အခန်း (၅၇၇-၅၇၈)
Vol. 41 Ch. 577-578
အခန်း ၅၇၇ - မာနာကြီးသော မှော်ဆရာလင်း ချက်ချင်းရှုံးနိမ့်ခြင်း၊ စွမ်းအင်အရင်းအမြစ်များ
ကမ်းခြေပေါ်တွင် ရှောင်းယီသည် သင်္ဘောကြီးပေါ်ရှိ ဒေသခံများက ရှားနိုင်ငံသားတစ်ဦးကို ချုပ်နှောင်ထားသည်ကို မြင်တွေ့ခဲ့ရသည်။
ထိုနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူမသိသော်လည်း ရှောင်းယီ အလျင်မလိုပေ။ နောက်ဆုံးတွင် ဒေသခံမှော်ဆရာက S-အဆင့်ဖြစ်ပေသည်။
သူ့တွင် မည်သည့်အကြံအစည်မျိုးရှိနေပါစေ အကြွင်းမဲ့စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် အသုံးဝင်မည်မဟုတ်ပေ။
“မင်းရဲ့လူတွေကိုခေါ်ပြီး နည်းနည်းနောက်ဆုတ်လိုက်။ ပြီးရင် သူတို့ကို ကမ်းပေါ်တက်ခွင့်ပေးလိုက်။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်း ခေါ်ဆောင်လာသော လူများနှင့် အကျဉ်းသားများအားလုံးသည် ကျွန်းအတွင်း မီတာနှစ်ရာအကွာသို့ ဆုတ်ခွာသွားခဲ့ကြသည်။
“ဟားဟား...သူတို့ ဒီလောက်တောင် မြန်မြန်ဆန်ဆန် နောက်ဆုတ်သွားကြတာလား။ ဒီအပြင်လူတွေက သိပ်အားနည်းတာပဲ။”
မှော်ဆရာလင်းက ပျော်ရွှင်စွာ ပြောလိုက်သည်။
“မှော်ဆရာ ဒါက သူတို့ ဘာမှပြင်ဆင်မထားကြလို့ဖြစ်သင့်တယ်။”
ဒေသခံတစ်ဦးက ပြောလိုက်သည်။
မှော်ဆရာလင်းက ခေါင်းညိတ်လိုက်၏။
“ဒီမဟာမိတ်အဖွဲ့က ငါဟာပဲ။”
ဘေးတစ်ဖက်တွင် ချုပ်နှောင်၍ ပစ်ချခံထားရသော ကျန်းယုသည် မှော်ဆရာလင်းကို အေးစက်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။ သူသည် လင်းနှင့်ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချခဲ့သည့်အချိန်ကတည်းက ဤဒေသခံမှော်ဆရာသည် သူ့အားအစစ်အမှန်ကူညီမည်မဟုတ်ကြောင်း သိရှိထားခဲ့သည်။
သို့သော် သူသည်လည် မှော်ဆရာလင်းထံမှ အရာများကို ထိမ်ချန်ထားခဲ့သည်။ အနည်းဆုံး စူးတုကျီတွင် S-အဆင့်အိမ်မွေးတိရစ္ဆာန်ရှိကြောင်း သူ့အား မပြောပြခဲ့ပေ။
ကျန်းယု၏ကိုယ်ပိုင်ခန့်မှန်းချက်အရ မှော်ဆရာသည် အလွန်စွမ်းအားကြီးသော်လည်း ရန်သူနှစ်ယောက် ရင်ဆိုင်ရသည့်အခါ တစ်တူညီသောအဆင့်ရှိ သားရဲတစ်ကောင် ပါဝင်လာခြင်းက သူ့အတွက် ခက်ခဲသည့်အချိန်အား ပေးစွမ်းနိုင်စေရန် လုံလောက်သင့်သည်။
ကျန်းယုသည် ယနေ့ည၏စစ်ဆင်ရေးမှ အကျိုးအမြတ်များ ရယူရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် ကမ်းခြေပေါ်တွင် မမျှော်လင့်ထားသောအရာတစ်ခု ဖြစ်လာခဲ့ဟန်ရှိသည်။ စူးတုကျီသည် အမှန်တကယ် ချုပ်နှောင်ခ့ထားသယရခြင်လားဆိုသည်ကို သူရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ပေ။
အကယ်၍ သူသာ အမှန်တကယ် ချုပ်နှောင်ခံထားရခြင်းဖြစ်ပါက ဤည၏ကိစ္စများမှာ ထိန်းချုပ်၍ရနိုင်တော့မည်မဟုတ်ပေ။
သို့သော် သူ့ကိုစိတ်သက်သာရာရစေသည့် တစ်ခုတည်းသောအရာမှာ စူးတုကျီသည်လည်း ပြန်ပေးဆွဲခံထားရသည်ဟူသော အချက်ဖြစ်သည်။
သူတို့ ပြန်ပေးဆွဲခံထားရသည့်အတွက် သူတို့သည် စူးတုကျိ၏ရန်သူများသာ ဖြစ်ရပေလိမ့်မည်။ စူးတုကျီအား ပြန်ပေးဆွဲနိုင်သည့်သူသည် အတော်လေးစွမ်းအားကြီးမားရမည်ဖြစ်သည်။ ထို့ကြောင့် ဤဒေသခံများအတွက် အကျိုးအမြတ်ရယူရန်မှာ ခက်ခဲပေလိမ့်မည်။
