← Chapters

အခန်း (၇၄၁-၇၄၂)

Vol. 62 Ch. 741-742

အခန်း (၇၄၁-၇၄၂)

Vol. 62 Ch. 741-742

အခန်း (၇၄၁) နောက်ဆုံး စမ်းသပ်မှု

အခန်းထဲတွင် ကုအန်က စားပွဲဘေးတွင် ထိုင်ကာ သူ့အတွက် လက်ဖက်ရည် ငှဲ့နေ၏။ လုရှန် က တံခါးကို ပိတ်လိုက်ပြီးနောက် ကုအန်၏ ရှေ့သို့ ရောက်လာကာ လျှို့ဝှက်ဆန်းကြယ်သည့် ဟန်ပန်ဖြင့် သေတ္တာရှည် တစ်လုံးကို ထုတ်ယူ၍ စားပွဲပေါ်တွင် တင်လိုက်သည်။

ဤမြင်ကွင်းက လုရှန် သူ့ကို ကောင်းကင်တာအို အမတကျောက်တုံး ပေးအပ်ခဲ့စဉ်က အချိန်ကို ပြန်လည် သတိရသွားစေသဖြင့် ကုအန်မှာ ရယ်ချင်စိတ် ဖြစ်မိသလို အကူအညီမဲ့သလိုလည်း ခံစားလိုက်ရ၏။

လုရှန် မရောက်လာမီကတည်းက ဤကောင် ဘာပေးမည်ကို ကုအန် သိထားနှင့်ပြီး ဖြစ်သော်လည်း လုရှန် ကို မေးရန် ရွေးချယ်လိုက်သည်။

“ဒါက ဘာလဲ...”

ကုအန်၏ မေးခွန်းကို တုံ့ပြန်သည့်အနေဖြင့် လုရှန် က ရယ်မောလိုက်၏။ “နောက်ထပ် အမတနတ်ဘုရားတွေ ရဲ့ အခွင့်အရေး တစ်ခုလေ... ကျွန်တော်ကကိုကျွွန်တော်တောင် သာမန် လူသားကမ္ဘာ ကို ဆင်းသက်လာတဲ့ အမတနတ်ဘုရား တစ်ပါးလားလို့တောင် သံသယ ဝင်လာပြီ... အထဲမှာ နတ်ဘုရား သစ်သား တစ်ပိုင်း ပါပြီး အမတအဖြစ် တက်လှမ်းနိုင်မယ့် အခွင့်အရေး တစ်ခု ပါဝင်နေတယ်... အဓိပတိ အမတနတ်ဘုရား တစ်ပါးက မဟာတာအို စကြဝဠာထဲမှာ တစ်ခုခုကို လိုက်ရှာနေတယ်လို့ ပြောကြတယ်... တကယ်လို့ တယောက်ယောက်က သူ့ကို ကူညီပေးနိုင်ရင် အမတ ကံကြမ္မာ ကို ရရှိနိုင်တယ်တဲ့...”

ကုအန်က အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း သူ၏ ရင်ထဲတွင် အထင်အမြင် သေးသွားမိ၏။

ကောင်းကင်သားတော် နဲ့ သူရဲ့ အမတနတ်ဘုရားတွေ က ဒီလို အသေးအဖွဲ လှည့်ကွက်တွေကို သုံးပြီး အဓိပ္ပာယ် မရှိတာတွေနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ဖန်တီးနေတာပဲ...

ကုအန်က ပြောလိုက်သည်။ “ဒီအကြောင်းအကျိုး ထဲမှာ မပါဝင်စေနဲ့...”

ကောင်းကင်သားတော်များ အကြား ပြိုင်ဆိုင်မှု အကြောင်းကို သူက လုရှန် ကို ပြန်ပြောပြရာ လုရှန် မှာ အံ့အားသင့်စွာ နားထောင်နေ၏။

၎င်းက အကြံအစည် သို့မဟုတ် ထောင်ချောက် တစ်ခုများလား ဟု လုရှန် သံသယ ဝင်ခဲ့ဖူးသော်လည်း ၎င်း၏ နောက်ကွယ်တွင် ထိုကဲ့သို့သော အာဏာလုပွဲ တစ်ခု ဖုံးကွယ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

ကောင်းကင်တာအို က သူ့ကလေးတွေရဲ့ ပြိုင်ပွဲမှာ သက်ရှိ သတ္တဝါ အားလုံးကို နယ်ရုပ်တွေ အနေနဲ့ အသုံးချမှာလား...

အဲဒီနောက်ကျရင် ကောင်းကင်တာအို က ကောင်းကင်သားတော် ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာ မဟုတ်ဘဲ အမတနတ်ဘုရားတွေ ရဲ့ ပဋိပက္ခတွေထဲမှာ ပါဝင်တဲ့ ကျင့်ကြံသူတွေကိုပဲ ကောင်းကင်အပြစ်ပေးခြင်း ချမှတ်မှာပေါ့လေ...

လုရှန် မှာ အဓိပ္ပာယ် မရှိသလို ခံစားရပြီး မကျေမနပ်လည်း ဖြစ်သွား၏။

အမတနတ်ဘုရားများ အပေါ် သူ အတိုင်းအတာ တစ်ခုအထိ ကြည်ညိုလေးစားမှု ရှိလေသည်။ တိတိကျကျ ပြောရလျှင် ကျင့်ကြံသူတိုင်းက အမတအဖြစ် တက်လှမ်းရန် မျှော်လင့်ကြပြီး လူတိုင်း၏ ရင်ထဲတွင် အမတနတ်ဘုရားများနှင့် ပတ်သက်သော စိတ်ကူးယဉ်မှု တစ်ခု ရှိကြ၏။

