← Chapters

အခန်း (၉၅၉-၉၆၀)

Vol. 96 Ch. 959-960

အခန်း (၉၅၉-၉၆၀)

Vol. 96 Ch. 959-960

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၅၉ + ၉၆၀)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

မြေအောက်ကမ္ဘာဘုရင်မက ပိုမိုအားကောင်းသော စိတ်စွမ်းအင်များကို ထုတ်လွှတ်ကာ တုပိုင်ကို နေရာတွင်ပင် အသေရပ်တန့်သွားစေပြီး သူ၏ လည်ပင်းကို လှမ်း၍ ဆုပ်ကိုင်လိုက်၏။

ယခုတစ်ကြိမ် အဖမ်းခံလိုက်ရသူမှာ ကိုယ်ပွားမဟုတ်ဘဲ တုပိုင်၏ မူလခန္ဓာကိုယ်အစစ်ပင် ဖြစ်သည်။

“ဟင်း…” မြေအောက်ကမ္ဘာဘုရင်မက လှောင်ပြောင်လိုက်သည်။ “အရှင်တုပိုင်… မင်းက တော်တော် ကောက်ကျစ်တာပဲ။”

တုပိုင်က အပြုံးဖြင့် တုံ့ပြန်၏။ “သာမန်ပါပဲ။”

မြေအောက်ကမ္ဘာဘုရင်မက ဆက်ပြောလာသည်။ “ဒါပေမဲ့ ကံဆိုးတာက မင်းရဲ့ သိုင်းပညာအဆင့်က ငါ့ထက် အများကြီး နိမ့်ကျနေသေးတယ်။ မင်းရဲ့ ဉာဏ်ရည်ဘယ်လောက်ပဲ ကောင်းနေပါစေ အလကားပဲ။ မင်း ငါ့ကို သတ်နိုင်တဲ့ စွမ်းရည် လုံးဝ မရှိဘူး။”

ထို့နောက် မြေအောက်ကမ္ဘာဘုရင်မက တုပိုင်၏ လည်ပင်းကို ဆုပ်ကိုင်ထားသော လက်မှ အင်အားကို ပိုမိုတိုးမြှင့်လိုက်တော့၏။ ကျင်းသိန်းချီမှ ကျင်းသန်းချီအထိအားသုံးလိုက်သည်။

တုပိုင်သည် လူတစ်ယောက် ခန္ဓာကိုယ်၌ အားအနည်းဆုံးအပိုင်းဖြစ်သော လည်ပင်းမှာ ပြင်းထန်စွာ ဖိညှစ်ခံထားရ၏။ သို့သော် သူ အသက်ရှူကြပ်ပြီး သေဆုံးသွားမည်တော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ သိုင်းပညာအဆင့်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု အနေအထားအရ အချိန်ကြာမြင့်စွာ လေမရှူရလျှင်တောင် ပြဿနာမရှိသောကြောင့် ဖြစ်၏။ ထို့အပြင် ရှေးဟောင်းနဂါးဘုရင်၏ ဝိညာဉ်စွမ်းအင်များက သူ၏ ဦးနှောက်အတွက် လုံလောက်သော စွမ်းအင်များကို ထောက်ပံ့ပေးထားနိုင်သေး၏။

သို့သော် တုပိုင်၏ လည်ပင်းပေါ် သက်ရောက်နေသော အင်အားက သူ၏ ခံနိုင်ရည်ကန့်သတ်ချက်ထက် ကျော်လွန်သွားပါက ဆိုးရွားသော ရလဒ်တစ်ခုတော့ ထွက်ပေါ်လာမည် ဖြစ်သည်။ ထိုအရာမှာ တစ်ကိုယ်လုံး ရုတ်တရက် ပေါက်ကွဲထွက်သွားခြင်းပင် ဖြစ်၏။

ထိုသို့ဆိုလျှင် တုပိုင်က ဤကျောက်သလင်းခန္ဓာကိုယ်ကို လုံးဝ ဆုံးရှုံးသွားရတော့လေမည်။

