အခန်း (၁၀၇၈-၁၀၈၀)
Vol. 72 Ch. 1078-1080
အခန်း (၁၀၇၈) ထိုမျှတိုးတက်နေမည်မထင်
အိပ်မက်မှ အပြည့်အဝနိုးမလာသေးသလို ကွေ့ယန်ခံစားရသည်။
သေတ္တာထဲမပိတ်မိခင်က သူသည် တာအိုလမ်းစဉ်ဂိုဏ်း၏ ဝါစဉ်အကြီးဆုံးဘိုးဘေးဖြစ်ခဲ့သည်။
ယခုသေတ္တာထဲမှ ထွက်လာချိန်တွင် သူ့ဝါစဉ်လျော့သွားသည်။
တာအိုရှင်ရှန်ထန် ဘယ်လိုပေါ်ာလသည်မသိ။
"နေပါဦး တာအိုရှင်ရှန်ထန်က သေသွားပြီလားလို့။ သူ့ဂူသင်္ချိုင်းရှေ့မှာ ငါနှစ်တိုင်းအမြဲတမ်း အရိုအသေပေးခဲ့တာပါ။ သူ့ရုပ်ရည်သွင်ပြင်နဲ့ ကျင့်စဉ်အဆင့် မကိုက်ညီဘူး"
ခုနက တာအိုလမ်းစဉ်ဂိုဏ်းတွင် သူနှင့်သိကျွမ်းသူမရှိတော့ဟု ဝမ်းနည်းစိတ်ပေါ်နေခဲ့သည်။ သို့သော်ယခု၊ ဂိုဏ်းတည်ဘိုးဘေးကိုယ်တိုင် ပေါ်လာသည်။ ဝမ်းနည်းစရာမရှိတော့။
"တာအိုရှင်ရှန်ထန်က သေဟန်ဆောင်ခဲ့တာပါ။ သိပ်မကြာသေးခင်ကမှနိုးလာတာ။ ထူးခြားတဲ့အခြေအနေတစ်ချို့ကြောင့် ရန်သူလိုက်ဖမ်းခံရလို့ ကျင့်စဉ်ပြန်စခဲ့ရတယ်"
လုယန်က ရှင်းပြသည်။
"ဟုတ်ကဲ့၊ ကျုပ်က တာအိုရှင်ရှန်ထန်ပါ"
ရှန်ထန်က အရိုးခံမျက်နှာဖြင့် နှုတ်ဆက်သည်။ ကောင်းကင်သခင်ကွေ့ယန်၏ ရုပ်ထုက ဂိုဏ်းတော်ဝင်ခန်းမထဲတွင် ပြသထားဆဲဖြစ်သည်။ ကွေ့ယန်ကိုမြင်သည်နှင့် သူတန်းသိသည်။
"ဘိုးဘေးရှန်ထန်ကို ဂါရဝပြုပါတယ်။ ကျုပ်က ဝမ်ထောင်ယိပါ။ ကျုပ်ကို ရှောင်ဝမ်လို့ပဲခေါ်ပါ"
ကွေ့ယန်သည် စွမ်းအားကိုသက်သေပြ၍ စွမ်းအားပိုကြီးသည့်ပြိုင်ဘက်များကို တဇွတ်ထိုးတိုက်ခိုက်တတ်သော်လည်း ကျင့်ကြံသူတို့ဂါရဝတရားကိုတော့ နားလည်သည်။
"မင်းက နှစ်ရှစ်သောင်းကြာအောင် ပျောက်သွားတယ်လို့ကြားတယ်။ ဘယ်နေရာကို ရောက်နေတာလဲ"
ရှန်ထန်က စိတ်ဝင်တစားမေးသည်။ မည်သို့ဆိုစေ ထိုလူသည် တာအိုလမ်းစဉ်ဂိုဏ်းကို မသေမျိုးငါးဂိုဏ်းဝင်အဖြစ် ဖန်တီးခဲ့သူဖြစ်သည်။
"အင်း..."
လျှို့ဝှက်မြေသို့ ထိုးဖောက်ဝင်၍ အတားအဆီးဖျက်မိပြီး နှစ်နှစ်ရာကြာအောင် ပိတ်လှောင်ခံခဲ့ရသည့်အဖြစ်သည် ကြွားလုံးထုတ်ရမည့်ကိစ္စမဟုတ်ကြောင်း နားလည်လာသည်။
အထူးသဖြင့် ဘိုးဘေးတစ်ယောက်ရှေ့တွင် ထိုအကြောင်း သူမပြောချင်။
သူအခက်တွေ့နေမှန်း ရိပ်မိသဖြင့် လုယန်က ဝင်ရှင်းပြသည်။
"လွန်ခဲ့တဲ့နှစ်ရှစ်သောင်းက ဘိုးဘေးရှန်ထန် မသေမျိုးတစ်ယောက်ရဲ့ လျှို့ဝှက်မြေတစ်ခုကို ထိုးဖေက်ဝင်ခဲ့တယ်။ အချိန်စီးကြောင်းထဲ အမှတ်မထင်ပိတ်မိသွားတယ်။ ဒါပေမယ့်တကယ်တော့ သူ့သက်တမ်းကုန်မှာကို စိုးရိမ်စရာမလိုတဲ့နေရာတစ်ခုကို ရောက်သွားတာပါ။
အခုခေတ်သစ်မှာ သူပြန်ပေါ်လာတယ်။ မဟာချန်နတ်သခင်စီလဲ့ကို တိုက်ခိုက်ပြီး တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းကို ကပ်ဆိုးမဆိုက်အောင် ကာကွယ်ခဲ့တယ်။ ဒါဟာ တကယ်မြင့်မြတ်တဲ့လုပ်ရပ်ပါ။ ဒါပေမယ့် တိုက်ပွဲပြီးတဲ့အချိန် ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။
ဒါကြောင့် ကျုပ်တို့သူ့ကို ပြန်ခေါ်လာတာပါ။ အခုမှ သူပြန်သတိရလာတာ"
"အား..ဟုတ်တယ် ဟုတ်တယ်။ သူပြောတဲ့အတိုင်းပဲ"
ကွေ့ယန် ခေါင်းတဆတ်ဆတ်ငြိမ့်သည်။ လုယန်ဆိုသည့်ထိုကောင်လေးသည် အလွန်သိတတ်လိမ္မာသည်ဟု သူတွေးမိသည်။
"ငါ့ကိုတိုက်ခိုက်တဲ့လူက မဟာချန်နတ်သခင်စီလဲ့လား"
ယခုမှ ရန်သူအကြောင်း ကွေ့ယန်သိသည်။ တိုက်ခိုက်နေစဉ်က စီလဲ့ကိုတောင်းပန်ခိုင်းဖို့သာ စိတ်နှစ်ထားခဲ့သည်။
ကွေ့ယန် ဖောက်ခွဲတိုက်ခိုက်ခံရချိန်တွင် စီလဲ့က သတလစ်နေပြီဖြစ်သည်။ သူ့ရုပ်ခန္ဓာက ကွေ့ယန်လောက်မခိုင်မာသဖြင့် ယခုထိ သတိပြန်လည်မလာသေး။
"ဒါနဲ့ ဂိုဏ်းမှာ ငါသိတဲ့လတစ်ချို့ရှိတယ်လို့ မင်းပြောတယ်နော်။ ဘိုးဘေးရှန်ထန်ပြီးရင် တစ်ခြားဘယ်သူရှိသေးလဲ"
"မြစ်ဝိညာဉ်အကြီးအကဲနဲ့ သွားတွေ့မလား"
"သွားစို့လေ"
မြစ်ဝိညာဉ်သည် သူနှင့်အလွန်ရင်းနှီးခဲ့သည် မိတ်ဆွေဟောင်းဟု သတ်မှတ်နိုင်သည်။
"မြစ်ဝိညာဉ်ကြီး။ ငါတို့ညိအကိုတွေ မတွေ့ရတာ အတော်ကြာပြီနော်"
ကွမ်ယန်က ဝမ်းသာအားရ နှုတ်ဆက်သည်။ မြစ်ဝိညာဉ်၏လက်ထဲမှ ပုဆိန်များ အရောင်လက်လာသည်ကို သူခံစားမိသည်။