အမတနတ်ဘုရားများ တွင် သက်ရှိ သတ္တဝါ အားလုံးကို ကာကွယ်စောင့်ရှောက်ရန် မဖြစ်မနေ တာဝန် ရှိသည်ဟု လုရှန် မယုံကြည်သော်လည်း အမတနတ်ဘုရားများ သည် မြင့်မြတ်ပြီး သာမန် လူသားများနှင့် ကွဲပြားသည်ဟု သူ ခံစားရသည်။ ထို့ပြင် အမတနတ်ဘုရားများ အကြား ပဋိပက္ခ ဆိုသည်မှာ သူတို့ အချင်းချင်း ရင်ဆိုင်မှုသာ ဖြစ်သင့်ပေသည်။ သူတို့ထက် များစွာ အားနည်းသော သာမန် သက်ရှိများ ကို သူတို့က မည်သို့များ ကစားစရာ တစ်ခုလို သဘောထားနိုင်ရသနည်း။

သူ၏ ဆရာက အမတအဖြစ် တက်လှမ်းရန် အဘယ်ကြောင့် ငြင်းဆန်ခဲ့သည်ကို သူ ရုတ်တရက် နားလည်သွား၏။ ထိုကဲ့သို့သော အမတနတ်ဘုရားများ၊ ထိုကဲ့သို့သော ကောင်းကင်နန်းတော် က အမြင်ကျဉ်းသော သဘောထား ရှိပုံရပေသည်။

အနာဂတ်မှာ နောက်ထပ် အမတနတ်ဘုရား အုပ်စုတစ်စု က သူတို့နေရာ အစားထိုးနိုင်ကောင်း အစားထိုးနိုင်လိမ့်မယ်...

“ဆရာ... ဒါဆို ဒီကိစ္စကို ကျွန်တော်တို့ ဘယ်လို ကိုင်တွယ်ရမလဲ...” လုရှန် က ကုအန်ကို မော့ကြည့်၍ မေးလိုက်သည်။

ကုအန်က စားပွဲပေါ်ရှိ သေတ္တာရှည်ကို တစ်ချက် ကြည့်လိုက်ရာ ၎င်းက ချက်ချင်း မီးလောင်သွားတော့၏။ လုရှန် က စကားပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။

ဤအကြောင်းအကျိုး ၏ နောက်ကွယ်က အကြံအစည်ကို သိထားလျှင်တောင်မှ သူက မှန်ကန်သော ဘက်ကို ရွေးချယ်မိပြီး သူတို့က ကတိတည်ခဲ့လျှင်ကော ဟူသော အနည်းငယ်သော ထင်ယောင်ထင်မှား မျှော်လင့်ချက်လေး တစ်ခု သူ၏ ရင်ထဲတွင် ရှိနေသေး၏။

သေတ္တာရှည်က ပြာအဖြစ် ပြောင်းလဲသွားသည်ကို မြင်သောအခါ သူ စိတ်သက်သာရာ ရသွားသည်။

သူကိုယ်တိုင်ပင် ဤမျှရှုပ်ထွေးသော အတွေးများ ရှိနေပါက ပိုမို ပြင်းထန်သော ရည်မှန်းချက်များ ရှိသည့် ထိုကျင့်ကြံသူများကို ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

ဒီအရာက တကယ်ကို ကြောက်စရာကောင်းတာပဲ...

အမတနတ်ဘုရားများ အတွက် အရပ်မျက်နှာ အသီးသီးရှိ ကောင်းကင်ဘုံများ စစ်ခင်းကြမည့် ကြောက်မက်ဖွယ် မြင်ကွင်းများကို လုရှန် ကြိုတင် မြင်ယောင်နေနိုင်ပြီ ဖြစ်သည်။ ၎င်းက ယခင် နှစ်သိန်းပေါင်းများစွာ ကြာမြင့်ခဲ့သော လူသားကမ္ဘာမှ စစ်ပွဲများထက် များစွာ ပို၍ ကြောက်စရာ ကောင်းမည်မှာ သေချာပေသည်။

ကုအန်က လုရှန် ကို ကြည့်၍ ပြောလိုက်၏။ “အခု မင်း ပြန်ရောက်လာပြီ ဆိုတော့ သက်တမ်းတာအိုနယ်မြေမှာ ကျင့်ကြံဖို့ အချိန် ပိုပေးလိုက်ပါ... ချန်ချွမ်နဲ့ မတူဘဲ မင်းက ဂိုဏ်းရဲ့ နှောင်ဖွဲ့မှုတွေ မရှိဘူးလေ...”

သူ၏ ညွှန်ကြားချက်ကို ရင်ဆိုင်ရသောအခါ လုရှန် က သဘာဝကျကျ မငြင်းဆန်ဝံ့ဘဲ သဘောတူရုံသာ တတ်နိုင်တော့၏။ ကုအန်က လက်ဝှေ့ယမ်းကာ လုရှန် ကို ထွက်သွားရန် အချက်ပြလိုက်သည်။

တံခါး ပိတ်သွားသည်နှင့် ကုအန်က အချက်အလက်ဇယား ကို ဖွင့်ကြည့်လိုက်၏။

[အမည် - ကုအန်]

[သက်တမ်း - ၁,၄၈၇,၉၀၂ / ၉၉,၈၉၀,၈၁၆,၇၈၅,၄၀၈]

[ခန္ဓာကိုယ် - မူလဘူတ အဆုံးမဲ့ ဖန်ဆင်းခြင်း တာအိုခန္ဓာကိုယ်]

[ကျင့်ကြံခြင်း အဆင့် - တာအိုအထွတ်အထိပ် တာလော့အမတ အစောပိုင်းအဆင့်]

…

သက်တမ်းက ၁ ကွဒရီလီယံကိုနီးလာပြီပဲ...အဲဒီအချိန်ကျရင် ငါ အဆင့်ချိုးဖျက်နိုင်လိမ့်မယ်...

ပိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိတော့မည်ကို တွေးမိသောအခါ ကုအန်က စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ခဲ့ချေ။

မကြာမီ ရင်ဆိုင်ရမည့် အစွမ်းထက်သော ရန်သူ မရှိလျှင်တောင်မှ သူက ဆက်တိုက် ပိုမို အစွမ်းထက်လာနေသည် ဆိုသော ခံစားချက်ကို သူ နှစ်သက်၏။ အထူးသဖြင့် သူက အခြားသူများနှင့် နှိုင်းယှဉ်နိုင်သည့် အခါမျိုးတွင် ပို၍ပင် ဖြစ်သည်။

နောက်ထပ် အဆင့် အပြင် ၁ ကွဒရီလီယံ သက်တမ်းက မည်သည့် လုပ်ဆောင်ချက်များကို သော့ဖွင့်ပေးမည်ကို သူ စပ်စုချင်နေမိ၏။ နောက်ထပ် လုပ်ဆောင်ချက် အဆင့်မြှင့်တင်မှု တစ်ခုများ ရှိလာမလား။

သက်တမ်း ကြိုတင်ခန့်မှန်းခြင်း ၏ တိုးတက်လာမှုများက သူ၏ အကြိုက်နှင့် ကိုက်ညီပေသည်။ တစ်ခါတစ်ရံ ပေါ်လာသော အရိပ်အမြွက်များက သူ၏ စိတ်ကို အနှောင့်အယှက် ဖြစ်စေသော်လည်း အလားအလာရှိသော ရန်သူ ဘယ်လောက် ရှိသလဲ၊ သူတို့က ဘယ်သူတွေလဲ ဆိုတာကို သိထားရခြင်းက သူ့ကို ပို၍ မျှော်လင့်လာစေသည်။

“ငါ့မှာ သက်တမ်းတွေ အများကြီး ရှိနေပြီဆိုတော့ သက်တမ်း ဝင်စားခြင်း အတွက် နှစ်ဆယ်သန်းလောက် သုံးလိုက်သင့်လား...”

ကုအန်တွင် ရုတ်တရက် အတွေးတစ်ခု ဖြစ်ပေါ်လာ၏။ လုံ မိသားစု ၏ အကြောင်းအကျိုး ကြောင့် သူက သက်တမ်း ဝင်စားခြင်း ကို အလွယ်တကူ အကောင်အထည် မဖော်ရဲဘဲ ယခုအခါ သက်တမ်း ပုံရိပ်ထင်ဟပ်ခြင်း ကို ပိုမို အသုံးပြုရန် ရွေးချယ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူက လုံလောက်သော အကြောင်းအကျိုးများတွင် ဝင်ရောက် စွက်ဖက်ခဲ့ပြီး ဖြစ်ရာ မိမိကိုယ်ကိုယ် အဘယ်ကြောင့် အလကား ဒုက္ခရှာရမည်နည်း။

သူ့ကို ဖယ်ထားလျှင်တောင် အခြားသော မဟာစွမ်းအားရှင် ကျင့်ကြံသူများ ကလည်း ပိုမို အစွမ်းထက်လာစေမည့် လမ်းကြောင်းပေါ်တွင် အခြားသူများ၊ ကောင်းကင်ဘုံများနှင့် စကြဝဠာ ၏ အကြောင်းအကျိုးများကို ပြောင်းလဲပစ်ကြ၏။ မဟာတာအို ၏ အကြောင်းအကျိုးများက ဘယ်သောအခါမှ ပုံသေ မရှိဘဲ အဆက်မပြတ် ပြောင်းလဲနေပေသည်။ အနာဂတ်ကို အစစ်အမှန် မြင်တွေ့ရခြင်း ဆိုသည်မှာ ရလဒ်တစ်ခုတည်းကို မြင်တွေ့ရခြင်း မဟုတ်ဘဲ မရေမတွက်နိုင်သော ရလဒ်များကို မြင်တွေ့ရပြီး မိမိအတွက် အသင့်လျော်ဆုံး တစ်ခုကို ရွေးချယ်ခြင်းသာ ဖြစ်သည်။

ထိုအတွေးဖြင့် ကုအန်က သက်တမ်း ဝင်စားခြင်း ကို ချက်ချင်း စတင်လိုက်၏။

လျစ်လှူရှူထားသောအချက်ပြစာသား တစ်ခုက သူ၏ မျက်စိရှေ့တွင် ထွက်ပေါ်လာပြီး သက်တမ်း ဝင်စားခြင်း စတင်တော့မည့် လက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။

အပြာရောင် ကောင်းကင်ကြီး အောက်တွင် အဆုံးအစမရှိသော တောင်တန်းများက ရှေးဟောင်း နဂါးသားရဲကြီးများ၏ ကျောရိုးများကဲ့သို့ ကြမ်းတမ်းပြီး ဆူးချွန်များ ထွက်နေကာ နိမ့်ချည်မြင့်ချည် ရှိနေကြ၏။

တောင်ခါးပန်း တစ်ခုပေါ်တွင် ကျန်းပုခု နှင့် ရွှီယို တို့က အတူတကွ တင်ပျဉ်ခွေ ထိုင်နေကြပြီး မျက်စိတစ်ဆုံး နေရာအနှံ့ ထိုင်နေကြသော ကောင်းကင်စစ်သည်များ၏ ပုံရိပ်များဖြင့် ပြည့်နှက်နေသည့် မြင်ကွင်းကို ငေးကြည့်နေကြသည်။

ရွှီယို က ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ပြီး ကောင်းကင်ယံဆီသို့ မော့ကြည့်လိုက်၏။ မကြာမီမှာပင် ကျန်းပုခု ကလည်း မျက်လုံးများ ဖွင့်လာသည်။

ပိုမို များပြားသော ကောင်းကင်စစ်သည်များက မျက်လုံးများ ဖွင့်လာကြပြီး အားလုံး၏ အကြည့်များက ကောင်းကင်ယံဆီသို့ ဦးတည်သွားကြ၏။

ကျယ်ပြန့်သော အပြာရောင် ကောင်းကင်ကြီး တွင် အက်ကြောင်း တစ်ခု ထွက်ပေါ်လာပြီး ၎င်းအတွင်းတွင် မိုးကြိုးများ ယှက်နွယ်နေကာ ကောင်းကင်ကြီးက ခွဲခြမ်းခံလိုက်ရသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။

