← Chapters

အခန်း (၂၁၂)

Vol. 22 Ch. 212

အခန်း (၂၁၂)

Vol. 22 Ch. 212

" ဒီတိုက်ပွဲမှာ ကောခိုင်ရဲ့ အကူအညီကြောင့် ကျောက်ယန်၊ ကျောက်တော်ဝင်မိသားစုဝင်တွေနဲ့ ဝန်ကြီးတွေအများကြီး ထွက်မပြေးနိုင်အောင် တားဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အချို့ကတော့ ထွက်ပြေးသွားနိုင်ခဲ့ကြတယ်။ ကျွန်တော်မျိုး ခန့်မှန်းရသလောက် အချို့က တိုက်နယ်မြေကနေ ချင်ကို ခုခံကြလိမ့်မယ်။"

" ပြီးတော့ ကျောက်နယ်မြေထဲမှာ အခုထိ မသိမ်းပိုက်ရသေးတဲ့ မြို့တွေ အများကြီး ရှိနေပါသေးတယ်။ ကျွန်တော်မျိုးရဲ့ အမြင်အရ တိုက်နယ်မြေကို မတိုက်ခိုက်ခင် ကျောက်နယ်မြေတစ်ခုလုံးကို အရင်ဆုံး အပြည့်အဝ ထိန်းချုပ်သင့်ပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ငါအတွေးနဲ့ အတူတူပဲ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" အရှင်မင်းကြီး " ဝမ်ကျန့်က စကားစလုက်သည်။ " ယန်နိုင်ငံက ယန် ကျောက်နယ်စပ်မှာ စစ်အင်အားစုစည်းနေပါတယ်။ ချင်က ဟန်တန်မြို့ကို သိမ်းပိုက်ပြီးရင် သူတို့က အခွင့်ကောင်းယူပြီး အကျိုးအမြတ် ခွဲဝေယူဖို့ စောင့်နေကြတာပါ။ အရှင်မင်းကြီးအနေနဲ့ ကျွန်တော်မျိုးတို့စစ်တပ်ကို ဘာလုပ်စေချင်ပါသလဲ။ "

" စစ်သေနာပတိချုပ် ငါက ဒါကို သည်းခံနေလိမ့်မယ်လို့ မင်းထင်နေတာလား။ " ရင်ကျန့်က ပြုံးလိုက်သည်။

" အရှင်မင်းကြီးရဲ့ အမြော်အမြင်နဲ့ဆိုရင် သူတို့ကို ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ပေးပါလိမ့်မယ်။ " ဝမ်ကျန့်က ပြတ်သားစွာ ဖြေလိုက်သည်။ " လန်ထျန်းစခန်းက စစ်သည်တွေက အချိန်မရွေး တိုက်ခိုက်ဖို့ အဆင်သင့်ပါပဲ။ "

" ကျောက်မြို့တော် ကျဆုံးသွားပြီဖြစ်လို့ ကျောက်က နောက်ဆုံးထွက်သက်ကို ရှူနေရပြီ။ ချင်အတွက် ခြိမ်းခြောက်မှုမရှိသလောက်ပဲ။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။ " ငါတို့ ချင်ရဲ့ အထူးစစ်သည်တွေက ဟန်တန်မြို့ကို တိုက်ခိုက်တဲ့နေရာမှာ အတော်လေး အကျအဆုံးများခဲ့ပြီး အားလုံးက ပင်ပန်းနေကြပြီ။ "

" ငါတို့ နောက်တစ်ကြိမ် စစ်မချီခင် သူတို့ ဒီမှာ အနားယူပြီး အားပြန်ဖြည့်ရမယ်။ စစ်သေနာပတိချုပ် အသေးစိတ် စစ်ရေးပြင်ဆင်မှုတွေကိုတော့ မင်းရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲလုပ်ပါ။ ငါက စစ်သေနာပတိချုပ်ရဲ့ စစ်ရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး။ "

ဘုရင်တစ်ပါးအနေဖြင့် ၎င်းက သူလုပ်ဆောင်နေကျ နည်းလမ်းတစ်ခု ဖြစ်သည်။ သူက လက်အောက်ငယ်သားများကို အမိန့်ပေးပြီး သူတို့၏ စွမ်းရည်များကို အသုံးချ၍ ချင်နိုင်ငံ၏ အင်အားကို တောင့်တင်းအောင် ပြုလုပ်သည်။

ရင်ကျန့်က ဘုရင်အာဏာစက်ကို ကျွမ်းကျင်လိမ္မာစွာ အသုံးပြုတတ်သည်။ သူက စစ်ဆင်ရေးများတွင် တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် စစ်မြေပြင်တွင် ကွပ်ကဲနေသော စစ်သေနာပတိချုပ်များကို နှောက်ယှက်ခြင်းမျိုး ဘယ်တော့မှမလုပ်ပေ။

