အခန်း (၂၁၆)
Vol. 22 Ch. 216
" ငါမင်းကို မေးခွန်းတစ်ခုလောက် မေးလို့ရမလား။ " ရှဝူချယ်က ကျောက်ဖုန်း၏ ဘေးတွင် ထိုင်ပြီး မေးလိုက်သည်။
" သမားတော်ရှ မေးစရာရှိရင် မေးနိုင်ပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" မင်းရဲ့ ဆေးပညာက အံ့ဩဖို့ ကောင်းတယ်။ ဘယ်ဂိုဏ်းကနေ သင်ယူခဲ့တာလဲ။ တစ်လောကလုံးမှာ ရှိတဲ့ ဆေးပညာအမွေအနှစ်တိုင်းက နက်ရှိုင်းတဲ့ မူလအစတွေရှိကြတယ်။ ဖြစ်နိုင်တာက မင်းရဲ့ဆရာကိုတောင် ငါသိနေမလားမသိဘူး။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။
" တကယ်တော့ ကျွန်တော့်မှာ တရားဝင်သင်ကြားပေးတဲ့ ဆရာဆိုတာတော့ မရှိပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ကျွန်တော်ရဲ့ မိခင်က ဆေးပညာကျွမ်းကျင်သူဖြစ်ပြီး ကျွန်တော်က ငယ်ငယ်ကတည်းက သင်ယူခဲ့တာပါ။ ဒဏ်ရာချုပ်တဲ့ ပညာနဲ့ မီးအပူပေးပြီး ပိုသတ်တဲ့ နည်းစနစ်တွေကတေည့ ကျွန်တော်ကိုယ်တိုင် ရှာတွေ့ခဲ့တာပါ။ "
" စစ်သူကြီးကျောက်ရဲ့ မိခင်နာမည်ကို သိလို့ရမလား။ " ရှဝူချယ်က စိတ်ဝင်တစားဖြင့် မေးလိုက်ပြီး သူ၏ မျက်နှာတ်ခင် မျှော်လင်ချက်များဖြင့် ပြည့်နှက်နေသည်။
" ကျွန်တော်မိခင်ရဲ့ မျိုးရိုးက ဝူ ဖြစ်ပြီး နာမည်က နင်ပါ။ " ကျောက်ဖုန်းက သိပ်မစဉ်းစားဘဲ ပြောလိုက်သည်။ " ကျွန်တော်ရဲ့ ဖခင်နဲ့ လက်ထပ်ပြီးတဲ့နောက်မှာတော့ သူမက သူမရဲ့ နာမည်အရင်းကို မသုံးတော့ပါဘူး။ ရွာထဲကလူတွေကတော့ သူမကို ကျောက်ကတော်လို့ ခေါ်ကြပါတယ်။ "
၎င်းကို ကြားသောအခါ ရှဝူချယ်၏ မျက်နှာတွင် စိတ်ပျက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူက ကျောက်ဖုန်း၏ ပါးစပ်မှ သူသမီး၏ နာမည်ထွက်လာလိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။ သို့သော် ကြည့်ရသည်မှာ သူက အရမ်းမျှော်လင့်နေပုံရသည်။
" စစ်သူကြီးရဲ့ မိခင်ကလည်း တကယ်ကို ထူးချွန်ပါတယ်။ မင်းကို ဒီလောက် အထင်ကြီးစရာကောင်းတဲ့ ဆေးပညာတွေ သင်ပေးခဲ့တဲ့အပြင် ချင်အတွက် ပြိုင်ဘက်ကင်း စစ်သူကြီးတစ်ယောက်ဖြစ်အောင်လည်း ပြုစုပျိုးထောင်ပေးခဲ့တယ်။ " ရှဝူချယ်က ပြောလိုက်သည်။
" ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ရယ်ပြီးပြောလိုက်သည်။
" ဒါနဲ့ စစ်သူကြီးကျောက်ရဲ့ ခမည်းတော်ကရော။ " ရှဝူချယ်က ထပ်မေးလိုက်သည်။
" ကျွန်တော်ဖခင်ကတော့ ကျောက်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးအတွင်းက ဟန်တန်တိုက်ပွဲမှာ ကျဆုံးသွားခဲ့တာပါ။ " ကျောက်ဖုန်းက ဝမ်းနည်းသော အရိပ်အယောင်များဖြင့် ပြောလိုက်သည်။
