← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

အခန်းး ၁၅၅ - မင်းကို တရားမဝင် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ပြန်ရောင်းစားပစ်မယ်။

Live ထဲက Comment များကို ကြည့်ပြီးနောက်တွင်မှ လုပေါင် သည် သူ၏ အသံမှာ အဘယ်ကြောင့် ဤသို့ ပြောင်းလဲသွားရသနည်းဆိုသည်ကို သဘောပေါက်သွားတော့သည်။

“ဒီစနစ်စုတ်ကတော့ တကယ်ကို ပိုပိုပြီး ကပ်စေးနှဲလာတာပဲ။အခုတော့ ဆုလာဘ်တောင် ကောင်းကောင်းမပေးချင်တော့ဘူးလား။”

ဒီ လျှပ်စစ်အသံစွမ်းရည်ဆိုသည်မှာ ပင်လယ်နက်လျှပ်စစ်ငါးရှဉ့်၏ လျှပ်စစ်ရှော့ကြောင့် ဖြစ်လာရခြင်း မဟုတ်ပါလား။လျှပ်စစ်စီးကြောင်းများက သူ၏ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်ပြီး ကြံ့ခိုင်မှုကို မြှင့်တင်ပေးနေစဉ် လည်ချောင်းကို ဖြတ်သန်းသွားသောကြောင့် ရရှိလာသည့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ Hack တစ်ခုပင် ဖြစ်သည်။

သို့သော် လုပေါင်သည် သူ၏ လျှပ်စစ်အသံမှာ တကယ့်ကို သဘာဝအတိုင်းဖြစ်ပြီး နောက်ပိုင်းမှ ပြုပြင်ထားသော အသံများထက် ပို၍ နားဝင်ချိုကြောင်း တွေ့ရှိလိုက်ရသည်။

“အချိန်တန်လို့ ငါသာ ဒီအသံနဲ့သီချင်းတစ်ပုဒ်လောက် ဆိုလိုက်ရင် လူတွေအားလုံး မှင်သက်သွားမှာ အသေအချာပဲ။”

လုပေါင် ဖမ်းလာသော လျှပ်စစ်ငါးရှဉ့်ကြီးမှာမူ ကံမကောင်းရှာပေ။သူ၏ ခန္ဓာကိုယ်ထဲရှိ လျှပ်စစ်ဓာတ်အများစုမှာ လုပေါင်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။အားအင်ကုန်ခမ်းသွားသော ထိုငါးရှဉ့်ကြီးမှာ လုပေါင်၏ ကိုယ်ပေါ်တွင် နုံးချိစွာ ကပ်ပါလာပြီး လျှပ်စစ်များမှာလည်း တဖျတ်ဖျတ်နှင့်သာ ကျန်တော့သည်။သို့သော် လုပေါင်က ၎င်းကို အလွယ်တကူ လွှတ်ပေးရန် အစီအစဉ်မရှိပေ။

“မင်းကိုယ်ပေါ်က ဗို့အားမြင့် လျှပ်စစ်ဓာတ်တွေကို အသုံးမချရင် နှမြောစရာကြီး။ အတော်ပဲ... ငါ့ဖုန်းကလည်း အားကုန်ခါနီးဖြစ်နေတာ။”

လုပေါင်၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။ဒီကောင်က ဖုန်းအားသွင်းပေးနိုင်ရင် ဒါက အသက်ရှင်နေတဲ့ ဧရာမ Power Bank ကြီး မဟုတ်ပါလား။သူသည် ဖုန်းနှင့် အားသွင်းကြိုးကို ထုတ်လိုက်ပြီး ငါးရှဉ့်ကြီးကို ဒေါသတကြီး ကြည့်ကာ အမိန့်ပေးလိုက်သည်။

“ဒီကြိုးကို ပါးစပ်နဲ့ ကိုက်ထားစမ်း ငါ့ဖုန်းသာ လောင်သွားရင် မင်းကို တရားမဝင် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ပြန်ရောင်းစားပစ်မယ်။”

လျှပ်စစ်ငါးရှဉ့်ကြီးမှာ တရားမဝင်စက်ရုံဆိုသည်မှာ ဘာလဲမသိသော်လည်း ကောင်းသည့်နေရာ မဟုတ်မှန်း ရိပ်မိသဖြင့် ကြောက်ကြောက်လန့်လန့်နှင့်ပင် လျှပ်စစ်စီးကြောင်းကို ထိန်းညှိပြီး အားသွင်းကြိုးကို ငုံထားလိုက်ရသည်။

