အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အခန်း ၁၅၁ - ငါ့ကို Simp တစ်ယောက် ဖြစ်ခိုင်းနေတာတော့ မဟုတ်ပါဘူးနော်။
လျှို့ဝှက်ဆန်းကြယ်ကျွန်းပေါ်တွင် ကြောင်တောင်တောင် ဖြစ်နေဆဲဖြစ်သော လုပေါင် ထံသို့ CEO လုလင်းဟွာ ထံမှ သီးသန့် Message တစ်စောင် ရောက်ရှိလာသည်။
"ရတနာနတ်ဘုရားရေ...ပရိတ်သက် တွေကိုကြားဝင်ဖျောင်းဖျပေးလို့ ရမလား။ငါတော့ အကန့်အသတ်ကို ရောက်နေပြီ။ငါ့အမေက ဆုံးသွားတာ ၄ ၅ နှစ် ရှိပြီ သူ့ဝိညာဉ်သာ ဒီ Comment တွေကို မြင်ရင် ခေါင်းတလားထဲကနေ ဒေါသတကြီး ခုန်ထွက်လာလိမ့်မယ်။"
လုလင်းဟွာ၏ Message ကို ကြည့်ပြီး လုပေါင်လည်း ဇဝေဇဝါ ဖြစ်သွားသည်။ သို့သော် သူသည် ဖုန်းကိုထုတ်ကာ စနစ် မှတစ်ဆင့် အင်တာနက် ချိတ်ဆက်ကြည့်လိုက်သောအခါမှ အခြေအနေအရပ်ရပ်ကို နားလည်သွားတော့သည်။
ဤ ပရိတ်သက် များမှာ တကယ့်ကို ဒေါသကြီးလှသည်။လုပေါင်သည် စိတ်ထဲမှနေ၍ CEOလု၏ မိခင်အတွက် ခဏတာ ငြိမ်သက်ဆုတောင်းပေးလိုက်မိသည်။
"ရတနာနတ်ဘုရား... ပရိတ်သက် တွေအတွက် ဆုတွေ ထပ်တိုးပေးလိုက်ရင် ဘယ်လိုလဲ စိတ်မပူပါနဲ့၊ Ocean Platform ကပဲ အကုန်လုံး ပြန်ပေးပါ့မယ်။"
တစ်ပါးသူက ပိုက်ဆံစိုက်ထုတ်မည်ဆိုလျှင် လုပေါင်က ငြင်းစရာ အကြောင်းမရှိပေ။သူသည် ချက်ချင်းပင် ဗီဒီယိုအကောင့်မှတစ်ဆင့် စာတစ်စောင် တင်လိုက်သည်။
"Live လွှင့်တဲ့ ဆာဗာ ပျက်ကျသွားတဲ့အတွက် ညီအစ်ကိုတို့ အတွေ့အကြုံ ဆိုးသွားတာ စိတ်မကောင်းပါဘူး။စိတ်သဘောထား ပြည့်ဝတဲ့ CEOလုရဲ့ ပံ့ပိုးမှုနဲ့အတူ ကျွန်တော်တို့ ရွှေဖားအီး အလုံး ၂၀ ထပ်ပြီး ကံစမ်းမဲ ဖောက်ပေးပါ့မယ်။"
ဒါက Prize Money ယွမ် နှစ်သိန်းလောက်ကို ထပ်ပစ်ကျွေးလိုက်ခြင်းပင်။လုလင်းဟွာသည်လည်း သူ၏ ပုဂ္ဂိုလ်ရေး အကောင့်တွင် ပရိတ်သက် များအတွက် ယွမ် ၁၀၀ စီ ရရှိမည့် ကံစမ်းမဲ ဆုပေါင်း ၁၀၀၀ ကို မိမိအိတ်စိုက်ဖြင့် ပြုလုပ်ပေးမည်ဟု ကြေညာလိုက်သည်။
ဤသို့ဖြင့် ပရိတ်သက် များ၏ ဒေါသမှာ အတော်အတန် ပြေလျော့သွားတော့သည်။
"လုကြီးကတော့ အိုကေသားပဲ လူကောင်းတစ်ယောက်ပဲ ငါသာ ပေါက်ရင်တော့ ပြဿနာ မရှိတော့ဘူး။"
"ဒီတစ်ကွက်ကတော့ သူ့အမေရဲ့ ဂုဏ်သိက္ခာကို ပိုက်ဆံနဲ့ ပြန်ကယ်လိုက်တာပဲ။"
"ကံစမ်းမဲ ရှိနေသရွေ့တော့ ငါတို့က ညီအစ်ကိုတွေပါပဲ ဟုတ်တယ်မလား လုကြီး။"
