အခန်း (၅၈၇-၅၈၈)
Vol. 42 Ch. 587-588
အခန်း ၅၈၇ - လွတ်မြောက်ခြင်း၊ အခြားအဖွဲ့များနှင့် တွေ့ဆုံခြင်း၊ ပစ်သတ်ခံရခြင်း။
ထို့နောက် ချုံပုတ်များထဲမှ လူလေးယောက် ထွက်လာပြီး ထွက်ပြေးနေသော အဖွဲ့ခေါင်းဆောင်ကို လိုက်လံဖမ်းဆီးတော့လေသည်။
လူတစ်ယောက်သည် ၎င်းတို့ရှိရာနေရာတွင် ကျန်ရစ်ခဲ့ပြီး လိုက်လံဖမ်းဆီးသူများထဲတွင် မပါဝင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ယူဆောင်လာသော မြားလှည်းများကို စောင့်ကြည့်ရန် လိုအပ်သောကြောင့်ပင်။
“ဒီလူလေးယောက်က သူတို့ရဲ့ခေါင်းဆောက်ကို ဒီလောက်ထိသစ္စာရှိလိမ့်မယ်လို့ ငါမျှော်လင့်မထားခဲ့မိဘူး။”
ထိုအသက်ရှင်ကျန်ရစ်သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူလေးဦးကို အနည်းငယ်အံ့အားသင့်နေဟန်ဖြင့် ကြည့်ရှုလိုက်သည်။
ထွက်ပြေးသွားသော အဖွဲ့ခေါင်းဆောင်သည် ကမ်းခြေဆီသို့ အရူးအမူးထွက်ပြေးနေခဲ့သည်။ သူသည် ယီရန်ပင်း၏သင်္ဘောကြီးအနီးသို့ ရောက်ရှိနိုင်သရွေ့ ထိုလူများသည် သူ့ကို ဤမျှရဲရဲဝံ့ဝံ့ သေချာပေါက် တိုက်ခိုက်ရဲကြမည်မဟုတ်ပေ။
ဟုတ်ပါသည်။ အဖွဲ့ခေါင်းဆောင်က ထိုအဖွဲ့သည် သူဌေးမှ တိတ်တဆိတ်စီစဉ်ထားနိုင်သည့် အလားအလာကိုလည်း ထည့်သွင်းစဉ်းစားထားခဲ့သည်။
သို့သော် ယီရန်ပင်း၏ ပကတိအပြုသဘောဆောင်သော ပုံရိပ်ကိုအခြေခံပြီး သူသည် အများကြီးစဉ်းစားနေရန် အချိန်မရှိဘဲ ထိုအဖွဲ့သည် ယီရန်းပင်းမှ စီစဉ်ထားခဲ့ခြင်းမဟုတ်ဟုသာ ယာယီအားဖြင့် ယုံကြည်ထားနိုင်ခဲ့သည်။
နောက်ကွယ်မှလူလေးဦးသည်လည်း အလွန်မြန်ဆန်စွာရွေ့လျားနေပြီး သူတို့၏ကြားအကွာအဝေးကို အဆက်မပြတ်ချုံ့ပေးနေခဲ့သည်။
“သေစမ်း ဒီလူတွေက ဘာလို့အရမ်းမြန်နေရတာလဲ။”
အဖွဲ့ခေါင်းဆောင်သည် အံကြိတ်ကာ အရူးအမူးပြေးလွှားနေခဲ့သည်။ လတ်တလောတိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲကလည်း သူ၏စွမ်းအားအချို့ကို ကုန်ခမ်းစေခဲ့သည်။
“ရပ်စမ်း...ဒါတို ငါတို့ မင်းကို မြန်မြန်သတ်ပေးမှာပါ။ မဟုတ်ရင် ငါတို့ မင်းကိုဖမ်းမိတာနဲ့ မြန်မြန်သေရဖို့ ဆုတောင်းနေရလိမ့်မယ်။”
သူ၏နောက်ကွယ်မှ အော်ဟစ်ကြိမ်းမောင်းသံများ ထွက်ပေါ်လာခဲ့သည်။
အဖွဲ့ခေါင်းဆောင်သည် သူ၏နောက်ကွယ်မှ အော်ဟစ်သံများကို လုံးဝလျစ်လျူရှုပြီး သူ၏အသက်အတွက် ဆက်လက်ပြေးလွှားနေခဲ့သည်။
“ဒီကောင်လေး တကယ်ပြေးနိုင်တာပဲ။ ခုနကတုန်းက တစ်ခါတည်း တစ်ဖွဲ့လုံးကို ပစ်သတ်လိုက်တာကမှ ပိုလွယ်ဦးမယ်။”
“ငါတို့ အဖွဲ့မျိုးစုံနဲ့ အမြဲတွေ့နေရမှာပဲ။ ဒူးလေး သုံးလိုက်တော့။”
“ဟုတ်ကဲ့”
ယောက်ျားနှစ်ယောက်သည် ပြေးနေရာမှ ရပ်ပြီး သူတို့၏ဒူးလေးများဖြင့် ရှေ့ကလူဆီသို့ ချိန်ရွယ်လိုက်လေသည်။
“ဝှစ်ရှ်”
ဒူးလေးမှ မြားများ လွတ်ထွက်သွားသည်နှင့်တစ်ပြိုင်နက် ထွက်ပြေးနေသော အဖွဲ့ခေါင်းဆောင်သည် ရုတ်တရက် အန္တရာယ်ကို ခံစားမိလိုက်ပြီး ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ကိုလှိမ့်ကာ ထိုမြားကို ကပ်သီလေး ရှောင်တိမ်းနိုင်ခဲ့သည်။
သို့သော်လည်း သူဝမ်းမသာနိုင်မီ နောက်ထပ်မြားတစ်ချောင်း သူ၏နောက်မှ ပျံသန်းလာခဲ့ပြီး သူ့ကို ရှောင်တိမ်းစရာနေရာမရှိအောင် ဖြစ်စေခဲ့သည်။
ဖစ်!