“သေစမ်း… သေလိုက်စမ်း။” မြေအောက်ကမ္ဘာဘုရင်မက ကျယ်လောင်စူးရှစွာ အော်ဟစ်လိုက်၏။

သို့သော် ထိုအခိုက်အတန့်၌ သူမ၏ မျက်ဝန်းများက အချိန်တိုအတွင်း ပြန်လည် ကြည်လင်လာကာ ဖန်းချင်းယီ၏ အသံ ထွက်ပေါ်လာသည်။

“တုပိုင်… မြန်မြန်လုပ်။ ငါ့ရဲ့ ဝိညာဉ်က လုံးဝ ဖိနှိပ်ဖျက်ဆီးခံရတော့မယ်။ သူ့ရဲ့ ဝိညာဉ်ကို ငါ့ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်ပစ်လိုက်...။” ဖန်းချင်းယီက အသည်းအသန် သတိပေး၏။

ဖန်းချင်းယီ၏ အသံမှာ စက္ကန့်ဝက်မျှပင် မကြာလိုက်ပေ။ ထို့ကြောင့် ဤကဲ့သို့ ဆက်သွယ်ခြင်းက စိတ်ဝိညာဉ်ချင်း ဆက်သွယ်ခြင်းသာဖြစ်ပြီး ပါးစပ်မှ ထုတ်ပြောရန် အချိန်မရလိုက်ပေ။

“ဟားဟားဟား…” မြေအောက်ကမ္ဘာဘုရင်မက လှောင်ရယ်လိုက်၏။ “အိပ်မက်မက်နေလိုက်။ နင့်ရဲ့ တုပိုင်က အခု ကိုယ့်ကိုယ်ကိုယ်တောင် ကာကွယ်ဖို့ ခက်နေတာ။ ငါ သူ့ကို အသေညှစ်သတ်ပစ်တော့မှာ။”

မြေအောက်ကမ္ဘာဘုရင်မက အင်အားထပ်တိုးလာပြီး တုပိုင်၏ လည်ပင်းအား အသေအလဲ ဖိညှစ်လိုက်တော့သည်။

“ဘာလုပ်ရမလဲ ငါသိတယ်။” တုပိုင် ရေရွတ်လိုက်ရင်း ဆွဲငင်အားနည်းစနစ်ကို ရုတ်တရက် အသုံးပြုလိုက်သည်။

ချက်ချင်းဆိုသလိုပင် တုပိုင်၏ ပတ်ဝန်းကျင်ရှိ ဆွဲငင်အားမှာ ပြင်းထန်စွာ မြင့်တက်သွားတော့၏။

ဆယ်ဆ ၊ အဆတစ်ရာ ၊ အဆတစ်ထောင် ၊ အဆနှစ်ထောင် ၊ အဆသုံးထောင်အထိပင်။

ရုတ်တရက် မြေအောက်ကမ္ဘာဘုရင်မ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားရသည်။

အဘယ်ကြောင့်ဆိုသော် သူမက တုပိုင်အား လေထဲသို့ မြှောက်ထားသဖြင့် လူနှစ်ဦး၏ အလေးချိန်ကို ထမ်းထားရရာ ၊ ဆွဲငင်အားကြောင့် ထိုအလေးချိန်မှာ ချက်ချင်းပင် ကျင်သန်းချီအထိ မြင့်တက်သွားသောကြောင့် ဖြစ်၏။

ထို့အပြင် သူမကိုယ်တိုင် ထုတ်ဖော်ထားသော အင်အားများလည်း ပါဝင်နေသေးသည်။ အားကောင်းသော စွမ်းအားနှစ်ခုက သူမ၏ ခန္ဓာကိုယ်အား ဆွဲဆန့်ကာ ဆုတ်ဖြဲနေတော့၏။

ရုတ်တရက်ဆိုသလိုပင်...။

“ဝုန်းးး”

မြေပြင် တစ်ခုလုံးမှာ ဤမျှ ကြီးမားလှသော ဆွဲငင်အားကို ခံနိုင်ရည်မရှိတော့ဘဲ ရုတ်တရက် ပြိုကျဆင်းသွားတော့သည်။ တုပိုင်နှင့် မြေအောက်ကမ္ဘာဘုရင်မတို့သည်လည်း အောက်သို့ အရှိန်ဖြင့် ပြုတ်ကျသွားရ၏။

