အခန်း (၅၇၅-၅၇၆)
Vol. 41 Ch. 575-576
အခန်း ၅၇၅ - ဝံပုလွေဖြူများအား ကယ်ဆယ်ခြင်း၊ သင်္ဘောကြီးချဉ်းကပ်လာခြင်း
“ကျွန်းစောင့်ကို ချက်ချင်းသတင်းပို့လိုက်။ ဒီမှာ S-အဆင့် ဝံပုလွေဖြူတစ်ကောင်ရှိနေတယ်။ တပိုင်က သူ့ကိုကယ်ချင်နေတယ်။ ဒါပေမယ့် အခြေအနေက နည်းနည်းတော့ စိုးရိမ်စရာကောင်းနေတယ်။ အဆင်ပြေမပြေ မေးလိုက်ပါ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
သင်္ဘောပေါ်တွင်ကျန်ရစ်ခဲ့သော သင်္ဘောသားများသည် ချက်ချင်းပင် ထိုသတင်းကို ရှောင်းယီထံသတင်းပို့လိုက်ကြသည်။
ထိုသတင်းကိုလက်ခံရရှိပြီးနောက် ရှောင်းယီသည် သူ့စိတ်ထဲ၌ တွေးလိုက်၏။
“တပိုင်ကိုလိုက်ခိုင်းလိုက်တာ ကံကောင်းတယ်။ မဟုတ်ရင် အစ်ကိုကျန်း တကယ်ကိုင်တွယ်နိုင်မှာမဟုတ်ဘူး။”
အစတုန်းက သူတို့သိထားသည်မှာ ရန်သူ့ဘက်တွင် S-အဆင့်ကျွမ်းကျင်သူရှိသည်ဟုသာ ဖြစ်သည်။ သို့သော် ရန်သူ့ထဲ၌ S-အဆင့်သားရဲအိမ်မွေးတိရစ္ဆာန်လည်း ရှိနေမည်ဟုတော့ မထင်မိခဲ့ကြပေ။
တူညီသောအဆင့်ရှိလူသားတစ်ဦးတွင် သားရဲတိရစ္ဆာန်များကို ခုခံတိုက်ခိုက်နိုင်သော ပစ္စည်းကိရိယာများမရှိပါက ၎င်းတို့ကို အနိုင်ယူရန်မှာ ခက်ခဲလှပေသည်။
ကျန်းယွင်ထျန်း ဖမ်းဆီခံလိုက်ရသည်နှင့် အခြားသူများတွင် S အဆင့် ကျွမ်းကျင်သူတစ်ဦးကို ကိုင်တွယ်ဖြေရှင်းနိုင်မည့်နည်းလမ်းမရှိတော့ပေ။
“အင်း ငါသဘောတူတယ်။ ငါညတစ်ချက်လောက်သွားကြည့်လိုက်မယ်။”
ရှောင်းယီသည် နာ့နာကိုဖလှယ်ပြီးနောက် မြို့ပြန်ကျောက်ကိုအသုံးပြုကာ သင်္ဘောဆီသို့ တည်နေရာကူးပြောင်းလိုက်သည်။
ရှောင်းယီ သင်္ဘောပေါ်ရောက်လာသောအခါ သင်္ဘောသည် ကမ်းခြေဆီသို့ ရွေ့လျားနေပြီဖြစ်ပြီး သင်္ဘောပေါ်ရှိ တပ်သားများမှာ ကမ်းခြေဆီသို့ ဝါးမြားများဖြင့် ပစ်ခတ်နေကြသည်။
နောက်ဆုံးတွင် ဝါးမြားများသည် ကျည်ဆန်များထက် သဘာဝအရင်းအမြစ်များအား ပိုမိုချွေတာနိုင်ပြီး လုံလောက်သောသတ္တုရိုင်းများ ရှာဖွေမတွေ့ရှိမီအချိန်အထိ ချွေတာထားရန်လိုအပ်သည်။
ထိုအတောအတွင်း ကမ်းခြေရှိ ကျန်းယွင်ထျန်းတို့အဖွဲ့သည်လည်း ပါဝင်တိုက်ခိုက်ခဲ့ကြပြီး တစ်ဖက်သတ် အစုလိုက်အပြုံလိုက်ညသတ်ဖြတ်မှုကြီးတစ်ခု ဖြစ်သွားခဲ့သည်။
“ကျုပ် လက်နက်ချပါတယ်။ ကျေးဇူးပြုပြီး ကျုပ်ကိုမသတ်ပါနဲ့။”
“တိုက်ခိုက်တာကိုရပ်လိုက်ပါတော့။ ကျုပ်သေချင်ဘူး။”
ခဏအတွင်း ကမ်းခြေရှိ ကျန်ရှိသူများသည် သူတို့၏လက်နက်များကို မြေပြင်ပေါ်သို့ပစ်ချကာ လက်များမြှောက်၍ ဒူးထောက်လိုက်ကြသည်။
“အကုန်လုံးကို ဖမ်းဆီးပြီး အမိန့်ကိုစောင့်နေ။”
ကျန်းယွင်ထျန်း အမိန့်ပေးလိုက်သည်။
တပိုင်သည် အသက်ရှူသံများ ဖျော့တော့နေပြီဖြစ်သော ဝံပုလွေဖြူကိုကြည့်ကာ မျှော်လင့်ချက်မဲ့စွာသာ ခေါင်းခါလိုက်မိသည်။
အချိန်နှောင်းသွားတော့မည်မှာ သေချာသလောက်ဖြစ်နေချေပြီ။
ထိုအခိုက်တွင် သင်္ဘောကြီးတစ်စီး ဆိုက်ကပ်လာပြီး ရှောင်းယီနှင့် နာ့နာတို့သည် သင်္ဘောပေါ်မှ ခုန်ချလာခဲ့ကြသည်။
ကျန်းယွင်ထျန်းသည် ချက်ချင်းပင် ရှေ့တက်လာခဲ့သည်။ ရှောင်းယီက မေးလိုက်သည်။
“ဘယ်မှာလဲ။”
“ဟိုနားမှာပါ...။”
