← Chapters

အခန်း (၂၁၇)

Vol. 22 Ch. 217

အခန်း (၂၁၇)

Vol. 22 Ch. 217

" ကျောက်ဖုန်း သူက တကယ်ပဲ ငါ့ရဲ့ ကံကောင်းတဲ့ စစ်သူကြီးတွေထဲက တစ်ယောက်ပဲ။ " ရင်ကျန့်က ပြုံးလိုက်သည်။ " ကျောက်ကို အမြစ်ဖြတ်ချေမှုန်းပြီးရင် သူ့ရဲ့စစ်ရေးအောင်မြင်မှုတွေက သူ့ကို စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်စေဖို့ လုံလောက်ပါတယ်။ သူက ချင်တစ်နိုင်ငံလုံးမှာ အငယ်ဆုံး စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်လာလိမ့်မယ်။ "

နောက်တစ်နေ့တွင် ဟန်တန်မြို့ပြင်ရှိ တောင်ကုန်းတစ်ခုပေါ်တွင် တော်ဝင်အစောင့်များက တင်းကျပ်စွာ စောင့်ကြပ်နေကြသည်။ တစ်ခုတည်းသော ဂူသင်္ချိုင်းရှေ့တွင် ပူဇော်ပစ္စည်းများနှင့် အမွှေးတိုင်များကို ခင်းကျင်းပြင်ဆင်ခါးသည်။

ရင်ကျန့်က ဝမ်းနည်းမှုများဖြင့် ဂူရှေ့တွင် ရပ်နေသည်။ သူ၏ နောက်တွင် ဝမ်ကျန့်၊ ဝမ်ပင်းနှင့် ကျောက်ဖုန်းတို့က တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

" ဆရာ ကျွန်တော်ပြန်လာပြီ။ " ရင်ကျန့်က ဂူဗိမာန်ကို စိုက်ကြည့်ပြီး ရေရွတ်လိုက်သည်။ " ကျွန်တော်ရင်ကျန့်က ဆရာသင်ကြားပေးခဲ့တဲ့ ဆုံးမစကားတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ဆရာသာမရှိရင် ဒီရင်ကျန့်ဆိုလာ ရှိလာမှာ မဟုတ်ပါဘူး။ ဟွာရှနဲ့ ကောင်းကင်အောက်က မြေပြင်တစ်ခုလုံးအတွက် ကျွန်တော်ရင်ကျန့် အစွမ်းကုန် ကြိုးစားနေပါတယ်။ "

" ကျွန်တော်က ကျင့်သုံးနိုင်ငံက ဟန်ကို သိမ်းပိုက်ပြီးပြီ။ ကျောက်ကိုလည်း မကြာခင် သိမ်းပိုက်နိုင်လိမ့်မယ်။ ကျောက်ကို ရပြီးတာနဲ့ နောက်တစ်နိုင်ငံက ဝေဖြစ်လိမံမယ်။ ကျင့်သုံးနိုင်ငံက ချင်ရဲ့ လက်အောက်ကို ရောက်သွားရင် နောက်ထပ် သုံးနိုင်ငံပဲ ကျန်တော့မယ်။ "

" ရှစ်နှစ်အတွင်းမှာ နယ်မြေတစ်ခုလုံးကို စုစည်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ တစ်နေ့ ဟွာရှကို စုစည်းပြီးတဲ့အခါ ကျွန်တော်တို့ရဲ့ ပြည်သူတွေက စစ်ပွဲဘေးဒုက္ခတွေကို ခံစားရတော့မှာမဟုတ်ဘူး။ ပြည်သူတွေကို စစ်ပွဲတွေကနေ ကင်းဝေးစေပြီး ကောင်းကောင်း အနားယူစေပါမယ်။ "

