အခန်း (၁၅၉-၁၆၀)
Vol. 16 Ch. 159-160
အခန်း ၁၅၉ - မင်းက မင်းသားလေးလိုနေတာကြောင့် မဟုတ်ဘူးလား။
လုပေါင် ရှင်းပြရန် အခွင့်မသာမီမှာပင် အပြင်ဘက်မှ ဆူညံသံများနှင့်အတူ မျောက်ဝံဟိန်းသံများ နားထဲသို့ တရစပ် ဝင်လာတော့သည်။မကြာမီမှာပင် လက်နက်မျိုးစုံကိုင်ဆောင်ထားသော မျောက်ဝံနက် အမြောက်အမြား ဂူအပြင်ဘက်တွင် စုရုံးလာကြသည်။
သတ္တဝါအရိုးများဖြင့် ပြုလုပ်ထားသော ပုဆိန်များ လှံများသာမက သစ်သားတုတ်များကို ကိုင်ဆောင်ထားကြသည်။ဂူအတွင်းပိုင်းတွင် ကျယ်လောင်စွာ ငိုကြွေးနေသော မျောက်မကြီးနှင့် သတင်းကြား၍ ရောက်လာသော မျောက်ထီးများကို ကြည့်ရင်း လုပေါင်သည် သူ့ဘေးက မျောက်ဝံကြီးကို သနားမိသွားသည်။
“မျောက်လေးရာ... မင်း တကယ် ပင်ပန်းရှာမှာပဲ။”
လုပေါင် ဘယ်လိုကြည့်ကြည့် ဤမျောက်ဝံကြီး၏ ခေါင်းပေါ်က အမွေးနက်နက်တွေမှာ အစိမ်းရောင်သန်းနေသလို ခံစားနေရသည်။ သို့သော် မကြာမီမှာပင် မျောက်ဝံကြီးက အပြင်သို့ ထွက်သွားပြီး အပြင်က မျောက်များကို တစ်စုံတစ်ခု ရှင်းပြလိုက်ပုံရသည်။
လုပေါင် အပြင်သို့ ထွက်လာသောအခါ မျောက်ဝံများမှာ သူတို့၏ ရန်လိုမှုကို လျှော့ချလိုက်ကြပြီး လုပေါင်၏ “သားရဲရင်းနှီးမှု +၁၀၀” စွမ်းရည်ကြောင့်လည်း သူတို့မှာ လုပေါင်ကို ခင်မင်သွားကြသည်။
“လူသားနဲ့ အနီးစပ်ဆုံး မျိုးစိတ်ဆိုတော့ လက်နက်ကိရိယာတွေတောင် သုံးတတ်နေပြီပဲ။သူတို့မှာ ထုတ်လုပ်နိုင်စွမ်း အထိုက်အလျောက် ရှိနေပြီ။”
ထိုသို့တွေးရင်း လုပေါင်၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။ဘာပဲဖြစ်ဖြစ် ထိုမျောက်ဝံကြီး၏ ဂူထဲမှာတော့ သူ ဆက်မအိပ်ရဲတော့ပေ။တစ်ညလုံး ကျွန်းပေါ်မှာ နှစ်လကြာ နေရမည်ဖြစ်ရာ ဗီလာ တစ်လုံးလောက် မဆောက်ပါက မိမိကိုယ်ကို နှိပ်စက်ရာ ရောက်ပေလိမ့်မည်။
ထိုစဉ်မှာပင် လုပေါင်က Live ထဲသို့ ပြောလိုက်သည်။
“ညီအစ်ကိုတို့ရေ... ဗိသုကာပညာရှင်တွေ ပါလား ဗီလာ ဒီဇိုင်းဆွဲပေးမယ့်သူကို ဆုလာဘ်ပေးမယ်။ဒါပေမဲ့ သိပ်မခက်ခဲစေနဲ့နော်သစ်သားနဲ့ ဆောက်လို့ရမယ့် ပုံစံပဲ ဖြစ်ရမယ်။”
ပရိတ်သက် များကတော့ သံသယဖြစ်ကုန်ကြသည်။