ကျန်းယွင်ထျန်းသည် ချက်ချင်းပင် သူ့ကို တပိုင်ရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။
ဝံပုလွေဖြူ၏ခန္ဓာကိုယ်သည် လုံးဝကျိုးပဲ့နေခဲ့ပြီး အသက်ထွက်လုနီးပါးဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီက ချက်ချင်းပြောလိုက်သည်။
“နာ့နာ မင်းအလှည့်ပဲ။”
နာ့နာသည် ချက်ချင်းပြေးသွားပြီး ချွန်ထက်သောအပ်ကြီးတစ်ချောင်းကို ဝံပုလွေဖြူ၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ထိုးသွင်းလိုက်သည်။
မကြာမီ နာ့နာက ပြောလာခဲ့သည်။
“ဒါက အတော်လေးပြင်းထန်တယ်။ ပြန်ပြီးနာလန်ထူဖို့ အချိန်အများကြီးလိုအပ်လိမ့်မယ်။”
ထိုတုံ့ပြန်ချက်ကိုကြားလိုက်ရသောအခါ ရှောင်းယီ စိတ်သက်သာရာရသွားခဲ့သည်။ သူသည် လူနာကိုကယ်တင်ရန် အချိန်မလုံလောက်မည်ကို စိုးရိမ်နေခဲ့သော်လည်း လူနာကို ကယ်တင်နိုင်ပါက အချိန်ပိုကြာခြင်းက ပြဿနာမဟုတ်တော့ပေ။
ဝံပုလွေဖြူကို မြင်လိုက်ရသည်နှင့် ရှောင်းယီသည် ချက်ချင်းပင် ၎င်း၏အဆင့်ကို သိရှိလိုက်သည်။
“ဝံပုလွေဖြူ (S-အဆင့်): မီးခိုးရောင်ဝံပုလွေ၏မျိုးစိတ်ခွဲ။ ခွေးမျိုးနွယ်ဝင် တောရိုင်းသတ္တဝါများတွင် အကြီးဆုံးအဖွဲ့ဝင်။ အထူးသန်မာသည့်ခံနိုင်ရည်၊...”
“တပိုင်က သူ့ကိုကယ်ချင်တာ မဆန်းတော့ဘူး။ သူကတကယ်ကို အမဲလိုက်သားရဲတစ်ကောင်ပဲ။”
ရှောင်းယီ ပြုံးလိုက်မိသည်။
“ဒါပေမယ့် ဒါက သိပ်မဆီလျော်သလိုပဲ။ ဒီလိုစွမ်းအားကြီးမားတဲ့ ဝံပုလွေဖြူကို S-အဆင့် လူသားတစ်ယောက်က ဘယ်လိုလုပ်ပြီး စာချုပ်ချုပ်နိုင်မှာလဲ။”
“မသိဘူး။ သူ သတိရလာရင်တော့ သိရမှာပါ။ ယုတ္တိအရဆိုရင်တော့ တူညီတဲ့အဆင့်မှာရှိတဲ့လူသားတစ်ယောက်နဲ့ စာချုပ်ချုပ်ဆိုနိုင်မှာမဟုတ်ဘူး။”
သူ၏ဘေးနားတွင်ရှိနေသော တပိုင်က ညင်သာစွာ ဟိန်းဟောက်လိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အစ်ကိုကျန်း ကျွန်းပေါ်က ခုခံမှုတွေကို ဖြေရှင်းပြီးပြီလား။”
“မရှင်းရသေးဘူး။ ငါ အခုချက်ချင်း လူတွေခေါ်သွားပြီး ကျွန်းတစ်ခုလုံးရှင်းလိုက်မယ်။”
ထို့နောက် ကျန်းယွင်ထျန်းသည် ကျွန်းကိုရှာဖွေရန် လူတစ်စုကို စတင်စုစည်းထားပြီးဖြစ်ကြောင်း သိလိုက်ရသည်။
“အင်း အခုချက်ချင်းရှင်းလင်းရမယ်။ ချူဖုန်းမြို့က ပြန်ပေါ်လာပြီ။ ဒီမှာ အချိန်အများကြီးဖြုန်းနေလို့မရဘူး။”
ရှောင်းယီက လေးလေးနက်နက် ပြောလိုက်သည်။
“ဘာ ချူဖုန်းမြို့ ပေါ်လာပြီလား။ သူတို့က ငါတို့ကို ရှာတွေ့သွားပြီလား။”
ကျန်းယွင်ထျန်းက တုန်လှုပ်သွားကာ မေးလိုက်သည်။
ရှောင်းယီက ခေါင်းခါလိုက်သည်။
“မတွေ့သေးဘူး။ ဒါပေမယ့် ငါတို့ ရှားနိုင်ငံသား အသက်ရှင်ကျန်သူတွေနေထိုင်တဲ့နေရာကိုတော့ ရှာတွေ့သွားပြီ။”
“နားလည်ပြီ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်ပြီး သူ၏တပ်ဖွဲ့ကိုဦးဆောင်ကာ ကျွန်းထဲသို့ ထွက်ခွာသွားခဲ့သည်။
“တပိုင် မင်းပါလိုက်သွား။ မတော်တဆမဖြစ်အောင်။”
ရှောင်းယီက ပြောလိုက်သည်။
တပိုင်က ခေါင်းညိတ်ကာ ကျန်းယွင်ထျန်းတို့အဖွဲ့နောက်သို့ ဖြည်းဖြည်းချင်း လိုက်သွားခဲ့သည်။