မြစ်ဝိညာဉ်က လှိုင်းလုံးပေါ်တွင်ရပ်၍ ရေစီးနှင့်အတူရွေ့လာသည်။ လက်ထဲမှ ရွှေပုဆိန်ငွေပုဆိန်ဖြင့် သူ့ကိုလှမ််းခုတ်သည်။
"ဘာမပြောညာမပြောနဲ့ နှစ်ရှစ်သောင်းပျောက်သွားတယ်။ မင်းက တကယ်ဆိုးဝါးတဲ့ကောင်ပဲ"
ကိုယ်ဘက်ကမှားသည်ဖြစ်၍ ကွေ့ယန် ပြန်မတိုက်ခိုက်ရဲ။ တောင်းပန်သည့်အပြုံးပြုံး၍ ပုဆိန်ချက်များကို ရှောင်သည်။
ခဏကြာအောင် ခုတ်ပိုင်းနေပြီးနောက် မထိနိုင်မှန်းသိသဖြင့် မြစ်ဝိညာဉ်ရပ်လိုက်သည်။ ကွေ့ယန်ကိုပြန်တွေ့ရသဖြင့် သူလည်းပျော်နေသည်။
တာအိုလမ်းစဉ်ဂိုဏ်းတွင် မြစ်ဝိညာဉ်နှင့်အရင်းနှီးဆုံးလူသည် ကွေ့ယန်ဖြစ်သည်။ ရှန်ထန်အကူအညီဖြင့် သိစိတ်ဝိညာဉ်ဖွံ့ဖြိုးခဲ့သည်။ ကွေ့ယန်က နှစ်နှစ်သောင်းကြာအောင် ဂိုဏ်းတွင်ရှိခဲ့သည်။ ပင်လယ်တာအိုသခင်က နှစ်ငါးထောင်သာကြာသေးသည်။
သူနှင့်ကွေ့ယန်တို့ ရင်းနှိးခဲ့သည့်အချိန်က အတော်ကြာသည်။
တာအိုရှင်ရှန်ထန် ပျောက်သွားသည်။ ကွေ့ယန်ပျောက်သွားသည်။ ခံစားချက်ကို သိပ်ထုတ်မပြသော်လည်း သူ့စိတ်ထဲသိပ်မကောင်း။ အချိန်ကြာမြင့်စွာရင်းနှီးခဲ့သည့် မိတ်ဆွေဟောင်းများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသည်။ ထိုအဖြစ်သည် သူ့လိုမသေမျိုးများအတွက် ရှောင်လွှဲမရသည့် ကံကြမ္မာလားမသိ။
သို့သော်ယခု ပျောက်သွားသည့်နှစ်ယောက် ပြန်ပေါ်လာသည်။ မလိုအပ်ဘဲ သူဝမ်းနည်းခဲ့ရသလိုဖြစ်နေသည်။
ကွေ့ယန်နှင့်မြစ်ဝိညာဉ် ရှေးဟောင်းနှောင်းဖြစ်များ သောက်ရင်းစားရင်းပြောကြတော့မည်ကို လုယန်ရိပ်မိသည်။ မမူးမချင်းပြန်တော့မည်မဟုတ်။ ထို့ကြာင့် လုယန်က ဘေးမှသတိပေးသည်။
"ဘိုးဘေး၊ တွေ့ရမယ့်လူတွေ ကျန်သေးတယ်နော်"
"နောက်ထပ်ရှိသေးတာလား"
ကွေ့ယန် နည်းနည်းအံ့အားသင့်သွားသည်။ ဂိုဏ်းတွင် သူ့အသိအကျွမ်းဟောင်းများ ဘယ်လိုထပ်ရှိနိုင်မည်နည်း။
...
"ဖန်ဝူယာ။ ငါပြောချင်လို့တော့မဟုတ်ဘူး။ ဒါပေမယ့် နင့်တာအိုလက်တွဲဖော်ကို ပွဲတော်လက်ဆောင်အဖြစ် ဝိညာဉ်ကျောက်တွေပေးခဲ့တယ်ပေါ့။ ဒါက ဘယ်လိုစိတ်ကူးမျိုးကြီးလဲ"
မဟာနှင်းတောင်ပေါ်တွင် ကျွေးယွဲ့ သက်ပြင်းချ၍ စိတ်ပျက်လက်ပျက်ခေါင်းခါနေသည်။ ပင်လယ်တာအိုသခင်က သူ့တာအိုလက်တွဲဖော် ဘာကြောင့်စိတ်ကောက်နေသည်ကို နားမလည်ဖြစ်နေသည်။
"ငါဘာဝယ်ရမှန်းမသိဘူးလေ။ နဂါးမျိုးနွယ်က တန်ဖိုးကြီးပစ္စည်းတွေကို သဘောကျတယ်။ ဒါကြောင့် ရှောင်ယာကို ဝိညာဉ်ကျောက်ပဲပေးလိုက်တာကောင်းမယ်လို့ တွေးခဲ့တာပါ။ သူတစ်ခုခုဝယ်ချင်ရင် အဲဒါတွေနဲ့ဝယ်လို့ရတယ်လေ။ သိမ်းဆည်းရတာလည်းလွယ်တယ်။ ဘက်စုံလည်း သုံးလို့ရတယ်မဟုတ်လား"
ဖန်ဝူယာကပြောသည်။
နဂါးနန်းတော်မှ ကန်ထုတ်ခံခဲ့ရသဖြင့် ဖန်ဝယာက ကျွေးယွဲ့ထံ အကြံဉာဏ်လာတောင်းခြင်းဖြစ်သည်။ မည်သို့ဆိုစေ ကျွေးယွဲ့သည် မိန်းကလေးလည်းဖြစ် ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေလည်း ပိုင်ဆိုင်ထားသဖြင့် ထိုအပိုင်းတွင် ပိုနားလည်မည်ဟု သူယဆသည်။
ကျွေ့ယွဲ့က မျက်ခွံလှန်ကြည့်သည်။ ပင်လယ်တာအိုသခင်ကို အောင်းယာ ဘာကြည့်၍ ကြိုက်ခဲ့သည်မသိ။
"အဲလိုမရဘူးလေ။ နင့်ရဲ့လက်ဆောင်က ဆန်းသစ်ဖို့..."
ရုတ်တရက် ကျွေးယွဲ့ ကျောက်ရုပ်လိုဖြစ်သွားပြီး ဖန်တူယာနောက်ဘက်သို့ မျက်လုံးပြူး၍ကြည့်နေသည်။
"ဘာဖြစ်တာလဲ ကျွေးယွဲ့"
"အား..နင့်ဘိုးဘေးကို ငါမြင်နေရတယ်"
"ဘယ်လို"
"ဟားဟား၊ ကျွေးယွဲ့၊ မင်းဘာလို့ ဒီလောက်သေးသေးလေးဖြစ်သွားတာလဲ"
ကွေ့ယန် အော်ဟစ်ရယ်မောနေသည်။ ကျွေးယွဲ့က ကုလားထိုင်ပေါ်ထိုင်နေသည်။ ခြေထောက်က ကြမ်းပြင်ကိုမမီ။
"ကွေ့ယန်၊ နင်ဘယ်သင်္ချိုင်းက ထလာတာလဲ"
"ငါဘယ်သင်္ချုင်းကလာလာ အရေးမကြီးပါဘူး။ မင်းဘာလို့အဲလောက်သေးသွားသလဲဆိုတာ အရင်ပြောပြပါ"
အမုန်းဆုံးကိစ္စကို ပြောလာသဖြင့် ကျွေးယွဲ့ဘိုးဘေး ဒေါသထွက်လာပြီး ခံစားချက်အရိယဖလသန္ဓေကို အသက်သွင်းလိုက်သည်။
"နင်စကားသိပ်များတာပဲ။ ငိုလိုက်စမ်း"
ကွေ့ယန် ချက်ချင်းမြေပေါ်ဒူးထောက်ပြီး ရင်ဘတ်ကိုရိုက်၍ အော်ငိုသည်။
"ကျွေးယွဲ့၊ မင်းဘာလို့ဒီလောက်သေးသေးလေး ဖြစ်သွားရတာလဲကွာ...ငါမင်းအတွက် တကယ်စိတ်မကောင်းဘူး.."