ဤအတွေးဖြင့် ကျန်းယု စိတ်သက်သာရာရသွားခဲ့သည်။ ကြည့်ရသည်မှာ ယနေ့ညပွဲသည် အမှန်တကယ် စိတ်ဝင်စားဖွယ်ကောင်းပေလိမ့်မည်။
မှော်ဆရာလင်းသည် အလျင်အမြန်ပင် သူ၏တပ်ဖွဲ့ကို ဦးဆောင်ကာ ကမ်းခြေဆီသို့ ချဉ်းကပ်သွားပြီး ကျန်းယွင်ထျန်း၏သင်္ဘောကြီးမှာမူ အဝေးကြီးသို့ ရွက်လွှင့်သွားခဲ့ပြီးဖြစ်သည်။
ဒေသခံများသည် ကျန်းယွင်ထျန်း၏သင်္ဘောကြီးကို လုံးဝဂရုမစိုက်ကြပေ။ အဘယ်ကြောင့်ဆိုသော် မှော်ဆရာလင်း၏ပန်းတိုင်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဖြစ်နေဆဲဖြစ်သောကြောင့်ပင်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်မှသာ မဟာမိတ်အဖွဲ့တစ်ခုလုံး သူ၏လက်ထဲသို့ရောက်ရှိနိုင်မည်ဖြစ်သည်။
မှော်ဆရာလင်းနှင့် သူ၏တပ်ဖွဲ့သည် သင်္ဘောပေါ်မှဆင်းသက်ကာ ကျွန်းအတွင်းသို့ ဦးတည်လိုက်ကြသည်။
“စူးတုကျီ ထွက်လာပြီး မင်းရြဲသေခြင်းနဲ့ ရင်ဆိုင်လိုက်စမ်း။”
မှော်ဆရာလင်းက အော်ဟစ်လိုက်သည်။ အံ့အားသင့်စွာပင် သူသည် ရှားဘာသာစကားဖြင့် ပြောဆိုလိုက်ခြင်းဖြစ်သည်။
ကျန်းယွင်ထျန်းက အံ့အားသင့်စွာပြောလိုက်သည်။
“ဒီဒေသခံက ရှားဘာသာစကားကို ဘယ်လိုပြောတတ်သွားတာလဲ။”
ရှောင်းယီက စူးတုကျီကိုကြည့်ပြီး မေးလိုက်သည်။
“မင်း ယီရန်ပင်းမဟာမိတ်အဖွဲ့ကနေ ဘာသာပြန်ဝန်ဆောင်မှုတွေ ဝယ်ထားတာလား။”
စူးတုကျီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်ာ
“ဒါပေါ့ယ မဟုတ်ရင် သူတို့ကိုဘယ်လိုထိန်းချုပ်ရမှာလဲ။ ဒါပေမယ့် ငါ ဘာသာပြန်ကို ရှားဘာသာစကားသင်ခိုင်းထားတာမဟုတ်ဘူး။ သေစမ်း အဲဒီသစ္စာဖောက်ကျန်းယုပဲဖြစ်ရမယ်။”
ရှောင်းယီသည် စူးတုကျီ၏ကြိမ်းမောင်းဆဲဆိုသံများကို လျစ်လျူရှုကာ ပြောလိုက်သည်။
“ငါတို့ရဲ့ဘာသာပြန်က သူတို့ကိုသင်ပေးခဲ့တာသေချာတယ်။”
ကျန်းယွင်ထျန်းက အနည်းငယ်ခေါင်းညိတ်ကာ မေးလိုက်သည်။
“အခု စလိုက်ရတော့မလား။”
“တပိုင် အဲဒီမှော်ဆရာကို တစ်ခါတည်းထိန်းချုပ်လိုက်။ သူက S-အဆင့်ပဲ။ ဖြုန်းတီးပစ်လို့မရဘူး။”
ရှောင်းယီက ပြောလိုက်သည်။
တပိုင်သည် ချက်ချင်းထရပ်လိုက်ပြီး မှော်ဆရာရှိသည့် သစ်တောဆီသို့ ခုန်ဝင်သွားခဲ့သည်။
ကျွန်းဆီသို့ အော်ဟစ်စိန်ခေါ်နေသော မှော်ဆရာလင်းသည် အဖြူရောင်အရိပ်တစ်ခု တောထဲမှထွက်လာသည်ကို မြင်လိုက်ရသောအခါ တုံ့ပြန်ရန်ပင် အချိန်မရှိခဲ့ပဲ ဇောက်ထိုးမိုးမျှော်ဖြစ်သွားသည့် ခံစားချက်မျိုး ခံစားလိုက်ရသည်။
“ရောက်လာပြီ။”
ကျန်းယုသည် သင်္ဘောပေါ်မှနေ၍ ထိုအဖြူရောင်ပုံရိပ်ကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားစွာ တွေးလိုက်မိသည်။
မှော်ဆရာလင်းသည် ချက်ချင်းစိတ်ဝိဉာည်တိုက်ခိုက်မှုကို အသုံးပြုလိုက်သော်လည်း SS-အဆင့် တပိုင်သည် လုံးဝအကျိုးသက်ရောက်မှုမရှိဘဲ သူ့ဆီသို့ တိုက်ရိုက်ခုန်ဝင်လာခဲ့သည်။
“ဘမ်း”
“ခရက်”
မှော်ဆရာလင်းသည် နောက်သို့ လွင့်ထွက်သွားပြီး သူ၏နံရိုးများစွာ ကျိုးပဲ့သွားခဲ့သည်။
မှော်ဆရာလင်းသည် လေထဲတွင် သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။
“ဟင် မဖြစ်နိုင်ဘူး။ S-အဆင့်ဝံပုလွေတစ်ကောင်က S-အဆင့် မှော်ဆရာတစ်ယောက်ကို တစ်ချက်တည်းနဲ့ နင်းချေပစ်လိုက်တာလား။”