မကြာမီ ဝံပုလွေဖြူသည်လည်း ပြန်လည်သတိရလာခဲ့သည်။ နာ့နာက ပြန်လည်နာလန်ထူရန် ခက်ခဲလိမ့်မည်ဟု ပြောခဲ့သော်လည် သတိရလာရနိအတွက်မူ သိပ်မကြာလှပေ။
သူ၏မျက်စိရှေ့တွင် လူသားတစ်ဦးရပ်နေသည်သည်ကို မြင်ရသည်နှင့် ၎င်းသည် မသိစိတ်ဖြင့် ရုန်းကန်ကာ ထရပ်ရပ်ရန် ကြိးစားလိုက်သည်။
“မလှုပ်နဲ့။”
ရှောင်းယီက အော်လိုက်သည်။
“မင်းတစ်သက်လုံး မသန်စွမ်းဖြစ်ချင်တာမဟုတ်ရင် မလှုပ်နဲ့။”
ဝံပုလွေဖြူသည် ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ပင့်ကူတစ်ကောင်နှင့်တူသော သတ္တုစက်ရုပ်တစ်ခု တွားသွားနေသည်ကို တွေ့ရှိလိုက်ရပြီး ၎င်းက သူ့ကိုကုသပေးနေဟန်ရှိသည်။
၎င်းသည် လူသားများနှင့် အမည်မသိစက်ကို သံသယနှင့် မရေရာသောမျက်လုံးများဖြင့် ကြည့်ကာ မဆင်မခြင်မလှုပ်ရှားရဲပေ။
နာ့နာ၏ကုသမှုကြောင့် ဝံပုလွေဖြူသည် ၎င်း၏ဒဏ်ရာများ၌ နာကျင်မှုမရှိတော့ချေ။
၎င်းသည် ထိုစက်နှင့် ဘေးတွင်ရပ်နေသောလူသားကို ထူးဆန်းသောအကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ကျန်းယွင်ထျန်းနှင့် တပိုင်တို့သည် ကိုယ်ပိုင်တပ်ဖွဲ့ကိုဦးဆောင်သွားပြီး ကျွန်းတစ်ခုလုံးကို မြန်မြန်ဆန်ဆန်ရှင်းလင်းကာ အကျဉ်းသားအသစ်များ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ကမ်းခြေပေါ်သို့ ပစ်ချလိုက်သည်။
“ကျွန်းပိုင်ရှင် အားလုံးရှင်းလင်းပြီးပါပြီ။”
ကျန်းယွင်ထျန်းက လမ်စလျှောက်လာရင်း သတင်းပို့လိုက်သည်။
ရှောင်းယီက အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။
“အကျဉ်းသားတွေကို စစ်ဆေးမေးမြန်းပြီး မဟာမိတ်အဖွဲ့တစ်ခုလုံးရဲ့အခြေအနေကိုမေးလိုက်ပါ။ အခြားအထူးအခြေအနေတွေမရှိဘူးဆိုရင် ကျန်တဲ့ကျွန်းအားလုံးကို တိုက်ရိုက်သိမ်းယူလိုက်။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းသည် ချက်ချင်းပင် အကျဉ်းသားများထံသို့သွားကာ စစ်ဆေးမေးမြန်းမှုကို စတင်လိုက်လေသည်။
ကျန်းယွင်ထျန်း၏ စစ်ဆေးမေးမြန်းရေးနည်းဗျူဟာကို အနည်းငယ်သာအသုံးပြုလိုက်ရပြီးနောက် မူလက ရက်ရက်စက်စက် ခြိမ်းခြောက်နေသော မျောက်နက်နိုင်ငံ၏လူများသည် သိုးကဲ့သို့ နာခံလာကြပြီး မဟာမိတ်အဖွဲ့တစ်ခုလုံး၏အခြေအနေကို အလွန်ရှင်းလင်းစွာ ရှင်းပြခဲ့ကြသည်။
“ကျွန်းပိုင်ရှင် ဒါကသူတို့ရဲ့မဟာမိတ်အဖွဲ့ရဲ့ ပင်မကျွန်းပါ။ အခြားကျွန်းခွဲရှစ်ခုကို ဒေသခံအများစုက စောင့်ရှောက်ထားကြတယ်။ အဲ့ဒီက ဒေသခံမှော်ဆရာတွေအားလုံးက စူးတုကျီရဲ့စာချုပ်ချုပ်ဆိုထားတဲ့သူတွေပါ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ရှောင်းယီသည် အနည်းငယ်ချင့်ချန်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“မင်းနဲ့ တပိုင်က စူးတုကျီကို ကျွန်းခွဲတွေဆီခေါ်သွားပြီး မှော်တရာတွေအကုန်လုံးနဲ့ ဖျက်သိမ်းခိုင်းလိုက်။ ပြီးရင် အဲဒီကျွန်းခွဲတွေအားလုံးကိုပါ သိမ်းယူလိုက်ပါ။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ထို့နောက် သူသည် သတိလစ်နေသော စူးတုကျီထံသို့သွားပြီး ရေအေးဖြင့်ပက်ကာ နှိုးလိုက်သည်။