အရေးကြီးသောအချိန်တွင် အဖွဲ့ခေါင်းဆောင်သည် သူ၏ကိုယ်ခန္ဓာကို တစ်ပတ်လှည့်လိုက်ရာ မြားတစ်ချောင်းသည် သူ၏ဘယ်ဘက်လက်မောင်းကို ထိုးဖောက်သွားခဲ့သည်။
“ဟမ်း....။”
အဖွဲ့ခေါင်းဆောင်သည် အင့်ခနဲညည်းညူလိုက်ပြီးနောက် မြှားထိသွားသော သူ၏ဘယ်ဘက်လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ ရှေ့သို့ဆက်ပြေးသွားလိုက်သည်။
“သူဒဏ်ရာရသွားပြီ...မြန်မြန်လိုက်ကြ။”
လက်မောင်းတွင် ဒဏ်ရာရရှိပြီးနောက် သူ၏ထွက်ပြေးမှုအရှိန်သည်လည်း ထိခိုက်ခံသွားခဲ့ပြီး နောက်ကွယ်မှ လိုက်လံဖမ်းဆီးသူများသည်လည်း ပိုမိုနီးကပ်လာခဲ့သည်။
ထိုအချိန်တွင် ဘယ်ဘက်အရှေ့နားမှ တိုက်ခိုက်နေသည့်အသံများ ကြားလာရသည်။ အဖွဲ့ခေါင်းဆောင်၏မျက်လုံးများ တောက်ပသွားပြီ ချက်ချင်းပင် ဦးတည်ဘက်ပြောင်းကာ ထိုအရပ်သို့ ထွက်ပြေးသွားတော့သည်။
“ဟားဟား....။ ငါတို့ ဝင်လာရုံပဲရှိသေးတယ်။ ရတနာသေတ္တာတစ်လုံးရှာပြီးပြီ။ ဒီနေ့ ငါတို့ကံကောင်းနေပုံရတယ်။”
“ဟုတ်တယ်...ငါတို့မဟာမိတ်အဖွဲ့တော့ မြင့်တက်လာတော့မယ်ပုံပဲ။”
“ခဏလေး တစ်ယောက်ယောက်ရှိတယ်။”
C အဆင့်သမင်ကို ကိုင်တွယ်ဖြေရှင်းပြီးသည်နှင့်တစ်ပြိုင်နက် အဖွဲ့သည် ဘယ်ဘက်လက်မောင်းကို ဆုပ်ကိုင်ထားသော ယောက်ျားတစ်ဦး ထွက်ပြေးလာသည်ကို မြင်တွေ့လိုက်ရလေသည်။
“ကူညီပါဦး...တစ်ယောက်ယောက်က ကျုပ်တို့ရတနာသေတ္တာကို လိုက်ပြီးလုယက်နေတယ်။”
အဖွဲ့ခေါင်းဆောင်က အော်ဟစ်လိုက်သည်။
“ဘာလဲ... တစ်ယောက်ယောက်က ငါတို့ကို တကယ်ပဲ ဓားပြတိုက်ရဲတယ်လား။ ဒါက အရမ်းသိက္ခာမဲ့တာပဲ။”
“ဒီအချိန်မှာ ဘယ်သူက ကိုယ်ကျင့်တရားအကြောင်း ပြောနေမှာလဲ တိုက်ပွဲအတွက် ပြင်ဆင်ကြ။”
“ဟုတ်ကဲ့”
ထိုအဖွဲ့သည် လိုက်လံဖမ်းဆီးသူများနှင့် တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်တွေ့လိုက်ရသောအခါ ထွက်ပြေးနေသော အဖွဲ့ခေါင်းဆောင်က ရပ်တန့်ကာ ပြောလိုက်သည်။
“ဒီတစ်ကြိမ် ကျုပ်ရဲ့အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်ကိုယ်တိုင် အုတ်မြစ်ကျောက် ၂၀ ပေးပါ့မယ်။”
ထိုယောက်ျားများသည် ထိုအဖွဲ့ခေါင်းဆောင်၏စကားများကို ကြားလိုက်ရသောအခါ ၎င်းတို့၏မျက်လုံးများ တောက်ပသွားခဲ့ကြသည်။ သူတို့သည် အခြားသူများကို ဓားပြတိုက်ရန် ရည်ရွယ်ချက်မရှိသော်လည်း အကယ်၍ တစ်စုံတစ်ဦးက ၎င်းကို ကိုယ်တိုင်ကိုယ်ကျ ပေးဆောင်လာမည်ဆိုပါက ၎င်းတို့သည် သေချာပေါက် ယူကြမည်ဖြစ်သည်။
“စိတ်မပူပါနဲ့...။ ကျုပ်တို့ကို ကြည့်ထားလိုက်ပါ။”
ထိုအဖွဲ့ထဲရှိ တစ်စုံတစ်ဦးက ချက်ချင်းပင် သူ၏ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
မကြာမီ လူလေးဦးသည် နောက်မှလိုက်လာခဲ့သည်။ ထိုနေရာတွင် အဖွဲ့ငယ်တစ်ဖွဲ့ ထပ်မံထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ အနည်းငယ်တုံ့ဆိုင်းသွားခဲ့ကြသည်။
“ဒုတိယအစ်ကို ကျုပ်တို့ ဘာလုပ်သင့်လဲ။”
“ငါတို့ရဲ့ဓားပြတိုက်မှုအကြောင်း ဘယ်သူ့ကိုမှ အသိပေးလိုက်လို့မရဘူး။ အကုန်လုံး သတ်ပစ်လိုက်။”
“ဟုတ်ကဲ့”
အခြားသုံးယောက်က ပြန်ဖြေလိုက်ကြသည်။
သူတို့သည် ချက်ချင်းပင် ၎င်းတို့လက်ထဲရှိ ဒူးလေးများကို ထိုအဖွဲ့ဆီသို့ ချိန်ရွယ်လိုက်ကြသည်။
ဝှစ်ရှိ ဝှစ်ရှ်
“ကျစ်ကျစ်ကျစ်... ဒါအကုန်ပဲလားကွ။”