ကျန်းယုသည် သူမြင်နေရသည့်မြင်ကွင်းအား မယုံကြည်နိုင်ခဲ့ပေ။
“ခဏလေး အဲဒီအဖြူရောင်အရိပ်က အရမ်းကြီးလွန်းမနေဘူးလား။”
ထိုစဉ် ကျန်းယုသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားခဲ့သည်။
အဖြူရောင်ဝံပုလွေသည် အတော်လေး ကြီးမားလှပေသည်။ ဝံပုလွေဖြူတစ်ကောင်အနေဖြင့် ၎င်းသည် သာမန်မီးခိုးရောင်ဝံပုလွေများထက် သဘာဝအားဖြင့် ပိုမိုကြီးမားသော်လည်း ဤမျှလောက် ကြီးမားသည်တော့မဟုတ်ပေ။
ပိုမိုတိကျစွာပြောရလျှင် ထိုအရာလောက် အရပ်မမြင့်ပေ။
တပိုင်သည် မှော်ဆရာကို ရိုက်နှက်ပြီးနောက် ဒေသခံများ၏တပ်ဖွဲ့အတွင်းသို့ ဝင်ရောက်ကာ ရက်စက်စွာတိုက်ခိုက်ပြီး သူတို့အဖွဲ့တစ်ခုလုံးကို ပြန့်ကျဲသွားစေခဲ့သည်။
တပိုင် ရပ်တန့်လိုက်သောအခါ ကျန်းယုသည် နောက်ဆုံးတွင် ၎င်းသည် ဝက်ဝံဖြူတစ်ကောင်ဖြစ်ကြောင်း သတိပြုမိသွားခဲ့သည်။
“ဟစ်...”
ကျန်းယု ပင့်သက်ရှိုက်လိုက်မိသည်။
S-အဆင့် မှော်ဆရာကို ချက်ချင်းချိုးနှိမ်ပစ်နိုင်သော ဝက်ဝံဖြူတစ်ကောင်သည် အနည်းဆုံး SS-အဆင့် ဖြစ်ရပေမည်။
“စူးတူကျီ ဘယ်လိုတောင် စွမ်းအားကြီးမားတဲ့ပုဂ္ဂိုလ်မျိုးကို စော်ကားခဲ့တာလဲ။”
ကျန်းယုပ သံသယအကြည့်ဖြင့် တွေးလိုက်မိသည်။
တပိုင်သည် ဒေသခံများကို ဖြေရှင်းပြီးပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ ရှောင်းယီက အမိန့်ပေးလိုက်သည်။
“သင်္ဘောပေါ်တက်ပြီး ကျန်းယုကို ခေါ်လာခဲ့။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းသည် ချက်ချင်းပင် သင်္ဘောပေါ်တက်သွားကာ တင်းတင်းကြပ်ကြပ် ချုပ်နှောင်ခံထားရသော ကျန်းယုကို သင်္ဘောမှဆွဲချလိုက်သည်။
ရှောင်းယီက သူ့ကိုကြည့်ကာ မေးလိုက်သည်။
“မင်းက ရှားနိုင်ငံကလား။”
“ဟုတ်ပါတယ်။”
ကျန်းယုက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“မင်းတို့ ဒီမှာဘာလုပ်မေတာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“စူးတုကျီကို သတ်ပစ်ဖို့ပါ။”
ကျန်းယုက ပြန်ဖြေလိုက်ပြီး သူ၏အစီအစဉ်အားလုံးကို ဖွင့်ချလိုက်လေသည်။ စူးမိသားစုနှင့် သူ၏အမုန်းတရားများလည်း ပါဝင်ပေသည်။
ထိုအချင်းအရာများကို နားထောင်ပြီးနောက် ရှောင်းယီသည် နောက်ဆုံးတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို နားလည်သွားပြီး မေးလိုက်သည်။
“သူက စာချုပ်ကတ်ကို မင်းအပေါ်မှာ အသုံးပြုခဲ့တယ်မဟုတ်ဘူးလား။ မင်းက အခု C အဆင့်ပဲ ရှိသေးတာကို စာချုပ်စွမ်းအားကနေ ဘယ်လိုလွတ်မြောက်နိုင်ခဲ့တာလဲ။”
“မဟာမိတ်အဖွဲ့ထဲမဝင်ခင် ကျုပ် စာချုပ်ဖျက်သိမ်းခြင်းကတ်တစ်ခု ရခဲ့တယ်။”
ကျန်းယုက ပြန်ဖြေလိုက်သည်။
“ဒီလိုပစ္စသည်းမျိုးလည်း ရှိတာပဲလား။”
ရှောင်းယီက အံ့အားသင့်စွာ ပြောလိုက်သည်။
ကျန်းယုသည် ခေါင်းညိတ်ပြကာ အတည်ပြုလိုက်သည်။
“စာချုပ်ကတ်သုံးထားရင်တောင် သတိမလျှော့သင့်သင့်တဲ့ပုံပဲ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ရှောင်းယီသည်လည်း အပြည့်အဝသဘောတူပြီး ကျန်းယုကိုကြည့်ကာ ပြောလိုက်သည်။
“ငါတို့ ဒီမှာ စူးတုကျီကို ဖြေရှင်းပြီးသွားရင် မင်း ငါနဲ့အတူ ရှားနိုင်ငံကို ပြန်လိုက်ခဲ့မလား။”