စူးတုကျီသည် သတိရလာပြီးနောက် ကျန်းယွင်ထျန်းကိုမြင်ရသည်နှင့် ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။
“ငါ့ကို မသတ်ပါနဲ့။ ငါ မင်းနဲ့စာချုပ်ချုပ်ပါ့မယ်။”
“ဟမ့် ငါက လူသားတွေနဲ့ စာချုပ်ချုပ်နိုင်တယ်။ သားရဲတွေနဲ့လည်း စာချုပ်ချုပ်နိုင်တယ်၊ ဒါပေမယ့် သားရဲထက်ယုတ်ညံ့တဲ့အရာနဲ့တော့ ဘယ်တော့မှ စာချုပ်မချုပ်ဘူး။”
ကျန်းယွင်ထျန်းက အေးစက်စွာ ပြန်ဖြေလိုက်သည်။
“မဟုတ်ဘူး...မဟုတ်ဘူး။ ငါ့ကျွန်းမှာ မင်းစိတ်ဝင်စားမယ့် ပစ္စည်းကောင်းတစ်ခုရှိတယ်။ မင်း ငါ့ကိုမသတ်ဘူးလို့ကတိပေးရင် ငါ အဲ့ဒီအရာကို ငါ့ရဲ့လက်နှစ်ဖက်နဲ့ ဆက်သပါ့မယ်။”
စူးတုကျီက အလျင်အမြန် ပြောလိုက်သည်။
“ပစ္စည်းကောင်းလား။ ငါ မင်းကိုသတ်လိုက်ရင်တောင် အဲ့ဒါက ငါ့ဟာဖြစ်လာမှာပဲ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“မဟုတ်ဘူး.. မင်း ငါ့ကိုသတ်လိုက်ရင် မင်းဘာမှရမှာမဟုတ်ဘူး။”
“သူနဲ့စကားပြောပြီး အချိန်မဖြုန်းနဲ့တော့။ ကျန်တဲ့ကျွန်းရှစ်ခုကို မြန်မြန်သိမ်းယူလိုက်။”
ရှောင်းယီက တိုက်တွန်းလိုက်သည်။
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်း ပြန်ဖြေလိုက်သော်လည်း သူ၏စကားမဆုံးမီ သင်္ဘောရှိ ဝေါ်ကီတော်ကီမှ သတိပေးချက်တစ်ခု ရောက်လာခဲ့သည်။
“သတင်းပို့ပါတယ် ကျွန်းပိုင်ရှင်၊ နည်းပြ သင်္ဘောကြီးတစ်စီး ကျုပ်တို့ဆီကို ချဉ်းကပ်လာနေပါတယ်။”
ရှောင်းယီ မျက်ခုံးပင့်လိုက်မိသည်။
“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ။ ငါတို့ ဒီကိုရောက်ရုံရှိသေးတယ် သူတို့ ဒေသခံတွေရဲ့တိုက်ခိုက်မှုကို ခံရတာလား။”
“သူတို့ကိုပါ တစ်ခါတည်း ရှင်းလိုက်ကြရအောင်။”
ကျန်းယွင်ထျန်းက ထိုသို့ပြောလိုက်ပြီး ဝေါ်ကီတော်ကီမှတစ်ဆင့် အမိန့်ပေးလိုက်သည်။
“ထွက်သွားပြီး သူတို့ကိုရှင်းပစ်လိုက်။”
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်း ယူဆောင်လာခဲ့သော သင်္ဘောကြီးသည် ချက်ချင်းပင် ပင်လယ်ထဲတွင် ရွက်သွားနေသော သင်္ဘောများဆီသို့ ဦးတည်ကာ ထွက်ခွာသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သင်္ဘောပေါ်ရှိ အမြောက်လေးလက်သည်လည်း သင့်ဖြစ်နေပြီဖြစ်သည်။
စူးတုကျီကို စိတ်ရှုပ်ထွေးစေရန် ရည်ရွယ်၍ ကျန်းယွင်ထျန်းသည် သူဤနေရာသို့ လာခဲ့စဉ်က မျောက်နက်နိုင်ငံ၏သင်္ဘောများကိုသာ အသုံးပြုခဲ့ပြီး ဤအမြောက်လေးလက်ကိုသာ တပ်ဆင်နိုင်ခဲ့သည်။
သို့သော် သာမန်သင်္ဘောကြီးတစ်စီးကို ရင်ဆိုင်ရန်အတွက်မူ အမြောက်လေးလက်က လုံလောက်တာထက်ပင် ပိုနေပြီဖြစ်သည်။
အခန်း ၅၇၆ - ကျန်းယုနှင့် မှော်ဆရာလင်းတို့ကြားရှိ ကစားပွဲ
စူးတုကျီဆီသို့ အမှောင်ထဲမှ ရွက်လွှင့်လာနေသော သင်္ဘောကြီးပေါ်တွင် အဝါရောင်အသားအရေနှင့် သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ဦးက လေးနက်စွာပြောလိုက်သည်။
“မှော်ဆရာလင်း ခင်ဗျားကို စာချုပ်စွမ်းအားက ထပ်ပြီးဖိအားမပေးနိုင်တော့တာ သေချာလား။”
မှော်ဆရာလင်းက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
