← Chapters

အခန်း (၅၈၁-၅၈၂)

Vol. 42 Ch. 581-582

အခန်း (၅၈၁-၅၈၂)

Vol. 42 Ch. 581-582

အခန်း ၅၈၁ ရှောင်းယီ၏ ထည့်သွင်းစဉ်းစားချက်များနှင့် စည်းမျဉ်းစည်းကမ်းများ

အရင်းအမြစ်များအား လုယက်မည့် အကြံပြုချက်ကို ကြားလိုက်ရပြီးနောက် အခြားသူများသည် ချက်ချင်းလက်ငင်း သဘောတူညီခဲ့ကြသည်။

"ဒါက စိတ်ကူးကောင်းတစ်ခုပဲ။ ဒါ့အပြင် ငါတို့မှာ မြို့ပြန်ကျောက်လည်း ရှိပြီသား။ အရင်းအမြစ်တွေ ရတာနဲ့ ချက်ချင်းပြန်ပြီးတော့ တည်နေရာကူးပြောင်းနိုင်တယ်။"

"ဒါပေမယ့် ပြဿနာတစ်ခုတော့ရှိတယ်။ အဲ့ဒီကို ဘယ်လိုရောက်အောင်သွားရမှာလဲ။"

"မှန်တယ်...။ ဘယ်လိုရောက်အောင်သွားရမလဲဆိုတာထက် ငါတို့ စည်းမျဉ်းတစ်ခုကိုလည်း သဘောတူထားသင့်တယ်။ အသက်ရှင်ကျန်ရစ်သူတွေအချင်းချင်း တွေ့ကြတဲ့အခါ တိုက်ခိုက်မှုတွေ မလုပ်ကြပါနဲ့။ ငါတို့အပြင်လူတွေ နောက်တစ်ကြိမ် ပူးပေါင်းဆောင်ရွက်ရမယ်။"

"ဟုတ်တယ်... အဲ့ဒီတိုက်ကြီးက အရမ်းကျယ်ပြန့်တဲါအတွက် အရင်းအမြစ်တွေလည်း အများကြီးရှိရမယ်။ ငါတို့ အချင်းချင်း ယှဉ်ပြိုင်စရာမလိုဘူး။"

"လူတိုင်းပဲ ဒါကို သဘောတူသင့်တယ်မလား။ ဒါ့အပြင် အရင်းအမြစ်တွေ ရပြီးရင် မြို့ပြန်ကျောက်ကိုသုံးပြီး ပြန်လာလို့ရတယ်။ အချင်းချင်း လုယက်တာမျိုးတွေ ဖြစ်လာမှာမဟုတ်ဘူး။"

"ဒါဆို အခုအရေးအကြီးဆုံးမေးခွန်းက အဲ့ဒီကို ဘယ်လိုရောက်အောင်သွားရမလဲဆိုတာပဲ။"

"ဒါက သူဌေးကြီးအပေါ်မှာပဲ မူတည်တယ်။"

"‌သူဌေးကြီးက အဲ့ဒီတိုက်ကြီးကို ရောက်ဖူးတယ်။ အဲ့ဒါကြောင့် အဲ့ဒီကိုရောက်အောင်သွားဖို့ နည်းလမ်းရှိရမယ်။"

"ဒါ အဓိပ္ပါယ်ရှိတယ်။ @ယီရန်ပင်း သူဌေးကြီး၊ အဲ့ဒီတိုက်ကြီးရဲ့ တိကျတဲ့တည်နေရာကို ကျုပ်တို့ကို ပြောပြပေးနိုင်မလား။"

ရှောင်းယီသည် ဂရုထဲရှိ စကားဝိုင်းကို ကြည့်လိုက်ပြီး အနည်းငယ် စဉ်းစားကြည့်လိုက်သည်။ ၎င်းတို့အား ထိုတိုက်ကြီးသို့ ပို့ဆောင်ခြင်းသည် အမှန်တကယ်ပင် တစ်ဖက်လူ၏စွမ်းအားအချို့ကို အာရုံပြောင်းစေနိုင်ပြီး ပင်လယ်ပြင်တွင် သူတို့ကို ရှာဖွေခြင်းမှ စိုးရိမ်ပူပန်မှုမရှိဘဲ တားဆီးနိုင်သည်။

တစ်ချိန်တည်းမှာပင် လူတိုင်းသည် ထိုတိုက်ကြီးပေါ်တွင် သူတို့လိုအပ်သည့် အရင်းအမြစ်အချို့ကို အမှန်တကယ် ရှာဖွေတွေ့ရှိနိုင်ပြီး ဤသည်မှာ လူတိုင်း၏ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ပေးနိုင်မည်ဖြစ်သည်။

ပုန်းအောင်းနေသည့် တစ်ခုတည်းသောအန္တရာယ်မှာ အကယ်၍ သူတို့သည် ထိုတိုက်ကြီးရှိ ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရပါက သူတို့အတွက် အလွန်အန္တရာယ်များမည်ဖြစ်သည်။

မြို့ပြန်ကျောက်၏အသုံးပြုရန်ကြာချိန်မှာ စက္ကန့် ၂၀ ဖြစ်သည်။ ထိုစက္ကန့် ၂၀ သည် ထိုကျွမ်းကျင်သူများအတွက် သူတို့ကို ၁၀ ကြိမ်မက သတ်ဖြတ်နိုင်ရန် လုံလောက်ပေသည်။

အသက်ရှင်ကျန်ရစ်များ၏အရေအတွက်သည် အခြေခံအားဖြင့် အုတ်မြစ်ကျောက်များ၏အရေအတွက်ကို ကိုယ်စားပြုသောကြောင့် ရှောင်းယီသည် ၎င်းတို့အသက်ရှင်သန်နိုင်မည်ကို မျှော်လင့်နေဆဲဖြစ်သည်။