ထိုမြင်ကွင်းကြောင့် ကျွေးယွဲ့ ကြက်သီးထသွားပြီး အရိယဖလစွမ်းအားကို ပြန်ရုတ်သိမ်းလိုက်သည်။ ကွေ့ယန် ပုံမှန်ပြန်ဖြစ်သွားသည်။
မ"မင်းက ခံစားချက်အရိယဖလစွမ်းအားနဲ့ ငါ့ကိုထိန်းချုပ်နေပြန်ပြီပေါ့"
တွေ့တွေ့ချင်း တိုက်ခိုက်ခံရသဖြင့် ကွေ့ယန် ဒေါသထွက်သွားသည်။
"ဟား...နင်အခုဒေါသထွက်နေတာလည်း ငါလုပ်ထားတာပဲ"
"ငါမယုံဘူးကွ"
"ဒါဆို ဒေါသမထွက်အောင် ကြိုးစားကြည့်လေ"
"ကောင်းပြီလေ"
ကွေ့ယန် အသက်နှစ်ကြိမ်ရှူထုတ်သည်။ ချက်ချင်းစိတ်ငြိမ်၍ ဒေါသပျောက်သွားသည်။ သူအတော်ကျေနပ်နေသည်။
"မင်းလိမ်နေတာ ငါသိပါတယ်။ ကြည့်လေ၊ ငါအခုဒေါသမထွက်တော့ဘူး"
"သိရင်ပြီးတာပဲ"
မုန်ကျင်းကျိုးနှင့်လုယန်တို့ ဘေးမှစောင့်ကြည့်နေသည်။ သူတို့ဘိုးဘေးသည် ကျွေးယွဲ့နှင့် ဉာဏ်ရည်အဆင့်မတူကြောင်း နားလည်လာသည်။
"ဘိုးဘေးကွေ့ယန်လား"
ကွေ့ယန်ကိုမြင်လိုက်ရသဖြင့် ပင်လယ်တာအိုသခင် နည်းနည်းအံ့အားသင့်သွားသည်။ ထို့နောက် လုယန်နှင့်မုန်ကျင်းကျိုးကို သတိထားမိသည်။ ကွေ့ယန်ပေါ်လာသည့်ကိစ္စသည် ထိုနှစ်ယောက်နှင့် တစ်နည်းနည်းပတ်သက်နေကြောင်း နားလည်လာသည်။
"မျိုးဆက်သစ်ဖန်ဝူယာ ဘိုးဘေးကွေ့ယန်ကို ဂါရဝပြုပါတယ်"
"မင်းက ငါတို့ဂိုဏ်းကို ပြန်အသက်သွင်းပေးခဲ့တယ်ဆိုတဲ့ ပင်လယ်တာအိုသခင်လား"
"ဟုတ်ပါတယ်"
"မဆိုးဘူး မဆိုးဘူး။ ဒါဆိုငါတို့ဂိုဏ်းမှာ မသေမျိုးတစ်ဝက်သုံးယောက်ရှိတယ်ပေါ့။ တိုးတက်ဖို့ကံပါလာတာပဲ။ အခု ကျန်းပင်ကန်းနဲ့ မုန်ကျန်းဇီကလွဲရင် မဟာရှားမှာ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းက စွမ်းအားအကြီးဆုံးပဲ"
"မသေမျိုးတစ်ဝက်သုံးယောက်.."
ထိုစကားကို ပင်လယ်တာအိုသခင် ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ သူနှင့်ကွေ့ယန်အပြင် တစ်ခြားဘယ်သူရှိသေးသနည်း..
"ဟုတ်တယ်လေ၊ မင်းရယ် ငါရယ် သူရယ်ပေါ့"
ကွေ့ယန်က ယွမ်မုန်မုန်ကို လက်ညှိုးထိုးပြသည်။
ယွမ်မုန်မုန်က လက်မြှောက်၍ သူ့ရပ်တည်ချက်ကို ကြေညာသည်။
"ဘိုးဘေးမှားနေပြီ။ ကျွန်မက ဒုခေါင်းဆောင်စကားကို နားထောင်ပေမယ့်။ တာအိုလမ်းစဉ်ဂိုဏ်းက မဟုတ်ပါဘူး"
"ဒါဆိုမင်းကဘယ်သူလဲ"
"ဆွေမျိုးဆီ လာလည်တဲ့ဧည့်သည်ပါ"
*****************************
အခန်း (၁၀၇၉) အမွှာဘိုးဘေးပေါင်းစည်းခြင်း
"ဆွေမျိုးဆီလာလည်တယ်...ဟုတ်လား။ ဘယ်သူလဲ။ ရှောင်လုလား"
ယွမ်မုန်မုန်က လုယန်ကို ဒုခေါင်းဆာင်ဟု အမြဲခေါ်သည်ကို ကွေ့ယန်သတိထားမိသည်။ လုယန်နှင့်လာတွေ့ခြင်းဖြစ်မည်ဟု တွေးလိုက်သည်။
"မဟုတ်ဘူး။ ရှောင်ကျိပါ။ နာမည်အပြည့်အစုံက ယွမ်ကျိပေါ့။ ကျွန်မရဲ့ အမပဲ။ ပြီးတော့ ဒုခေါင်းဆောင်ရဲ့ ဆရာတူအမလေ။ အရမ်းစွမ်းအားကြီးတယ်"
"အရမ်းစွမ်းအားကြီးတယ်ပေါ့။ မင်းထက်ပိုပြီးစွမ်းအားကြီးလား"
ကွေ့ယန် အံ့အားသင့်သွားသည်။ လုယန်၏အမကြီးဆိုလျှင် တာအိုလမ်းစဉ်ဂိုဏ်း၏ တပည့်အဆင့်သာရှိဦးမည်မဟုတ်လော...အကြီးအကဲအဆင့်ပင်မရောက်သေး။ ဘယ်လို'အရမ်းစွမ်းအားကြီး'နိုင်မည်နည်း။
"ရှင့်ထက်လည်း ပိုစွမ်းအားကြီးပါတယ်"
"ဪ...တကယ်ပေါ့"
ကွေ့ယန် လက်မခံနိုင်။
စွမ်းအားနှင့် ကျင့်စဉ်အဆင့်သည် လုံးဝမသက်ဆိုင်ဟု သူအမြဲယုံကြည်ခဲ့သည်။ အားကြီးခြင်းအားနည်းခြင်းကို တိုက်ပွဲဖြင့်သာ ဆုံးဖြတ်နိုင်သည်။ ထိုယုံကြည်ချက်ကြောင့်လည်း လွန်ခဲ့သည့်နှစ်တစ်သောင်းက မသေမျိုးအဆင့်ရောက်နေသည့် ကျန်းပင်ကန်းကို သူစိန်ခေါ်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲရလာဒ်ဘယ်လိုဖြစ်စေ ကိုယ့်စည်းမျဉ်း ကိုယ့်ယုံကြည်ချက်ကို မစွန့်လွှတ်ဖို့သာ အရေးကြီးဆုံးဖြစ်သည်။
ထိုစဉ်က မုန်ကျန်းဇီကိုလည်း သူစိတ်ခေါ်ချင်ခဲ့သည်။ သို့သော် မုန်ကျန်းဇီက လက်မခံခဲ့။ သူမသေမျိုးမဖြစ်သေးကြောင်း မသေမျိုးတစ်ဝက်အဆင့်သာဖြစ်ကြောင်း ပြောသည်။ ကျန်းပင်ကန်းကို ရှုံးပြီးနောက် စိတ်ဓာတ်ကျပြီး လုံးဝိုက်ပွဲမဝင်တော့။
သို့သော် ထိုဇာတ်လမ်းကို ကွေ့ယန်လုံးဝမယုံ။
စိတ်ဓာတ်ကျနေလျှင် အပြင်လောကထွက်ပြီး အားနည်းချင်ယောင်ဆောင်၍ တစ်ခြားလူများကို ယှဉ်ပြိုင်ဖို့သာရှိသည်။ သို့မှသာ ကိုယ့်ယုံကြည်ချက်များ ပြန်ရလာမည်။ ဘာကြောင့် အိမ်တွင်းပုန်းလုပ်နေသနည်း။ မုန်ကျန််းဇီသည် ထိုလူစားမျိုးလော။
အမှန်တော့ မုန်ကျင်းဇီ မသေမျိုးအဆင့်သို့ ရောက်ပြီးဖြစ်မည်။ တစ်ခြားလူများကို ထောင်ချောက်ဆင်ရန် လျှို့ဝှက်ကြံစည်နေခြင်းသာဖြစ်မည်။ ထိုအဖြစ်ကို ရိပ်စားမိသဖြင့် နောက်ပိုင်းတွင် မုန်ကျန်းဇီကို သူထပ်စိန်မခေါ်တော့။
"မင်းက လေဟာနယ်အရိယဖလသန္ဓေတည်ဆောက်ထားတာပဲ။ ဒါတောင် ယွမ်ကျိလို့ခေါ်တဲ့တစ်ယောက်ကို မင်းမနိုင်ဘူးလား"
"မနိုင်ပါဘူး"
ပင်လယ်တာအိုသခင် ပေါ်တင်ဝန်ခံသည်။ အောင်းယာနှင့် တာအိုလက်တွဲဖော်ဖြစ်ပြီးကတည်းက ထိုကိစ္စကို သိပ်အရေးမစိုက်တော့။ ယွမ်ကျိကို အနိုင်သည့်ကိစ္စကို ရှက်စရာဟု သဘောမထားတော့။
"ယွမ်ကျိဘယ်မှာလဲ။ ငါသူနဲ့တွေ့ချင်တယ်"
"ရှောင်ကျိ အပြင်ထွက်သွားတယ်။ သိပ်မကြာခင် ပြန်လာလောက်ပါတယ်"
ယွမ်မုန်မုန်က မေးသမျှဖြေသည်။
လုယန် တွေးနေသည်။
ညီမုန်မုန်..မင်းက မီလောင်ရာလေပင့်တာ တကယ်တော်တာပဲ။ ဘာလို့ အမယွမ်ပြန်လာတော့မယ့်ကိစ္စကို ထုတ်ပြောနေတာလဲ...
