အဆင့် ၇ သို့ ထိုးဖောက်ဝင်ရောက်ခြင်း
Vol. 95 Ch. 949
..
ရှန်းယီက သံမဏိတံဆိပ်ပြား၏အေးစက်နေသော မျက်နှာပြင်ကိုပွတ်သပ်ရင်း သူ့အားစူးစိုက်ကြည့်နေသည့် မြေစောင့်မသေမျိုးကို ကြည့်လိုက်သည်။
တစ်ဖက်လူ၏အဓိပ္ပာယ်မှာ အတော်လေး ရှင်းလင်းနေပါသည်။
ဤတံဆိပ်ပြားကို ဖိတ်စာတစ်စောင်အဖြစ် သတ်မှတ်နိုင်သလိုခြိမ်းခြောက်မှုတစ်ခုအဖြစ်လည်း အသုံးပြုနိုင်သည်။
အကယ်၍ သူက ဤနတ်ဆိုးသုတ်သင်ရေးဌာနဟုခေါ်သောအဖွဲ့သို့ ဝင်ရောက်ရန်မရည်ရွယ်ပါက၊ သူသည် ၎င်းတို့၏စောင့်ကြည့်ခံရသည့် ပစ်မှတ်တစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည်။ သူ ဝင်ရောက်ခဲ့လျှင်လည်း ရလဒ်က အတူတူပင်ဖြစ်ပုံရသည်။
ထိုအရာကို တွေးမိသောအခါ ရှန်းယီက စဉ်းစားခန်းဝင်သွားပြီး သူ့ကိုယ်သူငုံ့ကြည့်လိုက်၏။
နေပါဦး၊သူက လူဆိုးတစ်ယောက်နဲ့ ဘယ်နေရာများတူနေလို့လဲ။
သူ ခေါင်းခါလိုက်ပြီး တံဆိပ်ပြားကို အိတ်ကပ်ထဲသို့ ပေါ့ပေါ့ပါးပါးထည့်လိုက်ကာ "ကျွန်တော့်ကို အသိပေးဖို့လိုအပ်တဲ့ တခြားကိစ္စများ ရှိသေးလား" ဟု မေးလိုက်သည်။
မြေစောင့်မသေမျိုးက ဤလူငယ်လေးက ဤမျှ ပွင့်လင်းဖြောင့်မတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အကယ်၍ သူသာ ပြဿနာရှာရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ပါက၊ မသေမျိုးခုံရုံး၏အာရုံစိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် အနည်းငယ်တော့ ထိတ်လန့်မှုပြသရမည်ဖြစ်သည်။
သို့သော် ဤလူက သူ၏အကျိုးခံစားခွင့်များကိုပင် မမေးမြန်းဘဲ အလွယ်တကူသဘောတူခဲ့သည်။
ဤအချက်က မြေစောင့်မသေမျိုးကို အနည်းငယ် ဆွံ့အသွားစေသည်။ သူ တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ခါးသီးသောအပြုံးဖြင့် ခေါင်းခါကာ "တောင်းပန်ပါတယ်။ဒီအဘိုးကြီး မင်းကို အထင်လွဲသွားတာ ဖြစ်နိုင်ပါတယ်"
သေဆုံးခြင်းအငွေ့အသက်များ ပြည့်နှက်နေသော ကျင့်ကြံသူတစ်ဦး၊သို့သော် ဥပဒေကို လေးစားလိုက်နာပြီးရိုးသားသူတစ်ဦး ဤကဲ့သို့သော အရာမျိုးက ဖြစ်နိုင်ပါ့မည်လော။
"ဒီအဘိုးကြီးရဲ့ နာမည်က မင်ကျစ်ရန်ပါ။ ဒီမသေမျိုးတာဝန်ကို လက်မခံခင်က ငါလည်း နတ်ဘုရားနယ်မြေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ အခု မင်းက ကျန်းယန်စီရင်စုရဲ့ နတ်ဆိုးသုတ်သင်ရေးဌာန တမန်တော်တစ်ယောက်ဖြစ်လာပြီဆိုတော့ မင်းနဲ့ငါက လုပ်ဖော်ကိုင်ဖက်တွေလိုဖြစ်သွားပြီ။ နောင်တစ်ချိန်ချိန်မှာ မင်းဘာမှလုပ်စရာမရှိရင် ဒီကို လာလည်ဖို့ အားမနာပါနဲ့"
မြေစောင့်မသေမျိုးက ယခုလေးတင် တောင်းပန်နေခဲ့သော်လည်း၊သူ၏နောက်ထပ်စကားစုတွင် ငါ မင်းကို စောင့်ကြည့်နေမယ် ဆိုသည့် အရိပ်အမြွက်ကို မသိမသာဖော်ပြလိုက်မိသည်။
...
