အခန်း (၅၈၉-၅၉၀)
Vol. 42 Ch. 589-590
အခန်း ၅၈၉ - ဖမ်းဆီးခြင်း၊ စစ်ဆေးမေးမြန်းခြင်း၊ စွပ်စွဲခြင်း
ရှန်း၏တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ခေါင်းတောင်၏မျက်နှာအမူအရာသည် နောက်ဆုံးတွင်ပြောင်းလဲသွားခဲ့ပြီး အော်ဟစ်လိုက်လေသည်။
“ထွက်ပြေးကြ...။”
ဒူးမြားလေးချောင်းကို အလွန်လွယ်ကူစွာ ရှောင်တိမ်းနိုင်ရန်အတွက် တစ်ဖက်လူ၏အဆင့်သည် သူတို့ထက်မြင့်နေမည်မှာ သေချာပေသည်။
ထို့ပြင် သူတို့ရှေ့တွင်ရှိနေသောလူသည် ဒေသခံတစ်ယောက်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူတစ်ယောက်မဟုတ်ပေ။
ထိုဒေသခံ၏အဆင့်သည် B အဆင့်ထက် ပို၍မြင့်မားပေသည်။
ထိုလူ၏အထောက်အထားမှာ သိသာထင်ရှားလွန်းနေပြီ A အဆင့်မှော်ဆရာတစ်ဦးဖြစ်သည်။
မှော်ဆရာများမှလွဲ၍ ဒေသခံမျိုးနွယ်စုများတွင် B အဆင့် သို့မဟုတ် ထိုအဆင့်အထက်ရှိသည့် ဒေသခံများ အလွန်ရှားပါးလှပေသည်။
၎င်းသည် မှော်ဆရာများ၏အဆင့်ကို အတင်းအဓမ္မမြှင့်တင်ပေးထားသော ကမ္ဘာ့စည်းမျဉ်းများ၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သည်။
သူတို့သည် A အဆင့် အသက်ရှင်ကျန်ရစ်သူများကို ဆန့်ကျင်ရန် ကြိုးစားကြည့်ရန် စဉ်းစားနိုင်သော်လည်း မှော်ဆရာများကို စိတ်လျှော့လိုက်သည်က ပိုကောင်းပေသည်။
လူတိုင်း သိထားကြသည်မှာ မှော်ဆရာများ၏တိုက်ခိုက်မှုများသည် အလွန်လျို့ဝှက်ဆန်းကြယ်ပြီး တူညီသောအဆင့်ရှိအသက်ရှင်ကျန်ရစ်သူများအတွက်ပင် ခုခံကာကွယ်ရန်ခက်ခဲလှရာ အဆင့်နိမ့်သောသူများကိုမူ ပြောစရာပင်မလိုတော့ပေ။
သူတို့ခေါင်းဆောင်၏အော်သံကို ကြားလိုက်ရသောအခါ အခြားလူလေးဦးသည် လုံးဝတွန့်ဆုတ်မနေဘဲ ချက်ချင်းပင် မတူညီသော အရပ်မျက်နှာများသို့ ဦးတည်ကာ ထွက်ပြေးကြတော့လေသည်။
ရှန်းသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ စိတ်တိဉာည်တိုက်ခိုက်မှုလှိုင်းတစ်ခု ပျံ့နှံ့ထွက်သွားခဲ့သည်။
လူလေးယောက်သည် ချက်ချင်းပင် လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သော်လည်း ခေါင်းဆောင်သည် လုံးဝအကျိုးသက်ရောက်မှုမရှိဟန်ရပြီး တောနက်ထဲသို့ ဆက်လက်ထွက်ပြေးသွားခဲ့သည်။
ရှန်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့သော်လည်း ထိုယောက်ျားသည် ထွက်ပြေးသွားမည်ကို စိုးရိမ်နေခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဝမ်ချိုင်က သူ့ကို စောင့်ကြည့်နေသေးသောကြောင့်ဖြစ်သည်။
ထိုယောက်ျားသည် သုံး၊လေး မီတာခန့်သာ ပြေးပြီးနောက် ချက်ချင်း ရပ်တန့်သွားခဲ့သည်။ သူ၏ရှေ့တွင် တရုတ်ကျေးလက်ခွေးတစ်ကောင်သည် ထိုင်နေပြီး သူ့ကို စောင့်ဆိုင်းနေခဲ့သည်။
ဤတောထဲတွင် ဤကဲ့သို့တရုတ်ကျေးလက်ခွေးကဲ့သို့ တောရိုင်းတိရစ္ဆာန်များ ရှိလိမ့်မည်ဟု သူမယုံကြည်ပေ။
သူသည် အနည်းငယ်သာ ကြောင်အသွားခဲ့ပြီးနောက် အခြားဦးတည်ဘက်တစ်ခုသို့ ထွက်ပြေးသွားလိုက်သည်။ သို့သော်လည်း သူ ခြေလှမ်းအနည်းငယ်ထက်ပို၍ မပြေးနိုင်မီမှာပင် အနက်ရောင်ပုံရိပ်တစ်ခု သူ့ကိုကျော်တက်သွားခဲ့ပြီး ထိုတရုတ်ကျေးလက်ခွေးတစ်ကောင်သည် သူ၏ရှေ့တွင် ထပ်မံထိုင်ချလိုက်ပြန်သည်။
ဝမ်ချိုင်သည် သူ၏ခေါင်းစောင်းကာ သူ့ကိုကြည့်နေခဲ့ပြီး “ဟေး အငယ်ဘေး ဆက်ပြေးဦးလေ” ဟု ပြောနေဟန်ရှိသည်။