" နားလည်ပါပြီ။ " ဝမ်ကျန့်က ပြန်ပြောလိုက်သည်။

" စစ်သူကြီးကျောက် မင်းက ဒီစစ်ဆင်ရေးရဲ့ သူရဲကောင်းဖြစ်သလို အခက်အခဲအများကြီးကိုလည်း ကျော်ဖြတ်ခဲ့ရတယ်။ " ရင်ကျန့်က ကျောက်ဖုန်းဘက်သို့ ပြန်လှည့်ပြီး ပြောလိုက်သည်။ " သွားပြီးတော့ ကောင်းကောင်းအနားယူလိုက်ပါဦး။ အဓိကကတော့ အရင်ဆုံး သွားပြီး ရေမိုးချိုးလိုက်ဦး။ မင်းဒီပုံစံနဲ့ အပြင်ထွက်သွားရင် လူတွေ လန့်ကုန်လိမ့်မယ်။ "

" ဟုတ်ကဲ့ပါ အရှင်မင်းကြီး " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

ထိုအချိန်တွင် ကျန်းမင်က သူတို့ဆီသို့ ရောက်ရှိလာသည်။

" စစ်သူကြီး ကျောက်နိုင်ငံက ဝန်ကြီးတွေရဲ့ နာမည်စာရင်းကို ပြုစုပြီးပါပြီ။ နာမည်နည်းနည်းတော့ လိုပါသေးတယ်။ " ကျန်းမင်က စာရင်းကို ကျောက်ဖုန်းထံသို့ ကမ်းပေးလိုက်သည်။

" စစ်သေနာပတိချုပ် ဒါက ပြုစုထားတဲ့ လူစာရင်းပါ။ " ကျောက်ဖုန်းက ၎င်းကို ကြည့်ပင်မကြည့်ဘဲ ဝမ်ကျန့်ထံသို့ လွှဲပြောင်းပေးလိုက်သည်။

" သွားပြီး အနားယူလိုက်တော့။ ဒီလူတွေကို ငါကိုင်တွယ်လိုက်မယ်။ " ဝမ်ကျန့်က စာရင်းကို ယူပြီး ပြောလိုက်သည်။

" ကျွန်တော်ကို ခွင့်ပြုပါဦး။ " ကျောက်ဖုန်းက နှုတ်ဆက်ပြီး ထွက်ခွာလာသည်။ တုဆွေနှင့် ကျန်းဟန်တို့ကလည်း သူ့နောက်သို့ အလျင်အမြန် လိုက်သွားကြသည်။

" ငါ့ကို တော်ဝင်ဘဏ္ဍာတိုက်ဆီ ခေါ်သွားပေး။ " ကျောက်ဖုန်းက သူ့လူနှစ်ယောက်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

" ဒီဘက်ပါ။ " တုဆွေက ချက်ချင်း ပြောလိုက်သည်။

" ငါတို့လူတွေ အဲ့ဒီမှာ စောင့်နေကြတယ်မဟုတ်လား။ " ကျောက်ဖုန်းက လမ်းလျှောက်ရင်း မေးလိုက်သည်။

ကျောက်နန်းတော်၏ ဘဏ္ဍာတိုက်ကလည်း ဟန်ဘဏ္ဍာတိုက်ကဲ့သို့ အရင်းအမြစ်များနှင့် ရတနာများ ရှိမည်မှာ သေချာသည်။ သူ၏ ကိုယ်ပိုင်အင်အားစုကို တည်ထောင်ပြီးကတည်းက ကျောက်ဖုန်း၏ သိုလှောင်နေရာက ဟောင်းလောင်းဖြစ်နေခဲ့သည်။ ယခု ၎င်းကို ဖြည့်တင်းရန်အတွက် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။

" စိတ်ချပါ အရှင်။ အားလုံးက ကျွန်တော်တို့ လူတွေချည်းပါပဲ။ " ကျန်းဟန်က ချက်ချင်း ပြန်ပြောလိုက်သည်။ " အရှင်သာ အလိုရှိရင် အခုကတည်းက ပစ္စည်းအချို့ကို တိတ်တဆိတ် သယ်ထားလို့ရပါတယ်။ "

ကျောက်ဖုန်းနောက်သို့ လိုက်ပါလာသည်မှာ ကြာပြီဖြစ်သောကြောင့် သူက ဘာလုပ်ရမည်ကို ကောင်းကောင်းသိနေသည်။ အထူးသဖြင့် ကျောက်ဖုန်းက ကျောက်ယန်ကို လိုက်လံဖမ်းဆီးနေစဉ် တော်ဝင်ဘဏ္ဍာတိုက်ကို အထူးစောင့်ကြပ်ထားရန် အမိန့်ပေးခဲ့သည်။