အက်ကြောင်း အတွင်းမှ ပုံရိပ်တစ်ခု လျှောက်ထွက်လာပြီး ကောင်းကင်ယံမှ တောက်ပသော နေမင်းကြီး တစ်စင်းကဲ့သို့ ရွှေရောင် အလင်းတန်းများ ထုတ်လွှတ်နေ၏။ ၎င်းမှာ ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ပင်။

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ကို မြင်သောအခါ ကောင်းကင်စစ်သည်များ အားလုံး မတ်တတ်ထရပ်လိုက်ကြသည်။

မဟာတာအို လမ်းစဉ် တွင် ယခင်က ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့က စမ်းသပ်မှု အသစ်တစ်ခုကို ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား က စီစဉ်ပေးမည့် အချိန်ကို စောင့်ဆိုင်းရင်း ဤကမ္ဘာတွင် ကျင့်ကြံနေခဲ့ကြခြင်းဖြစ်သည်

သူတို့က အမတအဖြစ် တက်လှမ်းပြီး နတ်ဘုရားများ ဖြစ်လာရန် အလွန် ဝေးကွာနေဆဲ ဖြစ်သည်။ လူအများစုကို လက်လျှော့ချင်စိတ် ဖြစ်ပေါ်စေလောက်အောင် အလှမ်းဝေးလွန်းနေသော်လည်း သူတို့မှာ အကူအညီမဲ့နေကြ၏။

“နောက်တစ်ခုက နောက်ဆုံး စမ်းသပ်မှု ဖြစ်လိမ့်မယ်... ကောင်းကင်စစ်သည် တစ်သိန်း သာလျှင် ထွက်ပေါ်လာနိုင်ပြီး ဒီထိပ်တန်း တစ်သိန်းက ကောင်းကင်တာအို ကံကြမ္မာ ကို ရရှိလိမ့်မယ်... သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့် လုံလောက်သွားတာနဲ့ တစ်ပြိုင်နက် ငါ့လိုပဲ နတ်ဘုရားတွေ ဖြစ်လာနိုင်လိမ့်မယ်”

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ၏ အသံက ကမ္ဘာကြီး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားရာ ကျန်းပုခု အပါအဝင် ကောင်းကင်စစ်သည် တိုင်း၏ အသက်ရှူနှုန်းကို မြန်ဆန်သွားစေတော့သည်။

သို့သော်လည်း ကျန်းပုခု က အနည်းငယ် နောင်တရမိ၏။ သူက ကျင့်ကြံခြင်း စုဆောင်းရန်အတွက် အချိန်ပို လိုချင်သေးသည်။ အခြား ကောင်းကင်စစ်သည်များ နှင့် နှိုင်းယှဉ်လျှင် သူက အလွန် ငယ်ရွယ်လွန်းပြီး ယခု နောက်ဆုံး စမ်းသပ်မှုကို ရင်ဆိုင်ရခြင်းက သူ့အတွက် အတော်လေး အားနည်းချက် ဖြစ်နေသည်။

သူ၏ ကျင့်ကြံခြင်း အဆင့်က အားသာချက် မရှိသော်လည်း ကျန်းပုခု တွင် ယုံကြည်မှု အနည်းငယ် ရှိနေသေး၏။

နေရာ တစ်သိန်းတဲ့လား... သူ မျှော်လင့်ထားတာထက်တောင် ပိုများသေးတယ်...

ရွှီယို က နှုတ်ခမ်းကို တွန့်၍ တိုးတိုးလေး ပြောလိုက်သည်။ “ကြည့်ရတာ တချို့ အမတနတ်ဘုရားတွေက ငါတို့ကို အသုံးချဖို့ လိုနေပုံပဲ... ကောင်းချီးလား၊ ကပ်ဘေးလား ဆိုတာတော့ မသိသေးဘူး...”

ထိုစကားကို ကြားပြီးနောက် ကျန်းပုခု က ဂရုမစိုက်ခဲ့ချေ။ ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ၏ နောက်သို့ လိုက်ကတည်းက သူတို့က တာဝန် အမျိုးမျိုးကို ထမ်းဆောင်ခဲ့ကြပြီး သေဘေးမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ကြ၏။

ဒီအထိ ရောက်လာပြီ ဆိုမှတော့ သူက အမတအဖြစ် တက်လှမ်းဖို့ စိတ်ပိုင်းဖြတ်ထားပြီးသားပင်...

သူ ကိုယ်တိုင်အတွက်သာ အမတအဖြစ် တက်လှမ်းမည် မဟုတ်ချေ။ ဝင်စားခြင်း တွင် သူ၏ မိဘများကို ရှာဖွေပြီး ဆရာ ကု နှင့် လီယ တို့ထံသို့ သွားရောက် လည်ပတ်ရန် ရည်မှန်းထား၏။

သူ့အမြင်တွင် ဆရာ ကု နှင့် လီယ တို့သည် သေဆုံးသွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

နှစ်တစ်သန်းကျော် ကုန်လွန်သွားခဲ့ပြီး ထိုကမ္ဘာ၏ အခြေခံအုတ်မြစ်က ထိုနှစ်ယောက်ကို ယနေ့တိုင် အသက်ရှင်ခွင့် ပေးရန် မလုံလောက်ခဲ့ပေ။ သူတို့၏ ပါရမီက ထူးခြားခြင်း မရှိကြောင်းကိုတော့ ပြောစရာပင် မလိုတော့ချေ။

ကျန်းပုခု က လက်သီးကို ဆုပ်၍ အသက်ပြင်းပြင်း ရှူလိုက်ရာ သူ၏ မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်ထားသည့် မီးတောက်တစ်ခု တောက်လောင်နေ၏။

ရွှီယို က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်မိသည်။ ဤကောင်က ထပ်ပြီး စိတ်လှုပ်ရှားနေပြန်ချေပြီ။ နှစ်ပေါင်းများစွာ အတူတကွ နေလာခဲ့သော်လည်း သူ ဘာကြောင့် ဤမျှ လွယ်ကူစွာ စိတ်လှုပ်ရှားတတ်သနည်း ဆိုသည်ကို ရွှီယို နားမလည်နိုင်အောင် ဖြစ်နေဆဲပင်။

“ဒီနောက်ဆုံး စမ်းသပ်မှုက ဒီကမ္ဘာမှာပဲ စတင်လိမ့်မယ်... မင်းတို့ အချင်းချင်း သတ်ဖြတ်ဖို့ မလိုဘဲ ဝင်စားခြင်း ကနေတစ်ဆင့် အနိုင်အရှုံးကို ဆုံးဖြတ်ရမယ်... ဝင်စားခြင်း ကနေ ထွက်ပေါ်လာတဲ့ ထိပ်တန်း ကောင်းကင်စစ်သည် တစ်သိန်း က အောင်မြင်မှာ ဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ဝင်စားခြင်း ထဲမှာ ထာဝရ ပျောက်ဆုံးသွားပြီး ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး...”