ထိုလူသည် ချက်ချင်းပင် ချွေးစေးများထွက်လာခဲ့သည်။ ဘေးတွင် လှုပ်ရှားလဲရပ်နေသော မှော်ဆရာသည်မူ ပိုမိုပင် ချွေးအေးထွက်လာခဲ့သည်။
မှော်ဆရာ မလှုပ်ရှားရခြင်းသည် သူ့ရှေ့ရှိ တရုတ်ကျေးလက်ခွေးသည် အလွန်အစွမ်းထက်ပြီး သူ့ကို ဖမ်းဆီးနိုင်မည်ဖြစ်ကြောင်း ဆိုလိုပေသည်။
“ကျုပ်တို့ စကားပြောလို့ရပါတယ်။”
ထိုလူက စိုးရိမ်စွာပြောလိုက်သည်။
“ဒါပေါ့ မင်း ငါတို့နဲ့အတူ ပြန်လိုက်ခဲ့ရုံပဲ။”
ရှန်းက ပြောလိုက်သည်။
ထိုလူသည် သူ၏လက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက်ကာ ပြောလိုက်၏။
“ကောင်းပြီ။ ကျုပ်အသက်ရှင်ချင်သေးတယ်။ ကျုပ် ခင်ဗျားနဲ့အတူ ပြန်လိုက်ခဲ့ပါ့မယ်ယ”
“ဒါဆို သွားကြရအောင်။”
ရှန်းက ထိုသို့ပြောလိုက်ပြီး အခြားလူလေးဦးကို ပုစွန်ဆိတ်များကဲ့သို့ သစ်ပင်ပစ်စည်တစ်ခုတွင် ကြိုးဖြင့်စုတုတ်ကာ ဆွဲခေါ်သွားခဲ့သည်။
ဝမ်ချိုင်သည်မူ ထိုခေါင်းဆောင်၏နောက်ကွယ်မှ လိုက်သွားခဲ့သည်။
ထိုခေါင်းဆောင်သည် သူ၏၏မျက်လုံးများကို အနည်းငယ် ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ချက်ချင်းပင် ပြောလိုက်သည်။
“ဆရာကြီး ကျုပ်တို့မှာ အသေးစားမြားလှည်း ၃ စီးလည်း ရှိပါသေးတယ်။ ကျေးဇူးပြုပြီး အဲ့ဒါတွေကို ကျုပ်တို့နဲ့အတူ ယူဆောင်သွားခွင့်ပြုပါ။”
“ကောင်းပြီ သွားယူလိုက်။”
ရှန်းက ပြောလိုက်သည်။
ခေါင်းဆောင်သည် ချက်ချင်းပင် ထိုအသေးစားမြားလှည်းသုံးစင်းကို ချုံပုတ်များထဲမှ တွန်းထုတ်လိုက်သည်။ ထိုမြားလှည်းသုံးစင်းသည် ကြီးမားခြင်းမရှိပေ။ ၎င်းတို့အား မြို့ပြန်ကျောက်ကို အသုံးပြု၍ ယူဆောင်လာနိုင်သည်။
မြိူ့ပြန်ကျောက်တစ်ခုက သယ်ဆောင်နိုင်သော ပစ္စည်းများ၏ထုထည်သည် တည်နေရာကူးပြောင်းသူ၏ထုထည်ထက် ကျော်လွန်၍မရပေ။
ဤကဲ့သို့ အတော်အတန်အဆင်ပြေပြီး သယ်ဆောင်ရလွယ်ကူသော မြှားလှည်းကို မြင်လိုက်ရသောအခါ ရှန်းသည် ခေါင်းညိတ်လိုက်ပြီး ၎င်းကို သူနှင့်အတူ ပြန်ယူသွားခဲ့သည်။
လမ်းတစ်လျှောက်လုံးတွင် ထိုယောက်ျားသည် အလွန်ရိုးသားပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သင်္ဘောကြီးသို့ ပြန်ရောက်လာခဲ့သည်။
“သူတို့အားလုံးကို ကြိုးတုတ်လိုက်။”
ရှန်းက အမိန့်ပေးလိုက်သည်။
သူတို့အားလုံးကို ကြိုးတုတ်ပြီးနောက် ရှန်းသည် အခြေအနေကို ရှောင်းယီထံသို့ အစီရင်ခံလိုက်သည်။
ရှောင်းယီသည် ချက်ချင်းပင် ဗီဒီယိုစကားပြောခန်းကို စတင်လိုက်သည်။
“သတိရှိနေသေးတဲ့ ဘယ်သူ့ကိုမဆို ဒီကိုခေါ်လာခဲ့။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ရှန်းသည် ချက်ချင်းပင် ထိုယောက်ျားကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
“မင်းက ဘယ်သူလဲ။ မင်းက ဘယ်မဟာမိတ်အဖွဲ့ ဒါမှမဟုတ် ဘယ်ဂရုက လာတာလဲ။”
ရှောင်းယီက မေးလိုက်သည်။
ခေါင်းဆောင်သည် ရှောင်းယီက အလွန်ငယ်ရွယ်သေးကြောင်း မြင်လိုက်ရသည့်အခါ သူ့မျက်လုံးများ၏အနက်ရှိုင်းဆုံးနေရာမှ ထူးဆန်းသည့်အကြည့်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
“ခင်ဗျားက ယီရန်ပင်းပဲဖြစ်ရမယ်။ ကျုပ်နာမည်က ဟုန်ချီပါ။ ကျုပ်က တိလင်းအင်ပါယာကနေ လာခဲ့တာပါ။”
“အင်ပါယာအင်အားစုရဲ့ အဖွဲ့ဝင်တစ်ယောက်လား။ ဒါဆို မင်းတို့က ဘာလို့ ကိုယ့်လူတွေကိုယ် သတ်နေရတာလဲ။”