"ကျုပ် လူတိုင်းကို တည်နေရာပေးနိုင်တယ်။ ဒါပေမယ့် လူတိုင်းပဲ ဘေးကင်းလုံခြုံရေးကို သတိထားရမယ်။ B အဆင့်အောက် မဟာမိတ်အဖွဲ့တွေအနေနဲ့ အဲ့ဒီကို မသွားသင့်ဘူး။ တကယ်လို့ အဲ့ဒီမှာရှိတဲ့ ကျွမ်းကျင်သူတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် မြို့ပြန်ကျောက်က ခင်‌ဗျားတို့ကို ကယ်တင်နိုင်မှာမဟုတ်ဘူး။"

ရှောင်းယီက ဂရုထဲတွင် ပြောလိုက်သည်။

"ဒါက အရမ်းကောင်းတာပဲ... ကျေးဇူးတင်ပါတယ် သူဌေး၊ ကျုပ်တို့မဟာမိတ်မှာ B အဆင့်နှစ်ယောက်ရှိတယ်။ မြန်မြန်ပြောပြပါတော့။ ကျုပ်တို့ သွားပြီးစူးစမ်းကြည့်မယ်။"

"B အဆင့်နှစ်ယောက်လာား။ ငါတို့မှာ A အဆင့်ကျွမ်းကျင်သူတစ်ယောက်ပဲ ရှိတယ်။"

"ဒါက ဘာလို့ စော်ကားသလိုမျိုးဖြစ်နေတာလဲ။"

"အဲ့ဒါက အရေးမကြီးဘူး။ အရေးကြီးတာက အဲ့ဒီတိုက်ကြီးရဲ့တည်နေရာပဲ။"

ထို့နောက် ရှောင်းယီသည် မြေပုံပေါ်ရှိ တိုက်ကြီး၏အစွန်းပိုင်းကို မျှဝေပေးလိုက်သည်။

"ဒါက ကျုပ်တို့အရင်ကသွားခဲ့တဲ့ တိုက်ကြီးရဲ့အစွန်းဖျားပိုင်းပဲ။ ခင်ဗျားတို့နဲ့ ပိုနီးတဲ့ ဆိုက်ကပ်မည့်နေရာကို ရှာနိုင်တယ်။"

ရှောင်းယီက ပြောလိုက်သည်။

"ငနွား...ဒါက အရမ်းဝေးလွန်းတယ်။ ဒီကနေဆိုရင် ကီလိုမီတာသောင်းချီရှိတယ်။"

"သေးစမ်း။ ငါကမှ မင်းပိုနီးသေးတယ်။ ဒါပေမယ့် ကီလိုမီတာ ၅,၃၀၀ ကျော်လောက် ဝေးနေတုန်းပဲ။"

"လက်ရှိ သင်္ဘောအမြန်နှုန်းနဲ့ဆိုရင် ကီလိုမီတာ ၅,၀၀၀ ကို ခရီးသွားဖို့ နာရီ ၂၀၀ ကျော်ကြာလိမ့်မယ်။ ဒါက ကိုးရက် ဆယ်ရက်လောက်ဖြစ်မယ်။"

"ကိုးရက်၊ ဆယ်ရက်ဟုတ်လား။ ဒါက အသွားအပြန်ဆိုရင် လဝက်လောက်သွားရမယ့်ခရီးပဲ။ ဒါက ဘယ်လိုဖွံ့ဖြိုးတိုးတက်မှုမျိုးလဲ။"

"အပေါ်ကလူက မင်းတွက်တာမှားနေပြီ။ အဲဒီကို သွားဖို့ ကိုးရက်၊ ဆယ်ရက်ကြာတယ်ဆိုပေမယ့် ပြန်လာဖို့က စက္ကန့် ၂၀ ပဲကြာတယ်။"

"ဒါအမှန်ပဲ...။ ဒါပေမယ့် ကိုးရက်၊ ဆယ်ရက်က ကြာနေသေးတုန်းပဲ။ ဒီလောက်များတဲ့ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားတွေက ရက်တွေအကြာကြီး အိမ်မှာမရှိဘဲနေနယမယ်ဆိုရင် ကျုပ် နည်းနည်းတော့ စိုးရိမ်မိတယ်။ ဒီတော့ ကျုပ်တို့ အဲ့ဒီကျွန်းအသစ်ကို မစူးစမ်းတော့ပါဘူး။"

"ဒါပေမယ့်။ ကျုပ်ကတော့ သူဌေးမှာ သေချာပေါက် တည်နေရာကူးပြောင်းနိုင်တဲ့နေရာရှိတယ်လို့ ယုံကြည်တယ်။ မဟုတ်ရင် ဒီလောက်ဝေးတဲ့နေရာကို ဘယ်လိုသွားမလဲ။"

"တကယ်လား @ယီရန်ပင်း သူဌေး၊ အဲ့ဒီမှာ တည်နေရာကူးပြောင်းဖို့အတွက် တည်နေရာရှိလား။ ကျုပ်တို့ကို တည်နေရာကူးပြောင်းဖို့ ကူညီပေးနိုင်မလား။"

ထိုစကားများကိုကြည့်ရင်း ရှောင်းယီသည် နည်းငယ် စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

"ကျုပ်မှာ တည်နေရာကူးပြောင်းနိုင်တဲ့ တည်နေရာရှိပါတယ်။ ခင်ဗျားတို့ကိုလည်း တည်နေရာကူးပြောင်းဖို့ ကူညီပေးနိုင်တယ်။ ဒါပေမယ့် ကျုပ်မှာ လိုအပ်ချက်တစ်ခုတော့ရှိတယ်။ ဒါက လူတွေကိုပဲ တည်နေရာကူးပြောင်းပေးနိုင်ပြီး အခြားအရာတွေကို တည်နေရာကူးပြောင်းပေးလို့ မရဘူး။ ဒါမှမဟုတ် လဲလှယ်လို့မရဘူး။ ဒါပေမယ့် ခင်ဗျားတို့ စူးစမ်းရှာဖွေတွေ့ရှိတဲ့ အရာတွေကိုတော့ ပြန်လည်ပြီးလဲလှယ်ပေးလို့ရတယ်။"