ထိုအဖွဲ့ဝင်များသည် မထီမဲ့မြင်ပြုကာ သူ၏အနောက်ဘက်မှ ဒိုင်းများကို ထုတ်ယူပြီး ၎င်းတို့၏ရှေ့တွင် ကာရံလိုက်ကြသည်။
တုတ် တုတ် တုတ်
မြားအားလုံးသည် သစ်သားဒိုင်းများ၌ စိုက်ဝင်သွားကြလေသည်။
မြားများက ထိရောက်မှုမရှိတော့ကြောင်း မြင်တွေ့ရသောအခါ လိုက်လံဖမ်းဆီးရေးအဖွဲ့သည် ချက်ချင်းပင် ရှေ့သို့ထိုးစစ်ဆင်ကာ အနီးကပ်တိုက်ခိုက်ရန် ပြင်လိုက်ကြလေသည်။
သူတို့မျှော်လင့်မထားစွာပင် ထိုဒိုင်းများ၏အပေါက်များထဲမှ မြှားများစွာ ပျံသန်းထွက်ပေါ်လာပြီး ထိုလိုက်လံဖမ်းဆီးသည့်အဖွဲ့ကို တိုက်ခိုက်လိုက်လေသည်။
“ဟားဟား...ဒီတစ်ခါတော့ သူတို့ သေချာပေါက်သေပြီပဲ။”
သူတို့စကားမဆုံးမှမှာပင် လိုက်လံဖမ်းဆီးသည့်အဖွဲ့ဝင်များသည် ၎င်းတို့၏လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။ ထိုအရာများမှာ ဓား သို့မဟုတ် ဓားရှည်များဖြစ်ကြသည်။
ဒင်း ဒင်း ဒင်း
မြှားအားလုံးကို မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရလေသည်။
“ဘာ....။ သူတို့က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေရားတာလဲ...ပြန်ဆုတ်ကြ။”
ဤလှုပ်ရှားမှုတစ်ခုတည်းကို ကြည့်ရှုခြင်းဖြင့် လူများကို ကယ်တင်လိုသော အဖွဲ့ခေါင်းဆောင်သည် ထိုလူများအားလုံးက B အဆင့်ကျွမ်းကျင်သူများဖြစ်ရမည်ဟု သိရှိသွားခဲ့သည်။
သူသည် ၎င်းတို့အဖွဲ့ထဲတွင် တစ်ဦးတည်းသော B အဆင့်ကျွမ်းကျင်သူဖြစ်သည်။
ထွက်ပြေးလာသည့် အဖွဲ့ခေါင်းဆောင်သည် အနည်းငယ်ကြောင်အသွားပြီနောက် ချက်ချင်းပင် ကမ်းခြေဘက်သို့ ထွက်ပြေးတော့လေသည်။
“ဘာလို့ ပြန်ဆုတ်လာတာလဲ။”
“ကျုပ်တို့အဖွဲ့မှာ B အဆင့် ကျုပ်တစ်ယောက်တည်းရှိတယ်။ ကျုပ်တို့ ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ။”
“ဟမ်...သူဌေးက B အဆင့်နဲ့ အထက်လူတွေကိုပဲ လာရောက်စူးစမ်းခွင့်ပြုတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။”
“ဒါက အခုလေးတင်မှ အသစ်ဖွင့်လှစ်လိုက်တာ။ စူးစမ်းရှာဖွေမှုကို အရှိန်မြှင့်ဖို့အတွက် အဆင့်နိမ့်တဲ့ကစားသမားတွေကို အပြင်ဘက်အစွန်းမှာပဲ သွားလာခွင့်ပြုထားတယ်။”
“ကျုပ်သိပြီ။ ကျုပ် တကယ်စိတ်မကောင်းပါဘူး။ ကျုပ်က သူတို့ကို ဒီကိုခေါ်လာခဲ့တာ။ ကျေးဇူးပြုပြီး ကျုက်ကို ထားခဲ့ပါတော့။”
ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်သည် သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး ခါးသက်သောအပြုံးဖြင့် ပြောလိုက်သည်။
“နောက်ကျသွားပြီ။ သူတို့က ကျုပ်တို့ကို နှုတ်ပိတ်ဖို့ သေချာပေါက်သတ်ပစ်မှာပဲ။”
“ဒါဆို လူစုခွဲပြီး ထွက်ပြေးကြရအောင်။ ဒါဆို ကျုပ်တို့ထဲ တစ်ယောက်လောက်တော့ ထွက်ပြေးလွတ်မြောက်နိုင်မယ်လို့ မျှော်လင့်လို့ရသေးတယ်။”
ထွက်ပြေးလာသည့် အဖွဲ့ခေါင်းဆောင်က အော်ပြောလိုက်သည်။
“ကောင်းပြီ...။ လူတိုင်းပဲ လူစုခွဲပြီး ထွက်ပြေးကြ။ အကယ်၍ မင်းတို့သာထွက်ပြေးနိုင်ခဲ့ရင် သူဌေးရဲ့သင်္ဘောပေါ်မှာ ပြန်ဆုံကြမယ်။
“ဟုတ်ကဲ့”
ထို့နောက် လူခြောက်ဦးသည် ချက်ချင်းပင် လူစုခွဲပြီး ထွက်ပြေးသွားကြတောလေသည်။ ထိုအရာက ကျန်သည့်လူလေးဦးကို အနည်းငယ် ဝိရောဓိဖြစ်စေခဲ့သည်။
“ဒုတိယအစ်ကို အခု ကျုပ်တို့ ဘာလုပ်ရမလဲ။”
“အဖွဲ့နှစ်ခုခွဲပြီး ပိုမြန်တဲ့နှစ်ယောက်ကို လိုက်ဖမ်းကြ။”