လုလင်းဟွာသည် Netizen များ၏ Comment ကို ကြည့်ပြီး သက်ပြင်းချကာ Server ကို အမြန်ဆုံးပြင်ရန် Ansk ကုမ္ပဏီကို ထပ်မံ တိုက်တွန်းလိုက်သည်။
ပရိတ်သက် များသည် Platform ကို ဝိုင်းဆဲနေစဉ်မှာပင် လုပေါင်၏ Live ဗီဒီယိုဖိုင်များမှာ လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့သွားပြီး ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။သာမန်လူများအတွက် ထိုအရာများမှာ အလွန်ပင် ဆန်းသစ်နေသော်လည်း အကြီးမားဆုံး ရိုက်ခတ်မှုမှာ ကမ္ဘာတစ်ဝှမ်းရှိ သိပ္ပံသုတေသန အဖွဲ့အစည်းများတွင် ဖြစ်သည်။ အထူးသဖြင့် ဇီဝဗေဒပညာရှင်များအတွက် လုပေါင်၏ Live ထဲမှ ထူးဆန်းသော သတ္တဝါများမှာ သူတို့၏ သိပ္ပံနည်းကျ နားလည်မှုများကို ရိုက်ချိုးလိုက်သလိုပင် ဖြစ်နေသည်။
"ဒီ Live ထဲက နေရာက ဘယ်မှာလဲဆိုတာ ချက်ချင်း စုံစမ်းကြစမ်း ငါတို့ အဲ့ဒီနေရာကို သွားပြီး ဒီသတ္တဝါတွေရဲ့ အချက်အလက်တွေကို ချက်ချင်း ရယူရမယ်။"
"ဧရာမနဂါးကြီးရယ် ပုံမှန်ထက် ကြီးမားတဲ့ သတ္တဝါတွေရယ် ရွှေအီးပါတဲ့ ရွှေဖားရယ်... ဒါတွေက သိပ္ပံနိယာမတွေကို ဆန့်ကျင်နေတာပဲ။ဒါက သိပ္ပံသမိုင်းမှာ အရေးကြီးဆုံး ရှာဖွေတွေ့ရှိမှု ဖြစ်လာလိမ့်မယ်။"
လုလင်းဟွာ ရရှိထားသော သတင်းအရ Server ပြင်ဆင်ရန် အနည်းဆုံး နာရီဝက်ခန့် ထပ်ကြာဦးမည် ဖြစ်သည်။ထို့ကြောင့် လုပေါင်သည် Live လွှင့်မည့် အစီအစဉ်ကို ခေတ္တ လက်လျှော့လိုက်သည်။ဘာပဲဖြစ်ဖြစ် ဒါက သူ့အမှား မဟုတ်ပေ။
ထို့ပြင် သူ့ရှေ့တွင် ရွှေအီးလုံး ထောင်ပေါင်းများစွာက စောင့်ကြိုနေသည် မဟုတ်ပါလား။လုပေါင်သည် ထိုရွှေလုံးများကို သူ၏ တွင်းနက် ထဲတွင် သီးသန့် နေရာတစ်ခုပေးကာ အကုန် သိမ်းကျုံးယူလိုက်တော့သည်။ ၎င်းတို့ကို နွားဦးခေါင် အလောင်းကောင်ဘုရင်များ စားသုံးရန် သို့မဟုတ် မုန့်ဖိုးအဖြစ် သုံးရန် ထားရှိမည်ဖြစ်သည်။ အရေးကြီးဆုံးမှာ ရွှေအီးပါတတ်သော ရွှေဖားကြီး သူ့ဘေးမှာ ရှိနေဖို့ပင် ဖြစ်သည်။
"ရွှေဖားလေးရေ... မင်း ဘာစားရတာ ကြိုက်လဲ ငါ့ကို ပြော နောက်ဆို မင်းကို ကောင်းကောင်း ကျွေးထားမယ်။စကားပုံရှိတယ်လေ... များများစားမှ များများပါနိုင်မှာ။"