ဤလိုအပ်ချက်၏အကြောင်းရင်းမှာ သဘာဝအားဖြင့် ၎င်းတို့၏မဟာမိတ်အသီးသီးသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါသော သင်္ဘောကြီးတစ်စီးကို လဲလှယ်မည်အား စိုးရိမ်သောကြောင့်ဖြစ်သည်။

သူတို့တွင်သာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိပါက ရှောင်းယီကို မှီခိုအားကိုးရန် မလိုဘဲ လွတ်လပ်စွာ တည်နေရာကူးပြောင်းနိုင်သည်။

ရှောင်းယီသည် သူတို့သည် တိုက်ကြီး၏အရင်းအမြစ်များကို သိမ်းပိုက်မည်ကို စိုးရိမ်သောကြောင့် ကြေးများနေခြင်း မဟုတ်ပေ။ သို့သော် အကယ်၍ ကမ်းရိုးတန်းတစ်လျှောက်တွင် သင်္ဘောကြီးများစွာ ပေါ်ထွက်လာပါက ပစ်မှတ်သည် ပိုမိုကြီးမားလာပြီး ဒေသခံများ၏အာရုံကို ဆွဲဆောင်မိရန် အလွန်လွယ်ကူသောကြောင့်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဒေသခံများ၏အကြီးစားတိုက်ခိုက်မှုကို ဆွဲဆောင်မိသွားမည်ဆိုပါက ထို့နောက် ၎င်းတို့သည် ထိုတိုက်ကြီးကို တိတ်တဆိတ်စူးစမ်းရှာဖွေခွင့် ရှိတော့မည်မဟုတ်ပေ။

ရှောင်းယီ၏တောင်းဆိုချက်ကို ကြားလိုက်ရသောအခါ ဂရုထဲရှိလူများသည် အနည်းငယ် မကျေမနပ်ဖြစ်သွားခဲ့ကြသည်။

"သူဌေး ဒီလိုလုပ်တာက နည်းနည်းတော့ မသင့်တော်ဘူးမဟုတ်လား။ ခင်ဗျားက ကုန်းမြေတိုက်သစ်ထဲဝင်ဖို့ နည်းလမ်းကို လက်ဝါးကြီးအုပ်တော့မလို့လား။"

"ဟုတ်တယ် သူဌေး ခင်ဗျား ဒီလိုလုပ်နယ်ဆိုရင် လူထုရဲ့ထောက်ခံအားပေးမှုကို ဆုံးရှုံးရလိမ့်မယ်။"

"အပေါ်ကလူ မင်းလည်ပင်းပေါ်က ပစ္စည်းက စားဖို့အတွက်ပဲလား။ သူဌေးကြီးရဲ့ ချဉ်းကပ်နည်းကို ကျုပ် အပြင်းအထန်ထောက်ခံတယ်။ မဟာမိတ်တစ်ခုစီကနေ လူတိုင်းက သင်္ဘောတစ်စီးစီ လဲလှယ်လိုက်မယ်ဆိုရင် ဒါက ဘာကိုဆိုလိုတယ်ဆိုတာ မင်းသိလား။"

"ဆိုလိုတာက သူဌေးကြီးရဲ့ တည်နေရာကူးပြောင်းခြင်း လက်ဝါးကြီးအုပ်မှုက ခြိမ်းခြောက်ခံနေရတလား။"

"ဒီငတုံးကတော့...။ ဆိုလိုတာက အကြီးစားသင်္ဘော အစင်းပေါင်း ၉၀၀၀၀ နီးပါး ပင်လယ်ထဲစိုက်ကပ်ရမှာကွ။ မင်းနားလည်လား။ ၉၀၀ တို့ ၉၀၀၀ တို့မဟုတ်ဘူး ၉၀၀၀၀ ကွ။"

"အဲ့တော့..."

"ဘာကိုအဲ့တော့လဲ။ ဒီလောက်ကြီးမားတဲ့ ပစ်မှတ်ကြီးလေ။ အဲ့ဒီတိုက်ကြီးက ဒေသခံတွေကို မျက်စိနဲ့ အသက်ရှူတယ်လို့ မင်းထင်‌နေတာလား။ ဒေသခံတွေသာ ရှာတွေ့သွားရင် ငါတို့ လျှို့ဝှက်ထိုးစစ်ဆင်ဖို့ အခွင့်အရေးရှိဦးနယ်လို့ မင်းထင်လား။"

"အမ် ဒါဆို နည်းနည်းလောက်ထပ်တိုးလိုက်ရင် အဆင်ပြေသွားမှာပဲမဟုတ်ဘူးလား။"

"နည်းနည်းထပ်တိုးမှာလား။ ကောင်းပြီး ဒါဆို အဲ့ဒီနည်းနည်းကို ဘယ်မဟာမိတ်တွေက ပေးမလဲဆိုတာ ငါ့ကို မင်းပြောပြလေ။"

