← Chapters

အခန်း (၂၁၁)

Vol. 22 Ch. 211

အခန်း (၂၁၁)

Vol. 22 Ch. 211

ရင်ကျန့်က ပြုံးလိုက်သည်။ သူ၏ လက်ကို ဝှေ့ရမ်းလိုက်ရာ ကောခိုင်ကို တားဆီးထားသော တော်ဝင်အစောင့်များက ချက်ချင်း ဖယ်ပေးလိုက်ကြသည်။

ကောခိုင်က ရှေ့သို့ ဝင်လာပြီး ရင်ကျန့်၏ ရှေ့တွင် ဒူးထောက်ကာ အလွန်ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။

" ကျွန်တော်မျိုး ကောခိုင်က အရှင်မင်းကြီးကို ဂါရဝကြုပါတယ်။ ချင်နိုင်ငံ ထာဝရတည်တံ့ပါစေ။ အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။ ကျွန်တော်မျိုးက အရှင်မင်းကြီး ဟန်တန်မြို့ကို သိမ်းပိုက်မယ့် ဒီနေ့ကို အကြာကြီး စောင့်နေခဲ့တာပါ။ ဂုဏ်ပြုပါတယ် အရှင်မင်းကြီး။ " မျက်နှာလိုမျက်နှာရ လုပ်ခြင်းက ကောခိုင် ကျွမ်းကျင်သော အတတ်ပညာတစ်ခုဖြစ်သည်။

" မင်း... ကောခိုင် မင်းငါ့ကို သစ္စာဖောက်လိုက်တာလား။ မင်း ခွေးမသား...." ကျောက်ယန်က အခြေအနေကို သတိပြုမိသွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ သူ အယုံကြည်ရဆုံးလူက သူ့ကို သစ္စာဖောက်လိုက်ပြီဖြစ်သည်။

ကျောက်ယန်၏ စကားများကို ကြားသော်လည်း ကောခိုင်က ရင်ကျန့်၏ ရှေ့တွင် ဒူးထောက်နေဆဲ ဖြစ်သည်။

" ကျောက်ယန် " ရင်ကျန့်က အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။ " ဒါက မင်းရှုံးရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုပဲ။ ကောခိုင်က မင်းသူ့ကို ချင်နိုင်ငံဆီ လွှတ်လိုက်တဲ့နေ့ကစပြီး ငါလူဖြစ်သွားခဲ့တယ်။ ဝေမြစ်တိုက်ပွဲပြီးကတည်းက သူက ငါ့လက်ထဲကို ရောက်နေပြီးသား။ "

" ကောခိုင် " ကျောက်ယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ " မင်း ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့။ မင်းဘယ်လိုတောင်လုပ်ရဲတာလဲ။ ငါမင်းကို ကောင်းကောင်းဆက်ဆံခဲ့တယ်။ မင်းကို အားလုံးရဲ့ အထက်မှာရှိတဲ့ ဝန်ကြီးချုပ်ရာထူးတောင် ပေးခဲ့တယ်။ မင်း ဘယ်လိုလုပ် ဒီလောက်ထိ သစ္စာမဲ့ရတာလဲ။ "

ကျောက်ယန်က မယုံကြည်နိုင်ဖြစ်သွားခဲ့ပြီး ယခုအချိန်မှ အရာအားလုံးက အဓိပ္ပါယ်ရှိသွားခဲ့သည်။ ချင်စစ်တပ် နန်းတော်တံခါးဝသို့ ရောက်လာသည်အထိ သူသတင်းမရခဲ့သည်အကြောင်းရင်းကို နောက်ဆုံးတော့ သူနားလည်သွားခဲ့သည်။

ကောခိုင်က အစီရင်ခံစာအားလုံးကို ဖုံးကွယ်ထားသည်မှာ သေချာသည်။ သူက သတင်းအချက်အလက်များအားလုံးကို ပိတ်ဆို့ထားပြီး ကျောက်ယန်ကို နန်းတော်ထဲမှာ ဘာမှမသိဘဲ ပိတ်ခံထားရအောင် လုပ်ခဲ့သည်။ နန်းတော်အပြင်မှ ကိစ္စအားလုံးကို ကောခိုင်လက်ထဲသို့ အပ်ခဲ့ခြင်းဖြစ်ပြီး အခြားဝန်ကြီးများကိုလည်း အပြင်ထွက်ခွင့် မပေးခဲ့ပေ။