"ဘိုးဘေး။ နောက်ထပ်တွေ့ရမယ့် အသိအကျွမ်းတွေရှိပါသေးတယ်"
လုယန် အမြန်စကားလမ်းကြောင်းပြောင်း၍ ကွေ့ယန်ကို အာရုံလွှဲသည်။
"နောက်ထပ်ရှိသေးတယ်ပေါ့"
"အမှန်တိုင်းပြောရရင် ကျုပ်တို့ဂိုဏ်းမှာ မသေမျိုးတစ်ဝက်တွေ အတော်များများရှိပါတယ်။ သုံးယောက်မကပါဘူး။ ဘိုးဘေးရင်းနှီးတဲ့လူတွေပါပါတယ်"
"အဲလိုလား၊ သွားတွေ့ကြမယ်လေ"
ကွေ့ယန် စိတ်ဝင်စားလာသည်။
လုယန်ကသူ့ကို အတ်ောဝေးဝေးသို့ခေါ်သွားသည်။ ကွေ့ယန်အတော်ရင်းနှီးနေသည့်နေရာတစ်ခုသို့ ရောက်လာသည်။
အကျဉ်းထောင်တောင်ထိပ်။
လုယန်ရောက်လာသည်ကိုအာရုံခံမိသဖြင့် ရှန်ထန်ယိ ထရပ်ပြီး အပြုံးဖြင့်ကြိုဆိုသည်။
"ရှောင်လု၊ မင်းရောက်လာတာလား။ ဒီတစ်ခါဘယ်သူ့ကို ဖမ်းခေါ်လာတာလဲ။..ဟာ...ဘိုးဘေးကွေ့ယန်လား"
...ဒီကောင်လေးက ဘိုးဘေးကို တကယ်ဖမ်းခေါ်တာလား...မဟုတ်သေးပါဘူး..ငါဘာတွေတွေးနေတာလဲ...
အကျဉ်းထောင်တောင်ထိပ်လို့ လာလည်သူတစ်ခါမှ ယခုလောက်မများဖူး။ ယွမ်မုန်မုန်၊ တိုင်ပုဖုန်၊ ရှန်ထန်၊ မုန်ကျင်းကျိုး၊ ပင်လယ်တာအိုသခင်။
ကျွေးယွဲ့က မဟာနှင်းတောင်မှ ခွာ၍မရသဖြင့် လိုက်မလာ။
ဖန်ဝူယာက အဖွဲ့၏နောက်ဆုံးမှ လျှောက်လာသည်။ တာအိုရှင်ရှန်ထန်ကို တပည့်အဖြစ်သတ်မှတ်ပြီးနောက်တွင် သူ့ဝါစဉ်ကို ထိန်းထားခဲ့သည်။ သို့သော်ယခု ကွေယန်ပြန်ရောက်လာသဖြင့် နံပတ်နှစ်ပြန်ဖြစ်လာပြန်သည်။
ဂိုဏ်းကို ပြန်အသက်သွင်းခဲ့သည့် ဘိုးဘေးတစ်ယောက်အတွင် ဂိုဏ်း၏နံပတ်တစ်ပုဂ္ဂိုလ်ဖြစ်ဖို့ ထိုမျှခက်ခဲနေသလော...
"ကွေ့ယန်၊ မင်းမသေသေးဘူးပေါ့"
ရင်းနှီးနေသည့်စကားသံကို ကြားရသည်။ သို့သော်ဘယ်သူဘယ်ဝါဆိုသည်ကို ကွေ့ယန်မမှတ်မိ။ အသံလာရာသို့လှမ်းကြည့်ပြီးနောက် သူအတော်အံ့အားသင့်သွားသည်။
"လေဟာနယ်လား"
မဟာယုခေတ်နှောင်းပိုင်း မသေမျိုးတစ်ဝက် လေဟာနယ်အဓိပဓိသည် တိုက်နယ်တစ်ခွင်ကျော်ကြားခဲ့သူဖြစ်သည်။ ကျန်းပင်ကန်းနှင့် မုန်ကျန်းဇီတို့ကို ရှုံးနိမ့်ခဲ့သည်။
ယခုလိုပြန်တွေ့ရသဖြင့် ကွေ့ယန်တကယ်အံ့ဩသည်။ သူရင်းနှီးသူတော့မှန်သည်။ သို့သော် လွန်ခဲ့သည့်နှစ်ရှစ်သောင်းက သူရှာဖွေသည့်တိုင် ရှာမတွေ့ခဲ့။ ဘာကြောင့်ယခု အကျဉ်းထောင်တောင်ထိပ်သို့ ရောက်နေသည်မသိ။
"စီလဲ့"
ခွေးသေတစ်ကောင်လို ဒရွတ်တိုက်ဆွဲခေါ်လာခံရသည့် စီလဲ့နတ်သခင်ကို စီချန်းမြင်သွားသည်။ အကျဉ်းထောင်စည်းမျည်းကို အရေးမစိုက်နိုင်တော့ဘဲ တအံ့တဩ အော်ဟစ်မိသည်။
ရင်းနှီးနေသည့်ခေါ်သံကြောင့် စီလဲ့ မျက်လုံးကိုကြိုးစားဖွင့်သည်။ အချိန်အတော်ကြာ ပျောက်နေခဲ့သည့် စီချန်းကိုမြင်ရသည်။
"စီချန်း မင်းဘာလို့ဒီရောက်နေတာလဲ"
စီချန်း မျက်ရည်ဖြိုင်ဖြိုင်ကျလာသည်။ အဖမ်းထားရသည့်အဖြစ်က ရှင်းနေသည်မဟုတ်လော..
