← Chapters

ငါက ဘယ်သူလဲ ဟုတ်လား၊ငါက မင်းတို့ရဲ့မသေမျိုးအရာရှိ ဘိုးဘိုးရှန်းပဲ

Vol. 95 Ch. 946

ငါက ဘယ်သူလဲ ဟုတ်လား၊ငါက မင်းတို့ရဲ့မသေမျိုးအရာရှိ ဘိုးဘိုးရှန်းပဲ

Vol. 95 Ch. 946

"စီနီယာအစ်ကို... ကျွန်မစိတ်ထဲမှာ တစ်ခုခု ထူးဆန်းနေသလိုခံစားရတယ်"

ခရမ်းရောင်တိမ်တိုက်ဂိုဏ်းမှ တပည့်စုံတွဲက ရှေ့ရှိ မြင့်မားလှသောမြို့ရိုးများကို ကြည့်ရင်းမြို့တံခါးထဲသို့အလျင်အမြန်လှမ်းဝင်လိုက်ကြစဉ် မိန်းကလေးတပည့်က ရုတ်တရက်ရပ်တန့်သွားခဲ့၏။

"..."

ယောင်္ကျားလေးတပည့်၏မျက်နှာကလည်း အနည်းငယ် ပျက်ယွင်းသွားပြီး ၎င်းတို့ဘေးရှိမြို့စောင့်စစ်သည်ကို စိုက်ကြည့်နေမိသည်။ ထိုစစ်သည်မှာ သူ့ကိုလုံးဝမမြင်ရသကဲ့သို့ ဖြစ်နေသည်ကို သတိပြုမိလိုက်ချိန်တွင် သူ၏နဖူးမှပဲစေ့ခန့်ရှိသော ချွေးစက်များ စီးကျလာခဲ့၏။

"မကောင်းတော့ဘူး"

ကျန်းယန်စီအရင်စုကို ဧကရာဇ်ချီက ကာကွယ်ထားသဖြင့် မြေစောင့်မျသမျိုးမှလွဲ၍ မကောင်းသောနည်းလမ်းများကို အသုံးပြုရန် မည်သူမျှမဝံ့ရဲကြပေ။ သူ့အပြင်အစိုးရရုံးတွင် အခြေစိုက်ထားသည့် အခြားမသေမျိုးအရာရှိများလည်းရှိနေနိုင်ပြီး စီရင်စုသခင်ကိုယ်တိုင်ကပင် ရန်သူများကို တိုက်ခိုက်ရန် ဧကရာဇ်ချီကို အမိန့်ပေးနိုင်သည်။

ဗောဓိဂိုဏ်းကျင့်ကြံသူက အသက်မရှင်ချင်တော့သောကြောင့်သာ မြို့ထဲတွင်လူသတ်မှုကျူးလွန်ရန် ကြိုးစားခြင်းဖြစ်လိမ့်မည်။

သူတို့နှစ်ဦးမှာ ပစ်မှတ်ထားခံရသည်မှာ ကြာပြီဖြစ်၏။

သူတို့လျှောက်လှမ်းနေသော ဤလမ်းမှာမြို့ထဲသို့ ပြန်သည့်လမ်းမဟုတ်သည်မှာ ရှင်းလင်းနေလေ၏။

ဤသို့တွေးလိုက်မိသည်နှင့် ယောင်္ကျားလေးတပည့်က မြို့တံခါးဘက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်ရာ သူ၏အမြင်တွင် ရင်းနှီးနေသောလမ်းမရှည်ကြီးကိုမတွေ့ရတော့ဘဲ မှောင်မည်းနေသောဘုရားကျောင်းတစ်ခုထဲသို့ လမ်းလျှောက်ဝင်လာသကဲ့သို့ ဖြစ်နေခဲ့သည်။