" အထဲမှာ ဘာတွေရှိလဲဆိုတာ အရင်ကြည့်ရအောင်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

မကြာမီ သူတို့က နန်းတော်၏ ဘဏ္ဍာတိုက်သို့ ရောက်ရှိလာကြသည်။

" စစ်သူကြီး " စောင့်ကြပ်နေသော စစ်သည်များက ကျောက်ဖုန်းကို မြင်သည်နှင့် ချက်ချင်း ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။

" အင်း သက်သောင့်သက်သာနေကြပါ။ " ကျောက်ဖုန်းက လက်မြှောက်ပြလိုက်ပြီး ဘဏ္ဍာတိုက်၏ တံခါးများဆီသို့ လျှောက်သွားခဲ့သည်။

တုဆွေနှင့် ကျန်းဟန်တို့က ဘဏ္ဍာတိုက်တံခါးကို တိုက်ရိုက်ဖွင့်လိုက်ကြသည်။ ကျောက်ဖုန်းက အထဲသို့ ဝင်ပြီး ကြည့်လိုက်သည်။

" ကျောက်နိုင်ငံက ဘယ်လိုလုပ် ဟန်နိုင်ငံထက်တောင် ဆင်းရဲနေတာလဲ။ " ကျောက်ဖုန်းက အံ့ဩသွားသည်။ သူစိတ်ကူးယဉ်ခဲ့သော ရတနာများကို မျတွ့ရဘဲ ညဏ္ဍာတိုက်က ရှင်းလင်းနေသည်။

" အရှင် ကျောက်နိုင်ငံက အရင်ဆုံး ယန်ကို စစ်ချီတာနဲ့ နောက်တော့ ကျွန်တော်တို့ ချင်ကို ရင်ဆိုင်ခဲ့ရတာတွေကြောင့် နိုင်ငံရဲ့အင်အားက အများကြီး လျော့နည်းသွားတယ်လို့ ကြားပါတယ်။ ကျောက်ဘုရင်က နိုင်ငံတော်ဘဏ္ဍာတိုက်ထဲက ပိုက်ဆံတွေအားလုံးကို သုံးပစ်လိုက်ပြီထင်ပါတယ်။ " တုဆွေက ပြောလိုက်သည်။

" ပိုက်ဆံတွေ အကုန်သုံးပြီးသွားပြီဆိုရင် ဆေးပင်တွေအကြောင်းလည်း စဉ်းစားစရာမလိုတော့ဘူး။ အဲ့ဒါတွေလည်း အကုန်သုံးပစ်လိုက်ပြီနေမှာ။ " ကျောက်ဖုန်းက ဘဏ္ဍာတိုက်၏ အတွင်းပိုင်းသို့ ဆက်လျှောက်သွားသည်။

တစ်ပတ်ပတ်ပြီးနောက် ကျောက်ဖုန်းက ဘဏ္ဍာတိုက်၏ နောက်ဆုံးစင်တစ်ခုရှေ့တွင် ရပ်လိုက်သည်။

" ငါထင်တဲ့အတိုင်းပဲ။ လျို့ဝှက်လမ်းကြောင်းတစ်ခု ရှိနေတာပဲ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

သူက နတ်ဘုရားအာရုံနှင့် စစ်ဆေးကြည့်ရာ ဟန်ဘဏ္ဍာတိုက်ကဲ့သို့ပင် လျို့ဝှက်လမ်းကြောင်းတစ်ခုကို စင်နောက်တွင် ရှာတွေ့ခဲ့သည်။ ထို့နောက် သူက လမ်းကြောင်းတံခါးကို ဖွင့်လိုက်ရာ စင်က ဘေးသို့ ဖယ်သွားပြီး ဝင်ပေါက်တစ်ခုပေါ်လာသည်။

" အရှင် " ကျန်းဟန်က လမ်းကြောင်း၏ ဘေးနှစ်ဖက်ရှိ ထွန်းညှိထားသော မီးတိာင်များကို ကြည့်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။ " အထဲက မီးတိုင်တွေက ထွန်းထားတုန်းပဲ။ တစ်ယောက်ယောက် ဒီထဲကို ရောက်နေခဲ့ပုံရတယ်။ "

" ဒီလျို့ဝှက်လမ်းကြောင်းက ဟန်တုန်းကလိုပဲ အထဲမှာ နောက်ထပ်ဘဏ္ဍာတိုက်တစ်ခု ရှိရမယ်။ ဒီတစ်ခါတော့ တစ်ခုခုရှိဖို့ မျှော်လင့်ရမှာပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ လျို့ဝှက်ဘဏ္ဍာတိုက်မှ ထွက်လာသောအခါ ကျောက်ဖုန်း၏ မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ခုရှိနေသည်။