“ကျုပ် S-အဆင့် အဆင့်ရောက်သွားတဲ့အချိန်ကတည်းက စာချုပ်မှုစွမ်းအားက မတည်ငြိမ်တော့ဘူး။ ကျုပ် ရုန်းထွက်ဖို့ကြိုးစားလိုက်ရုံနဲ့ ချက်ချင်းလွတ်မြောက်သွားနိုင်တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ရုန်းထွက်လို့မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျုပ်သာရုန်းထွက်လိုက်ရင် စူးတုကျီက သတိထားမိသွားလိမ့်မယ်။ မင်းတို့ ရှားနိုင်ငံရဲ့စကားအတိုင်းဆိုရင် မြက်ကိုရိုက်ပြီး မြွေကိုခြောက်ထုတ်တာမျိုးပဲပေါ့။”
သက်လတ်ပိုင်းအရွယ်ယောက်ျားက အနည်းငယ်ခေါင်းညိတ်ကာ ဆက်လက်ပြောလိုက်သည်။
“ဒီတစ်ကြိမ်မှာ ကျုပ်တို့က ရုတ်တရက်တိုက်ခိုက်ကြတာဖြစ်တဲ့အတွက် ခင်ဗျား စူးတုကျီကို ချက်ချင်းထိန်းချုပ်ရမယ်။ မဟုတ်ရင် ကျုပ်တို့မှာ ဘာအခွင့်အရေးမှ ရှိမှာမဟုတ်ဘူး။”
“စိတ်မပူပါနဲ့ ကျန်းယု။ မင်း ဒီလိုကူညီပေးတဲ့ကျေးဇူးကို ကျုပ် ဘယ်တော့မှမမေ့ပါဘူး။”
မှော်ဆရာလင်းက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
ကျန်းယုက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦးစလုံးသည် ရှေ့သို့အတူတူလှမ်းကြည့်ရင်း သူတို့၏မျက်လုံးထဲတွင် ထူးဆန်းသောအလင်းရောင်များ လင်းလက်နေခဲ့သည်။
ကျန်းယုသည် စူးတုကျီ၏မဟာမိတ်အဖွဲ့ရှိ မဟာမိတ်အရှေ့ဘက်ကျွန်း၏ အသက်ရှင်ကျန်ရစ်သူကိုယ်စားလှယ်ဖြစ်ပြီး ဒေသခံများ၏လုပ်ရပ်များကို စောင့်ကြည့်ရန် တာဝန်ရှိပေသည်။
မဟာမိတ်အဖွဲ့က ရှောင်းယီ၏ဘာသာပြန်ဝန်ဆောင်မှုကို ဝယ်ယူခဲ့စဉ်က ကျန်းယုသည် လျို့ဝှက်လှုပ်ရှားမှုအချို့ ပြုလုပ်ခဲ့သည်။ ဘာသာပြန်တစ်ဦးသည် မဟာမိတ်အဖွဲ့၏အရှေ့ဘက်ကျွန်းသို့ရောက်ရှိလာသောအခါ သူသည် ထိုဘာသာပြန်အား ဒေသခံများကို ရှားဘာသာစကားသင်ကြားပေးရန် စီစဉ်ခဲ့သည်။ ထိုသို့ဖြင့် သူနှင့်ဆက်သွယ်ရာ၌ ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
ဆက်သွယ်ပြောဆိုမှုမှတစ်ဆင့် ကျန်းယုသည် မဟာမိတ်အဖွဲ့အရှေ့ဘက်ကျွန်းရှိ ဒေသခံမှော်ဆရာသည် အမှန်တကယ် S-အဆင့်အဆင့်သို့ ချိုးဖျက်ရန် နီးကပ်နေပြီဖြစ်ကြောင်း သိရှိခဲ့ရသည်။
ထို့ကြောင့် ကျန်းယုသည် မှော်ဆရာလင်းနှင့် သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့သည်။
သူသည် မှော်ဆရာအား S အဆင့်သို့ ချိုးဖျက်ရန် ကူညီပေးခဲ့ပြီး အပြန်အလှန်အားဖြင့် မှော်ဆရာသည် သူ့အား စူးတုကျီကို ဖယ်ရှားရာ၌ ကူညီပေးရမည်ဖြစ်သည်။
ကျန်းယုတွင် ထူးချွန်သော စီမံခန့်ခွဲမှုစွမ်းရည်များရှိပြီး မဟာမိတ်အဖွဲ့တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြုသော အစီအမံများကို မကြာခဏ အဆိုပြုလေ့ရှိသည်။ စူးတုကျီကလည်း အဆင့်မြင့်အစားအစာများစွာဖြင့် သူ့အား ဆုချီးမြှင့်ခဲ့သည်။
သူသည် ထိုအရာများအားလုံးကို မှော်ဆရာလင်း စားသုံးရန်အတွက် ပေးအပ်ခဲ့ပြီး နောက်ဆုံးတွင် ယနေ့နေ့လယ်ပိုင်း၌ မှော်ဆရာသည် S-အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။ ကျန်းယုသည် နောက်ထပ်မစောင့်ဆိုင်းလိုတော့ဘဲ ယနေ့ညတွင် စူးတုကျီအား လုပ်ကြံရန် ချိန်းဆိုခဲ့သည်။