သူမ၏ အနီးရှိ မရေမတွက်နိုင်သော မြေအောက်ကမ္ဘာစစ်တပ်ကြီးမှာလည်း သူမနှင့်အတူ ဤတွင်းကြီးထဲသို့ လိုက်ပါ ပြုတ်ကျသွားကြသည်။

မြေအောက်ကမ္ဘာဘုရင်မက ဆွဲငင်အား အဆပေါင်း ထောင်ချီကို ခံနိုင်ရည်ရှိသော်လည်း သူမ၏ လက်အောက်ရှိ မြေအောက်ကမ္ဘာ သားရဲဆန်းများကမူ လုံးဝ ခံနိုင်ရည်မရှိကြပေ။ သူတို့၏ ခန္ဓာကိုယ် အလေးချိန်များမှာ ကျင်သောင်းချီအထိ မြင့်တက်သွားကာ အလွန်တရာ လေးလံသွားပြီ ဖြစ်၏။

မျက်စိတစ်မှိတ်အတွင်း၌ပင် မရေမတွက်နိုင်သော သားရဲဆန်းတို့၏ ခန္ဓာကိုယ်များမှာ ကြီးမားသော ဆွဲငင်အားကြောင့် ဖိချေခံလိုက်ရကာ အပိုင်းပိုင်းအစစ ကြေမွသွားကြတော့သည်။

မူလကတည်းက တုပိုင်နှင့် မြေအောက်ကမ္ဘာဘုရင်မတို့၏ ဆွဲငင်အားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။ လက်ရှိအချိန်၌ မရေမတွက်နိုင်သော သားရဲဆန်းများ၏ အလေးချိန်ပါ ထပ်မံ ပေါင်းထည့်လိုက်သောအခါ ကုန်းမြေတိုက်ကြီးမှာ ပို၍ပင် ခံနိုင်ရည်မရှိတော့ဘဲ အဆက်မပြတ် ပြိုကျကာ ပျက်စီးသွားရသည်။

တုပိုင်နှင့် မြေအောက်ကမ္ဘာဘုရင်မတို့ နှစ်ဦးမှာ မြေအောက် ကီလိုမီတာ အတော်များများအထိ အရှိန်ဖြင့် ပြုတ်ကျသွားပြီးနောက်မှ ခက်ခက်ခဲခဲ ရပ်တန့်သွားကြတော့၏။

မြေအောက်ကမ္ဘာဘုရင်မက အေးစက်စွာ ခနဲ့လိုက်သည်။ “အရှင်တုပိုင်… မင်းက တကယ်ကို အစွမ်းထက်တာပဲ။ ဆွဲငင်အားနည်းစနစ်ကို သုံးပြီး ငါ့ရဲ့ မရေမတွက်နိုင်တဲ့ မြေအောက်ကမ္ဘာစစ်တပ်ကို ဖျက်ဆီးနိုင်ခဲ့တယ်။ ဒါပေမဲ့… ဒါက ငါ့အပေါ် ဘာမှ သက်ရောက်မှု မရှိသေးပါဘူး။”

မှန်ပေသည်။ ကျင်းသန်းချီရှိသော အလေးချိန်က မြေအောက်ကမ္ဘာဘုရင်မကို မည်သည့် ထိခိုက်မှုမျှ မဖြစ်စေနိုင်ပေ။ ထိုအလေးချိန်က သူတို့ နှစ်ဦးကို မြေအောက် ကီလိုမီတာ အတော်များများအထိ ပြုတ်ကျသွားစေပြီး ကျဉ်းမြောင်း၍ နက်ရှိုင်းသော ဂူတစ်ခုထဲ၌ ပိတ်မိသွားစေရုံမျှသာ ဖြစ်၏။

“သေစမ်း… မင်းကို အရှင်လတ်လတ် ညှစ်သတ်ပစ်မယ်။” မြေအောက်ကမ္ဘာဘုရင်မက ဟိန်းဟောက်လိုက်သည်။