“ဒေါင်”

ဖုန်းအားသွင်းသည့် အသံထွက်ပေါ်လာသည်။တကယ်ပဲ အားသွင်းလို့ ရနေသည်။လုပေါင် ဝမ်းသာသွားသလို Live ထဲက လူများမှာလည်း ဆွံ့အကုန်ကြသည်။

“ဘုရားရေ... Streamer က အရင်းအမြစ် အသုံးချမှု ပါရမီရှင်ပဲ။”

“ဒီငါးရှဉ့်ကြီးတော့ အကစားခံရတော့မှာပဲ။ ဒီလိုတောင် သုံးလို့ရတာလား။”

လုပေါင်က ထိုမျှနှင့် အားမရသေးပေ။သူဖမ်းလာသော လတ်ဆတ်သည့် ပင်လယ်စာများကို ငါးရှဉ့်ကြီးရှေ့သို့ ချပေးလိုက်ပြန်သည်။

“မင်း ဘာလုပ်ရမလဲဆိုတာ သိတယ်မလား။”

ငါးရှဉ့်ကြီးမှာ အားမရှိသည့်ကြားမှ လျှပ်စစ်ဓာတ်ကို ထိန်းညှိပြီး ပင်လယ်စာများကို ပစ်ခတ်လိုက်ရာကျောက်ပုစွန်နှင့် ဂဏန်းကြီးများမှာ ခဏချင်းပင် ကျက်သွားတော့သည်။

“ညီအစ်ကိုတို့ရေ... ဒီကောင်ကို ဒီနေ့ကစပြီး ငါတို့ Live ရဲ့ လျှပ်စစ်နဲ့ စားဖိုမှူ အဖြစ် ခန့်အပ်လိုက်ပြီ။ ဘယ်သူ ကန့်ကွက်မလဲ။”

လုပေါင်၏ နှိပ်စက်မှုကို ကြောက်သဖြင့် ငါးရှဉ့်ကြီးမှာ လျှပ်စစ်ဓာတ်ကို ကျွမ်းကျင်စွာ ထိန်းညှိတတ်သွားပြီး ပင်လယ်စာများမှာ တူးခြင်း မကျက်ခြင်းမရှိဘဲ စားလို့ အကောင်းဆုံး အနေအထား ဖြစ်နေသည်။

ထို့နောက် လုပေါင်သည် ကမ်းခြေတွင် စောင့်နေသော ချပ်ဝတ်နဂါးကြီးဆီသို့ ဦးတည်လိုက်သည်။လျှပ်စစ်ငါးရှဉ့်၏ လျှပ်စစ်ဓာတ်နှင့် နဂါးသွေး ပေါင်းစပ်ပါက ခန္ဓာကိုယ် ကြံ့ခိုင်မှု ပို၍ ကောင်းလာမည်ကို သူ သိထားသည်။ ထို့ကြောင့် သူသည် နဂါးကြီးကို စတင် နှိပ်စက်တော့သည်။

“ထိုင်စမ်း”

“ထစမ်း”

“ထိုင်စမ်း”

ဆယ်ကြိမ်ခန့် ပြုလုပ်ပြီးနောက် နဂါးကြီးမှာ မျက်လုံးများ ပြာဝေလာပြီး လမ်းပင် မဖြောင့်ချင်တော့ပေ။ လုပေါင်က သိသိကြီးနှင့် မေးလိုက်သည်။

“နဂါးလေး... ဘာဖြစ်လို့လဲ ခေါင်းမူးနေတာလား။”

နဂါးကြီးက ခေါင်းကြီးကို အားယူကာ ငြိမ့်ပြလိုက်သည်။

“ဟာ... ဒုက္ခပဲ။ ငါ နည်းနည်းလေး စမ်းသပ်ကြည့်တာကို မင်းက ခေါင်းမူးသွားပြီလား။ ဒါက သွေးတိုးရောဂါ လက္ခဏာပဲ။စိတ်မပူနဲ့... ငါ့မှာ မျိုးရိုးစဉ်ဆက် သွေးဖောက်ကုထုံး ရှိတယ် ချက်ချင်း ပျောက်သွားစေရမယ်။”