သူတို့သည် တစ်နိုင်ငံတည်းသားချင်းများဖြစ်ပြီး မျက်စိရှေ့တွင်ရှိနေသောကြောင့် လက်ကမ်းကူညီနိုင်ပေသည်။ ထို့အပြင် အသက်ရှင်ကျန်သူတစ်ဦး ထပ်တိုးလာလျှင် ထောက်ပံ့ရေးသေတ္တာခြောက်လုံး ထပ်မံရရှိနိုင်မည်ဖြစ်သည်။
လူတိုင်းကို အံ့အားသင့်စွာစေခဲ့သည်မှာ ကျန်းယုက ခေါင်းခါလိုက်ခြင်းပင်။
“ကျုပ် ဒီမှာပဲနေခဲ့မယ်။ ကျုက်ရဲ့လက်စားချေမှုက မပြီးဆုံးသေးဘူး။”
ရှောင်းယီသည် အနည်းငယ် အံ့အားသင့်သွားခဲ့သော်လည်း သူနားလည်နိုင်ပေသည်။ သူ၏မိသားစုတစ်ခုလုံးသည် မျောက်နက်နိုင်ငံသားများကြောင့် သေဆုံးခဲ့ရပြီး ထိုကဲ့သို့သောမုန်းတီးမှုမျိုးကို မည်သူမျှ အလွယ်တကူ လွှတ်ချနိုင်မည်မဟုတ်ပေ။
သင်သည် ဤဒုက္ခကို မခံစားခဲ့ရဖူးဘဲနှင့် အခြားသူများကို အကြင်နာတရားထားရန် အကြံမပေးသင့်ပေ။
ရှောင်းယီသည် သူ့ကိုမနှစ်သိမ့်ပေးခဲ့ပေ။
“ကျုပ် ခင်ဗျားအတွက် ကျွန်းတစ်ကျွန်းချန်ထားပေးခဲ့မယ်။ အခြားတစ်ခုခုလိုအပ်တာရှိရင် ကျုပ်ကို ဆက်သွယ်နိုင်တယ်။”
“ကျေးဇူးတင်ပါတယ်။ ခင်ဗျားက ယီရန်ပင်းပဲဖြစ်ရမယ် ဟုတ်တယ်မဟုတ်လား။”
ကျန်းယုက မေးလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
ကျန်းယု သိရှိထားသော ရှားနိုင်ငံရှိ လူများအားလုံးထဲတွင် ယီရန်ပင်းတစ်ဦးတည်းသာ ဤကဲ့သို့ကြီးမားသည့်စွမ်းအားမျိုး ရှိပေသည်။
“ဟုတ်တယ်။ စူးတုကျီက သူ့ကျွန်းမှာ ရတနာတွေရှိတယ်လို့ပြောခဲ့တယ်။ အဲ့ဒါက ဘယ်လိုရတနာတွေလဲဆိုတာ ခင်ဗျားသိလား။”
ရှောင်းယီက မေးလိုက်သည်။
“ဟုတ်ပါတယ်။ စတုရန်းမီတာ ၄၀၀ ပဲရှိတဲ့ ရေနံတွင်းတစ်တွင်းက သူ့ကျွန်းမှာ ပေါ်လာခဲ့တယ်။”
ကျန်းယုက မတွန့်ဆုတ်ဘဲ ပြောပြလိုက်သည်။
“ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေက နောက်ထပ်မဟာမိတ်ကျွန်းနှစ်ခုမှာ ပေါ်လာခဲ့တယ်။”
ထိုအရာများကို ကြားလိုက်ရသောအခါ ရှောင်းယီ၏မျက်လုံးများ တောက်ပသွားခဲ့သည်။ ထိုအရာများမှာ စွမ်းအင်အရင်းအမြစ်များဖြစ်ပေသည်။
ဘေးတစ်ဖက်တွင်ရပ်နေသော ကျန်းယွင်ထျန်းသည်လည်း အလားတူပင် အံ့အားသင့်သွားခဲ့သည်။
“အရင်ကမ္ဘာမှာတုန်းကလည်း မျောက်နက်နိုင်ငံက ဒီပစ္စည်ူသုံးမျိုးကို အဓိကထုတ်လုပ်ခဲ့ပုံပဲ။”
အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီက သူ၏စိတ်ထဲတွင် မေးလိုက်သည်။
“စနစ် ငါ ဒီမှာရှိတဲ့ ကျွန်းအားလုံးကို အုတ်မြစ်ကျောက်တွေအဖြစ်ပြောင်းလဲပြီး ပြန်ယူလိုက်ရင် ဒီအထူးထုတ်ကုန်တွေ ပြန်ပေါ်လာမှာလား။”
“မပေါ်ပါဘူး။ အုတ်မြစ်ကျောက်တွင် မည်သည့်အထူးဂုဏ်သတ္တိမျှမရှိပါ။ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်တွင်သာ ရှိပါတယ်။”
“မင်းဆိုလိုတာက အုတ်မြစ်ကျောက်တွေအကုန်လုံးကို ပြန်ယူလို့မရဘူးပေါ့။”
ရှောင်းယီ အနည်းငယ် မျှော်လင့်ချက်ကင်းမဲ့သွားခဲ့သည်။
အခန်း ၅၇၈ - ကျန်းယုနှင့် စာချုပ်ချုပ်ဆိုခြင်း၊ ဝံပုလွေဖြူ၏ ဘေးဒုက္ခ
“သီအိုရီအရတော့ ဟုတ်ပါတယ်။”
စနစ်က ပြန်ဖြေလာခဲ့သည်။
ရှောင်းယီ ဆွံ့အသွား၏။
“ ‘သီအိုရီအရ ဖြစ်နိုင်တယ်’ ဆိုတာက ဘာကိုဆိုလိုတာလဲ။ အကယ်၍ ငါက အုတ်မြစ်ကျောက်ကို အခုယူသွားမယ်ဆိုရင် အဲ့ဒီစွမ်းအင်တွေအားလုံး အလကားဖြစ်သွားမှာမဟုတ်ဘူးလား။”