“ဗီလာ ဒီဇိုင်း ပေါင်ပေါင်ရာ... မင်း ဒီကျွန်းပျက်ကြီးပေါ်မှာ တကယ် ဗီလာဆောက်မလို့လား။”
“ဒါက ကျွန်းပေါ်မှာ အသက်ရှင်သန်ခြင်း မဟုတ်ဘူးလား အခုတော့ ဗီလာဆောက်မယ်ဆိုတော့ မင်းက အားလပ်ရက် အပန်းဖြေလာတာလား။”
“ဆုလာဘ်က ရွှေဖားကြီးရဲ့ အညစ်အကြေးလား ဒါဆိုရင်တော့ ငါ တစ်ညလုံး ထိုင်ဆွဲပေးမယ်။”
“ဒီဇိုင်းရှိရင်တောင် တစ်ယောက်တည်း ဘယ်လိုဆောက်မှာလဲ။”
ပရိတ်သက် များ သံသယဖြစ်နေစဉ်မှာပင် လုပေါင်က စုဝေးနေသော မျောက်ဝံများကို ကြည့်ကာ ပြုံးစိစိဖြင့် ပြောလိုက်သည်။
“ဒီလောက် ထွားကျိုင်းတဲ့ ခန္ဓာကိုယ်တွေကို အလုပ်ကြမ်း မခိုင်းရင် နှမြောစရာကြီး။”
လုပေါင်က ထိုသို့ပြောလိုက်သောအခါ မျောက်ဝံကြီးက သူ၏ ရင်ဘတ်ကို အားရပါးရ ပုတ်ပြကာ သူ၏ ခွန်အားကို ပြသလိုက်သည်။လုပေါင်၏ အကျင့်မကောင်းမှုကို သိထားကြသော ပရိတ်သက် များမှာလည်း လုပေါင် ဘာလုပ်တော့မည်ကို ရိပ်မိသွားကြသည်။
“မျောက်လေးရေ... မင်းတော့ အကျင့်အယုတ်ဆုံး Streamer ရဲ့ ပစ်မှတ်ဖြစ်သွားပြီ၊ အဲ့ဒါကို အရူးလို ပြုံးပြနေသေးတယ်။”
“မျောက်ဝံတွေကို ဗီလာဆောက်ခိုင်းမလို့လား စိတ်ဝင်စားဖို့ ကောင်းလာပြီ။”
Ocean Live Stream ရဲ့ တာဝန်ခံ လုလင်းဟွာ သည်လည်း ဤမြင်ကွင်းကို ကြည့်ပြီး မှင်သက်သွားရသည်။လုပေါင်သာ ဤမျောက်ဝံများကို အသုံးချပြီး ဗီလာဆောက်နိုင်ပါက ဒါက Trending အကြီးကြီး ဖြစ်လာမည်မှာ သေချာသည်။ သူက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
“မြန်မြန်... ဗိသုကာ ကုမ္ပဏီတစ်ခုကို ဆက်သွယ်လိုက်။သစ်သားဗီလာ ဒီဇိုင်းတစ်ခုကို တစ်ညတွင်းချင်း ဆွဲခိုင်းပြီး ပေါင်ပေါင်ဆီ ချက်ချင်း ပို့ပေးလိုက်။”
ကျွန်းပေါ်တွင်မူ... လုပေါင်က မျောက်ဝံကြီးကို စတင် ဂျင်းထည့် တော့သည်။
“မင်းမိန်းမက ဘာလို့ မင်းနဲ့ အတူမနေချင်တာလဲ သိလား။”
မျောက်ဝံကြီးက နားမလည်သလို ခေါင်းခါပြသည်။
“မင်းလို မင်းသားလေးလိုနေတာ ကြောင့် မဟုတ်ဘူးလား။”
လုပေါင်ကစိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။