ဒုတိယအစ်ကိုက ဆုံးဖြတ်ချက်ချလိုက်သည်။
ဤတစ်ကြိမ်သည် သူတို့၏ဓားပြအဖွဲ့အား ဖော်ထုတ်ခံရနိုင်ချေအရှိဆုံးဖြစ်သည်။ ထို့ကြောင့် သူတို့ ဖော်ထုတ်မခံရမီ အနည်းငယ်ပိုမိုအဆင့်မြင့်သည့် အသက်ရှင်ကျန်ရစ်သူနှစ်ဦးကို ဓားပြတိုက်ပြီး ပိုမိုရရှိနိုင်အောင်လုပ်ရမည်ဖြစ်သည်။
ထိုသို့ဆုံးဖြတ်ချက်ချပြီးနောက် လူလေးဦးပါသဪအဖွဲ့သည် အဖွဲ့နှစ်ခုခွဲကာ အဖွဲ့ခေါင်းဆောင်နှစ်ဦးကို လိုက်လံဖမ်းဆီးတော့လေသည်။
ဤသို့ဖြင့် အဖွဲ့ခေါင်းဆောင်နှစ်ဦးသည် လိုက်ရင်း၊ပြေးရင်ဖြင့် ကမ်းခြေနှင့် နီးကပ်လာခဲ့သော်လည်း သူတို့နောက်မှ လိုက်လံဖမ်းဆီးနေသူများသည် သူတို့ကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
လူနှစ်ဦးလျော့နည်းသွားခြင်းဖြင့် ၎င်းတို့၏လိုက်လံဖမ်းဆီးမှုခံရခြင်း၏ ဖိအားသည်လည်း သိသိသာသာလျော့နည်းသွားခဲ့သည်။
ရှပ် ရှပ်
လက်မောင်းဒဏ်ရာရထားသော အဖွဲ့ခေါင်းဆောင်သည် ချုံပုတ်များမှ ထိုးထွက်လာခဲ့သည်။ သူသည် ရှုံးတိရှိရာသင်္ဘောကြီးကို မြင်တွေ့နိုင်ခဲ့ပြီဖြစ်ပြီးပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။
“သူဌေး ကယ်ပါဦး....”
ကမ်းခြေမှ အကူအညီတောင်းခံသံများကို ကြားလိုက်ရသောအခါ ရှုံးတိသည် ချက်ချင်းပင် သူ၏လူများကို ဦးဆောင်ကာ သင်္ဘောကုန်းပတ်ပေါ်သို့ တက်လာခဲ့လေသည်။
ရှူံတိနှင့် အခြားသူများ ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ထိုအဖွဲ့ခေါင်းဆောင်သည် စိတ်လှုပ်ရှားလွန်းသောကြောင့် သူ၏ခြေထောက်အောက်ကိုပင် ဂရုမစိုက်မိဘဲ ခြောက်သွေ့နေသော သစ်ပင်တစ်ပင်နှင့် တိုက်မိကာ ဘုန်းကနဲ လဲကျသွားတော့လေသည်။
ဝှစ်ရှ် ဝှစ်ရှ်
ထိုစဥ် သူ၏အနောက်ဘက်မှ လေးမြားနှစ်ချောင်း ချက်ချင်း ပျံသန်းထွက်လာကာ တစ်ခုသည် သူ၏ဘယ်ဘက်ရင်ဘတ်ကို တည့်တည့်ထိမှန်သွားခဲ့ပြီး အခြားတစ်ခုက သူ၏ခေါင်းကို ထိမှန်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှုံးတိသည် ချက်ချင်းပင် အော်ဟစ်လိုက်၏။
“ဘယ်သူလဲ...။”
သို့သော် ချုံပုတ်များထဲမှ ထွက်ပေါ်လာခဲ့သော ဆူညံသံများ ပျောက်ကွယ်သွားခဲ့သည်။
သူတို့သည် ထိုအဖွဲ့ခေါင်းဆောင်ထံတွင်ရှိနေသော ပစ္စည်းများကို လုယူရန်အတွက်ဖြင့် သူတို့ကိုယ်သူတို့ ထုတ်ဖော်မပြသရဲကြပေ။
“သူ့ကို ဒီကိုသယ်လာခဲ့”
ရှုံးတိင အမိန့်ပေးလိုက်သည်။
စစ်သားများစွာ အောက်ကိသို့ ပြေးဆင်းသွားကြပြီး ထိုလူကို သင်္ဘောပေါ်သို့ သယ်ဆောင်လာခဲ့ကြသည်။
ရှုံးတိသည် ချက်ချင်းပင် ထိုအခြေအနေကို ရှောင်းယီထံသို့ အစီရင်ခံလိုက်လေသည်။
“ဘာ...။ တစ်ယောက်ယောက်က အချင်းချင်းကို တကယ်ပဲ ဓားပြတိုက်ခဲ့တာလား။”
ရှောင်းယီက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“ဒဏ်ရာရသူရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။”
“အလွန်အန္တရာယ်များနေပါတယ်။”
ရှုံးတိက ပြန်ဖြေလိုက်သည်။
“သူ့ရဲ့ဘယ်ဘက်ရင်ဘတ်နဲ့ ခေါင်းကို မြှားထိသွားခဲ့တယ်။”
ရှောင်းယီသည် နာ့နာကို ချက်ချင်းပင် သူ့ထံသို့ လဲလှယ်ပေးလိုက်ပြီး ပြောလိုက်သည်။
“သူ့ကိုကယ်တင်လိုက်။ ဒါကို ဘယ်သူလုပ်ခဲ့တာလဲဆိုတာ သိဖို့လိုတယ်။”
“ဟုတ်ကဲ့”
ရှုံးတိက အကြောင်းပြန်လိုက်သည်။