“ဒါက ဟုတ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တစ်နှစ်အကြာမှာ ကုန်းမြေ ဒါမှမဟုတ် ပင်လယ်ပြင်ကို ပြန်ပြီးရွှေ့ပြောင်းလို့ရတယ်။ ပြီးရင် အဲ့ဒီစွမ်းအင်အရင်းအမြစ်တွေကို ဆက်ပြီး ထုတ်လုပ်နိုင်ပါသေးတယ်။”
“တစ်နှစ်လား မင်း ငါကိုလှည့်စားနေတာလား။ ဒီ ဟာသက မရယ်ရဘူးကွ။”
ရှောင်းယီက သူ့စိတ်ထဲတွင် ပြောလိုက်သည်။
တစ်ပတ်ကိုတောင်မစောင့်နိုင်တာ တစ်နှစ်ကိုဘယ်လိုစောင့်ရမှာလဲ။
ချူဖုန်းမြို့သည် ရှားနိုင်ငံ၏ အသက်ရှင်ကျန်ရစ်သူနယ်မြေကို ရှာတွေ့ပြီးပြီဖြစ်ကာ ထိုလူများသည် သူတို့ကို မည်သည့်အချိန်တွင်မဆို ရှာဖွေတွေ့ရှိသွားနိုင်သည်။
ဒီစွမ်းအင်အရင်းအမြစ်တွေကိုသုံးစွဲနိုင်ဖို့ တကယ်ပဲ တစ်နှစ်လုံးစောင့်နေရမှာလား။
ရှောင်းယီသည် အတွေးထဲသို့ နစ်မြုပ်သွားခဲ့သည်။
ကျန်းယွင်ထျန်းတို့အဖွဲ့သည်လည်း သူ့ကို မနှောက်ယှက်ခဲ့ကြပေ။ သူတို့သည် ရှောင်းယီက ဤစွမ်းအင်အရင်းအမြစ်များကို တူးဖော်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးအတွက် စဉ်းစားနေခြင်းဖြစ်မည်ဟု ယူဆလိုက်ကြသည်။
“ခင်ဗျား ကျုပ်နဲ့စာချုပ်ချုပ်ချင်လား။”
ရှောင်းယီက ရုတ်တရက် ကျန်းယုကို မေးလိုက်သည်။
ကျန်းယွင်ထျန်း အနည်းငယ်အံ့အားသင့်သွားသည်။ ရှောင်းယီ၏ အချိန်အကြာကြီးယူကာ စဉ်းစားနေရခြင်းသည် တကယ်တမ်း ကျန်းယုနှင့်စာချုပ်ချုပ်ဆိုရန် ဖြစ်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
ကျန်းယုသည် အနည်းငယ်ကြောင်အသွားပြီး မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“ကျုပ်ပြန်မသွားဘူးလို့ ပြောခဲ့ပြီးသားပါ။ ကျုပ်မှာ ကျုပ်လုပ်ရမယ့်တာဝန်ရှိတယ်။”
“ခင်ဗျားကို ပြန်သွားစရာမလိုပါဘူး။ ဒီမှာပဲနေပြီး ဒီမဟာမိတ်အဖွဲ့နဲ့ ဒီကျွန်းတွေကို ကျုပ်အတွက် ကြည့်ရှုစောင့်ရှောက်ဖို့ ကူညီပေးရုံပါပဲ။”
ရှောင်းယီက ပြောလိုက်သည်။
ကျန်းယု၏မျက်လုံးများသည် အနည်းငယ် တောက်ပသွားခဲ့သည်။ နယ်မြေချဲ့ထွင်ရန်၊ ခြံဝင်းများကိုသိမ်းပိုက်ရန်နှင့် ဘုရင်ဖြစ်လာရန်အတွက် မည်သည့်ယောက်ျားမဆို မျှော်လင့်ကြသည်ချည်း မဟုတ်ပါလော။
ရှောင်းယီ၏အဓိပ္ပာယ်မှာ အလွန်ရှင်းနေခဲ့သည်။
သူသည် သူ့အား ဤနေရာတွင် ဘုရင်ဖြစ်စေလိုသည်။
“ခင်ဗျားက ကျုပ်မှာ စာချုပ်ဖျက်သိမ်းခြင်းကတ်ရှိနေသေးမှာကို မစိုးရိမ်ဘူးလား။”
ကျန်းယုက ချက်ချင်းပြန်မဖြေဘဲ ပြန်မေးလိုက်သည်။
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“မင်းက ဒီအချိန်ထိအသက်ရှင်အောင် စီမံနိုင်ပြီး စူးတုကျီရဲ့လက်အောက်မှာ အချိန်အကြာကြီ တောင့်ခံနိုင်ခဲ့တယ်။ ဒါက မင်းဟာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီး ဘယ်လိုရွေးချယ်ရမှန်းသိတဲ့လူတစ်ယောက်လို့ ဆိုလိုနေတာပဲ။”
ရှင်းရှင်းလင်းလင်းပြောရလျှင် ဤနေရာသည် အင်ပါယာ၏ လက်လှမ်းမမီနိုင်သောနေရာဖြစ်သည်။ ကျန်းယုသာ သဘောတူလိုက်မည်ဆိုပါက သူသည် ဒေသခံအာဏာရှင်တစ်ဦးဖြစ်လာမည်ဖြစ်ပြီး အရာရာတိုင်းကို သူ၏စိတ်ကြိုက်ဖွံ့ဖြိုးတိုးတက်စေရန် ဆုံးဖြတ်နိုင်ပေလိမ့်မည်။