" ကောင်းကောင်း အနားယူလို့ရမယံ နေရာတစ်ခု ရှာလိုက်ကြ။ နောက်ရက်အနည်းငယ်အတွင်းမှာ အမိန့်ကျလာရင် ငါတု့ ထပ်ပြီး လှုပ်ရှားရမယ်။ တစ်ခုခုလိုအပ်တာရှိရင် ကုသရေးစခန်းမှာ ငါ့ကို လာရှာပါ။ " ကျောက်ဖုန်းက တုဆွေနှင့် ကျန်းဟန်တို့ကို ပြောလိုက်သည်။

" နားလည်ပါပြီ။ " သူတို့နှစ်ယောက်က ချက်ချင်း ပြောလိုက်ကြသည်။

ဤတိုက်ပွဲတွင် ကျောက်ဖုန်း၏ လက်အောက်မှ စစ်သည်များက အတော်လေး အကျအဆုံးများခဲ့သည်။ ကုသရေးစခန်းကလည်း ယခင်ထက် အလုပ်များနေခဲ့သည်။ သူ၏ အဆင့်မြင့် ဆေးပညာ ကျွမ်းကျင်မှုဖြင့် ကျောက်ဖုန်းက အကူအညီများစွာ ပေးနိုင်သည်။ ထို့အပြင် သူက သူ၏ ညီအကိုများကို ကုသပေးရင်း စွမ်းဆောင်မှုရမှတ်များကို ရယူနိုင်သည်။

ကျောက်ဖုန်းက နေရာတစ်ခု ရှာဖွေလိုက်ပြီး သူ့ကိုသူ သန့်စင်ကာ ဝတ်စုံအသစ်တစ်ခုကို လဲလှယ်လိုက်သည်။ သန့်စင်ပြီးနောက် သူက ထိုင်စရာနေရာတစ်ခုကို ရှာဖွေပြီး ထိုက်လိုက်သည်။

" ရန်သူတွေဆီကရတဲ့ စွမ်းရည်အမှတ်တွေကို တွက်ချက်မယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။

" အရှင်ရဲ့ စစ်တပ်က ရန်သူ ၅၆၉၂၈ ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အမှတ် ၁၈၉၇၆ မှတ်ကို ရရှိပါတယ်။ အစစ်အမှန်ချီ ၂၃၄၉၊ ခွန်အား ၃၄၂၁၊ အမြန်နှုန်း ၃၁၂၃၊ ရုပ်ခန္ဓာ ၂၈၇၄၊ စိတ်ဝိညာဉ် ၂၃၄၅၊ သက်တမ်း ၄၈၆၄ရက်။ "

" စွမ်းရည်အားလုံး ခြောက်ထောင်ကျော်သွားတဲ့အတွက် အဆင့်တစ်ရတနာသေတ္တာကို ရရှိပါတယ်။ "

" စွမ်းရည်အားလုံး ခုနှစ်ထောင် ကျော်သွားတဲ့အတွက် အဆင့်တစ် ရတနာသေတ္တာတစ်လုံး ရရှိပါတယ်။ "

၎င်းကို မြင်သောအခါ ကျောက်ဖုန်းက ပြုံးလိုက်သည်။ " ဒီတိုက်ပွဲက အကြီးအကျယ် ရိတ်သိမ်းနိုင်ခဲ့တာပဲ။ စွမ်းရည်အားလုံး အဆင့်နှစ်ဆင့်တက်ပြီး အဆင့်တစ်ရတနာသေတ္တာနှစ်လုံးရခဲ့တယ်။ ပြီးတော့ သက်တမ်းက ဆယ်နှစ်ကျော် တိုးလာခဲ့တယ်။ ပြီးခဲ့တဲ့တစ်ခေါက်က တစ်လုံးနဲ့ဆို အဆင့်တစ်ရတနာသေတ္တာသုံးလုံး ရှိသွားပြီ။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားသွားသည်။

" အားလုံးကို ဖွင့်လိုက်။ "

" အဆင့်တစ်ရတနာသေတ္တာတွေကို ဖွင့်နေပါပြီ။ "

" အဆင့်မြင့် ပထမအဆင့် သွေးပြောင်းပြန်ဆေးရည်ဖော်စပ်နည်းကို ရရှိပါတယ်။ "

" အဆင့်နိမ့် ဒုတိယအဆင့် ချီအားဖြည့်ဆေးဖော်စပ်နည်းကို ရရှိပါတယ်။ "

" အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ကို ရရှိပါတယ်။ "

All Chapters