ဤအချက်တွင် ဟိုဟိုသည်သည် ခုန်ပေါက်နေသူအချို့ ဘာစကားမျှ မပြောကြတော့ပေ။

"ဟမ့် အကြီးအကဲ ဒီလိုလုပ်နေတာက ကုန်းမြေတိုက်သစ်ကြီးရဲ့ စွမ်းအားကြီးမားတဲ့ ဒေသခံအင်အားစုတွေအောက်မှာ ငါတို့ကို နောက်ထပ်ခဏလောက် အသက်ရှင်သန်နိုင်အောင် ဆိုပေမယ့် မင်းတို့တော့ တကယ်ကောင်းတယ်။ အကြီးအကဲရဲ့ ရည်ရွယ်ချက်တွေကို လူယုတ်မာစိတ်နဲ့ ခန့်မှန်းနေတုန်းပဲ။ ငါသာ အကြီးအကဲဆိုရင် မင်းတို့ကို အချိန်အတော်ကြာကတည်းက လျစ်လျူရှုခဲ့မှာပဲ။"

ထိုလူ၏ ကြမ်းကြမ်းတမ်းတမ်း ဆူပူကြိမ်းမောင်းမှုကြောင့် လူတိုင်းသည် ရှောင်းယီ၏ကြိုးစားအားထုတ်မှုများကို နောက်ဆုံးတွင် နားလည်သွားခဲ့ကြသည်။

"အကြီးအကဲ ကျုပ်မှားသွားပါတယ်။ နောက်တစ်ခါ ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကို ဘယ်တော့မှ သံသယမဝင်တော့ပါဘူး "

"ကျုပ်ရောပဲ အကြီးအကဲ ကျုပ်ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။"

"အကြီးအကဲရဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာထောက်ခံပါတယ်။"

"လူတိုင်းနားလည်သွားတာ ကောင်းပါတယ်။ အကယ်၍ ခင်ဗျားတို့ ကျုပ်ရဲ့ တည်နေရာကူးပြောင်းတဲ့ တည်နေရာကို အသုံးပြုချင်တယ်ဆိုရင် ကုန်ကျစရိတ်က လူတစ်ဦးကို အုတ်မြစ်ကျောက် ၅ ခုပါ။ မြို့ပြန်ကျောက်အားသွင်းမှုတစ်ကြိမ်ပါဝင်ပြီး ခင်ဗျားတို့ရှာဖွေတွေ့ရှိတဲ့အရာတွေကို ပြန်ပို့ဖို့ အဲ့ဒီနေရာမှာရှိတဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အကန့်အသတ်မရှိ အသုံးပြုနိုင်တယ်။"

ရှောင်းယီက ပြောလိုက်သည်။

လူတိုင်း တောင်းပန်ပြီးသည်နှင့်တစ်ပြိုင်နက် အမြတ်ကြီးစားသူတစ်ယောက် ပြန်ရောက်လာသည်ကို သူတို့တွေ့ရှိခဲ့ကြရသည်။

တည်တေရာကူးပြောင်းမှုအတွက် တည်နေရာပေးပို့ရန် အုတ်မြစ်ကျောက် ၅ ခု ကုန်ကျခြင်း၊ ဤသည်မှာ အလွန်းမည်းညစ်လွန်းလှသည်။

ထို့ပြင် ထိုတိုက်ကြီးပေါ်တွင် ပစ္စည်းကောင်းများရှိ၊မရှိဆိုသည်ကိုပင် မသေချာပေ။ အန္တရာယ်ကြီးလွန်းလှပေသည်။

"အဲ့လောက်တောင် စျေးကြီးတယ်လား။ ဒါဆိုရင်တော့ ကျုပ်တို့မဟာမိတ်က ခုချိန်မှာ မသွားတော့ဘူး။ စောင့်ပဲကြည့်တော့မယ်။"

"ဟုတ်တယ်...ဟုတ်တယ်။ ကျုပ်တို့မဟာမိတ်အဖွဲ့ကလည်း အရင်ဆုံး စောင့်ကြည့်ဖို့ စီစဉ်ထားတယ်။"

"ကျုပ်တို့ သွားမယ် အကြီးအကဲ။ ကျုပ်တို့မဟာမိတ်အဖွဲ့က လူငါးယောက်စေလွှတ်ပါမယ်။ အားလုံးက B အဆင့်အထက်ဆွေချည်းပါပဲ။ စုစုပေါင်း အုတ်မြစ်ကျောက် ၂၅ ခုပါ။ ကျုပ် သီးသန့်မက်ဆေ့နဲ့ ခင်ဗျားဆီ လဲလှယ်ပြီးသွားပါပြီ။"

"ကောင်းပြီ ကျုပ် အခု လူတစ်ယောက်ကို ခင်ဗျားနဲ့ချိတ်ဆက်ခိုင်းလိုက်ပါမယ်။"

ရှောင်းယီးက အကြောင်းပြန်လိုက်သည်။ ထို့နောက် သူ၏အမိန့်ကို ရှုံးတိထံ လွှဲပြောင်းပေးလိုက်သည်။ သူသည် ချူဖုန်းမြို့အနီးရှိ ပင်လယ်ပြင်တွင် ပုန်းအောင်းနေသော သင်္ဘောကြီးပေါ်ရှိ တာဝန်ရှိသူဖြစ်သည်။

"ဟုတ်ကဲ့ ဒါပေမယ့် ကျွန်းပိုင်ရှင် ကျုပ်တို့မှာ လက်ရှိအချိန်မှာ အဆင့်မြင့်စွမ်းအားရှင်တွေ မရှိသေးဘူး။ တစ်ယောက်လောက်ကို ဒီကိုလာဖို့ စီစဉ်ဖို့လိုလောက်မလား။"

ရှူံတိက ပြောလိုက်သည်။

"အင်း မင်းက အရာအားလုံးကို တွေးတောထားတာပဲ။ ငါ အခု လူတစ်ယောက်ကို အဲ့ဒီကိုသွားဖို့ စီစဉ်ပေးလိုက်မယ်။"