သူသည် မျက်မှောက်တွင်ရှိနေသော အမှောင်ထုများဖြင့်ဖုံးလွှမ်းနေသည့်ကျွန်းကို ကြည့်ရှုနေခဲ့သည်။ ၎င်းသည် အမှောင်ထုထဲတွင် ဝပ်နေသော သားရဲတစ်ကောင်နှင့်တူပြီး ၎င်း၏သားကောင်ကို မျိုချရန် အသင့်ရှိနေပုံရသည်။ သို့သော် ကျန်းယုသည် မကြောက်ရွံ့ခဲ့ပေ။ ယနေ့သည် သူ၏လက်စားချေရမည့် အချိန်ဖြစ်ကြောင်း သူသိထားခဲ့လေသည်။
ကျန်းယု၏ မိသားစုတစ်ခုလုံးသည် ရှားနိုင်ငံဆန်ကျင်ရေးလှုပ်ရှားမှုအတွင်းကာလအတွင်း မျောက်နက်နိုင်ငံ၏လူများ၏ ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူကိုယ်တိုင်မှာမူ ခရီးထွက်နေခြင်းကြောင့် ကံကောင်းစွာ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူပြန်ရောက်လာသောအခါ သူ၏မိသားစုနှင့် လုပ်ငန်းများသည် မျောက်နက်နိုင်ငံ၏လူများ၏ လုံးဝဖျက်ဆီးခြင်းကို ခံလိုက်ရပြီဖြစ်သည်။
သူသည် အမြဲတမ်း သူ၏ဇနီးနှင့် ကလေးများအတွက် လက်စားချေချင်ခဲ့သော်လည်း စူးမိသားစုသည် မျောက်နက်နိုင်ငံတွင် ဩဇာအာဏာအရှိဆုံးမိသားစုတစ်ခုဖြစ်သောကြောင့် အခွင့်အရေးမရခဲ့ပေ။ စူးမိသားစု၏အပြင်ဘက်တွင် လူတစ်ယောက်၊ နှစ်ယောက်ကို ရံဖန်ရံခါသတ်ပစ်ခြင်းဖြင့်သာ သူ၏ဒေါသကို ဖြေသိမ့်နိုင်ခဲ့သည်။
ဤကမ္ဘာသို့ရောက်ရှိလာခဲ့ပြီးနောက်ပိုင်းတွင်ပင် သူသည် လက်စားချေရန် စိတ်ကူးကို မစွန့်လွှတ်ခဲ့ပေ။
စူးတုကျီသည် မဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းထားကြောင်း သိလိုက်ရသောအခါ သူသည် ချက်ချင်းပင် ပါဝင်ခဲ့ပြီး စူးတုကျီနှင့်နီးစပ်မှသာ သူ့ကိုသတ်ဖြတ်နိုင်မည့်အခွင့်အရေးရှိမည်ဟု ယုံကြည်ထားခဲ့သည်။
ကျန်းယု ပါဝင်လာသောအခါ စူးတုကျီက သူသည် ရှားနိုင်ငံမှဖြစ်သောကြောင့် စာချုပ်ကတ်ကို အလိုအလျောက် အသုံးပြုခဲ့သည်။ သို့သော် ကျန်းယုတွင် စာချုပ်ဖျက်သိမ်းခြင်းကတ်ရှိနေလိမ့်မည်ဟု သူမျှော်လင့်ထားခဲ့မည်မဟုတ်ပေ။
၎င်း၏အမည်အတိုင်းပင် စာချုပ်ဖျက်သိမ်းခြင်းကတ်သည် စာချုပ်မှ သင့်အား လွတ်မြောက်စေနိုင်သည့် ကတ်တစ်ခုဖြစ်သည်။
စူးတုကျီ၏ယုံကြည်မှုကို ရရှိနိုင်ရန် သူသည် ယနေ့မှသာ ထိုစာချုပ်ဖျက်သိမ်းခြင်းကတ်ကို အသုံးပြုခဲ့ပေသည်။
ဘေးတစ်ဖက်တွင်ရပ်နေသော လင်းသည်လည်း လျှို့ဝှက်စွာ ကျေနပ်နေခဲ့သည်။ စူးတုကျီကို ဖြေရှင်းလိုက်ပါက မဟာမိတ်အဖွဲ့တစ်ခုလုံးသည် သူ့အပိုင် ဖြစ်လာပေလိမ့်မည်။
ကျန်းယုသည် အမှန်တကယ် သူ့အား ကူညီခဲ့သည်။ သို့သော် အများဆုံးအနေဖြင့် သူ့အား သေဒဏ်မှလွတ်ငြိမ်းခွင့်သာ ပေးနိုင်မည်ဖြစ်သည်။ သူ့တွင် စီမံခန့်ခွဲမှုစွမ်းရည်အနည်းငယ်ရှိသည်ကို သူမြင်ခဲ့ရသောကြောင့် အနာဂတ်တွင် မဟာမိတ်အဖွဲ့တစ်ခုလုံးကို စီမံခန့်ခွဲရာ၌ကူညီရန်အတွက် ကျွန်တစ်ဦးအဖြစ် ခန့်အပ်မည်ဖြစ်သည်။
လင်းသည် မဟာမိတ်အဖွဲ့တစ်ခုလုံးကို သိမ်းပိုက်သည့်အခါ မည်သို့ဖြစ်မည်ကို စိတ်ကူးမယဉ်နိုင်သေးမီ ဒေသခဎတစ်ဦးက “သင်္ဘောတစ်စီးရောက်လာပြီ။” ဟု ရုတ်တရက်အော်ဟစ်လိုက်သည်။
ကျန်းယုနှင့် လင်းတို့ တုန်လှုပ်သွားခဲ့ကြကာ သူတို့၏စိတ်ထဲတွင် “အို... မကောင်းတော့ဘူး၊ ငါတို့ရှာတွေ့သွားပြီ” ဟု တွေးမိလိုက်ကြသည်။
လင်းသည် ချက်ချင်းပင် စာချုပ်မှ ရုန်းထွက်ရန် ရွေးချယ်လိုက်၏။