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ၏ အသံက ထပ်မံ ထွက်ပေါ်လာရာ ကောင်းကင်စစ်သည်များ၏ စိတ်အားထက်သန်မှုကို လျော့ကျသွားစေတော့၏။

ဝင်စားခြင်း ထဲမှာ ထာဝရ ပျောက်ဆုံးသွားမယ် ဟုတ်လား။

အခန်း (၇၄၂) ထာဝရအသက် အသီး

ထိုက်ဝေ့ မဟာကမ္ဘာ

အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျူးရှီ က တိမ်များပေါ်တွင် ရပ်လျက် အောက်ဘက်ရှိ ကျယ်ပြောလှသော မြေပြင်ကြီးကို ငုံ့ကြည့်နေ၏။ သူမ၏ နောက်တွင် ထူးခြားသော အငွေ့အသက်များ ထုတ်လွှတ်နေသည့် လူရာပေါင်းများစွာ လိုက်ပါလာပြီး အားလုံးက မြေပြင်ကို ငုံ့ကြည့်ကာ သူတို့၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေကြသည်။

သူတို့၏ အကြည့်တစ်လျှောက် အောက်ဘက်ရှိ အဆုံးအစမရှိ

သော မြေပြင်ကြီးမှာ လုံးဝ ဖရိုဖရဲ ဖြစ်နေပြီး နေရာအနှံ့ တွင်းချိုင့်ကြီးများ ဖြစ်ပေါ်နေကာ တောင်တန်းများ ပြိုလဲနေပြီး မီးခိုးများက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားကာ တိမ်ပင်လယ်ကိုပင် မှောက်လှန်ပစ်တော့မည့်အလား ဖြစ်နေ၏။

မြေပြင်၏ အစွန်းတွင် ပေသောင်းနှင့်ချီ မြင့်မားသော မီးပင်လယ်ကြီး တစ်ခု ရှိနေပြီး ကမ္ဘာကြီး တစ်ခုလုံးကို ဝါးမျိုတော့မည့်အလား ခမ်းနားကြီးကျယ်လှပေသည်။

ကျူးရှီ က မျက်လုံးများကို မှေးလိုက်သည်။ ထိုကြောက်မက်ဖွယ် မီးပင်လယ်ကြီးထဲတွင် သူမ၏ မျက်လုံးများကို ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေမည့် ပုံရိပ်တစ်ခုကို သူမ မြင်တွေ့လိုက်ရ၏။

“အဲဒါ ဘယ်သူလဲ... နတ်ဘုရားခုံရုံး ရဲ့ နယ်နိမိတ် တောင်တန်းကို သူက ဘယ်လိုလုပ် တိုက်ခိုက်ရဲတာလဲ...”

“ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ... နတ်ဘုရားခုံရုံး ရဲ့ မဟာစွမ်းအားရှင် တွေ ချက်ချင်း သုတ်သင်ခံလိုက်ရတာပဲ...”

“ဒါ ရူးသွပ်တာပဲ... မိစ္ဆာ ဝင်ပူးခံထားရတာများလား...”

“မိစ္ဆာ ဝင်ပူးခံထားရရင်တောင် ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားရှိဖို့ဆိုတာ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က သာမန်ထက် အများကြီး မြင့်မားနေရမယ်...”

“ကိစ္စမရှိပါဘူး... သူက ငါတို့ဆီ လာနေတာ မဟုတ်သရွေ့ ငါတို့ အလျင်စလို မလှုပ်ရှားသင့်ဘူး...”

ကျင့်ကြံသူများက အချင်းချင်း ဆွေးနွေးနေကြ၏။ ကျူးရှီ က သူတို့၏ ဆွေးနွေးမှုတွင် မပါဝင်သော်လည်း သူမသည်လည်း အလားတူပင် စပ်စုချင်နေမိသည်။

ထိုက်ဝေ့ မဟာကမ္ဘာ တွင် နှစ်သိန်းပေါင်းများစွာ ရပ်တည်လာခဲ့ရာ ဤမျှ အစွမ်းထက်ပြီး နတ်ဘုရားခုံရုံး ကို ဤသို့ လုပ်ဆောင်ရဲသူကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။

ပိုမို ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်များ ဖြစ်ပေါ်လာတော့မည်ဖြစ်ပြီး ထိုက်ဝေ့ မဟာကမ္ဘာ က မကြုံစဖူးသော ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရတော့မည်ဟု သူမ၏ အလိုအလျောက် သိစိတ်က ပြောနေသည်။

ထိုက်ဝေ့ မဟာကမ္ဘာ မှ ထွက်ပြေးသင့်၊ မထွက်ပြေးသင့် သူမ ချီတုံချတုံ ဖြစ်နေမိ၏။

နတ်ဘုရားခုံရုံး က အမတနတ်ဘုရားများနှင့် ပူးပေါင်း၍ ဆိုးရွားယုတ်မာသော လုပ်ရပ်များကို ကျူးလွန်နေခဲ့သည်။ နတ်ဘုရားခုံရုံး ၏ လုပ်ရပ်များက နောက်ဆုံးတွင် ပေါ်ပေါက်သွားပြီး ထိုက်ဝေ့ မဟာကမ္ဘာ ၏ အပြောင်းအလဲ တစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူမ အမြဲတမ်း ခံစားခဲ့ရ၏။ သူမက နတ်ဘုရားခုံရုံး နေရာတွင် အစားထိုး၍ မြင့်မြတ်ခုံရုံး အသစ်တစ်ခုကို တည်ထောင်ချင်ခဲ့သည်။ နှစ်သိန်းပေါင်းများစွာ ကြိုးပမ်းပြီးနောက် နောက်ဆုံးတွင် အင်အားစု တစ်ခုကို သူမ တည်ဆောက်နိုင်ခဲ့၏။ ၎င်းကို အလွယ်တကူ စွန့်လွှတ်လိုက်ရန်မှာ အလွန် နာကျင်ရသော ဆုံးဖြတ်ချက် တစ်ခု ဖြစ်ပေသည်။