ရှန်းယီက ကုန်းကွကွအဘိုးအိုကို တစ်ချက်ကြည့်လိုက်၏။ ဒေါသထွက်မနေဘဲ သူ၏ မျက်လုံးများတွင်အတွေးနက်သော အရိပ်အယောင်တစ်ခုရှိနေသည်။
သူ အတော်လေးကံကောင်းပါသည်။ နတ်ဘုရားနယ်မြေသို့ ဝင်ရောက်လာကတည်းက သူ တွေ့ဆုံခဲ့ရသောသူများမှာ ဆရာတော်ကျစ်ခုန်းပင်ဖြစ်စေ ဤကျန်းယန်စီရင်စုမှ မြေစောင့်မသေမျိုးပင်ဖြစ်စေ လူကောင်းများသာဖြစ်နေကြ၏။
ထိုကဲ့သို့သောလူများနှင့် ဆက်ဆံရသည်မှာ အမြဲတမ်း ပို၍လွယ်ကူစေသည်။
အကယ်၍ သူ့အပေါ် ကျရောက်နေသော ရှီယန်၏ လူသတ်မှုစွဲချက်သာ မရှိပါက၊ ရှန်းယီက ဤနေရာတွင် ရိုးရိုးရှင်းရှင်းအင် အခြေချကာငြိမ်းချမ်းစွာ နေထိုင်ရန်ပင်တွေးမိလိမ့်မည်။
"သွားတော့လေ"
မင်ကျစ်ရန်က လက်ယမ်းပြလိုက်၏။ မိတ်ဆွေ မသေမျိုးရှန်းအပေါ် သူ အလွန်အမင်းကြမ်းတမ်းခဲ့ကြောင်း သိသဖြင့် သံသယရှိသည့်တိုင် အပြစ်ကင်းသည်ဟု ယူဆပေးခြင်းကဲ့သို့ သဘောထားထုတ်ဖော်ပြလိုက်သည်။
ဤလူ၏နက်ရှိုင်းလှသော ကျင့်ကြံခြင်းအဆင့်မှာ လေးစားထိုက်ပြီး ယခုအချိန်အထိသည်းခံနေခြင်းကပင် သူကဲ့သို့အဘိုးအိုတစ်ဦးကို မျက်နှာသာ အလုံအလောက်ပေးနေပြီဖြစ်သည်။
"ဒီတံဆိပ်ပြားကို မြို့ထဲပြန်ယူသွားပါ။ သုံးရက်အတွင်းမှာ မင်းကိုဆက်သွယ်မယ့်သူတစ်ယောက် ရှိလာလိမ့်မယ်"
"နှုတ်ဆက်ပါတယ်"
ရှန်းယီက ထွက်ခွာရန် လှည့်လိုက်ပြီး တံခါးကို တွန်းဖွင့်ရန်ပြင်လိုက်သည်။
သို့သော် မြေစောင့်မသေမျိုးက တိတ်တဆိတ် ထပ်မံသတိပေးလိုက်သေး၏။
"မင်း နတ်ဆိုးသုတ်သင်ရေးဌာနထဲ ရောက်သွားပြီဆိုရင် ကျစ်ခုန်း နဲ့ ဝေးဝေးနေပါ။ ဂိုဏ်းသုံးဂိုဏ်းမှာ လူကောင်းတွေမရှားပါဘူး။ ဒါပေမဲ့ သူ့လို တကယ်ကိုသဘောထားကောင်းတဲ့သူတွေက နည်းပါတယ်။ဂိုဏ်းတွေထဲက လူတိုင်းက သူ့လိုပဲလို့ မယူဆလိုက်ပါနဲ့။ ဝေးဝေးနေတာ အကောင်းဆုံးပါပဲ၊ အဲဒါက မင်းအတွက် ဆိုးကျိုးဖြစ်စေမှုမဟုတ်ပါဘူး"