မှော်ဆရာများအနေဖြင့် ၎င်းတို့၏စိတ်စွမ်းအားသည် သာမန်လူများထက် များစွာသာလွန်ပေသည်။ ထိုသို့မဟုတ်ပါက သူတို့သည် စိတ်ဝိဉာည်တိုက်ခိုက်မှုစွမ်းရည်များကို အသုံးပြုနိုင်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် တူညီသောအဆင့်တွင် မှော်ဆရာများသည် စာချုပ်စွမ်းအားမှ လုံးဝလွတ်မြောက်နိုင်ပေသည်။
သာမန်လူများသည် ယခင်က ရွှမ်းယွမ်ဝူဝေ့၏ စာချုပ်ချုပ်ဆိုမှုအောက်တွင် ရှိခဲ့သော ချန်စီကဲ့သို့ဖြစ်ပြီး စာချုပ်စွမ်းအားမှ လွတ်မြောက်နိုင်ရန် အဆင့်တစ်ဆင့်ပိုမြင့်ရန် လိုအပ်ပေသည်။
“တိုက်ခိုက်ဖို့ ပြင်ကြ။”
ကျန်းယုက အော်ဟစ်လိုက်သည်။
သူတို့ကို ရှာတွေ့သွားပြီဖြစ်သောကြောင့် သူသည် ကျည်ဆန်ကိုက်ကာ ဆက်သွားရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ မဟုတ်ပါက သူမည်သို့ရှင်းပြရှင်းပြ ရှားလူမျိုးမျကို ကြိုက်နှစ်သက်ခြင်းမရှိသော စူးတုကျီသည် သူ့ကိုယုံကြည်လိမ့်မည်မဟုတ်ပေ။
ထိုသင်္ဘောပေါ်မှ ရှားဘာသာစကားဖြင့် ပြောလိုက်သည့်သံကို ကြားလိုက်ရသောအခါ ကျန်းယွင်ထျန်း၏လူများသည် အမြောက်များဖြင့် ပစ်ခတ်ရန်ပြင်ဆင်နေကြရာမှ ချက်ချင်းရပ်တန့်ကာ ဝေါ်ကီတော်ကီမှတစ်ဆင့် သတင်းပို့လိုက်သည်။
“ကျွန်းပိုင်ရှင်၊ နည်းပြ တစ်ဖက်သင်္ဘောပေါ်ကလူတွေက ရှားဘာသာစကားနဲ့ ပြောနေကြပါတယ်။”
ထိုစကားကိုကြားရသောအခါ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့နှစ်ဦးစလုံး အံ့အားသင့်သွားခဲ့ကြသည်။
ထိုအခါ စူးတုကျီက ချက်ချင်းပြောလိုက်သည်။
“အဲ့ဒါက ငါ့ရဲ့လက်အောက်ငယ်သား ကျန်းယုပဲ။ သူက ငါကိုကယ်ဖို့ရောက်လာတာ။ မင်းတို့သာ ငါ့ကိုလွှတ်ပေးရင် ငါ သူတို့ကိုတားဆီးပေးနိုင်တယ်။”
“မင်းဆီမှာ ရှားလူမျိုးတွေလည်း ရှိတာပဲလား။”
ရှောင်းယီ လုံးဝမယုံကြည်နိုင်ခဲ့ပေ။
“ဒါပေါ့။ ငါက တကယ်ပဲ ရှားလူမျိုးတွေကို မုန်းတယ်။ ဒါပေမယ့် အသက်ရှင်ကျန်သူတစ်ယောက်ထပ်ရှိရင် ထောက်ပံ့ရေးသေတ္တာခြောက်လုံး ထပ်ရလိမ့်မယ်။ စာချုပ်ချုပ်ပြီးရင် ဘာပြဿနာကိုမှ ကြောက်စရာမလိုတော့ဘူး။”
စူးတုကျီသည် သူ၏လက်ရှိရင်ဆိုင်နေရသော ဒုက္ခရောက်နေမှုကို လုံးဝမသိရှိပုံပင်။
“သူ့ကို ဟိုဘက်ကိုခေါ်သွားပြီး တစ်ဖက်လူကို လက်နက်ချခိုင်းလိုက်။ ဒါတို အမြောက်ဆန် နည်းနည်းလောက် ချွေတာလို့ရလိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းသည် စူးတုကျီကို ချက်ချင်းရှေ့သို့တွန်းထုတ်လိုက်သည်။
ရှောင်းယီသည် နောက်ကလိုက်သွားပြီး တပိုင်ကို ဝံပုလွေဖြူအား စောင့်ကြည့်ခိုင်းခဲ့သည်။
သူတို့သည် အစကတည်းက ကျွန်း၏အစွန်းနှင့် အတော်အတန် နီးကပ်နေပြီးသာယဖြစ်ကာ တစ်မိနစ်မပြည့်မီ ကမ်းခြေသို့ရောက်ရှိသွားခဲ့ကြသည်။
ကျန်းယွင်ထျန်း၏အမိန့်ကို လက်ခံရရှိပြီးနောက် ပင်လယ်ပြင်ရှိသင်္ဘောများသည် ချက်ချင်းပင် ကမ်းခြေသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။
တိုက်ပွဲဝင်ရန်ပြင်ဆင်နေသော ကျန်းယုတို့အဖွဲ့မှာမူ လုံဝကြောင်အသွားခဲ့ကြသည်။
“ဘာတွေဖြစ်နေတာလဲ။ တိုက်တောင်မတိုက်ရသေးဘူး ထွက်ပြေးသွားကြတာလား။”