တုပိုင်က လှောင်ပြောင်လိုက်၏။ “ဆွဲငင်အားနည်းစနစ်က မင်းကို တစ်ခုခု လုပ်နိုင်မယ်လို့ ငါ မျှော်လင့်မထားပါဘူး။ အဲဒါက မင်းကို ဒီနေရာထိ ခေါ်လာဖို့ ကူညီပေးရုံလေးပဲ။ မြေအောက်ကမ္ဘာဘုရင်မ… အလင်းရောင်ရဲ့ တရားစီရင်မှုကို ခံယူလိုက်တော့။”

စကားအဆုံး၌ပင်...။

“ဘုန်းးးး”

ဗုံးတစ်လုံး ရုတ်တရက် ပေါက်ကွဲသွားတော့သည်။

ချက်ချင်းဆိုသလို နေမင်းကြီးထက် အဆပေါင်း ရာချီ ၊ ထောင်ချီ ပိုမို တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာ၏။

ထိုသည်မှာ ခရမ်းလွန်ရောင်ခြည်ဗုံးပင် ဖြစ်လေ၏။ ထိုဗုံးကို ကျောက်သလင်း၏ အဓိက အစိတ်အပိုင်းများမှ တိုက်ရိုက် ဖန်တီးထားခြင်းဖြစ်ပြီး ဗုံး၏ စွမ်းအားမှာ သာမန် ခရမ်းလွန်ရောင်ခြည်ဗုံးများထက် အဆပေါင်း ထောင်ချီ ပိုမို အစွမ်းထက်သည်။

သာမန်လူသားများက ဤမျှ ပြင်းထန်သော ခရမ်းလွန်ရောင်ခြည်များကို ခံနိုင်ရည်မရှိကြပေ။ မြေအောက်ကမ္ဘာမျိုးနွယ်များ အကြောက်ဆုံးအရာမှာလည်း နေရောင်ခြည်ပင် ဖြစ်သည်။ တိတိကျကျ ဆိုရလျှင် သူတို့က နေရောင်ခြည်ထဲရှိ ခရမ်းလွန်ရောင်ခြည်များကို ကြောက်ရွံ့ကြခြင်းဖြစ်ပြီး ဤခရမ်းလွန်ရောင်ခြည်ဗုံးမှ ထွက်ပေါ်လာသည့် အလင်းတန်းများက နေမင်းကြီးထက် အဆပေါင်း သောင်းချီကျော်လွန်နေလျက်ရှိသည်။

အကယ်၍ မြေပြင်ပေါ်၌သာ ပေါက်ကွဲပါက ခရမ်းလွန်ရောင်ခြည်ဗုံး၏ စွမ်းအင် အများစုမှာ အလဟဿ ဖြစ်သွားမည် ဖြစ်သည်။

ထို့ကြောင့် တုပိုင်က ဆွဲငင်အားနည်းစနစ်ကို အသုံးပြုကာ သူတို့ နှစ်ဦးကို မြေအောက် ကီလိုမီတာ အတော်များများအနက်ရှိ ကျဉ်းမြောင်းသော တွင်းကြီးတစ်ခုထဲသို့ ဆွဲချလာခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြင့် ခရမ်းလွန်ရောင်ခြည်ဗုံး၏ စွမ်းအင်အားလုံးက မြေအောက်ကမ္ဘာဘုရင်မထံသို့ တိုက်ရိုက် ထိမှန်သွားတော့၏။

“အားးးးး” ရုတ်တရက် မြေအောက်ကမ္ဘာဘုရင်မက စူးစူးဝါးဝါး အော်ဟစ်လိုက်ရ​တော့သည်။

သူမ၏ ခန္ဓာကိုယ်မှာ တစ်စတစ်စ လောင်ကျွမ်းပျက်စီးလာသည်။ ထိုသည်က ပြင်းထန်သော နေရောင်အောက်တွင် လောင်ကျွမ်းခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။ သူမ၏ ဖြူလျော်သော အသားအရေများက တစ်စတစ်စ ကွာကျသွားကာ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