ရင်ကျန့်က ဂူအနီးသို့ ချဉ်းကပ်သွားပြီး သူ့ကို ဆုံးမသွန်သင်ပေးခဲ့သော ဆရာကို ပြန်လည်မြင်ယောင်လာသည်။ သူ၏ ဆရာက သူ့ကို ကာကွယ်ရန် အသက်ပေးခဲ့ရသည်။ ယခု ပြန်လာချိန်တွင် ရင်ကျန့်က သူ၏ အောင်မြင်မှုများကို သူ၏ ဆရာအား ပြောပြနေသည်။

" ချင်ရှီဟွမ်မှာ ဆရာနှစ်ယောက်ရှိခဲ့တယ်လို့ သမိုင်းမှာ မှတ်တမ်းတင်ထားတယ်။ " ကျောက်ဖုန်းက ရင်ကျန့်နောက်တွင် ရပ်ရင်း သူ၏ စိတ်ထဲတွင် တွေးလိုက်သည်။

တစ်ယောက်မှာ ရှန်ယွဲ့ဖြစ်ပြီး ကျောက်နိုင်ငံတွင် ဓားစာခံအဖြစ် နေထိုင်စဉ်က သူ၏ ဆရာဖြစ်သည်။ သူက အနာဂတ်ဧကရာဇ်အား စစ်မှန်သော ပညာရပ်များကို သင်ကြားပေးခဲ့ပြီး သူ၏ ထီးနန်းအတွက် အခြေခံအုတ်မြစ် ချပေးခဲ့သူဖြစ်သည်။

နောက်တစ်ယောက်မှာ လွီပုဝေဖြစ်သည်။ ချင်သို့ ပြန်ရောက်လာပြီး ဆက်ခံသူအဖြစ် အိမ်ရှေ့စံမင်းသား ဖြစ်လာသောအခါ လွီပုဝေက သူ၏ ဒုတိယမြောက် ဆရာဖြစ်လာခဲ့သည်။

နှစ်ယောက်လုံးက ရင်ကျန့်အပေါ်တွင် နက်ရှိုင်းသော လွှမ်းမိုးမှု ရှိခဲ့သည်။ အထူးသဖြင့် ရှန်ယွဲ့ပင် ဖြစ်သည်။ အကယ်၍ သူသာ အသက်ရှင်လျက် ရှိနေလျှင် သမိုင်းတွင် သူ့ကို ပို၍ ကြီးကျယ်သော ဂုဏ်သတင်းဖြင့် မှတ်တမ်းတင်ထားပေလိမ့်မည်။

အမှန်တကယ်တော့ ကျောက်ဖုန်းက ဤနေရာသို့ မလာချင်ခဲ့ပေ။ ချင်ဘုရင်၏ အမိန့်ကြောင်သာ သူရောက်လာရခြင်း ဖြစ်သည်။ မဟုတ်လျှင် သူက ကုသရေးစခန်းတွင် ဒဏ်ရာရသူများကို ကုသပေးနေမည်ဖြစ်သည်။ တော်ဝင်အမိန့်ဖြစ်သဖြင့် ကျောက်ဖုန်းက ငြင်းဆန်၍ မရခဲ့ပေ။

" ကျောက်ယန်ကို ငါ့ဆီ ခေါ်လာခဲ့။ " ရင်ကျန့်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

ကိုယ်ရံတော်နှစ်ယောက်က ကျောက်ယန်ကို ရှေ့သို့ ခေါ်​ဆောင်လာကြသည်။ သူက အလွန်အားနည်းနေပြီဖြစ်သောကြောင့် သူ၏ ခြေထောက်များကို ချုပ်နှောင်ထားခြင်းမရှိပေ။

" သူ့ကို ဂူရှေ့မှာ ဒူးထောက်ခိုင်းလိုက်။ " ရင်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ရန်ရှောင်က ကျောက်ယန်၏ ခြေထောက်များကို ကန်လိုက်သည်။