“ကမ်းခြေကိုကြည့်လိုက်။”
တစ်စုံတစ်ဦးက အော်ဟစ်လိုက်သည်။
လခြမ်း၏အလင်းရောင်အောက်တွင် ကျန်းယုတို့အဖွဲ့သည် ကမ်းခြေပေါ်တွင် လူအုပ်ကြီးတစ်ခုရှိနေသည်ကို မြင်တွေ့နိုင်ခဲ့ကြသည်။
“ဒါဆို သူတို့ကကမ်းခြေကနေ ချုံခိုတိုက်ခိုက်ဖို့အစီအစဉ်ချထားတာပေါ့။”
ကျန်းယုက ပြောလိုက်သည်။
မှော်ဆရာလင်းသည် ရုတ်တရက် ထရပ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
“ဒါဆိုရင် တွန့်ဆုတ်နေစရာမလိုဘူး။ ကျောက်တုံးတွေ ပစ်ထည့်လိုက်ရုံပဲ။”
တစ်ချိန်တည်းမှာပင် စူးတုကျီက ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
“စာချုပ်စွမ်းအား လှိုင်းထနေတယ်။ ဒါ... ဒါက ကျိုးပျက်ကုန်ပြီ။ မဟုတ်ဘူး...တစ်ခုတည်းမကဘူး။ နောက်တစ်ခုပျောက်ကွယ်သွားပြီ။ ဘာတွေဖြစ်နေတာလဲ။”
စူးတုကျီသည် စာချုပ်စွမ်းအားမှ ရုန်းထွက်သွားသူတစ်ဦးရှိကြောင်း သိရှိရသည့်တိုင်အောင် ကျန်းယု၏ စားချုပ်မှုစွမ်းအား ပျောက်ကွယ်သွားကြောင်းကိုမူ သူ မသိရှိနိုင်ခဲ့ချေ။
စာချုပ်စွမ်းအား ပျောက်ကွယ်သွားသော်လည်း စူးတုကျီသည် လက်ခံရန်ဆန္ဒမရှိဘဲ ပင်လယ်ပြင်ဆီသို့ မကျေမနပ်ဖြင့် ဆက်လက်အော်ဟစ်လိုက်ဆဲပင်။
“ကျန်းယု၊ လင်း၊ မင်းတို့နှစ်ယောက် ပုန်ကန်ချင်နေကြတာလား။”
စူးတုကျီ ဤသို့အော်ဟစ်လာသောအခါ ကျန်းယုသည် ကမ်းခြေ၌ စူးတုကျီသည် အဖမ်းခံထားရဟန်ရှိသည်ကို ဝိုးတိုးဝါးတား မြင်လိုက်ရလေသည်။
“ခဏလေး...”
ကျန်းယုသည် ရုတ်တရက် ဒေသခံများ၏လှုပ်ရှားမှုကို ရပ်တန့်ရန် အော်ပြောလိုက်သည်။
သို့သော် ဒေသခံများသည် ကျန်းယု၏အမိန့်ကို လျစ်လျူရှုကာ ကမ်းခြေဆီသို့ ကျောက်တုံးများပစ်ချရန် ၎င်းတို့၏သုံးချင်ပစ်လောက်လွှဲများကို အသုံးပြုလိုက်ကြလေသည်။
“ရပ်လိုက်စမ်း မင်းတို့ဘာလုပ်နေတာလဲ။”
ကျန်းယုက အော်ဟစ်လိုက်သည်။
ထိုစဉ် စာချုပ်စွမ်းအားမှ လွတ်မြောက်သွားပြီးဖြစ်သော မှော်ဆရာလင်းသည် ကျန်းယုကို မထီမဲ့မြင်ပြုသောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“အခုဒီမှာ ငါက အမိန့်ပေးတဲ့လူပဲ။ မင်းမှ ကန့်ကွက်စရာရှိလို့လား။”
သူသည် ထိုသို့ပြောလိုက်စဉ်အတွင်း ကြီးမားသောစိတ်စွမ်းအားလှိုင်းတစ်ခုသည် သူ့ဆီသို့ ဝင်ရောက်လာခဲ့သည်။ ကျန်းယုသည် အင့်ခနဲ ညည်းညူလိုက်ရပြီး ခြေလှမ်းအနည်းငယ်ဆုတ်သွားရကာ သူ၏မျက်နှာသည်လည်း ဖြူဖျော့သွားခဲ့သည်။
“မင်း”
ကျန်းယွဲ့က အော်ဟစ်လိုက်သည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ။ မျိုးနွယ်မတူတဲ့လူတွေက စိတ်ဓာတ်လည်းမတူဘူး။”
“ဒါက ဘာကိုဆိုလိုတာလဲဆိုတာ ငါနားမလည်ဘူး။ ဒါပေမယ့် ဒါက ချီးမွမ်းစကားမဟုတ်ဘူးဆိုတာတောြ သေချာတယ်။ ဒါပေမယ့် မင်းရဲ့စွမ်းရည်အတွက် ငါမှာ မျှော်လင့်ချက်ကြီးကြီးမားမားရှိတယ်။ အဲ့ဒါကြောင့် ငါ မင်းကိုမသတ်ဘူး။”
မှော်ဆရာလင်းက ပြုံးကာ ပြောလိုက်သည်။
“အရင်ဆုံး သူ့ကိုကြိုးတုတ်ထားလိုက်။”
ကျန်းယုသည် သူ့ကို အေးစက်စွာစိုက်ကြည့်ရင်း သူ၏မျက်လုံးထဲတွင် ကောက်ကျစ်သည့်အလင်းရောက်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။