ရှောင်းယီက အေးဆေးတည်ငြိမ်စွာမေးလိုက်သည်။
“ကျုပ်ကို ရတနာသေတ္တာစုဆောင်းတဲ့ အဖွဲ့တွေကို ချုံခိုတိုက်ခိုက်ပြီး သူတို့ရဲ့ပစ္စည်းတွေကို ဓားပြတိုက်ဖို့ ခေါင်းဆောင်က အမိန့်ပေးလိုက်တယ်။”
ဟုန်ချီက ပြန်ဖြေလိုက်သည်။
“ကျုပ်က အမိန့်ကို လိုက်နာခဲ့ရုံပါပဲ။ သူဌေး ကျုပ်အသက်ကို ချမ်းသာပေးပါ။”
ထွက်ပြေးလာသော အဖွဲ့ခေါင်းဆောင်သည် ချက်ချင်းပင် ကျိန်ဆဲလိုက်သည်။
“အင်ပါယာအင်အားစုကက တကယ်ကို လူကောင်းတွေမဟုတ်ဘူး။ သူတို့က တကယ်ကို ဓားပြအဖွဲ့တွေ ဖြစ်နေတာပဲ။ သူဌေး ခင်ဗျား ကျုပ်တို့အတွက် ရပ်တည်ပေးရမယ်နော်။ မဟုတ်ရင် လူတိုင်းက ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် ဓားပြတိုက် သတ်ဖြတ်နေရင် ဘယ်သူကမှ တိုက်သစ်ကြီးကို စူးစမ်းရှာဖွေရဲကြတော့မှာ မဟုတ်ဘူး။ ဒါက ကျုပ်တို့ရဲ့စူးစမ်းရှာဖွေရေးတိုးတက်မှုကို နှေးကွေးစေလိမ့်မယ်။”
ရှောင်းယီသည် သူ၏လက်ကိုမြှောက်ပြကာ ပြန်ဖြေလိုက်သည်။
“ကျုပ်နားလည်ပါတယ်။ ကျုပ် စုံစမ်းစစ်ဆေးပြီး အမှန်တရားကို ရှာဖွေမယ်။ အရင်ဆုံး သူတို့ကို ဘေးဖယ်ခေါ်သွားပြီး အကျဉ်းချထားလိုက်။”
“ဟုတ်ကဲ့”
ရှန်းက တုံ့ပြန်လိုက်ပြီး သူ၏လူများအား ထိုလူများကို သင်္ဘောပေါ်သို့ ခေါ်ဆောင်သွားကာ သော့ခတ်ထားရန် အမိန့်ပေးလိုက်သည်။
ရှောင်းယီသည် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် အဖွဲ့ခေါင်းဆောင်အားကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျား နည်းနည်းလောက်ပြန်ပြီး အနားယူလိုက်ပါ။ ဒီကိစ္စကို ကျုပ်ကိုင်တွယ်ဖြေရှင်းလိုက်ပါ့မယ်။”
“ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။”
အဖွဲ့ခေါင်းဆောင်သည် သေဘေးမှ ကံ့ကောင်းထောက်မစွာ လွတ်မြောက်သွားပြီးနောက် သူ့ကိုကူညီရန် လက်ကမ်းပေးခဲ့သည့်အတွက် ယီရန်ပင်းအား အလွန်ပင် ကျေးဇူးတင်နေခဲ့သည်။ ထို့နောက် မြို့ပြန်ကျောက်ကို အသက်သွင်းကာ ထွက်ခွာသွားခဲ့သည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ အခု ဘာဆက်လုပ်ကြရမလဲ။”
ရှန်းက မေးလိုက်သည်။
“မင်းတို့ ဒီသင်္ဘောကြီးကိုပဲ စောင့်ကြည့်ထားလိုက်ပါ။”
ထို့နောက် ရှောင်းယီသည် ဗီဒီယိုခေါ်ဆိုမှုကို အဆုံးသတ်လိုက်ပြီး ယီထျန်းဂရုသို့ ပြောင်းကာ စစ်ဆေးမေးမြန်းမှုလုပ်ငန်းစဉ်ကို ဂရုထဲတွင် တင်လိုက်သည်။
“သေစမ်း ငါတို့အဖွဲ့ ဘာလို့ မတုံ့ပြန်သေးတာလဲဆိုတာ အခုတော့ သိလိုက်ရပြီ။ တကယ်ကို တစ်ယောက်ယောက်က ညစ်ညစ်ပတ်ပတ် ကစားနေတာပဲ။”
“ခွေးသူတောင်းစား တိလင်းထျန်းရှား သူ့သားတွေ စအိုပေါက်မရှိဘဲ မွေးလာမှာကို မကြောက်ဘူးလား။”
“ဒီဂရုထဲမှာ အင်ပါယာအင်အားစုကလူတွေ ရှိရမယ်။ ထွက်လာပြီး လူတိုင်းကို ရှင်းပြစမ်း။”
“ဟုတ်တယ်...မြန်မြန်ထွက်လာခဲ့။”
ဂရုထဲက တုံ့ပြန်မှုများကို မြင်လိုက်ရသည့်အခါ ရှောင်းယီက ဝင်ရောက်ဖျန်ဖြေလိုက်သည်။
“လူတိုင်းပဲ အရမ်းစိတ်လှုပ်ရှားမနေကြပါနဲ့။ ဒါက ကျုပ်တို့ဖမ်းမိခဲ့တဲ့လူရဲ့ တစ်ဖက်သတ်ပြောဆိုချက်ပါ။ ကျုပ်တို့ အသေးစိတ်ကို ထပ်ပြီးစစ်ဆေးဖို့လိုသေးတယ်။ ကျုပ် ဒါကို ဂရုထဲမှာ တင်လိုက်တာက အဓိကအားဖြင့် လူတိုင်းကို သတိပေးဖို့ပါ။ အချို့လူတွေက မကောင်းတဲ့ရည်ရွယ်ချက်တွေ စတင်နေကြပြီ။”
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေး။ ကျုပ်တို့ ပိုပြီး သတိထားပါ့မယ်။”