နတ်သခင်နှစ်ယောက်၏ လေးနက်သည့်သံယောဇဉ်ကို သတိထားမိသဖြင့် မုန်ကျင်းကျိုးက စီလဲ့ကို ထန်ရှန်းယိလက်ထဲ လွှဲပေးသည်။ စီချန်းနှင့်ဘေးချင်းကပ်လျက် အခန်းသို့ပို့သည်။
တွမ်ချင်းရွှေ့နှင့် မိုရှောင်ချွေ့တို့က အအံ့ဩဆုံးဖြစ်သည်။ သူတို့သည် ကျင့်စဉ်အဆင့်အနိမ့်ဆုံးဖြစ်သည်။ နောက်ဆုံးမှရောက်လာသူများဖြစ်သည်။ အကျဉ်းသားများ တဖြေးဖြေးတိုးနေသည့်အဖြစ်ကို လက်တွေ့မမြင်ဖူးသေး။
ယခု မြင်ဖူးသွားသည်။
သူတို့အတွက် ဤအကျဉ်ထောင်တွင် နေရသည်က အပြင်လောကထက်ပင် မျက်စိပွင့်သည်။
"ဘိုးဘေးဆရာ၊ ဒီကိုပြန်လာရင်းနဲ့ မဟာချန်အလတ်တန်းဆင့်တစ်ယောက် ဖမ်းမိလာပါတယ်"
ယွမ်ကျိစကားသံက အကျဉ်းထောင်အပြင်ဘက်မှ ထွက်လာသည်။
အားလုံး ပြိုင်တူလှည့်ကြည့်ကြသည်။ ယွမ်ကျိက မျက်နှာစိမ်းကျင့်ကြံသူတစ်ယောက်ကို ဆွဲခေါ်လာသည်။ အားလုံးဝိုင်းကြည့်နေကြသဖြင့် သူနည်းနည်းအံ့အားသင့်သွားသည်။
သို့သော် သူသိပ်မတွေးတော့။ ထိပ်ဆုံးတွင်ရပ်နေသည့် ကောင်းကင်သခင်ကွေ့ယန်ကိုမြင်ရချိန်တွင် သူ့အမူအရာ သိသိသာသာပြောင်းသွားသည်။ ဖမ်းလာသည့်အကျဉ်းသားကို မြေပြင်သို့ချပြီး အရိုအသေပေးသည်။
"မျိုးဆက်သစ်ယွမ်ကျိ ဘိုးဘေးကွေ့ယန်ကို ဂါရဝပြုပါတယ်"
"ယွမ်ကျိဆိုတာမင်းလား"
ကွေ့ယန် ခြေဆုံးခေါင်းဆုံး အကဲခတ်သည်။ ကျင့်စဉ်အဆင့်ကမြင့်မားလွန်းသည်။ အဆုံးမရှိသယောင်ထင်ရသည်။ ယွမ်မုန်မုန်ထက် ပိုစွမ်းအားကြီးလောက်သည်။
'အရမ်းစွမ်းအားကြီး'သည်ဟု ယွမ်မုန်မုန်သတ်မှတ်ထားသည်မျာ မဆန်းတော့။
"မင်းက အတော်စွမ်းအားကြီးတယ်လို့ကြားတယ်"
"ဒီလိုစကားတွေ ဘယ်ကကြားလာတာလဲ ဘိုးဘေး။ ဒါက အချင်းချင်းမြှောက်ပင့်တဲ့စကားတွေပါ"
"မြှောက်ပင့်တာဟုတ်မဟုတ် ငါတို့တစ်ခါလောက်စမ်းကြည့်ရင် သိလာမှာပဲလေ"
"ကျွန်မက ဘိုးဘေးနဲ့ ဘယ်လိုလုပ်လက်ရည်စမ်းရဲပါ့မလား။ မတော်လို့ ကျွန်မကြောင့် ဘိုးဘေးဒဏ်ရာရသွားရင် ကျွန်မအပြစ်ပြုမိသလိုဖြစ်မှာပေါ့"
ကွေ့ယန် ဒေါသထွက်သော်လည်း ရယ်လိုက်သည်။
"မင်းငါ့ကို ဘယ်လောက်ဒဏ်ရာရအောင်လုပ်နိုင်မလဲဆိုတာ ငါကြည့်ချင်ပါတယ်"
ကွေ့ယန်တိုက်ခိုက်လိုစိတ် ပြင်းပြနေသဖြင့် ရှောင်လွှဲမရတော့ကြောင်း ယွမ်ကျိသဘောပေါက်လိုက်သည်။ သက်ပြင်းတစ်ချက်ချ၍
"ဒါဆိုလည်း ဘိုးဘေးကို စိတ်ဓာတ်ကျအောင်မလုပ်ပါဘူး။ ဒါပေမယ့် အကျဉ်းထောင်ထဲမှာက နေရာကြပ်တယ်။ ကျွန်မလွတ်လွတ်လပ်လပ် လှုပ်ရှားလို့မရလောက်ဘူး။ အပြင်ကိုထွက်ကြမလား"
"သိပ်ကောင်းတာပေါ့"
ကွေ့ယန်က ကျင့်စဉ်အဆင့်မြင့်သဖြင့် ဂိုဏ်းအတွင်းအပိုင်းထိ ယွမ်ကျိခေါ်သွားသည်။ ထိုနေရာတွင် တောင်တန်းများ အဆုံးမရှိ ဆန့်ထွက်နေသည်။ စိတ်ရှိလက်ရှိတိုက်ခိုက်နိုင်သည်။
ဘေးကြည့်ပရိတ်သတ်များလည်း စိတ်အားတက်ကြွစွာ လိုက်လာကြသည်။
"တိုက်ပွဲသံချပ်ကာ...ဒီကိုလာစမ်း"
ကွေ့ယန် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ တော်ဝင်ခန်းမတွင် အပူဇော်ခံအဖြစ် ထိန်းသိမ်းထားသည့် သံချပ်ကာက သခင်ခေါ်သံကြောင့် လျင်မြန်စွာပျံသန်းရောက်ရှိလာသည်။
ကွေ့ယန်၏တိုက်ပွဲသံချပ်ကာသည်လည်း ဂိုဏ်း၏အဓိကရတနာတစ်ခုဖြစ်သည်။ စုစည်းခြင်းအဆင့်များ ဝတ်ဆင်လျှင် ကူးဖြတ်ခြင်းအဆင့်စွမ်းအားမျိုးရသည်။
သံချပ်ကာဝတ်ထားသည့် ကွေ့ယန်အသွင်က လွန်ခဲ့သည့် နှစ်တစ်သိန်းက စစ်ပွဲမီးတောက်များကြားသို့ ပြန်ရောက်လာသလိုရှိသည်။
"ဘိုးဘေး စတိုက်ပါ"
"မင်းငါ့ကို အရင်တိုက်ခိုက်ခိုင်းတယ်ပေါ့။ လူငယ်မျိုးဆက်တွေက အတော်တောင်စိတ်ကြီးဝင်ကြတာပဲ"
ကွေ့ယန် ခြေတစ်ချက်ဆောင့်လိုက်သည်။ မြေပြင်အက်ကွဲသွားသည်။ မြေကြီးနှင့်ပေါင်းစပ်၍ လူ့ဘီလူးအသွင်ပြောင်းသည်။
လူနှင့်မြေတစ်သားတည်းဖြစ်နေသည်။ မြေပေါ်တွင်ရပ်လိုက်သည်နှင့် အဆုံးမဲ့စွမ်းအားများ ထိုးထွက်လာသည်။ ထိုတိုက်ကွက်ကြောင့် စီလဲ့ အတော်ဒုက္ခရောက်ခဲ့သည်။
ယွမ်ကျိ ပေါ့်ပါးစွာခုန်တက်သွားသည်။ ပေတစ်သောင်းအမြင့်သို့ ရောက်သည်။ သူ့အမူအရာက အပြောင်းအလဲမရှိ။ လက်သီးဆုပ်လိုက်သည်။ သူ့လက်ကောက်ဝတ်ရှိ ခေါင်းလောင်းငယ်များမှ ကြည်လင်သည့်အသံများ ထွက်ပေါ်လာသည်။
"ဘုန်း"
သူလက်သီးက လူ့ဘီလူး၏ရင်ဘတ်ကိုထိသည်။ မြေသားလူ့ဘီလူး ပြိုလဲ၍ အစိတ်စိတ်အမွှမွှာ ကြေမွသွားသည်။
ကွေ့ယန် ပုံမှန်အရွယ်အစား ပြန်ရောက်သွားပြီး မြေပေါ်တွင်လဲလျောင်းနေသည်။ မျက်လုံးများက အသက်ဝိညာဉ်ကင်းမဲ့နေသည်။
သူစွမ်းအားကြီးပါသည်။ သို့သော် အနိုင်ယူနိုင်လောက်အောင် စွမ်းအားမကြီး။