နာ့နာကို လဲလှယ်ပြီးနောက် သူမသည် ချက်ချင်းပင် ထိုအဖွဲ့ခေါင်းဆောင်ကို ခွဲစိတ်ကုသခဲ့သည်။
“သူ့ရဲ့အခြေအနေက အရမ်းအန္တရာယ်များတယ်။ ကံကောင်းတာက ကျွန်မ အချိန်မီရောက်လာခဲ့တာပဲ။ တစ်မိနစ်လောက်သာ နောက်ကျသွားခဲ့ရင် ကျွန်မ ဘာမှလုပ်နိုင်တော့မှာမဟုတ်ဘူး။”
နာ့နာ ခွဲစိတ်ကုသပြီးနောက် ပြောလိုက်သည်။
အခန်း ၅၈၈ - အသက်များအား ကယ်တင်ခြင်း၊ ဝမ်ချိုင်နှင့် ရှန်းပူးပေါင်းကာ ခြေရာခံခြင်း
“သူ ဘယ်အချိန် နိုးလာမှာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“တစ်ကြိမ်သတိရလာအောင်လုပ်ရုံပဲဆိုရင်တော့ ရိုးရှင်းပါတယ်။ ကျွန်မ အခုလုပ်ပေးလို့ရတယ်။ ဒါပေမယ့် သူက အရမ်းအားနည်းနေတယ်။ အနားယူဖို့လိုတယ်။”
နာ့နာက ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် လုံးဝမတွန့်ဆုတ်ဘဲ ပြောလိုက်သည်။
“သူ့ကို တစ်ခါသတိရလာအောင်လုပ်လိုက်ပါ။ ဒီကိစ္စက အရမ်းအရေးတကြီးဖြစ်နေတယ်။ မြန်မြန်သိလေ မြန်မြန်ကိုင်တွယ်နိုင်လေပဲ။”
နာ့နာသည် သူဘောတူလိုက်ပြီး ဒဏ်ရာရထားသူကို သတိရလာစေရန် စတင်လှုံ့ဆော်ပေးလိုက်သည်။
ထိုလူသည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ပြန်လည်တုံ့ပြန်နိုင်ရန် အချိန်ခဏယူလိုက်ရသည်။
“ကျုပ်က ယီရန်ပင်းပါ။ ခင်ဗျားရဲ့အဖွဲ့က ဘာဖြစ်ခဲ့တာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“သူဌေး ကျုပ် မသေသေးဘူးလား။”
ထိုလူသည် သူ၏ဒဏ်ရာများ ကုသပြီးသွားကြောင်း မြင်လိုက်ရသောအခါ သူဌေးက သူ့ကို ကယ်တင်လိုက်ပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်လေသည်။
“ကျုပ်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။”
“ကောင်းပြီ ဘာဖြစ်ခဲ့တယ်ဆိုတာ ကျုပ်ကိုပြောပြပါဦး။”
ရှောင်းယီက ပြောလိုက်သည်။
ထိုလူက ခေါင်းညိတ်ပြလိုက်ပြီး သူ့တို့အဖွဲ့ ကြုံတွေ့ရသည့်အခြေအနေများကို ရှင်းပြလိုက်လေသည်။
“မြှားလှည်းတွေနဲ့ ဒူးလေးတွေလား။ ဒါတွေက အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပစ္စည်းတွေဆိုတာ ရှင်းနေတာပဲ။”
ရှောင်းယီ မျက်မှောင်ကြုတ်လိုက်မိ၏။ ထို့နောက် အမိန့်ပေးလိုက်သည်။
“ရှန်း ခရီးတစ်ခေါက်လောက်ထွက်ပြီး ဂရုစိုက်ပေးလိုက်ပါ။”
“ဟုတ်ကဲ့”
မှော်ဆရာက ပြန်ဖြေလိုက်သည်။
“ခဏနေဦး မင်းတစ်ယောက်တည်းဆိုရင် သူတို့ကို ခြေရာခံဖို့ ခက်ခဲလိမ့်မယ်။ ဝမ်ချိုင်ကို မင်းနဲ့အတူ ခေါ်သွယးလိုက်။”
ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
ရှန်းက ပြန်ဖြေလိုက်သည်။
“ဝမ်ချိုင် ဒီကိုတက်လာခဲ့။”
ရှောင်းယီက အောက်ထပ်ကို လှမ်းခေါ်လိုက်သည်။
“ဝုတ် ဝုတ်”
ဝမ်ချိုင်သည် ချက်ချင်းပင် ပြေးတက်လာခဲ့သည်။ ၎င်းသည် ရှောင်းယီ၏အိပ်ခန်းထဲသို့ မဝင်ရောက်ဖြစ်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
ဤတစ်ကြိမ်ဝင်ရောက်လာခဲ့ပြီးနောက် သူအလွန်စိတ်လှုပ်ရှားနေမိခဲ့သည်။
“မှော်ဆရာကို ရန်သူအဖွဲ့တစ်ဖွဲ့ကို ခြေရာခံတဲ့နေရာမှာ ကူညီပေးလိုက်။ ငါ သူတို့ အသက်ရှင်လျက်လိုက်ချင်တယ်။ သတိထား နားလည်လား။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဝုတ် ဝုတ်”