“ယောက်ျားတစ်ယောက်ဆိုတာ ဆွဲဆောင်မှုရှိဖို့အတွက် အရင်ဆုံး အလုပ်အကိုင် ရှိရမယ်။ ကိုယ့်လက်နဲ့ကိုယ် အရာအားလုံးကို ရှာဖွေရမယ်။အဲ့ဒီအခါကျမှ မင်းမိန်းမက မင်းနောက်ကို စိတ်ပါလက်ပါ လိုက်မှာ နားလည်လား။”
ကျန်သော မျောက်ဝံများကိုလည်း သူက ဆက်လက် ဟောပြောတော့သည်။
“မင်းတို့လည်း အတူတူပဲ။တခြားသူရဲ့ မိန်းမအကြောင်းပဲ တစ်နေ့လုံး မတွေးနေနဲ့။ကိုယ့်ဘာသာ အလုပ်ကြိုးစားကြ။အဲ့ဒီအခါ မိန်းမတွေက သူ့အလိုလို ရောက်လာလိမ့်မယ်။ငါ့ကံကြမ္မာဟာ ငါ့လက်ထဲမှာပဲ ရှိတယ် ကောင်းကင်ပေါ်မှာ မဟုတ်ဘူး ဆိုတာ နားလည်လား။နားလည်ရင် လက်ခုပ်တီးကြ။”
လုပေါင်၏ လှည့်ဖြားစကားများအဆုံးတွင် မျောက်ဝံကြီးက ခေါင်းကို အပြင်းအထန် ငြိမ့်ပြကာ ရင်ဘတ်ကို လက်သီးဖြင့် ထုလိုက်သည်။ကျန်သော မျောက်ဝံများကလည်း ထိုနည်းတူ လိုက်လုပ်ကြသည်။၎င်းမှာ သူတို့အတွက် လက်ခုပ်တီးခြင်းပင် ဖြစ်သည်။
Live ထဲက ပရိတ်သက် များမှာတော့ဟားတိုက်ရယ်နေကြသည်။
“ဘုရားရေ... ပေါင်ပေါင်ရာ မင်းက Network Marketing ဆရာကြီးတွေရဲ့ အကွက်တွေကို အကုန် သုံးနေတာပဲ။”
“ရိုးသားတဲ့ မျောက်ဝံတွေကိုဂျင်းထည့်နေတာလားာမင်းရဲ့ ကိုယ်ကျင့်တရားကတော့ တကယ်ကို ဆိုးလွန်းတယ်။”
လုပေါင်ကတော့ ဂရုမစိုက်ဘဲ ဆက်ပြောသည်။
“မင်းတို့ အလုပ်ကြိုးစားချင်သလား။”
“ဝူးး ဝူးး”
“မင်းတို့ မိန်းမ လိုချင်သလား။”
“ဝေါင်း ဝေါင်း”
“အတော်ပဲ... ငါ့မှာ အလုပ်တစ်ခု ရှိတယ်။ မနက်ဖြန် အားလုံး ငါ့နောက်လိုက်ခဲ့။မင်းတို့အတွက် အကျိုးကျေးဇူးတွေ အများကြီး ရစေရမယ်။အဲ့ဒီအချိန်ကျရင် အားလုံး မိန်းမရလိမ့်မယ်။”
မျောက်ဝံများမှာ လှည့်ဖြားရ အရမ်းလွယ်ကူသဖြင့် လုပေါင်ပင် အနည်းငယ် အားနာသွားရသည်။အကယ်၍ ဗီလာဆောက်ပြီးလို့ မိန်းမ မရရင်တော့ ဒီကောင်တွေ သူ့ကို ပြဿနာ လာရှာကြမလား။ထားလိုက်ပါတော့... အရင်ဆုံး ဗီလာဆောက်ဖို့ သူတို့ကို အသုံးချလိုက်ဦးမည်။
ဟောပြောပွဲ ပြီးသောအခါ လုပေါင် သမ်းလိုက်ပြီး အိပ်စက်ရန် နေရာအသစ် ရှာခိုင်းလိုက်သည်။မျောက်ဝံကြီးက သူ့ကို အခြားဂူတစ်ခုသို့ ခေါ်သွားပေးပြီး မြက်ခြောက်များဖြင့် သက်သောင့်သက်သာ ခင်းပေးသည်။လုပေါင်သည် မျောက်မကြီး လာနှောက်ယှက်မည်ကို စိုးရိမ်သဖြင့် မျောက်ဝံအချို့ကို ဂူဝတွင် စောင့်ခိုင်းထားပြီးနောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