ကျောက်ယန်က ပြန်ထရန် ကြိုးစားလိုက်သည်။ ရင်ကျန့်က သူ့ကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်ကြောင်း သူနားလည်သောကြောင့် ချက်ချင်း သတ်ခံလိုက်ရပြီး အားလုံးပြီးဆုံးသွားခြင်းက ပိုကောင်းမည်ဟု သူတွေးမိသည်။ သို့သော် ထိုအရာမှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။

သူ့ကိုသူ သတ်သေရန်မှာ သူသတ္တိမရှိပေ။ အကယ်၍ ရှိခဲ့လျှင် သူလုပ်ပြီးသားဖြစ်ပေလိမ့်မည်။ သူက ဘုရင်တစ်ပါးဖြစ်သော်လည်း စစ်မှန်သောဘုရင်တစ်ပါးမဟုတ်ခဲ့ပေ။

" ဆရာ ဆရာကို သတ်ခဲ့တဲ့ ကျောက်ယန်ကို ကျွန်တော်ခေါ်လာခဲ့ပြီ။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။ " ဒါပေမယ့် ကျွန်တော် သူ့ကို ချက်ချင်း မသတ်သေးဘူး။ သူ့ကို နှိပ်စက်ဦးမယ်။ သူ့ရဲ့ နိုင်ငံ ပျက်စီးသွားတာကို သူမြင်စေရမယ်။ "

" သူ့ကို အခုသတ်လိုက်တာက သူ့အတွက် လွယ်ကူလွန်းတယ်။ " ရင်ကျန့်၏ အသံက အေးစက်စွားသည်။ " သူ​ကို ဂူရှေ့မှာ ဦးညွှတ်ပြီး အပြစ်ပေးလိုက်။ "

" ဦးညွှတ်စမ်း။ " ရန်ရှောင်က အမိန့်ပေးလိုက်သည်။

" ရင်ကျန့် မင်း သတ္တရှိရင် ငါ့ကို သတ်လိုက်စမ်းပါ။ " ကျောက်ယန်က လှောင်ပြုံးပြုံးလိုက်သည်။ " ငါ့ကို သာမန်အရပ်သားတစ်ယောက်ကို ဦးညွှတ်ခိုင်းတာလား။ ရှန်ယွဲ့က အဲ့ဒီလောက် ထိုက်တန်လို့လား။ ငါ အဲ့ဒီတုန်းက သူ့ဂူကို တူးပြီး အရိုးတွေကို လွှင့်ပစ်ခဲ့သင့်တာ။ "

ရင်ကျန့်က မျက်မှောင်ကြုတ်သွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ သို့သော် သူ၏ ဒေါသကို ထိန်းချုပ်လိုက်သည်။

ရန်ရှောင်က ကျောက်ယန်၏ ခေါင်းကို ဆွဲကိုင်ပြီး မြေပြင်နှင့် ဆောင့်ချလိုက်သည်။

" အား....." ကျောက်ယန်က ရုန်းကန်လိုက်သော်လည်း ရန်ရှောင်၏ ခွန်အားကို မယှဉ်နိုင်ပေ။

ရန်ရှောင်က သူ၏ ခေါင်းကို မညှာမတာ ဖိချပြီး မြေကြီးပေါ်သို့ အားပြင်းပြင်းနှင့် ဦးတိုက်ခိုင်းနေသည်။ ရင်ကျန့်ထံမှ အမိန့်မရဘဲ သူရပ်မည်မဟုတ်ပေ။ မကြာမီ ကျောက်ယန်၏ နဖူးမှ သွေးများနီရဲသွားသည်။ ထိုသို့ အချိန်အတော်ကြာဆောင်ပြီးနောက် ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်သောအခါ ရန်ရှောင်ကလည်း ရပ်လိုက်သည်။