ထို့ပြင် မီးပင်လယ်ထဲရှိ ပုံရိပ်က သူမကို ရှင်းပြမရနိုင်သော ရင်းနှီးသည့် ခံစားချက်ကို ပေးစွမ်းနေ၏။

ထိုအခိုက်တွင် ကြီးမားလှသော ဖိအားပေးနိုင်သည့် စွမ်းအားတစ်ခုက ကမ္ဘာကြီး တစ်ခုလုံး အပေါ်သို့ ကျဆင်းလာသည်။

ကျူးရှီ နှင့် အခြားသူများက မော့ကြည့်လိုက်ရာ တိမ်ပင်လယ် အလွန် မိုးကုပ်စက်ဝိုင်းမှ တားဆီး၍ မရနိုင်သော အမည်းရောင် စွမ်းအင် အစုအဝေး တစ်ခု ထိုးဆင်းလာသည်ကို မြင်တွေ့လိုက်ရ၏။

ဤအမည်းရောင် စွမ်းအင် အစုအဝေးက အဆုံးအစမရှိသော မီးပင်လယ်ထဲသို့ အံ့မခန်း အရှိန်အဟုန်ဖြင့် ထိုးဆင်းသွားသည်။ မီးပင်လယ်က လွင့်စဉ်သွားပြီး ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်မည့် လေပြင်းများကို လှုံ့ဆော်ပေးလိုက်၏။

ကျူးရှီ နှင့် အခြားသူများက ပူလောင်သော မီးလေပြင်းများကို ခုခံရန် သူတို့၏ စွမ်းအင်များကို အသုံးပြုလိုက်ကြသည်။

ကျူးရှီ က မျက်လုံးများကို မှေးလိုက်ပြီး အမည်းရောင် စွမ်းအင်က မီးပင်လယ်ထဲသို့ ဝင်တိုက်ကာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။

ဤအမည်းရောင် စွမ်းအင်ကို သူမ ယခင်က မြင်ဖူးခဲ့သည်။ ၎င်းမှာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေလောက်သည့် ကျင့်ကြံခြင်း စွမ်းအား ရှိပြီး သူမကို တစ်ခါက မျှော်လင့်ချက်မဲ့သွားစေခဲ့သော နတ်ဘုရားခုံရုံး ၏ မဟာစွမ်းအားရှင် တစ်ဦး ပိုင်ဆိုင်သည့် အရာ ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် ထိုတိုက်ပွဲတွင် ပစ်မှတ်က အခြားလူ တစ်ယောက် ဖြစ်နေပြီး သူမက ကြားညပ်သွားရုံသာ ဖြစ်ကာ နောက်ဆုံးတွင် အန္တရာယ်မှ သီသီလေး လွတ်မြောက်လာခဲ့သည်။

ကျူးရှီ ၏ ရင်ထဲတွင် အဓိပ္ပာယ် မရှိသော သံသယ တစ်ခု ဖြစ်ပေါ်လာ၏။

“မင်း... မင်းက တကယ်ပဲ ဘယ်သူလဲ...”

ထိတ်လန့်နေသော အသံတစ်သံ ပဲ့တင်ထပ်သွားရာ ကျူးရှီ ၏ ပတ်လည်ရှိ အခြား ကျင့်ကြံသူများကို အံ့အားသင့်သွားစေသည်။ သူတို့ကလည်း ဤအသံကို မှတ်မိကြ၏။

၎င်းမှာ နတ်ဘုရားခုံရုံး ၏ မဟာကျင့်ကြံသူလီချန်ဖုန်း ၏ အသံ ဖြစ်သည်။

လီချန်ဖုန်း သည် ဟန်ထျန်းအမတ တစ်ပါး ဖြစ်ပြီး နတ်ဘုရားခုံရုံး ၏ နာမည်ကျော် နတ်စစ်သူကြီး တစ်ဦး ဖြစ်ကာ မရေမတွက်နိုင်သော ရန်သူများကို သတ်ဖြတ်ခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်း ရှိသူ ဖြစ်၏။

သူတို့က လီချန်ဖုန်း ကို ရင်ဆိုင်ရသောအခါ အကြောက်တရားဖြင့်သာ မော့ကြည့်နိုင်ခဲ့ကြသည်။ ဤကဲ့သို့သော လေသံမျိုးဖြင့် သူ စကားပြောသည်ကို သူတို့ တစ်ခါမှ မကြားဖူးခဲ့ကြချေ။

ကြောက်ရွံ့မှု၊ မျှော်လင့်ချက်မဲ့မှု...

လီချန်ဖုန်း က ဆင်းသက်လာပြီးတာနဲ့ ချက်ချင်း ရှုံးနိမ့်သွားတာလား...

နတ်အာရုံ ရာပေါင်းများစွာက တစ်ပြိုင်နက်တည်း စူးစမ်းကြည့်လိုက်ကြပြီးနောက် အံ့အားသင့်စွာ အသက်ရှူမှားသွားသည့် အသံများ ထွက်ပေါ်လာ၏။

“ဆုတ်ကြ...”

