အခန်း (၅၈၅-၅၈၆)
Vol. 42 Ch. 585-586
အခန်း ၅၈၅ - သုံးရက်ကြာ ယာယီရပ်နားကာလ၊ ချင်ရှီဟွမ် လာရောက်အညံ့ခံခြင်း
အနည်းငယ်စဉ်းစားပြီးနောက် ရှောင်းယီက အကြောင်းပြန်လိုက်သည်။
“လက်ရှိအချိန်မှာ အများပြည်သူကို မရောင်းချသေးဘူး၊ သုံးရက်ကြာပြီးမှ ပြန်လာခဲ့ပါ။”
“နောက်သုံးရက်ကြာရင် စျေးနှုန်းက တူမှာမဟုတ်တော့ဘူး။”
ဂျေဘီက ခြိမ်းခြောက်လိုက်သည်။
ဂျေဘီ၏အဓိပ္ပါယ်မှာ သင်သည် သုံးရက်ကြာအောင်ရွှေ့ဆိုင်းထားသည့်အတွက် စျေးနှုန်းသည်လည်း ကျသွားမည်မှာ သေချာသည်။
“ဒါ အမှန်ပါပဲ။ သုံးရက်ကြာပြီးရင် စျေးနှုန်းနှစ်ဆတိုးသွားမယ်။ အကယ်၍ ခင်ဗျားက စျေးကြီးလွန်းတယ်လို့ ခံစားရရင် စိတ်လျှော့လိုက်ပါ။”
ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် ရှောင်းယီ ချက်ချင်းပင် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။
ဂျေဘီ လုံးဝတုန်လှုပ်သွားခဲ့သည်။
“အဲ့လောက်တောင် စျေးကြီးရသလားဟ။”
သို့သော်လည်း သူ့တွင် ဤထပ်ကောင်းသောအကြံဥာဏ်များ မရှိပေ။ သုံးရက်ကြာပြီးနောက်မှ တည်နေရာကူးပြောင်းနိုင်မည့် အခွင့်အရေးရရှိနိုင်မည်ဆိုလျှင်ပင် နှစ်လလောက်ကြာခြင်းထက်တော့ သိသိသာသာပိုကောင်းမည်ဖြစ်ပြီး သူသည် မြေပုံသစ်ကို ရယူရန်အတွက် အမှန်တကယ်ကြိုးစားအားထုတ်ရမည်ဖြစ်သည်။
“ဟင်း...”
ဂျေဘီ သက်ပြင်းချလိုက်မိသည်။
“အခုတော့ ငါတို့နိုင်ငံရဲ့ လက်ဝါးကြီးအုပ်မှုကို ရင်ဆိုင်ရတဲ့အခါ အခြားနိုင်ငံတွေ ဘယ်လောက်အကူအညီမဲ့ခဲ့တယ်ဆိုတာ နောက်ဆုံးတော့ ငါနားလည်သွားပြီ။”
သူသည် ဤကဲ့သို့ မြန်မြန်ဆန်ဆန်ဖြင့် လက်ဝါးကြီအုပ်ခံရသည့်အခြေအနေကို ရင်ဆိုင်ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်းမရှိပေ။
ဂျေဘီနှင့်စကားပြောပြီးနောက်၊ ရှောင်းယီသည် ယီထျန်းဂရုထဲတွင် ချက်ချင်းပြောလိုက်သည်။
“ဒီသုံးရက်အတွင်း နိုင်ငံခြားအင်အားစုတွေ ကုန်းမြေတိုက်သစ်ကြီးထဲကို ဝင်ရောက်လာနိုင်တယ်။ လူတိုင်းပဲ ဒီသုံးရက်အတွင်း အများဆုံးစူးစမ်းရှာဖွေဖို့ ကြိုးစားသင့်တယ်။”
“ဘာ...။ ပြည်ပက အဖွဲ့တွေကိုလည်း တည်နေရာကူးပြောင်းခွင့် ဖွင့်လှစ်ပေးမှာတော့ မဟုတ်ဘူးမလား။”
“အဲဒီလိုဆိုရင် ငါတို့ ရှားနိုင်ငံရဲ့ အားသာချက်က မရှိတော့ဘူးလေ။”
“ဟုတ်တယ် အကြီးအကဲ နိုင်ငံခြားသားတွေအတွက် မဖွင့်တာ အကောင်းဆုံးပဲ။”
သူတို့၏တုံ့ပြန်မှုကို မြင်တွေ့ရသောအခါ ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျုပ်တို့က သူတို့ထက် သုံး၊လေးရက်လောက် စောစောထွက်ခွာခဲ့ပြီးသားပါ။ အကယ်၍ ဒါတောင်မှ ကျုပ်တို့ နောက်ထပ်တစ်ခါ ကျော်တက်တာခံရမယ်ဆိုရင်တော့ ကျုပ်တို့ကိုယ်ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်ပြီး ကျုပ်တို့ကပဲ နှေးကွေးလွန်းတာလားဆိုတာကို ကြည့်သင့်တယ်လို့ မထင်ဘူးလား။”
“တစ်ချိန်တည်းမှာပဲ နိုင်ငံခြားအင်အားစုတွေကို မိတ်ဆက်ပေးခြင်းက ကုန်းမြေတိုက်သစ်ကြီးမှာရှိတဲ့ ဒေသခံတွေရဲ့ ဖိအားကို သက်သာစေဖို့လည်း ကူညီပေးနိုင်တယ်။”
ရှောင်းယီ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် လူတိုင်းသည် တဖြည်းဖြည်းချင်း အခြေအနေကို နားလည်လက်ခံလာခဲ့ကြသည်။