အခန်း ၁၆၀ - သင်ပေးဝံ့သူနှင့် သင်ယူဝံ့သူများ။
“ဟားဟားဟား... ရတနာနတ်ဘုရားတော့ အကြောက်လွန်နေပြီ အိပ်တာတောင် အစောင့်ထားရတယ်တဲ့။မျောက်မကြီး ဘယ်လိုခံစားရမလဲဆိုတာ မင်းစဉ်းစားဖူးလား။”
“သူက မင်းကို သူ့ဘဝတစ်ခုလုံး ပုံပေးချင်နေတာကို မင်းကတော့ အိပ်နေချိန်မှာတောင် သူ့ကိုကြောက်နေသေးတယ်။”
မျောက်မကြီး:ငါ့ရဲ့ စစ်မှန်တဲ့ အချစ်တွေကတော့ နောက်ဆုံးမှာ အလွဲသုံးစားလုပ်ခံလိုက်ရပြီ။
“သွားအိပ်တော့မယ် မနက်ဖြန် ပေါင်ပေါင် ဘာတွေ ဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ဖို့ အားမွေးရမယ်။”
နောက်တစ်နေ့ မနက်စောစောတွင် လုပေါင် တစ်ယောက် လန်းဆန်းစွာ နိုးထလာသော်လည်း သူ့ရှေ့က အရုပ်ဆိုးလှသော မျက်နှာကြီးများကြောင့် လန့်ဖျပ်သွားရသည်။မျောက်ဝံနက်ကြီး အတော်များများမှာ မျက်လုံးအပြူးသားနှင့် သူ့ဘေးတွင် အစောင့်ရပ်နေကြခြင်းပင်။
“မင်းတို့တွေ မနက်စောစော မအိပ်ကြဘူးလား ငါ့ကို လန့်သေအောင် လုပ်နေတာလား။”
လုပေါင် တတွတ်တွတ် ရေရွတ်လိုက်ရာ ခေါင်းဆောင်မျောက်ဝံကြီးက သူ့ကို နှစ်ချက်ခန့် ဟောင်လိုက်သည်။စနစ်၏ ဘာသာပြန်ချက်အရ ထိုကောင်လေးက ဆိုလိုသည်မှာ
“အလုပ်ကြိုးစားရမယ်။ ရုန်းကန်ရမယ်။ မိန်းမ လိုချင်တယ်။”
လုပေါင် အနေရခက်သော မျက်နှာပေးဖြင့် ချောင်းနှစ်ချက်ဟန့်ကာ ပြောလိုက်သည်။
“ကောင်းပြီ... မင်းတို့ရဲ့ စိတ်အားထက်သန်မှုကတော့ တကယ်ကို အားရစရာပဲ။”
လုပေါင်သည် ကင်မရာကို နှုတ်ဆက်ပြီးနောက် မနက်စာ အရင်စားရန် ပြင်ဆင်တော့သည်။သူသည် မျောက်ဝံများကို ထိုနေရာတွင် စောင့်ခိုင်းထားခဲ့ပြီး ကျောက်မင်နှင့် ကျန်းရွှယ်ချီတို့ရှိရာ ဂူသို့ ပြန်လာခဲ့သည်။ချီလင်လေး မှာ နှာသီးဝတွင် ပူပေါင်းလေးထွက်သည်အထိ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပင်။