ဘုရားကျောင်းထဲတွင် နတ်ဘုရားရုပ်တုတစ်ခုတည်းသာရှိပြီး ကျောပေးထားသော်လည်း ဝတ်စားဆင်ယင်မှုနှင့် ပုံပန်းသဏ္ဌာန်အရ သာမန်လူများ၏အိမ်များတွင် တွေ့ရလေ့ရှိသော နတ်ဘုရားနှင့်အတူတူပင်။

ဘန်း

ကျယ်လောင်သောအသံနှင့်အတူ မြို့တံခါးက ဝုန်းခနဲပိတ်သွားပြီး နောက်ဆုံးကျန်ရှိနေသော အလင်းတန်းနှင့် သူတို့၏ဆုတ်ခွာမည့်လမ်းကို ဖြတ်တောက်လိုက်တော့သည်။

တပည့်နှစ်ဦးက ကျောချင်းကပ်ရပ်နေကြပြီး မျက်နှာများမှာချက်ချင်းပင် ဖြူလျော့သွားကြ၏။

မြို့တံခါးမီးလောင်လျှင် ဘေးနားကလူများ ဒုက္ခရောက်တတ်သည်ဟူသော စကားအတိုင်းပင်။

ဗောဓိဂိုဏ်းကျင့်ကြံသူနှစ်ဦး၏တိုက်ပွဲတွင် ၎င်းတို့သုံးဦးမှာမိုက်မဲစွာ ပါဝင်ပတ်သက်မိပြီးကြားညှပ်၍ ဒုက္ခရောက်ရသောပုရွက်ဆိတ်လေးများဖြစ်သွားကြရသည်။

၎င်းတို့၏အသက်များ ဆုံးရှူံးရပေတော့မည်။

...

အလားတူ မှောင်မည်းနေသော ဘုရားကျောင်းတစ်ခုအတွင်းဝယ်..

အရပ်ရှည်သောလူငယ်တစ်ဦးက ဖြည်းညှင်းစွာ ရပ်တန့်လိုက်ပြီးလက်ထဲမှ လက်ရေးမူစာလိပ်ကို ပိတ်ကာ ရှေ့သို့ကြည့်လိုက်၏။

ရှန်းယီက လှည့်စားခြင်းနည်းစနစ်များနှင့် မစိမ်းသော်လည်း သူ၏သတိထားမှုမှ လုံးဝလွတ်မြောက်သွားသော ဤကဲ့သို့နည်းစနစ်မျိုးနှင့် ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင်။

ယဇ်ပလ္လင်၏အမြင့်ဆုံးတွင်ရှိနေပြီး ဘုရားကျောင်းအဝင်ဝကို ကျောပေးထားသော နတ်ဘုရားရုပ်တုက ဖြည်းညှင်းစွာစတင်လှုပ်ရှားလာသည်ကို သူ မြင်လိုက်သည်။

၎င်းက ပခုံးများကိုတွန့်လိုက်သဖြင့် ဖုန်မှုန့်များ တဖွဲဖွဲလွင့်စင်သွားပြီး နောက်သို့လှည့်ကြည့်လာခဲ့သည်။

ထိုအရာမှာ သင်္ကန်းကိုဝတ်ဆင်ထားသော ကြွက်ခေါင်းဖြစ်နေခဲ့ကာ သူ၏ပါးစပ်ရှည်ကြီးမှာ လှောင်ပြောင်သောအပြုံးတစ်ခုအဖြစ် ကွေးညွတ်နေခဲ့၏။

၎င်းက ခန္ဓာကိုယ်ကိုလှည့်ကာ ယဇ်ပလ္လင်ပေါ်သို့ ပေါ့ပေါ့ပါးပါးထိုင်လိုက်ပြီး သူ၏နှုတ်ခမ်းမွှေးများကို လိမ်ကျစ်ရင်းပြောလိုက်သည်။

"ငါဘာလို့ မင်းဆီကို အရင်လာတယ်ဆိုတာ သိလား"

ရှန်းယီ ပြန်မဖြေနိုင်မီမှာပင် သူကဇာတ်မင်းသားတစ်ဦးသီချင်းဆိုသကဲ့သို့ စူးရှသောအသံဖြင့် ဆက်ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ မင်းကအောက်တန်းကျလို့ပဲ"

