ထန်ဖန်တီးခဲ့တဲ့ ရှားပါပစ္စည်းပဲလေ။ လွင့်ပစ်မယ်ဆို နှမျောစရာကောင်းတယ်"

လွှင့်ပစ်လည်း နှမျောစရာမရှိပါဟု လုယန်ပြောလိုက်ချင်သည်။ ထိုသေတ္တာကို ရှားပါးသည်ဟု ဘိုးဘေးယူဆလျှင် ထိုထက်ရှားပါးသည့် အချိန်မသေမျိုးနှင့်ပင် သူမိတ်ဆက်ပေးနိုင်သည်။

"ဘိုးဘေးက မသေမျိုးသေတ္တာထဲကို ဘယ်လိုရောက်သွားတာလဲ"

မုန်ကျင်းကျိုး စပ်စုသည်။

"အဲဒီတုန်းက လျှို့ဝှက်မြေတစ်ခု အမှတ်မထင်ရှာတွေ့လို့ ငါဝင်သွားတယ်။ လျှို့ဝှက်မြေအဆုံးမှာ တန်ဖိုးကြီးသယောင်ထင်ရတဲ့ သေတ္တာတစ်ခုမြင်ရတော့ ငါအနီးကပ်ကြည့်ချင်တယ်။ အတားအဆီးတွေကလည်း တကယ်များတယ်။

ငါ့ခန္ဓာကိုယ် ဒီလောက်မာတာ၊ မှော်အတားဆီးတစ်ခု အသက်သွင်းမိလည်း အရေးမစိုက်ဘူးလို့တွေးပြီး ငါဝင်သွားတယ်"

ထို့နောက် ဝမ်းနည်းပက်လက်လေသံဖြင့်

"ဒီသောက်သေတ္တာက ဒီလောက်ထူးဆန်းမယ်ဆိုတာ သိခဲ့ရင်၊ အတားအဆီးဖျက်လိုက်တာနဲ့ ငါ့ကိုဝါးမျိုမယ်မှန်းသိရင် ဘယ်ဝင်ခဲ့မှာလဲ။

ငါ့ကို အနာဂတ်နှစ်ရှစ်သောင်းဆီ တန်းပို့တယ်။ သေတ္တာထဲကထွက်လာတော့ လျှပ်စီးချက်ထိတယ်။ တိုက်ခိုက်တဲ့ကောင်ကလည်း ငါ့ကိုလုံးဝမတောင်ပန်ဘူး။

ခက်ခက်ခဲခဲတိုက်ခိုက်ပြီး သူ့ကိုဖမ်းမိခါနီးမှာ ခန္ဓာကိုယ် လေးငါးကြိမ်ဖောက်ခွဲတိုက်ခိုက်ခံရတယ်"

တကယ်ကျိန်စာသင့်နေသည်ဟု ကွေ့ယန်ခံစားရသည်။

လုယန် ခေါင်းငုံ့ထားသည်။ မျက်နှာချင်းဆိုင် မကြည့်ရဲ။

"နှစ်ရှစ်သောင်း..လောကကြီးက အရမ်းပြောင်းလဲသွားပြီပဲ။ တာအိုလမ်းစဉ်ဂိုဏ်းမှ ငါသိတဲ့လူတွေ တစ်ယောက်မှမကျန်လောက်တော့ဘူး"

ကွေ့ယန် နည်းနည်းစိတ်ဓာတ်ကျနေသည်။

"အား..မှန်တော့ ကျုပ်တို့ဂိုဏ်းမှာ ဘိုးဘေးသိတဲ့လူတစ်ချို့ ရှိပါသေးတယ်"

"ဘယ်သူလဲ။ မြစ်ဝိညာဉ်လား"

"မြစ်ဝိညာဉ်လည်း ပါတာပေါ့။ ပြီးတော့..."

ထိုစဉ် တံခါးခေါက်သံပေါ်လာသည်။

"အကိုတိုင်၊ ညီလေးကု ဘယ်မှာလဲ"

ချီတုန်းထန် တံခါးကိုတွန်းဖွင့်၍ ဝင်လာသည်။ အခန်းထဲ လူများပြည့်နေကြောင်း မြင်ရသည်။ အချိန်မှား၍ လာမိသဖြင့် နောက်ပြန်ဆုတ်ရန်ပြင်သည်။

လုယဣ် သူ့ကိုအမြန်ပြေးဆွဲပြီး မိတ်ဆက်ပေးသည်။

"ဒီတစ်ယောက်ကိုတော့မှတ်မိမှာပါ။ ကျုပ်တို့ဂိုဏ်းရဲ့ ဂိုဏ်းတည်ဘိုးဘေး တာအိုရှင်ရှန်ထန်ပါ"

"အဲ"

နည်းနည်းရှက်နေသည့် တာအိုရှင်ရှန်ထန်ကိုကြည့်၍ ကွေ့ယန် အတွေးနစ်သွားသည်။

...ငါရောက်လာတ အနာတ်လား အတိတ်လား...

****************************

All Chapters