ရှောင်းယီက ခေါင်းညိတ်ပြီး အကြောင်းပြန်လိုက်သည်။

ထို့နောက် ရှောင်းယီသည် လုံးဝတွေဝေမနေဘဲ အန်းယွဲ့ကို A အဆင့်မှော်ဆရာတစ်ဦးအား ခေါ်လာခိုင်းလိုက်သည်။

မကြာသေးမီက ဖမ်းဆီးခံထားခဲ့ရသော မှော်ဆရာများစွာရှိပြီး ရှောင်းယီသည် ၎င်းတို့ထဲမှ အများအပြားကို အမည်များကိုပင် မသိခဲ့ပေ။

မှော်ဆရာသည် ရှောင်းယီ၏ဗီလာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး အလွန်အမင်း စိုးရိမ်နေခဲ့သည်။

"မင်း နာမည်ဘယ်လိုခေါ်လဲ။"

ရှောင်းယီက သူ့ကိုကြည့်ကာ မေးလိုက်သည်။

"ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ ကျုပ်နာမည်က ရှန်းပါ။"

အခန်း ၅၈၂ မှော်ဆရာရှန်းအား စေလွှတ်ခြင်း၊ သတ္တုကြောများသည်လည်း အသစ်ပြန်လည်ဖြစ်ပေါ်နိုင်သည်

“ကောင်းပြီ ငါမင်းကိုဒီကိုခေါ်လာတဲ့အကြောင်းရင်းက ချူဖုန်းရဲ့ကမ်းရိုးတန်းတစ်လျှောက်က သင်္ဘောတွေကို စောင့်ကြပ်ခိုင်းချင်လို့ပဲ။ အဲဒီအတွက် မင်းမှာ ပြဿနာတစ်ခုခုရှိလား။”

ရှောင်းယီက မေးလိုက်သည်။

“ပြဿနာမရှိပါဘူး။ ကျုပ် ကျွန်းပိုင်ရှင်ရဲ့ အမိန့်ကို လိုက်နာပါမယ်။”

ရှန်းက အကြောင်းပြန်လိုက်သည်။

ရှောင်းယြီ သူ့ကို တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်သည်။

“မင်းမှာ ပြဿနာတစ်ခုခုရှိရင် တိုက်ရိုက်ပြောလို့ရတယ်။ ငါတို့အားလုံး ကိုယ့်လူတွေချည်းပဲ။”

“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ ကျုပ်ရဲ့မိသားစု ကျွန်းပေါ်မှာ နေထိုင်နိုင်သရွေ့ ကျန်တာအားလုံးက အဆင်ပြေပါတယ်။”

ရှန်းက အကြောင်းပြန်လိုက်သည်။

ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“ဒါက သေချာပေါက် ပြဿနာမဟုတ်ဘူး။ မင်းတို့က ကျွန်းရဲ့နေထိုင်သူတွေ ဖြစ်နေပြီ။ အဲ့ဒါကြောင့် သုံးရက်တစ်ကြိမ် အလည်အပတ်ပြန်လာလို့ရတယ်။ ဒါပေမယ့် လည်ပတ်ချိန်က ၁၂ နာရီထက် ကျော်လို့မရဘူး။ ကျန်တဲ့အချိန်တွေမှာ အဲဒီမှာနေဖို့လိုတယ်။ မင်းရဲ့လုပ်အားခက အခြားစေလွှတ်ထားတဲ့အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်နဲ့တန်းတူ ရလိမ့်မယ်။”

နောက်ဆုံးစာကြောင်းကို ကြားလိုက်ရသည့်အခါ ရှန်းသည် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။

ရှောင်းယီ၏ ကျွန်းပေါ်တွင် မည်သည့်နေရာများကို လုပ်အားခအမြင့်ဆုံးပေးသနည်း။ အသက်ရှင်ကျန်ရစ်သူများမှလွဲ၍ စေလွှတ်ခံရသည့်အဖွဲ့က လစာအမြင့်ဆုံးဖြစ်သည်။ တချို့နေရာများအတွက်မူ ပို၍ပင် ပေးသေးသည်။

လုပ်အားခ တိုးတက်လာသည်နှင့်အမျှ သူ့မိသားစုဘဝသည်လည်း ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ သူ့ဇနီးနှစ်ယောက်၏ သူတို့ဆင်းရဲမွဲတေနေကြောင်း အမြဲညည်းညူပြောဆိုနေခြင်းသည်လည်း ရပ်တန့်သွားမည်ဖြစ်သည်။ သူအဘယ်ကြောင့် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

ထို့အပြင် သုံးရက်တစ်ကြိမ် ပြန်လာနိုင်ခြင်းသည် ရေရှည်စစ်တပ်ချခံထားရသည့် တပ်သားတစ်ဦးထက် သိသိသာသာ ပိုကောင်းပေသည်။

“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။ ကျုပ် အဲဒီနေရာကို ခင်ဗျားအတွက် သေချာပေါက် စောင့်ကြပ်ပေးပါ့မယ်။”

ရှန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဤဒေသခံများသည် ရှောင်းယီအား အညံ့ခံခဲ့ရပြီးနောက် သူတို့၏အနာဂတ်ဘဝနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုအမျိုးမျိုးဖြင့် ပြည့်နှက်နေခဲ့သည်မှာ သဘာဝပင်ဖြစ်သည်။

သို့သော်လည်း ငါးရက်ကြာ အလုပ်ကြမ်းဖြင့် ပြုပြင်ပြောင်းလဲရေးပြီးဆုံးပြီးနောက် သူတို့သည် ဤနေရာရှိ ဘဝကို ချစ်မြတ်နိုးမိသွားကြသည်ကို တွေ့ရှိခဲ့ကြရသည်။