“အကြီးအကဲပြောတာ မှန်တယ်။ ကျုပ်တို့ သုံးလေးရက် စောစောထွက်ခဲ့တာတောင်မှ နောက်ကျကျန်နေဦးမယ်ဆိုရင် သူများကို အပြစ်တင်လို့မရဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမယ်။”
“ဟုတ်တယ်။ နိုင်ငံခြားအင်အားစုတွေရဲ့ ဝင်ရောက်လာမှုက လူတိုင်းအတွက် အရေးတကြီးလိုအပ်မှုကို ဖန်တီးပေးလိုက်တာပဲ။”
“စကားမပြောတော့ဘူး။ ကျုပ်တို့မဟာမိတ်အဖွဲ့က တည်နေရာကူးပြောင်းမှုအတွက် စာရင်းသွင်းလိုက်တော့မယ်။”
“ကျုပ်တို့မဟာမိတ်အဖွဲ့ရောပဲ။ ကျုပ်တို့မှာ သုံးရက်ပဲ အချိန်ရှိတာ မြန်မြန်သွားရမယ်။”
ချက်ချင်းပင် မဟာမိတ်အားလုံးနီးပါးသည် ကုန်းမြေတိုက်သစ်ကြီးဆီသို့ တည်နေရာကူးပြောင်းရန်အတွက် ၎င်းတို့၏အဖွဲ့များကို ပြင်ဆင်ကြတော့သည်။
နိုင်ငံခြားအင်အားစုများပင် ဝင်ရောက်လိုကြသည့် တိုက်ကြီးသစ်တစ်ခုသည် သိသာထင်ရှားသောအခွင့်အလမ်းများကို ပေးအပ်ရမည်ဖြစ်သည်။
ရှောင်းယီသည် ပထမဆုံးအကြိမ် တည်နေရာကူးပြောင်းမှုလုပ်ဆောင်ချက်ကို ဖွင့်လှစ်ခဲ့သည့်အချိန်က မည်သူမျှ ဤမျှစိတ်အားထက်သန်ခြင်းမရှိခဲ့ပေ။ သို့သော် နိုင်ငံခြားအင်အားစုများ ပါဝင်လိုကြောင်း ဖော်ပြလိုက်သည်နှင့်တစ်ပြိုင်နက် သူတို့သည် ချက်ချင်းလက်ငင်း လုပ်ဆောင်ခဲ့ကြသည်။ သူတို့မည်သို့တွေးနေသည်ကို တကယ်မသိတော့ပေ။
“ဒီဒီ ချင်ရှီဟွမ်က သီးသန့်ဆက်သွယ်ခွင့်ရရှိရန် တောင်းဆိုထားပါတယ်။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အသိပေးချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် “သဘောတူသည်” ကို ချက်ချင်းရွေးချယ်လိုက်သည်။
“သူဌေး ကျုပ်ကို ကယ်ပါဦး။”
ချင်ရှီဟွမ်သည် စလာကတည်းက အော်ဟစ်ငိုကြွေးလိုက်လေသည်။
“ဘာဖြစ်နေတာလဲ”
ရှောင်းယီက မျက်မှောင်ကြုတ်လိုက်မိသည်။
“ချူဖုန်းမြို့ကို ခင်ဗျားတို့ကို တိုက်ခိုက်ပြန်ပြီလား။”
“မဟုတ်ဘူး... မဟုတ်ဘူး။”
ချင်ရှီဟွမ်က ချက်ချင်းပြန်ဖြေလိုက်သည်။
“ကျွန်တော်တို့မဟာမိတ်က အခု လက်သည်းခွံရှာမရဖြစ်နေပြီ။ အကြီးအကဲတစ်ယောက်တည်းပဲ အားကိုးစရာရှိတော့လို့ပါ။ ကျုပ် မဟာမိတ်အဖွဲ့တွေအများကြီးကို ဆက်သွယ်ခဲ့ပေမယ့် ကျုပ်တို့အတွက် နေရာပေးဖို့သဘောတူတဲ့သူ တစ်ယောက်မှမရှိဘူး။”
ရှောင်းယီသည် အနည်းငယ်ကြောင်အသွားခဲ့သော်လည်း အကြောင်းရင်းကို အလျင်အမြန်ပင် နားလည်သွားခဲ့ပြီး မေးလိုက်သည်။
“ခင်ဗျားက ကျုပ်ရဲ့မဟာမိတ်ထဲ ပါဝင်ချင်တာလား။”
“ဟုတ်ပါတယ်ာ။ ကျုပ်တို့မဟာမိတ်အဖွဲ့မှာ မြေမျက်နှာသွင်ပြင်ကို နားလည်တဲ့သူတွေလိုမျိုး စွမ်းရည်ရှိတဲ့လူတွေ အများကြီးရှိပါတယ်။ မနေ့က သူက ကျုပ်တို့ရဲ့ပင်မကျွန်းပေါ်က နေရာတော်တော်များများမှာ ထုံးကျောက်တွေ့ရှိခဲ့တယ်။ ဒီဟာက...”
“ခင်ဗျားဘာပြောလိုက်တာလဲ။ ခင်ဗျားတို့ကျွန်းမှာ ထုံးကျောက်ရှိတာလား။”
ရှောင်းယီသည် ထိုစကားကို ကြားလိုက်ရပြီးနောက် ချက်ချင်းပင် ချင်ရှီဟွမ်ကို ကြားဖြတ်ပြောလိုက်သည်။
“ဟုတ်ပါတယ်။ အဲ့ဒီဘူမိဗေဒပညာရှင်ရဲ့အဆိုအရ၊း ထုံးကျောက်က အရမ်းအသုံးဝင်ပေမယ့် အခြားကျွန်းတွေမှာ မပေါ်လာသေးဘူး...”