“ဒါပေမယ့် လင်းအင်ပါယာက ဒီအခြေအနေကို ရှင်းပြဖို့ ထွက်လာသင့်တယ်မဟုတ်ဘူးလား။”
“ဟုတ်တယ်...အမှန်ပဲ။ ထွက်လာပြီး အခြေအနေကို ရှင်းပြစမ်းပါ။”
ယီထျန်းဂရုထဲရှိ သတင်းအချက်အလက်များသည် အခြားအင်အားစုများ၏နားထဲသို့ ချက်ချင်းပင် ရောက်ရှိသွားခဲ့သည်။
တိလင်းထျန်းရှားသည် ထိုသတင်းကို ကြားလိုက်ရသောအခါ လုံးဝတုန်လှုပ်သွားခဲ့သည်။
“ဥက္ကဌ ကျုပ်တို့ ဒီလိုအဖွဲ့မျိုး စီစဉ်ထားသေးလား။”
ချင်ချင်းလုံက စူးစမ်းလိုဟန်ဖြင့် မေးမြန်းလိုက်သည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါ ဘယ်တုန်းကမှ ဒါမျိုးမစီစဉ်ခဲ့ဖူးဘူး။”
တိလင်းထျန်းရှားသည် သူ့ကိုယ်သူ တရုတ်ရိုးရာဒဏ္ဍာရီလာဇာတ်ကောင်ဖြစ်သော တိုးအီကဲ့သို့ ခံစားနေခဲ့ရသည်။
“ဟမ်”
ချင်ချင်းလုံသည် အနည်းငယ် တုန်လှုပ်သွားခဲ့ပြီးနောက် ပြောလိုက်သည်။
“ဒါတို တစ်ယောက်ယောက်က ကျွန်တော်တို့ကို စွပ်စွဲလိုက်တာလို့ ဆိုလိုတာလား။”
တိလင်းထျန်းရှားက ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ဘယ်လိုလုပ်ရမလဲ။ ကျုပ်တို့ကို အကြောင်းမရှိဘဲ လူတွေကို စွပ်စွဲခွင့်မပေးနိုင်ဘူး။”
ချင်ချင်းလုံက စိုးရိမ်တကြီး ပြောလိုက်သည်။
“ပထမဆုံး ကြေညာချက်ထုတ်ပြန်ကြရအောင်။”
တိလင်းထျန်းရှားက ပြန်ဖြေလိုက်သည်။
“ဒါပေမယ့် သူတို့ ယုံကြပါ့မလား။”
ချင်ချင်းလုံက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဖြစ်နိုင်ချေမရှိဘူးဆိုပေမယ့် ငါတို့ရဲ့ သဘောထားကို ထုတ်ဖော်ပြောဆိုဖို့ လိုသေးတယ်။”
တိလင်းထျန်းရှားက အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။
ရွှမ်းယွမ်ဝူဝေ့သည် ထိုသတင်းကို ကြားလိုက်ရသောအခါ သူ၏ပထမဆုံးတုံ့ပြန်မှုမှာ ဤသို့ဖြစ်သည်။
“သေစမ်း လင်းအင်ပါယာကလည်း ဒီလိုလုပ်ခဲ့တာပဲလား။ ဒါဆို လူတိုင်းက တူညီတဲ့အရာကို တွေးနေကြတာပေါ့။”
ဦးလေးချန်းက မျက်မှောင်အနည်းငယ်ကြုံ့ကာ ပြောလိုက်သည်။
“သခင်လေး တိလင်းက တကယ်မလုပ်ခဲ့မှာကိုပဲ ကျုပ်ကြောက်မိတယ်။”
“ဟမ် ဘာကိုဆိုလိုတာလဲ။”
ရွှမ်းယွမ်ဝူဝေ့ အံ့အားသင့်သွားခဲ့သည်။
“ကျုပ် စိုးရိမ်နေတာက ဟုန်ချီကို ဖမ်းမိသွားပြီး သူက အင်ပါယာကပို့လိုက်တယ်လို့ ရည်ရွယ်ချက်ရှိရှိ ပြောနေမှာကိုပဲ။”
ဦးလေးချန်းက ပြန်ဖြေလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှ ယီထျန်းဂရုထဲရှိ သူလျှိုများကို သေချာစွာ စစ်ဆေးမေးမြန်းလိုကခသည်။
သူလျှိုက ဟုန်ချီ အမှန်တကယ်ဖမ်းဆီးခံခဲ့ရကြောင်း အတည်ပြုပေးခဲ့သည်။
ရွှမ်းယွမ်ဝူဝေ့၏မျက်လုံးများ တောက်ပသွားခဲ့သည်။
“ဒီဟုန်ချီက တကယ် အရည်အချင်းရှိတာပဲ။ မဆိုးဘူး...မဆိုးဘူး။ အကယ်၍ သူအသက်ရှင်လျက်ပြန်လာနိုင်ခဲ့ရင် ကျုပ်တို့ သူ့ကို အရေးပါတဲ့ရာထူးတစ်ခု ပေးအပ်ဖို့ စဉ်းစားပေးရမယ်။”
ဦးလေးချန်းက ခေါင်းခါကာ ပြောလိုက်သည်။
“သူပြန်လာနိုင်ဖို့ဆို မဖြစ်နိုင်တော့ဘူး။”
ဖြစ်ပျက်ခဲ့သည့်အတိုင်း တိလင်းထျန်းရှားက သေချာပေါက် ဝန်ခံမည်မဟုတ်ပေ။ ပြီးလျှင် တစ်စုံတစ်ဦးသည် လူထု၏ဒေါသကို ငြိမ်းသတ်ရန်အတွက် ဟုန်ချီကို ဖယ်ရှားပစ်လိုက်နိုင်ချေရှိသည်။
“ဒါဆို ကျုပ်တို့ B အဆင့်အဖွဲ့တစ်ဖွဲ့ ဆုံးရှုံးလိုက်ရမှာလား။”