ထိုအရာများက သူ၏ မိခင်က သူ့ကို ပြောပြခဲ့သော အရာများ ဖြစ်သည်။ သူက သူ၏ ဖခင်နှင့် မတွေ့ဖူးခဲ့သော်လည်း စစ်မှုထမ်းခြင်းက ရှောင်လွှဲ၍မရသော တာဝန်တစ်ခုဖြစ်ကြောင်း ကျောက်ဖုန်း နားလည်သည်။ သူ တိုက်ပွဲတွင် ကျဆုံးပြီးနောင်တွင် မိသားစုက နှစ်စဉ်လစာ ရရှိခဲ့ပြီး ထိုအရာကပင် သူတို့မိသားစုကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ သဘာဝအတိုင်း ကျောက်ဖုန်းက သူ၏ ဖခင်ကို အလွန်လေးစားသည်။
" ငါစိတ်မကောင်းပါဘူး။ ငါမမေးခဲ့သင့်ဘူး။ " ရှဝူချယ်က အားနာသော အသံဖြင့် ပြောလိုက်သည်။ နောက်ဆုံးတွင် သူက သဲလွန်စတစ်ခု ရှာတွေ့ရန် မျှော်လင့်ချက်ဖြင့် မေးခွန်းများ မေးနေခြင်းသာ ဖြစ်သည်။ သို့သော် ယခု ထိုအရာအားလုံးက တိုက်ဆိုင်မှုသက်သက်သာ ဖြစ်ပုံရသည်။
" ရပါတယ်။ ချင်တစ်နိုင်ငံလုံးမှာ ကျွန်တော်လို ကလေးတွေ မရေတွက်နိုင်အောင် ရှိပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " စစ်ပွဲတွေက ကမ္ဘာကြီးကို ဆက်ပြီး ဖျက်ဆီးနေသရွေ့တော့ ဒါတွေက ဆက်ဖြစ်နေဦးမှာပဲ။ ဒါက ချင်မှာတင်မဟုတ်ဘူး နေရာတိုင်းမှာပါ။ ကမ္ဘာကြီးကို တစ်ခုတည်း စုစည်းနိုင်မှသာ ကလေးငယ်တွေ သူတို့ဖခင်တွေကို ဆုံးရှုံးမှုကနေ ရပ်တန့်သွားပြီး လူကြီးတွေကလည်း သူတို့မိသားစု ထောက်တိုင်တွေ ဆုံးရှုံးရတာ ရပ်တန့်သွားမှာ။ အဲ့ဒါက အကောင်းဆုံးအဖြေပဲ။ "
ကျောက်ဖုန်းက ချင်၏ နိဂုံး ရောက်တော့မည်ကို သိထားသော်လည်း နယ်မြေတစ်ခုလုံးကို စုစည်းလိုက်ခြင်းက ရှန်းကျိုးကုန်မြေတွင် ပဋိပက္ခများ မရှိတော့ဘဲ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ငြိမ်းချမ်းမှုကို ယူဆောင်လာပေးမည်ဖြစ်သည်။ ထိုအရာအားလုံးက အင်အားကြီးသော ချင်၏ စုစည်းမှုနှင့်အတူ မကြာမီ ရောက်လာတော့မည်ဖြစ်သည်။
" မှန်တယ်။ တစ်ခုတည်းစုစည်းနိုင်မှသာ ဒီအခြေအနေတွေကို အဆုံးသတ်နိုင်လိမ့်မယ်။ " ရှဝူချယ်က သဘောတူဟန်ဖြင့် ခေါင်းညိမ့်လိုက်သည်။ ထို့ကြောင့်ပင် သူက သူ၏ သမီးနှင့်အတူ ရင်ကျန့်နောက်သို့ လိုက်လာခဲ့ခြင်းဖြစ်သည်။
" ကမ္ဘာကြီးကို စုစည်းတာက အထူးစစ်သည်တွေချည်းပဲ လုပ်နိုင်တာမဟုတ်ဘူး။ သမားတော်ရှ လေ့ကျင့်ပေးထားတဲ့ စစ်ဘက်ဆိုင်ရာဆေးဆရာတွေကလည်း အများကြီး အထောက်အကူပြုပါတယ်။ ဒါကို ပြီးမြောက်ဖို့ဆိုရင် ချင်တစ်နိုင်ငံလုံးရဲ့ အင်အားကို လိုအပ်တယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" စိတ်မပူနဲ့ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။ " လက်ရှိအရှင်မင်းကြီးက ထူးချွန်တဲ့ ဉာဏ်ပညာနဲ့ ကြီးကျယ်တဲ့ မဟာဗျူဟာတွေရှိတယ်။ သူက ကမ္ဘာကြီးကို သေချာပေါက် စုစည်းနိုင်လိမ့်မယ်။ "
" သမားတော်ရှ အရက်သောက်မလား။ " ကျောက်ဖုန်းက ရယ်ပြီး ရှဝူချယ်ကို အရက်အိုးကမ်းပေးလိုက်သည်။
