← Chapters

သူကတုံးတယ်၊ မင်းကရောလဘ်လား ၂

Vol. 95 Ch. 944

သူကတုံးတယ်၊ မင်းကရောလဘ်လား ၂

Vol. 95 Ch. 944

တာအိုကျင့်ကြံသူစုံတွဲက အတင်းအကြပ်ပြုံးပြကာ ခေါင်းညိတ်လိုက်ကြပြီး၊ လောကခရီးသည်(ဝတ်ပြုသူ) နှင့် လေလွင့်မသေမျိုးတို့၏ရင်းနှီးနေသော အမူအရာကို ကြည့်ကာ၎င်းတို့အနေဖြင့် ကြမ်းတမ်းသော အလုပ်ကြမ်းအချို့မှ လွတ်မြောက်နိုင်ရန်သာ မျှော်လင့်နေကြတော့သည်။

အရေးကြီးသောကိစ္စရပ်များကို စစ်ဆေးပြီးနောက် ဘုန်းကြီးလေး ကျစ်ခုန်းက နောက်ဆုံးတွင် လှည့်လာခဲ့ပြီးပိုမိုနားလည်နိုင်သော စကားလုံးများဖြင့် ရှင်းပြရန် အတတ်နိုင်ဆုံးကြိုးစားလာခဲ့သည်။

"လောကခရီးသစ်သီးအဆင့်ဆိုတာက မသေမျိုးတစ်ယောက်ရဲ့ ထိုက်ယီတာအိုသစ်သီး နဲ့ အဓိပ္ပာယ် ဆင်တူတယ်။စွမ်းအားသက်သက်ကိုပဲ ကြည့်မယ်ဆိုရင် အဆင့်ငါး မသေမျိုးအရာရှိတစ်ယောက်နဲ့ နှိုင်းယှဉ်လို့ရတယ်"

"ဗောဓိဂိုဏ်းမှာ လောကခရီးသစ်သီးအဆင့်ကို ခူးဆွတ်ဖို့ဆိုရင် ပထမဆုံး အရှင်မထေရ်ရဲ့ တပည့်ဖြစ်လာရမယ်၊စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီးအောင်မြင်စွာခူးဆွတ်နိုင်တဲ့အခါ အရှင်မထေရ်ရဲ့ ထိုင်ခုံအောက်က လောကခရီးသည်တစ်ယောက် ဖြစ်လာနိုင်တယ်။ငါတို့ဂိုဏ်းမှာ အဲဒီလို ထိုင်ခုံအောက်ကတပည့်တွေအတွက် နောက်ထပ် နာမည်တစ်ခုရှိသေးတယ်"

"သူတို့ကို အာဟတ်တွေလို့ ခေါ်ကြတယ်"

ရှန်းယီက ဂရုတစိုက်နားထောင်ပြီးနောက် တိုးညှင်းစွာမေးလိုက်၏။

"သစ်သီးအဆင့်ကို ဘယ်လို ခူးဆွတ်ရတာလဲ"

နတ်ဘုရားနယ်မြေတွင် လမ်းစဉ်သုံးသွယ်၏လျှို့ဝှက်ချက်များကို မဆင်မခြင် မေးမြန်းခြင်းက အလွန်အမင်းရိုင်းစိုင်းရာကျသည်ဟု သတ်မှတ်ခံရသည်။

သို့သော် ဘုန်းကြီးလေး ကျစ်ခုန်းက ရှင်းပြရန် ရည်ရွယ်ထားပြီဖြစ်သောကြောင့် လျှို့ဝှက်ထားရန် အကြံအစည်မရှိပေ။

"ကျမ်းစာတွေကို လေ့လာရမယ်၊ အေးအေးချမ်းချမ်းကျင့်ကြံပြီး ဆင်းရဲဒုက္ခတွေကို ခံစားရမယ်။ လောကခရီးသစ်သီးအဆင့်ပေါ်မူတည်ပြီး လိုအပ်တဲ့ ဆင်းရဲဒုက္ခအရေအတွက်ကကွဲပြားသွားတယ်"