"ပြီးတော့ မှတ်ထားပါ၊ နတ်ဆိုးသုတ်သင်ရေးဌာနရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေတာက မွန်မြတ်တဲ့ သွင်ပြင်လက္ခဏာတစ်ခုတော့ မဟုတ်ဘူး။ တခြားသူတွေကို ဒီအကြောင်းမသိပါစေနဲ့"
ရှန်းယီက နောက်သို့ လှည့်မကြည့်တော့ဘဲ ခေါင်းကိုသာညင်သာစွာ ညိတ်ပြလိုက်ပြီး အပြင်သို့ ထွက်လာခဲ့၏။
ဆရာတော်ကျစ်ခုန်း၏ခြွင်းချက်ဖြစ်သော အခြေအနေကို ဂိုဏ်းသုံးဂိုဏ်းကြားရှိ သာမန်အခြေအနေဟု သူအထင်မှားသွားမည်ကို မြေစောင့်မသေမျိုးက စိုးရိမ်နေခြင်းဖြစ်သည်။
အမှန်ပင်၊ အဆင့်မြင့်မြင့်ကျင့်ကြံထားသော သက်ရှိအများစုက အစစ်အမှန်သဘောတရားအရ လူကောင်းများဖြစ်နိုင်ခြေမရှိကြောင်း သူ သိပါသည်။
သို့သော် ဤအရာက ကိစ္စမရှိပေ။
သူကိုယ်တိုင်လည်း လူကောင်းမဟုတ်ပေ။
...
"ဘယ်လို အခြေအနေရှိလဲ"
ကျစ်ယန်က ရှန်းယီ ထွက်လာသည်ကို မြင်သောအခါ အပြေးအလွှားရောက်လာပြီး စပ်စုလိုသောအမူအရာဖြင့် မေးလိုက်သည်။
ဝေးလံခေါင်ဖျားပြီး ဆင်းရဲနွမ်းပါးသောဒေသများမှ သက်ရှိများအတွက် နတ်ဘုရားနယ်မြေတွင် အသက်မွေးဝမ်းကျောင်းပြုရန် မခက်ခဲလှပေ။
သာမန် သေမျိုးများပင်လျှင် ငြိမ်းချမ်းသာယာစွာ နေထိုင်အလုပ်လုပ်နိုင်ကြရာ၊ ကျင့်ကြံခြင်းရှိသော သူများအတွက်မူ ဆိုဖွယ်ရာမရှိတော့ပေ။
သို့သော်လည်း အထက်သို့တက်လှမ်းရန် လမ်းကြောင်းတစ်ခုရှာဖွေခြင်းက ပို၍ခက်ခဲလှ၏။
"တစ်နည်းအားဖြင့်တော့ လုပ်ဖော်ကိုင်ဖက်ပါပဲ"
ရှန်းယီက မိုးခေါ်တမန်တော်တံဆိပ်ပြားကို သူ့ထံသို့ ပေါ့ပေါ့ပါးပါးကမ်းပေးလိုက်သည်။
"ဘာ.."