" အရှင်မင်းကြီး " ကောခိုင်က မထဘဲ ကျောက်ယန်ကို ပြောလိုက်သည်။ " အတိတ်တုန်းက အရှင်မင်းကြီး ကျွန်တော်မျိုးအပေါ် ကောင်းခဲ့တာ မှန်ပါတယ်။ ကျွန်တော်မျိုး ကောခိုင်က လူယုတ်မာတစ်ယောက်ဖြစ်နိုင်ပေမယ့် ကျေးဇူးတရားကို မသိတတ်တဲ့သူတော့ မဟုတ်ပါဘူး။ "

" ဒါပေမယ့် အစကတည်းက ကျွန်တော်မျိုးတို့နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် အသုံးချခဲ့ကြတာပဲ။ အရှင်မင်းကြီး ကျွန်တော်မျိုးကို ပေးခဲ့တဲ့ တာဝန်တိုင်းက အသက်အန္တရာယ်ရှိတဲ့ အရာတွေချည်းပဲ မဟုတ်လား။ မြောင်စုကို လမ်းမှာသတ်ပစ်တာတို့ ထီးနန်းကို လုတာတို့ ဒါတွေနဲ့တင် လုံလောက်ပြီလို့ ကျွန်တော်မျိုး ထင်ခဲ့တာ။ "

" ဒါပေမယ့် အဲ့ဒီနောက်မှာ အရှင်မင်းကြီးက ကျွန်တော်မျိုးကို ချင်ဆီသွားပြီး ချင်ရဲ့မယ်တော်ကြီးကို ပြန်ပေးဆွဲခိုင်းခဲ့တယ်။ ဒါကို အရှင်မင်းကြီးက ကျွန်တော်မျိုးအပေါ် ကောင်းခဲ့တာလား။ ချင်ရဲ့ အရှင်မင်းကြီးသာ မရှိရင် ကျွန်တော်မျိုးက ချင်မှာသေနေတာ ကြာပြီ။ အရှင်မင်းကြီးရဲ့ ကျေးဇူးဆိုတာတွေအားလုံးက ဟာသတွေပဲ။ "

ကောခိုင်၏ အသံထဲတွင် မကျေနပ်ချက်များ ပါဝင်နေသည်။ သူက အမှန်တကယ် လူယုတ်မာတစ်ယောက်ဖြစ်သည်။ သို့သော် အကယ်၍ သူသာ ချင်သို့ စေလွှတ်ခြင်းမခံခဲ့ရလျှင် သူမည်မျှမိုက်မဲသည်ဖြစ်စေ သတင်းစကားများကို ဖြတ်တောက်ပစ်မည်မဟုတ်ဘဲ ကျောက်ယန် ထွက်ပြေးရန်အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးပေလိမ့်မည်။ ကျောက်ယန်၏ ကိုယ်ချင်းစာတရားကင်းမဲ့မှုက ကောခိုင်ကို လုံးဝသစ္စာဖောက်သွားစေရန် တွန်းပို့ခဲ့ခြင်းဖြစ်သည်။

" လူယုတ်မာ..." ကျောက်ယန်က အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ကောခိုင်အပေါ် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ " မင်း သစ္စာဖောက် မင်း အသေဆိုးနဲ့ သေရလိမ့်မယ်။ မင်း ရင်ကျန့်ခိုင်းတာကို လုပ်ပေးခဲ့ရင်တောင် သူက မင်းကို ဘယ်တော့မှ လွှတ်ထားမှာမဟုတ်ဘူး။ မင်းက အရင်တုန်းက သူ့ကို အရှက်ခွဲခဲ့ဖူးတယ်။ အလုပ်ပြီးရင် နှင်ထုတ်တတ်တာ ချင်လူမျိုးတွေရဲ့ အကျင့်ပဲ။ "

ထိုစကားများကို ကြားသောအခါ ကောခိုင်က တုန်လှုပ်သွားသည်။ သူက သေမှာကို အလွန်ကြောက်သူဖြစ်သည်။ ယခု ကျောက်နိုင်ငံကို သိမ်းပိုက်ပြီးလျှင် သူက အသုံးမဝင်သောအခါ ရင်ကျန့်က သူ့အား စွန့်ပစ်မည်ကို အလွန်ကြောက်ရွံ့နေခဲ့သည်။

" ကျောက်ယန် " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။ သူ၏ အကြည့်က ကောခိုင်ဆီသို့ ကျရောက်သွားသည်။ " ငါ့ကို မင်းလို စိတ်ထားကျဉ်းမြောင်းတဲ့သူထင်နေတာလား။ "

" ကောခိုင် "

" ကျွန်တော်မျိုးရှိပါတယ်။ "