ထို့အပြင် ယီကိုအော်ပိုရေးရှင်းကဲ့သို့ စွမ်းအားကြီးမားလှသည့်အဖွဲ့အစည်းကြီး၏ နောက်ခံဖြင့်ဆိုလျှင် ၎င်း၏ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုနှင့် လက်စားချေလိုသောဆန္ဒအတွက် အလွန်အကျိုးရှိပေသည်။
“ကောင်းပြီ ခင်ဗျားနဲ့စာချုပ်ချုပ်ဖို့ ကျုပ်သဘောတူတယ်။”
ကျန်းယုက ပြန်ဖြေလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒီလက်ဆောင်က ခင်ဗျားအတွက်ပဲ။”
ထိုသို့ပြောရင်းဖြင့် ရှောင်းယီသည် စူးတုကျီကို ကျန်းယုရှေ့သို့ တိုက်ရိုက်တွန်းပို့လိုက်သည်။
“ခင်ဗျားက ကျုပ်ကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပြုလိုက်တာလား။”
ကျန်းယုက အနည်းငယ်မယုံကြည်နိုင်ဖြစ်နေဟန်ဖြင့် မေးလိုက်သည်။
နောက်ဆုံးတွင် သူ့ရှေ့တွင်ရှိနေသောလူသည် S-အတဆင့် စွမ်းအားရှင်တစ်ယောက်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုလူနှင့် စာချုပ်ချုပ်နိုင်ခဲ့ပါက ၎င်းတို့၏လက်အောက်တွင် နောက်ထပ် စွမ်းအားကြီးသည့်ဗိုလ်ချုပ်ကြီးတစ်ဦး ထပ်ရှိလာမည်ဖြစ်သည်။ ထိုသို့သောအခွင့်အရေးကို မည်သူမျှ စွန့်လွှတ်လိမ့်မည်မဟုတ်သည်မှာ သေချာပေသည်။
ထို့အပြင် ယီရန်ပင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။
ရှောင်းယီ၏အသံသည် အေးဆေးတည်ငြိမ်နေသော်လည်း ခိုင်မာလှသည်။
“ကျုပ်ဟာ အမြတ်အစွန်းကိုပဲစိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုပေမယ့် ကျုပ်က ရှားနိုင်ငံသားတစ်ယောက်လည်းဖြစ်တယ်။ ပြီးတော့ S-အဆင့်ဆိုတာ ဘာမှမဟုတ်ဘူး။ ကျုပ်တို့မဟာမိတ်အဖွဲ့မှာ အများကြီးရှိတယ်။ ခင်ဗျားစိတ်ကြိုက်သာ လုပ်လိုက်ပါ။”
ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းယုသည် လေးလေးနက်နက်ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သခင်။”
“ကျုပ်ကို ကျွန်းပိုင်ရှင်လို့ပြခေါ်ပါ။ မဟာမိတ်အဖွဲ့ထဲက လူတိုင်းက ကျုပ်ကို ဒီလိုပဲခေါ်ကြတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်”
ကျန်းယုက ပြန်ဖြေလိုက်ပြီး ဘေးနားမှဓားတစ်ချောင်းကို ကောက်ယူကာ စူးတုကျီဆီသို့ လျှောက်သွားလိုက်သည်။
“မဟုတ်ဘူး...။ မင်းငါ့ကိုသတ်လို့မရဘူး။ ငါ မင်းကိုအဆင့်မြင့်အစားအစာပေးခဲ့တာကို မင်းမေ့သွားပြီလား။”
စူးတူချီက အော်ဟစ်လိုက်သည်။
“ဒါပေါ့ ကျေးဇူးဆပ်တဲ့အနေနဲ့ ခင်ဗျားကို မြန်မြန်သေခွင့်မပြုနိုင်ဘူး။”
ကျန်းယု သွားများပင်ပေါ်အောက် ပြုံးပြလိုက်သည်။
“မဟုတ်ဘူး...မဟုတ်ဘူး။ မင်း ငါ့အသက်ကို ချမ်းသာပေးမယ်ရင် ငါ မင်းရဲ့ကျွန်အဖြစ် နေပေးပါ့မယ်။ ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါ။”
စူးတုကျီက ဆက်လက်တောင်းပန်နေဆဲပင်။
“အဲဒီတုန်းက ငါ့ဇနီးနဲ့ကလေးတွေက မင်းကို ဒီလိုမျိုး တောင်းပန်ခဲ့ကြတာပဲ ဟုတ်တယ်မဟုတ်လား။”
ကျန်းယု၏အသံသည် ငရဲ၏အနက်ရှိုင်းဆုံးအရပ်မှ ထွက်ပေါ်လာဟန်ရှိသည်။
“အစ်ကို ငါမှားသွားပါတယ်။ ငါတကယ်မှားသွားပါတယ်။ လူတိုင်းက ဒီလိုလုပ်နေကြတော့ ငါလည်းလိုက်လုပ်မိတာပါ။”
စူးတုကျီက အလျင်အမြန်အော်ဟစ်လိုက်သည်။
“လူတိုင်း ဒီလိုလုပ်နေကြတာက မင်းရဲ့ စူးမိသားစုက အစလုပ်လို့ပဲ။”
ထိုသို့ပြောရင်းဖြင့် ကျန်းယုသည် သူ၏လက်တစ်ဖက်ကို တစ်ချက်တည်း ဖြတ်ပစ်လိုက်၏။
“အား....”