ချင်ရှီဟွမ်က အရှည်ကြီး ဆက်ပြောနေခဲ့သည်။
“ခင်ဗျား ကျုပ်ရဲ့မဟာမိတ်အဖွဲ့ထဲ ပါဝင်ဖို့ဆိုရင် စာချုပ်ချုပ်ဆိုဖို့လိုတယ်။ ခင်ဗျား ဒါကို လက်ခံနိုင်လား။”
ရှောင်းယီက ပြောလိုက်သည်။
“ကျုပ်တို့ လက်ခံပါတယ်။ ခင်ဗျားသာ ကျုပ်တို့ကို လက်ခံဖို့သဘောတူရင် ကျုပ်တို့ ဘာမဆို လက်ခံနိုင်တယ်။”
ချင်ရှီဟွမ်က ချက်ချင်းပြန်ဖြေလိုက်သည်။
“ကောင်းပြီ စာချုပ်ချုပ်ဆိုဖို့ ဒုတိယခေါင်းဆောင်နှစ်ယောက်ကို ခေါ်လာခဲ့။ စာချုပ်ချုပ်ပြီးသွားရင် ကျုပ်ရဲ့မဟာမိတ်အဖွဲ့ထဲကို ပါဝင်နိုင်ပြီ။”
ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် သူဌေး၊ ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။”
ချင်ရှီဟွမ်က အလျင်အမြန် ပြောလိုက်သည်။
ထုံးကျောက်သည် အခြားသောကျွန်းများအတွက် အနာဂတ်တွင်သာ အသုံးဝင်ကောင်းဝင်လာနိုင်သော်လည်း ရှောင်းယီအတွက်မူ အလွန်အသုံးဝင်ပေသည်။
ဘိလပ်မြေနှင့် မီးကျည်ဆန်သုံးသေနတ်များအတွက် လိုအပ်သောကုန်ကြမ်းများအားလုံးကို ထုံးကျောက်မှ တူးဖော်ခွဲထုတ်ရမည်ဖြစ်သည်။
ယခုအခါ ချင်ရှီဟွမ်သည် မိမိတို့၏တံခါးဝသို့ ကိုယ်တိုင်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး မိမိအဖို့ မည်သို့ငြင်းဆိုနိုင်မည်နည်း။
မကြာမီ ချင်ရှီဟွမ်သည် အခြားလူနှစ်ဦးနှင့်အတူ ရှောင်းယီ၏အိပ်ခန်းထဲသို့ တည်နေရာကူးပြောင်းလာခဲ့ကြသည်။
အခန်း၏ခေတ်မီဇိမ်ခံပစ္စည်းများကို မြင်လိုက်ရသောအခါ ချင်ရှီဟွမ်နှင့် သူ၏အဖော်နှစ်ဦးတို့သည် အလွန်တုန်လှုပ်သွားပြီး ထိုနေရာတွင် ကြက်သေသေကာ ရပ်နေမိကြသည်။
“ဒီကိုလာခဲ့”
ရှောင်းယီ၏အသံ ထွက်လာသောအခါမှသာ ကြောင်အနေသော လူတို့သုံးဦးသည် ချက်ချင်းပင် အသိဝင်သွားခဲ့ကြသည်။
ထို့နောက် ချင်ရှီဟွမ်သည် အခြားနှစ်ယောက်နှင့်အတူ ချက်ချင်း လျှောက်လာခဲ့လေသည်။
“စာချုပ်စချုပ်ကြရအောင်။”
ရှောင်းယီက ပြောလိုက်သည်။
စာချုပ်ကတ်ကို အသုံးပြုကာ ချင်ရှီဟွမ်တို့သုံးဦးနှင့် အောင်မြင်စွာ စာချုပ်ချုပ်ဆိုပြီးနောက် ရှောင်းယီသည် ၎င်းတို့၏အမည်များကို သိရှိခဲ့ရသည်။
ချင်းဖန်၊ ရှောင်းရူဟုန်၊ လျူချန်။
“ချင်းဖန် ခင်ဗျား ဒီမှာနေခဲ့ဦး။ ခင်ဗျားတို့နှစ်ယောက်က ပြန်သွားပြီး ကျွန်းတွေပေါင်းစပ်လိုက်ပါ။ ရွှေ့ပြောင်းလိုက်တော့။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ရှောင်းရူဟုန်တို့နှစ်ဦးက ပြန်ဖြေလိုက်၏။ ထို့နောက် မြို့ပြန်ကျောက်ကို အသက်သွင်းလိုက်သည်။
“ချင်းဖန် ကျုပ်တို့မဟာမိတ်ထဲကို ပါဝင်ပြီးရင် အပြင်ဘက်လုံခြုံရေးလုပ်ငန်းအားလုံးကို တစ်ညီတစ်ညွတ်တည်း စီစဉ်ပေးတယ်။ ခင်ဗျားတို့ကျွန်းပေါ်က ခင်ဗျားတို့ကိုယ်ပိုင်လူတွေလည်း ပါဝင်နိုင်တယ်။ ဒါပေမယ့် ပါဝင်မယ်ဆိုရင် လေ့ကျင့်ရေးဆင်းဖို့လိုတယ် ခင်ဗျား နားလည်လား။”
ရှောင်းယီက ပြောလိုက်သည်။
“ကျုပ်နားလည်ပါပြီ ကျွန်းပိုင်ရှင်။ ခင်ဗျားပြောနေတဲ့အတိုင်းဆိုရင် ငါတို့ မပါဝင်ဘဲလည်း နေလို့ရတယ်လို့ ဆိုလိုတာလား။”
ချင်းဖန်က မေးလိုက်သည်။
“ဟုတ်တယ်”