လွန်ခဲ့သည့်နှစ်တစ်သိန်းက ခမ်းနားခဲ့သည့်သူ့နေ့ရက်များကို ပြန်တွေးမိသည်။ သွေးနီတိုက်ပွဲများကြား ရဲဝံ့စွာ တိုက်ခိုက်ခဲ့သည်။ အတားအဆီးများချိုးဖျက်ခဲ့သည်။ အားလုံးအသိအမှတ်ပြုသည့် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ခဲ့သည်။
မသေမျိုးငါးဂိုဏ်းတည်ထောင်သူအဖွဲ့ဝင်ဖြစ်လာသည်။
ထိုနေ့ရေက်များတွင် မိတ်ဆွေများနှင့်အတူ ရန်သူပေါင်းများစွာကို တိုက်ခိုက်အနိုင်ယူခဲ့သည်။ လူငယ့်အားမန်များပြည့်နေခဲ့သည်။
ဘာကြောင့်ယနေ့လို မျိုးဆက်သစ်တစ်ယောက်ကို ရှုံးရသနည်း။
မဟုတ်သေး။ ရှုံး၍မဖြစ်။
သူ့စိတ်ဓာတ်များ ချက်ချင်းပြန်လည်တက်ကြွလာသည်။
ယွမ်ကျိကို တစ်ယောက်တည်းမနိုင်လျှင် အဖော်ခေါ်ရမည်။
"ဖန်ဝူယာ၊ ငါ့ကိုလာကူဦး"
"အဲ...ဟုတ်ကဲ့"
ကွေ့ယန်၏ ရည်ရွယ်ချက်ကို သေချာမသိသော်လည်း ဘိုးဘေးတစ်ယောက်၏စကားကို နာခံရမည်။
တိုက်ပွဲကွင်းသို့ ဖန်ဝူယာရောက်လာသည်။ ကွေ့ယန်မျက်လုံးမှ ပြင်းထန်သည့်တိုက်ပွဲစိတ်ဓာတ်ကို သူမြင်ရသည်။
တာအိုလမ်းစည်ဂိုဏ်းဘိုးဘေးနှစ်ယောက် ထိုခဏတွင် စိတ်ချင်းနားလည်မှုရနေသည်။ စကားပြောစရာမလိုဘဲ တစ်ယောက်အတွေးကို တစ်ယောက်သိသည်။
တာအိုသခင်စိတ်တွင် မျှော်လင့်ချက်အသက်များ ပြန်နိုးကြားလားသည်။
ယွမ်ကျိကို အနိုင်ယူ၍ ဘိုးဘေးသိက္ခာကို ပြန်အဖတ်ဆယ်ရမည်။
"ပေါင်းစည်းမယ်"
ပေါင်းစည်းအရိယဖလသန္ဓေကို ကွေ့ယန်အသက်သွင်းသည်။ ဖန်ဝူယာနှင့်ပေါင်းစပ်လိုက်သည်။
မသေမျိုးနှစ်ယောက်၏ ပူးပေါင်းစွမ်းအားထွက်ပေါ်လာသည်။ ချက်ချင်းအဆင့်မြင့်သွားသည်။
ကွေ့ယန်ပိုင်ဆိုင်သည့် တိုက်ခိုက်နည်းများအကြောင်း အရင်ကတည်းက ဖန်ဝူယာကြားဖူးသည်။ ယနေ့မှ ထိုနည်းလမ်းများ၏စွမ်းအားကို လက်တွေ့နားလည်လာသည်။
သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းစွမ်းအားရှင်လိုခံစားရသည်။ နှစ်ယောက်ပေါင်းစွမ်းအားက သတ္တုကိုပင် ဖြတ်တောက်နိုင်သည်။ နှစ်ယောက်ပေါင်းစွမ်းအားကို ဘယ်သူမှ အနိုင်ယူနိုင်မည်မဟုတ်။
အင်အားကြီးရန်သူများကို ကွေ့ယန် မကြာခဏရင်ဆိုင်ခဲ့ဖူးသည်။ သို့သာ် သူတစ်ယောက်တည်းတော့မဟုတ်။ သူနှင့်အတူတိုက်ခိုက်မည့် ယုံကြည်ရသည့်လက်တွဲဖော်များ အမြဲရှိခဲ့သည်။
"ယွမ်ကျိ၊ ငါတို့က ဘိုးဘေးတွေဆိုပြီး နောက်မတွန့်နဲ့။ စွမ်းအားပြည့်တိုက်ခိုက်ပါ..."
"တိမ်ဆင်းလက်ဝါး"
တိမ်တိုက်များ လက်ဝါးရိပ်အဖြစ်ပြောင်းသွားသည် လေဟာနယ်ကိုထိုးခွဲ၍ လက်ဝါးရိပ်က အောက်သို့ဆင်းလာပြီး အရှိန်ဖြင့်ရိုက်ခတ်သည်။
"ဘုန်း"
ဖုန်မှုန့်များ ရှင်းသွားသည်။ ပေါင်းစည်းစွမ်းအားလည်း မရှိတော့။ ဘိုးဘေးနှစ်ယောက် ချိုင့်ခွက်ကြီးတစ်ခုအလယ်တွင် လဲလျောင်းနေသည်။ သူတို့မျက်လုံးများက ဝိညာဉ်ပျောက်သလိုဖြစ်နေသည်။
****************************
အခန်း (၁၀၈၀)ဩဇာရှင်
ကြိးမားသည့်တွင်းနက်တစ်ခုထဲတွင် ကွေ့ယန်နှင့်ဖန်ဝူယာ ဘေးချင်းယှဉ်၍လဲလောင်းနေသည်။ အလောင်းများနှင့် သဏ္ထာန်တူသည်။ လုယန်တို့လူစု စိုးရိမ်တကြီး အော်ဟစ်၍ ပြေးလာသည်။
"ဘိုးဘေးတို့နှစ်ယောက် အဆင်ပြေရဲ့လား"
နှစ်ယောက်လုံး အသက်မဲ့သလိုဖြစ်နေသည်။ ဘာမှကြားဟန်မတူ။
ယနေ့ တာအိုလမ်းစဉဂိုဏ်း၏ ဘိုးဘေးသုံးယောက် ဆုံစည်းမိကြသည်။
ယနေ့မှာပင် သုံးယောက်ထဲမှနှစ်ယောက် ကျဆုံးသွားသည်။ လုယန်တို့က ဆူညံစွာအော်ဟစ်၍ ဘိုးဘေးနှစ်ယောက်ကို တွင်းနှုတ်ခမ်းပေါ်မ,တင်သည်။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းတွင် သင်ခဲ့သည့် ပညာရပ်အသစ်များဖြင့် မြေပြင်ကို မူလအတိုင်းဖြစ်အောင် ပြုပြင်သည်။
ဘိုးဘေးနှစ်ယောက် မရှိတော့သော်လည်း ဘဝကို ဆက်လျှောက်ကြရဦးမည်။ လက်ရှိတာဝန်များကို ပြီးမြောက်အောင် ထမ်းဆောင်ရဦးမည်။
"ဒုခေါင်းဆောင်၊ ငါနင့်ကို ကူညီမယ်"
ဒုခေါင်းဆောင်အလုပ်လုပ်နေသဖြင့် တ-ခေါင်းဆောင်ကလည်း ရပ်ကြည့်မနေနိုင်။
တာအိုရှင်ရှန်ထန် ခဏတွေးသည်။ အားလုံးက တန်ဖိုးတစ်ခုစီရှိကြသည်။ သူလည်း ဘာမှမလုပ်ဘဲ ရပ်ကြည့်နေ၍မဖြစ်။ စက်ကန့်ပိုင်းမျှသာကြာခဲ့သော်လည်း တိုက်ပွဲက တိုက်ပွဲသာဖြစ်သည်။
ထို့ကြောင့် မြေတွင်းဖြည့်သည့်အဖွဲ့တွင် ဝင်ကူသည်။
နောက်ပိုင်းမျိုးဆက်များသည် ရိုသေလေးစားမှုမရှိကြ။ ဘိုးဘေးနှစ်ယောက်အလောင်းပေါ်ဖြတ်ကျော်၍ သဲများမြေကြီးများ သယ်ယူနေကြသည်။ အလောင်းနှစ်ခုကို ဘယ်သူမှဂရုမစိုက်ကြ။ လောကကြီး၏ ရက်စက်သည့်အမှန်တရားကို ထင်ဟပ်နေသည်။
"ဘိုးဘေး။ နောက်တစ်ခါ ဒီလိုအရိုက်ခံဖို့ဆို ကျုပ်ကိုဆွဲမထည့်ပါနဲ့"
"အင်း"
ဘိုးဘေးနှစ်ယောက် ခဏလှဲနေကြပြီးနောက် စွမ်းအားပြန်ရလာပြီး ထရပ်ကြသည်။ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာသည်။