ထိုသို့ပြောပြီးနောက် လုပေါင်သည် ဓားမြောင်ကို ထုတ်ကာ နဂါးကြီး၏ ကိုယ်ပေါ်တွင် ဒဏ်ရာအသေးလေးတစ်ခု ပေးလိုက်သည်။ ထွက်လာသော အပြာရောင် နဂါးသွေးများကို လုပေါင်က အငမ်းမရ သောက်သုံးလိုက်တော့သည်။Liveထဲက ပရိတ်သက် များမှာတော့ လုပေါင်၏ လိမ်လည်လှည့်ဖြားပုံကို ကြည့်ပြီး ဟားတိုက်ရယ်မောနေကြတော့သည်။

“ဘုရားရေ... ပေါင်ပေါင်မင်းက သွေးတိုးရောဂါအထိတောင် ဆွဲစိလိုက်တာလား ဒီလိုကြီး အတင်း ခိုင်းနေရင် နတ်ဘုရားတောင် ခေါင်းမူးသွားမှာပဲ။”

“နဂါးလေးရေ... မင်း ဘယ်လို သခင်ဆိုးနဲ့ တွေ့နေလဲဆိုတာ မင်း မသိသေးပါဘူး။”

“အခုတော့ ငါတို့မှာ ကုသပေးမယ့် ဆရာဝန် ပါ ရသွားပြီပေါ့။ဒါပေမဲ့ နဂါးကြီးရဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် ဒါက တိုက်လည်းတိုက်နိုင်၊သွေးလည်းပေးနိုင်တဲ့ Healer ကြီးပဲ မဟုတ်လား။”

အခန်း ၁၅၆ -တွင်းနက်ကြီးထဲကငါးပြတိုက်။

လုပေါင် ကတော့ ဘာကိုမှ ဂရုမစိုက်ပါ။ နဂါးသွေးကို အဝသောက်ပြီးပြီဟု ယူဆသောအခါမှ သူ လက်လွှတ်လိုက်တော့သည်။သူက ချပ်ဝတ်နဂါးကြီး၏ ခန္ဓာကိုယ်ကို ပုတ်ပေးလိုက်ရာ နဂါးကြီး၏ လျော့ရဲနေသော အရေပြားများမှာ ချက်ချင်း ပြန်လည် တင်းမာသွားပြီး ဒဏ်ရာကို ပိတ်ဆို့လိုက်သဖြင့် နဂါးသွေးများ ဆက်မထွက်တော့ပေ။

“ဘယ်လိုလဲ နဂါးလေး အခုတော့ ခေါင်းမမူးတော့ဘူးမလား။”

လုပေါင်က မျက်နှာမပျက် အသံမတုန်ဘဲ မေးလိုက်သည်။ဇာတ်ကွက်ကိုတော့ အဆုံးထိ ကပြရမည် မဟုတ်ပါလား။ချပ်ဝတ်နဂါးကြီးက ပျော်ရွှင်စွာ ခေါင်းငြိမ့်ပြသည်။အမှန်တကယ်လည်း သူ ခေါင်းမမူးတော့ပေ။ခဏတာ အောက်ဆီဂျင် ပြတ်လတ်သွားရုံမျှကို နဂါးကြီး၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့်ဆိုလျှင် ချက်ချင်း ပြန်ကောင်းသွားသည်မှာ မဆန်းပါ။

နဂါးသွေးများ ခန္ဓာကိုယ်ထဲ ရောက်သွားသည်နှင့် လုပေါင်သည် ပထမတစ်ကြိမ်ကကဲ့သို့ပင် နာကျင်မှုကို ခံစားရသော်လည်း ယခုအခါတွင်မူ သူ ကောင်းကောင်း အောင့်ခံနိုင်နေပြီ ဖြစ်သည်။ဗို့အားမြင့် လျှပ်စစ်စီးကြောင်းကို ခံယူပြီးခါစဖြစ်၍ ဤဒဏ်မှာ သူ့အတွက် ပြောပလောက်တော့ပေ။

ထို့နောက်တွင် လုပေါင်သည် သူ့ကိုယ်ပေါ်တွင် ရစ်ပတ်ထားဆဲဖြစ်သော လျှပ်စစ်ငါးရှဉ့်ကြီးကို ကြည့်ကာ စဉ်းစားခန်း ဝင်ရတော့သည်။ဤငါးရှဉ့်ကြီး၏ လျှပ်စစ်ဓာတ်မှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက် တကယ့်ကို အဖိုးတန်လှသည်။သို့သော် လောလောဆယ်တွင် ထိုငါးရှဉ့်ကြီးမှာ အားကုန်နေပြီ ဖြစ်သည်။