"အဟမ်း... ငါက တခြားရည်ရွယ်ချက်နဲ့ ပြောတာ မဟုတ်ဘူးနော်။မင်းရဲ့ အစာအိမ်ကိစ္စကြောင့် များများသွားမှ ဝမ်းမချုပ်မှာ။ဒါက မင်းကျန်းမာရေးအတွက်ပဲ။"
လုပေါင်က လူလိမ်စကားများ ပြောဆိုကာ ရွှေဖားကြီးကို သူ့နောက်လိုက်ရန် သိမ်းသွင်းသော်လည်း ရွှေဖားကြီးမှာ သူကိုယ်တိုင် စိုက်ပျိုးထားသော အပင်များကို ခွဲခွာရန် ဝန်လေးနေပုံရသည်။ထို့ကြောင့် လုပေါင်လည်း အတင်းအကျပ် မလုပ်တော့ပေ။
လုပေါင်သည် သူ၏ ဆေးပင်စာရင်းကို ပြန်စစ်ကြည့်ရာ ပုရွက်ဆိတ်နီတပ်နှင့် ကြွက်တပ်တို့၏ အကူအညီကြောင့် လိုအပ်သော ဆေးပင်များမှာ အကုန်နီးပါး ရနေပြီဖြစ်သည်။ သို့သော် ပဟေဠိဆန်သော အမည်တစ်ခု ကျန်နေသေးသည်။
"နတ်ဘုရားမ၏ မျက်ရည်....ဒါက ဘယ်လို ဆေးပင်မျိုးလဲ။"
လုပေါင်မျက်မှောင်ကြုတ်လိုက်မိသည်။
"ငါ့ကို Simp တစ်ယောက် ဖြစ်ခိုင်းပြီး နတ်ဘုရားမတစ်ယောက်ဆီကနေ မျက်ရည်သွားတောင်းခိုင်းနေတာတော့ မဟုတ်ပါဘူးနော်။"
ယခင်က ယန်ကျောက်သလင်းအကြောင်းကို ပြန်တွေးကြည့်လျှင် ဤမျက်ရည်မှာလည်း ထူးဆန်းသော သတ္တဝါတစ်မျိုးမျိုးထံမှ ရရှိနိုင်သည်ဟု သူ ခန့်မှန်းလိုက်သည်။အချိန်နှောင်းလာပြီဖြစ်သဖြင့် ကျောက်မင်နှင့် ကျန်းရွှယ်ချီ တို့ကို စိတ်မချသောကြောင့် လုပေါင် ပြန်ရန် ပြင်လိုက်သည်။
"ရွှေဖားလေး... ဒီမှာပဲ လိမ်လိမ်မာမာ နေခဲ့ဦး။မနက်ဖြန် ငါပြန်လာပြီး မင်းရဲ့ ဗိုက်ကို ကုပေးမယ်။"
မပြန်မီ လုပေါင်သည် သူ၏ လက်ဖဝါးထဲမှ အနှစ်တစ်ရာသက်တမ်းရှိ မီးဝိညာဉ် အချို့ကို ထုတ်ယူလိုက်သည်။
"မင်း ငါ့ကို ရွှေလုံးတွေ အများကြီး ပေးထားတာဆိုတော့ ဒါတွေကို ဆုအဖြစ် ပေးမယ်။"
ဤမြေနီသီးမှာ အလွန် အစွမ်းထက်သော ဆေးဖက်ဝင်ပစ္စည်း ဖြစ်ပြီး ကီလင်လေးကဲ့သို့သော နတ်သတ်မှတ်ခံ သတ္တဝါများပင် စောင့်ကြပ်ရသည့် အရာဖြစ်သည်။ရွှေဖားကြီးသည် ထိုအသီးကို မြင်လျှင် မျက်လုံးများ တောက်ပသွားပြီး လုပေါင် ကျွေးသည်ကို စားသုံးကာ ကျေးဇူးတင်သည့်အနေဖြင့် ဂွား ဟု အော်လိုက်လေသည်။
အခန်း ၁၅၂ - ပင်လယ်ပြင်ထဲမှ အလင်းရောင်။
ထို့နောက်တွင် လုပေါင်သည် ချပ်ဝတ်နဂါးကြီးကို ခေါ်လိုက်သည်။သူသည် ချီလင်လေး ကို ပွေ့ချီကာ နဂါးကြီး၏ ကျောပေါ်သို့ တက်လိုက်ပြီး ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့ ရှိရာ ဂူဆီသို့ စိတ်အားထက်သန်စွာဖြင့် ပြန်လာခဲ့သည်။