"နောက်ခံလည်းမရှိ၊အာဏာလည်းမရှိဘဲနဲ့ ကိစ္စရပ်တိုင်းမှာဝင်ပါရဲတယ်ပေါ့"

ထို ကြွက်နတ်ဆိုးက မိန်းမစိုးတစ်ဦးနှင့် တူကဲ့သို့ လက်ညှိုးဖြင့် အကြိမ်ကြိမ်ထိုးကာဆုံးမကာဩဇာသီးကြွေးသည့် လေသံဖြင့်ဆို၏။

(တရုတ်ဇာတ်ကတာတွေဘာတွေ မြင်ဖူးကြည့်ဖူးရင် မျက်စိထဲကွက်ကွက်ကွင်းကွင်းမြင်မှာပါ)

"မင်းလိုလူမျိုး မသေရင်ဘယ်သူ သေရမှာလဲ"

ထိုဂိုဏ်းတပည့်နှစ်ဦးမှာ ဤကိစ္စတွင်ဗောဓိဂိုဏ်းပါဝင်ပတ်သက်နေသည်ကို သိပုံမရသော်လည်း သူ့ရှေ့က လူမှာမူမတူပေ။ သူက ဗောဓိဂိုဏ်း၏ကြာပန်းပလ္လင်နည်းစနစ်ကို ပိုင်ဆိုင်ထားသဖြင့် သူတို့ လိုက်လံဖမ်းဆီးနေသောအရေးပါသည့် ပုဂ္ဂိုလ်ကို ဧကန်မုချသိရှိနေပေလိမ့်မည်။

၎င်းက ကြွက်နတ်ဆိုးကို စော်ကားခံရသလို ခံစားရစေခဲ့သည်။

၎င်းကို ပို၍မကျေမနပ်ဖြစ်စေသည်မှာ သူ ကိုယ်ထင်ပြပြီးသည့်တိုင်အောင် ဤလူငယ်က ထိတ်လန့်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း အနည်းငယ်မျှမပြဘဲ ဒူးလည်းမထောက်၊ အသနားလည်းမခံသလို အအတစ်ယောက်ကဲ့သို့ ရပ်နေခြင်းပင်။

သူ့ကို လွယ်လွယ်ကူကူသတ်ပစ်လိုက်ခြင်းက ဆရာတော် ကျစ်ခုန်းကို အနက်ရှိုင်းဆုံးသောနောင်တများရစေနိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် ကြွက်နတ်ဆိုး၏နားရွက်များ လှုပ်ခတ်သွားခဲ့၏။

နောက်တစ်ခဏတွင် ဘုရားကျောင်းအပြင်ဘက်မှ ဟိန်းဟောက်သံကဲ့သို့ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း"

ဟိန်းဟောက်သံနှင့်အတူ တုတ်တစ်ချောင်း ဝေ့ယမ်းလိုက်သောနားကွဲလုမတတ် အသံကြီးလိုက်ပါလာခဲ့၏။

ပေါက်ကွဲသံကြီးများကြားတွင် မှောင်မည်းနေသော ဘုရားကျောင်းတစ်ခုလုံးပြင်းထန်စွာ တုန်ခါသွားတော့သည်။

ဤရိုက်ချက်မှာ ကြွက်နတ်ဆိုး၏ကျောပေါ်သို့ ကျရောက်သွားပုံရပြီး ၎င်းကိုယဇ်ပလ္လင်ပေါ်မှ ယိုင်ထိုးကာပြုတ်ကျသွားစေခဲ့သည်။ ၎င်း၏ဒဏ်ရာရရှိထားပြီးသောခန္ဓာကိုယ်တွင် ဒဏ်ရာဟောင်းများ ပြန်လည်ထကြွလာပြီး သွေးပုတ်များပါးစပ်အပြည့်အန်လိုက်ရလေ၏။

ပြင်းထန်သော နာကျင်မှုက ၎င်း၏ရက်စက်မှုကို နှိုးဆွလိုက်ပုံရသည်။

ကြွက်နတ်ဆိုးက စိတ်မဆိုးသည့်အပြင် ရယ်မောလိုက်ပြီး စိတ်ကိုတည်ငြိမ်စေရန် ရင်ဘတ်ကို ပွတ်သပ်ကာပြန်လည်မတ်မတ်ရပ်လိုက်၏။ ထို့နောက် ရှန်းယီ ဘေးတွင်ဖြည်းဖြည်းချင်းလှည့်ပတ်နေရင်း ဆိုလိုက်သည်။

"မင်း သူ့ကို မုန်းလား။သူက မြင့်မြတ်တဲ့ ဗောဓိဂိုဏ်းရဲ့ကျင့်ကြံသူတစ်ယောက်လေ၊ အသုံးမကျတဲ့ ကျမ်းစာတစ်စောင်အတွက်နဲ့ မင်းအသက်ကို လွယ်လွယ်လေးလဲနိုင်တဲ့သူပဲ"

ဘုန်ကြီးလေး ကျစ်ခုန်း၏လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်ရန် ၎င်းအနေဖြင့် ဤဘုန်းကြီး၏ ဗုဒ္ဓနှလုံးသားကို ရိုက်ချက်တစ်ခုတည်းဖြင့် ခြေမှုန်းပစ်ရန်လိုအပ်ပါသည်။

"မင်းကရော"

"မင်းက ဘာကောင်လဲ"

ကြွက်နတ်ဆိုးက ခြေလှမ်းကိုနှေးကွေးလိုက်ပြီး ရှန်းယီ၏ ရှေ့တွင် မဲ့ပြုံးအမူအရာဖြင့် ရပ်လိုက်၏။

ထို့နောက်တွင်တော့ ၎င်း၏မျက်နှာပေါ်မှ အပြုံးအားလုံးအေးခဲသွားတော့သည်။

ပြင်ပမှ ရိုက်နှက်သံများက လေပြင်းမုန်တိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းနေသကဲ့သို့ ပြင်းထန်ပြီး သူ့ကို ပို၍ကိုင်းညွတ်သွားစေသော်လည်း သူ၏မျက်နှာပေါ်မှ အမူအရာကိုမူပြောင်းလဲစေနိုင်ခြင်း မရှိပေ။

ကြွက်နတ်ဆိုးက လူငယ်ကို ငေးကြောင်ကာကြည့်နေမိသည်။

သူ၏ရန်သူက ဝတ်ရုံလက်အိုးအတွင်းမှ မသေမျိုးတံဆိပ်တုံးတစ်ခုကို တည်ငြိမ်စွာထုတ်ယူကာ လက်ဖဝါးထဲတွင် တိတ်ဆိတ်စွာဆုပ်ကိုင်ထားသည်ကို သူမြင်လိုက်ရ၏။

သူ၏ဖြူဖျော့ပြီးချောမောသောမျက်နှာပေါ်တွင် နက်မှောင်သောမျက်လုံးတစ်စုံရှိနေကာကြည်လင်တောက်ပနေခဲ့သည်။

လူငယ်က တိတ်ဆိတ်နေသကဲ့သို့ရှိသော်လည်း အရာအားလုံးကိုပြောပြထားသကဲ့သို့ပင်။

သူသည် သာမန်လူတစ်ယောက် မဟုတ်ပေ။ သူက မသေမျိုးခုံရုံးမှ တိုက်ရိုက်စေလွှတ်ထားသော တမန်တော်၊ အဆင့်ခုနစ် မသေမျိုးအရာရှိ၊ လူတိုင်း၏ဘိုးဘေးပင်။

"ငါ... ငါ..."