လုပေါင်သည် သူ၏ တွင်းနက် ထဲတွင် ဤငါးရှဉ့်ကြီးအတွက် ပင်လယ်တစ်ခု တူးပေးရန် ဆုံးဖြတ်လိုက်သည်။ငါးပြတိုက် လိုမျိုး အကန့်လေးတစ်ခု လုပ်ပြီး ပင်လယ်ရေတွေ ထည့်ကာ ဤငါးရှဉ့်ကြီးကို သူ့ဘေးတွင်ထားပြီး နေ့တိုင်း အားသွင်းခိုင်းမည်ဟု သူ ကြံစည်လိုက်သည်။

ကြံစည်ပြီးသည်နှင့် လုပေါင်သည် တွင်းနက်ထဲတွင် ကျန်ရှိနေသော မြွေဟောက်နက်နှင့် ကြွက်တပ်တို့ကို တွင်းတူးရန် အမိန့်ပေးလိုက်သည်။တွင်းတူးသည့်နေရာတွင် ဝါးကြွက် များမှာ ပညာရှင်များ ဖြစ်ကြသဖြင့် ဤအလုပ်မှာ သူတို့အတွက် အလွန်ပင် ကိုက်ညီလှသည်။

ဝါးကြွက်များနှင့် မြွေဟောက်နက်တို့ တွင်းတူးနေစဉ်တွင် လုပေါင်က Food Blogger တစ်ဦးအဖြစ် စတင် သရုပ်ဆောင်တော့သည်။

“မိသားစုဝင်တို့ရေ... သုံးလုပ်တည်းနဲ့ ကျောက်ပုစွန်ကြီးတစ်ကောင်ကို ကုန်အောင် စားပြမယ်နော်။တကယ်ကို မွှေးနေတာပဲ ဇီရာလေး နည်းနည်းဖြူးလိုက်ရင် အရသာက ရှယ်ပဲ။”

လုပေါင်က ဆီများ တရွှဲရွှဲနှင့် အားရပါးရ စားနေသည်ကို ကြည့်ပြီး Live ထဲကပရိတ်သက် များမှာ မကျေမနပ် ဖြစ်ကုန်ကြသည်။

“တောက်... ငါ့လက်ထဲက ပါဆယ်ထုပ်က ဘာလို့ ရုတ်တရက် အရသာ မရှိတော့တာလဲ။”

“ရတနာနတ်ဘုရားကတော့ သူ့ ပရိတ်သက် တွေကို နှိပ်စက်နေတာပဲ။အဲ့ဒီ ကျောက်ပုစွန်ကြီးကို ကြည့်ပြီး ဘယ်သူက မစားချင်ဘဲ နေမှာလဲ။”

လုပေါင် အဝစားပြီးသောအခါ တွင်းနက်ထဲက ကြွက်တပ်ကလည်း အလုပ်ကို ပြောင်မြောက်စွာ အဆုံးသတ်လိုက်ပြီ ဖြစ်သည်။ တစ်ကီလိုမီတာခန့် ကျယ်ပြီး မီတာများစွာ နက်သော ကျင်းကြီးတစ်ခုကို တူးပြီးသွားပြီ ဖြစ်သည်။လုပေါင်သည် Live ကင်မရာကို ကျောပေးကာ ပင်လယ်ရေ အမြောက်အမြားကို တွင်းနက်ထဲသို့ စုပ်ယူပြီး ငါးရှဉ့်ကြီးကို ထည့်ပေးလိုက်သည်။

“နောက်ဆို မင်းနာမည်က လျှပ်စစ်လေးပဲ။ ဒီမှာပဲ အေးအေးဆေးဆေး နေပါ။မင်းကို အကောင်းဆုံးတွေ ကျွေးထားမယ်လို့ ငါ အာမခံတယ်။”

သူ စုပ်ယူလိုက်သော ပင်လယ်ရေထဲတွင်လည်း ပင်လယ်သက်ရှိများစွာ ပါဝင်သဖြင့် ငါးရှဉ့်ကြီး ငတ်ပြတ်မည်ကို စိုးရိမ်စရာ မလိုပေ။

အလုပ်များ ပြီးစီးသွားသောအခါ လုပေါင်သည် ကျန်ရှိသော ပင်လယ်စာများကို ယူဆောင်ကာ နဂါးကြီးကို စီး၍ ဂူဆီသို့ ပြန်လာခဲ့သည်။သူသည် နဂါးကြီးကို ဆက်လက် လှည့်ဖြားနေဆဲပင်။