" ငါမင်းကို ကတိတစ်ခုပေးခဲ့တယ်။ မင်း ငါ့ကို ကျောက်နိုင်ငံကို သိမ်းပိုက်အောင် ကူညီပေးရင် မင်းကို တစ်သက်လုံး စည်းစိမ်ချမ်းသာနဲ့ ဂုဏ်သိက္ခာတွေပေးမယ်လို့ ပြောခဲ့တယ်။ ငါက စကားတည်တဲ့လူပဲ။ ငါ့ရဲ့ ကတိကို ငါမဖျက်ဘူး။ "

" နောက်ရက်အနည်းငယ်ကြာပြီးရင် မင်း ချင်နယ်မြေထဲက ကြိုက်တဲ့နေရာကို သွားနိုင်တယ်။ မင်းသာ အဂတိမလိုက်စားဘူး ပြည်သူတွေကို မနှိပ်စက်ဘူးဆိုရင် ချမ်းသာကြွယ်ဝမှုနဲ့ လုံခြုံတဲ့ဘဝကို ငါအာမခံတယ်။ "

" ဒီနေ့ပြီးရင် ကျောက်နိုင်ငံရဲ့ ဝန်ကြီးချုပ် ကောခိုင်ဆိုတာ ဒီကမ္ဘာမှာ မရှိတော့ဘူး။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ကောခိုင်က သူ၏ ဦးခေါင်းကို ကြမ်းပြင်နှင့် ကပ်လိုက်ပြီး ကျေးဇူးတင်လွန်သဖြင့် မျက်ရည်များပင် စီးကျလာသည်။

" ကျွန်တော်မျိုး အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ "

ရင်ကျန့်အတွက် ၎င်းက ရိုးရှင်းသော သဘောတရားတစ်ခုသာ ဖြစ်သည်။ ကောခိုင်က ချင်နှင့်သူ့အပေါ်တွင် ကြီးမားသော အကျိုးပြုမှု ပြုလုပ်ခဲ့ပြီး သူ၏ ပါဝင်ကူညီမှုက အရေးပါလှသည်။ သူသာမရှိလျှင် လျန်ပိုနှင့် လီမုတို့ကို ဖြေရှင်းရန်မှာ ထိုမျှလွယ်ကူမည်မဟုတ်သကဲ့သို့ ကျောက်ယန်ကို ဖမ်းဆီရန် ဤမျှသက်သာမည်မဟုတ်ပေ။

အကယ်၍ ကျောက်ယန်သာ သတိပြုမိသွားလျှင် သူက တိုက်နယ်မြေသို့ဖြစ်စေ သို့မဟုတ် အခြားနိုင်ငံများသို့ ဖြစ်စေ ထွက်ပြေးသွားပေလိမ့်မည်။ ထိုအကြောင်းပြချက်တစ်ခုတည်းကြောင့်ပင် ရင်ကျန့်က ကောခိုင်ကို သတ်မည်မဟုတ်ပေ။ ချင်အတွက်မူ သူက အကျိုးပြုသော အရာရှိတစ်ယောက်ဖြစ်သည်။

ကောခိုင်က ကျောက်ယန်ဘက်သို့ လှည့်လိုက်သည်။ " ကျောက်ယန် ဒါက မင်းနဲ့ အရှင်မင်းကြီးကြား ကွာခြားချက်ပဲ။ ငါမင်းအတွက် အများကြီး လုပ်ပေးခဲ့ပေမယ့် မင်းကတော့ ငါကို အသုံးလိုတဲ့အခါ သုံးပြီး အသုံးမလိုတဲ့အခါ ပစ်ထားပြီး ခွေးတစ်ကောင်လိုပဲ အမြဲဆက်ဆံခဲ့တယ်။ "

" ကောခိုင်... ရင်ကျန့်... " ကျောက်ယန်က ဒေါသထွက်ရုံသာ တတ်နိုင်တော့သည်။ " ငါ သရဲဖြစ်ရင်တောင် မင်းတို့ကို လာခြောက်လှန့်မယ်။ မင်းတို့နှစ်ယောက်လုံးကို ငါ လွှတ်မထားဘူး။ "

ရင်ကျန့်က နောက်ထပ် နားထောင်လိုစိတ်မရှိတော့ပေ။ ကျောက်ယန်ကို ထိုပုံစံနှင့်မြင်ရခြင်းက အလွန်ကျေနပ်စရာကောင်းလှသည်။

" သူ့ကို ခေါ်သွားကြစမ်း။ " ရင်ကျန့်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ " သူ့ကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထား။ "

" အမိန့်အတိုင်းပါ။ " ရန်ရှောင်က ချက်ချင်း တုန့်ပြန်လိုက်သည်။

တော်ဝင်အစောင့်နှစ်ယောက်က ရှေ့သို့ တက်လာပြီး ကျောက်ယန်ကို ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ ကျောက်ယန်အား ခေါ်ဆောင်သွားသည်ကို ကြည့်ရင်း ရင်ကျန့်က ကလဲ့စားချေနိုင်သော စိတ်လှုပ်ရှားမှုကို ပြင်းထန်စွာ ခံစားလိုက်ရသည်။ သို့သော် သူက ထိုစိတ်လှုပ်ရှားမှုကို မျက်နှာပေါ်တွင် ထုတ်မပြခဲ့ပေ။