ဘေးကင်းလုံခြုံပြီး အဆင်ပြေသည့် နေထိုင်မှုဘဝ။

သင်၏ကျွမ်းကျင်မှုကို အပြည့်အဝအသုံးချနိုင်သည်။ သင်နှစ်သက်သည့်အလုပ်များကို လုပ်ကိုင်နိုင်ပြီး ထိုက်တန်သည့်ဝင်ငွေကို ရရှိနိုင်သည်။ လူတိုင်းကို အံ့အားသင့်စေသည့်ပျော်ရွှင်မှုမျိုး ပေးစွမ်းနိုင်ပေသည်။

ယခုအချိန်တွင် သူတို့ကို သူတို့၏ယခင်ကျွန်းများဆီ ပြန်လွှတ်ပေးမည်ဆိုလျှင်တောင် သူတို့ ထွက်မသွားချင်ကြတော့ပေ။

သူတို့သည် ယခင်က ထင်ယောင်ထင်မှားဖြင့် နတ်ဘုရားကို ကိုးကွယ်ခဲ့ကြသော်လည်း ယခုအချိန်တွင် ရှောင်းယီကိုသာ ကိုးကွယ်နေကြပြီဖြစ်သည်။

“ဒါဆို ပြန်သွားပြီး ပစ္စည်းတွေ ထုပ်ပို့တော့။ ပြီးရင်း။အဲ့ကိုသွားလိုက်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ရှန်းသည် ရှောင်းယီလက်ထဲရှိ မြို့ပြန်ကျောက်ကို လက်ခံရယူလိုက်သည်။ ဤအရာသည် သူ့အတွက် သီးသန့်အသုံးပြုရန်ဖြစ်သည်။

အရာအားလုံး စီစဉ်ပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို နောက်တစ်ကြိမ် ထပ်မံကြည့်ရှုလိုက်သည်။

မဟာမိတ်အဖွဲ့သုံးခုသည် တည်နေရာကူးပြောင်းရန်အတွက် တည်နေကာကို ထပ်မံတောင်းဆိုထားခဲ့သည်။ အားလုံးသည် သဘောတူညီချက်အတိုင်း လူငါးဦးပါအဖွဲ့များကို ရွေးချယ်ခဲ့ကြသည်။

“သူတို့က အုပ်ဖွဲ့ပြီး ချောက်ကမ်းပါးကို သွားဖို့ စီစဉ်နေတာလား။”

ရှောင်းယီ မနေနိုင်ဘဲ တွေးလိုက်မိသည်။

သူသည် ၎င်းတို့၏တောင်းဆိုချက်အားလုံးကို သဘောတူလိုက်ပြီးနောက် ၎င်းတို့ကို ရှုံးတိထံသို့ အပ်နှံကာ ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ပေးလိုက်သည်။

ယီထျန်းဂရုသည် ကမ္ဘာအသစ်အကြောင်း အချိန်အနည်းငယ်ကြာအောင် ဆွေးနွေးပြီးနောက် ဂရုသည် ၎င်းတို့၏အကြောင်းအရာကို ထပ်မံပြောင်းလဲခဲ့သည်။

“စကားမစပ် မင်းတို့ သတိထားမိကြလား။ အခုတလော ဒေသခံတွေရဲ့ တိုက်ခိုက်မှုတွေ လျော့နည်းသွားသလိုပဲ။”

“ဘာလဲ ကျုပ် အခုလေးတင် ဒေသခံတွေနဲ့ တိုက်ခိုက်ခဲ့တာဗျ။”

“ကျုပ်က အားလုံးပေါင်းကို ဆိုလိုတာလေ။ ဒေသခံတွေရဲ့ တိုက်ခိုက်မှုတွေကတော့ သေချာပေါက်ရှိနေတုန်းပါပဲ။ ချင်ရှီဟွမ်တို့လိုမျိုးပေါ့။ လူတိုင်းပဲ ကျုပ်ကို ပြောပြကြပါဦး။ ခင်ဗျားတို့ရဲ့မဟာမိတ်အဖွဲ့တွေ ဒီနေ့ တိုက်ခိုက်ခံကြရလား။”

“ကျုပ်တို့မဟာမိတ်တော့ ဒီနေ့ တိုက်ခိုက်မခံရဘူး။”

“ကျုပ်တို့လည်း ဘာမှမရှိဘူး။”

“မရှိ +၁”

“မဖြစ်နိုင်ဘူး။ မင်းတို့ထဲက ဘယ်သူမှ တိုက်ခိုက်ခံရတာမရှိဘူးလား။ ဆိုလိုတာက ချင်ရှီဟွမ်နဲ့ ငါတို့နှစ်ယောက်ပဲ တိုက်ခိုက်ခံရတာလား။”

“အဲဒီလိုပဲထင်တယ်။ မင်းတို့နှစ်ယောက် ဆုကြီးကြီး ရခဲ့တာပဲ။”

“ကံဆိုးလိုက်တာ...။”

ချင်ရှီဟွမ်က မရပ်မနား ညည်းညူလိုက်သည်။

“ဟားဟား။ မင်းကံဆိုးတာကို လူ့အဖွဲ့အစည်းအပေါ် အပြစ်တင်လို့မရဘူး။ မင်းရဲ့ ကြမ်းတမ်းတဲ့ဘဝအတွက် အစိုးရအပေါ်အပြစ်တင်လို့မရဘူး။”

“ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့ ပင်ပန်းနေတာကို မြင်လို့ ငါတို့ကို အနားယူဖို့ ချိန်ပေးချင်တာများလား။”

“ကျစ်...ဒီမှာနေရတဲ့ဘဝက မုဒိန်းကျင့်ခံနေရသလိုပဲ။ သူက ငါတို့ကို သက်ပြင်းချမိဖို့ အခွင့်အရေးပေးမှာမဟုတ်ဘူး။ သူက မင်းကို ညည်းညူခွင့်ပဲပေးလိမ့်မယ်။”

“ငါတို့မှာ တကယ်ပဲ ငြင်းဆိုနိုင်ဖို့ နည်းလမ်းမရှိဘူး။”

“မုန်တိုင်းမကျခင် လေငြိမ်နေတာမျိုးဖြစ်သင့်တယ်။ လူတိုင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်သင့်တယ်။ အကြီးအကဲက B အဆင့်နဲ့ အောက် မျိုးစေ့တွေကို ကန့်သတ်မထားတော့ဘူး မဟုတ်ဘူးလား။ ရာသီဥတုကောင်းတဲ့အခွင့်အရေးကို အသုံးချပြီး စိုက်ပျိုးလိုက်ကြတော့။”

“ကျုပ် စိုက်ပြီးပြီ။ စိုက်ပျိုးရေးက အရမ်းရှုပ်ထွေးမယ်လို့ ကျုပ်မျှော်လင့်မထားခဲ့မိဘူး။”

“ဟင်း...ခင်ဗျားပြောတာ အမှန်ပဲ။ ကံကောင်းတာက ကျုပ်တို့မဟာမိတ်မှာ လယ်သမားနှစ်ယောက်ရှိနေခဲ့တယ်။ မဟုတ်ရင် ကျုပ်တို့လည်း ဘာမှကောင်းကောင်းမွန်မွန် စိုက်လို့ရမှာမဟုတ်ဘူး။”

“စက်ပစ္စည်းတွေရှိရင် ကောင်းမှာပဲ။ ဒီတိုင်းလုပ်နေရတာက အရမ်းပင်ပန်းတယ်။”

“မင်းရဲ့ကျွန်းမှာ ဒေသခံတွေ မရှိဘူးလား။ ဒေသခံတွေကို လုပ်ခိုင်းလိုက်လေ။ သူတို့က အရမ်းနာခံတတ်တယ်။ သင်ပေးလိုက်ရင် သူတို့လုပ်နိုင်တယ်။”

“ကျုပ်တို့မဟာမိတ်အဖွဲ့က ဖမ်းမိခဲ့တဲ့ဒေသခံတွေက ကန့်သတ်ချက်ရှိတယ်။ အစပိုင်းမှာ အရမ်းသတ်လိုက်မိရတာကို တကယ်နောင်တရမိတယ်။”

၎င်းတို့၏စောဒကတက်နေသည့်စကားများကို မြင်လိုက်ရသောအခါ ရှောင်းယီသည် သူ့ဆီ၌ ဉာဏ်ရည်တုစိုက်ပျိုးရေးလက်ထောက်ရှိသည်ကို ကျေးဇူးတင်မိသွားခဲ့သည်။ ထိုအရာကြောင့် သူသည် စိုက်ပျိုးရေးအတွက် လုံးဝစိတ်ပူစရာမလိုခဲ့ပေ။

ထိုအချိန်တွင် ပိုင်ချီက ဖုန်းခေါ်လာခဲ့သည်။

ရှောင်းယီ အနည်းငယ်အံ့အားသင့်သွား၏။

ည ၁၀း၃၀ ရှိနေပြီဖြစ်ပြီး ဤအချိန်တွင် ဘာဖြစ်နေနိုင်မည်နည်း။

သူဖုန်းကိုင်လိုက်ပြီးနောက် ပိုင်ချီ၏စိတ်လှုပ်ရှားနေသည့်အသံက ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။

“ကျွန်းပိုင်ရှင် ကျုပ်တို့ အရင်ကတူးဖော်ခဲ့တဲ့ သံသတ္တုကြောက ပြန်ပေါ်လာပြီ။”

“ဘာ အဲ့ဒါက အသစ်ပြန်လည်ဖြစ်ပေါ်နိုင်လို့လား။”

ရှောင်းယီ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ဟုတ်ပါတယ်...။ ကျုပ်တို့ အရင်က တူးထုတ်ခဲ့တဲ့ သတ္တုကြောတွေကြောင့် ဖြစ်ပေါ်လာတဲ့ ချိုင့်ခွက်တွေကို မြေပြန်မဖို့ထားခဲ့ဘူး။ အခြားအဆောက်အဦးတွေလည်း မဆောက်ထားဘူး။ ဂရုမစိုက်ဘဲ ပစ်ထားခဲ့တာ။ အခု ပြန်ပြည့်သွားပြီ။”

ပိုင်ချီက အကြောင်းပြန်လိုက်သည်။

ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။

“အဲ့ဒီသံသတ္တုကြောကို ခြံခတ်ထားလိုက်။ ပြီးရင် မင်းကိုယ်တိုင်သတ္တုတွင်းတူးဖို့ လျှောက်ထားပြီး သူ့ရဲ့ပြန်လည်ပေါ်ထွန်းမှုကြားကာလကို မှတ်တမ်းတင်ထားလိုက်။”

“ဟုတ်ကဲ့”

ပိုင်ချီက အကြောင်းပြန်လိုက်သည်။

ဖုန်းချလိုက်ပြီးနောက် ရှောင်းယီသည် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ရှုံးတိထံသို့ စာပို့လိုက်သည်။

“ရှုံးတိ လူနှစ်ယောက်လောက်စီစဉ်ပြီး အရင်က လေမျိုးနွယ်စုသတ္တုတွင်းရဲ့တည်နေရာကို စစ်ဆေးကြည့်လိုက်။ ပြီးတော့ သတ္တုကြောတွေ ရှိ၊မရှိ ကြည့်လာခိုင်းလိုက်။”

“အမ် ကျွန်းပိုင်ရှင် ကျုပ်တို့က သတ္တုတွင်းတူးဖော်တာနဲ့ ပတ်သက်ပြီး ဘာမှမသိဘူးလေ။”