ချပ်ဝတ်နဂါးကြီး၏ အရှိန်မှာ အလွန်ပင် မြန်လှသဖြင့် ခဏအတွင်းမှာပင် ဂူအပြင်ဘက်သို့ ပြန်ရောက်လာခဲ့သည်။လုပေါင် ပြန်ရောက်လာသည်ကို မြင်သောအခါ အမျိုးသမီးနှစ်ဦးစလုံး၏ လှပသော မျက်နှာထက်တွင် ဝမ်းသာအားရသည့် အရိပ်အယောင်များ ပေါ်လာပြီး မျက်လုံးများမှာလည်း တောက်ပသွားတော့သည်။ အကြောင်းမှာ ဤကျွန်းပေါ်တွင် ရှိနေသော တစ်ဦးတည်းသော အမျိုးသားဖြစ်သည့် လုပေါင်သည်သာ သူတို့ကျွန်းပေါ်မှ ထွက်ခွာနိုင်ရေးအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သောကြောင့်ပင်ဖြစ်၏။
လုပေါင်သည် အရင်ဆုံး ကျန်းရွှယ်ချီ၏ အခြေအနေကို စစ်ဆေးလိုက်သည်။တရုတ်တိုင်းရင်းဆေး ပညာရှင်ကြီးဖြစ်သည့် အဘိုးကျောက်၏ ဆေးညွှန်းမှာ တကယ်ပင် ထူးခြားလှသည်။အနှစ်တစ်ထောင် ဂျင်ဆင်း ငါးရာသက်တမ်းရှိ အိန်ဂျယ်လီကာ နှင့် ရှစ်ရာသက်တမ်းရှိ ကူဇူး တို့ကဲ့သို့သော ထိပ်တန်းဆေးပင်များဖြင့် ကျိုချက်ထားသော ဆေးရည်ကို သောက်ပြီးနောက် ကျန်းရွှယ်ချီ၏ ဖြူဖျော့နေသော မျက်နှာတွင် သွေးရောင် ပြန်လည် လွှမ်းမိုးလာသည်။ အနည်းဆုံးတော့ သူမ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သိသိသာသာ တိုးတက်လာပြီး ကင်ဆာရောဂါကို တိုက်ဖျက်ရန် အင်အားအချို့ ရရှိလာပြီဖြစ်သည်။
“ဆေးဖက်ဝင်ပစ္စည်း နည်းနည်းပဲ လိုတော့တယ် အဲ့ဒါဆိုရင် မင်းဦးနှောက်ထဲက အရာကို ဖယ်ရှားဖို့ ငါ ကြိုးစားကြည့်လို့ ရပြီ။”
လုပေါင်က အမျိုးသမီးနှစ်ဦး၏ မျှော်လင့်တကြီး အကြည့်များအောက်တွင် သူ၏ အစီအစဉ်ကို အနည်းငယ် ထုတ်ပြောလိုက်သည်။
ထိုစကားကို ကြားလျှင် ကျောက်မင်က အရင်ဆုံး ဝမ်းသာအားရ အော်ဟစ်လိုက်သည်။လုပေါင်နှင့် ပတ်သက်လာလျှင် သူမသည် အပြည့်အဝ ယုံကြည်ကိုးစားနေပြီ ဖြစ်သည်။ကျန်းရွှယ်ချီလည်း ထိုနည်းတူပင်ဖြစ်သည်။အမှန်တကယ်တော့ သူတို့မှာ ဦးနှောက်မရှိလို့ မဟုတ်ပေ။သုံးနှစ်တိုင်တိုင် မျှော်လင့်ချက်မဲ့နေခဲ့ရသည့် အခြေအနေတွင် လုပေါင် ပေါ်လာခြင်းမှာ သူတို့အတွက် နောက်ဆုံး ကယ်တင်ရှင်ဖြစ်သဖြင့် လုပေါင်ကို ယုံကြည်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိသောကြောင့် ဖြစ်သည်။
အမျိုးသမီးနှစ်ဦးကို နှစ်သိမ့်ပေးပြီးနောက် လုပေါင်၏ ရင်ခွင်ထဲမှ ချီလင်လေးမှာ နိုးလာခဲ့သည်။၎င်းသည် လုပေါင်ကို မျက်လုံးလေးများ ပြူးကြည့်နေသဖြင့် လုပေါင်မှာ သက်ပြင်းချလိုက်ရသည်။