စူးတုကျီသည် ပြင်းထန်သည့်နာကျင်မှုကြောင့် အော်ဟစ်လိုက်ရသည်။
“အာဝူးးးး”
ထိုစဉ် ဘေးတစ်ဖက်တွင်ရှိနေသော ဝံပုလွေဖြူက ရုတ်တရက် အော်ဟစ်လိုက်သည်။
ရှောင်းယီက သူ့ကို သံသယအကြည့်များဖြင့်ကြည့်ကာ မေးလိုက်သည်။
“မင်းလည်းညလက်စားချေချင်လို့လား။”
ဝံပုလွေဖြူက အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။
ရှောင်းယီ၏စကားကို ကြားလိုက်ရသောအခါ ကျန်းယုက နောက်လှည့်ပြီး တောင်းဆိုနေသော ဝံပုလွေဖြူကိုကြည့်ကာ ပြောလိုက်သည်။
“သူ့မိသားစုကို စူးတုကျီက ချုပ်နှောင်ထားတယ်လေ။ မဟုတ်ရင် စာချုပ်ချုပ်ဆိုမှုက ဘယ်လိုလုပ်ပြီး အောင်မြင်နိုင်မှာလဲ။”
“မိသားစုတစ်ခုလုံးလား။”
ရှောင်းယီ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ကျန်းယုသည် မြေပြင်ပေါ်တွင် လူးလိမ့်ကာ သွေးအလိမ်းလိမ်းဖြင့် ဆက်လက်အော်ဟစ်နေဆဲဖြစ်သော စူးတုကျီ တစ်ချက်စောင်းငဲ့ကြည့်ကာ ရှောင်းယီနားသို့ ပြန်လှည့်သွားလိုက်သည်။
ကျန်းယုသည် စိတ်ပျော့သွားခြင်းကြောင့်မဟုတ်ဘဲ သူ့ကို အရင်ဆုံး အချိန်ကြာကြာလေး ခံစားခိုင်းခြင်းက ပိုကောင်းသည်ဟု တွေးမိသောကြောင့်ပင်။ သူ့ကို မြန်မြန်သတ်ပစ်လိုက်ပါက သူ့အတွက် အရမ်းလွယ်ကူသွားပေလိမ့်မည်။
ရှောင်းယီရှေ့သို့ရောက်လာသောအခါ ကျန်းယုက ရှင်းပြလိုက်သည်။
“စူးတုကျီက တစ်ကြိမ်သုံး S-အဆင့် လျို့ဝှက်လက်နက်ကို အသုံးပြုခဲ့တယ်။ အဲ့ဒါက သိုင်းပညာဝတ္ထုတွေထဲင ‘ပန်းမုန်တိုင်းအပ်’ တွေလိုပဲ။ ကျန်ခဲ့တဲ့နှစ်ရက်က ကျွန်းပေါ်ကလူတစ်ယောက်က S-အဆင့် ဝံပုလွေဖြူတစ်ကောင်ကို ရှာတွေ့ခဲ့တယ်။ စူးတုကျီက သည် လူတွေအများကြီးဆုံးရှုံးခဲ့ရပေမယ့် သူ့ကို မကိုင်တွယ်နိုင်ခဲ့သည်။ အဲ့ဒါက အဲ့ဒီတစ်ကြိမ်သုံးလျို့ဝှက်လက်နက်ကို အသုံးပြုဖို့ ရွေးချယ်ခဲ့တယ်။ အဲ့ဒီလက်နက်က S-အဆင့်ဝံပုလွေဖြူကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်။”
“ဒီဝံပုလွေဖြူက အဲ့တစ်ကောင်ရဲ့ခင်ပွန်းလား။”
ရှောင်းယီက မေးလိုက်သည်။
ကျန်းယုင ခေါင်းညိတ်ပြကာ ဆက်လက်ပြောလိုက်သည်။
“ဝံပုလွေဖြူကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေခဲ့ပြီးနောက် စူးတုကျီရဲ့အတွေးတွေက အလုပ်လုပ်လာခဲ့တယ်။ သူက သူနဲ့စာချုပ်ချုပ်ချင်လာခဲ့တယ်။ နောက်ဆုံးမှာ အဲ့ဒါက S-အဆင့်ဝံပုလွေဖြူတစ်ကောင်ဖြစ်နေတုန်းပဲ။”
“ဒါပေမယ့် သူမျှော်လင့်မထားခဲ့တာက ဒဏ်ရာပြင်းပြင်းထျန်ထန်ရထားပေမယ့် ဝံပုလွေဖြူက အညံ့မခံသေးတာပဲ။ စူးတုကျီ စာချုပ်ကတ် ၁၀ ခုကျော်အသုံးပြုခဲ့ပေမယ့် တစ်ကြိမ်မှ မအောင်မြင်ခဲ့ဘူး။”
“စူးတုကျီရဲ့ သည်းခံနိုင်မှုတွေ ကုန်ခမ်းသွားပြီး သူ့ကိုသတ်ပြီးစားတော့မယ့်အချိန်မှာ ဒီကောင်က ကျုပ်တို့ဆီကို လာရှာခဲ့တယ်။”
ကျန်းယုက မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဝံပုလွေဖြူကို ညွှန်ပြကာ ပြောလိုက်သည်။