“အဲဒါကောင်းတယ်။ ကျုပ်တို့ မပါဝင်တော့ဘူး။ ကျွန်းကို စီမံခန့်ခွဲပြီး ဖွံ့ဖြိုးတိုးတက်အောင်ပဲ လုပ်ပါ့မယ်”
ချင်းဖန်က ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
ဘယ်သူက အပြင်လူတွေနဲ့ တိုက်ခိုက်ချင်မှာလဲ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တာက ပိုကောင်းတယ်မဟုတ်ဘူးလား။
“ခင်ဗျားတို့မဟာမိတ်အဖွဲ့ဝင်တွေရဲ့ထင်မြင်ချက်ကိုတောင် မမေးတော့ဘူးလား။”
ရှောင်းယီက ပြုံးကာ မေးလိုက်သည်။
“မလိုပါဘူး။ ကျုပ်တို့သာ ငြိမ်းချမ်းစွာနဲ့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မယ်ဆိုရင် ဘယ်သူမှ မတိုက်ခိုက်ချင်ကြဘူး။ ။”
ချင်းဖန်က ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ကျန်တာတွေကို ဦးလေးအန်းနဲ့ ဆွေးနွေးလို့ရတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။ ကျွန်တော် အရင်ပြန်သွားလိုက်ပါဦးမယ်။ ကျွန်းကို ဒီကိုပြောင်းရွှေ့ပြီးရင် ဦးလေးအန်းကို သွားရှာလိုက်ပါ့မယ်။”
ထို့နောက် ချင်းဖန်သည်လည်း မြို့ပြန်ကျောက်ကို အသက်သွင်းလိုက်လေသည်။
ဤနည်းဖြင့် ရှောင်းယီ၏မဟာမိတ်အဖွဲ့သည် အရပ်ရှစ်မျက်နှာလုံး လုံးဝပြည့်နှက်သွားခဲ့ပြီး ဟာကွက်မရှိတော့ပေ။
ချင်းဖန်သည် သူ၏မဟာမိတ်အဖွဲ့ကို အလျင်အမြန်ပေါင်းစပ်ပြီး အရှေ့မြောက်ဘက်သို့ ပြောင်းရွှေ့လိုက်သည်။
အန်းယွဲ့နှင့် ဆက်သွယ်ပြောဆိုပြီးနောက် ကျွန်းကို စတုရန်းမီတာ ၂၀၀,၀၀၀ အထိ ချဲ့ထွင်နိုင်ကြောင်း သိရှိခဲ့ရသည်။ ယင်းသည် သူတို့ကို သဘာဝအတိုင်း ထပ်မံအံ့အားသင့်စေခဲ့သော်လည်း ထိုအရာက အခြားပုံပြင်တစ်ပုဒ်ဖြစ်လေသည်။
အရာအားလုံးနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းပြပြီးနောက် ချင်းဖန်သည် ရှောင်းယီထံသို့ ထပ်မံဖုန်းခေါ်လိုက်လေသည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ကျွန်းက လူတချို့က ကုန်းမြေတိုက်သစ်ကြီးကို စူးစမ်းရှာဖွေဖို့ ကိုယ်ပိုင်အဖွဲ့ဖွဲ့ဖို့ တောင်းဆိုတေကြပါတယ်။ ခင်ဗျားခွင့်ပြုပေးလို့ရမလား။”
ချင်းဖန်က မေးလိုက်သည်။
ရှောင်းယီသည် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
“ရတယ်... ဒါပေမယ့် သူတို့ရဲ့ ရုပ်ခန္ဓာအဆင့်က B ဒါမှမဟုတ် အဲဒီထက်မြင့်ရမယ်။ တည်နေရာကူးပြောက်းခက ခရီးတစ်ခုကို ၁၀၀ ယွမ်ပဲ။ ပါဝင်မယ့်သူတွေကို သူတို့ရင်ဆိုင်ရမယ့် အန္တရာယ်တွေအကြောင်း ရှင်းပြပေးလိုက်ပါ။”
ယွမ် ၁၀၀ သည် အုတ်မြစ်ကျောက်တစ်ခုနှင့် ညီမျှပြီး ခရီးနှစ်ကြိမ်သွားရန်အတွက် ကုန်ကျသည့် စျေးနှုန်းဖြစ်ကာ အတွင်းပိုင်းလျှော့စျေးအဖြစ် သတ်မှတ်ထားသည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
ချင်းဖန်က အကြောင်းပြန်လိုက်သည်။
“အကယ်၍ စူးစမ်းရှာဖွေမှုအတွင်း ကျုပ်တို့ပစ္စည်းကောင်းတစ်ခုခုတွေ့ခဲ့ရင် သိမ်းယူလိုက်ရမလား။”