သို့သော်… ခရမ်းလွန်ရောင်ခြည်ဗုံး၏ အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့်တပြိုင်နက်... သူမ၏ လောင်ကျွမ်းသွားသည့် အရေပြားများ တဖြည်းဖြည်း ပြန်လည် ဖြစ်တည်လာကာ ပျောက်ကွယ်သွားသော သူမ၏ ခန္ဓာကိုယ်က တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြန်၏။

သောက်ကျိုးနည်းလှ၏။ ဤမြေအောက်ကမ္ဘာဘုရင်မက ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်လောက်သည်အထိ အစွမ်းထက်လွန်းလှသည်။

“ဒါက ငါ့ရဲ့ ဝိညာဉ်ကို ပြာကျလုမတတ် ဖြစ်သွားစေတယ်။” မြေအောက်ကမ္ဘာဘုရင်မက အေးစက်စွာ ကြုံးဝါး၏။ “ဒါပေမဲ့ ဘာဖြစ်လဲ။ အဲဒါက ငါ့ကို မသတ်နိုင်သေးဘူး။ အခု သေရမှာက မင်းပဲ။”

“သေချာလို့လား…” တုပိုင် လှောင်ပြောင်လိုက်သည်။

ထို့နောက် တုပိုင် စိတ်စွမ်းအင်နည်းစနစ်ကို ပြင်းထန်စွာ အသုံးပြုလိုက်၏။

စိတ်နှလုံးမိစ္ဆာ နည်းစနစ်ပင် ဖြစ်သည်။

“ဘုန်းးးး”

မျက်စိတစ်မှိတ်အတွင်း၌ပင် အမှောင်နျူကလီးယားဗုံးတစ်လုံးက မြေအောက်ကမ္ဘာဘုရင်မ၏ စိတ်ထဲ၌ ရုတ်တရက် ပေါက်ကွဲသွားတော့သည်။ အဆုံးမဲ့ အမှောင်ထုနှင့် နာကျင်မှုများ ၊ ရူးသွပ်မှုများက သူမ၏ ဝိညာဉ်ထဲသို့ တစ်ဟုန်ထိုး ဝင်ရောက်လာ၏။

“အားးးးး” သူမ မျှော်လင့်ချက်မဲ့စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်ရသည်။ နာကျင်မှုက ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ခရမ်းလွန်ရောင်ခြည်ဗုံးက မြေအောက်ကမ္ဘာစစ်သူကြီး၏ ဝိညာဉ်ကို ပြင်းထန်သော ထိခိုက်မှု ဖြစ်စေခဲ့သဖြင့် ယခုတစ်ကြိမ် စိတ်နှလုံးမိစ္ဆာနည်းစနစ်က အလုပ်လုပ်သွားလေ​ပြီ။

ထို့နောက် နာကျင်ခံစားနေရချိန်၌ပင် မြေအောက်ကမ္ဘာဘုရင်မထံမှ အလွန်တရာ ပျော်ရွှင်နေသည့် ရယ်မောသံတစ်ခု ထွက်ပေါ်လာတော့၏။

စိတ်နှလုံးမိစ္ဆာနည်းစနစ်က သူမ၏ စိတ်ဝိညာဉ်ထဲ၌ ပေါက်ကွဲသွားရုံသာမက အဆုံးမဲ့ အမှောင်ထုနှင့် နာကျင်မှုများ ၊ နက်ရှိုင်းသော ဝမ်းနည်းဖွယ် မှတ်ဉာဏ်များအားလုံးနှင့်အတူ ကြောက်ရွံ့မှုနှင့် ရူးသွပ်မှုများကပါ သူမ၏ စိတ်ထဲသို့ လွှမ်းမိုးဝင်ရောက်လာသည်။

“ဟားဟားဟား… အရမ်း နာတယ် ၊ အရမ်း မှောင်မိုက်နေပြီး အရမ်းကို မျှော်လင့်ချက်မဲ့လွန်းတယ်။”