" ငါ အကြာကြီးဆုပ်ကိုင်ထားတဲ့ ရန်ငြိုးတွေကို နောက်ဆုံးတော့ အဆုံးသတ်နိုင်ပြီ။ " ရင်ကျန့်က ကျောက်ယန်ကို အလွယ်တကူ သေခွင့်ပေးမည်မဟုတ်ပေ။ သူကြေညာခဲ့သည့်အတိုင်း ကျောက်နိုင်ငံတော် တစ်ဆင့်ချင်းပျက်စီးသွားသည်ကို ကျောက်ယန်၏ မျက်လုံးများဖြင့် ကိုယ်တိုင်ကြည့်ရှုစေမည်ဖြစ်သည်။

" ကောခိုင် မင်းလည်း ကျောက်နိုင်ငံကနေ ထွက်သွားဖို့ ပြင်ဆင်ထားသင့်တယ်။ " ရင်ကျန့်က ကောခိုင်ကို ကြည့်ပြီး ပြောလိုက်သည်။

" အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ကောခိုင်က ကျောက်နန်းတော်မှ ထွက်ခွာသွားသည်။

​ကျောက်ယန်ထွက်သွားပြီးနောက် ရင်ကျန့်၏ အကြည့်က ကျောက်ဖုန်းဆီသို့ ရောက်သွားပြီး သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပြန်ပေါ်လာသည်။

" စစ်သူကြီးကျောက် မင်းက ဒီတိုက်ပွဲမှာ ရှေ့တန်းကနေ တိုက်ခိုက်ခဲ့ပြီး ဟန်တန်မြို့ကို ထိုးဖောက်ခဲ့တယ်။ ပြီးတော့ ကျောက်ယန်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်။ ဒါတွေအားလုံးက မင်းရဲ့ အောင်မြင်မှုတွေပဲ။ တစ်ကမ္ဘာလုံးကို ကြည့်လိုက်ရင်တောင် မင်းလောက် ရဲစွမ်းသတ္တိရှိတဲ့ တခြားစစ်သူကြီးတစ်ယောက်ကို ငါတကယ် စဉ်းစားလို့မရဘူး။ အဲ့ဒီနေ့က ငါမင်းကို သွေးဂျင်ဆင်း ချီးမြှင့်ခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပုံရတယ်။ " ရင်ကျန့်က ကျေနပ်စွာ ရယ်မောလိုက်သည်။

" သွေးဂျင်ဆင်းက ချင်နန်းတော်ရဲ့ တန်ဖိုးအရှိဆုံး ရတနာတစ်ခုပဲ။ အရှင်မင်းကြီးက ကျွန်တော်မျိုးကို တကယ်ပဲ ပေးသနားခဲ့တာလား။ " ကျောက်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။ ဤအချိန်တစ်လျှောက်လုံး သူက ကျောက်နိုင်ငံတွင် ရှိနေခဲ့သဖြင့် သူက ထိုကိစ္စကို မသိရသေးပေ။

" ငါမင်းကို လိမ်နေပါ့မလား။ " ရင်ကျန့်က ရယ်လိုက်သည်။ " မင်းရယူပေးခဲ့တဲ့ ကြီးမားတဲ့ စွမ်းဆောင်မှုတွေနဲ့ယှဉ်ရင် သွေးဂျင်ဆင်းက ဘာမှမဟုတ်ပါဘူး။ "

" ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အဲ့ဒီသွေးဂျင်ဆင်းနဲ့ဆိုရင် ငါ့အမေရဲ့ ကျန်းမာရေးက သိသိသာသာ ကောင်းမွန်လာလိမ့်မယ်။ ဒါက သေလူကိုတောင် ပြန်ရှင်စေနိုင်တဲ့ စိတ်ဝိညာဉ်ဆေးပင်တစ်မျိုးပဲ။ "

" ဟန်တန်မြို့က ကျဆုံးသွားပြီ။ ကျောက်ဘုရင်ကိုလည်း ဖမ်းမိပြီ။ ကျောက်နိုင်ငံပျက်စီးသွားဖို့က သေချာသွားပြီ။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။ " စစ်သူကြီးကျောက် နောက်လာမယ့်တိုက်ပွဲတွေအပေါ် မင်းရဲ့အမြင် ဘယ်လိုရှိလဲ။ "

All Chapters