ရှုံးတိက သူ၏ခေါင်းကိုကုတ်ရင်း ပြောလိုက်သည်။

ရှောင်းယီသည် အနည်းငယ်ကြောင်အသွားပြီး ပြောလိုက်သည်။

“မင်းကိုယ်တိုင် သတ္တုကြောကို ခွဲခြားသတ်မှတ်ဖို့ မလိုပါဘူး။ သူက အခြားကျောက်တွေနဲ့ ကွဲပြားမှုရှိ၊မရှိပဲ ကြည့်ရင်ရပြီ။ ရှိရင် နည်းနည်းလောက်ခွဲထုတ်ပြီး လဲလှယ်လိုက်။”

“ဟုတ်ကဲ့”

ရှုံးတိက အကြောင်းပြန်လိုက်ပြီး ချက်ချင်းပင် စစ်သားနှစ်ဦးကို လေမျိုးနွယ်စု၏သတ္တုတွင်းသို့ သွားရန် စီစဉ်ပေးလိုက်သည်။

ထို့နောက် ရှုံးတိသည် မြန်မြန်ဆန်ဆန်ပင် တုံ့ပြန်လာခဲ့သည်။

“ကျွန်းပိုင်ရှင် လေမျိုးနွယ်စုရဲ့သတ္တုတွင်းမှာ ပုံမှန်မဟုတ်တဲ့အရာတစ်ခုမှ ကျုပ်တို့ မတွေ့ခဲ့ပါဘူး။ ကျောက်တွေက ပတ်ဝန်းကျင်က ကျောက်တွေနဲ့ အတော်လေးတူတယ်။ ကျုပ်တို့ အစိတ်အပိုင်းအမျိုးမျိုးကို ရွေးချယ်ပြီး နည်းနည်းခွဲထုတ်ထားခဲ့တယ်။”

ထိုသို့ပြောပြီးနောက် ရှုံးတိသည် ကျောက်တုံးအချို့ကို လဲလှယ်ပေးလိုက်သည်။

“ကောင်းပြီ”

ရှောင်းယီသည် လဲလှယ်မှုကို သဘောတူလိုက်ပြီး ထိုကျောက်တုံးများကို ဉာဏ်ရည်တုရှာဖွေရေးပစ္စည်းကိရိယာထံသို့ လွှဲပြောင်းပေးလိုက်သည်။

စကန်ဖတ်ပြီးနောက် ထိုကျောက်တုံးများသည် ပုံမှန်ကျောက်များဖြစ်ပြီး ပုံမှန်မဟုတ်သည့်အရာများ မရှိပေ။

လေမျိုးနွယ်စုရှိ ကန့်သတ္တုတွင်းနှင့် ယမ်းစိမ်းမိုင်းတွင်းများသည် ကုန်ခမ်းသွားသည်မှာ ကြာပြီဖြစ်ပြီး ယခုအထိ ပြန်မပေါ်လာသေးပေ။

မဟာမိတ်အနောက်ဘက်ကျွန်းဖြစ်သည့် ပိုင်ချီ၏ကျွန်းရှိ သံသတ္တုကြောကိုမူ မကြာသေးမီကမှ တူးဖော်ခဲ့ခြင်းဖြစ်ပြီး ယခု ပြန်ပေါ်လာပြီဖြစ်သည်။

ဒီနှစ်ခုကြား ဘာကွာခြားနေတာလဲ။

“ဒေသခံကျွန်းတွေ ဒါမှမဟုတ် ကုန်းမြေတွေရဲ့ မြေကြီးက အုတ်မြစ်ကျောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ကျွန်းတွေနဲ့ ကွဲပြားနေတာများလား။”

ရှောင်းယီက ခန့်မှန်းလိုက်သည်။

အုတ်မြစ်ကျောက်များဖြင့် ဖွဲ့စည်းထားသောကျွန်းများတွင် အသစ်ပြန်လည်ဖြသ်ပေါ်ခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်း စည်းမျဉ်းများရှိသော်လည်း မူလကဤနေရာတွင်တည်ရှိခဲ့သောမြေကြီးတွင်မူ ဤစွမ်းရည်မျိုးမရှိပေ။

အများဆုံးအနေဖြင့် ကမ္ဘာ့စည်းမျဉ်းပြုလုပ်သူများသည် ၎င်းတို့အား သတ္တုကြောအချို့ဖြင့် ဆုချီးမြှင့်ထားရုံသာဖြစ်သည်။

“အကယ်၍ အဲ့လိုဖြစ်မယ်ဆိုရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို အုတ်မြစ်ကျောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ကျွန်းပေါ်မှာထားမှ ထိရောက်မှာလား။”

ရှောင်းယီက ရေရွတ်လိုက်သည်။

သို့သော် ဒုတိယအကြိမ်စဉ်းစားကြည့်လျှင် ဤသည်မှာ ထိုသို့ဖြစ်ပုံမရပေ။

ကျွန်းများပေါ်တွင် ၎င်းတို့ကိုထားရှိခြင်းသည် အချို့သောအရင်းအမြစ်များကို ထုတ်လုပ်နိုင်သော်လည်း သင်္ဘောများပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များသည်လည်း လုံးဝမရှိမဖြစ်လိုအပ်သည်။

ထို့အပြင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များတွင် ထပ်နေသည့် လက္ခဏာရပ်များလည်း ရှိပေသည်။ ဥပမာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုသည် ကျွန်းပေါ်တွင် အထူးပစ္စည်းတစ်ခုဖြစ်သော သံသတ္တုကြောတစ်ခုကို ပေါ်ထွက်စေနိုင်သော်လည်း အခြားကျွန်းအထိမ်းအမှတ်ကျောက်တိုင်များတွင်လည်း တူညီသောလက္ခဏာများ ရှိနိုင်ပေသည်။

All Chapters