“ဒါပေမဲ့ ငါတို့ မိစ္ဆာတွေက နာကျင်မှုနဲ့ အမှောင်ထုထဲမှာ ကြီးပြင်းလာခဲ့တာလေ။ ပြီးတော့ ငါတို့ ဝါးမြိုတဲ့အရာကလည်း အမှောင်စွမ်းအင်တွေပဲ။”

“အမှောင်ထုနဲ့ နာကျင်မှုက ငါတို့ကို ပိုပြီး သန်မာလာစေရုံပဲဟ… ဟားဟားဟား။”

“အားး အားး အားးး” မြေအောက်ကမ္ဘာဘုရင်မက စိတ်နှလုံးမိစ္ဆာ၏ အမှောင်လှိုင်းလုံး စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ခုခံရင်း အလွန် သနားစရာကောင်းလောက်အောင် အော်ဟစ်လိုက်သည်။

သို့သော် သူမသည် ဤအမှောင်တိုက်ခိုက်မှုထဲ၌ပင် အမှန်တကယ်ပင် ပိုမို အစွမ်းထက်လာ၏။ ကျိန်စာသင့် မိစ္ဆာသတ္တဝါများသည် တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။

သို့သော် တုပိုင်က သူမအား အခွင့်အရေး ပေးမည် မဟုတ်ပေ။

လက်ရှိအချိန်၌ မြေအောက်ကမ္ဘာစစ်သူကြီး၏ ဝိညာဉ်မှာ အမှောင်ထု၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး အပိုင်းပိုင်းအစစ ကွဲအက်နေသည့် အချိန်ပင် ဖြစ်၏။

ချက်ချင်းဆိုသလိုပင် တုပိုင် သူမ၏ နဖူးကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီးနောက် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို သုံးကာ သူမ၏ ဝိညာဉ်ကို ရုတ်တရက် ဝါးမြိုပစ်လိုက်၏။

မျက်စိတစ်မှိတ်အတွင်း၌ပင် အပိုင်းပိုင်းကွဲအက်နေသည့် မြေအောက်ကမ္ဘာစစ်သူကြီး၏ ဝိညာဉ်မှာ တုပိုင်၏ ဝါးမြိုခြင်းကို ရုတ်တရက် ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။

“အားးးးးးးး” မြေအောက်ကမ္ဘာစစ်သူကြီး၏ ဝိညာဉ်က စူးစူးဝါးဝါး အော်ဟစ်လိုက်ရသည်။

ထို့နောက် တုပိုင်၏ စိတ်ဝိညာဉ်နယ်မြေမှာလည်း အဆုံးမရှိသော အမှောင်စွမ်းအင်များ၏ လွှမ်းခြုံမှုကို ချက်ချင်း ခံလိုက်ရတော့သည်။

မူလက သူ၏ ဦးနှောက်မှာ မရေမတွက်နိုင်သော ဂလက်ဆီများကဲ့သို့ တောက်ပနေပြီး အလင်းရောင်များဖြင့် ပြည့်နှက်နေခြင်း ဖြစ်၏။ လက်ရှိအချိန်၌မူ ကမ္ဘာပျက်မည့်နေ့ ရောက်လာသကဲ့သို့ မြေအောက်ကမ္ဘာဘုရင်မ၏ အမှောင်ဝိညာဉ်က လုံးဝ နေရာယူသွားတော့သည်။

တစ်ချိန်တည်းမှာပင် မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီက လှပသော မျက်ဝန်းများကို ဖွင့်လိုက်ကာ အသိစိတ် ပြန်လည် ကြည်လင်လာပြီးနောက် တုပိုင်၏ မျက်နှာကို အရူးအမူး စိုက်ကြည့်နေလေ၏။

“မိစ္ဆာကောင် တုပိုင်… ရှင် နောက်ဆုံးတော့ ရောက်လာပြီပဲ။ နေ့ရွေးနေမယ့်အစား အခုပဲ လုပ်လိုက်တာ ပိုကောင်းတယ်။ ဒီနေ့ပဲ ဒီနေရာမှာ ကျွန်မကို လက်ထပ်လိုက်တော့။”

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၅၉ + ၉၆၀) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters