ငါက ဘယ်သူလဲ ဟုတ်လား၊ငါက မင်းတို့ရဲ့မသေမျိုးအရာရှိ ဘိုးဘိုးရှန်းပဲ ၂
Vol. 95 Ch. 947
"တံဆိပ်တုံးကို ထုတ်ပြီးပြီဆိုမှတော့... နားလည်မှုလွဲတာတွေပြောနေလို့လည်း အပိုပဲ။"
ရှန်းယီက တံဆိပ်တုံးကြီးကိုအသုံးပြု၍ လူများကို ထုရိုက်တတ်သည့် ရှီယန် နှင့် မတူပေ။
သူ၏လက်ချောင်းများအနည်းငယ်တင်းကျပ်သွားသည် နှင့် ဟုန်လေးမျက်နှာ၏မသေမျိုးစွမ်းအင်များမှာ ခန္ဓာကိုယ်အတွင်းသို့ အလျင်အမြန်စီးဝင်လာသဖြင့်အရေပြားပေါ်တွင်နွေးထွေးသော အဖြူရောင် အလင်းတန်းများပေါ်ထွက်လာကာ ကျောက်စိမ်းဖြင့် ထုဆစ်ထားသကဲ့သို့ ဖြစ်သွားစေခဲ့သည်။
ဝတ်စုံများက တဖျတ်ဖျတ်လွင့်ပျံနေပြီးနောက် သူက အစစ်အမှန် မသေမျိုးနယ်ပယ်အတွင်းသို့ တက်လှမ်းသွားခဲ့၏။
"ဟမ်.."
ထိုပြောင်းလဲမှုကိုသတိပြုမိသည်နှင့် ကြွက်နတ်ဆိုးက လေဟာနယ်ထဲမှ သံမဏိနှောတုတ်တစ်ချောင်းကို ထုတ်ယူကာခုခံရန် ပြင်လိုက်၏။ သူ၏ပုံရိပ်မှာ အလျင်အမြန်လှုပ်ရှားသွားခဲ့ပြီး မြင့်မားသော ပလ္လင်ဘက်သို့ဆုတ်ခွာသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှန်းယီ၏ စိတ်က အနည်းငယ် တုန်ခါသွားခဲ့၏။ ဟုန်လေးမျက်နှာ၏မသေမျိုးစွမ်းအင်များ ခန္ဓာကိုယ်ထဲသို့စီးဝင်လာသည့်အခိုက်အတန့်တွင် သူ၏ကိုယ်တွင်း၌ တစ်ခုခုလှုပ်ရှားသွားသည်ကို ခံစားလိုက်ရသည်။
ပန်ရှန်းဂိုဏ်းထံမှ သူရရှိခဲ့သော ရတနာတောင်က အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော်လည်း မသေမျိုးစွမ်းအင်များ၏အားဖြည့်မှုအောက်တွင် ထင်မှတ်မထားစွာဖြင့် တောက်ပသောအလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
ရှန်းယွဲ့ ... မိုးပြာကောင်းကင်ကို ဖိနှိပ်ခြင်း
ရှန်းယီ၏အကြည့်များက ရှေ့သို့ရောက်သွားပြီး ဘုရားကျောင်းအတွင်းရှိ လှုပ်ရှားနေသော မီးတောက်များနှင့် လေထဲသို့ ခုန်တက်သွားသော ကြွက်နတ်ဆိုး အပါအဝင်အရာအားလုံးက ရပ်တန့်သွားခဲ့၏။ သင်္ကန်းဝတ်ထားသော ထိုကြွက်က ကြောက်မက်ဖွယ်ကောင်းသောမျက်နှာသွင်ပြင်နှင့်အတူရွှံ့နွံထဲတွင် ပိတ်မိနေသကဲ့သို့ဖြစ်နေပြီး သံမဿိနှောတုတ်ကို မြဲမြံစွာဆုပ်ကိုင်ထားသော်လည်း အနည်းငယ်မျှပင်ဝေ့ယမ်းနိုင်ခြင်း မရှိတော့ပေ။
ဘုရားကျောင်းအပြင်ဘက်တွင် ဟိန်းဟောက်သံများဆက်လက်ထွက်ပေါ်နေခဲ့သည်။ နောက်ထပ် ရိုက်ချက်တစ်ခုကြောင့် ဘုရားကျောင်းကြီးတုန်ခါသွားပြီး ကြွက်နတ်ဆိုး၏ကျောပေါ်သို့ ကျရောက်သွားခဲ့၏။
ရှန်းယွဲ့ကျန်းချင်ထျန်း၏နှိမ်နင်းမှုအောက်တွင် ၎င်းမှာ ကြိုတင်ကာကွယ်မှုဘာမှမလုပ်နိုင်ခဲ့ဘဲ ထိုတိုက်ခိုက်မှုကို အပြည့်အဝခံစားလိုက်ရကာ သွေးစများအန်ထုတ်လိုက်ရသည်။
ပို၍ကြောက်စရာကောင်းသည်မှာ ၎င်းအန်ထုတ်လိုက်သောသွေးများပင်လျှင် လေထဲတွင် ရပ်တန့်နေခြင်းပင်။
ဘုရားကျောင်းအတွင်းတွင် လူငယ်၏လှုပ်ရှားမှုများမှာ ထိခိုက်မှုမရှိပေ။ သူက လေထဲတွင်လွင့်နေသောသွေးစများကြားမှ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားပြီး ကြွက်နတ်ဆိုး၏လည်ပင်းကို လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်၏။
ဝုန်း
ချက်ချင်းပင် ကြွက်နတ်ဆိုးက အဝတ်စုတ်တစ်ခုကဲ့သို့မြေပြင်ပေါ်သို့ ကိုင်ပေါက်ခံလိုက်ရသည်။ ၎င်းက ရွှေရောင်အလင်းအကာအကွယ်ကို ထုတ်ဖော်လိုက်၏။
၎င်းမှာ စစ်မှန်သော လောကခရီးသည်နည်းစနစ် ဖြစ်သော်လည်း ဘုန်းကြီးလေ ကျစ်ခုန်း နှင့် နှိုင်းယှဉ်ပါက လွန်စွာပင်အားနည်းနေသည်။
ရှန်းယီ၏လက်သီးမှာ တင်းကျပ်သွားပြီး ကြွက်နတ်ဆိုး၏မျက်နှာပေါ်သို့ ပြင်းထန်စွာ ထိုးနှက်လိုက်၏။ ကျောက်စိမ်းရောင်အလင်းတန်းများ ဝန်းရံနေသော သူ၏လက်သီးက ပါးလွှာလှသော ရွှေရောင်အလင်းအကာအကွယ်ကို ထိုးဖောက်သွားပြီး ပါးရိုးများကို ကြေမွသွားစေသည်။
သွေးစက်များက ကျောက်စိမ်းကဲ့သို့ ဖြူဖျော့သော အရေပြားပေါ်သို့စင်သွားခဲ့ပြီး ထိုမသေမျိုးနှင့်တူသော လူငယ်ကို ပို၍ပင်ရက်စက်ကြမ်းကြုတ်သည့် အသွင်ဆောင်သွားစေသည်။
"မင်း အတော်ကိုလွန်နေပြီ။"
နောက်ဆုံးတွင် ကြွက်နတ်ဆိုးက ရှန်းယွဲ့၏ချုပ်နှောင်မှုမှရုန်းထွက်နိုင်ခဲ့ပြီး သူ၏တုတ်ကို မြှောက်ကာရိုက်နှက်ရန်ပြင်လိုက်၏။
သို့သော် ဘုရားကျောင်းတစ်ခုလုံးမှာ ရှန်းယီ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေခဲ့သည်။
ရှန်းယီက သံမဏိနှောတုတ်ကို ရှေ့မှဆုပ်ကိုင်ကာ ပြင်းထန်စွာဆွဲယူလိုက်သဖြင့် တုတ်က သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
ဘန်း
ပြင်းထန်သောဆောင့်ကန်ချက်နှင့်အတူ သူ၏ဖိနပ်က ကြွက်နတ်ဆိုး၏ရင်ဘတ်ပေါ်သို့ တည့်တည့် ကျရောက်သွားပြီးမြေပြင်ပေါ်တွင် မြဲမြံစွာ ဖိထားလိုက်၏။
ရှန်းယီက ခံစားချက်မဲ့သောအမူအရာဖြင့် တုတ်ရှည်ကို မြှောက်လိုက်သည်။
ဟုန်လေးမျက်နှာ၏မသေမျိုးစွမ်းအင်များမှာ တုတ်အတွင်းသို့စီးဝင်သွားပြီး ထိုတုတ်ဖြင့်ကြွက်နတ်ဆိုးကို မညှာမတာ ထုရိုက်လိုက်တော့သည်။
ဂျွတ်...
အရိုးများကျိုးကြေသွားသည့် အသံများမှာ ခန်းမအတွင်းဆက်တိုက်ထွက်ပေါ်နေခဲ့သည်။ ရှန်းယီက တုတ်ဖြင့် မနားတမ်းထုရိုက်နေခဲ့ပြီး သူ၏ဝတ်ရုံမှာ သွေးများဖြင့်စိုရွှဲနေကာ မျက်နှာပေါ်သို့ပင် စင်ဟပ်လာခဲ့သည်။
ကြွက်နတ်ဆိုးက အစပိုင်းတွင်ညည်းတွားသံများ ထွက်ပေါ်နေသေးသော်လည်း နောက်ပိုင်းတွင် ခေါင်းမှာလိမ်ကျသွားပြီး အသက်ရှူသံများ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့၏။
၎င်း၏ခန္ဓာကိုယ်မှာ သင်္ကန်းဝတ်စုံနှင့်အတူ ကြေမွသွားပြီး လူပုံသဏ္ဌာန်ပင်မရှိတော့ပေ။
ကလန့်
ရှန်းယီက နောက်ဆုံးတွင် သံမဏိနှောတုတ်ကို ဘေးသို့ပစ်ချလိုက်ပြီး ကုန်း၍ရှာဖွေလိုက်ရာ သွေးများပေကြုံ့နေသည့်ကျမ်းစာတစ်စောင်ကို တွေ့ရှိလိုက်ပါသည်။
ထိုကျမ်းစာမှာ ရွှေရောင်စာရွက်များဖြင့်ပြုလုပ်ထားပုံရပြီး အပေါ်သို့ဖိတ်စင်နေသော သွေးစက်များမှာပင် အတွင်းသို့စိမ့်ဝင်သွားခြင်းမရှိပေ။
သူ ဖတ်ကြည့်လိုက်သောအခါ ကြီးမြတ်သောကျားနဂါးကျမ်းစာဟူသော စာလုံးများကိုရှင်းလင်းစွာ မြင်လိုက်ရ၏။ စာမျက်နှာများမှာ တဖျတ်ဖျတ် လန်သွားပြီးစာလုံးများက ရှန်းယီ၏မျက်လုံးများထဲတွင် လျင်မြန်စွာစွဲထင်ကျန်ရစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဘုရားကျောင်းတစ်ခုလုံးမှာ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သင်္ချိုင်းကုန်းတစ်ခု ပေါ်ထွက်လာခဲ့၏။သင်္ချိုင်းဂူများကြားတွင် ကြွက်တွင်းအနည်းငယ်သာ ကျန်ရှိတော့သည်။
ဘုန်ကြီးလေး ကျစ်ခုန်းက တောင်ဝှေးကိုမြှောက်လျက်သားဖြင့် ရှေ့မှမြင်ကွင်းကို အံ့အားသင့်စွာကြည့်နေမိသည်။ သူက မျက်တောင်များကိုပင် နှစ်ခါခန့်ခတ်လိုက်သေး၏။
ဝတ်ရုံနက်ဝတ် လူငယ်က သွေးများပေကျံနေသောလက်တစ်ဖက်တွင် အလောင်းတစ်ခုကို ကိုင်ထားပြီးအခြားတစ်ဖက်တွင် ကြီးမြတ်သောကျားနဂါးကျမ်းစာကို ကိုင်ထားသည်အား သူမြင်လိုက်ရ၏။
ညလေပြေများမှာ သင်္ချိုင်းကုန်းပေါ်သို့တိုက်ခတ်နေရာ ထိုမြင်ကွင်းအားအဓိပ္ပာယ်ဖော်ရခက်သော အငွေ့အသက်များဖြစ်သွားစေသည်။
အခြားကြွက်တွင်းတစ်ခုအနီးတွင်မူ ခရမ်းရောင်တိမ်တိုက်ဂိုဏ်းမှ ကျင့်ကြံသူစုံတွဲမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး ရှန်းယီကို အံ့အားသင့်စွာ စိုက်ကြည့်နေကြ၏။ ၎င်းတို့က အတွေးများကိုစုစည်းရန်ကြိုးစားနေသော်လည်း ပို၍ပင်ရှုပ်ထွေးသွားကြသည်။
ဤအရာမှာ ဗောဓိဂိုဏ်း၏ကျင့်ကြံသူနှစ်ဦး တိုက်ခိုက်နေခြင်းဖြစ်ပြီး ကြားညှပ်ပါလာသောလူသားသုံးဦးကို အလွယ်တကူသတ်ဖြတ်နိုင်စွမ်း ရှိသည်။ သို့သော် ယခုအခါ ထိုလူသားများထဲမှ တစ်ဦးကရပ်နေပြီး ထိုမသေမျိုးများထဲမှ တစ်ဦးကို ကိုင်ထားခဲ့၏။
လူငယ်၏တည်ငြိမ်နေသော အမူအရာကိုကြည့်ရသည်မှာ သူသည် လူသတ်နေကျလူတစ်ဦးနှင့်ပင် တူနေခဲ့သည်။
"ဒီမှာ။"
ရှန်းယီက ဆရာတော် ကျစ်ခုန်းထံသို့ တည်ငြိမ်စွာ လမ်းလျှောက်သွားပြီး ကြီးမြတ်သောကျားနဂါးကျမ်းစာကို ကမ်းပေးလိုက်သည်။
ဘုန်ကြီးလေး ကျစ်ခုန်းက အချိန်အတော်ကြာအောင်ငေးကြောင်နေပြီးမှ တောင်ဝှေးကိုအလျင်အမြန် သိမ်းလိုက်ကာကျမ်းစာကို လက်နှစ်ဖက်ဖြင့် ယုယစွာဆုပ်ကိုင်လိုက်၏။
တစ်ဖက်လူက အဖိုးတန်လှသောကျမ်းစာကိုပြန်လည်ရယူပေးခဲ့သော်လည်း သူက ကျေးဇူးတင်စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။
သူက ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့၏။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
ဘုန်ကြီးလေး ကျစ်ခုန်းက နဂါးကျားကျမ်းစာကို ပြန်လည်ရရှိပြီးနောက် အလွန်ကျေးဇူးတင်သောကြောင့် အရိုအသေပေးလိုက်သည်။
သို့သော် သူကျမ်းစာကို ကြည့်လိုက်ချိန်တွင် တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိသွားခဲ့၏။ လောကခရီးသစ်သီးအဆင့်ကို ရရှိစေမည့် ကျမ်းစာများကိုမတူညီသောလူများက ဖတ်ရှုသောအခါအမှတ်အသားများကျန်ရစ်ခဲ့တတ်ပါသည်။
အနည်းငယ်လှန်ကြည့်ရုံမျှဖြင့် ကိစ္စမရှိသော်လည်း ဤကဲ့သို့မြင့်မားသောအဆင့်ရှိသူများမှာ မည်သူက မှတ်ဉာဏ်မကောင်းဘဲနေပါမည်နည်း။
သူက ခဏမျှငေးကြောင်သွားပြီး ဘေးရှိ ခရမ်းရောင်တိမ်တိုက်ဂိုဏ်းမှ လူနှစ်ဦးကို ခိုးကြည့်လိုက်ကာ သက်ပြင်းချလိုက်၏။
သူက ဂိုဏ်းမှစီနီယာများ မသိစေရန်အတွက် ကျမ်းစာပေါ်မှ အမှတ်အသားများကိုတိတ်တဆိတ် ဖယ်ရှားပစ်လိုက်သည်။
မိတ်ဆွေ မသေမျိုး ရှန်းသာ မရှိပါက သူကျူးလွန်မိမည့် အပြစ်များမှာကြီးလေးလှပေလိမ့်မည်။
အင်း... သူတစ်ခုခုကို မေ့နေသလိုပဲ။
ဘုန်ကြီးလေး ကျစ်ခုန်းက ရှန်းယီ၏သွေးများ ပေကျံနေသောညာလက်ကို ကြည့်လိုက်ရာ ယခုအခါဘာမှမရှိတော့ပေ။
သူအစောပိုင်းက ကိုင်ထားသောအရာမှာ မည်သည့်နေရာကို ရောက်သွားသနည်း။
အိုး... မဟုတ်သေးဘူး၊သူရဲ့စီနီယာအစ်ကို
ဘုန်ကြီးလေး ကျစ်ခုန်းက ဘာဖြစ်သွားသည်ကို သတိပြုမိလိုက်သည့်အခိုက်အတန့်တွင် ရှန်းယီက စကားပြောခွင့်ပင်မပေးဘဲလှည့်ထွက်သွားခဲ့ပြီ ဖြစ်သည်။
သူက နတ်ဆိုးကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး ရရှိလာသောပစ္စည်းများကိုလည်း အခြားသူအားပေးကမ်းရမည့်ထုံးစံမရှိပေ။
သို့သော် ဆရာတော် ကျစ်ခုန်း၏သိမ်မွေ့သော လှုပ်ရှားမှုကို ရှန်းယီမြင်လိုက်ရပါသည်။
၎င်း၏ရည်ရွယ်ချက်ကို သူ မသေချာသော်လည်း ဆရာတော်၏အမူအရာကို ကြည့်ရသည်မှာ တစ်ခုခုကိုဖုံးကွယ်ရန် ကူညီပေးနေပုံရလေ၏။
အနာဂတ်တွင် သူ၏လှုပ်ရှားမှုများကို ပို၍ သတိထားရပေမည်။
"..."
ဘုန်ကြီးလေး ကျစ်ခုန်းက ခါးသီးသောအပြုံးဖြင့် သူ၏စိတ်ထဲတွင် ထပ်မံ၍သက်ပြင်းချလိုက်သည်။ မိတ်ဆွေ မသေမျိုး ရှန်း၏ပြုမူပုံမှာ အမှန်တကယ်ပင် ထူးဆန်းလှသော်လည်း သူက လူဆိုးတစ်ဦး မဟုတ်သည်ကို ကျစ်ခုန်းသိနိုင်လေ၏။
ထို့အပြင် သူက ကြီးမားသောအကူအညီကို ပေးခဲ့သည်။
ထားလိုက်ပါ သူက အစစ်အမှန်မသေမျိုးအဆင့်ကို မရောက်သေးသလို လောကခရီးသည်လမ်းစဉ်ကိုလည်းမကျင့်ကြံထားသော ရှန်းယီက သူ၏စီနီယာအစ်ကိုကို မည်သို့အနိုင်ယူခဲ့သနည်းဆိုသည်ကိုလည်း သိချင်နေမိသည်။
ဘုန်ကြီးလေး ကျစ်ခုန်းက စကားများသူမဟုတ်သောကြောင့် ရှေ့လူနောက်သို့လျင်မြန်စွာလိုက်သွားခဲ့သည်။
"ဆရာတော် ကျစ်ခုန်း၊ စီနီယာ ရှန်း၊ ကျွန်တော်တို့ကို စောင့်ကြပါဦး။"
ခရမ်းရောင်တိမ်တိုက်ဂိုဏ်းမှ စုံတွဲမှာသေဘေးမှ သီသီလေးလွတ်မြောက်လာခြင်းဖြစ်သဖြင့် သူတို့ဘာသာမကျန်ရစ်ခဲ့ဝံ့ကြပေ။
၎င်းတို့က အားတင်းကာအလျင်အမြန်ပင် ထိုနှစ်ဦးနောက်သို့ လိုက်လာခဲ့ကြ၏။
"..."
ရှန်းယီက အခြားသူများကိုဂရုစိုက်ရန် စိတ်မပါပေ။ သူက သူ၏စနစ်မျက်နှာပြင်များကို ကြည့်ရင်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ရိုးရှင်းသော သတိပေးချက် အချို့ပင်။
[အဆင့်ခုနစ် ကြွက်နတ်ဆိုးကို သတ်ဖြတ်ခဲ့သည်။ စုစုပေါင်းအသက်တမ်း ကပ်ဘေးဒုက္ခ ၁၄ ခု၊ စုပ်ယူပြီးနောက် လက်ကျန်အသက်တမ်းမှာ ကပ်ဘေးဒုက္ခ ၅ ခု ဖြစ်သည်။]
[လက်ကျန် နတ်ဆိုးသက်တမ်း - ကပ်ဘေးဒုက္ခ ၂၀၁ ခု။]
ဆရာတော် ကျစ်ခုန်းပြောခဲ့သည်မှာ ကပ်ဘေးဒုက္ခတစ်ခုသည် နှစ်ပေါင်းတစ်သိန်းနှစ်သောင်းကိုးထောင်နှင့် ညီမျှလေ၏။
ရှန်းယီက သူအရှုံးပေါ်ခြင်းရှိမရှိ ကိန်းဂဏန်းများကိုအကြိမ်ကြိမ်တွက်ချက်ကြည့်ပြီးမှသာ စိတ်သက်သာရာ ရသွားခဲ့သည်။
ထို့နောက် အခြားသတိပေးချက်နှစ်ခုကို သူ အာရုံစိုက်လိုက်၏။
[အဆင့်ခုနစ်၊ ကပ်ဘေးဒုက္ခသုံးသွယ် ကြာပန်းပလ္လင်နည်းစနစ် - စတင်သူအဆင့်။]
[အဆင့်ငါး၊ ကြီးမြတ်သောကျားနဂါးကျမ်းစာ - စတင်သူအဆင့်။]
ဆရာတော် ကျစ်ခုန်းက အမှန်တကယ်ပင် လိမ်ညာခဲ့ခြင်းမဟုတ်ပေ။ အကယ်၍ မတော်တဆမှုမဖြစ်ခဲ့ပါက ဆရာတော်က အစစ်အမှန် မသေမျိုး နည်းစနစ် နှင့် နှိုင်းယှဉ်နိုင်သော ကျင့်စဉ်ကို ပေးကမ်းခဲ့ပေလိမ့်မည်။
သို့သော် ကပ်ဘေးဒုက္ခသုံးသွယ် ကြာပန်းပလ္လင်နည်းစနစ် နှင့် နှိုင်းယှဉ်ပါက ကြွက်နတ်ဆိုးထံမှ ရရှိသော ကြီးမြတ်သောကျားနဂါးကျမ်းစာ၏တန်ဖိုးမှာ နှိုင်းယှဥ်၍ပင် မရနိုင်ပေ။
အာဟတ်နယ်ပယ်သို့ ဝင်ရောက်ရန် သစ်သီးအဆင့်ကိုရရှိခြင်းမှာ ထိုက်ယီစန်းရှန်းဖြစ်လာခြင်းနှင့် အတူတူပင်။ (ထိုက်ယီတာအိုသစ်သီး)
ဘေးဒုက္ခ ၈၁ ခုဖြင့် သူသည် ထိုအဆင့်၏ သုံးဆနီးပါးအထိ ရောက်ရှိနိုင်သည်။
"ဒကာတော်၊ဒါက လက်ခံဖို့အတွက်အရမ်းများလွန်းနေပါတယ်။"
ဘုန်းကြီးလေး ကျစ်ခုန်းက ရှန်းယီနောက်သို့ တိတ်ဆိတ်စွာလိုက်လာရင်း စကားလုံးများကို မည်သို့စတင်ရမည်ကို စဉ်းစားနေခဲ့သည်။
သူက စိတ်မသက်မသာဖြစ်နေသော အမူအရာဖြင့် ဆိုလေ၏။
"တတိယအဆင့်ကြာပန်းပလ္လင်က ကြီးမားတဲ့ သစ်သီးကိုလက်မခံနိုင်ဘူး။ကျားနဂါးတွေကို နှိမ်နင်းဖို့ဆိုရင်အနည်းဆုံးတော့ ကပ်ဘေးဒုက္ခ ခြောက်သွယ်ကြာပန်းပလ္လင်လိုအပ်တယ်။"
သူသည် ရှန်းယီ၏အမူအရာကို ကြည့်လိုက်၏။
သူက တကယ်ပဲ အဲဒါကိုကျင့်ကြံဖို့ ရည်ရွယ်နေတာလား။မဟုတ်ဘူး၊ လမ်းစဉ်ပြောင်းလဲခြင်းဆိုတာ ဓားတောင်တွေကို ဖြတ်ကျော်ရသလိုပဲ။
လေလွင့်မသေမျိုးကနေ လောကခရီးသည်တစ်ယောက်ဖြစ်ဖို့ဆိုတာ ပညာရှင်တွေအတွက်တောင် မလွယ်ကူခဲ့တာ။
"..."
ရှန်းယီ၏အမူအရာမှာ ခဏမျှတုံ့ခိုင်းသွားပြီး အနည်းငယ် ချောင်းဟန့်လိုက်၏။ သူ အမှန်တကယ်ပင် လူမိခံလိုက်ရလေ၏။
သူက နားမလည်ချင်ဟန်ဆောင်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ ယခုအခါ သူက ကြွက်နတ်ဆိုး၏အလောင်းကို ရရှိထားပြီဖြစ်သောကြောင့်အရာအားလုံးကို ဆရာတော် ကျစ်ခုန်းထံမှ မေးမြန်းရန် မလိုအပ်တော့ပေ။
ထို့ကြောင့် သူတို့အဖွဲ့က ကိုယ်စီအတွေးများဖြင့် မြေစောင့်ဘုရားကျောင်းဘက်သို့ ဦးတည်ထွက်ခွာလာခဲ့ကြတော့သည်။