"အဲဒီလို အဆင့် ၇၂ ခု ရှိတယ်။ကျုပ်ရဲ့ စီနီယာအစ်ကိုခိုးယူသွားတဲ့ ကျားနဂါးကျမ်းစာဆိုရင် အဆင့် ၃၁ မှာ ရှိတယ်။ အတော်လေးပြီးပြည့်စုံကောင်းမွန်တဲ့ စိတ်နေသဘောထားရှိရင်တောင် အနည်းဆုံးတော့ ဆင်းရဲဒုက္ခ ၈၁ ခုကို ဖြတ်သန်းရမယ်။အဆင့်က ပိုနက်နဲလေ ဆင်းရဲဒုက္ခတွေပိုလိုအပ်လေပဲ"

"ဆင်းရဲဒုက္ခဆိုတာ ဘာလဲ"

ရှန်းယီက မျက်နှာပျက်ရမည်ကို ဂရုမစိုက်ဘဲ မသိနားမလည်သော ကလေးတစ်ဦးနှင့် တူနေသည်။

"ဆင်းရဲဒုက္ခတစ်ခုဆိုတာ နှစ်ပေါင်းတစ်သိန်းနှစ်သောင်းကိုးထောင်နဲ့ ညီမျှတယ်"

ဘုန်းကြီးလေး ကျစ်ခုန်းက အတွေးနက်နေသော အမူအရာဖြစ်သွားခဲ့၏။

"သေမျိုးလောကထဲကို ရုပ်ခန္ဓာနဲ့ဝင်ရောက်လာရင် ဆင်းရဲဒုက္ခတွေအကြောင်းမေးစရာမလိုတော့ဘူး။ အချိန်တန်ရင် သစ်သီးအဆင့်က သဘာဝအတိုင်း အောင်မြင်လာလိမ့်မယ်"

"ဒါဆို..."

ရှန်းယီ၏မျက်ခွံများလှုပ်ခါသွားကာ သူ၏ရှေ့မှ ဘုန်းကြီးအား ပြန်လည်အကဲခတ်လိုက်၏။

"ခင်ဗျားက နှစ်သန်းပေါင်းများစွာအသက်ရှင်နိုင်လို့လား"

"အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဘုန်းကြီးလေး ကျစ်ခုန်း ပွင့်လင်းလာပြီး ယခင်ကကဲ့သို့ ခပ်တန်းတန်းမနေတော့ဘဲ မျက်လုံးများပင် လှန်လိုက်သေး၏။

"ရုပ်ခန္ဓာရဲ့ဆင်းရဲဒုက္ခတွေကို ခံစားတဲ့ရှေးဟောင်းအလေ့အကျင့်က ခေတ်နောက်ကျနေပြီ။ဂိုဏ်းက အကြီးအကဲတွေ အဆိုအရအတိတ်က ကျင့်ကြံရာမှာ အသက်တမ်းကိုရှည်စေဖို့ နည်းလမ်းမျိုးစုံကိုရှာဖွေရပြီးလိုအပ်တဲ့ ဆင်းရဲဒုက္ခအရေအတွက်ကိုစုဆောင်းဖို့ ထပ်ခါတလဲလဲပြန်ဝင်စားဖို့တောင် လိုအပ်ခဲ့တယ်"

"အခုတော့..."

ဘုန်းကြီးလေး ကျစ်ခုန်းက သူ၏သင်္ကန်းထဲမှ ညစ်ပတ်ပြီးအေးစက်နေသောမုန့်တစ်လုံးကို ထုတ်ယူကာ ဝါးစားလိုက်သည်။

"သေမျိုးလောကရဲ့ အရာဝတ္ထုတွေက သက်ရှိအားလုံးရဲ့ဆန္ဒစွမ်းအင်ကို စုဆောင်းပေးတယ်။ ငါတို့က လူတွေကိုယ်စားဆုတောင်းပေးပြီး ဆန္ဒရှိတယ်ဆိုရင် နှလုံးသားရဲ့ဆင်းရဲဒုက္ခတွေကို ခံစားဖို့ ဆန္ဒစွမ်းအင်ကို စုပ်ယူလို့ရတယ်"