" ဟားဟား ငါ အရက်မသောက်ရတာ ကြာပြီ။ ငါအားနာမနေတော့ဘူးနော်။ " ရှဝူချယ်က အရက်အိုးကို ယူပြီး တစ်ငုံမော့သောက်လိုက်သည်။ အရက်ဝင်သွားသည်နှင့် သူ၏ မျက်နှာက နီရဲသွားပြီး သူ၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုများ ပေါ်လာသည်။
" ဒါက ဘယ်လိုအရက်မျိုးလဲ။ အရမ်းပြင်းတာပဲ။ ဒါပေမယ့် ချိုမြိန်တဲ့ ရနံ့လည်း ရှိနေတယ်။ "
ချင်၏ သမားတော်ကြီး၊ ရင်ကျန့်၏ ယောက္ခမဖြစ်သည့်အတိုင်း သူက ချင်တစ်နိုင်ငံလုံးရှိ အကောင်းဆုံးသော အရက်များကို မြည်းစမ်းဖူးသော်လည်း ထိုသို့သော အရက်မျိုးကို တစ်ခါမှမသောက်ဖူးခဲ့ပေ။
" ဒါက အင်မော်တ်ဝိုင်ခန်းမက ထုတ်တဲ့ အရက်ပြင်းတစ်မျိုးပဲ။ ထိပ်တန်းအဆင့်အရက်ပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အင်မော်တယ်ဝိုင်ခန်းမလား။ ငါဒါကို ပထမဆုံး ကြားဖူးတာပဲ။ " ရှဝူချယ်က အနည်းငယ်အံ့အားသင့်စွာ ပြောလိုက်သည်။
" ဒါက ယင်ချွမ်ခရိုင်မှာရှိတဲ့ အရက်ဆိညင်တစ်ဆိုင်ပါ။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။
" ဒါကြောင့် ငါတစ်ခါမှ မကြားဖူးတာကိုး။ ဒီအရက်က တကယ်ကို ထူးခြားတာပဲ။ နန်းတော်ထဲက တော်ဝင်အရက်ထက် ပိုကောင်းသလို ပိုလည်းပြင်းတယ်။ " ရှဝူချယ်က ခေါင်းညိမ့်လိုက်သည်။
" အခွင့်အရေးရလာတဲ့အခါ ကျွန်တော်က သမားတော်ရှကို အင်မော်တယ်ဝိုင်ခန်းမမှာ ကောင်းကောင်းဧည့်ခံချင်ပါသေးတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ချင်သို့ ပြန်ရောက်ပြီးနောက် အထူးသဖြင့် သူ၏ သမီး ထွက်သွားပြီးနောက် ရှဝူချယ်၏ စိတ်နေစိတ်ထားက အမြဲတမ်း အေးစက်နေခဲ့သည်။ သူကို မည်သူက ဖိတ်ခေါ်သည်ဖြစ်စေ ဖိတ်ကြားမှုမှန်သမျှကို လျစ်လျူရှုလေ့ရှိသည်။ သို့သော် ယနေ့တွင် ကျောက်ဖုန်း၏ ကမ်းလှမ်းမှုကို ရင်ဆိုင်ရသောအခါ ရှဝူချယ်က ငြင်းဆန်လိုစိတ်မရှိခဲ့ပေ။ ဖြစ်နိုင်သည်မှာ ကျောက်ဖုန်း၏ အကြည့်တစ်ချက်ကြောင့် ဖြစ်ပေလိမ့်မည်။
" သမားတော်ရှ အရက်သောက်ပြီးရင် သွားပြီး အနားယူလိုက်ပါဦး။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ကျွန်တော်ကတော့ ဒဏ်ရာရစစ်သည်တွေကို ကုသဖို့ ပြန်သွားရဦးမယ်။ "
" မင်းလို စစ်သူကြီးတစ်ယောက်ကတောင် ဒီလောင် စိတ်နှစ်ထားရင် ငါ့လို သမားတော်တစ်ယောက်က ဘယ်လိုလုပ် အေးအေးဆေးဆေးထိုင်ပြီး ဒဏ်ရာရစစ်သည်တွေကို လျစ်လျူရှုထားနိုင်မှာလဲ။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။ " ငါမင်းနဲ့အတူ လိုက်ခဲ့မယ်။ "
ကျောက်နန်းတော်၏ ခန်းမတစ်ခုအတွင်း၌။
"သမားတော်ရှ ဘာလုပ်နေတာလဲ။ " ရင်ကျန့်က ရန်ရှောင်ကို ကြည့်ပြီး မေးလိုက်သည်။
ဟန်တန်မြို့ထဲသို့ ရောက်ကတည်းက ရှဝူချယ်ကို မတွေ့ရတော့ပေ။ သူက ကုသရေးစခန်းသို့ သွားသည်ဟု ရင်ကျန့်က ယူဆမိသော်လည်း သဘာဝအတိုင်း စိုးရိမ်နေမိသည်။