ကျူးရှီ က ချက်ချင်း အမိန့်ပေးလိုက်ပြီး ထွက်သွားရန် အရင်ဆုံး လှည့်လိုက်ရာ အခြားသူများကလည်း အနီးကပ် လိုက်ပါသွားကြသည်။ မည်သူမျှ ချီတုံချတုံ မဖြစ်ကြဘဲ အားလုံး ကြောက်လန့်တကြား ဖြစ်နေကြ၏။

အဝေးတွင် မီးပင်လယ်က လွင့်စင်သွားပြီး မည်းညစ်နေသော လွင်ပြင်ကျယ်ကြီးပေါ်တွင် ခန္ဓာကိုယ် အထက်ပိုင်း ဗလာကျင်းနေသော ဆံပင်ဖြူ အမျိုးသား တစ်ဦး ရပ်နေသည်ကို ဖော်ပြလိုက်သည်။ သူက ခရမ်းရောင် ဝတ်ရုံရှင် အမျိုးသား တစ်ဦး၏ လည်ပင်းကို ဆုပ်ကိုင်၍ အမြင့်သို့ မြှောက်ထား၏။

ဤခရမ်းရောင် ဝတ်ရုံရှင် အမျိုးသားမှာ နတ်ဘုရားခုံရုံး ၏ လီချန်ဖုန်း ဖြစ်ပြီး ဖရိုဖရဲ ဖြစ်နေသော ဆံပင်များနှင့် သွေးများ ပြည့်နှက်နေသည့် မျက်နှာ ရှိကာ သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

တစ်ကွက်တည်းပဲ။

တစ်ကွက်တည်းနှင့်ပင် ပြိုင်ဘက်က သူ၏ တာအိုအသီး ကို ချေမှုန်းပစ်လိုက်ပြီး သူ၏ နတ်စွမ်းအင်များ အားလုံးကို လွင့်စင်သွားစေခဲ့၏။

သူ့မှာ ရုန်းထွက်ရန် ခွန်အား မရှိတော့ဘဲ သေမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရတော့သည်။

ပြိုင်ဘက်၏ မှန်းဆ၍ မရနိုင်သော စွမ်းအားက သူ့ကို တုန်လှုပ်သွားစေပြီး နတ်ဘုရားခုံရုံး အတွက် ကြီးမားသော ပြဿနာကို ကြိုတင် နိမိတ်ပြနေ၏။

ထိုကဲ့သို့သော ရန်သူမျိုးကို သူ တစ်ခါမှ မကြုံတွေ့ဖူးခဲ့ချေ။ တစ်ဖက်လူ၏ တည်ရှိမှုကပင် သူ့ကို မသက်မသာ ဖြစ်မှုများဖြင့် ပြည့်နှက်သွားစေသည်။

ဆံပင်ဖြူ အမျိုးသားက အရပ်ရှည်ပြီး တောင့်တင်း ခိုင်မာကာ သူ၏ ခန္ဓာကိုယ် အထက်ပိုင်း ကြွက်သားများက ရှင်းလင်းစွာ ပေါ်လွင်နေပြီး ဖြူဝင်းသော အသားအရေပေါ်တွင် မီးတောက်များကဲ့သို့ သွေးအမှတ်အသားများ ရှိကာ ချောမောသော မျက်နှာ ရှိသော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဖြူဖျော့ဖျော့ သူငယ်အိမ်များ ရှိနေ၏။

“ထာဝရအသက် အသစ်သီးဘယ်မှာလဲ.. ထာဝရအသက် အသစ်သီးဘယ်မှာလဲ..”

ဆံပင်ဖြူ အမျိုးသားက အေးစက်စွာ မေးလိုက်သည်။ သူ၏ အသံက ပြတ်တောင်းပြတ်တောင်း ဖြစ်နေပြီး ဆက်စပ်မှု မရှိသကဲ့သို့ ပင်။

လီချန်ဖုန်း က အံကြိတ်၍ ပြောလိုက်၏။ “ထာဝရအသက် အသစ်သီး အကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး... တကယ်လို့အဲဒါက မင်းရဲ့ တစ်ခုတည်းသော ရည်မှန်းချက် ဆိုရင် မင်း ရှာတွေ့ဖို့ နတ်ဘုရားခုံရုံး ကို ငါ ကူညီခိုင်းလို့ ရတယ်...”

ခရစ်

လီချန်ဖုန်း ၏ လည်ပင်းက ရုတ်တရက် အချိုးခံလိုက်ရပြီး သူ၏ စကားများလည်း ရပ်တန့်သွားတော့၏။

သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ နတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ မလွတ်မြောက်နိုင်ဘဲ ပြာအဖြစ် ပြောင်းလဲသွားကာ လေထဲတွင် လွင့်စဉ်သွားတော့သည်။

ဆံပင်ဖြူ အမျိုးသားက လှည့်၍ အရပ်မျက်နှာ တစ်ခုဆီသို့ ပျံသန်းသွား၏။

အခြား တစ်ဖက်တွင်။

ကျူးရှီ နှင့် သူမ၏ အဖွဲ့က လျင်မြန်စွာ ထွက်ပြေးနေကြဆဲ ဖြစ်ပြီး လီချန်ဖုန်း ၏ အငွေ့အသက်က ရုတ်တရက် ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရသဖြင့် သူ သေဆုံးသွားနိုင်ကြောင်း ညွှန်ပြနေ၏။

လီချန်ဖုန်း ကဲ့သို့သော မဟာစွမ်းအားရှင် တစ်ဦးကို သည်မျှ အချိန်တိုအတွင်း ကျဆုံးသွားစေနိုင်သည်မှာ ဘယ်လို တည်ရှိမှုမျိုးလဲ...

ကျူးရှီ သည်လည်း အလားတူပင် အံ့အားသင့်နေပြီး သူမ၏ စိတ်ထဲရှိ ဆံပင်ဖြူ အမျိုးသား၏ ပုံရိပ်ကို မမေ့နိုင်အောင် ဖြစ်နေ၏။

ထိုကဲ့သို့သော ကြောက်မက်ဖွယ် တည်ရှိမှုကို ရင်ဆိုင်ရသောအခါ သူမက အခြား မည်သည့်အရာကိုမျှ မတွေးနိုင်တော့ဘဲ သူမ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

ဘုန်း...