“မလိုပါဘူး။ သူတို့ကတ်ထဲက ပိုက်ဆံနဲ့ လဲလှယ်လိုက်ပါ။ ဒါမှမဟုတ်လည်း ဒီအတိုင်းထားလိုက်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ မဟာမိတ်အဖွဲ့ထဲသို့ ပါဝင်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အားလုံးကို တစ်ညီတစ်ညွတ်တည်း စီမံခန့်ခွဲသွားမည်ဖြစ်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိလျှင် ရိတ်သိမ်းမှုအားလုံးက အလကားဖြစ်သွားမည်ဖြစ်သည်။ ဘယ်သူကမှ ထိုအရာကို လက်ထဲတွငိ ပုပ်သိုးသွားသည်အထိ ထားလိုကြမည်မဟုတ်ပေ။
အခန်း ၅၈၆ - စူးစမ်းရှာဖွေမှုအရှိန်အဟုန်မြှင့်တင်ခြင်း၊ မမျှော်လင့်ထားသောဖြစ်ရပ်တစ်ခုဖြစ်ပွားခြင်း
“ဟုတ်ကဲ့ ကျုပ်နားလည်ပါပြီ။”
ချင်းဖန်က အကြောင်းပြန်လိုက်သည်။
ချင်းဖန်နှင့် တခြားသူများ မဟာမိတ်အဖွဲ့ထဲ ပါဝင်လာပြီးနောက် ရှောင်းယီသည် ထုံးကျောက်များကို ချက်ချင်းလက်ငင်း စတင်တူးဖော်ခဲ့ခြင်းမရှိပေ။
သူ မတူးဖော်ချင်၍မဟုတ်ဘဲ သတ္တုတူးဖော်စက်များသည် ရပ်တန့်ခြင်းမရှိဘဲ အလုပ်လုပ်နေကြရသောကြောင့်ပင်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ဖမ်းဆီးခံထားရသည့် ဒေသခံမျိုးနွယ်စုများ၏ကျွန်းများပေါ်တွင် သတ္တုတူးဖော်စက်များ လည်ပတ်လျက်ရှိသည်။
“သတ္တုတူးဖော်စက် လက်ရှိလုပ်နေရတဲ့ အလုပ်တွေပြီးသွားပြီးတာနဲ့ ထုံးကျောက်တွေကို စပြီးတူးဖော်ရမယ်။”
ရှောင်းယီက သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။ ဘိလပ်မြေနှင့် မီးကျည်ဆန်သုံးသေနတ်နှစ်မျိုးလုံးသည် အလွန်အရေးကြီးပြီး စောစောထုတ်လုပ်နိုင်လေ စောစောအသုံးပြုနိုင်လေဖြစ်သည်။
လက်ရှိအချိန်တွင် မဟာမိတ်များ အားလုံးနီးပါးသည် ကုန်းမြေတိုက်သစ်သို့ အသီးသီး ဝင်ရောက်ခဲ့ကြပြီး အချို့မဟာမိတ်အဖွဲ့များတွင် တစ်ဖွဲ့ထက်ပိုသော အဖွဲ့များပင် ရှိပေသည်။
ယခုအခါ လူတိုင်းသည် တောရိုင်းရတနာသေတ္တာများအကြောင်း သိရှိသွားခဲ့ကြပြီဖြစ်ကာ ဂရုထဲ၌ လူအများသည် မည်သည့်ကန့်သတ်ချက်မျှမရှိဘဲ ၎င်းတို့အကြောင်း စတင်ပြောဆိုလာခဲ့ကြသည်။
“ဟားဟား...ကျုပ်တို့အဖွဲ့က C အဆင့်ရတနာသေတ္တာ ၃ လုံးရှာတွေ့ခဲ့တယ်။ အဲ့ထဲကနေ အုတ်မြစ်ကျောက် ၆၀ နဲ့ C အဆင့်ပုံစံကွက် ၃ ခု ရခဲ့တယ်။”
“C အဆင့်က ဘာဖြစ်မှာလဲ။ ကျုပ်တို့ဆိုရင် B အဆင့်နှစ်ခုရှာတွေ့ပြီးပြီ။”
“ဒါက အရမ်းအစွမ်းထက်တာပဲ။ B အဆင့်အစောင့်အရှောက်သားရဲက ကိုင်တွယ်ရမခက်ဘူးလား။”
“ဒါက အရမ်စရိုးရှင်းပါတယ်။ ကျုပ်တို့အဖွဲ့ထဲမှာ A အဆင့်ကျွမ်းကျင်သူတစ်ယောက်ရှိတယ်လေ။”
“အဆင့် A ကျွမ်းကျင်သူတွေနဲ့သာဆိုရင် ခင်ဗျားပြောနေစရာတောင်မလိုဘူး။ ကျုပ်တို့မှာသာ A အဆင့်စွမ်းအားရှင်တွေရှိရင် နက်နက်ရှိုင်းရှိုင်း စူးစမ်းပြီးနေလောက်ပြီ။”
ထိုစူးစမ်းရှာဖွေသူများ တိုက်သစ်ကြီးသို့ ဝင်ရောက်လာသည်နှင့်အမျှ ၎င်းတို့၏အဆင့်များသည်လည်း တဖြည်းဖြည်း တိုးမြင့်တက်လာခဲ့သည်။
ဟုတ်ပါသည်။ ကုန်းမြေတိုက်သစ်ကြီး၏ ဌာနေတိုင်းရင်းသားများနှင့် ရင်ဆိုင်ရခြင်းမှ ရှောင်ရှားနိုင်ရန် သူတို့အားလုံးသည် တောနက်ထဲသို့ နက်နက်ရှိိုင်းရှိုင်း ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။
တိုက်သစ်ကြီးရှိ သစ်တောများသည် ကြီးမားကျယ်ပြန့်ပြီး သုံးရက်ကြာ ပြင်ဆင်ချိန်ရှိခဲ့သည့်တိုင် ၎င်းတို့ကို အများအပြားစူးစမ်းရှာဖွေနိုင်ခဲ့ခြင်းမရှိပေ။