ရွှမ်းယွမ်ဝူဝေ့က မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
ဦးလေးချန်းက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင် အင်ပါယာအင်အားစုသည် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့လေသည်။
“ကျုပ်တို့ အင်ပါယာအင်အားစုက ကျုပ်တို့လူမျိုးအချင်းချင်း ချုံခိုတိုက်ခိုက်သတ်ဖြတ်ဖို့ မည်သည့်အဖွဲ့ကိုမျှ စေလွှတ်ခဲ့ခြင်းမရှိပါဘူး။ ကျုပ်တို့ ဟုန်ချီကိုလည်း မသိပါဘူး။ တစ်စုံတစ်ယောက်က ကျုပ်တို့အင်အားစုကို စွပ်စွဲချင်နေပါတယ်။ ကျေးဇူးပြုပြီး စုံစမ်းစစ်ဆေးပေးပါ ယီရန်ပင်း။”
အခန်း ၅၉၀ - လင်းရှား၏အကူအညီ၊ ဟုန်ချီ အသက်ရှင်နိုင်ရန် ရုန်းကန်ခြင်း
ရှောင်းယီသည် ဤမက်ဆေ့ကို ဂရုထဲသို့ တင်လိုက်ခြင်းသည် လူတိုင်းကို သတိပေးရန်အတွက်သာမက တိလင်းထျန်းရှား၏တုံ့ပြန်မှုကိုလည်း မြင်လိုသောကြောင့်ဖြစ်သည်။
သူသည် ဟုန်ချီ အယူခံဝင်ထားသည့်စကားများကို လုံးဝမယုံကြည်သော်လည်း သူသည် လင်းအင်ပါယာကိုလည်း လုံးဝမယုံကြည်ထားပေ။ ဟုန်ချီပြောသည့်အရာသာ မှန်ကန်နေပါက မည်သို့လုပ်မည်နည်း။
ဤမက်ဆေ့ကို ဂရုထဲတွင် ကြေညာလိုက်ပါက လင်းအင်ပါယာက သေချာပေါက်တုံ့ပြန်မည်ဖြစ်သည်။
လင်းအင်ပါယာ၏ ထုတ်ပြန်လိုက်သော ကြေညာချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီ လေးလေးနက်နက် ဆင်ခြင်တွေးတောလိုက်သည်။
တကယ်တမ်းတွင် သူနှင့် တိလင်းထျန်းရှားတို့သည် အမြဲတစေ ပြိုင်ဘက်များဖြစ်ခဲ့သော်လည်း ၎င်းတို့၏ယခင်လုပ်ဆောင်ချက်များက ရှောင်းယီ၏သူ့အပေါ်ထင်မြင်ချက်ကို ပြောင်းလဲစေခဲ့သည်။
“ငါကိုယ်တိုင် သွားရတော့မယ်ထင်တယ်။”
ရှောင်းယီက တီးတိုးရေရွတ်ကာ ထရပ်လိုက်သည်။
ကမ်းခြေသို့ရောက်ရှိလာခဲ့ပြီးနောက် ရှောင်းယီသည် ပင်လယ်ထဲသို့မျက်နှာမူရင်း “လင်းရှား” ဟု ခေါ်လိုက်သည်။
မကြာမီ ရေထဲမှ အလွန်တရာလှပသောအမျိုးသမီးတစ်ဦး ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် အခြားသူမဟုတ်ပေ။ ရေသူမလင်းရှားသာဖြစ်သည်။
“ကျုပ် လူအနည်းငယ်ရဲ့ မှတ်ဉာဏ်တွေကို ဝင်ရောက်ကြည့်ရှုဖို့ လိုအပ်နေတယ်။ မင်းမှာအချိန်ရှိလား။”
ရှောင်းယီက မေးလိုက်သည်။
“ရှိပါတယ်။”
လင်းရှားက ချက်ချင်းပြန်ဖြေလိုက်သည်။
ရှောင်းယီက သူမကို လက်ယက်ခေါ်လိုက်ပြီးနောက် လင်းရှားသည် ကမ်းခြေသို့ တက်လာခဲ့လိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသည် မြို့ပြန်ကျောက်များကို အသုံးပြု၍ ချက်ချင်း ရှုံးတိဘက်သို့ ရောက်ရှိသွားခဲ့သည်။
“ကျွန်းပိုင်ရှင်...။”
ရှုံးတိနှင့် အခြားသူများသည် ရှောင်းယီအား ချက်ချင်းပင် အရိုအသေပေးလိုက်ကြသည်။
ရှောင်းယီသည် သူတို့ကို ခေါင်းညိတ်ပြကာ မေးလိုက်သည်။
“ဟုန်ချီဘယ်မှာလဲ”
“သင်္ဘောပေါ်မှာပါ။”
ရှုံးတိက ပြန်ဖြေလိုက်သည်။
ထို့နောက် ရှောင်းယီသည် သင်္ဘောပေါ်သို့ တက်သွားခဲ့ပြီး ရှုံးတိနှင့် အခြားသူများသည် လမ်းပြရန်အတွက် မြန်မြန်ဆန်ဆန် လိုက်ပါသွားခဲ့ကြသည်။
မကြာမီ ဟုန်ချီနှင့် အခြားလူလေးဦးကို ထိန်းသိမ်းထားသည့် သင်္ဘောခန်းထဲသို့ ရောက်ရှိလာခဲ့ကြသည်။
ရှောင်းယီကိုယ်တိုင်ရောက်ရှိလာသည်ကို မြင်လိုကခရသောအခါ၊ ဟုန်ချီသည် ချက်ချင်း ပြောလိုက်သည်။