အနောက်ဘက်မှ မိုးကြိုးကဲ့သို့ ဟိန်းဟောက်သံကြီး တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကျူးရှီ နှင့် သူမ၏ အဖွဲ့ကို မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်ထဲတွင် လွှမ်းခြုံသွားစေကာ မှန်းဆ၍ မရနိုင်သော လေပြင်းများ လိုက်ပါလာ၏။

တစ်ချိန်တည်းမှာပင်။

စကြဝဠာ၏ အနက်ရှိုင်းဆုံး နေရာရှိ ကမ္ဘာ့ဂိတ်တံခါး ရှေ့တွင်။

ကောင်းကင်နတ်ဘုရား တစ်ပါးက မျက်လုံးများ ဖွင့်လိုက်ရာ ထိုက်ဝေ့ မဟာကမ္ဘာ ၏ မြင်ကွင်းက မျက်လုံးထဲတွင် ထင်ဟပ်နေ၏။ စကြဝဠာ၏ ရှုထောင့်မှ ကြည့်လျှင် ထိုက်ဝေ့ မဟာကမ္ဘာ သည် တောက်ပနေသော တိုက်ကြီး တစ်ခုအဖြစ် ပေါ်လွင်နေပြီး မရေမတွက်နိုင်သော ကမ္ဘာငယ်လေးများ က ဝိုင်းရံထားသည်။ ယခုအခါ တောက်ပနေသော တိုက်ကြီးမှာ တုန်ရီနေပြီး ဧရိယာ တစ်ခုမှ မည်းမှောင်သော မီးခိုးများ ထွက်ပေါ်လာနေ၏။

“ဟင်... ဒီလူက ဘယ်က ရောက်လာတာလဲ...”

ကောင်းကင်နတ်ဘုရား က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်ပြီး လက်ချောင်းများဖြင့် စတင် တွက်ချက်ကြည့်လိုက်ရာ သူ၏ အမူအရာက ပို၍ပို၍ ထူးဆန်းလာတော့၏။

“စစ်ဝိညာဉ် မြင့်မြတ်အိမ်တော်... ထိုက်ရှန်းကျွယ်... အဲဒါ တကယ်ကြီး သူလား... သူ အသက်ရှင်နေသေးတယ်လား...”

ကောင်းကင်နတ်ဘုရား က မျက်မှောင်ကြုတ်လိုက်ပြီးနောက် မတ်တတ်ထရပ်ကာ ကမ္ဘာ့ဂိတ်တံခါး ထဲသို့ ဝင်ရောက်ရန် လှည့်လိုက်သည်။

စကြဝဠာ၏ အနက်ရှိုင်းဆုံး နေရာမှ မုန်တိုင်း တစ်ခု တိုက်ခတ်လာသော်လည်း ကမ္ဘာ့ဂိတ်တံခါး က မတုန်မလှုပ်ဘဲ သက်ရောက်မှု မရှိချေ။

မုန်တိုင်းက အချိန်အကြာကြီး တိုက်ခတ်နေခဲ့ပြီး မငြိမ်မသက်မှုများ ငြိမ်သက်သွားသောအခါ ကောင်းကင်နတ်ဘုရား က ပြန်ရောက်မလာသေးပေ။

စကြဝဠာ၏ အခြား တစ်ဖက်တွင် ထိုက်ဝေ့ မဟာကမ္ဘာ ၏ တောက်ပသော အလင်းရောင်က တဖြည်းဖြည်း မှေးမှိန်လာနေ၏။ ဆံပင်ဖြူ အမျိုးသားက လေဟာပြင်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး လူတစ်ယောက်ကို လက်ထဲတွင် ကိုင်ဆောင်ထားသည်။

“မင်း... မင်းး စစ်ဝိညာဉ် မြင့်မြတ်အိမ်တော် က ကောင်းကင်နန်းတော် ကို ဆန့်ကျင်ဖို့ ရည်ရွယ်ထားတာလား...”

ဆံပင်ဖြူ အမျိုးသား ကိုင်ဆောင်ထားသူမှာ အမတ အငွေ့အသက် ရှိသော ရှေးဟောင်း တာအိုဆရာ တစ်ဦး ဖြစ်ပြီး နတ်ဘုရားခုံရုံး အတွင်း ပုန်းအောင်းနေသည့် အမတအရှင်မြတ် ဟန်ရှား ပင် ဖြစ်၏။

ဆံပင်ဖြူ အမျိုးသား၏ အကြောင်းအကျိုးက ကောင်းကင်နန်းတော် ၏ စီရင်ပိုင်ခွင့် အပြင်ဘက်ရှိ အစွမ်းထက်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည့် စစ်ဝိညာဉ် မြင့်မြတ်အိမ်တော် နှင့် ဆက်သွယ်နေကြောင်း သူ မြင်တွေ့နိုင်လေသည်။

ဆံပင်ဖြူ အမျိုးသား ထိုက်ရှန်းကျွယ် က သူ့ကို လျစ်လျူရှုကာ ခေါင်းကို ဆွဲကိုင်၍ လေဟာပြင်ထဲသို့ ဝင်ရောက်သွားသည်။

အရှေ့ဘက်တွင် အချိန်နှင့် ဟင်းလင်းပြင် အက်ကြောင်း တစ်ခု ထွက်ပေါ်လာရာ ထိုအထဲသို့ သူ ဝင်ရောက်သွားပြီး အမတအရှင်မြတ် ဟန်ရှား ကို အတူတကွ ဆွဲခေါ်သွားကာ အက်ကြောင်းက လျင်မြန်စွာ ပိတ်သွားသဖြင့် ဘာမှ မဖြစ်ခဲ့သကဲ့သို့ အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့၏။

သို့သော်လည်း ထိုက်ဝေ့ မဟာကမ္ဘာ ၏ ကောင်းကင်တာအို အမတ အလင်းရောင်က မှေးမှိန်လာနေပြီး ဧရာမ တိုက်ပွဲကြီး တစ်ပွဲ ဖြစ်ပွားခဲ့ကြောင်း ညွှန်ပြနေချေသည်။

All Chapters