“အဲ့ဒီနိုင်ငံခြားသားတွေ မဝင်လာခင်မှာ ရတဲ့အချိန်ကို အမိအရဆုပ်ကိုင်ပြီး A အဆင့်အောက် အရာအားလုံးကို မြန်မြန်ကောက်ယူရမယ်။”
“စိတ်ကူးကတော့ ကောင်းပါတယ်။ ဒါပေမယ့် လက်တွေ့ဘဝက ကြမ်းတမ်းလွန်းတယ်။ ဒီလောက်ကြီးမားတဲ့ တောထဲမှာ သုံးရက်ဆိုတာထက် အချိန်သုံးလတောင်ပေးမယ်ဆိုရင်တောင် A အဆင့်အောက် ရတနာသေတ္တာအားလုံးကို ဖွင့်လို့မရနိုင်ဘူး။”
“အဲ့ဒါ ဖြစ်နိုင်တယ်။ ဒါပေမယ့် သိပ်တော့ အသုံးမဝင်ဘူး။ အကြီးအကဲရဲ့ စရိုက်အရ သူက နိုင်ငံခြားသားတွေကို စျေးကြီးကြီးတောင်းပြီး ခွဲထုတ်မှာသေချာတယ်။ ဒါပေမယ့် နိုင်ငံခြားသားတွေက တည်နေရာကူးပြောင်းမှုအတွက် အကြီးအကဲကိုပဲ အချိန်တိုင်း မှီခိုချင်ကြမှာမဟုတ်ဘူး။ သူတို့ သေချာပေါက် သူတို့ကိုယ်တိုင် တည်နေရာကူးပြောင်းနိုင်တဲ့ အချက်အလက်တွေတော့ လိုချင်ကြမှာပဲ။ အကြီးအကဲက သူတို့ကို ပါဝင်ခွင့်ပေးပြီးသားဖြစ်တဲ့အတွက် စျေးနှုန်းကိုလည်း သဘောတူပြီးသားဖြစ်ရမယ်။”
“သူတို့ကို ဒီနေရာကို တည်နေရာကူးပြောင်းမှတ်ပေးလိုက်ရင် ကျုပ်တို့ အဲ့ဒီနိုင်ငံခြားက နတ်ဆိုးကောင်တွေ သူတို့သင်္ဘောတွေအကုန်လုံး ခေါ်လာမှာကို ကြောက်မိတယ်။ အဲ့ဒီလူတွေက ကျုပ်တို့ ရှားနိုင်ငံရဲ့တံခါးကိုဖွင့်ဖို့ ဒီနည်းလမ်းကို အရင်က အသုံးပြုခဲ့ဖူးတယ်။ အဲ့ဒါကြောင့် အဲ့ဒီတိုက်ကြီးသစ်က သူတို့မျက်လုံးထဲမှာ အဆီတုံးကြီးတစ်တုံးပဲ။”
“စိတ်မပူပါနဲ့။ အကြီးအကဲမှာ အရံအစီအစဉ်ရှိရမယ်လို့ ကျုပ်ထင်တယ်။ သူတို့သာ သင်္ဘောတွေပို့လာရဲရင် သူတို့ရဲ့တည်နေရာကူးပြောင်မှတ်ကို ချက်ချင်းဖျက်ဆီးလိုက်တာမျိုးတောင် ဖြစ်နိုင်တယ်။”
“ကျုပ်တော့ အဲ့လိုမထင်ဘူး။ သူဌေးက စကတည်းက သူတို့ကို ဒေသခံတွေရဲ့ဖိအားကို မျှဝေဖို့ အဲ့ဒီကိုပို့လိုက်တာ။ သူတို့ သင်္ဘောတွေအများကြီးနဲ့လာမယ်ဆိုရင်တောင် သူဌေးက ကြားဝင်မယ်လို့ ကျုပ်မထင်ဘူး။”
“အို ဒါက လက်ဖျားခါလောက်အောင်ကို အရမ်းကောင်းတဲ့အကြံပဲ။ သူတို့ကို ဒေသခံတွေနဲ့ တိုက်ခိုက်ခိုင်းပြီး ကျုပ်တို့က တိတ်တိတ်လေး ကံကောင်းမှုတွေကို ဖန်တီးကြမယ်။”
အချို့လူများက ချက်ချင်းပင် နားလည်သွားခဲ့ကြသည်။ ရှောင်းယီက သင်္ဘောများ ပိုမိုမြားပြားလေ၊ ပစ်မှတ်သည်လည်း ပိုမိုကြီးလေဖြစ်လိမ့်မည်ဟု ပြောခဲ့ဖူးသည်။ ထိုနိုင်ငံခြားသားများနှင့် ဒေသခံများ နှင့် တိုက်ခိုက်သည့်အခါ မိမိတို့အတွက် လှုပ်ရှားနိုင်သည့် အခန်းကဏ္ဍမှာလည်း ပိုမိုကြီးမားလေဖြစ်ပေသည်။
“ဒါပေါ့... အဲ့ဒီနိုင်ငံခြားသားလူယုတ်မာတွေက အရူးတွေမဟုတ်ဘူးဆိုတော့ သူတို့ ဒီလိုလုပ်မှာမဟုတ်ဘူး။”
“ဒါအမှန်ပဲ။ အဲ့ဒီလူတွေအကုန်လုံးက အရမ်းကောက်ကျစ်တယ်။”
“အခု ဒီတိုက်ကြီးသစ်ရဲ့ တောရဲ့စည်းမျဉ်းတွေကို သိပြီးပြီဆိုတော့ ငါတို့ အဖွဲ့တွေ ထပ်ပြီးစေလွှတ်လို့ရနိုင်မလား။ အပြင်ဘက်အစွန်းက ရတနာသေတ္တာတွေက အဆင့်သိပ်မမြင့်ဘူး။ လူနည်းနည်းလောက်ထပ်လွှတ်လိုက်ရင် ထောင်ချောက်တွေသုံးပြီး ဖြေရှင်းနိုင်လောက်တယ်။”