“သူဌေး။ ခင်ဗျားကိုယ်တိုင် တကယ်ရောက်လာတာပဲ။ ကျုပ် တကယ် ဒီအခြေအနေထဲကို အတင်းအကျပ်ဆွဲသွင်းခံခဲ့ရတာပါ။ ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ။”
ရှောင်းယီသည် သူ့ကို အေးစက်စွာ စိုက်ကြည့်ပြီးပြောလိုက်သည်။
“မင်းကို အခု အမှန်အတိုင်းပြောဖို့ အခွင့်အရေးတစ်ခုပေးမယ်။ ပြီးရင် မင်းအသက်ကို ချမ်းသာပေးမယ်။”
ဟုန်ချီသည် ရှောင်းယီ ရှေ့တွင် တိုက်ရိုက်ဒူးထောက်ချကာ ငိုကြွေးပြီး အော်ပြောလိုက်လေသည်။
“သူဌေး ကျွန်တော်ပြောသမျှအရာအားလုံး အမှန်ပါပဲ။ အကယ်၍ ကျုပ် ခင်ဗျားကို နည်းနည်းလောက်လှည့်စားခဲ့မယ်ဆိုရင် မိုးကြိုးထိမှန်ပြီး အသေဆိုးနဲ့သေပါစေ။”
“ဒါပေမယ့် လင်းအင်ပါယာက သူတို့အနေနဲ့ သူတို့ရဲ့အဖွဲ့ကို ဒီလိုမျိုး တစ်ခါမှမှ စီစဉ်မပေးခဲ့ဘူးလို့ ပြောပြီးပြီ။”
ရှောင်းယီက အေးစက်စွာပြောလိုက်သည်။
ဟုန်ချီသည် အနည်းငယ်တုန်လှုပ်သွားပြီး ထပ်မံအော်ဟစ်လိုက်သည်။
“ဥက္ကဌက ကျုပ်တို့ကို စွန့်ပစ်လိုက်ဖို့ စီစဉ်နေတာလား။ သူဌေး ခင်ဗျား ကျုပ်ကို ယုံကြည်ပေးရမယ်။”
“ကောင်းပြီ”
ရှောင်းယီက ပြောလိုက်သည်။
“မင်းပြောတာတွေအားလုံးကို မှန်ကန်ကြောင်း သက်သေပြနိုင်မယ်ဆိုရင် ငါ မင်းအသက်ကို ချမ်းသာပေးမယ်။ မဟုတ်ရင် နောက်ဆက်တွဲအကျိုးဆက်တွေကို မင်းသိပြီးသားပဲ။”
ရှောင်းယီ၏စကားကို ကြားလိုက်ရပြီးနောက် ဟုန်ချီသည် ထပ်မံတုန်လှုပ်သွားခဲ့ပြီး သူ၏မျက်လုံးအိမ်ထဲ၌ စိုးရိမ်မှုအရိပ်အရောင်များ ထွက်ပေါ်လာခဲ့သည်။
သူ၏အဖော်များသည် အဆင့်မြင့်မှော်ဆရာတစ်ဦး၏ စိတ်ဝိဉာည်တိုက်ခိုက်မှုခံခဲ့ရပြီး ယေဘုယျအားဖြင့် သတိရလာနိုင်ကြမည်မဟုတ်ပေ။
ထိုအဖြစ်မျိုးသည် သူတို့၏မဟာမိတ်အဖွဲ့တွင် ယခင်က ဖြစ်ပျက်ခဲ့ဖူးသည်။ အဆင့်မြင့်မှော်ဆရာတစ်ဦး၏တိုက်ခိုက်မှုကို ခံခဲ့ရသော မည်သည့်အဖော်မဆို သတိရလာနိုင်ခြင်းမရှိပေ။
သို့သော်လည်း သူ့ရှေ့တွင် ရပ်နေသောသူမှာ ယီရန်ပင်းဖြစ်ပြီး သူ့ထံတွင် စိတ်ဝိဉာည်၏ထိခိုက်ဒဏ်ရာများကို ကုသနိုင်သည့် နည်းလမ်းများ ရှိ၊မရှိကို မည်သူသိမည်နည်း။
အဘယ်ကြောင့်ဆိုသော် အမျိုးမျိုးသော လက္ခဏာများအပေါ် အခြေခံ၍ ယီရန်ပင်းသည် သေချာပေါက် အစွမ်းထက်ဆုံးအသက်ရှင်ကျန်ရစ်များထဲက တစ်ဦးဖြစ်သည်။
သို့သော် ဤအချိန်တွင် သူသည် အံကြိတ်ကာ ဆက်လက်လုပ်ဆောင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
“သူဌေး ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ။ အကယ်၍ ကျုပ် ခင်ဗျားကို လှည့်စားနေတာဆိုရင် ခင်ဗျား ဘယ်အချိန်မဆို ကျုပ်ကို သတ်ပစ်နိုင်ပါတယ်။”
ဟုန်ချီက ပြောလိုက်သည်။
ထိုအခါ ရှောင်းယီသည် သူ၏လက်ကို လှုပ်ယမ်းလိုက်၏။ ထို့နောက် အလွန်တရာလှပသည့်အမျိုးသမီးတစ်ဦး သူ၏နောက်မှ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း သူမ၏လမ်းလျှောက်ပုံမှာ အနည်းငယ်ထူးဆန်းနေခဲ့သည်။
သူမ ရှေ့သို့ လမ်းလျှောက်လာပြီးနောက် ဟုန်ချီ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
သူ၏ရှေ့တွင် လူတစ်ပိုင်း၊ ငါးတစ်ပိုင်း ရောစပ်ထားသော သတ္တဝါတစ်ကောင် ရပ်နေခဲ့လေသည်။
ရှောင်းယီသည် ဟုန်ချီနှင့် သူ၏အခြားအဖော်တစ်ဦးကို လက်ညိုးထိုးပြလိုက်သည်။ လင်းရှားက ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းပင် သူမ၏မှတ်ဉာဏ်ဖတ်ခြင်းစွမ်းရည်ကို အသုံးပြုလိုက်တော့လေသည်။