ကျစ်ယန်က တံဆိပ်ပြားကို တန်ဖိုးကြီးမားသော အရာတစ်ခုကဲ့သို့ယူလိုက်ပြီး ဂရုတစိုက် သိမ်းဆည်းလိုက်၏။ ယခု ဂိုဏ်းချုပ်ရှန်းပြန်ရောက်လာပြီဖြစ်၍ မူလကအရေးမပါဟု ထင်ရသောတာဝန်တစ်ခုသည် အလွန်အရေးကြီးလာခဲ့သည်။
မည်သို့ပင်ဆိုစေ ဟုန်ကျယ်မှ သက်ရှိများအတွက် နတ်ဘုရားနယ်မြေတွင် ပထမဆုံးသော ယာယီနေထိုင်ရာတစ်ခု တည်ဆောက်လိုပါက သူ့အနေဖြင့်မည်သူမည်ဝါဖြစ်ကြောင်း သက်သေအထောက်အထား တစ်မျိုးမျိုးလိုအပ်ပေသည်။
ထို့နောက် သူက ထူးဆန်းသော အမူအရာဖြင့် လှမ်းကြည့်လိုက်၏။
တစ်နည်းအားဖြင့် လုပ်ဖော်ကိုင်ဖက်ဟုတ်လား။ သူက တိမ်တိုက်ဖန်တီးခြင်းနဲ့ မိုးခေါ်ခြင်းကို လုပ်ဆောင်ပြီး ငါက မိုးရွာတဲ့ကိစ္စကို ဖြေရှင်းရတာမျိုးလား။
မြောက်ပိုင်းဟုန်ကျယ်မှ မရေမတွက်နိုင်သော နတ်ဆိုးများနှင့်ကျင့်ကြံသူများကို သေဒဏ်ပေးရန် အမိန့်ချမှတ်ခဲ့သောပုံရိပ်သည် ဒေသခံပြည်သူများအတွက်တိမ်တိုက်ဖန်တီးခြင်းနှင့် မိုးခေါ်ခြင်းကို စနစ်တကျလုပ်ဆောင်နေသည်ဟု မြင်ယောင်ကြည့်ရန် ကျစ်ယန်အတွက် အလွန်ခက်ခဲနေသည်။
"စိတ်မပူပါနဲ့၊လောလောဆယ်တော့ ဒါလေးကိုပဲ အရင်လုပ်ထားလိုက်ပါ။ အစ်ကို့ရဲ့အရည်အချင်းတွေနဲ့ဆိုရင် တခြားသူတွေရဲ့သတိထားမိတာကို ခံရဖို့ အချိန်သိပ်မကြာပါဘူး"
အပြင်လူများရှိနေသည့်အခါ ကျစ်ယန်က သူ့အား အစ်ကိုဟု ခေါ်ဝေါ်လေ့ရှိသည်။ သို့သော် သူ၏လေသံက သူပြောနေသည့်စကားကို သူကိုယ်တိုင်ပင်သိပ်မယုံကြည်ကြောင်း ထင်ရှားနေပါသည်။
မြေစောင့်မသေမျိုးကဲ့သို့သော ရာထူးနှင့် ရှင်သန်ရပ်တည်ရန်အတွက် သင့်တော်ကောင်း သင့်တော်နိုင်သော်လည်း၊ အထက်သို့ တက်လှမ်းရန်မှာမူ... မည်သည့် အစွမ်းထက်သောပုဂ္ဂိုလ်က ရေခပ်သမားလေး တစ်ယောက်ကို ဂရုစိုက်ပါမည်နည်း။
...