"ဒါနဲ့ဘိုးဘေး၊ ဘိုးဘေးက ပေါင်းစပ်ခြင်းအရိယဖလသန္ဓေပိုင်တာမဟုတ်လား"
အစောပိုင်းက ကွေ့ယန်၏ တိုက်ပွဲစိတ်ဓာတ်များ လွှမ်းမိုးနေခဲ့သဖြင့် ပင်လယ်တာအိုသခင် ဆင်ခြင်ဉာဏ်မဲ့သွားသည်။
ယွမ်ကျိကိုအနိုင်ယူမည်ဟူသည့် လက်တွေ့မကျသည့်အတွေးများ ဝင်ခဲ့သည်။
ယခု မြေပေါ်တွင် လူသေလိုခဏလှဲနေခဲ့ပြီးနောက် ထိုအရူးရောဂါပျောက်သွားသည်။ ပုံမှန်ပြန်ဖြစ်လာသည်။
"ဟုတ်တယ်လေ။ ဘာလို့လဲ"
"ဝိညာဉ်ကျောက်တွေ ပေါင်းစပ်ပေးလို့ရလား"
"ရတယ်။ အဆင့်နိမ့်ဝိညာဉ်ကျောက်ဆယ်လုံးကို အလတ်တန်းဆင့်ဝိညာဉ်ကျောက်တစ်လုံးရမယ်။ အလတ်တန်းဆင့်ဆယ်လုံးဆို ထိပ်တန်းဆင့်တစ်လုံးရတယ်"
"ထိပ်တန်းဝိညာဉ်ကျောက်ဆယ်လုံးကို ပေါင်းစပ်လို့ရောရလား"
ပင်လယ်တာအိုသခင် ထိပ်တန်းဝိညာဉ်ကျောက်ဆယ်လုံး ထုတ်လိုက်သည်။
ဝိညာဉ်ကျောက်များထဲတွင် အရည်အသွေးအမြင့်ဆုံးဖြစ်သည်။ အလွန်သန့်စင်သည့် ဝိညာဉ်စွမ်းအင်များပါသည်။ သိပ်သည်းလွန်းသဖြင့် အဆင့်မြင့်ကျင့်ကြံသူများပင် ကျင့်ကြံမှုအတွက် ထပ်ကာထပ်ကာမသုံးရဲကြ။
ကွေ့ယန်ဘိုးဘေးက လက်နှစ်ဘက်မှ စိမ်းပြာရောင်အလင်းတစ်ခုထုတ်လွှတ်သည်။ ထိုအလင်းက ဝိညာဉ်ကျောက်ဆယ်လုံးကို ဖုံးအုပ်သွားသည်။ အချင်းချင်းဓာတ်ပြုသည်။ ထိတွေ့သည်။ ပေါင်းစပ်သည်။
အလင်းပျောက်ကွယ်သွားပြီးနောက် အတုမဲ့ဝိညာဉ်ကျောက်တစ်လုံး သူ့လက်ထဲတွင် ပေါ်လာသည်။ သလင်းသားလိုကြည်လင်နေသည်။ ရေထဲတွင်ချထားလျှင် တော်ရုံရှာတွေ့ဖို့မလွယ်။ အရည်အသွေးက ထိပ်တန်းဝိညာဉ်ကျောက်ထက် များစွာသာလွန်သည်။ ဝိညာဉ်စွမ်းအင်က ကြောက်စရာကောင်းလောက်အောင် သိပ်သည်းသည်။
"တကယ်အလုပ်ဖြစ်တာပဲ"
ဖန်ဝူယာ ဝိညာဉ်ကျောက်ကို ဝမ်းသာအားရယူပြီး သေတ္တာတစ်လုံးတွင် ဂရုတစ်စိုက်သိမ်းလိုက်သည်။ ထိုကျောက်တုံးသည် ဘိုးဘေးနဂါးမြက်နှင့် အဆင့်အတန်းတူသည့် ဝိညာဉ်ကျောက်ဖြစ်သည်။
ရှောင်ယာကို လက်ဆောင်ပေးရမည်။
ကျွေးယွဲ့၏စကားကို သူအထပ်ထပ်ပြန်စဉ်းစားခဲ့သည်။ နဂါးမျိုးနွယ်တွင် မွေးဖွားခဲ့သည့် အောင်းယာသည် ဝိညာဉ်ကျောက်ရှားပါးသူမဟုတ်။ ပုံမှန်ဝိညာဉ်ကျောက်များ လက်ဆောင်ပေးလျှင် သူ့အတွက် တကယ်ဘာမှမထူးခြားလှ။
သို့သော် ဤဝိညာဉ်ကျောက်က ထိပ်တန်းဝိညာဉ်ကျောက်များထက် သာလွန်သည်။ ရှောင်ယာဘယ်လောက်ချမ်းသာသည်ဖြစ်စေ ဤဝိညာဉ်ကျောက်ကို တန်ဖိုးထားလိမ့်မည်။
"ဘိုးဘေး၊ ဒီဝိညာဉ်ကျောက်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲ"
"နာမည်ဆိုရင်တော့...အဆုံးစွန်ဝိညာဉ်ကျောက်လို့ ခေါ်ကြတာပေါ။ ဝိညာဉ်ကျောက်တွေရဲ့ နောက်ဆုံးအကန့်အသတ်ပဲလေ။ ဒီထက်ပိုပေါင်းစပ်ရင် ဝိညာဉ်ကျောက်က ခံနိုင်ရည်မရှိဘဲ ကွဲထွက်သွားမယ်ထင်တယ်"
"ဒါဆိုလည်း အဆုံးစွန်ဝိညာဉ်ကျောက်လို့ခေါ်ကြတာပေါ့"
အဖိုးတန်လက်ဆောင်ရပြိးနောက် ဖန်ဝူယာ လေဟာနယ်လမ်းကြောင်းချက်ချင်းဖွင့်၍ အရှေ့ပင်လယ်သို့ပြေးသည်။
အောင်းယာက စိတ်ကောက်နေဆဲဖြစ်သည်။ သူအမြန်ချော့မှဖြစ်မည်။
"ဒီမျိုးဆက်သစ်က တကယ်စွမ်းအားကြီးတာပဲ။ ငါတို့သူ့ကို မနိုင်ဘူး"
ပြီးခဲ့သည့်တိုက်ပွဲကို ကွေ့ယန် ပြန်သုံးသပ်သည်။ အပြတ်အသတ် ရှုံးခဲ့သည်။ ကျန်းပင်ကန်းနှင့် တိုက်ခိုက်စဉ်ကပင် ထိုမျှအခြေအနေမဆိုးခဲ့။
"လေ့ကျင့်ဖော်တစ်ယောက် ရှာမှဖြစ်မယ်။ ကျွေးယွဲ့အသက်ရှင်နေသေးတယ်ဆိုတော့ ဟိုလူတွေလည်း အသက်ရှင်နေလောက်တယ်"
မိတ်ဆွေဟောင်းများနှင့် ပြန်ဆက်သွယ်ဖို့ ဆုံးဖြတ်သည်။ ထိုလူများကို အနိုင်ယူပြီး ယုံကြည်ချက်ပြန်လည်မြှင့်တင်ရမည်။
"ပြီးသွားပြီ"
နောက်ဆုံးကျန်သည့် မြေတွင်းကိုဖြည့်ပြီးနောက် ပတ်ဝန်းကျင်က မူလပုံစံအတိုင်းဖြစ်သွားသည်။ တိုက်ပွဲကြီးတစ်ခုဖြစ်ခဲ့သည်ဟုပင် ထင်စရာမရှိတော့။
"အမယွမ်၊ စီလဲ့နတ်သခင်ကို စစ်ဆေးမေးမြန်းဖို့ သွားတော့မှာလား"
ယွမ်ကျိက အကျဉ်းထောင်တောင်ထိပ်ဆီ ပျံသန်းနေသည်။
"ဟုတ်တယ်"
ဘိုးဘေးကွေ့ယန်ကိစ္စ ရှင်းသွားသဖြင့် ချက်ချင်းစစ်ကြောရေးဝင်ဖို့ စီစဉ်သည်။
"စီလဲ့အမှန်အတိုင်း ဝန်ခံထွက်ဆိုအောင် အကူအညီနည်းနည်းရှာမှဖြစ်မယ်"
အကျဉ်းထောင်တောင်ထိပ်တွင် စီချန်းမိတ်ဆက်ပေးသည့် အကျဉ်းသားများအကြောင်း စီလဲ့နားထောင်နေသည်။ နာမည်တစ်ခုကြားတိုင်း မျက်ခုံးတစ်ခါလှုပ်သည်။
အိပ်မက်ဆိုးအဓိပဓိ၊ လေဟာနယ်အရှင်၊ နိယာမသခင်... အားလုံးက နောက်ပိုင်းမျိုးဆက် နာမည်ကျော်မသေမျိုးတစ်ဝက်များဖြစ်သည်။ သူ့ထက်များစွာပို၍ ထင်ရှားသူများဖြစ်သည်။
ထိုမသေမျိုးတစ်ဝက်များက ကျဉ်းကြပ်သည့်ဤနေရာတွင် ထောင်နန်းစံနေရသည်။