“သူက မီးဖွားပြီးခါစချိန်ဖြစ်ပြီး ဝံပုလွေအထီး ပြန်ရောက်လာမယ့်အချိန်ကို အကြာကြီး စောင့်ဆိုင်းနေခဲ့ပေမယ့် ပြန်ရောက်မလလို့ ထွက်လာပြီး ရှာဖွေခဲ့တာ။ သူက အနံ့နောက်ကိုလိုက်ပြီး စူးတုကျီရဲ့အိမ်ကို ရှာတွေ့ခဲ့တယ်။ ဒါပေမယ့် စူးတုကျီက ဝံပုလွေထီးရဲ့အသက်နဲ့ ခြိမ်းခြောက်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူကသည် မီးဖွားပြီးခါစဖြစ်တဲ့အတွက့့်ကြောင့် သူ့ရဲ့စွမ်းအားတွေက အများကြီးအားနည်းနေခဲ့ပြီး ဘာကိုမှ မဆင်မခြင် မလုပ်ရဲခဲ့ဘူး။”
“မဆင်မခြင်မလုပ်ရဲပေမယ့် အညံ့လည်းမခံခဲ့ဘူး။ စူးတုကျီက သူနဲ့စာချုပ်ချုပ်ဆိုဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ကျရှုံးခဲ့တယ်။”
“အခြေအနေနှစ်ရပ်ကြား တင်းမာမှုတွေဖြစ်ပေါ်နေတဲ့ချိန်မှာ စူးတုကျီရဲ့လက်အောက်ငယ်သားတွေက ဝံပုလွေရဲ့မျိုးပွားရာနေရာကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အဲ့နေရာမှာ မျက်စိတောင်မဖွင့်နိုင်သေးတဲ့ ဝံပုလွေလေးရှစ်ကောင် ရှိနေခဲ့တယ်။”
ရှောင်းယီ ပိုမိုအံ့အားသင့်သွားခဲ့သည်။
“ကိုယ်ဝန်တစ်ခုတည်းနဲ့ ကလေးရှစ်ကောင်လား။”
လက်အောက်ငယ်သားများသည် ဝံပုလွေကလေးများကို ပြန်လည်ခေါ်ဆောင်လာသောအခါ ဝံပုလွေမကြီးခမျာ လုံးဝပြိုလဲသွားခဲ့သည်။
စူးတုကျီသည် အနည်းဆုံးတော့ S-အဆင့်တွင် ရှိနေဆဲပင်။ မီးဖွားပြီးခါစ ဝံပုလွေမအနေဖြင့် သူ့ကို အနိုင်မယူနိုင်ပေ။
ထို့အပြင် သူ၏မိသားစုတစ်ခုလုံး၏အသက်များမှာ စူးတုကျီ၏လက်ထဲတွင် ရှိနေသောကြောင့် သူသည် အဆုံးစွန်သော သိမ်ငယ်စိတ်ဖြင့် စာချုပ်တွင် လက်မှတ်ရေးထိုးရန်သာ ရွေးချယ်ခဲ့ရသည်။
ကျန်းယုပြောပြသည့်ဇာတ်လမ်းကို နားထောင်ပြီးနောက် ရှောင်းယီသည် နောက်ဆုံးတွင် ဇာတ်လမ်းတစ်ခုလုံးကို နားလည်သွားခဲ့သည်။
ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“မင်းလက်စားချေချင်တာကို ငါသဘောတူတယ်။ ဒါပေမယ့် မင်းရဲ့မိသားစုတစ်ခုလုံး ငါနဲ့စာချုပ်ချုပ်ရမယ်။ မင်းရဲ့အဖော်ကိုလည်း ငါကူညီပြီး ကုသပေးမယ်။ အဆင့်မြင့်အစားအစာတွေလည်း ထောက်ပံ့ပေးမယ်။ လွတ်လပ်မှုလည်း အတိုင်းအတာတစ်ခုအထိပေးမယ်။ ဘယ်လိုလဲ။”
ဝံပုလွေဖြူသည် ရှောင်းယီကိုကြည့်လိုက်ပြီး သူမဘေးနားရှိ ဝက်ဝံဖြူကို ကြည့်လိုက်သည်။
“ဝေါင်း”
တပိုင်က ညင်သာစွာ ဟိန်းဟောက်လိုက်သည်။
“ညီအစ်မ သဘောတူလိုက်ပါ။ ဒီမှာ ကြည့်ကြည့် ကျွန်မဆိုရင် ကျွန်းပိုက်ရှင်နောက်ကိုလိုက်တာ တစ်လကျော်ပဲရှိသေးတယ်။ A-အဆင့် ကနေ SS-အဆင့်အထိ ရောက်သွားပြီ။”
တပိုင်ကို ရှောင်းယီ စာချုပ်ချုပ်ခဲ့စဉ်က သူသည် အမှန်တကယ် A-အဆင့်သာ ရှိခဲ့သော်လည်း စာချုပ်ချုပ်ပြီးသည့်နောက် S-အဆင့်သို့ အလျင်မြန် အဆင့်တက်သွားခဲ့ပြီး မနေ့ကလေးတင် SS-အဆင့်သို့ ထိုးဖောက်ခဲ့ခြင်းဖြစ်သည်။