ရှန်းယီက ထပ်မံရှင်းပြရန် ရည်ရွယ်မထားပေ။ ကျစ်ယန်ကို မယုံကြည်၍မဟုတ်ဘဲ ဤကိစ္စတွင် သူ့အားဝင်မပါစေလိုသောကြောင့်ပင်။
သူက အရူးတစ်ယောက် မဟုတ်ပေ။
မြေစောင့်မသေမျိုးက သူ့အားအလွန်ရှင်းလင်းစွာ ပြောပြခဲ့ပြီးဖြစ်သည်။
ဌာနရှစ်ခု၏ပြင်ပတွင် နတ်ဆိုးသုတ်သင်ရေးဌာနက ၎င်း၏သွင်ပြင်လက္ခဏာကို ဖုံးကွယ်ထားရန် လိုအပ်သောတည်ရှိမှုတစ်ခု ဖြစ်သည်။ သူတို့၏ အလုပ်က အမှန်တကယ် မည်မျှအထိသန့်ရှင်းနိုင်မည်နည်း။
၎င်းသည် သူတစ်ခါက သိခဲ့ဖူးသော မဟာချန် နတ်ဆိုးနှိမ်နင်းရေးဌာန နှင့် လုံးဝကွာခြားပေလိမ့်မည်။
သေချာထပ်တွေးကြည့်လျှင် လူသားဧကရာဇ်တစ်ပါးအတွက် နေအလင်းရောင်ကိုပင် မတိုးဝံ့သောမည်သို့သောလုပ်ရပ်မျိုးများ ရှိနေနိုင်မည်နည်း။
အဖြေမှာ နာကျင်ဖွယ်ရာရှင်းလင်းနေပါသည်။
လူသားဧကရာဇ်သည် နတ်ဆိုးသုတ်သင်ရေးဌာနဟုခေါ်သော ဓားတစ်လက်ကိုသွန်းလုပ်ခဲ့၏။ သာမန်အားဖြင့် ၎င်းက မကောင်းဆိုးဝါး အင်အားစုများကို ခုတ်ထစ်လိမ့်မည်ဖြစ်သော်လည်း လိုအပ်ပါက ဂိုဏ်းသုံးဂိုဏ်း၏တပည့်များဘက်သို့လည်း ဓားဦးလှည့်လာနိုင်သည်။
ဤဓားကိုဖုံးကွယ်ထားခြင်းမှာ ပြဿနာကြီးကြီးမားမား မဖြစ်စေချင်ခြင်းနှင့် မသေမျိုးခုံရုံးအား စိတ်မဆိုးစေရန်ရှောင်ရှားလိုခြင်းကြောင့် ဖြစ်သည်။
သန့်ရှင်းသောလက်နှင့် ကြည်လင်သော စိတ်ထားရှိသူမည်သူမဆို ဤကဲ့သို့သောအင်အားစုမျိုးတွင် ဝင်ရောက်ချင်မည် မဟုတ်ပေ။
ကံမကောင်းစွာဖြင့် ရှန်းယီမှာမူ ကွာခြားပါသည်။ သူသည် အမှန်တကယ်အချိန်မရှိသည့်အပြင် ရွေးချယ်စရာအခွင့်အရေးလည်း သိပ်မရှိပေ။
မသေမျိုးအရာရှိတစ်ဦး၏အသက်ကိုပင် နှုတ်ယူခဲ့ပြီးဖြစ်ရာ ဂိုဏ်းသုံးဂိုဏ်းမှတပည့်များအပေါ် လက်ပါကျူးလွန်ရန် သူတုံ့ဆိုင်းနေမည်လော။ လုံလောက်သော ဆုလာဘ်ရှိရန်သာ ပို၍အရေးကြီးပါသည်။
ထိုအချက်ကိုစိတ်ထဲထားလျက် ရှန်းယီက မိမိကိုယ်မိမိပြန်လည်ထိန်းချုပ်ကာ ကျန်းယန်စီရင်စုသို့ ဦးတည်သွားလိုက်၏။
...
ကျန်းယန်စီရင်စု၊ တည်းခိုခန်းတစ်ခု
ရှန်းယီက ကုတင်ပေါ်တွင် ထိုင်နေခဲ့သည်။ သူ ရှန်းယွဲ့ကျန်းချင်ထျန်းကို စတင်ကျင့်ကြံကတည်းက သရုပ်ဖော်ရန် ဤကဲ့သို့သောပတ်ဝန်းကျင်မျိုးတွင် မနေထိုင်ခဲ့ရသည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီဖြစ်သည်။