အချိန်တိုအတွင်း ပြီးဆုံးသွားခဲ့သည်။
“ရှောင်းယီ ဒီလူတွေကို ရွှမ်းယွမ်အင်အားစုက ပို့လိုက်တာ။”
လင်းရှားက ပြောလိုက်သည်။
ရှောင်းယီမှလွဲ၍ ဤနေရာရှိ မည်သူမျှ ရေသူမ၏စကားကို နားမလည်နိုင်ပေ။
ရှောင်းယီ၏မျက်နှာတစ်ခုလုံး မဲမှောင်သွားခဲ့သည်။
“ဟမ့် သူများအပေါ် အပြစ်ပုံချတာက ပြစ်မှုတစ်ခုပဲ။”
ထို့သို့ပြောပြီးသည်နှင့် ရှောင်းယီသည် ဟုန်ချီကို စိုက်ကြည့်ကာ ရှေ့သို့ခြေနှစ်လှမ်း တက်လိုက်သည်။
“မင်းက မင်းရဲ့ နောက်ဆုံးအသက်ရှင်ခွင့်ကို မဖမ်းဆုပ်ခဲ့ဘူး။”
“သူဌေး ခဏစောင့်ပါဦး။ ကျုပ်ပြောတာ တကယ်အမှန်ပါ။”
ဟုန်ချီက အလောတကြီးပြောလိုက်သည်။
သူ၏သရုပ်ဆောင်စွမ်းရည်မှာ အော်စကာမှ သူ့အား အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုပင် ချီးမြှင့်သင့်သည်။
“ဟမ့် လူတစ်ဦးရဲ့စကားက အမှန်ဟုတ်၊မဟုတ် မပြောနိုင်ပေမယ့် သူ့ရဲ့မှတ်ဉာဏ်ကတော့ လိမ်လို့မရဘူး။”
ထိုသို့ပြောရင်းဖြင့် ရှောင်းယီသည် သူ၏ရွှမ်းယွမ်ဓားကို အေးစက်စွာ ဆွဲထုတ်လိုက်သည်။
ဟုန်ချီသည် ချက်ချင်းပင် သူ့ကိုဖိနှိပ်လာသည့် ပြင်းထန်သည့်ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
လူသားအင်ပါယာ၏ဓားတစ်လက်၊ သူရဲ့အရှန်အဝါက ဘယ်လောက်တောင်စွမ်းကြီးလိုက်သလဲ။
ထို့အပြင် ရှောင်းယီ၏စကားမှတစ်ဆင့် ဟုန်ချီသည် ချက်ချင်းပင် သူ့ရှေ့တွင်ရှိနေသော ရေသူမမှာ လူသားများ၏မှတ်ဉာဏ်များကို ဖတ်နိုင်ကြောင်း နားလည်သွားခဲ့သည်။
၎င်းသည် သူလုံးဝမျှော်လင့်မထားခဲ့သောအရာတစ်ခုပင်။
ထို့နောက် အနည်းငယ်မျှပင် မတွန့်ဆုတ်ဘဲ ဟုန်ချီသည် ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။
“သူဌေး ကျုက်ကိုမသတ်ပါနဲ့။ ကျုပ်အရင်က ခင်ဗျားကို လှည့်စားခဲ့တယ်။ ဒါပေမယ့် ကျုပ်ကို ယုံပါ။ ကျုပ်ကိုသတ်ပစ်လိုက်တာထက် အသက်ရှင်လျက်ထားတာက ပိုပြီးတန်ဖိုးရှိပါတယ်။”
မိမိသာ အနည်းငယ်နှေးကွေးခဲ့မည်ဆိုလျှင် ထိုဓားရှည်ကြောင့် သူလုံးဝပြိုလဲသွားပေလိမ့်မည်။
ရှောင်းယီ အနည်းငယ်အံ့အားသင့်သွားခဲ့၏။
“ပြော...။”
“ကျုပ် ကျုပ်ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်က အရာအားလုံးကို ခင်ဗျားကို ပေးနိုင်တယ်။”
ဟုန်ချီက မြန်မြန်ပြောလိုက်သည်။
ရှောင်းယီက ခေါင်းခါလိုက်၏။
“ဒါက ငါ့အတွက် ဆွဲဆောင်မှုမရှိဘူး။”
ရှောင်းယီသည် ၎င်း၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိအရာများကို လုံးဝဂရုမစိုက်ပေ။
ဟုန်ချီ၏မျက်လုံးများသည် ဟိုဟိုသည်သည် ရွေ့လျားနေပြီး သူ့ကိုယ်သူ လွတ်မြောက်အောင်လုပ်ဆောင်နိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေနေခဲ့သည်။ သူသည် ရုတ်တရက် တစ်စုံတစ်ခုကိုတွေးမိပြီး ဝမ်းသာသွားခဲ့သည်။
“သူဌေး ကျုပ် ရွှမ်းယွမ်ဝူဝေ့ဆီကနေ ခင်ဗျားကို လမ်းကြောင်းပေးဖို့ လှည့်စားပေးနိုင်တယ်။”
ဟုန်ချီက အလျင်အမြန် ပြောလိုက်သည်။
“လမ်းကြောင်းသစ်တစ်ခုလား”
ရှောင်းယီက အံ့အားသင့်သွားကာ မေးလိုက်သည်။
“ဟုတ်ပါတယ်။ လမ်းကြောင်းသစ်တစ်ခုပါ။ ပြီးတော့ အဲ့ဒီလမ်းကြောင်းသစ်က ရွှမ်းယွမ်ဝူဝေ့ရဲ့ကျွန်းနားကနေ ဖြတ်သွားတယ်လို့ ဆိုကြတယ်။”
ဟုန်ချီသည် ရှောင်းယီ စိတ်ဝင်စားပုံရသည့်အခါ အလျင်အမြန် ရှင်းပြလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ဒီဟာက နည်းနည်းတော့ အသုံးဝင်တယ်။”