" ငါ သတင်းတစ်ခု ရလိုက်တယ်။ " ရင်ကျန့်က မြေပြင်ပေါ်တွင် ဖရိုဖရဲဖြစ်နေသော ကျောက်ယန်ကို ကြည့်လိုက်သည်။ " မင်းရဲ့ ချစ်လှစွာသော အကိုကြီး ကျောက်ယိက အခုဘုရင်ဖြစ်သွားပြီ။ "

ထိုစကားများကို ကြားလိုက်ရချိန်တွင် ကျောက်ယန်၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။

" မင်းဘာပြောလိုက်တာလဲ။ " ကျောက်ယန်က ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်သည်။ " မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး။ သူ ဘယ်လိုလုပ်လွတ်သွားတာလဲ။ သူက ဘယ်လိုလုပ် ဘုရင်ဖြစ်သွားတာလဲ။ "

" ကျောက်နိုင်ငံရဲ့ ပလ္လင်က အစကတည်းက သူ့ရဲ့ ရပိုင်ခွင်ပဲ။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

" ကျောက်ယိကို ခေါ်လာတဲ့ မြောင်စုကို လုပ်ကြံဖို့ မင်း လူလွှတ်လိုက်တုန်းက ဘာလို့ဒီလောက်အဆင်ပြေသွားလဲဆိုတာ မင်းသိလား။ အဲ့ဒါက ငါကိုယ်တိုင် နောက်ကွယ်ကနေ လှုံ့ဆော်ပေးခဲ့လို့ပဲ။ အဲ့ဒီတုန်းက ကျောက်ယိကို ပြန်မလာအောင်လုပ်ပြီး ဘာလို့ မင်းကို ဘုရင်ဖြစ်ခွင့်ပေးခဲ့တာလဲဆိုတာ မင်းသိလား။ "

" ကျောက်ယိက မင်းထက် အများကြီး ပိုတော်လို့ပဲ။ တကယ်လို့ သူသာ ဘုရင်ဖြစ်လာရင် ငါ့ရဲ့ ချင်အနေနဲ့ ကျောက်ကို သိမ်းပိုက်ဖို့ အားအများကြီး ပိုစိုက်ရလိမ့်မယ်။ မင်းဘုရင်ဖြစ်လာတဲ့အတွက် ကျောက်ကို သိမ်းပိုက်တာက ဘာမှမခက်ခဲတော့ဘူး။ ဘာလို့လဲဆိုတော့ အစကနေ အဆုံးထိ မင်းက အသုံးမကျတဲ့ အမှိုက်တစ်စထက် မပိုခဲ့လို့ပဲ။ "

" မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး။ " ကျောက်ယန်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ " ငါ နန်းတက်နိုင်ခဲ့တာ မင်းလက်ချက်ကြောင့် မဖြစ်နိုင်ဘူး။ "

နန်းတက်ကတည်းက ကျောက်ယန်က ထိုအရာအားလုံးမှာ သူ၏ ထက်မြက်သော အကြံအစည်များ၏ ရလဒ်ဖြစ်သည်ဟု ယုံကြည်ပြီး ကိုယ့်ကိုကိုယ် ကျေနပ်နေခဲ့သည်။ သို့သော် လက်တွေ့တွင် သူထင်ထားသည်နှင့် လုံးဝ ကွဲပြားနေခဲ့သည်။ သူအမုန်းဆုံးလူဖြစ်သော ရင်ကျန့်က အစကတည်းက ကြိုးကိုင်နေခဲ့ခြင်းဖြစ်သည်ဟူသော အချက်က အဆုံးစွန်သော ရှုံးနိမ့်မှုပင်ဖြစ်သည်။

" ကျောက်ယန် " ရင်ကျန့်က ပြောလိုက်သည်။ " ဒါကို မမျှော်လင့်ထားဘူးမဟုတ်လား။ ငါ မင်းကို တမင် နန်းတက်ခွင့်ပေးခဲ့တာပဲ။ မင်း အာဏာကို ခိုင်ခိုင်မာမာ ရပြီးတဲ့နောက်မှပဲ ကျောက်ယိကို ကျောက်နိုင်ငံဆီ ဘာလို့ပြန်ပို့ပေးတာလဲဆိုတာ အခုနားလည်ပြီလား။ မင်း အေးအေးဆေးဆေး နန်းတက်နိုင်ဖို့ ငါစောင့်နေခဲ့တာပဲ။ "