"စိတ်ဆိုတာထိတွေ့ကိုင်တွယ်လို့မရတဲ့ အရာဖြစ်ပြီးလက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ နှစ်တစ်သောင်းဖြတ်သန်းသွားသလိုပဲ"

သူ့စကားအဆုံးတွင် တစ်ပြိုင်နက် ရှန်းယီက နောက်ဆုံးတွင် ရုတ်တရက်အလင်းပွင့်သွားသည့် ခံစားချက်ကို ရရှိသွားပါသည်။

သူ နားမလည်ခဲ့သော အရာများစွာက ရုတ်တရက် ရှင်းလင်းသွားခဲ့၏။

ဘုန်းကြီးလေး ကျစ်ခုန်း၏စကားများမှာလျှို့ဝှက်ဆန်းကြယ်နေသော်လည်း ထိုလျှို့ဝှက်ချက်များကို ဖယ်ရှားလိုက်သောအခါ ၎င်းက အချိန်ကိုအလဟဿစောင့်ဆိုင်းနေရခြင်းကို မကျေနပ်ကြသောကျင့်ကြံသူများက ဖြတ်လမ်းကိုပင်ပန်းကြီးစွာ‌ဖြင့်ဖောက်လုပ်ခဲ့ခြင်းသာ ဖြစ်သည်။

ဆင်းရဲဒုက္ခများကိုခံစားရုံမျှဖြင့် လူတစ်ဦးက နှစ်တစ်သိန်းနှစ်သောင်းကိုးထောင်ကိုဖြတ်သန်းကာ ဆင်းရဲဒုက္ခတစ်ခုအားပြီးမြှောက်သည်ဟု သတ်မှတ်နိုင်သည်။

သူက အခက်အခဲများကို ပို၍ရင်ဆိုင်နိုင်စေရန် ပိုမိုသန်မာလာပါက၊ ထိုသေမျိုးသူများ၏ဆင်းရဲဒုက္ခများကို ခံယူကာ လူတစ်ဦးလျှင်နှစ်ငါးရာနှုန်းဖြင့် တွက်ချက်ပါက လူနှစ်ရာနှင့်ညီမျှသော ပမာဏက ဆင်းရဲဒုက္ခတစ်ခုနှင့် ညီမျှသွားမည်ဖြစ်သည်။

မအံ့သြတော့ပေ။ ဤမသေမျိုးများက ပင်လယ်နှင့်တောင်များကို မှောက်လှန်နိုင်သော စွမ်းအားများပိုင်ဆိုင်ထားသော်လည်း ဤအတွက်ကြောင့်သာ ရိုးသားစွာနေထိုင်ကြပြီး အင်ပါယာမင်းဆက်အုပ်ချုပ်မှုအတွင်း မိုးခေါ်သံတမန် သို့မဟုတ် မသေမျိုးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ရန် ကျေနပ်နေကြခြင်း ဖြစ်သည်။

သူတို့ ဆန္ဒစွမ်းအင်ဟုခေါ်သောအရာဆိုသည်မှာ နတ်ဘုရားနယ်မြေကို လွှမ်းခြုံထားသည့် ဧကရာဇ်ချီမှလွဲ၍ အခြားအရာမဟုတ်ပေ။

အချို့က တောင်းရမ်းခြင်းကိုအားကိုးကြပြီး အချို့က လှည့်ဖြားခြင်းကို အားကိုးကြ၏။

ဟုန်ကျယ်ရှိ ကိစ္စရပ်များကိုမျက်မြင်တွေ့ရှိပြီးနောက်တွင် ချင်းဟွာက ကမ္မကုသိုလ်စွမ်းအင်များကို မည်မျှအထိစုဆောင်းနိုင်ခဲ့သည်ကို မြင်တွေ့ခဲ့ရသဖြင့် ရှန်းယီက ပို၍အဆင်ပြေပြီး လူမဆန်သောတတိယနည်းလမ်းကို စဉ်းစားလိုက်နိုင်သည်။

အခြားကျင့်ကြံသူများကလည်း ထိုအရာကို မစဉ်းစားမိကြောင်း သူမယုံကြည်ပေ။

"..."