ဝမ်ချိုင်သည် ၎င်း၏အမြီးကို မရပ်မနားလှုပ်ရမ်းရင်း ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် မြို့ပြန်ကျောက်ကို ထုတ်ယူကာ ဝအ်ချိုင်ရှေ့တွင် ချပေးလိုက်သည်။ ဝမ်ချိုင်သည် ၎င်း၏ခြေဖဝါးဖြင့် ထိုအရာကို ချက်ချင်းနှိပ်လိုက်လေသည်။
ထို့နောကိ မှော်စက်ဝန်း ဖြစ်ပေါ်လာခဲ့ပြီး စက္ကန့် ၂၀ အကြာတွင် ဝမ်ချိုင်သည် ၎င်း၏မူလနေရာမှ ပျောက်ကွယ်သွားပြီး ရှူံတိ၏ဘေးတွင် ပြန်ပေါ်လာခဲ့သည်။
ရှုံးတိသည် ဝမ်ချိုင်ကို မြို့ပြန်ကျောက်အား သိမ်းဆည်းရန် ကူညီပေးလိုက်သည်။ ထို့နောက် ရှောင်းယီက ကျွန်းကျောက်တိုင်ပေါ်မှနေ၍ ပြောလိုက်သည်။
“ဝမ်ချိုင်ကို အဲ့ဒီမြှားရဲ့အနံ့ကို ရှူခိုင်းလိုက်ပါ။”
“ဟုတ်ကဲ့”
ရှုံးတိက ပြန်ဖြေလိုက်သည်။
ထို့စဉ် အနားတွင်ရပ်နေသော နာ့နာသည် ၎င်း၏စက်လက်တံဖြင့် မြှားကို ကောက်ယူကာ ဝမ်ချိုင်ရှေ့တွင် ချပေးလိုက်သည်။
ဝမ်ချိုင်သည် ထိုမြှားကို အနံ့ခံကြည့်လိုက်ပြီးနောက် ရှန်းကိုကြည့်ကာ နှစ်ကြိမ်ဟောင်လိုက်ပြီး အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။
“ရှန်း မင်း သူ့နောက်ကလိုက်သွားလိုက်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
ရှန်းသည် ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းပင်ထရပ်ကာ ဝမ်ချိုင်နောက်သို့ လိုက်သွားလိုက်လေသည်။
သင်္ဘောပေါ်မှ ဆင်းလာပြီးနောက် လူတစ်ယောက်နှင့်ခွေးတစ်ကောင်သည် ချက်ချင်းပင် အရပ်မျက်နှာတစ်ခုသို့ အလျင်အမြန် ပြေးထွက်သွားခဲ့ကြသည်။
အတန်ငယ်ကြာပြီးနောက် ရှန်းသည် အနည်းငယ်ပင်ပန်းလာမှုကို ခံစားလိုက်ရပြီးနောက် ဝမ်ချိုင်အားပြောလိုက်သည်။
“နည်းနည်းလောက်နှေးပါဦး။ ငါ မလိုက်နိုက်တော့ဘူး။”
ရှန်းသည် A အဆင့်သာဖြစ်ပြီး ဝမ်ချိုင်သည်မူ S အဆင့်သို့ ရောက်နေပြီးသားဖြစ်သည် ထို့အပြင် ဝမ်ချိုင်သည် တရုတ်ကျေးလက်ခွေးတစ်ကောင်အနေဖြင့် ပြေးလွှားရာတွင်လည်း အတော်လေးကောင်းမွန်လှပေသည်။
ရှန်း မလိုက်နိုင်သည်မှာ ပုံမှန်ပင်။
ဝမ်ချိုင်သည် နောက်လှည့်ပြီး သူ့ကိုကြည့်လိုက်ကာ နှစ်ကြိမ် ခပ်တိုးတိုးဟောင်လိုက်သည်။
ရှန်းသာ သူ၏စကားကို နားလည်နိုင်မည်ဆိုပါက စကားမပြောနိုင်ဖြစ်သွားပေလိမ့်သည်။ ထိုဟောင်သံနှစ်ချက်သည် “မင်းရဲ့အမြန်နှုန်းကို ဂရုစိုက်ပေးဖို့ ငါရဲ့အရှိန်လျှော့ပြီးသားလေ။” ဟု အဓိပ္ပါယ်ရပေသည်။
သို့သော် ရှန်းသည် သူ့နောက်မှ ဆက်မလိုက်နိုင်တော့သည်ကို မြင်သောအခါ ဝမ်ချိုင်သည် ထပ်မံ၍အရှိန်လျှော့လိုက်ရလေသည်။
ထိုအတောအတွင်း လိုက်လံဖမ်းဆီးသည့်အဖွဲ့၏ အခြားအဖွဲ့ဝင်နှစ်ဦးသည် B အဆင့်အဖွဲ့ခေါင်းဆောင်အခြားတစ်ဦးကို ကိုင်တွယ်ဖြေရှင်းပြီးဖြစ်ပြီး ထိုလူဆီမှ လုယက်ယူဆောင်လာသော ပစ္စည်းများဖြင့် ပြန်လာနေကြပြီဖြစ်သည်။
“အုတ်မြစ်ကျောက် ၂၀ တည်းရှိတယ်။ ဒါက အရမ်းနည်းလွန်းတယ်။”
“ငါတို့ ရိတ်သိမ်းနိုင်ခဲ့တာပဲ ကံကောင်းတယ်။ အရှိန်မြှင့်ပြီး မြန်မြန်ပြန်သွားကြရအောင်။ ပြီးရင် နောက်ဘာဆက်လုပ်ရမလဲ ကြည့်ရမယ်။ ငါတို့ ဖော်ထုတ်ခံလိုက်ရပြီလို့ ငါထင်တယ်။”
“ဖော်ထုတ်ခံရတော့လည်း ခံရတယ်ပေါ့။ နင်ူကဘာတွေကြောက်နေတာလဲ။ ဒီတောထဲမှာပဲ ပုန်းနေလိုက်ရင် သူတို့ ငါတို့ကို ရှာတွေ့လိမ့်မယ်လို့ မင်းထင်နေတာလား။”
“ဒါအမှန်ပဲ။ ဒါပေမယ့် လူတိုင်း ကြိတင်ပြင်ဆင်ထားကြပါ။ ငါတို့အတွက် ချုံခိုတိုက်ခိုက်ဖို့ဆိုတာ မလွယ်ကူဘူး။”