“ဟုတ်တယ်...။ အကြီးအကဲက သဘောမတူမှာကိုပဲ စိတ်ပူနေတာ။”
ယခင်က ရှောင်းယီသည် B အဆင့် သို့မဟုတ် ထိုအဆင့်အထက်ရှိသည့် အသက်ရှင်ကျန်ရစ်သူများသာလျှင် ထိုတိုက်သစ်ကြီးသို့ စူးစမ်းရှာဖွေရန် ဝင်ရောက်နိုင်ကြောင်း သတ်မှတ်ခဲ့သော်လည်း ရှောင်းယီသည် ထိုကိစ္စကို အထူးတလည် စစ်ဆေးခြင်းမျိုး မပြုလုပ်ခဲ့ပေ။
ဂရုထဲကလူတိုင်း ထိုအကြောင်း ဆွေးနွေးနေသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီက ဂရုထဲတွင် ပြောလိုက်သည်။
“ကျုပ်ကတော့ လူတိုင်း B အဆင့် ဒါမှမဟုတ် အဲဒီထက်မြင့်မှသွားဖို့ အကြံပြုချင်နေတုန်းပဲ။ ဘေးကင်းလုံခြုံရေးက ခင်ဗျားတို့ရဲ့တာဝန်ပဲ။ လူထပ်ပို့ချင်တယ်ဆိုရင်တောင် အနည်းဆုံး B အဆင့်ရှိတဲ့လူက အဖွဲ့ကို ဦးဆောင်သင့်တယ်။”
“ဟုတ်ကဲ့။ ဘေးကင်းလုံခြုံမှုက ကျုပ်ပ်တို့ရဲ့ တာဝန်ပါပဲ။ သူဌေးရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။”
“ဟုတ်တယ်...ဟုတ်တယ်။ ကျုပ်တို့ သတိထားပါ့မယ်။”
ထိုလူများသည် ချီးကျူးစကားများ ပြောဆိုပြီးနောက် လူတိုင်းသည် ချက်ချင်းဆိုသလိုပင် တည်နေရာကူးပြောင်းရန်အတွက် လူများကို ထပ်မံစီစဉ်ခဲ့ကြသည်။
ရှောင်းယီ သူတို့ကို မတားဆီးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် တည်နေရာကူးပြောင်းရန်အတွက် အုတ်မြစ်ကျောက်များ ပေးချေရမည်ဖြစ်သောကြောင့်ပင်။
ထို့ပြင် ဆယ်ကြိမ်တွင် ကိုးကြိမ်လောက်က သူတို့သည် ဒေသခံများကိုသာ စေလွှတ်ကြပေလိမ့်မည်။
လူတိုင်း လူများထပ်မံစေလွှတ်ရန် ပြင်ဆင်နေကြစဉ် လူတစ်ယောက်က ဂရုထဲတွင် ရုတ်တရက် စကားပြောလာခဲ့သည်။
“သူဌေး ကျုပ်တို့လူတွေ ဘာလို့အခုထိ အချက်အလက်တွေ ပြန်မပို့ကြသေးတာလဲ။”
ရှောင်းယီသည် ထိုစာတိုကို မြင်လိုက်ရသောအခါ မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ကျုပ်သိဘူး။ စကတည်းက ကျုပ်ပြောခဲ့သလိုပဲ တိုက်သစ်ကြီးမှာ စည်းစိမ်ဥစ္စာတွေ အများကြီးရှိပေမယ့် အန္တရာယ်တွေလည်း အများကြီးရှိတယ်။”
ဂရုတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် တစ်စုံတစ်ဦးက သတိထားကာ မေးလိုက်၏။
“ဒါဆို ကျုပ်တို့ လူတွေ ထပ်ပြီး စေလွှတ်သင့်သေးရဲ့လား။”
“စောင့်ကြည့်ကြည့်ရအောင်။ တကယ်လို့ အရမ်းအန္တရာယ်များမယ်ဆိုရင်၊ယတော့ အကောင်းအဆိုးကို သေသေချာချာ ချိန်ဆဖို့လိုတယ်။”
“ဟုတ်တယ်...ဟုတ်တယ်။ အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ အရင်စောင့်ကြည့်ကြရအောင်။”
ထိုအချိန်တွင် တိုက်သစ်ကြီး၏ တောနက်ထဲတွင် လူငါးဦးပါဝင်သောအဖွဲ့တစ်ဖွဲ့သည် B အဆင့်ဝံပုလွေတစ်ကောင်ကို ကိုင်တွယ်ဖြေရှင်းနေခဲ့သည်။ အသက်ရှင်ကျန်ရစ်သူအဖွဲ့ဝင်အားလုံးသည် B အဆင့်များချည်းဖြစ်သောကြောင့် ၎င်းတို့သည် အလွန်စိတ်အေးသက်သာရှိနေခဲ့ကြသည်။
“ဒီတိုက်ကြီးသစ်မှာ အံ့သြဖွယ်ကောင်းတဲ့အရာတွေ ဒီလောက်အများကြီးရှိနေလိမ့်မယ်လို့ ငါမျှော်လင့်မထားမိဘူး။ တခြားသူတွေနဲ့လည်း ယှဉ်ပြိုင်စရာမလိုဘူး။ ဒါက ဘယ်လောက်တောင် ကောင်းလိုက်သလဲ။”
“ဟုတ်တယ်...။ ငါတို့ ဒီကိုရောက်တဲ့ ၆ နာရီအတွင်း ဒါက တတိယမြောက် ရတနာသေတ္တာပဲ။”