လုပေါင်သည် ချပ်ဝတ်နဂါးကြီးကို စီးကာ ကမ်းခြေသို့ သွားလိုက်သည်။မနက်စောစော ပင်လယ်စာစွပ်ပြုတ် ပူပူလေးတစ်အိုးဆိုသည်မှာ နတ်သုဒ္ဓါပင် မကပေ။သူသည် ရေထဲသို့ ငုပ်ဆင်းကာ ကမာကောင်များနှင့် အာဘလုံများကို ဆယ်ယူခဲ့သည်။ဂူသို့ပြန်ရောက်၍ ချက်ပြုတ်လိုက်ရာ ဟင်းနံ့ကြောင့် ချီလင်လေး နိုးလာတော့သည်။ဤကောင်လေးမှာ ထမင်းစားချိန်ရောက်မှ နိုးတတ်သည့် အလေ့အကျင့်ရှိကြောင်း လုပေါင် သိသွားပြီဖြစ်သည်။
မနက်စာ စားသောက်ပြီးနောက် အမျိုးသမီးနှစ်ဦးကို နှုတ်ဆက်ကာ ချီလင်လေးကို ချီ၍ လုပေါင် ထွက်လာခဲ့သည်။ဒီနေ့ လုပ်စရာတွေ အများကြီး ရှိသည် မဟုတ်ပါလား။
လမ်းခုလတ်တွင် လုပေါင်သည် မနေ့ညက သူ တောင်းဆိုထားသော ဗီလာဒီဇိုင်းများကို စစ်ဆေးကြည့်လိုက်သည်။ပရိတ်သက် အများစု ပို့ထားသော ပုံများမှာ လှောင်ပြောင်သည့်အနေနှင့် ကလေးကလား ဆွဲထားခြင်းများသာ ဖြစ်သည်။သို့သော် CEO လုလင်းဟွာ ပို့ထားသော ဒီဇိုင်းကို မြင်သောအခါမှ လုပေါင် ကျေနပ်သွားတော့သည်။
“အိုလု ရဲ့ ထောက်ပံ့ရေးအလုပ်ကတော့ မဆိုးဘူးပဲ။”
လုလင်းဟွာ ပို့ပေးသော ဒီဇိုင်းမှာ ပညာရှင်ဆန်ပြီး သစ်သားသန့်သန့်ဖြင့် ဆောက်လုပ်နိုင်မည့် ပုံစံမျိုးဖြစ်သည်။အဓိကမှာ သာမန်လက်လုပ်ကိရိယာများဖြင့်ပင် ဆောက်လုပ်နိုင်ခြင်း ဖြစ်သည်။၎င်းက လုပေါင်၏ စိုးရိမ်မှုကို ကောင်းကောင်း ဖြေရှင်းပေးနိုင်ခဲ့သည်။ဤမျောက်ဝံများမှာ ခွန်အားကြီးသော်လည်း နည်းပညာပိုင်းဆိုင်ရာ ခိုင်းလျှင်တော့ အောင်မြင်မည် မဟုတ်ပေ။
လုပေါင်သည် ချပ်ဝတ်နဂါးကြီးကို စီးကာ ဟိန်းဟောက်လိုက်ရာ တောအုပ်ထဲမှ မျောက်ဝံများ၏ တုံ့ပြန်သံများ ထွက်ပေါ်လာသည်။အရိုးတူများနှင့် အရိုးပုဆိန်များကို ကိုင်ဆောင်ထားသော မျောက်ဝံနက်ကြီးများမှာ လုပေါင်၏ နောက်သို့ တစ်ကောင်ပြီးတစ်ကောင် စုရုံးရောက်ရှိလာကြသည်။ သူတို့၏ မျက်နှာများမှာ ငါတို့ တိုးတက်ချင်ပြီ ဟု အော်ဟစ်နေသည့်အလားပင်။
“အားလုံး... ငါ့နောက်လိုက်ခဲ့။”
လုပေါင်က မျောက်ဝံများကို ဦးဆောင်ကာ ထွက်လာခဲ့သည်။သူသည် ဗီလာဆောက်ရန်အတွက် ပင်လယ်အလှကို ခံစားနိုင်မည့် ကမ်းပါးယံတစ်ခုရှိ နေရာကောင်းကို ရွေးချယ်ထားပြီးသား ဖြစ်သည်။