" အရှင်မင်းကြီး သမားတော်ရှက ကုသရေးစခန်းမှ ဒဏ်ရာရသူတွေကို ကုသေပေးနေပါတယ်။ " ရန်ရှောင်က ရိုသေစွာ ပြန်ဖြေလိုက်သည်။
" သမားတော်ရှကို သွားပြောလိုက်ပါ။ သူက အသက်ကြီးနေပြီဖြစ်လို့ အနားယူဖို့လိုတယ်။ သူက သူ့ကိုသူ အရမ်းအပင်ပန်းမခံသင့်ဘူး။ စခန်းမှာ ဆရာချန်နဲ့ အခြားဆေးဆရာတွေရှိတာပဲ။ " ရင်ကျန့်က ပြောလိုက်သည်။
" ကျွန်တော်မျိုး နားလည်ပါပြီ။ " ရန်ရှောင်က ပြောလိုက်သည်။ " အရှင်မင်းကြီး စစ်သူကြီးကျောက်ဖုန်းကလည်း စခန်းက ဒဏ်ရာရစစ်သည်တွေကို ကုသပေးနေပါတယ်။ "
" ဒဏ်ရာရသူတွေကို ကုသပေးနေတယ်။ သူက အနားမယူဘူးလား။ " ရင်ကျန့်က အံ့အားသင့်သွားပြီး မေးလိုက်သည်။
" ဟုတ်ပါတယ်။ " ရန်ရှောင်က ခေါင်းညိမ့်လိုက်သည်။
" ဒီကောင်လေးကတော့ တကယ်ကို ငြိမ်ငြိမ်မနေဘူးပဲ။ ဒီလောက်ကြာအောင် တိုက်ခိုက်ခဲ့တာတောင် သူမပင်ပန်းဘူးလား။ " ရင်ကျန့်က ပြောလိုက်သည်။
" စစ်သူကြီးကျောက်က သူ့ရဲ့ ညီအကိုတွေ အများကြီးက ကုသရေးစခန်းမှာ ရှိနေတယ်လို့ ပြောပါတယ်။ အခု တိုက်ပွဲက ပြီးသွားပြီးဆိုဆတာ့ သူ့မှာ စွမ်းရည်ရှိသေးတာမလို့ သူ့ရဲ့ ညီအကိုတွေ ဒဏ်ရာတွေကြောင့် သေဆုံးသွားတာကို သူက ဒီအတိုင်း ရပ်ကြည့်မနေနိုင်ဘူးတဲ့။ သူတို့ကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပြောပါတယ်။ " ရန်ရှောင်က လေးစားစွာဖြင့် ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ရင်ကျန့်၏ မျက်နှာပေါ်တွင် လေးစားသေု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
" ကျောက်ဖုန်း သူက ချင်ရဲ့ အစွမ်းထက်ဆုံး စစ်သူကြီးတစ်ယောက်ဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါတယ်။ သူ့ရဲ့ လူတွေက သူ့ကို စစ်တပ်ရဲ့ စိတ်ဝိညာဉ်လို့ ပြောကြတာ မထူးဆန်းတော့ပါဘူး။ သူ့ရဲ့ ညီအကိုအပေါ်ထားတဲ့ သစ္စာတရားအရဆိုရင် ဒါတွေအားလုံးက သူနဲ့ ထိုက်တန်ပါတယ်။ "
" အရှင်မင်းကြီးဆီကနေ ဒီလောက်မြင့်မားတဲ့ ချီးကျူးမှုရဖို့ဆိုတာ စစ်သူကြီးကျောက် တစ်ယောက်ပဲ ရှိလိမ့်မယ်။ " ရန်ရှောင်က ရိုသေစွာ ပြောလိုက်သည်။
" ငါပြောထားတဲ့ ဆုလာဘ်တွေကို ပြင်ဆင်ပြီးပြီလား။ " ရင်ကျန့်က ပြောလိုက်သည်။
" ပြင်ဆင်ပြီးပါပြီ။ " ရန်ရှောင်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" ကျောက်ဖုန်းကို သွားပြောလိုက်ပါ။ သူက မနက်ဖြန်မှာ ငါနဲ့ စစ်သေနာပတိချုပ်တို့နဲ့အတူ လိုက်ပါရမယ်။ " ရင်ကျန့်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
" ကျွန်တော်မျိုး အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါမယ်။ " ရန်ရှောင်က ပြောပြီး ထွက်ခွာသွားသည်။