“ပေါင်ပေါင်လေးရေ... မင်းကတော့ တစ်နေ့လုံး အိပ်ပြီး ဂူထဲရောက်မှ နိုးလာတာလား။မင်းကတော့ တကယ်ကို လူစွမ်းကောင်းပဲ။”
ချီလင်လေးသည် ခေါင်းခါလိုက်ပြီး လုပေါင်၏ စကားကို နားမလည်ဟန် ပြုသည်။ သို့သော် ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့က လုပေါင်၏ ရင်ခွင်ထဲမှ ချီလင်လေးကို မြင်သွားသောအခါ သူတို့၏ မိခင်မေတ္တာများမှာ လျှံထွက်လာတော့သည်။တက်ကြွလှသော ကျောက်မင်သည် ချီလင်လေးကို လုပေါင်၏ ရင်ခွင်ထဲမှ တိုက်ရိုက် ဆွဲယူလိုက်သည်။
လုပေါင်မှာ အနည်းငယ် လန့်သွားမိသည်။ဤအကောင်လေးသာ စိတ်မရှည်ဖြစ်သွားလျှင် အားလုံး ပြီးသွားလိမ့်မည်။သို့သော် ချီလင်လေးမှာ စိတ်မဆိုးသည့်အပြင် ကျောက်မင်ကို မြင်သောအခါ လျှာလေးထုတ်ပြီး ချစ်စရာကောင်းအောင် လုပ်ပြနေသဖြင့် အမျိုးသမီးနှစ်ဦးမှာ ပို၍ ချစ်မဝ ဖြစ်ကုန်ကြသည်။လုပေါင်မှာတော့ ကြောင်တောင်တောင် ဖြစ်သွားရသည်။
“ပေါင်ပေါင်လေးရေ... မင်းကတော့ ဒီလောက် မျက်ခုံးထူပြီး မျက်လုံးပြူးပြူးနဲ့ ဒီလောက်တောင် အရည်အချင်းရှိနေတာလား။ လှပတဲ့ အမျိုးသမီးတွေကို မြင်တာနဲ့ မျက်နှာလုပ်တတ်နေပြီပေါ့ လျှာထုတ်ပြီး ချစ်စရာကောင်းအောင် လုပ်ပြတာ မင်းက ကျွမ်းကျင်နေတာပဲ။”
လုပေါင်က ချီလင်လေး၏ အပြုအမူကို အကြီးအကျယ် ရှုတ်ချလိုက်သည်။ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့မှာ ချီလင်လေးနှင့် ကစားနေကြစဉ် သူတို့၏ ဗိုက်ထဲမှ ဆာလောင်သံများ ထွက်ပေါ်လာသည်။ ထိုအခါ ချီလင်လေးကလည်း လုပေါင်ကို ကြည့်ကာ သူ၏ဗိုက်ကို သူပြန်ပုတ်ပြပြီး သူလည်း ဆာနေကြောင်း အချက်ပြလိုက်သည်။
လုပေါင်မှာ ဒေါသထွက်လွန်းသဖြင့် ပါးစပ်ပင် ရွဲ့သွားသည်။
“ကောင်းတယ်ဗျာ... အခုတော့ မင်းကပါ ဝိုင်းပြီး အလုပ်ခိုင်းနေပြီပေါ့။ကောင်းပြီကောင်းပြီ ငါ မင်းတို့အတွက် စားစရာ သွားရှာပေးပါ့မယ်။”
ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့က ပါးစပ်လေးကို အုပ်ပြီး ရယ်မောကြရင်း ဉာဏ်ကောင်းသော ချီလင်လေးကို ပို၍ ချစ်သွားကြသည်။