ရှောင်းယီသည် ယခင်က ရွှမ်းယွမ်ဝူဝေ့၏ကျွန်းကို မတိုက်ခိုက်ခဲ့ခြင်းသည် အခြားကိစ္စများကြောင့် နှောင့်နှေးနေခဲ့ခြင်းကြောင့်သာမက ပို၍အရေးကြီးသည်မှာ သူ၏ကျွန်းသည် လူသိများသော ရေလမ်းကြောင်းများနှင့် ဝေးကွာနေသောကြောင့်ဖြစ်သည်။
အကယ်၍ သူတို့ အမှန်တကယ် တိုက်ခိုက်ချင်သည်ဆိုပါက ရှောင်းယီဘက်မှ ရေကြောင်းခရီးရှည်တစ်ခုကို လုပ်ဆောင်ရမည်ဖြစ်သည်။
ရေလမ်းကြောင်းမရှိလျှင် ပင်လယ်ပြင်တွင် မည်သည့်အရာများနှင့် ကြုံတွေ့ရရမည်ကို ခန့်မှန်းရခက်ခဲပြီး ရွှမ်းယွမ်ဝူဝေ့သည်လည်း အဆင်သင့်စောင့်ဆိုင်းကာ တိုက်ခိုက်မှုအတွက် ပြင်ဆင်ထားနိုင်မည်ဖြစ်သည်။
ရှောင်းယီသည် အလွန်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေခဲ့သော်လည်း အခြားသူရဲကောင်းများကို လျှော့တွက်ခြင်းမပြုသင့်ပေ။
အဆုံးတွင် ပစ္စည်းသေတ္တာများသည် ကံစမ်းမဲသေတ္တာများနှင့် ဆင်တူလှပြီး အတွင်းမှ မည်သည့်အရာများ ရရှိမည်ကို မည်သူပြောနိုင်မည်နည်း။
အပျော်စီးရွက်သင်္ဘောသည် လျင်မြန်လှသော်လည်း ၎င်းတို့သည် လမ်းကြောင်းမှခွဲထွက်သွားပါက ရှေးဦးဧရာမသတ္တဝါကြီးများ၏အာရုံကို ချက်ချင်းပင် ဆွဲဆောင်မိသွားမည်ဖြစ်သည်။
ထိုရှေးဦးဧရာမသတ္တဝါကြီးများသည် အပျော်စီးရွက်သင်္ဘောကို ထိခိုက်အောင်မလုပ်နိုင်သော်လည်း အပျော်စီးရွက်သင်္ဘောသည်လည်း ခုခံတိုက်ခိုက်နိုင်စွမ်းမရှိပေ။
၎င်းသည် ပင်လယ်အောက်သို့ ဆွဲယူခံကခြင်း သို့မဟုတ် မျိုချခံရခြင်းနှစ်မျိုးလုံး ဖြစ်နိုင်ချေရှိသည်။
ရှောင်းယီသည် ရွှမ်းယွမ်ဝူဝေ့၏ရေလမ်းကြောင်းကိုသာ အမှန်တကယ်ရရှိနိုင်ပါက ရန်သူ့နယ်မြေ၏နှလုံးသားကို တိုက်ရိုက်တိုက်ခိုက်နိုင်သည်။
“ဟုတ်ပါတယ်။ ဒီအရာက တကယ်ကို အရမ်းအသုံးဝင်ပါတယ်။”
ဟုန်ချီက ချက်ချင်းပင် သဘောတူညီလိုက်သည်။
သို့သော် ရှောင်းယီက အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
“ဒါပေမယ့် မင်းမှာ အဲ့ဒီဟာ မရှိသေးဘူး။ အနာဂတ်မှာ ရရှိလာမယ်ဆိုတဲ့ မသေချာတဲ့အရာတစ်ခုနဲ့ ငါ့ကို လဲလှယ်နေတာက ဒါက ဘာမှမပေးဘဲ တစ်ခုခုရဖို့ ကြိုးစားနေတာနဲ့ အတူတူပဲ။”
“သူဌေး ဒါကို ရယူနိုင်မယ်ဆိုတာ ကျုပ် သေချာအာမခံနိုင်ပါတယ်။ စိတ်မပူပါနဲ့ာ”
ဟုန်ချီက သူ့ရင်ဘတ်ကို တဘုန်းဘုန်းထုရိုက်ပြီး ပြောလိုက်သည်။
“ငါစဉ်းစားကြည့်မယ်”
ထို့နောက် ရှောင်းယီသည် နောက်လှည့်ကာ သင်္ဘောပေါ်မှ ထွက်သွားခဲ့သည်။
ဟုန်ချီ သက်ပြင်းချလိုက်သည်။ ယခုချိန်ထိတော့ သူဘေးကင်းနေသေးသည်။
“ကျွန်းပိုင်ရှင် ဒီလူက ယုံကြည်လို့မရဘူး။”
ရှုံးတိက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်။ ဒါပေမယ့် ဒီလူကနေတစ်ဆင့် သစ္စာဖောက် ရွှမ်းယွမ်ဝူဝေ့ကို ရှာဖွေနိုင်မယ်ဆိုရင် သူသေခင်မှာ အသုံးချနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်လာလိမ့်မယ်။”
“ဒါဆို ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်ရမလဲ။”
ရှုံးတိက မေးလိုက်သည်။
“ဒီတိုက်သစ်ကြီးကို စူးစမ်းရှာဖွေဖို့ ရောက်လာတဲ့ အဖွဲ့တွေကို သတိထားဖို့ ပြောလိုက်ပါ။ ရွှမ်းယွမ်ဝူဝေ့က ဘယ်နှစ်ဖွဲ့ စေလွှတ်ခဲ့တယ်ဆိုတာ ငါတို့ မသိဘူး။”
ရှောင်းယီက ပြောလိုက်သည်။