“ချုံခိုတိုက်ခိုက်ဖို့ မလွယ်ကူဘူးဆိုရင် ငါတို့ မတိုက်ခိုင်ဘူးပေါ့။ ဒီကို စူးစမ်းရှာဖွေဖို့ လာတဲ့အဖွဲ့တွေထဲက တစ်ဖွဲ့မှ တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ငါမထင်ဘူ။ ငါ ဘယ်သူ့ကိုမှ ရည်ရွယ်တာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီအဖွဲ့တွေအားလုံးက အမှိုက်တွေချည်းပဲ။”
ဘေးတွင်ရပ်နေသော အဖွဲ့ဝင်များသည်လည်း ထို၏စကားများကို ငြင်းဆန်ခဲ့ခြင်းမရှိပေ။ သူတို့၏ မောက်မာမှုများသည်လည်း ပို၍ပငိ တိုးပွားလာခဲ့သည်။
သူတို့သည် အဖွဲ့လေးဖွဲ့ကို ဓားပြတိုက်ပြီးပြီဖြစ်ကာ အခြေခံအားဖြင့် ဘယ်အဖွဲ့ကမှ သူတို့၏တိုက်ခိုက်မှုများကို ခုခံနိုင်ခြင်းမရှိခဲ့ပေ။ ထိုတိုက်ပွဲများအားလုံးသည် ချုံခိုတိုက်ခိုက်မှုများဖြစ်သော်လည်း သူတို့သည် ထိပ်တိုက်တိုက်ခိုက်မှုတွင်လည်း ထိုပြိုင်ဘက်များကို သတ်ပစ်နိုင်သည်ဟု ယုံကြည်ထားခဲ့ကြသည်။
လမ်းလျှောက်နေစဉ် သူတို့သည် ကမ်းခြေမှ ပြန်လည်ဆုတ်ခွာလာခဲ့သော အခြားအဖွဲ့ဝင်နှစ်ဦးနှင့် တွေ့ဆုံခဲ့ကြသည်။
“ဟေ့ ဒုတိယအစ်ကို ပြီးသွားပြီလား။”
“မဟုတ်ဘူး...။ သူ ကမ်းခြေကို ပြေးသွားတယ်။ ဒါပေမယ့် ငါတို့ သူ့ကိုသတ်ပစ်ခဲ့တယ်။ ပစ္စည်းတွေကိုတော့ မရခဲ့ဘူး။ ယီရန်ပင်းအဖွဲ့က ငါတို့ကို ရှာတွေ့သွားခဲ့တယ်လေ။ အဲ့ဒါကြောင့် ငါတို့ ကိုယ်ထင်မပြခဲ့ဘူး။”
“အိုး တကယ်စိတ်မကောင်းစရာပဲ။ ငါတို့ B အဆင့်ရတနာသေတ္တာ ၃ လုံးနဲ့ လွဲခဲ့ရပုံပဲ။”
“အဆင်ပြေပါတယ်။ ပြန်သွားကြရအောင်။ ငါတို့ ဖော်ထုတ်ခံရပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာလည်း ဆွေးနွေးဖို့လိုသေးတယ်။”
ဒုတိယအစ်ကိုက ပြောလိုက်သည်။
ထို့နောက် သူတို့လေးဦးသည် ယခင်က ချုံခိုတိုက်ခိုက်ခဲ့သည့် နေရာသို့ အတူတကွ ပြေးထွက်သွားခဲ့ကြလေသည်။
ဝမ်ချိုင်သည် ၎င်း၏အရှိန်ကို လျှော့ချထားခဲ့သော်လည်း ၎င်းသည် ထို B အဆင့်အသက်ရှင်ကျန်ရစ်သူများထက် များစွာလျင်မြန်နေဆဲပင်။
မကြာမီ ဝမ်ချိုင်နှင့် ရှန်းတို့သည် ထိုလူလေးဦးကို လိုက်မိသွားခဲ့ကြသည်။
ထိုလူလေးဦးကို လိုက်မိသွားပြီးနောက် ဝမ်ချိုင်သည် ပြေးဝင်ပြီး ထိုလူများကို ခေါ်ဆောင်သွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
မျှော်လင့်မထားစွာပင် ရှန်းက ဝမ်ချိုင်ကို တိုက်ရိုက်ပွေ့ဖက်လိုက်လေသည်။
ဝမ်ချိုင် အံ့အားသင့်သွားခဲ့သည်။ ရှန်းက တိုးတိုးပြောလိုက်၏။
“သူတို့မှာ လေးယောက်ပဲရှိတယ်။ ဒါပေမယ့် တည်နေရာကူးပြောင်းလာတဲ့အဖွဲ့တွေအားလုံးမှာ လူငါးယောက်ရှိတယ်။ အဲ့ဒါကြောင့် နောက်ထပ်တစ်ယောက် ထပ်ရှိရမယ်။ အဲ့ဒီလူကို ရှာဖို့ သူတို့နောက်ကို လိုက်ကြမယ်။ ပြီးမှ အားလုံးကို တစ်ချက်တည်းဖမ်းမယ်။”
ဝမ်ချိုင်သည် ရှေ့မှတိုးတိုးရှင်းပြနေပြီး လက်ဟန် ခြေဟန်နဲ့ အမူအရာလုပ်ပြနေသော ရှန်းကို ကြည့်နေခဲ့သည်။ သူသည် ရှန်း၏ဆိုလိုရင်းကို နားမလည်သေးသော်လည်း အလောတကြီးမလှုပ်ရှားတော့ပေ။
လူတစ်ယောက်နှင့် ခွေးတစ်ကောင်သည် ထိုလူလေးဦးနောက်ကို ဖြည်းဖြည်းချင်းလိုက်သွားခဲ့ပြီး ရှန်းသည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားခဲ့သည်။
“လူနောက်ကိုလိုက်ရတာက ခွေးနောက်ကိုလိုက်ရတာထက် ပိုလွယ်တယ်။”