ရှန်းယီက သူ၏ခြေလှမ်းများကို တဖြည်းဖြည်း နှေးကွေးလိုက်ပြီး သူ၏စိတ်ထဲမှ မေးခွန်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့၏။

ဤဧကရာဇ်ချီများက တစ်ချိန်ချိန်တွင် ကုန်ခမ်းသွားနိုင်မည်လော။

အကယ်၍ခရီးသွားများနှင့် မသေမျိုးများအလွန်များပြားနေပြီး ၎င်းတို့က ဧကရာဇ်ချီများအားလုံးကိုသုံးစွဲပစ်မည်ဆိုပါက လူသားဧကရာဇ်၏ နတ်ဘုရားနယ်မြေက ၎င်း၏လက်ရှိ အာဏာစက်ကို ထိန်းသိမ်းထားနိုင်ဦးမည်လော။

"..."

ရှန်းယီက သူ၏နဖူးကို ရိုက်ချလိုက်ပြီး သူကိုယ်သူအတွက်ပင် အသက်ရှင်ရပ်တည်နိုင်ရန်ရုန်းကန်နေရဆဲဖြစ်သော်လည်း ဤကိစ္စများကို တွေးတောနေရန်အချိန်ပို ရနေသေး၏။

သို့သော်လည်း သူက ထိုကျားနဂါးကျမ်းစာကို လက်ဝယ်ရရှိပြီး ကျားနဂါးအာဟတ်သစ်သီးအဆင့်ကို ရရှိနိုင်ပါက မသေမျိုးခုံရုံးရှိနေလျှင်ပင် နတ်သမီးကျစ်လင် နှင့် ရင်ဆိုင်ကာပြဿနာကိုဖြေရှင်းနိုင်မည့်အခွင့်အရေးရှိလာနိုင်မည် မဟုတ်လော။

ရှန်းယီ၏အကြည့်များက ဆရာတော်ကျစ်ခုန်း ထံသို့ ပြန်ရောက်သွားခဲ့သည်။

လူတိုင်းက လမ်းစဉ်သုံးသွယ်၏တပည့်များနှင့် နီးကပ်လိုကြသည်မှာ မအံ့သြတော့ပေ။ ၎င်းတို့က အခြေခံအားဖြင့်ကြီးမားကျယ်ပြန့်သော ရတနာသိုက်ကြီးတစ်ခုဖြစ်နေသောကြောင့်ဖြစ်လေ၏။

"ဆရာတော် ကျစ်ခုန်း ကျွန်တော်တို့ရောက်ပါပြီ"

ထိုအချိန်တွင် ခရမ်းရောင်တိမ်တိုက်ဂိုဏ်းမှ တာအိုကျင့်ကြံသူစုံတွဲက လူသူကင်းမဲ့သောဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ရပ်တန့်သွားကြ၏။

ဧကရာဇ်ချီ၏ဖုံးကွယ်မှုအောက်တွင် ၎င်းတို့၏ချီစစ်ဆေးခြင်းနည်းစနစ်၏ထိရောက်မှုမှာ များစွာဖိနှိပ်ခံထားရပြီး အမျိုးသားဖြစ်သူမှာ ရှာဖွေမှုကို မြှင့်တင်ရန်အတွက် ဆေးလုံးတစ်လုံးကိုပင် သောက်သုံးခဲ့ရသည်။

ဘုန်းကြီးလေး ကျစ်ခုန်းက ပတ်ဝန်းကျင်ကိုကြည့်ရှုလိုက်ရာ အနီးနားတွင် သာမန်အရပ်သား အနည်းငယ်စုရုံးလာကြကြောင်း သတိပြုမိလိုက်ပြီး အားလုံးမှာသတိထားနေသောအမူအရာများရှိနေကြ၏။

အထူးသဖြင့် ခေါင်းပြောင်ကြီးတစ်ခု ချဉ်းကပ်လာသည်ကို မြင်သောအခါလူအများအပြားက ရန်လိုစွာကြည့်ရှုလိုက်ကြပြီးနောက် ထကာထွက်ခွာသွားကြသည်။