တာအိုလမ်းစဉ်ဂိုဏ်းက ကံကောင်းသွား၍ သူ့ကိုဖမ်းမိခဲ့သည်ဟု အစကထင်ခဲ့သည်။ ကွေ့ယန်နှင့် ယွမ်မုန်မုန်ကို ထိပ်တိုက်တိုးခဲ့သည်မှာ တိုက်ဆိုင်မှုသက်သက်ဟု ထင်ခဲ့သည်။
သို့သော်ယခု သူနားလည်လာသည်။ တိုက်ဆိုင်မှုလုံးဝမဟုတ်။ တာအိုလမ်းစဉ်ဂိုဏ်း၏အင်အားက ကြောက်စရာကောင်းလွန်း၍သာဖြစ်သည်။
အကျဉ်းထောင်အစွန်ဆုံးမှ အခန်းတစ်ခုဆီ သူအကြည့်ရောက်သွားသည်။ မုတ်ဆိတ်ကျင်စွယ်နှင့် ပိန်ပိန်ပါပါး သက်လတ်ပိုင်းလူတစ်ယောက် ထိုင်ခုံတွင် တင်ပျဉ်ချိတ်၍ ထိုင်နေသည်။
ထိုလူ၏နာမည်ဂုဏ်သတင်းကိုတွေးမိရုံဖြင့် သူကြက်သီးထမိသည်။
မဟာယုနိုင်ငံ့ဆရာ ကွမ်းရှန်ဟိုင်။
မသေမျိုးများပင် ဤနေရာတွင် အကျဉ်းကျနေသည်။
စီချန်းကို လုယန်က ဖမ်းခဲ့သည်။ ထိုလုယန်သည် ဝိညာဉ်ပြောင်းအဆင့်ဟု ထင်ရသော်လည်း ရှေးဟောင်းမသေမျိုးတစ်ယောက်ဖြစ်ကြောင်း သိရသည်။
မဟာယုနိုင်ငံ့ဆရာကို ယွမ်ကျိဆိုသည့် မိန်းကလေးတစ်ယောက်က ဖမ်းဆီးခဲ့သည်။
သာမန်ဂိုဏ်းတစ်ခုတွင် မသေမျိုးနှစ်ယောက်ရှိနေသည်။ အလွန်ကြောက်စရာကောင်းသည့် အင်အားဖြစ်သည်။
သူတို့မဟာချန်ခေတ်မှလူများက ထိုအကြောင်း လုံးတမသိ။
"မင်းတို့မဟာချန်တွေက အဲလောက်လည်း အထင်ကြီးစရာမရှိပါလား။ ရှေးမှတ်တမ်းတွေမှာ မင်းတို့ဘယ်လောက်စွမ်းအားကြီးတယ်ဘာညာနဲ့ ဇာချဲ့ရေးထားကြတယ်။ အခုလက်တွေ့မြင်ရပြီ။ မင်းတို့အစွမ်းအစက ဒီလောက်ပါပဲ"
နိယာမသခင်က မခိုးမခံ့လေသံဖြင့်ပြောသည်။ သူငယ်စဉ်က အကြိးအကဲများ၏ ချီးကျူးမှုကို ခံခဲ့သည်။ မဟာချန်နတ်သခင်များနှင့် ယှဉ်နိုင်လောက်သည့်စွမ်းရည်ရှိသည်ဟု ခဏခဏပြောကြသည်။ ထိုသို့နှိုင်းယှဉ်ခံသည်ကို သူသဘောမကျခဲ့။ သူသည် မဟာချန်နတ်သခင်ထက် ပိုစွမ်းအားကြီးသည်ဟု ယုံကြည်ခဲ့သည်။
သို့သော် ယုံကြည်ခဲ့ရုံသာဖြစ်ည်။ သူ့စွမ်းအားကို သက်သေပြဖို့ မဟာချန်နတ်သခင် တစ်ယောက်မှ ရှာမတွေ့ခဲ့။
ယခု အကျဉ်းထောင်ထဲရောက်မှ တွေ့ရသည်။
"မင်းဘာစကားပြောတာလဲကွ။ ထပ်ပြောကြည့်စမ်းပါ"
စီလဲ့ ဒေါသတကြီးအော်လိုက်သည်။ နောက်ပိုင်းမျိုးဆက်က လူစွာလာလုပ်နေသည်။
"နိယာမသခင်။ မင်းတော်လိုက်တော့"
စီချန်းကလည်း အေးစက်စက်ပြောသည်။
"သူပြောတာမှားလို့လား။ ငါတော့မှားတယ်မထင်ပါဘူး။ မင်းတို့မဟာချန်တွေက အမှိုက်သရိုက်တွေပါပဲ"
လေဟာနယ်အရှင်ကပြောသည်။ သူသည်မဟာယုနိုင်ငံကို အဆုံးသတ်ခဲ့သူဖြစ်သော်လည်း နောက်ခံသတ်မှတ်ချက်အရ မဟာယုကျင့်ကြံသူသာဖြစ်သည်။
"လောဟာနယ်အရှင်။ ချန်ကျန်းမြို့တော်မှာ ငါတို့တိုက်ခဲ့တဲ့တိုက်ပွဲကို မင်းမေ့နေပြီထင်တယ်"
အိပ်မက်ဆိုးအရှင် အလိုမကျဖြစ်၍ မျက်မှောင်ကျုံ့သွားသည်။ ဝူယော် မဟာယုနိုင်ငံတည်ထောင်သည်ကို သူထိုအတိုင်းကြည့်နေခဲ့ရသည်။ မဟာယုကျင့်ကြံသူများအပေါ် သူလုံးဝအမြင်မကြည်။
"ဟာသပဲ။ အဲဒီတုန်းက ငါအသာစီးရခဲ့တာပါ။ ငါရိုက်တာများလို့ မင်းဦးနှောက်ချောင်သွားတာလား။ မဟာချန်ပြိုကွဲခဲ့တာလည်းမပြောနဲ့။ အားလုံးက အရူးတွေချည်းပဲကိုး"
"မင်းတို့မဟာယုလည်း အရှုံးသမားတွေပါပဲ"
"ဟေ့ကောင် မင်းထပ်ပြောကြည့်စမ်း"
"မင်းကြားချင်ရင် ဆယ်ခါထပ်ပြောလိုက်ဦးမယ်။ အရှုံးသမားတွေ အရှုံးသမားတွေ"
နိုင်ငံနှစ်ခု၏ မသေမျိုးတစ်ဝက်များ၏ ရန်ပွဲက အရှိန်မြင့်လာသည်။ စုစည်းခြင်းအဆင့်များ၊ ကူးဖြတ်ခြင်းအဆင့်များပါ ပါလာသည်။ တစ်ယောက်နှင့်တစ်ယောက် ဝေဖန်တိုက်ခိုက်ကြသည်။
ထိုတိုက်ပွဲတွင် မသေမျိုးတစ်ဝက် ငါးယောက်ပါသည်။ ကူးဖြတ်ခြင်းအဆင့် ဆယ်ယောက်ကျော်ပါသည်။ စုစည်းခြင်းအဆင့် တစ်ရာနီးပါးပါသည်။ နိုင်ငံတည်စစ်ပွဲအင်အားနီးပါးရှိသည်။
"တော်ကြတော့၊ မင်းတို့အားလုံး ပါစပ်ပိတ်ထားစမ်း"
ကွမ်းရှန်ဟိုင် နားငြီးလာသဖြင့် သတင်းစာကိုဖျတ်ခနဲခေါက်ပြီး အော်ငေါက်လိုက်သည်။
သူသည် အကျဉ်းထောင်တွင် ကျင့်စဉ်အမြင့်ဆုံးဖြစ်သည်။ ထို့ကြောင့် သူ့စကားသံကြားသည်နှင့် အားလုံး ကျောရိုးထဲစိမ့်တက်လာပြီး အသံတိတ်သွားကြသည်။
"မဟာချန်နိုင်ငံက သူများလှူတာတွေကို သာယာခံစားဖို့ပဲ သိတဲ့ကောင်တွေပါ။ ဘာလို့သူတို့နဲ့ဖက်ပြီး ရန်ဖြစ်နေတာလဲ"
ထိုစကားကြောင့် မဟာယုများ ပျော်ရွှင်စွာ အော်ဟစ်ထောက်ခံကြသည်။ မဟာချန်များ အသံတိတ်ခေါင်းငုံ့သွားသည်။ ကွမ်းရှန်ဟိုင်ကို သူတို့မဆန့်ကျင်ရဲ။
စီလဲ့နတ်သခင်လည်း ခေါင်းငုံ့၍ အသံတိတ်အံကြိတ်နေသည်။ သူတို့ အကြီးအကျယ်အရှက်ခွဲခံနေရသည်။
အင်ပါယာသခင်နှင့် ထိန်းချုပ်သူသခင်သာ ဤနေရာတွင်ရှိလျှင် ဘယ်လောက်ကောင်းလိမ့်မည်နည်း..
****************************