“နဂါးလေး... မင်းရဲ့ ဒီသွေးတိုးရောဂါက ငါ့ရဲ့ သွေးဖောက်ကုထုံးနဲ့မှ ရမှာ။ မျိုးရိုးစဉ်ဆက် တရုတ်ဆေးဆရာကြီးရဲ့ ဂုဏ်သတင်းက အာမခံချက်ရှိတယ်။ အခု ကြည့်စမ်း... မင်း လမ်းလျှောက်တာ ဘယ်လောက် ဖြောင့်နေပြီလဲ ဒါကို ဘယ်လိုခေါ်လဲ သိလား။”

“ဒါကို ခေါ်တာက... ခြေနှစ်ချောင်းက မြေကြီးနဲ့ ကွာသွားတာနဲ့ ဗိုင်းရပ်စ်တွေက ရပ်တန့်သွားပြီး ဉာဏ်ရည်ဉာဏ်သွေးက ထိပ်ဆုံးကို ပြန်ရောက်သွားတာပဲ။”

လုပေါင်၏ ကာရန်မိမိ လှည့်ဖြားစကားများကြောင့် Live ထဲတွင် ရယ်မောသံများ ဆူညံသွားတော့သည်။

“Streamer ရေ... မင်း နဂါးကြီးကို လှည့်ဖြားနေတဲ့ ပုံစံကတော့ တကယ်ကို လက်ထိပ်ခတ်ခံရဖို့ ကောင်းနေပြီနော်။”

လုပေါင် ဂူဝသို့ ရောက်သောအခါ ပင်လယ်စာနံ့ကြောင့် ချီလင်လေးမှာ အမျိုးသမီးနှစ်ဦး၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ ဂူဝတွင် မျှော်လင့်တကြီး စောင့်နေသည်။လုပေါင်က လျှပ်စစ်ဖြင့် ကျက်ထားသော ပင်လယ်စာများကို ထုတ်ပေးလိုက်ရာ ချီလင်လေးသည် ဘုရင်ဂဏန်းကြီးကို အခွံပါမကျန် ဝါးစားပစ်တော့သည်။၎င်း၏ သွားများမှာ အလွန်ပင် ကြောက်စရာကောင်းအောင်ထက်လှသည်။

ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့သည်လည်း ဂူထဲမှ ထွက်လာကြပြီး လုပေါင် ယူလာသော ပင်လယ်စာများကို မြင်သောအခါ အားနာသလိုလိုနှင့်ပင် တံတွေးမြိုချမိကြသည်။သုံးနှစ်တိုင်တိုင် ငတ်တစ်လှည့် ပြတ်တစ်လှည့် နေလာခဲ့ရသော သူတို့အတွက် ဤပင်လယ်စာများမှာ နတ်သုဒ္ဓါကဲ့သို့ပင်။

လုပေါင်က ဂဏန်းကြီး နှစ်ကောင်ကို ကမ်းပေးလိုက်ရာ အမျိုးသမီးနှစ်ဦးမှာ ကျေးဇူးတင်စကားပြောပြီး အားရပါးရ စားကြတော့သည်။လုပေါင်ကတော့ အံ့ဩလျက်

“လှပတဲ့ အမျိုးသမီးတွေလည်း ဆာလာတဲ့အခါ ငါတို့လို ယောက်ျားကြမ်းကြီးတွေနဲ့ မခြားပါလား။”

Live ထဲက ပရိတ်သက် များကတော့ ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့၏ လှပသော ရုပ်ရည်များကို မြင်ပြီး မနာလိုဖြစ်ကုန်ကြသည်။

“ရတနာနတ်ဘုရားကတော့ မိန်းမလှလေးတွေနဲ့ မိုက်နေတာပဲ ငါတော့ မနာလိုလိုက်တာ။”

“ဘယ်ဘက်က တစ်ယောက်က တနင်္လာ ဗုဒ္ဓဟူး၊ သောကြာ၊ ညာဘက်က တစ်ယောက်က အင်္ဂါ၊ ကြာသပတေး၊ စနေ... တနင်္ဂနွေကျမှ အားလုံးစုပြီး ရတနာနတ်ဘုရားရဲ့ Live ကို အတူတူ ကြည့်ကြတာပေါ့။”

“အပေါ်က တစ်ယောက်ကတော့ အိပ်မက်တွေ ယောင်နေပြီ တစ်ယောက်ယောက် သွားနှိုးပေးကြပါဦး။”

All Chapters