ဘုန်းကြီးလေး ကျစ်ခုန်းက ဒေါသမထွက်ဘဲ တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။

ညအချိန်ကျရောက်လာပြီး မီးများစတင်လင်းလက်လာသောအခါ သူတို့လေးဦး၏ပုံရိပ်များက လူအုပ်ကြီးထဲတွင် တဖြည်းဖြည်းနစ်မြုပ်သွားခဲ့သည်။

တောင်ကုန်းငယ်လေးဆီမှ နွေးထွေးသောလေပြေတစ်ခုတိုက်ခတ်လာပြီး လူတိုင်း၏ချမ်းစိမ့်မှုကို မောင်းနှင်ဖယ်ရှားပေးလိုက်၏။

"ဝိညာဉ်အလင်းတောက်ပစေ"

တိုးတိုးလေးရေရွတ်သံထွက်လာသည်နှင့် တစ်ပြိုင်နက် မီးတုတ်များအားလုံး ရုတ်တရက်ငြိမ်းသွားသော်လည်း ပတ်ဝန်းကျင်က ယခင်ကထက်ပို၍ လင်းထိန်လာခဲ့သည်။

လူအုပ်ကြီးက ထလာကြပြီးတောင်ပေါ်မှ ညင်သာသောလေပြေနှင့်အတူ ဝိညာဉ်အလင်းအစက်အပြောက်များ သယ်ဆောင်လာကာ လူတိုင်း၏အဝတ်အစားများပေါ်တွင် စွဲကပ်သွားခဲ့သည်။

"ဆရာတော်..."

ခရမ်းရောင်တိမ်တိုက်ဂိုဏ်းမှ ကျင့်ကြံသူနှစ်ဦး၏ အမူအရာများက ချက်ချင်းပင်ပိုမိုတည်ကြည်လေးနက်လာခဲ့၏။

သူတို့က ဘုန်းကြီးလေး ကျစ်ခုန်းအား မသေချာမရေရာမှုများဖြင့် ကြည့်ရှုလိုက်ကြသည်။

၎င်းက စစ်မှန်သော ဗောဓိဂိုဏ်း၏နည်းစနစ်တစ်ခုဖြစ်ကြောင်း မကောင်းဆိုးဝါးဆန်သောအရာ မဟုတ်ကြောင်းရှင်းလင်းနေလေ၏။

တကယ်ကို ရယ်စရာပင်၊သူတို့၏ခရမ်းရောင်တိမ်တိုက်ဂိုဏ်းက ဗောဓိဂိုဏ်းမှ ဤအရေးပါသော ပုဂ္ဂိုလ်တစ်ဦးကို လိုက်လံဖမ်းဆီးရန်သတ္တိရှိခဲ့သည်လော။

"စိတ်ချပါ မသေမျိုးရောင်းရင်းတို့၊ ဒီကိစ္စက မင်းတို့နဲ့မပတ်သက်စေရဘူးလို့ ကျုပ်အသက်ရင်းပြီးကျိန်ဆိုရဲတယ်"

"အခု လူကိုတွေ့ပြီဆိုတော့ မင်းတို့တွေအန္တရာယ် မကြုံရအောင် မြန်မြန်ထွက်သွားကြပါတော့"

ဘုန်းကြီးလေး ကျစ်ခုန်းက တင်ပလ္လင်ခွေထိုင်လိုက်ပြီး သူစကားပြောနေစဉ် သူ၏ဟောင်းနွမ်းနေသောသင်္ကန်းများက အနည်းငယ်လှုပ်ခတ်လာကာ ရွှေရောင်အလင်းအလွှာတစ်ခုက သူ၏အရေပြားပေါ်တွင် တဖြည်းဖြည်းထွက်ပေါ်လာပြီး သူ၏မျက်နှာသွင်ပြင်တစ်ခုလုံးကို ပို၍ပင်အရှိန်အဝါကြီးလာစေခဲ့သည်။

All Chapters