ရှန်းက သူ၏နှလုံးသားထဲမှနေ၍ သက်ပြင်းချလိုက်မိသည်။
တစ်နာရီနီးပါးကြာအောင် ခြေရာခံပြီးနောက် ထိုလူလေးဦးသည် နောက်ဆုံးတွင် ၎င်းတို့ခေါင်းဆောင်နှင့် ပြန်လည်ဆုံတွေ့ခဲ့ကြသည်။
“ဘယ်လိုလဲ အားလုံး ပြီးသွားပြီလား။”
ခေါင်းဆောင်က မေးလိုက်သည်။
ဒုတိယခေါင်းဆောင်က ခေါင်းခါကာ ပြန်ဖြေလိုက်သည်။
“ဟင့်အင်း လမ်းမှာ အဖွဲ့တစ်ဖွဲ့နဲ့ ကြုံလာခဲ့တယ်။ သူတို့က လူခွဲပြီး ထွက်ပြေးသွားကြတယ်။ ကျုပ်တို့က အဆင့်မြင့်တဲ့ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ကိုပဲ ရွေးပြီး လိုက်သတ်ခဲ့တယ်။ ကျုပ်တို့ အောင်မြင်ခဲ့ပေမယ့် သူတို့ရဲ့ပစ္စည်းတွေကိုတော့ မရနိုင်ခဲ့ဘူး။”
“အဲဒီလိုဆိုရင် ငါတို့ ဖော်ထုတ်ခံရမှာ သေချာသွားပြီ။”
ခေါင်းဆောင်က ဆင်ခြင်တွေးတောကြည့်လိုက်သည်။
“ဟုတ်ပါတယ်...။ အရာအားလုံးကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းမပေးနိုင်ခဲ့တာက ကျုပ်အမှားပါ။ ကျေးဇူးပြုပြီး ကျုပ်ကို အပြစ်ပေးပါ ခေါင်းဆောင်။”
ဒုတိယခေါင်းဆောင်က ချက်ချင်းပင် အပြစ်ရှိစိတ်ဖြင့် တောင်းပန်လိုက်သည်။
ခေါင်းဆောင်က ခေါင်းခါကာ ပြောလိုက်သည်။
“ငါတို့ ဖော်ထုတ်ခံရဖို့ဆိုတာက အချိန်ပဲကွာခြားတာပါ။ ငါတို့သတ်ပစ်လိုက်တဲ့ အဲဒီအဖွဲ့တွေရဲ့ မဟာမိတ်အဖွဲ့က သေချာပေါက် သတိထားသွားလိမ့်မယ်။ အရင်ဆုံး ပုန်းစရာနေရာရှာကြည့်ရအောင်။ သူတို့ရဲ့ပူးပေါင်းရှာဖွေမှုကို ရှောင်ရှားမယ်။ ပြီးမှ အပြင်ပြန်ထွက်ကြမယ်။”
လူတိုင်းက သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
“မင်းတို့က ကိုယ့်ကိုယ်ကိုယ် အရမ်းမြင့်မြင့်တွေးနေကြတာပဲ။”
ထိုစဉ် ရှန်းသည် အနီးရှိ ချုံပုတ်များထဲမှ လမ်းလျှောက်ထွက်လာခဲ့လေသည်။
“ဘယ်သူလဲ”
သူတို့သည် ချက်ချင်းပင် တင်းမာသွားခဲ့ကြသည်။
သို့သော်လည်း ရှန်းဘက်တွင် တစ်ယောက်တည်းရှိနေသည်ကို မြင်လိုက်ရပြီးနောက် သူတို့ အနည်းငယ် စိတ်သက်သာရာရသွားခဲ့ကြသည်။
ထိုအဖွဲ့များအား တည်နေရာကူးပြောင်းနေစဉ်အတွင်း ယေဘူယျအားဖြင့် ထိုတည်နေရာကူးပြောင်းမှုကို လည်ပတ်နေသူမှာ ရှုံးတိဖြစ်ပြီး အဝေးတစ်နေရာတွင် ထိုင်နေသော မှော်ဆရာရှန်းကိုမူ သူတို့သတိမပြုမိခဲ့ကြပေ။
ထို့ကြောင့် သူတို့သည် ရှန်းက ယီရန်ပင်း၏လူဖြစ်ကြောင်း မသိခဲ့ကြပေ။
“ငါတို့အလုပ်ကို ဝင်ရှုပ်ရအောင် မင်းဘယ်သူမို့လို့လဲ။”
ခေါင်းဆောင် အေးစက်စွာပြောလိုက်ပြီး ကျန်သူများက ဒူးလေးများဖြင့် ရှန်းကို ချိန်ရွယ်လိုက်ကြသည်။
“ငါ ဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ ငါတို့ရဲ့ ကျွန်းပိုင်ရှင်က မင်းတို့ကို တွေ့ချင်နေတယ်။”
ရှန်းက ပြန်ဖြေလိုက်သည်။
“ကျွန်းပိုင်ရှင်လား။ မင်းက ယီရန်ပင်းဆီက လာတာလား။”
ခေါင်းဆောင်၏ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားပြီး နောက်ပစ်ထားသော သူ၏ဘယ်ဘက်လက်မောင်းကို လှုပ်ယမ်းပြလိုက်လေသည်။
ထိုယောက်ျားများသည် သူတို့၏လက်ထဲတွင် ကိုင်ဆောင်ထားသော ဒူးလေးများဖြင့် ချက်ချင်းပစ်ခတ်လိုက်ကြတော့လေသည်။
ရှန်းသည် အေးစက်သောအပြုံးတစ်ခုဖြင့် သူ၏ခြေဖဝါးကိုဖိနင်းကာ ချက်ချင်းပင် ဘေးတစ်ဖက်သို့ ၃ မီတာအကွာအဝေးသို့ ရွေ့လျားသွားပြီး မြားများအားလုံးကို လုံးဝရှောင်တိမ်းသွားခဲ့သည်။