ကြွက်နတ်ဆိုးက ရုတ်တရက်တံတွေးမြိုချလိုက်ပြီး သူ၏မျက်ခွံများမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်လှုပ်လာခဲ့၏။

အမည်ခံအားဖြင့် လမ်းစဉ်သုံးသွယ်မှာ မသေမျိုးခုံရုံးကို အုပ်ချုပ်နေပြီး ဗောဓိဂိုဏ်းသည်လည်း ၎င်း၏အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် မသေမျိုးအရာရှိတစ်ဦးကို ကြောက်စရာမလိုသော်လည်း... သူကဲ့သို့သာမန်ကျင့်ကြံသူတစ်ဦးအတွက်မူ ထိုသို့မဟုတ်ပေ။

အာဏာသည်အာဏာသာဖြစ်ပြီး အဆင့်အတန်းသည် အဆင့်အတန်းသာဖြစ်လေ၏။

မသေမျိုးအရာရှိ တစ်ဦးကိုတိုက်ခိုက်ခြင်းမှာ သူကဲ့သို့သစ္စာဖောက်တစ်ဦးကို ထားလိုက်ပါ၊ အရှင်မထေရ်တစ်ဦး၏ အစစ်အမှန် တိုက်ရိုက်တပည့်ပင်လျှင် မည်သူမျှကာကွယ်ပေးလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ဤပုဂ္ဂိုလ်က တာအိုနယ်ပယ်ကျင့်ကြံခြင်းကိုပိုင်ဆိုင်ထားပြီး အဆင့်ခုနစ် မသေမျိုးတံဆိပ်တုံးကို ကိုင်ဆောင်ထားရာသူ့နောက်ကွယ်တွင် အင်အားကြီးသောကျောထောက်နောက်ခံများမရှိဟု မည်သူက ယုံကြည်မည်နည်း။

"မသေမျိုးအရှင်၊ဒါက နားလည်မှုလွဲတာ ဖြစ်နိုင်ပါတယ်"

ဘုရားကျောင်းတစ်ခုလုံးမှာ ဘုန်ကြီးလေး ကျစ်ခုန်း၏ထုရိုက်မှုအောက်တွင် ဆက်တိုက်တုန်ခါနေပြီး ကြွက်နတ်ဆိုး၏ခန္ဓာကိုယ်မှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ယင်နေခဲ့၏။

သူနားမလည်နိုင်သည်မှာ သူကဂိုဏ်းအတွင်း ကြီးလေးသောပြစ်မှုကျူးလွန်ခဲ့သော်လည်း ၎င်းမှာ အတွင်းရေးကိစ္စသာဖြစ်ပြီး ကောင်းကင်ဥပဒေကို ချိုးဖောက်ခြင်း မဟုတ်ပေ။

အဘယ်ကြောင့် မသေမျိုးအရာရှိတစ်ဦး၏ လိုက်လံဖမ်းဆီးမှုကို ခံနေရသနည်း။

"ဟူး..."

ဤမသေမျိုးတံဆိပ်တုံးကို အသုံးပြုရခြင်းမှာ ကြီးမားသောစွန့်စားမှုဖြစ်နေသဖြင့် ရှန်းယီအနေ နှင့် ဤအရာကိုဖြေရှင်းရန်အခြားနည်းလမ်းများရှိမရှိကို စောင့်ကြည့်နေခြင်းသာဖြစ်သည်။

ကျင့်ကြံသူတစ်ဦး၏ရှေ့တွင် ကျင့်ကြံခြင်းနည်းစနစ်ကို သရုပ်ဖော်ရန်ကြိုးစားခြင်းမှာ သေကြောင်းကြံစည်ခြင်းနှင့် အတူပင်ဖြစ်ကာ ဘုန်ကြီးလေး ကျစ်ခုန်းမှာလည်း အတွင်းသို့မြန်မြန်ဆန်ဆန်ချိုးဖောက်ဝင်ရောက်နိုင်မည်မဟုတ်ပေ။

(ဘုန်ကြီးလေး ကျစ်ခုန်းက အပြင်ကနေ ကျောင်းထဲကို ဝင်ဖို့ကြိုးစားနေတာနော်)

All Chapters