“ဒါက အရမ်းမိုက်တယ်။ ဒီတိုင်းသာ ဆက်သွားနေမယ်ဆိုရင် မကြာခင်မှာ အုတ်မြစ်ကျောက်တွေရော၊ ပုံစံကွက်တွေရော အများကြီးလာလိမ့်မယ်။”
“ဒါပေမယ့် ပုံစံကွက်တွေ ဒီလောက်အများကြီး ရုတ်တရက်ပေါ်လာတော့ အနာဂတ်မှာ အလွန်အကျွံသုံးစွဲမိသွားနိုင်တယ်။”
“ဘယ်သူက အလွန်အကျွံသုံးစွဲတာကို ဂရုစိုက်မှာလဲ။ ငါတို့မဟာမိတ်မှာ ပုံစံကွက်တွေ အများကြီးမရှိသေးဘူး။ အဲ့ဒါကြောင့် ကိုယ့်အတွက်ကိုယ်ပဲ အရင်လုပ်ကြရအောင်။”
သူတို့ စကားပြောနေစဉ်အတွင်း အဖွဲ့ဝင်တစ်ဦးသည် ဝံပုလွေ၏ကိုယ်ထဲသို့ သူ၏ဓားရှည်ကို ထိုးသွင်းလိုက်လေသည်။ ဝံပုလွေသည် ဟိန်းဟောက်ကာ ပြိုလဲကျသွားခဲ့သည်။
“ဟားဟား...အုတ်မြစ်ကျောက်တွေနဲ့ ပုံစံကွက်တွေ ဒီလောက်လွယ်လွယ်ရတဲ့ခံစားချက်မျိုးကို ငါတစ်ခါမှ မခံစားရဖူးဘူး။”
“ဟုတ်တယ်...။ သူဌေးမှာသာ ပုံစံကွက်တွေ အများကြီးမရှိဘူးဆိုရင် သူ ဒီလောက်မြန်မြန်ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ မဟုတ်ဘူး။”
“အမှန်ပဲ...”
ဝံပုလွေ၏အလောင်းကို ကိုင်တွယ်ဖြေရှင်းပြီးနောက် လူတိုင်းသည် ထိုရတနာသေတ္တာကို ဝိုင်းရံလိုက်ကြသည်။
လူတိုင်း ရတနာသေတ္တာကိုဖွင့်လိုက်ကြပြီးနောက် ၎င်းတို့၏အာရုံစူးစိုက်မှုသည် အတွင်းရှိပစ္စည်းများပေါ်တွင် အာရုံစူးစိုက်နေသည့်အချိန်၌ အနီးရှိချုံပုတ်များထဲမှ မရေမတွက်နိုင်သော မြှားများ ပျံသန်းထွက်ပေါ်လာခဲ့သည်။
“သတိထား”
အဖွဲ့ခေါင်းဆောင်က ချက်ချင်းပင်တုံ့ပြန်ကာ အော်ဟစ်၍ သတိပေးလိုက်သည်။
သို့သော်လည်း နောက်ကျလွန်းသွားပြီဖြစ်သည်။
အကွာအဝေးမှာ အလွန်နီးကပ်နေသောကြောင့် အချိန်မီ တုံ့ပြန်၍မရနိုင်ခဲ့ပေ။
သို့သော် အဖွဲ့ဝင်လေးဦးသည် ချက်ချင်းပင် ၎င်းတို့၏အဖွဲ့ခေါင်းဆောင်ကို ကာရံလိုက်ကြသည်။
ဆွစ် ဆွစ် ဆွစ်
မြှားခေါင်းများ အသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည့်အသံများ မရပ်မနား ထွက်ပေါ်လာခဲ့သည်။
“ပိုင်ဟူ၊ ဖေးယင်း၊ ကျန်းကု၊ ဖက်တီး....”
အဖွဲ့ခေါင်းဆောင်သည် သူ၏လက်အောက်ငယ်သားလေးယောက်၏နာမည်ကို အော်ခေါ်လိုက်ပြီး သူ၏မျက်လုံးများမှာလည်း နီရဲနေကာ မျက်ရည်များ စီးကျနေခဲ့သည်။
ဖက်တီးက ကြိတ်မှတ်ပြုံးပြလိုက်ပြီး သူ၏မျက်နှာပေါ်၌ ခါးသက်သော အပြုံးတစ်ခုကို ပြသနေခဲ့သည်။
“အဖွဲ့ခေါင်းဆောင် အသက်ဆက်ရှင်ပြီး ကျုပ်တို့အတွက် လက်စားချေပေးပါ။”
“အား....”
အဖွဲ့ခေါင်းဆောင်က ကောင်းကင်ကိုမော့ကြည့်ပြီး ဟိန်းဟောက်လိုက်သည်။
“ငါ ဒီအတွက် လက်စားမချေနိုင်ရင် ငါ လူမဟုတ်ဘူးလို့ ကျိန်ဆိုတယ်။”
ထိုသို့ပြောပြီးသည်နှင့် အဖွဲ့ခေါင်းဆောင်သည် အရာအားလုံးကို ကောက်ယူပြီး မြှားများထွက်ပေါ်လာသည့်ဘက်နှင့် ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးသွားတော့သည်။
“သေစမ်း သူ့ကို မလွတ်စေနဲ့။ မဟုတ်ရင် ငါတို့တွေ လူတိုင်းရဲ့ဒေါသကို ခံစားရလိမ့်မယ်။ လိုက်ဖမ်းကြစမ်း။”
အနီးရှိချုံပုတ်များထဲမှ ယောက်ျားတစ်ယောက်၏ မှုန်မှိုင်းနေသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။