" ကျောက်ယိ ပြန်လာပြီး ပလ္လင်အတွက် မင်းနဲ့ တိုက်ခိုက်ရင်း မင်းရဲ့ နိုင်ငံ ဖရိုဖရဲဖြစ်အောင် လုပ်မယ့်အချိန်ကို ငါစောင့်နေခဲ့တာပဲ။ ပြီးတော့ အဲ့ဒီကြိုးစားမှုတွေက တကယ်ပဲ အသီအပွင့်တွေ ဖြစ်ထွန်းခဲ့တယ်။ လျန်ပိုနဲ့ လီမုတို့က ကျောက်ယိကို ထောက်ခံခဲ့ကြသလို ကျောက်နန်းတွင်းက လူအများအပြားကလည်း ထောက်ခံကြတယ်။ ဒါကြောင့်ပဲ နောက်ဆုံးမှာ မင်းက သူတို့ကို ဖယ်ရှားပစ်ခဲ့တယ်။ "

" ငါအတွက် လျန်ပိုနဲ့ လီမူတို့က အတားအဆီးတွေပဲ။ မင်းက ငါ့အတွက် သူတို့ကို ဖယ်ရှားပေးခဲ့တယ်။ ဒါက ငါ့ရဲ့ ချင်အတွက် ကြီးမားတဲ့ လက်ဆောင်တစ်ခုပဲ။ ဟားဟားဟားဟား..."

ရင်ကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သို့သော် ကျောက်ယန်ကတော့ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ လုံးဝ ဆွံ့အသွားခဲ့သည်။

" မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး။ ငါ့ရဲ့ အောင်မြင်မှုတွေအားလုံးက မင်းရဲ့ ကြိုးကိုင်မှုအောက်မှာ ရှိနေခဲ့တာ မဖြစ်နိုင်ဘူး။ ငါမင်းကို သတ်မယ်။ "

ကျောက်ယန်က သူ့ကိုသူ မထိန်းချုပ်နိုင်တော့ဘဲ အသည်းအသန် ရုန်းကန်ခိုက်သော်လည်း တော်ဝင်အစောင့်နှစ်ယောက်က သူ့ကို မြဲမြန်စွာ ဖိထားခဲ့သည်။

အားလုံးကို ကြားနေရသော ကျောက်ဖုန်းက အတော်လေး အံ့အားသင့်သွားသည်။ " ချင်ရှီဟွမ် တကယ်ကို အထင်ကြီးစရာပဲ။ နိုင်ငံတစ်ခုရဲ့ ဘုရင်က နန်းမတက်ခင်ကတည်းက သူ့လက်ထဲမှာ အရုပ်တစ်ခုလို ကစားခံခဲ့ရတာပဲ။ ကျောက်ယန် နန်းတက်ခဲ့တာကတောင် သူ့ရဲ့ စီစဉ်မှုတစ်ခုပဲ။ သူက ဟွာရှကို စုစည်းနိုင်ခဲ့တာ မထူးဆန်းတော့ဘူး။ တကယ်စိတ်ဝင်စားဖို့ ကောင်းတာပဲ။ "

ကျောက်ဖုန်းက စိတ်ထဲတွင် ရင်ကျန့်ကို ပို၍ လေးစားမိသွားသည်။ ရင်ကျန့်က ထိုမျှလောက်သာ ထုတ်ပြောခဲ့သော်လည်း နောက်ကွယ်တွင် ပရိယာယ်များစွာ ရှိနေမည်မှာ သေချာသည်။

All Chapters