နေရာသို့ ရောက်သောအခါ လုပေါင်သည် ဖုန်းထဲမှ ဒီဇိုင်းပုံစံကို ထုတ်ပြကာ အတည်ပေါက် ရှင်းပြတော့သည်။
“အရင်ဆုံး ဒါကိုလုပ် ပြီးရင် ဟိုဟာကိုလုပ်။ နားလည်လား။”
မျောက်ဝံကြီးများက ဝိုင်းအုံကြည့်ကာ နားလည်သလိုလိုနှင့် ခေါင်းတငြိမ့်ငြိမ့် လုပ်နေကြသည်။
“ဘုရားရေ... သင်ပေးဝံ့သူရှိသလို သင်ယူဝံ့သူတွေလည်း ရှိတာပဲ ဟားဟားဟား။”
“မင်းတို့တွေ တကယ်ပဲ နားလည်လို့ ခေါင်းငြိမ့်နေတာလား။”
“ အရင်ဆုံး ဒါလုပ် ပြီးရင် ဟိုဟာလုပ် တဲ့... ရတနာနတ်ဘုရားရဲ့ စကားကို နားထောင်ရတာ ဘာမှအဓိပ္ပာယ်မရှိဘူး။”
အမှန်တကယ်တော့ လုပေါင်လည်း သိပ်မသေချာပေ။ဤမျောက်ဝံများဖြင့် အိမ်တစ်လုံး ဆောက်နိုင်ပါ့မလား။သို့သော် မျောက်ဝံများမှာ စိတ်အားထက်သန်လွန်းလှသည်။လုပေါင် အမိန့်ပင် မပေးရသေးဘဲ သူတို့သည် အနီးရှိ တောအုပ်ထဲသို့ သွားကာ သစ်ပင်များကို စတင် ခုတ်လှဲတော့သည်။ မျောက်ဝံများ၏ ခွန်အားမှာ လုပေါင် ထင်ထားသည်ထက် ပိုကြီးမားလှသည်။ ပန်းကန်လုံးအရွယ် သစ်ပင်များကို လက်တစ်ဖက်တည်းဖြင့် နုတ်ယူနိုင်သလို ပေါင် ၁၀၀ ကျော် အလေးချိန်ကိုလည်း ပေါ့ပေါ့ပါးပါး သယ်ဆောင်နိုင်ကြသည်။
ထို့ပြင် အခြေခံအုတ်မြစ်အတွက် ကျောက်တုံးများကိုလည်း သူတို့၏ အရိုးတုတ်ကြီးများဖြင့် ထုရိုက်ကာ ကျောက်ထုတ်နေကြသည်။သူတို့၏ အလုပ်လုပ်နှုန်းမှာ အပြင်က ဆောက်လုပ်ရေးအဖွဲ့များကိုပင် ရှက်သွားစေလိမ့်မည်။
မျောက်ဝံများ အလုပ်လုပ်နေသည်ကို ကြည့်ကာ လုပေါင် စိတ်အေးသွားရသည်။ သူသည် သူတို့ကို အလုပ်ဆက်လုပ်ခိုင်းထားခဲ့ပြီး ချပ်ဝတ်နဂါးကြီးကို စီးကာ ထိုနေရာမှ ထွက်လာခဲ့သည်။ သူ၏ အဓိက ပစ်မှတ်ဖြစ်သော ရွှေဖားကြီး ကို သူ မရသေးပေ။
လုပေါင်သည် မနက်က ဖမ်းထားသော ပင်လယ်စာအချို့ကို ယူဆောင်လာခဲ့ပြီး ရွှေဖားကြီးနှင့် ရင်းနှီးအောင် ကြိုးစားရန် ထိုမြေနိမ့်ပိုင်းဒေသသို့ ရောက်ရှိလာခဲ့သည်။ သို့သော် ရွှေဖားကြီးကို မတွေ့ရပေ။ ပတ်ပတ်လည် ရှာဖွေကြည့်သောအခါမှ ထိုကောင်ကြီးသည် ပန်းပင်များနှင့် မြက်ပင်များကြားတွင် တမင်တကာ ပုန်းအောင်းနေသည်ကို တွေ့လိုက်ရတော့သည်။