လုပေါင်သည် ဂူအပြင်သို့ ထွက်ကာ နဂါးကြီးကို စီးပြီး ကျွန်း၏ ကမ်းခြေဘက်သို့ ဦးတည်လိုက်သည်။မနေ့က စားခဲ့သော ပင်လယ်စာ စားကို သူ အားမရသေးပေ။ကမ်းခြေသို့ ရောက်သောအခါ လုပေါင်သည် ပင်လယ်ရေထဲသို့ ခုန်ဆင်းလိုက်ပြီး သူ၏ ပင်လယ်နတ်ဘုရား ခန္ဓာကိုယ်ကို အသုံးပြုကာ လွတ်လွတ်လပ်လပ် ကူးခတ်လိုက်သည်။
မနေ့က ဖမ်းခဲ့သော ဧရာမ ပင်လယ်စာများကို ပြန်တွေးမိရင်း လုပေါင်က
“ဒီကျွန်းရဲ့ အရှိန်အဝါက ကျွန်းပေါ်က သတ္တဝါတွေတင်မကဘူး ပင်လယ်ထဲက သက်ရှိတွေကိုပါ သက်ရောက်မှု ရှိနေတာပဲ။ ကောင်းတယ်... ငါ ကောင်းကောင်းလေးတွေ ရှာစားရမယ်။”
သူသည် လက်မောင်းခန့်ရှိသော ကျောက်ပုစွန် များ၊ ရေပုံးခန့်ရှိသော ဘုရင်ဂဏန်းများနှင့် လက်သီးဆုပ်ခန့်ရှိသော အာဘလုံများကို စုဆောင်းလိုက်သည်။ထိုသို့ စုဆောင်းနေစဉ်မှာပင် လုပေါင်သည် အဝေးရှိ ပင်လယ်ရေအောက်တွင် အလင်းရောင် တစ်ခုကို တွေ့လိုက်ရသည်။
၎င်းမှာ လုပေါင်၏ စိတ်ဝင်စားမှုကို ချက်ချင်း ဆွဲဆောင်လိုက်သည်။
“ဒါက ဘာလဲ ပင်လယ်ထဲမှာ ဒီလောက်တောက်ပတဲ့ အလင်းမျိုး ရှိလို့လား။”
ထိုစဉ်မှာပင် စနစ် ထံမှ သတိပေးချက်တစ်ခု တက်လာသည်။CEO လုလင်းဟွာက Message ပို့ထားခြင်း ဖြစ်သည်။
“ရတနာနတ်ဘုရားရေ... Server တွေ ပြန်ပြင်ပြီးသွားပါပြီ။ အချိန်မရွေး Live လွှင့်လို့ ရပါတယ်။”
လုလင်းဟွာက ဆက်လက်၍
“ရတနာနတ်ဘုရား... ဒီနေ့ Live လေး တစ်ခါလောက် ထပ်လွှင့်ပေးလို့ ရမလား။ပရိတ်သက် တွေရဲ့ ဒေါသက မပြေသေးဘူး ဖြစ်နေလို့ပါ။”
လုပေါင်ကလည်း အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
“ရတာပေါ့။”
လုလင်းဟွာမှာ အမှန်ပင်ဝမ်းသာအားရ ဖြစ်သွားပြီး ချက်ချင်းပင် အကုန်လုံးကို အသင့်ပြင်ခိုင်းလိုက်သည်။လုပေါင်ကလည်း Live ကို ချက်ချင်း ဖွင့်လိုက်သည်။ အံ့ဩစရာကောင်းသည်မှာ Screen အမည်းကြီး ဖြစ်နေစဉ်မှာပင် Fan များစွာက စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
လုပေါင်က Chat box တွင် စာတစ်စောင် ရေးလိုက်သည်။
“ညီအစ်ကိုတို့ရေ... မှာစရာရှိတာတွေ အမြန်မှာထားကြတော့ အစားအသောက် Live စတင်တော့မယ်။”
Live ထဲတွင် Streamer ဟူသော ID ပေါ်လာသည်နှင့် စောင့်ဆိုင်းနေသော Fan များမှာ ပျော်ရွှင်သွားကြပြီး အချင်းချင်း ဝိုင်းခေါ်ကြတော့သည်။ခဏအတွင်းမှာပင် လုပေါင်၏ Live ထဲတွင် လူအများအပြား ပြန်လည် စည်ကားလာတော့သည်။